id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,322,101 | Uncategorized | အာနာပါနဒီပနီ | ၆။ တစ်မှစ၍ တစ်ဆယ်တွင် တစ်ဝါရ |
1,322,102 | Uncategorized | အာနာပါနဒီပနီ | ဤသို့ ၆-ဝါရတို့ဖြင့် ရေတွက်ရာ၏။ |
1,322,103 | Uncategorized | အာနာပါနဒီပနီ | ပထမဝါရ, ဒုတိယဝါရ, တတိယဝါရ, စတုတ္ထဝါရ, ပဉ္စမဝါရ, ဆဋ္ဌဝါရဟူ၍လည်း အစဉ်အတိုင်း ခေါ်ရ၏၊ ဆဋ္ဌဝါရပြီးလျှင် ပထမဝါရ သို့ပြန်လေ၊ ၎င်း ၆-ဝါရလုံးကိုမှ တစ်ဝါရဟူ၍လည်း ခေါ်ကြ၏၊ |
1,322,104 | Uncategorized | အာနာပါနဒီပနီ | ဂဏနာနည်း ရေတွက်ပုံ |
1,322,105 | Uncategorized | အာနာပါနဒီပနီ | ရှေးဦးစွာ စိတ်ကို နှာခေါင်းဝ၌ စိုက်ထား၍ ထွက်သက် ဝင်သက် ၂-ပါးတွင် ထင်ရှားရာ တစ်ခုခုကို တစ်-ဟု ရေတွက်ရာ၏၊ ၎င်းနောက် ထွက်သက် ဝင်သက် ၂-ပါးပင် ထင်ရှားသည်ချည်း ဖြစ်လာခဲ့လျှင် အစဉ်အတိုင်း နှစ်, သုံး, လေးဟု ရေတွက်ရာ၏၊ မထင်မရှား ပါရှိခဲ့လျှင် ထိုမထင်ရှားသောအချက်ကို မရေတွက်မူ၍ ထင်ရှားသည့်အချက် မတွေ့သေးသမျှကာလပတ်လုံး တန့်ရပ်၍ တစ်... |
1,322,106 | Uncategorized | အာနာပါနဒီပနီ | ဤနည်းတူ ဒသဝါရတိုင်အောင် ၆-ဝါရ၌ မထင်ရှားသော ထွက်သက် ဝင်သက် အချက်တို့ကို မရေတွက်မူ၍ ထင်ရှားသော ထွက်သက် ဝင်သက်တို့ကိုသာ ရွေးကောက်၍ ရေတွက်သောကြောင့် နှေးသော ရေတွက် နည်းဖြစ်သတည်း။ |
1,322,107 | Uncategorized | အာနာပါနဒီပနီ | မြန်မြန်ရေတွက်နည်း |
1,322,108 | Uncategorized | အာနာပါနဒီပနီ | မြန်မြန်ရေတွက်နည်းဆို သည်ကား- ရေတွက်ဖန်များလတ်သော် ထင်ရှားသော အချက်များ၍ လာလတ္တံ့၊ တစ်-နှစ်-စသော ဂဏန်းချက်လည်း စိပ်၍ စိပ်၍ လာလတ္တံ့၊ ထွက်သက် အချက် ဝင်သက်အချက် ထင်ရှားသည်ချည်း ဖြစ်သောအခါ၌ တစ်-နှစ်-စသော ဂဏန်းချက်သည်လည်း မပြတ်မစဲမြန်ရ၏၊ တစ်ခုကိုမျှ သတိမလွတ်စေရ၊ ထွက်သက် ဝင်သက် အစဉ်နှင့် ဂဏန်းစဉ်သည် အခုန်အကျော် အလစ် အလပ်မရှ... |
1,322,109 | Uncategorized | အာနာပါနဒီပနီ | ။ တစ်- နှစ်စသော ဂဏန်းချမှုကိုလည်း နှုတ်ဖြင့်ရွတ်ဆိုဖွယ် မရှိ။ |
1,322,110 | Uncategorized | အာနာပါနဒီပနီ | စိတ်ဖြင့် ရေတွက်လျှင် ပြီးတော့သည်။ |
