id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,322,001 | Uncategorized | အာနာပါနဒီပနီ | - အပ္ပနာစျာန် ၄-ပါးဟူသော သမထဘာဝနာကိစ္စ၊ |
1,322,002 | Uncategorized | အာနာပါနဒီပနီ | - ဝိပဿနာ ဘာဝနာကိစ္စ၊ |
1,322,003 | Uncategorized | အာနာပါနဒီပနီ | - ဝိဇ္ဇာဝိမုတ္တိဟု ဆိုအပ်သော မဂ္ဂ ဘာဝနာကိစ္စ၊ |
1,322,004 | Uncategorized | အာနာပါနဒီပနီ | - ဖလသစ္ဆိကိရိယာကိစ္စ |
1,322,005 | Uncategorized | အာနာပါနဒီပနီ | တို့သည် အပြီးတိုင် လာကုန်၏၊ |
1,322,006 | Uncategorized | အာနာပါနဒီပနီ | ဘုရားရှင်တိုင်း၏ လက်စွဲ |
1,322,007 | Uncategorized | အာနာပါနဒီပနီ | ခပ်သိမ်းသော မြတ်စွာဘုရားတို့၏လည်း အာနာပါနဿတိ ၌တည်၍ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူကြကုန်မြဲ ဓမ္မတာဖြစ်၏၊ ဘုရားအဖြစ်သို့ ရောက်ကြကုန်ပြီးသော အခါ၌လည်း အာနာပါနဿတိ ကို အသက်ထက်ဆုံး မစွန့်ကြကုန်ပြီ။ |
1,322,008 | Uncategorized | အာနာပါနဒီပနီ | သမထအရာ၌လည်း ကမ္မဋ္ဌာန်းလေးဆယ်ရှိသည်တွင် အာနာပါန ကမ္မဋ္ဌာန်းသည် အစဉ်အမြဲ ပွားများခြင်းငှာ အလွယ်ဆုံးဖြစ်၏၊ မြတ်စွာဘုရားသည်လည်း တခြားသော သမထကမ္မဋ္ဌာန်းတို့ထက် ထွတ်မြတ်သော လွန်သောဂုဏ်ပုဒ်တိုဖြင့် များစွာချီးမွှမ်းတော်မူ၏၊ အဋ္ဌကထာဆရာမြတ်ကြီးတို့သည်လည်း မဟာပုရိသဘူမိ ဟုမိန့်တော် မူကြကုန်၏။ |
1,322,009 | Uncategorized | အာနာပါနဒီပနီ | လူသာမန်, ရှင်သာမန်တို့နှင့် ထိုက်တန်သော ကမ္မဋ္ဌာန်းမဟုတ်၊ လူပညာရှိကြီး, ရှင်ပညာရှိကြီးတို့နှင့် ထိုက်တန်သော ကမ္မဋ္ဌာန်းဖြစ်သည် ဟူလို။ |
1,322,010 | Uncategorized | အာနာပါနဒီပနီ | ထို့ကြောင့် ရှေ့၌ပြဆိုခဲ့ပြီးသော အလောင်းအလျာ ပညာရှိကြီး တို့၏ နည်းလမ်းတို့တွင် ဘုံ ၇-ဆင့်ရှိသော ရွှေနန်းပြာသာဒ်ပေါ်၌ ပကတိသော မင်းဧကရာဇ်အသွင်နှင့်ပင် ဆိတ်ငြိမ်စွာ စံနေတော်မူ၍ အာနာပါနအလုပ်ကို အားထုတ်တော်မူရာ ကာယဂတာသတိ ဘာဝနာ ကိစ္စမှစ၍ စတုတ္ထစျာန် သမာဓိ ဘာဝနာကိစ္စတိုင်အောင် ပြီးစီးထမြောက် ပေါက်ရောက်တော်မူသော ရောမနိုင်ငံ၏အန... |
