id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,319,901 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | လေအောက်,လေထက် မွှေးကြိုင်သောနံ့သာ |
1,319,902 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | အရှင်အာနန္ဒာမထေရ်သည် ညချမ်းသောအခါ ဆိတ်ငြိမ်ရာသို့ တစ်ပါးတည်း ချဉ်းကပ်နေထိုင်လျက် ဆင်ခြင်တော်မူသည်မှာ “မြတ်စွာဘုရားသည် အနှစ်နံ့သာ, အပွင့်နံ့သာ, အမြစ်နံ့သာဟု သုံးပါးကုန်သော မြတ်သောနံ့သာတို့ကို ဟောကြားတော်မူအပ်ကုန်၏။ |
1,319,903 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ထိုနံ့သာတို့၏ အနံ့သည် လေအောက်သို့သာ အစဉ်လျှောက်၍ သင်းပျံ့မွှေးကြိုင် လှိုင်စေနိုင်၏။ |
1,319,904 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | သွားပေ၏။ လေညာသို့တက်ကာ မွှေးကြိုင်လှိုင်ခြင်းငှာ မစွမ်းနိုင်။ |
1,319,905 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | အကြင်နံ့သာ၏ အနံ့သည် လေအောက်သို့ လေညာသို့ တကြိုင်ကြိုင် လှိုင်ကာသွား၏။ |
1,319,906 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ထိုနံ့သာမျိုးသည် ရှိကောင်းပါအံ့လော”ဟု ဆင်ခြင်တော်မူလေ၏။ |
1,319,907 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ထို့နောက် အရှင်အာနန္ဒာမထေရ်အား ဤသို့သော အကြံသည် ဖြစ်ပေါ်လာလေ၏။ |
1,319,908 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | “ငါ့အား မိမိကိုယ်တိုင် ဆုံးဖြတ်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ |
1,319,909 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ဘုရားရှင်ကိုသာလျှင် လျှောက်ထား မေးမြန်းပေအံ့”ဟု အကြံဖြစ်ပေါ်လာလေ၏။ |
1,319,910 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | အရှင်အာနန္ဒာသည် ဘုရားရှင်သို့ချဉ်းကပ်ကာ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အကြင်နံ့သာ၏ အနံ့သည် လေကြေသို့လည်း သွားပါ၏။ |
1,319,911 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | လေညာသို့လည်း သွားပါ၏၊ ထိုနံ့သာမျိုး တစ်စုံတစ်ရာ ရှိပါသလောဘုရား”ဟု မေးလျှောက်လေ၏။ |
1,319,912 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ထိုအခါ အရှင်အာနန္ဒာမထေရ်၏ အမေးပြဿနာကို ဖြေတော်မူလိုသော မြတ်စွာဘုရားသည် “ချစ်သားအာနန္ဒာ- အကြင်နံ့သာ၏အနံ့သည် လေအောက်သို့လည်း တကြိုင်ကြိုင် လှိုင်ကာသွား၏၊ လေညာသို့လည်း တကြိုင်ကြိုင် လှိုင်ကာသွား၏။ |
1,319,913 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | လေအောက် လေညာသို့လည်း တကြိုင်ကြိုင် လှိုင်ကာသွား၏။ |
1,319,914 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ထိုနံ့သာမျိုးကား ရှိပေ၏”ဟု ဖြေဆိုတော်မူ၏။ |
1,319,915 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | “မြတ်စွာဘုရား- အကြင်နံ့သာ၏ အနံ့သည် လေအောက်သို့လည်း တကြိုင်ကြိုင် လှိုင်ကာသွား၏။ |
1,319,916 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | လေညာသို့လည်း တကြိုင်ကြိုင်လှိုင်ကာသွား၏။ |
1,319,917 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ထိုနံ့သာမျိုးကား အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်ကြားလတ်သော် “ချစ်သား အာနန္ဒာ- ဤလောကဝယ် အကြင်ရွာ၌လည်းကောင်း၊ အကြင်နိဂုံး၌လည်းကောင်း၊ မိန်းမသည်လည်းကောင်း, ယောက်ျားသည်လည်းကောင်း ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သောသူဖြစ်၏။ |
1,319,918 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | တရားတော်ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သောသူ ဖြစ်၏။ |
1,319,919 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | သံဃာတော်ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သောသူ ဖြစ်၏။ |