1,322,111 | Uncategorized | အာနာပါနဒီပနီ | အချို့သူတို့ကား နှုတ်ဖြင့်ရွတ်ဆိုကြကုန်၏၊ အချို့သူတို့ကား ၆ -ဝါရ အဆုံးအဆုံးတွင် ပုတီးစေ့တစ်လုံးတစ်လုံးချ၍ တစ်နေ့တစ်နေ့လျှင် ပုတီးပတ်ပေါင်း မည်မျှစိပ်မည်ဟု ပိုင်းခြား၍ စိပ်ကြကုန်၏၊ အာရုံမြန် မြန်ထင်နိုင်သည်သာ ပမာဏတည်း။ |
1,322,112 | Uncategorized | အာနာပါနဒီပနီ | အကြင်အခါ၌ မရေတွက်သော်လည်း ရေတွက်သည်နှင့်ထပ်တူ ထွက်သက်ဝင်သက်တို့၏ ထိုဌာန၌ ထိတိုင်းထိတိုင်း အသိမြဲစွဲ၏၊ အလုပ်ခွင်သို့ဝင်၍ နှလုံးသွင်းနေသမျှကာလပတ်လုံး တစ်ခုသော ထွက်သက် တစ်ခုသော ဝင်သက်မျှ အမှတ်မဲ့ လွတ်၍သွားသည် မရှိပြီ၊ ထိုအခါ၌ ရေတွက်မှုကို ရုပ်သိမ်း၍ အနုဗန္ဓနာနည်းဖြင့် ရှုရာ၏။ |
1,322,113 | Uncategorized | အာနာပါနဒီပနီ | အနှေးအမြန်၊ အစဉ်မှန်၊ နှစ်တန်ရေတွက်နည်း ပြီး၏။ |
1,322,114 | Uncategorized | အာနာပါနဒီပနီ | အနုဗန္ဓနာနည်းအကျယ် |
1,322,115 | Uncategorized | အာနာပါနဒီပနီ | အနုဗန္ဓနာနည်း ဆိုသည်ကား- ရေတွက်ခန်းတွင်အစဉ်မှန်ခဲ့ သည်အတိုင်း ထိရာဌာန၌ စိတ်ကိုစိုက်ထား၍ ထွက်မှု ဝင်မှုအကြိမ်စဉ် အတိုင်း တစ်ကြိမ်တည်းမျှ မလွတ်စေရပဲ ထွက်မှု, ဝင်မှု, အစဉ်နှလုံးသွင်း မှု, အစဉ် ဖွဲ့တွယ်စွဲမြဲ၍နေအောင် အားထုတ်မှု သည် အနုဗန္ဓနာမည်၏၊ ရေတွက်မှုမရှိပဲလျက် ရေတွက်နည်းမှာ သိမှုအစဉ်မှန် သည့်အတိုင်း သိမှုအစဉ် မှန်၍နေ... |
1,322,116 | Uncategorized | အာနာပါနဒီပနီ | အနုဗန္ဓနာနည်း ပွားရန်ခေတ် |
1,322,117 | Uncategorized | အာနာပါနဒီပနီ | အဘယ်မျှလောက် ကာလကြာမြင့်အောင် အနုဗန္ဓနာနည်းဖြင့် အားထုတ်ရာသနည်း ဟူမူကား-ပဋိဘာဂနိမိတ်ဖြစ်ပေါ်၍လာသည် တိုင်အောင် အားထုတ် ရာ၏၊ |
1,322,118 | Uncategorized | အာနာပါနဒီပနီ | ပဋိဘာဂနိမိတ်ထင်ပုံ |
1,322,119 | Uncategorized | အာနာပါနဒီပနီ | ပဋိဘာဂနိမိတ်ဆိုသည်ကား- ပကတိသော ထွက်သက် ဝင်သက် လေအတိုင်းကိုလွန်၍ အဆင်း သဏ္ဌာန် အရောင်အလက်နှင့်တကွ လဲဝါဂွမ်းအစုကဲ့သို့, လေအယဉ်ကဲ့သို့, မိုးကြယ်ကဲ့သို့, ပတ္တမြားလုံးကဲ့သို့, ပုလဲလုံးကဲ့သို့, ပုလဲသွယ်ကဲ့သို့ အစရှိသည်ဖြင့် တစ်ခုခုထင်ပေါ် ဖြစ်ထွန်း၍လာသော ပညတ္တိဓမ္မ အထူးကို ပဋိဘာဂနိမိတ်ဆိုသည်။ |