1,322,011 | Uncategorized | အာနာပါနဒီပနီ | အာနပါနကမ္မဋ္ဌာန်း ပွားသင်ပုံ ပြီး၏၊ |
1,322,012 | Uncategorized | အာနာပါနဒီပနီ | အာနာပါနဿတိသုတ်အဖွင့် |
1,322,013 | Uncategorized | အာနာပါနဒီပနီ | အာနာပါန အချီး |
1,322,014 | Uncategorized | အာနာပါနဒီပနီ | ၁။ အာနာပါနဿတိ ဘိက္ခဝေ ဘာဝိတာ ဗဟုလီကတာ စတ္တာရော သတိပဋ္ဌာနေ ပရိပူရေန္တိ။ |
1,322,015 | Uncategorized | အာနာပါနဒီပနီ | ၂။ စတ္တာရော သတိပဋ္ဌာနာ ဘာဝိတာ ဗဟုလီကတာ သတ္တ ဗောဇ္ဈင်္ဂေ ပရိပူရေန္တိ။ |
1,322,016 | Uncategorized | အာနာပါနဒီပနီ | ၃။ သတ္တ ဗောဇ္ဈင်္ဂါ ဘာဝိတာ ဗဟုလီကတာ ဝိဇ္ဇာဝိမုတ္တံ ပရိပူရေန္တိ။ |
1,322,017 | Uncategorized | အာနာပါနဒီပနီ | အာနာပါနဿတိသုတ်ပါဠိတော်။ |
1,322,018 | Uncategorized | အာနာပါနဒီပနီ | ၁။ ဘိက္ခဝေ=ရဟန်းတို့၊ အာနာပါနဿတိ=အာနာပါနဿတိ ကမ္မဋ္ဌာန်းအလုပ်သည်၊ ဘာဝိတာ=ပွားများစေ အပ်သည်ရှိသော်၊ ဗဟုလီကတာ=နေ့ရက်များစွာ လေ့လာစွဲမြဲခြင်းကို ပြုအပ် သည်ရှိသော်၊ စတ္တာရော သတိပဋ္ဌာနေ=သတိပဋ္ဌာန်လေးပါး တို့ကို၊ ပရိပူရေန္တိ=ပြီးပြည့်စုံစေနိုင်ကုန်၏။ |
1,322,019 | Uncategorized | အာနာပါနဒီပနီ | ၂။ စတ္တာရော သတိပဋ္ဌာနာ=လေးပါးသော သတိပဋ္ဌာန်တရား တို့သည်၊ ဘာဝိတာ=ပွားများစေအပ်ကုန်သည်ရှိသော်၊ ဗဟုလီကတာ=နေ့ရက်များစွာ လေ့လာခြင်းကို ပြုအပ်ကုန်သည် ရှိသော်၊ သတ္တဗောဇ္ဈင်္ဂေ=ဗောဇ္ဈင်ခုနစ်ပါးတို့ကို၊ ပရိပူရေန္တိ=ပြီး ပြည့်စုံစေနိုင်ကုန်၏။ |
1,322,020 | Uncategorized | အာနာပါနဒီပနီ | ၃။ သတ္တဗောဇ္ဈင်္ဂါ=ဗောဇ္ဈင်ခုနစ်ပါးတို့သည်၊ ဘာဝိတာ=ပွားများစေ အပ်ကုန်သည်ရှိသော်၊ ဗဟုလီကတာ=နေ့ရက်များစွာ လေ့လာ အပ်ကုန်ကုန်သည်ရှိသော်၊ ဝိဇ္ဇာဝိမုတ္တိံ=လောကုတ္တရာ ဝိဇ္ဇာလေးပါး ဝိမုတ္တိလေးပါးကို၊ ပရိပူရေန္တိ=ပြီးပြည့်စုံစေနိုင်ကုန်၏။ |
1,322,021 | Uncategorized | အာနာပါနဒီပနီ | ) လောကုတ္တရာဝိဇ္ဇာ ၄-ပါး။ |
1,322,022 | Uncategorized | အာနာပါနဒီပနီ | ။ မဂ်ဉာဏ်လေးပါးသည် လောကုတ္တရာ ဝိဇ္ဇာလေးပါးမည်၏။ |