1,319,920 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်သောသူဖြစ်၏။ |
1,319,921 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သောသူဖြစ်၏။ |
1,319,922 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ကာမဂုဏ်တို့၌ မှားယွင်းသောအကျင့်မှ ရှောင်ကြဉ်သောသူဖြစ်၏။ |
1,319,923 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်သောသူဖြစ်၏။ |
1,319,924 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | မေ့လျော့ခြင်း၏အကြောင်းဖြစ်သော သေအရက်ကို သောက်စားသုံးစွဲခြင်းမှ ရှောင်ကြဉ်သောသူ ဖြစ်၏။ |
1,319,925 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | သီလရှိ၍ ကောင်းသောအကျင့်တရား ရှိသောသူဖြစ်၏။ |
1,319,926 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ဝန်တိုခြင်းဟူသော အညစ်အကြေးမှ ကင်းသောစိတ်ဖြင့် အိမ်ရာထောင်သော လူ၏ဘောင်၌ နေလေ့ရှိ၏။ |
1,319,927 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | လွတ်လွတ်စွန့်ကြဲခြင်း အလေ့ရှိ၏။ |
1,319,928 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | လှူဒါန်းရန်ဖြစ်သော (ဝါ) ဆန့်တမ်းသောလက် ရှိ၏။ |
1,319,929 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | စွန့်ကြဲခြင်း၌ မွေ့လျော်သောနှလုံးရှိ၏။ |
1,319,930 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ဖုန်းတောင်းယာစကာ အလှူခံပုဂ္ဂိုလ်တို့နှင့် ဆက်ဆံလျက်ရှိ၏။ |
1,319,931 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | လှူဒါန်း, ပေးကမ်း, ခွဲခြမ်း, ဝေဖန်ခြင်း၌ မွေ့လျော်သောနှလုံးရှိ၏။ |
1,319,932 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ထိုသို့သဘောရှိသော မိန်းမ၏လည်းကောင်း၊ ယောက်ျား၏လည်းကောင်း ဂုဏ်ကျေးဇူးကို အရပ်ဆယ်မျက်နှာတို့၌ ရဟန်းပုဏ္ဏားတို့သည် “ဤမည်သော ရွာ၌လည်းကောင်း၊ ဤမည်သော နိဂုံး၌လည်းကောင်း မိန်းမသည်လည်းကောင်း၊ ယောက်ျားသည်လည်းကောင်း ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သောသူဖြစ်၏။ |
1,319,933 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | တရားတော်ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သောသူဖြစ်၏။ |
1,319,934 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | သံဃာတော်ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သောသူဖြစ်၏။ |
1,319,935 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | လှူဒါန်းပေးကမ်း ခွဲခြမ်းဝေဖန်ခြင်း၌ မွေ့လျော်သော နှလုံးရှိ၏”ဟု ပြောကြားကြကုန်၏။ |
1,319,936 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ချစ်သားအာနန္ဒာ- အကြင်နံ့သာမျိုး၏ အနံ့သည် လေအောက်သို့လည်း တကြိုင်ကြိုင် လှိုင်ကာသွား၏။ |
1,319,937 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | လေညာသို့လည်း တကြိုင်ကြိုင် လှိုင်ကာသွား၏။ |
1,319,938 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ထိုနံ့သာမျိုးဟူသည်ကား စင်စစ် ဤဆိုအပ်ပြီးသော သရဏဂုံသီလ ဒါနကျင့်ညောင်း သူတော်ကောင်းပေတည်း။ |
1,319,939 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ဝါ၊ ထိုသူတော်ကောင်း၏ သရဏဂုံသီလ ဒါနအစု မြတ်ကောင်းမှုပေတည်း”ဟု မိန့်ကြားတော်မူ၍ ဤဂါထာတို့ကို ဟောတော်မူ၏။ |
1,319,940 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | သီလအနံ့သာ အမြတ်ဆုံး |
1,319,941 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | [၅၄] န ပုပ္ဖဂန္ဓော ပဋိဝါတမေတိ၊ န စန္ဒရံ တဂရံ မလ္လိကာ ဝါ။ |
1,319,942 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | သတဉ္စ ဂန္ဓော ပဋိဝါတမေတိ၊ သဗ္ဗာ ဒိသာ သပ္ပုရိသော ပဝါယတိ။ |
1,319,943 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | [၅၅] စန္ဒနံ တဂရံ ဝါပိ၊ ဥပ္ပလံ အထ ဝဿိကီ။ |