1,322,120 | Uncategorized | အာနာပါနဒီပနီ | ။ ထိုပဋိဘာဂနိမိတ် ပညတ်အာရုံ အထူးအထင် အရှား စိတ်အမြင်မှာ နှလုံးသွင်းတိုင်း ဖြစ်ပေါ်ထင်မြင်လာသောအခါမှ အနုဗန္ဓနာနည်းကို ရုပ်သိမ်းရမည်။ |
1,322,121 | Uncategorized | အာနာပါနဒီပနီ | ။ ဂဏနာနည်း အနုဗန္ဓနာနည်း နှစ်ပါးမှာ ထိရာဌာနကို မလွှတ်ရသေး။ |
1,322,122 | Uncategorized | အာနာပါနဒီပနီ | အမြဲအမြန်၊ အတွယ်သန်၊ တစ်ဖန်ဖွဲ့ထားနည်း ပြီး၏။ |
1,322,123 | Uncategorized | အာနာပါနဒီပနီ | ထပနာနည်း အကျယ် |
1,322,124 | Uncategorized | အာနာပါနဒီပနီ | ပဋိဘာဂနိမိတ်ထင်သည်မှစ၍ ထပနာနည်းဖြင့် အားထုတ် ရာ၏။ |
1,322,125 | Uncategorized | အာနာပါနဒီပနီ | ထပနာနည်း ထပနာဆိုသည်ကား - ပဋိဘာဂနိမိတ်မည်သည် ပညတ်အာရုံ အထူးဖြစ်၍ အာရုံအသစ်ကဲ့သို့ဖြစ်ပြန်၏။ |
1,322,126 | Uncategorized | အာနာပါနဒီပနီ | သဘာဝဓမ္မမျိုး မဟုတ်သောကြောင့် ကွယ်ပျောက်လည်း ကွယ်ပျောက်လွယ်၏၊ ကွယ်ပျောက်ပြန်လျှင် တစ်ဖန် ထင်မြင်ရန် အမှုလည်း ခက်ခဲ၏၊ ထို့ကြောင့်ထင်မြင်လာသော ထိုပဋိဘာဂနိမိတ်ကို မကွယ်မပျောက်စေမူ၍ တစ်နေ့ တစ်ခြား ထင်ရှားပွင့်လင်း၍သွားအောင် ထိုအာရုံ၌ စူးစူးစိုက်စိုက် အားထုတ်ဖိစီး၍ စိတ်ကိုထားခြင်းသည် ထပနာ မည်၏။ |
1,322,127 | Uncategorized | အာနာပါနဒီပနီ | ထပနာနည်းသို့ ရောက်သောအခါ၌မူကား-အသပ္ပါယ ၇-ပါးကို ကြဉ်ရှောင်၍ သပ္ပါယ ၇-ပါးကို မှီဝဲရာ၏၊ အပ္ပနာကောသလ္လ ဆယ်ပါးကို ပြည့်စုံစေရာ၏။ |
1,322,128 | Uncategorized | အာနာပါနဒီပနီ | အသပ္ပါယ ၇-ပါး။ |
1,322,129 | Uncategorized | အာနာပါနဒီပနီ | ။ အသပ္ပါယ ၇-ပါးဆိုသည်ကား-- |
1,322,130 | Uncategorized | အာနာပါနဒီပနီ | ၁။ ဘာဝနာ၏ ဆုတ်ယုတ်ကြောင်းဖြစ်သော နေရာဌာန၊ |
1,322,131 | Uncategorized | အာနာပါနဒီပနီ | ၂။ ဆွမ်းခံရွာ၊ |
1,322,132 | Uncategorized | အာနာပါနဒီပနီ | ၃။ စကားများမှု၊ |
1,322,133 | Uncategorized | အာနာပါနဒီပနီ | ၄။ အပေါင်းအဖော်၊ |
1,322,134 | Uncategorized | အာနာပါနဒီပနီ | ၅။ ဘောဇဉ်၊ |
1,322,135 | Uncategorized | အာနာပါနဒီပနီ | ၆။ ဥတု၊ |
1,322,136 | Uncategorized | အာနာပါနဒီပနီ | ၇။ ဣရိယာပုထ်၊ |
1,322,137 | Uncategorized | အာနာပါနဒီပနီ | ဤ ၇-ပါးတည်း။ |
