id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,320,101 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | သန္နဒ္ဓေါ = သန္နယှတီတိ သန္နဒ္ဓေါ။ |
1,320,102 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | သံ+နတ်+တ။ |
1,320,103 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | ခတ္တိယော = ခတ္တဿ အပစ္စံ ခတ္တိယော။ |
1,320,104 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | ခတ္တ+ဣယ။ |
1,320,105 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | အာနန္ဒတ္ထေရဝတ္ထုပြီး၏။ |
1,320,106 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | ၅-အာနန္ဒတ္ထေရဝတ္ထု ပါဠိဂါထာ |
1,320,107 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | ၆၈၄။ ဒိဝါ တပတိ အာဒိစ္စော, ရတ္တိမာဘာတိ စန္ဒိမာ၊သန္နဒ္ဓေါ ခတ္တိယော တပတိ, ဈာယီ တပတိ ဗြာဟ္မဏော၊အထ သဗ္ဗမဟောရတ္တိံ, ဗုဒ္ဓေါ တပတိ တေဇသာ။ |
1,320,108 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | ဒိဝါ၊ နေ့အခါ၌သာ။ |
1,320,109 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | တပတိ၊ တောက်ပတင့်တယ်၏။ |
1,320,110 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | ရတ္တိံ၊ ညဉ့်အခါ၌သာ။ |
1,320,111 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | အာဘာတိ၊ တောက်ပတင့်တယ်၏။ |
1,320,112 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | ခတ္တိယော၊ ရေမြေ့သနင်း, ပြည့်ရှင်မင်းသည်။ |
1,320,113 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | သန္နဒ္ဓေါ၊ တန်ဆာဆင်ယင်, လေးအင်စစ်တပ်, ဝန်းရံအပ်သည်။ |
1,320,114 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | (သမာနောဝ၊ ဖြစ်သော်သာ။ |
1,320,115 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | ဝါ၊ ဖြစ်မှသာ။ |
1,320,116 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | ) တပတိ၊ ၏။ |
1,320,117 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | ဈာယီ၊ ဈာန်၂-ပါးဖြင့် ရှုပွားနေသည်။ |
1,320,118 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | ဝါ၊ ဈာန်ဝင်စားနေသည်။ |
1,320,119 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | (သမာနောဝ၊ သာ) တပတိ၊ ၏။ |
1,320,120 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | ဗုဒ္ဓေါ၊ သဗ္ဗညုဘုရားရှင်သည်။ |
1,320,121 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | တေဇသာ၊ သီလနှင့်ဂုဏ်, ပညာပုည, ဓမ္မမည်ခေါ်, တန်ခိုးတော်ဖြင့်။ |
1,320,122 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | တပတိ၊ တောက်ပတင့်တယ် တော်မူပါပေ၏။ |
1,320,123 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | (ပါ-၃၈၇) [ဤဂါထာသည် လောကီလောကုတ္တရာမင်္ဂလာ အားလုံးနှင့် မဆန့်ကျင်သော သဗ္ဗမင်္ဂလာဂါထာတော်ဖြစ်သည်(သံ၊ဋ္ဌ၊၂၊၂၂၆၊ သံ၊ဋီ၊၂၊၂၀၀)။ |
1,320,124 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒတ္ထေရဝတ္ထုဂါထာ | ]အာနန္ဒတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။ |
1,320,125 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ဗာလဝဂ် ၃။ |