1,322,023 | Uncategorized | အာနာပါနဒီပနီ | ဝိမုတ္တိ ၄-ပါး။ |
1,322,024 | Uncategorized | အာနာပါနဒီပနီ | ။ ဖိုလ်ဉာဏ်လေးပါးသည် ဝိမုတ္တိလေးပါး မည်၏။ |
1,322,025 | Uncategorized | အာနာပါနဒီပနီ | ၁။ အာနာပါနကမ္မဋ္ဌာန်း အလုပ်ကို နေ့ရှည်ရက်ရှည်များ ကြီးပွား ထမြောက်အောင် လုပ်ဆောင်နိုင်ပါမူကား သတိပဋ္ဌာန်လေးပါး ကို ပွားများမှုကိစ္စလည်း အလိုလိုပြီးစီးတော့သည်။ |
1,322,026 | Uncategorized | အာနာပါနဒီပနီ | ၂။ ဗောဇ္ဈင် ၇-ပါးကို ပွားများမှုကိစ္စလည်း အလိုလို ပြီးစီးတော့သည်။ |
1,322,027 | Uncategorized | အာနာပါနဒီပနီ | ၃။ ဝိဇ္ဇာ, ဝိမုတ္တိ တရားနှစ်ပါးကို ပွားများမှုကိစ္စလည်း ပြီးစီးတော့ သည် ဟူလိုသတည်း။ |
1,322,028 | Uncategorized | အာနာပါနဒီပနီ | ဤပါဠိတော်၌ အလုံးစုံသော ဗောဓိပက္ခိယတရား ၃၇-ပါးတို့ကို သတိပဋ္ဌာန်, ဗောဇ္ဈင်, ဝိဇ္ဇာ, ဝိမုတ္တိတို့ဖြင့် သိမ်းကျုံး၍ ဟောတော်မူသည်။ |
1,322,029 | Uncategorized | အာနာပါနဒီပနီ | ဗောဓိပက္ခိယတရား ၃၇-ပါးကို ပွားများမှု အကုန်ပြီးစီး၏ ဆိုလိုသည်။ |
1,322,030 | Uncategorized | အာနာပါနဒီပနီ | အာနာပါနအချီး ပြီး၏။ |
1,322,031 | Uncategorized | အာနာပါနဒီပနီ | ကမ္မဋ္ဌာန်း အလုပ်ခွင် တည်ခန်း |
1,322,032 | Uncategorized | အာနာပါနဒီပနီ | ဣဓ ပန ဘိက္ခဝေ ဘိက္ခု အရညဂတော ဝါ ရုက္ခမူလ ဂတော ဝါ သုညာဂါရဂတော ဝါ နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။ |
1,322,033 | Uncategorized | အာနာပါနဒီပနီ | ဘိက္ခဝေ=ရဟန်းတို့၊ ဣဓ ပန=ဤသာသနာတော်တွင်း၌၊ ဘက္ခု=သံသရာဘေးကို မြင်မြော်နိုင်သောသူသည်၊ အရညဂတော ဝါ=တောအရပ်၌တည်၍သော်လည်းကောင်း၊ ရုက္ခမူလဂတော ဝါ=သစ်ပင်ရင်း၌ တည်၍သော်လည်းကောင်း၊ သုညာဂါရဂတော ဝါ=ဆိတ်ငြိမ်ရာ ကျောင်း, သိမ်, ဘုံနန်း, တိုက်ခန်းနေရာ၌ တည်၍ သော်လည်းကောင်း၊ ပလ္လင်္ကံ=ထက်ဝယ်ပလ္လင်ကို၊ အာဘုဇိတွာ= ဖွဲ့ခွေ ထိုင်နေ၍၊ ကာယံ=... |