1,319,944 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ဧတေသံ ဂန္ဓဇာတာနံ၊ သီလဂန္ဓော အနုတ္တရော။ |
1,319,945 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ပုပ္ဖဂန္ဓော၊ ပန်းတို့၏ အနံ့သည်။ |
1,319,946 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ပဋိဝါတံ၊ လေတင်လေညာသို့။ |
1,319,947 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | န ဧတိ၊ မသွားမရောက်နိုင်။ |
1,319,948 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | စန္ဒနံ ဝါ၊ စန္ဒကူးနံ့သည်လည်းကောင်း။ |
1,319,949 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | တဂရံ ဝါ၊ တောင်ဇလပ် နံ့သည်လည်းကောင်း။ |
1,319,950 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | မလ္လိကာ ဝါ၊ ကြက်ရုံး စံပယ်နံ့သည်လည်းကောင်း။ |
1,319,951 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ဂန္ဓော စ၊ သီလကျေးဇူးဟူသော သတင်းအနံ့သည်သာလျှင်။ |
1,319,952 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ဧတိ၊ သွားရောက်နိုင်ပေ၏။ |
1,319,953 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | သပ္ပုရိသော၊ သူတော်ကောင်းသည်။ |
1,319,954 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | သီလဂန္ဓေန၊ သီလကျေးဇူး အနံ့ထူးဖြင့်။ |
1,319,955 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | သဗ္ဗာ ဒိသာ၊ ခပ်သိမ်းသော အရပ်မျက်နှာတို့သို့။ |
1,319,956 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ပဝါယတိ၊ သတင်းကြိုင်ကြိုင် လွှမ်းမိုး၍ လှိုင်၏။ |
1,319,957 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | စန္ဒနံ ဝါ၊ စန္ဒကူးအနံ့လည်းကောင်း။ |
1,319,958 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | တဂရံဝါပိ၊ တောင်ဇလပ်ပန်းအနံ့လည်းကောင်း။ |
1,319,959 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ဥပ္ပလံဝါ၊ ကြာပန်းအနံ့လည်းကောင်း။ |
1,319,960 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | အထ၊ ထိုမှတစ်ပါ။ |
1,319,961 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ဝဿိကီဝါ၊ မုလေးပန်းအနံ့လည်းကောင်း။ |
1,319,962 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | ဧတေသံ ဂန္ဓဇာတာနံ၊ ဤနံ့သာမျိုးတို့၏ အနံ့ထက်။ |
1,319,963 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | သီလဂန္ဓော၊ သူတော်ကောင်းတို့၏ သီလတည်းဟူသော အနံ့သည်။ |
1,319,964 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | အနုတ္တရော၊ အတုမရှိ လွန်ကဲ ထူးမြတ်ပေ၏။ |
1,319,965 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထု | အာနန္ဒာမထေရ်၏ ပြဿနာဝတ္ထုပြီး၏။ |
1,319,966 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | ၉-အာနန္ဒတ္ထေရပညာဝတ္ထု |
1,319,967 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | ၅၄။ န ပုပ္ဖဂန္ဓော ပဋိဝါတမေတိ၊ န စန္ဒနံ တဂရမလ္လိကာ ဝါ။ |
1,319,968 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | ၅၅။ စန္ဒနံ တဂရံ ဝါပိ၊ ဥပ္ပလံ အထ ဝဿိကီ။ |
1,319,969 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | ဤတရားဒေသနာတော်ကြီးကို ဘုရားရှင်သည် သာဝတ္ထိပြည်၌ သီတင်းသုံးနေတော်မူစဉ် အရှင်အနန္ဒာ၏မေးမြန်းသော ပြဿနာကို အကြောင်းပြု၍ ဟောတော်မူသည်။ |
1,319,970 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | အနက် ပုပ္ဖဂန္ဓော၊ ပန်းအနံ့သည်။ |
1,319,971 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | န ဧတိ၊ မသွားနိုင်။ |
1,319,972 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | စန္ဒနံ ဝါ၊ စန္ဒကူးအနံ့သည်လည်းကောင်း။ |