1,322,138 | Uncategorized | အာနာပါနဒီပနီ | သပ္ပါယ ၇-ပါး။ |
1,322,139 | Uncategorized | အာနာပါနဒီပနီ | ။ သပ္ပါယ ၇-ပါး ဆိုသည်ကား -ဘာဝနာမှု၏ တိုးပွားကြောင်းဖြစ်သော ထို ၇-ပါး ပေတည်း။ |
1,322,140 | Uncategorized | အာနာပါနဒီပနီ | အပ္ပနာကောသလ္လ ၁၀-ပါး။ |
1,322,141 | Uncategorized | အာနာပါနဒီပနီ | ။ အပ္ပနာကောသလ္လဆယ်ပါး ဆိုသည်ကား-- |
1,322,142 | Uncategorized | အာနာပါနဒီပနီ | ၁။ ကိုယ်အင်္ဂါနှင့်တကွ အသုံးအဆောင်ဝတ္ထုမျိုး သန့်ရှင်းမှု၊ |
1,322,143 | Uncategorized | အာနာပါနဒီပနီ | ၂။ ဣန္ဒြေငါးပါးကို ညီညွတ်အောင်ပြုမှု၊ |
1,322,144 | Uncategorized | အာနာပါနဒီပနီ | ၃။ ထွက်သက်ဝင်သက်ဟူသော အာရုံနိမိတ်၌လိမ္မာမှု၊ |
1,322,145 | Uncategorized | အာနာပါနဒီပနီ | ၄။ တက်ကြွလွန်းသော စိတ်ကိုနှိပ်မှု၊ |
1,322,146 | Uncategorized | အာနာပါနဒီပနီ | ၅။ ဆုတ်နစ်လွန်းသော စိတ်ကိုချီးပင့်မှု၊ |
1,322,147 | Uncategorized | အာနာပါနဒီပနီ | ၆။ ခြောက်သွေ့လွန်းသောစိတ်ကို ရွှင်စေမှု၊ |
1,322,148 | Uncategorized | အာနာပါနဒီပနီ | ၇။ ညီညွတ်သောစိတ်ကို လျစ်လျူရှုမှု၊ |
1,322,149 | Uncategorized | အာနာပါနဒီပနီ | ၈။ သမာဓိမရှိသော ပုဂ္ဂိုလ်ကို ကြဉ်ရှောင်မှု၊ |
1,322,150 | Uncategorized | အာနာပါနဒီပနီ | ၉။ သမာဓိရှိသော ပုဂ္ဂိုလ်ကို မှီဝဲမှု၊ |
1,322,151 | Uncategorized | အာနာပါနဒီပနီ | ၁၀။ အပ္ပနာစျာန်ကိုရခြင်းငှာ အမြဲညွတ်သောစိတ်ရှိမှု၊ |
1,322,152 | Uncategorized | အာနာပါနဒီပနီ | ဤ ၁၀-ပါးတည်း။ |
1,322,153 | Uncategorized | အာနာပါနဒီပနီ | ဤသို့သောအမှုတို့ကို ပြည့်စုံစွာပြု၍ ထိုပဋိဘာဂနိမိတ်၌ စိတ်ကို အစွဲကြီးစွဲ၍ အမြဲကြီးမြဲလေအောင် နေ့ရှည်လများ ရှုသောအားဖြင့် ပွားများစေရာ၏။ |
1,322,154 | Uncategorized | အာနာပါနဒီပနီ | ထပနာခေတ်။ ။ |
1,322,155 | Uncategorized | အာနာပါနဒီပနီ | အဘယ်မျှလောက် ကြာမြင့်အောင် ဤထပနာနည်းအားဖြင့် ပွားများအားထုတ်ရာသနည်း ဟူမူကား-ရူပါဝစရစတုတ္ထစျာန်တိုင်အောင်သည် ထပနာခေတ်ပေတည်း။ |
1,322,156 | Uncategorized | အာနာပါနဒီပနီ | ငြိမ်ဝပ်ပြန့်ပြူး၊ စိတ်စိုက်စူး၊ အထူးစိတ်ထားနည်း ပြီး၏။ |