1,322,034 | Uncategorized | အာနာပါနဒီပနီ | ထက်ဝယ်ဖွဲ့ခွေ ထိုင်နေမှုသည် ကမ္မဋ္ဌာန်း အလုပ်နှင့် အထူးသင့်လျော်သောကြောင့် “ပလ္လင်္ကံ အာဘုဇိတွာ” ဟူ၍ ဟောကြားတော် မူသည်။ |
1,322,035 | Uncategorized | အာနာပါနဒီပနီ | စင်စစ်သော်ကား ဣရိယာပုထ် လေးပါး၌ပင် စွဲမြဲရမည်ဖြစ်၏။ |
1,322,036 | Uncategorized | အာနာပါနဒီပနီ | ကမ္မဋ္ဌာန်းအလုပ်ခွင် တည်ခန်းပြီး၏၊ |
1,322,037 | Uncategorized | အာနာပါနဒီပနီ | အာနာပါနဿတိသုတ် ပထမစတုက္က |
1,322,038 | Uncategorized | အာနာပါနဒီပနီ | ပါဠိတော်နည်း |
1,322,039 | Uncategorized | အာနာပါနဒီပနီ | ၁။ ပထမခန်း။ |
1,322,040 | Uncategorized | အာနာပါနဒီပနီ | ။ သော သတောဝ အဿသတိ၊ သတောဝ ပဿသတိ။ |
1,322,041 | Uncategorized | အာနာပါနဒီပနီ | ၂။ ဒုတိယခန်း။ |
1,322,042 | Uncategorized | အာနာပါနဒီပနီ | ။ ဒုတိယခန်း။ |
1,322,043 | Uncategorized | အာနာပါနဒီပနီ | ။ ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ၊ |
1,322,044 | Uncategorized | အာနာပါနဒီပနီ | ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ၊ ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ၊ |
1,322,045 | Uncategorized | အာနာပါနဒီပနီ | ၃။ တတိယခန်း။ |
1,322,046 | Uncategorized | အာနာပါနဒီပနီ | ။ တတိယခန်း။ |
1,322,047 | Uncategorized | အာနာပါနဒီပနီ | ။ သဗ္ဗကာယပ္ပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ |
1,322,048 | Uncategorized | အာနာပါနဒီပနီ | ၄။ စတုတ္ထခန်း။ |
1,322,049 | Uncategorized | အာနာပါနဒီပနီ | ။ စတုတ္ထခန်း။ |
1,322,050 | Uncategorized | အာနာပါနဒီပနီ | ။ ပဿမ္ဘယံ ကာယသင်္ခါရံ အဿ သိဿာမီတိ သိက္ခတိ။ |
1,322,051 | Uncategorized | အာနာပါနဒီပနီ | (ပါဠိတော် ပထမစတုက္က) |
1,322,052 | Uncategorized | အာနာပါနဒီပနီ | ၁။ သော=ထိုထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးသော ယောဂီ သည်၊ သတောဝ=မလစ်စေမှု သတိပြု၍သာလျှင်၊ အဿသတိ=ထွက်သက်လွှတ်၏၊ သတောဝ=မလစ် စေမှု သတိပြု၍သာလျှင်၊ ပဿသတိ=ဝင်သက်ရှူ၏။ |