1,320,126 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | အာနန္ဒာသူဌေးကြီးတ္ထု |
1,320,127 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ပုတ္တာ မတ္တိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် အာနန္ဒာအမည်ရှိသော သူဌေးကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။ |
1,320,128 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | (အာနန္ဒဟု ပုလ္လိင်အကာရန္တဖြင့်သာ ဆိုသင့်သော်လည်း မြန်မာတို့ခေါ်ဝေါ်မှု၌ အာနန္ဒာဟု ပုလ္လိင်အာကာရန္တ ဆိုလေ့ရှိကြသည်။ |
1,320,129 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | သာရိပုတြာ, အရိယာသံဃာတို့၌လည်း ၎င်းနည်းတူ။ |
1,320,130 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ) အာနန္ဒာသူဌေးကြီးသေ၍ လူပြိတ္တာဖြစ်ခြင်း |
1,320,131 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | သာဝတ္ထိပြည်၌ ကုဋေလေးဆယ် ကြွယ်ဝသော စည်းစိမ် ဥစ္စာရှိသည်ဖြစ်၍ လွန်မင်းစွာ နှမြောဝန်တိုသော သဘောရှိသော အာနန္ဒာအမည်ရှိသော သူဌေးတစ်ဦးသည် ရှိပေသတတ်။ |
1,320,132 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ထိုအာနန္ဒာသူဌေးသည် လခွဲတိုင်း, လခွဲတိုင်း ဆွေမျိုးဉာတကာတို့ကို စည်းဝေးစေ၍ မူလသိရိအမည်ရှိသော မိမိ၏သားကို သုံးပါးသောအခါတို့၌ ဤသို့သော အဆုံးအမ ဩဝါဒကို ပေးလေ၏။ |
1,320,133 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | “ဤကုဋေလေးဆယ်မျှလောက်သော ပစ္စည်းဥစ္စာကို များလှပြီဟူသော အမှတ်သညာကို မပြုလေလင့်၊ ထင်ရှားရှိနေသော ဥစ္စာကို မပေးကမ်းအပ်၊ အသစ်ဖြစ်သော ဥစ္စာကို တိုးပွားစေအပ် ဖြစ်စေအပ်၏၊ တစ်သပြာမျှဖြစ်သော ဥစ္စာကိုလည်း ကုန်ခန်းပျက်စီးအောင် ပြုသောသူအား ဥစ္စာသည် တဖြည်းဖြည်း ကုန်သည်သာတည်း။ |
1,320,134 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ” ထို့ကြောင့်- |
1,320,135 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | အဉ္စနာနံ ခယံ ဒိသွာ၊ ဥပစိကာနဉ္စ အာစယံ။ |
1,320,136 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | အဉ္စနာနံ၊ မျက်စဉ်းတို့၏။ |
1,320,137 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ခယံ စ၊ ကုန်ခြင်းကိုလည်းကောင်း။ |
1,320,138 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ဥပစိကာနံ၊ သေးငယ်စွာလှ ပိုးရွခြတို့၏။ |
1,320,139 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | အာစယဉ္စ၊ တောင်ပို့ဖြစ်အောင် ပေါင်းစုခြင်းကိုလည်းကောင်း။ |
1,320,140 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | မဓူနံ၊ ပျားကောင်တို့၏။ |
1,320,141 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | သမာဟာရံစ၊ ပျားလပို့ဖြစ်အောင် ပန်းယက်စုပေါင်းကာ ဆောင်ယူခြင်းကိုလည်းကောင်း။ |
1,320,142 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ဒိသွာ၊ ကြည့်ရှု၍။ |
1,320,143 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ဝါ၊ အိမ်၌။ |
1,320,144 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | အာဝသေ၊ အုပ်ချုပ်သေချာ နေထိုင်ရာ၏။ |