1,322,157 | Uncategorized | အာနာပါနဒီပနီ | နိမိတ် ၃-ပါး၊ သမာဓိ ၃-ပါး ခွဲနည်း |
1,322,158 | Uncategorized | အာနာပါနဒီပနီ | ဂဏနာနည်း, အနုဗန္ဓနာနည်း, ထပနာနည်းဟူသော နည်း ၃- ပါးတို့ဖြင့် အစဉ်အတိုင်း ပွားများဖြစ်ထွန်း၍ သွားရာ၌ နိမိတ် ၃-ပါး, ဘာဝနာသမာဓိ ၃-ပါးတို့ဖြင့် ခွဲရာ၏။ |
1,322,159 | Uncategorized | အာနာပါနဒီပနီ | နိမိတ် ၃-ပါး ခွဲနည်း |
1,322,160 | Uncategorized | အာနာပါနဒီပနီ | ။ ဂဏနာအခန်း၌ ထင်မြင်အပ်သော ထွက်သက်ဝင်သက်အာရုံသည် ပရိကမ္မနိမိတ် မည်၏။ |
1,322,161 | Uncategorized | အာနာပါနဒီပနီ | ဥဂ္ဂဟနိမိတ်။ |
1,322,162 | Uncategorized | အာနာပါနဒီပနီ | ။ အနုဗန္ဓနာအခန်း၌ ထင်မြင်အပ်သော ထိုအာရုံသည်ပင်လျှင် ဥဂ္ဂဟနိမိတ် မည်၏။ |
1,322,163 | Uncategorized | အာနာပါနဒီပနီ | ပဋိဘာဂနိမိတ်။ |
1,322,164 | Uncategorized | အာနာပါနဒီပနီ | ။ ထပနာအခန်း၌ ထင်မြင်အပ်သော ပညတ်အာရုံသည် ပဋိဘာဂနိမိတ် မည်၏၊ ဤကား-နိမိတ်သုံးပါး ခြားနားနည်းတည်း။ |
1,322,165 | Uncategorized | အာနာပါနဒီပနီ | ဘာဝနာသမာဓိ ၃-ပါး ခွဲနည်း |
1,322,166 | Uncategorized | အာနာပါနဒီပနီ | ပရိကမ္မဘာဝနာသမာဓိ။ |
1,322,167 | Uncategorized | အာနာပါနဒီပနီ | ။ ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ် နှစ်ပါးအခိုက်၌ ပွားများသော ဘာဝနာ သမာဓိသည် ပရိကမ္မဘာဝနာသမာဓိ မည်၏။ |
1,322,168 | Uncategorized | အာနာပါနဒီပနီ | ဥပစာရသမာဓိ။ |
1,322,169 | Uncategorized | အာနာပါနဒီပနီ | ။ ထပနာခေတ်တွင် အပ္ပနာစျာန်သို့ မရောက်မီအကြား ပဋိဘာဂနိမိတ်ကို အာရုံပြု၍ ပွားများသော ဘာဝနာသမာဓိသည် ဥပစာရဘာဝနာသမာဓိ မည်၏၊ အပ္ပနာသမာဓိ။ |
1,322,170 | Uncategorized | အာနာပါနဒီပနီ | ။ စတုက္ကနည်းအားဖြင့် ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန် ဟုဆိုအပ်သော ရူပါဝစရစျာန် လေးပါးသည် အပ္ပနာဘာဝနာသမာဓိ မည်၏၊ |
1,322,171 | Uncategorized | အာနာပါနဒီပနီ | ဥပစာရသမာဓိနှင့် ဥပစာရစျာန် |