1,322,053 | Uncategorized | အာနာပါနဒီပနီ | ၂။ ဒီဃံ ဝါ=ရှည်စွာမူလည်း၊ အဿသန္တော=ထွက်သက် လွှတ်သည်ရှိသော်၊ ဒီဃံ=ရှည်စွာ၊ အဿသာမီတိ= ထွက်သက် ငါလွှတ်၏ဟူ၍၊ ပဇာနာတိ=သိ၏၊ ဒီဃံဝါ= ရှည်စွာမူလည်း၊ ပဿသန္တော=ဝင်သက်ရှူ သည်ရှိ သော်၊ ဒီဃံ=ရှည်စွာ၊ ပဿသာမီတိ=ဝင်သက်ငါရှု၏ ဟူ၍၊ ပဇာနာတိ=သိ၏။ |
1,322,054 | Uncategorized | အာနာပါနဒီပနီ | - ရဿံ ဝါ=တိုစွာမူလည်း၊ အဿသန္တော=ထွက်သက် လွှတ်သည်ရှိသော်၊ ရဿံ=တိုစွာ၊ အဿသာမီတိ= ထွက်သက် ငါလွှတ်၏ဟူ၍၊ ပဇာနာတိ=သိ၏၊ ရဿံ ဝါ=တိုစွာမူလည်း၊ ပဿသန္တော=ဝင်သက်ရှူသည် ရှိသော်၊ ရဿံ=တိုစွာ၊ ပဿသာမီတိ=ဝင်သက် ငါရှု၏ဟူ၍၊ ပဇာနာတိ=သိ၏။ |
1,322,055 | Uncategorized | အာနာပါနဒီပနီ | ၃။ သဗ္ဗကာယပ္ပဋိသံဝေဒီ=ထွက်သက်၏အစ, အလယ်, အဆုံး အကုန်လုံးထင်လင်းသည်၊ ဟုတွာ=ဖြစ်၍၊ အဿသိဿာမိ=ထွက်သက်လွှတ်ပေအံ့၊ ဣတိ=ဤသို့၊ သိက္ခတိ=အားထုတ်၏။ |
1,322,056 | Uncategorized | အာနာပါနဒီပနီ | - သဗ္ဗ ကာယပ္ပဋိသံဝေဒီ=ဝင်သက်၏အစ, အလယ်, အဆုံး အကုန်လုံးထင်လင်းသည်၊ ဟုတွာ=ဖြစ်၍၊ ပဿသိဿာမိ=ဝင်သက်ရှူပေအံ့၊ ဣတိ=ဤသို့၊ သိက္ခတိ=အားထုတ်၏။ |
1,322,057 | Uncategorized | အာနာပါနဒီပနီ | ၄။ ကာယသင်္ခါရံ=ထွက်သက်ဟူသော ကာယသင်္ခါရကို၊ ပဿမ္ဘယံ-ပဿမ္ဘယန္တော=အစဉ်အတိုင်း ချုပ်ငြိမ်း စေလျက်၊ အဿသိဿာမိ=ထွက်သက် လွှတ်ပေအံ့၊ ဣတိ=ဤသို့၊ သိက္ခတိ=အားထုတ်၏။ |
1,322,058 | Uncategorized | အာနာပါနဒီပနီ | - ကာယသင်္ခါရံ=ဝင်သက်ဟူသော ကာယသင်္ခါရကို၊ ပဿမ္ဘယံ-ပဿမ္ဘယန္တော=အစဉ်အတိုင်း ချုပ်ငြိမ်းစေ လျက်၊ ပဿသိဿာမိ=ဝင်သက်ရှူပေအံ့၊ ဣတိ=ဤသို့၊ သိက္ခတိ=အားထုတ်၏။ |
1,322,059 | Uncategorized | အာနာပါနဒီပနီ | (ပထမ စတုက္ကအနက်) |
1,322,060 | Uncategorized | အာနာပါနဒီပနီ | ။ သတိမြဲရာ၊ ပထမာ၊ ဒု-မှာ ရှည်-တိုသိ။ |
1,322,061 | Uncategorized | အာနာပါနဒီပနီ | လုံးစုံလင်းရာ၊ တ,၌သာ၊ စ-မှာ ငြိမ်းစေဘိ။ |