1,319,973 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | တဂရမလ္လိကာ ဝါ၊ တောင်ဇလပ်စပယ်ကြက်ရုံးအနံ့သည်လည်းကောင်း။ |
1,319,974 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | ဂန္ဓော စ၊ သီလအနံ့သည်ကား။ |
1,319,975 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | ဧတိ၊ သွားနိုင်၏။ |
1,319,976 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | သပ္ပုရိသော၊ သူတော်ကောင်းတို့၏ဂုဏ်သတင်းသည်။ |
1,319,977 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | သဗ္ဗာ ဒိသာ၊ အရပ်မျက်နှာအားလုံးတို့သို့။ |
1,319,978 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | ပဝါယတိ၊ လှိုင်သင်း၏။ |
1,319,979 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | စန္ဒနံ ဝါပိ၊ စန္ဒကူးနံ့သည်လည်းကောင်း။ |
1,319,980 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | တဂရံ ဝါပိ၊ တောင်ဇလပ်ပန်းအနံ့သည်လည်းကောင်း။ |
1,319,981 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | ဥပ္ပလံ ဝါပိ၊ ကြာညိုပန်းအနံ့သည်လည်းကောင်း။ |
1,319,982 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | ဝဿိကီ၊ မြတ်လေးပန်းအနံ့သည်လည်းကောင်း။ |
1,319,983 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | ဧတေသံ ဂန္ဓဇာတာနံ၊ ဤပန်းအနံ့မျိုးတို့ထက်။ |
1,319,984 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | သီလဂန္ဓော၊ သီလအနံ့သည်သာ။ |
1,319,985 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | အနုတ္တရော၊ အတုမရှိမြတ်၏။ |
1,319,986 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | စကားပြေ စန္ဒကူးစသော ပန်းအနံ့အမျိုးမျိုးတို့တွင် မည်သည့်ပန်းအနံ့မျှ လေညာလေဆန်သို့မသွားနိုင်၊ သူတော်ကောင်းတို့၏သီလတည်းဟူသော အနံ့သည်သာ အားလုံးသောအရပ်မျက်နှာသို့ သွားနိုင်သည်။ |
1,319,987 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | စန္ဒကူးစသော ပန်းအနံ့မျိုးတို့ထက် သီလအနံ့သည် အတုမရှိ အမြတ်ဆုံးဖြစ်သည်။ |
1,319,988 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | နံ့သာလေးမျိုး |
1,319,989 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | (၁) အမြစ်နံ့သာ၊ |
1,319,990 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | (၂) အနှစ်နံ့သာ၊ |
1,319,991 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | (၃) အပွင့်နံ့သာ၊ |
1,319,992 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | (၄) သူတော်ကောင်းတို့၏ သီလစသောနံ့သာ- ထိုတွင် အမြစ် အနှစ် အပွင့်နံ့သာတို့သည် လေအောက်သို့သာ လှိုင်စေနိုင်ပြီး သူတော်ကောင်းတို့၏ သီလစသော နံ့သာသည် လေအောက် လေထက်သို့ လှိုင်စေနိုင်သည် (ဓမ္မ၊ဋ္ဌ၊၁၊၂၆၅-၆)။ |
1,319,993 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | ပုပ္ဖဂန္ဓော = ပုပ္ဖာနံ ဂန္ဓော ပုပ္ဖဂန္ဓော။ |
1,319,994 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | ပုပ္ဖ + ဂန္ဓ။ |
1,319,995 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | တဂရမလ္လိကာ = တဂရဉ္စ မလ္လိကာ စ တဂရမလ္လိကာ။ |
1,319,996 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | တဂရ + မလ္လိကာ။ |
1,319,997 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | သပ္ပုရိသော = သန္တော ပုရိသော သပ္ပုရိသော။ |
1,319,998 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | ဥပ္ပလံ = ဥဒကံ ပိဝတိ ဣတိ ဥပ္ပလံ။ |
1,319,999 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | ဥ + ပါ + အလ။ |
1,320,000 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရပဉှာဝတ္ထုဂါထာ | ဝဿိကီ = ဝဿဇာတာ ဝဿိကီ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.