1,320,145 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ဤသို့ အဆုံးအမ ဩဝါဒကိုပေး၏။ |
1,320,146 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ထိုသူဌေးကြီးသည် နောက်အဖို့ဖြစ်သော တစ်ပါးသောအခါ၌ မိမိ၏ ရွှေအိုးကြီးငါးလုံးကို မိမိ၏သားဖြစ်သော မူလသိရိအား မပြောမကြားမူ၍ ဥစ္စာကိုမှီ၍ဖြစ်သော နှမြောဝန်တိုခြင်းတည်းဟူသော အညစ်အကြေး ယှက်မှေးလိမ်းကျံလျက် စုတိပြောင်းကြွေ သေလွန်ခြင်းကို ပြုရလေသောကြောင့် ထိုသာဝတ္ထိပြည်၏သာလျှင် တစ်ခုသော တံခါးအနီးရွာ၌ ဒွန်းစဏ္ဍာတို့၏ အမျိုးတစ်ထောင်... |
1,320,147 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ထိုရွာတွင် ဒွန်းစဏ္ဍားမတစ်ယောက်၏ဝမ်း၌ ပဋိသန္ဓေ စွဲယူလေ၏။ |
1,320,148 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | သာဝတ္ထိပြည်ကြီးရှင် ဘုရင် ပသေနဒီကောသလမင်းကြီးသည် ထိုအာနန္ဒာသူဌေး၏ သေလွန်ခြင်းကို ကြားသိတော်မူသဖြင့် သူဌေး၏သားဖြစ်သော မူလသိရိကို ခေါ်စေပြီးလျှင် သူဌေးအရာ၌ ထားတော်မူလေ၏။ |
1,320,149 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ထိုဒွန်းစဏ္ဏားမျိုး တစ်ထောင်သည်လည်း တစ်ပေါင်းတစ်စုတည်းသာလျှင် အခဖြင့် အမှုကိုပြုလျက် အသက်မွေးခြင်းအမှုကို ပြုနေရာ အာနန္ဒာသူဌေး၏ ပဋိသန္ဓေစွဲယူနေသည်မှစ၍ အခကိုမရ၊ မျှတလောက်ရုံမျှကိုလည်း မရ၊ ထိုမှနောက်၌လည်း ထမင်းတစ်ဆုပ်မျှကိုပင် မရသောကြောင့် ဒွန်းစဏ္ဏားတို့သည် “ဤယခုအခါ ငါတို့သည် အမှုကို ပြုလုပ်ပါကုန်သော်လည်း ထမင်းတစ်ဆုပ်ကိ... |
1,320,150 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ထိုမျှလောက် ခွဲခြားဝေဖန်၍ “ဤအမျိုး၌ သူယုတ်မာမသည် ဖြစ်ပေါ်လေ၏”ဟု ထိုအာနန္ဒာသူဌေး၏ မိခင်ဖြစ်သော ဒွန်းစဏ္ဍားမကို နှင်ထုတ်ကြလေကုန်၏။ |
1,320,151 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ထိုမိခင် ဒွန်းစဏ္ဍားမသည်လည်း အကြင်မျှလောက် ထိုသူငယ်သည် ဝမ်း၌တည်၏၊ ထိုမျှလောက်သော ကာလပတ်လုံး မျှတလောက်ရုံသော ထမင်းကိုမျှလည်း ငြိုငြင်ဆင်းရဲစွာ ရှာဖွေပါမှ ရသည်ဖြစ်၍ သားကို ဖွားမြင်ရရှာလေ၏။ |
1,320,152 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ထိုသူငယ်၏ လက်တို့သည်လည်းကောင်း၊ ခြေတို့သည်လည်းကောင်း၊ မျက်စိတို့သည်လည်းကောင်း၊ နားတို့သည်လည်းကောင်း၊ နှာခေါင်းသည်လည်းကောင်း၊ ခံတွင်းသည်လည်းကောင်း ပကတိ တည်ရှိမြဲတိုင်းသောအရပ်၌ မဟုတ်ကုန်။ |
1,320,153 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ထိုသူငယ်သည် ဤသို့သဘောရှိသော အင်္ဂါကြီးငယ် ချို့တဲ့ခြင်းနှင့် ပြည့်စုံသည်ဖြစ်ရကား မြေဘုတ်ဘီလူးကဲ့သို့ အလွန်အမင်း ဖောက်ပြန်စွာ အဆင်းမလှခြင်းရှိသောသူငယ် ဖြစ်ရရှာလေ၏။ |
1,320,154 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ဘဝဟောင်းက ရွှေအိုးများ ဖော်ပြခြင်း |
1,320,155 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ဤသို့ အလွန်အမင်း အဆင်းမလှသောသူငယ် ဖြစ်သော်ငြားလည်း ထိုသူငယ်ကို မိခင်သည် မစွန့်ပစ်ရက်နိုင်။ |
1,320,156 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | မိမိ၏ဝမ်း၌ ပဋိသန္ဓေတည်နေသော သားသမီး၌ ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးခြင်းသည် လွန်မင်းစွာ အားကြီးပေ၏။ |