1,322,172 | Uncategorized | အာနာပါနဒီပနီ | အာနာပါနအလုပ်ကို အားထုတ်ရာ၌ ဂဏနာ အနုဗန္ဓနာတို့ အခန်းတွင် ထွက်သက် ဝင်သက် တည်းဟူသော ကမ္မဋ္ဌာန်းအာရုံသည် အဆင့်ဆင့်သိမ်မွေ့၍ သွားသဖြင့် ပျောက်ကွယ်၍ သွားသကဲ့သို့ ဖြစ်တတ်၏၊ ထိုအခါ စိတ်ကို ထိရာဌာန၌သာ ထားမြဲထား၍ အလွန် သိမ်မွေ့လှစွာသော ထိုအာရုံကို ထိုနေရာမှာပင် ရအောင်ယူရာ၏၊ ရအောင်ယူနိုင်၍ ထိုအာရုံ ထင်ရှား ပေါ်ပြန်သည့်နောက် မကြာမ... |
1,322,173 | Uncategorized | အာနာပါနဒီပနီ | ဤကမ္မဋ္ဌာန်းအာရုံ၏ အဆင့်ဆင့် သိမ် မွေ့၍ ပျောက်ကွယ်မှုမှာ အဋ္ဌကထာ နည်းလမ်း၌ သိမ်မွေ့၍သွားအောင် တမင် အားထုတ်မှုကို မဆို၊ သူ့အလို အလျောက် အဆင့်ဆင့် သိမ်မွေ့၍ သွား သည်ကိုဆို၏၊ လောက၌လည်း ဤကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်ကြရာ အဆင့်ဆင့် သိမ်မွေ့၍သွားသဖြင့် ထွက်သက်ဝင်သက် ပျောက်ကွယ်၍ သွားသူများကို တွေ့ရမြင်ရဖူး၏၊ ရှေ့၌ထုတ်ပြ ခဲ့ပြီး... |
1,322,174 | Uncategorized | အာနာပါနဒီပနီ | ဤ ပါဠိတော်မြတ်အလိုကား အနုဗန္ဓနာအခန်းသို့ ရောက်သော အခါ၌ ထွက်သက် ဝင်သက်တို့ကို အဆင့်ဆင့် သိမ်မွေ့၍သွားလေအောင် တမင်အားထုတ်ရမည်ပင်ဖြစ်၏၊ ဤအာရုံပျောက် ကွယ်ခန်းမှာ ကမ္မဋ္ဌာန်း အစီအရင်၌ မလိမ္မာသော ယောဂီပုဂ္ဂိုလ်သည် ထွက်သက်ဝင်သက် ပျောက်ကွယ်၍ သွားခဲ့ပြီဟု ထင်၏၊ ကမ္မဋ္ဌာန်းအလုပ်ကို လွှတ်၍ ပစ်တတ်၏၊ သတိမူကြလေ။ |
1,322,175 | Uncategorized | အာနာပါနဒီပနီ | ပါဠိတော်နှင့် အဋ္ဌကထာနှီးနှောပုံ ပထမစတုက္ကနည်း |
1,322,176 | Uncategorized | အာနာပါနဒီပနီ | ထုတ်ပြခဲ့ပြီးသော ပါဠိတော်လေးဝါရ၏ အရဖြစ်သော |
1,322,177 | Uncategorized | အာနာပါနဒီပနီ | ၁။ သတိမြဲရာ၊ ပထမာ၊ ဒု-မှာ ရှည်တိုသိ။ |
1,322,178 | Uncategorized | အာနာပါနဒီပနီ | ၂။ လုံးစုံလင်းရာ၊ တ-၌သာ၊ စ-မှာ ငြိမ်းစေဘိ။ |
1,322,179 | Uncategorized | အာနာပါနဒီပနီ | ဟူသော လေးချက်ကို ပြဆိုခဲ့ပြီးသော ဂဏနာ အစရှိသော အဋ္ဌကထာနည်းလမ်းနှင့် နှီးနှောရာ၏။ |
1,322,180 | Uncategorized | အာနာပါနဒီပနီ | ဂဏနာနည်းနှင့်သတိမြဲစေပုံ |
1,322,181 | Uncategorized | အာနာပါနဒီပနီ | နှီးနှောပုံကား - ထိရာဌာန၌ စိတ်ကို စိုက်ထား၍ ဂဏနာနည်း အားဖြင့် အစဉ်မှန်စွာ ရေတွက်မှုသည် သတိမြဲရာ ပထမာဖြစ်၏၊။ |
1,322,182 | Uncategorized | အာနာပါနဒီပနီ | နာရီ အပိုင်းအခြားနှင့် ကမ္မဋ္ဌာန်းအလုပ်ခွင်သို့ ဝင်၍ နှလုံးသွင်းရာ အပသို့ ခဏခဏထွက်ပြေးသော စိတ်ဝိတက်ကို ချိုးဖျက်ခြင်းငှာ ဂဏနာနည်းကို ပြုလုပ်ရသည်ဖြစ်၍ ဂဏနာခန်း၌ အရှည်အတိုသိမှုကို တမင်အားထုတ် ဖွယ် မရှိသေး။ |
1,322,183 | Uncategorized | အာနာပါနဒီပနီ | “သတောဝ အဿသတိ သတောဝ ပဿသတိ” ဟူသော ပါဠိတော်မြတ်နှင့်အညီ ထွက်သက်ဝင်သက်၌ သတိစွဲ မြဲ၍ အပသို့ခဏခဏထွက်သော စိတ်ဝိတက်ငြိမ်းမှုကိုသာ ကောင်းစွာ ငြိမ်းအောင် အားထုတ်ရာ၏၊။ |
1,322,184 | Uncategorized | အာနာပါနဒီပနီ | ထိုကြောင့် အဋ္ဌကထာ၌ဗဟိ ဝိသဋ ဝိတက္က ဝိစ္ဆေဒံ ကတွာ အဿာသ ပဿာသာရမ္မဏေ သတိသံထပနတ္ထံယေဝ ဟိ ဂဏနာ။ |
1,322,185 | Uncategorized | အာနာပါနဒီပနီ | ဂဏနာ=ရေတွက်ခန်းမည်သည်၊ ဗဟိ=မိမိကိုယ် အင်္ဂါမှအပ အလွတ်၌၊ ဝိသဋ ဝိတက္က ဝိစ္ဆေဒံ=ဘဝအဆက်ဆက် ပျံ့နှံ့ပြေးသွား၍နေသော စိတ်ဝိတက်အလျဉ်၏ ပြတ် ခြင်းကို၊ ကတွာ=ပြု၍၊ အဿာပ ပဿာသာရမ္မဏေ= မိမိကိုယ် အင်္ဂါမှဖြစ်သော ထွက်သက်ဝင်သက်အာရုံ၌၊ သတိသံထပနတ္ထံယေဝ=သတိကို ခိုင်မြဲစွာ ထားခြင်းငှာသာ လျှင်၊ ဟောတိ=ဖြစ်၏၊ (အဓိပ္ပါယ်ပေါ်ပြီ။ |
1,322,186 | Uncategorized | အာနာပါနဒီပနီ | ) အနုဗန္ဓနာနည်း |
1,322,187 | Uncategorized | အာနာပါနဒီပနီ | ဂဏနာခန်း ပြီး၍ အနုဗန္ဓနာခန်းသို့ ရောက်သောအခါ၌-- |
1,322,188 | Uncategorized | အာနာပါနဒီပနီ | အစရှိသော ဒုတိယဝါရ ပါဠိတော်မြတ်နှင့်အညီ ထိရာဌာန၌ စိတ်ကိုခိုင်မြဲစွာ ထားမှုနှင့်တကွ အရှည်အတိုသိမှုကိုလည်း အစဉ် မှန်စွာသိအောင် သတိပြုရာ၏။ |
1,322,189 | Uncategorized | အာနာပါနဒီပနီ | အရှည်အတိုကို သိပုံ |
1,322,190 | Uncategorized | အာနာပါနဒီပနီ | အရှည်အတို သိမှုကို သတိပြုရာ၌ ထွက်သက်ဝင်သက်တို့ကို အစ, အလယ်, အဆုံး အစဉ်လိုက်၍ တမင်အာရုံပြုရသည် မဟုတ်၊ စိတ်ကိုထိရာဌာန၌ ခိုင်မြဲစွာထားမြဲထား၍ အရှည်အတိုကိုလည်း အစဉ်မှန်စွာသိအောင် ငါသတိပြုမည်ဟု ဥဿာဟတစ်ခုတိုး၍ ပြုရုံမျှ သာတည်း။ |
1,322,191 | Uncategorized | အာနာပါနဒီပနီ | ရှည်သော အကြိမ်မှာ ထိရာဌာန၌ ထိခိုက်မှု တာရှည်၏၊ တိုသောအကြိမ်မှာ ထိခိုက်ရာဌာန၌ ထိခိုက်မှု တာတို၏၊ ထိခိုက်ချက်တာ ရှည်မှု, တာတိုမှုကို သိ၍ အရှည် အတိုကို သိ၏။ |