1,320,157 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ထိုဒွန်းစဏ္ဍားမသည် သားငယ်ကို ဆင်းရဲငြိုငြင်စွာ မွေးကျွေးသုတ်သင်လျက် ထိုသားငယ်ကိုပွေ့ချီ၍ သွားသောနေ့၌ကား တစ်စုံတစ်ခုကိုမျှ မရသောကြောင့် အိမ်၌ထားခဲ့၍ မိမိချည်းသွားသောနေ့၌ တစ်ဖန် ရနေကျ ရလေ၏။ |
1,320,158 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ထို့နောက် ထမင်းစသော အစာအာဟာရ အလို့ငှာ လှည့်လည်သွားလာရှာဖွေ၍ အသက်မွေးခြင်းငှာ စွမ်းနိုင်သောအခါ သူငယ်ကို လက်၌ ခွက်တစ်ခုထား၍ “ချစ်သား- ငါတို့သည် သင်ချစ်သားကိုအမှီပြု၍ ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်ကြရလေကုန်ပြီ၊ ယခုအခါ အသင်ချစ်သားကို မွေးကျွေးသုတ်သင်ခြင်းငှာ မစွမ်းနိုင်ကြကုန်၊ ဤသာဝတ္ထိပြည်ကြီး၌ အထီးကျန်သောသူ၊ ခရီးသွားသော... |
1,320,159 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ထိုထမင်းရှိရာ၌ ထမင်းစသော အစာကို တောင်းရမ်းလှည့်လည် ရှာဖွေကာ အသက်မွေးလေလော့”ဟု ဆို၍ သားငယ်ကို စေလွှတ် စွန့်ပစ်ရရှာလေ၏။ |
1,320,160 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ထိုသူငယ်သည် အိမ်စဉ်အတိုင်းအားဖြင့် လှည့်လည်လတ်သည်ရှိသော် အာနန္ဒာသူဌေးကြီး ဖြစ်စဉ်အခါ ရှေးယခင်က ဖြစ်ခဲ့ဖူးသော အိမ်နေရာသို့ ရောက်သွားပြီးလျှင် ဘဝဟောင်းကို သိစွမ်းနိုင်သော ဇာတိဿရဉာဏ် ရသည်ဖြစ်၍ မိမိ၏အိမ်သို့ ဝင်သွားလေ၏။ |
1,320,161 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | သုံးတန်သုံးထပ်ကုန်သော တံခါးမုခ်တို့၌စောင့်သော တစ်စုံတစ်ယောက်သောသူမျှ အမှတ်အသား မပြုလိုက်မိသဖြင့် လေးတန်မြောက် စတုတ္ထတံခါးမုခ်၌ မူလသိရိသူဌေး၏ သားငယ်တို့ မြင်ရသည်ရှိသော် လွန်စွာထိတ်လန့်သော နှလုံးရှိကုန်သည်ဖြစ်၍ ငိုကြွေးမြည်တမ်းကြလေကုန်၏။ |
1,320,162 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ထိုအခါ ထိုသူငယ်ကို မူလသိရိသူဌေး၏ အလုပ်အကျွေး အစောင့်အရှောက် ယောက်ျားတို့သည် “ဘုန်းကျက်သရေမဲ့လှသော ဟယ်သူယုတ်- ထွက်သွားလော့”ဟု ရိုက်နှက်ပုတ်ခတ် ထောင်းထုသတ်၍ နှင်ထုတ်ပြီးလျှင် တံမြက်ချေးစွန့်ရာအရပ်၌ ပစ်ထားကြလေကုန်၏။ |
1,320,163 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | မြတ်စွာဘုရားသည် အာနန္ဒာမထေရ်လျှင် နောက်လိုက်ရဟန်းရှိသဖြင့် ဆွမ်းအလို့ငှာ လှည့်လည်လတ်သည်ရှိသော် ထိုအရပ်သို့ ရောက်တော်မူလျှင် အာနန္ဒာမထေရ်ကို ကြည့်တော်မူသဖြင့် ရှင်အာနန္ဒာမထေရ် မေးတော်မူအပ်သည်ရှိသော် ထိုအကြောင်းကို ပြောကြား မိန့်မြွက်တော်မူသောကြောင့် အာနန္ဒာမထေရ်သည် မူလသိရိသူဌေးကို ခေါ်စေတော်မူလေ၏။ |
1,320,164 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ထိုအခါ များစွာသော လူအပေါင်းတို့သည် စည်းဝေးကြကုန်၏။ |
1,320,165 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | မြတ်စွာဘုရားသည် မူလသိရိသူဌေးကို ခေါ်တော်မူ၍ “ဤသူငယ်ကို သိ၏လော”ဟု မေးတော်မူသဖြင့် “မသိပါဘုရား”ဟု လျှောက်ကြာသည်ရှိသော် “အသင်၏ ဖခင်ဖြစ်သော အာနန္ဒာသူဌေးကြီးပေတည်း”ဟု မိန့်တော်မူသဖြင့် မယုံမကြည်ဖြစ်နေသော မူလသိရိသူဌေးကို “အာနန္ဒာသူဌေးကြီး- သင်၏သားအား ငါးလုံးသော ရွှေအိုးကြီးကို ပြောကြားလေလော့”ဟု မိန့်တော်မူ၍ ပြောကြားစေတော်မူသ... |
1,320,166 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ထိုမူလသိရိသူဌေးသည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟု ဆည်းကပ်ခြင်းသို့ ရောက်လေ၏။ |
1,320,167 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ထိုမူလသိရိသူဌေးအား တရားဟောကြားတော်မူလိုပြန်ရကား ဤဂါထာကို မိန့်တော်မူလေ၏။ |
1,320,168 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ဒေသနာတော် [၆၂] ပုတ္တာ မတ္တိ ဓနမတ္ထိ၊ ဣတိ ဗာလော ဝိဟညတိ။ |
1,320,169 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | အတ္တာ ဟိ အတ္တနော နတ္ထိ၊ ကုတော ပုတ္တာ ကုတော ဓနံ။ |
1,320,170 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | တဏှာယ၊ သားသမီးဥစ္စာ တပ်ငြိကာဖြင့်။ |
1,320,171 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ဝိဟညတိ၊ ပင်ပန်းဆင်းရဲ၏။ |
1,320,172 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ဧဝမ္ပိ၊ ဤသို့ ပင်ပန်းဆင်းရဲရပါသော်လည်း။ |
1,320,173 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | အတ္တာ ဟိ၊ မိမိပင်သော်လည်း။ |
1,320,174 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | တာဏာယ၊ ကိုးကွယ်ရာ စောင့်ရှောက်ရာ အကျိုးငှာ။ |
1,320,175 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ကုတော အတ္ထိ၊ အဘယ်မှာ ရှိကုန်အံ့နည်း။ |
1,320,176 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | ကုတော အတ္ထိ၊ အဘယ်မှာ ရှိနိုင်အံ့နည်း။ |
1,320,177 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | တရားဒေသနာတော်၏အဆုံး၌ ရှစ်သောင်း လေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါး တရားအထူးကို သိခြင်းသည် ဖြစ်လေ၏။ |
1,320,178 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထု | အာနန္ဒာသူဌေးကြီးဝတ္ထု ပြီး၏။ |
1,320,179 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထုဂါထာ | ၅-ဗာလဝဂ်။ ၃-အာနန္ဒသေဋ္ဌိဝတ္ထု |
1,320,180 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထုဂါထာ | ၆၂။ ပုတ္တာမတ္ထိ ဓနမ္မတ္ထိ၊ ဣတိ ဗာလော ဝိဟညတိ။ |
1,320,181 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထုဂါထာ | ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည်၌ သီတင်းသုံးနေတော်မူစဉ် သာဝတ္ထိပြည်သား အာနန္ဒသဌေးသည် ကုဋေ (၄၀) ကြွယ်ဝသော်လည်း မလှူမတန်းပဲ သေလွန်သောအခါ ဒွန်းစဏ္ဍားဘဝ၌ သားတော်ခဲ့ဖူးသော မူလသိရိသဌေး၏ အလုပ်သမားများ၏ အရိုက်အနှက် ခံရပြီးလျှင် အမှိုက်ပုံသို့ အပစ်ခံရခြင်းကို အကြောင်းပြု၍ ဟောတော်မူသည်။ |
1,320,182 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထုဂါထာ | အနက် ဗာလော၊ လူမိုက်သည်။ |
1,320,183 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထုဂါထာ | ဣတိ၊ ဤသို့ (တဏှာယ၊ သားသမီး ပစ္စည်းဥစ္စာတို့ကို စွဲလမ်းမှု တဏှာဖြင့်)။ |
1,320,184 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထုဂါထာ | ဝိဟညတိ၊ ဆင်းရဲပင်ပန်းရ၏။ |
1,320,185 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထုဂါထာ | အတ္တာ၊ မိမိသည်လည်း။ |
1,320,186 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထုဂါထာ | အတ္တနော၊ မိမိ၏ ကိုးကွယ်ရာသည်။ |