1,322,192 | Uncategorized | အာနာပါနဒီပနီ | စိတ်၏ ဗျာပါရမည်သည် အလွန်ပျံ့နှံ့နိုင်သော သဘောသတ္တိ ရှိသောကြောင့် ထိရာဌာန၌ပင် စိုက်၍ ထားငြားသော်လည်း ထိရာဌာနမှ အတွင်း၌ ထွက်၍လာသောအလား, ဝင်၍သွားသောအလားများသည် လည်း အလိုလိုထင်မြင်လာလတ္တံ့။ |
1,322,193 | Uncategorized | အာနာပါနဒီပနီ | အရှည်အတိုသိမှု စွဲမြဲသောအခါ၌-- |
1,322,194 | Uncategorized | အာနာပါနဒီပနီ | ဟူသောတတိယဝါရ ပါဠိတော်မြတ်နှင့်ညီ ထိရာဌာန၌ စိတ်ကိုခိုင်မြဲစွာ စိုက်ထား၍ အရှည်အတို သိမှုနှင့်တကွ ထွက်သက်ကို အစ, အလယ်, အဆုံး အကုန်လုံး ထင်လင်းစေမှု၊ ဝင်သက်ကို အစ, အလယ်, အဆုံး အကုန်လုံး ထင်လင်းစေမှုကို အထူးအားထုတ်ရာ၏၊ ထွက်သက် လွှတ်မည်ရှိခဲ့လျှင် အမှတ်မဲ့ မလွှတ်မူ၍ ဝမ်းတွင်း၌ ဖြစ်ပေါ် သော အစမှစ၍ ထိရာဌာန တိုင်အောင် ထွက်သက်သန... |
1,322,195 | Uncategorized | အာနာပါနဒီပနီ | ထိရာ၌ စိတ်ကို လွတ်မထားရ |
1,322,196 | Uncategorized | အာနာပါနဒီပနီ | ထိုသို့ ပြုရာ၌လည်း နှာသီးဖျားဟု ဆိုအပ်သော ထိရာဌာန၌ စိတ်ကိုခိုင်မြဲစွာ ထားမြဲထား၍သာ ဥဿာဟ ပြုရမည်။ |
1,322,197 | Uncategorized | အာနာပါနဒီပနီ | ထိရာဌာန၌ စိတ်ထားမှုကို လွှတ်၍မလိုက်ရ၊ ထိရာဌာနကို လွှတ်၍ မလိုက်သော်လည်း အစ, အလယ်, အဆုံး အကုန်လုံး ထင်ရှားစေမည်ဟူသော ဥဿာဟနှင့် တကွ ထိရာဌာန၌ စိတ်ကို စိုက်၍ထားလျှင်ပင် တစ်စတစ်စအားဖြင့် ထွက်သက်ဝင်သက်တို့သည် အစ, အလယ်, အဆုံး အကုန်လုံး အလိုလို ထင်ရှားလာကုန်လတ္တံ့။ |
1,322,198 | Uncategorized | အာနာပါနဒီပနီ | အစ, အလယ်, အဆုံး အကုန်လုံး ထင်လင်းစွာ ထင်မြင်သော အခါ၌-- |
1,322,199 | Uncategorized | အာနာပါနဒီပနီ | ဟူသော စတုတ္ထဝါရ ပါဠိတော်မြတ်နှင့်အညီ အဆင့်ဆင့် ရုန့်ရင်းမှု၏ ချုပ်ငြိမ်းခြင်း၊ အဆင့်ဆင့် သိမ်မွေ့ခြင်း၊ ကွယ်ပျောက်၍ သွားပြီ ထင်ရအောင် သိမ်မွေ့ခြင်းသို့ အလိုအလျောက် မရောက်ခဲ့ သည်ရှိသော် ထိုသို့ သိမ်မွေ့ခြင်းသို့ရောက်အောင် အားထုတ်မည်ဟူ သော ဥဿာဟကို ပြု၍ပြု၍ ထွက်သက် ဝင်သက်ကို ဖြစ်စေရမည်၊ အမှတ်တမဲ့ မဖြစ်စေရာ။ |
1,322,200 | Uncategorized | အာနာပါနဒီပနီ | အထူးဖြစ်လာပုံ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.