1,320,187 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထုဂါထာ | ကုတော အတ္ထိ၊ အဘယ်မှာ ကိုးကွယ်ရာ ရှိအံ့နည်း။ |
1,320,188 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထုဂါထာ | ဓနံ၊ ပစ္စည်းဥစ္စာသည်။ |
1,320,189 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထုဂါထာ | စကားပြေ လူမိုက်သည် မိမိအား သားသမီးနှင့် ပစ္စည်းဥစ္စာတို့ ရှိသည်ဟု စွဲလမ်းမှုဖြင့် ပင်ပန်းဆင်းရဲနေသော်လည်း မိမိသည်ပင် မိမိ၏ ကိုးကွယ်ရာ မရှိပဲ သားသမီး ဥစ္စာတို့ကား အဘယ်မှာ ကိုးကွယ်ရာ ရှိနိုင်မည်နည်း။ |
1,320,190 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထုဂါထာ | ကိုးကွယ်ရာ မရှိနိုင်သည်သာ တည်း။ |
1,320,191 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထုဂါထာ | ဝိဟညတိ၊ ငါ့သားသမီးတို့သည် ပျက်စီးပြီး၊ ပျက်စီးဆဲ၊ ပျက်စီးလတ္တံ့၊ ထိုအထူး ငါ့ပစ္စည်းဥစ္စာတို့သည် ပျက်စီးပြီး၊ ပျက်စီးဆဲ၊ ပျက်စီးလတ္တံ့ ဟု ခြောက်မျိုးသော အခြင်းအရာတို့ဖြင့် ပင်ပန်းဆင်းရဲ၏။ |
1,320,192 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထုဂါထာ | သားသမီးတို့အား ကျွေးမွေးရန် နေ့ညဉ့်ပါ အားစိုက်၍ ရှာဖွေရခြင်း၊ စီးပွားတိုးတက်အောင် ကြံစည်ဆောင်ရွက်ခြင်းကြောင့်လည်း ပင်ပန်းဆင်းရဲ၏။ |
1,320,193 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထုဂါထာ | အတ္တာ ဟိ အတ္တနော နတ္ထိ၊ သားသမီးတို့အတွက် စီးပွားရေး ပြေလည်အောင် ပြု၍ ပင်ပန်းနေသော မိမိကို ချမ်းသာမှု ရရန် မိမိမပြုနိုင်၊ သေခါနီးအခါ ပြင်းထန်သော ဝေဒနာများ နှိပ်စက်သဖြင့် အရိုးအပေါင်းနှင့် အရိုးအဆက်များ ပြတ်ကွဲမလောက် ခံစားရသော မိမိကို အသက်ထက်ဆုံး ပြုစုစောင့်ရှောက်သော်လည်း မိတ်ဆွေကောင်းအဖြစ်ဖြင့် ဆင်းရဲမှ လွန်မြောက်အောင် ... |
1,320,194 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထုဂါထာ | ထို့ကြောင့် မိမိသည်ပင် မိမိ၏ ကိုးကွယ်ရာ မဖြစ်နိုင်ဟု ဆိုသည်။ |
1,320,195 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထုဂါထာ | ကုတော ပုတ္တာ ကုတော ဓနံ၊ တစုံတယောက်သော သူကိုမျှ တစုံတခု မပေးပဲ သားအတွက် ဥစ္စာစုဆောင်းပေးနေသော သေခါနီး အာနန္ဒသဌေး၏ ဆင်းရဲကို သားသမီးနှင့် ဥစ္စာတို့ မယူဆောင်နိုင်။ |
1,320,196 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထုဂါထာ | ချမ်းသာကိုလည်း မဖြစ်စေနိုင်။ |
1,320,197 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထုဂါထာ | မိဘမေတ္တာ၊ မိခင်သည် မိမိဝမ်းတွင်း၌ ကိန်းအောင်းလာသော သားသမီးများကို ရုပ်ဆင်းအင်္ဂါ ပျက်စီး ချို့ယွင်းနေသော်လည်း မစွန့်ပစ်နိုင် (ဓမ္မ၊ဋ္ဌ၊၁၊၂၉၇)။ |
1,320,198 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထုဂါထာ | အာနန္ဒသေဋ္ဌိဝတ္ထု ပြီး၏။ |
1,320,199 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထုဂါထာ | ၅-ဗာလဝဂ် ၃-အာနန္ဒသေဋ္ဌိဝတ္ထုအဋ္ဌကထာဂါထာ |
1,320,200 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာနန္ဒသေဋ္ဌိဝတ္ထုဂါထာ | ၁၉၁။ အဉ္ဇနာနံ ခယံ ဒိသွာ, ဥပစိကာနဉ္စ အာစယံ၊မဓူနဉ္စ သမာဟာရံ, ပဏ္ဍိတော ဃရမာဝသေ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.