1,322,062 | Uncategorized | အာနာပါနဒီပနီ | ၂။ ဒုတိယခန်းမှာ ထွက်သက်ဝင်သက်တို့၌ ရှည်လျှင် ရှည်သည်ဟု, တိုလျှင် တိုသည်ဟု သိအောင် အားထုတ် ရသည်။ |
1,322,063 | Uncategorized | အာနာပါနဒီပနီ | ၃။ တတိယခန်းမှာ ထွက်သက်ဝင်သက်တို့ကို အစ, အလယ်, အဆုံး ထင်လင်းအောင် အားထုတ်ရသည်။ |
1,322,064 | Uncategorized | အာနာပါနဒီပနီ | ၄။ စတုတ္ထခန်းမှာ ရုန့်ရင်းသော ထွက်သက်ဝင်သက်တို့ကို အစဉ်အတိုင်း ချုပ်ငြိမ်းစေ၍ သိမ်မွေ့၍ သွားအောင် အားထုတ်ရသည်။ |
1,322,065 | Uncategorized | အာနာပါနဒီပနီ | စတုက္ကလေးခု အဓိပ္ပါယ်အကျဉ်းပြီး၏။ |
1,322,066 | Uncategorized | အာနာပါနဒီပနီ | ....... ပါဌ်လျှောက်အဓိပ္ပါယ် |
1,322,067 | Uncategorized | အာနာပါနဒီပနီ | ၁။ ပထမခန်းမှာ- အရှည် အတို စသည်တို့ကို နှလုံးမသွင်းနိုင်သေး၊ နှာသီးဖျား၌သော်လည်းကောင်း၊ အထက် နှုတ်ခမ်းဖျား၌သော်လည်း ကောင်း ထွက်သက်ဝင်သက်တို့၏ ထိမှုခိုက်မှု ထင်ရှားရာ တစ်ခုခုသော ဌာန၌ စိတ်ကို ခိုင်မြဲစွာ စိုက်ထား၍ ထွက်တိုင်း ဝင်တိုင်းသိအောင် အားထုတ်ရသည်။ |
1,322,068 | Uncategorized | အာနာပါနဒီပနီ | ။ တစ်နာရီ, နှစ်နာရီ စသည်ဖြင့် တတ်စွမ်းနိုင်သမျှ ကာလပတ်လုံး ထိုဌာန၌စိတ်သည် ချည်နှောင်ထားဘိသကဲ့သို့ ခိုင်မြဲစွာ နေ၍ ထွက်သမျှ ဝင်သမျှကို တစ်ခုမလွတ် သိမှုပိုင်နိုင်သည်တိုင်အောင် အားထုတ်ရသည်။ |
1,322,069 | Uncategorized | အာနာပါနဒီပနီ | ပထမခန်းပြီး၏။ |
1,322,070 | Uncategorized | အာနာပါနဒီပနီ | ၂။ ဒုတိယအခန်းမှာ- ထိုသို့ သိမှု ပိုင်နိုင်ပြီးနောက် မိမိထုတ်သော ရှူသော ထွက်သက်ဝင်သက်ကို ရှည်လျှင် ရှည်မှန်း သိစေရမည်၊ တိုလျှင်တိုမှန်း သိစေရမည်၊ တစ်ယောက်သောသူ၏ တစ်ထိုင်အတွင်းမှာ ပင် ရှည်သည့် အလှည့်, တိုသည့် အလှည့်ရှိ၏၊ ရှည်မှု တိုမှုကို တစ်ခု မလွတ် သိအောင် အားထုတ်ရသည်၊ ထွက်သက် ဝင်သက် အထွက်အဝင် နှေးသည်ကို အရှည်ဆိုသည်၊ လ... |
1,322,071 | Uncategorized | အာနာပါနဒီပနီ | ဒုတိယခန်း ပြီး၏။ |
1,322,072 | Uncategorized | အာနာပါနဒီပနီ | ၃။ တတိယခန်းမှာ- ထိုသို့ အရှည်အတို သိမှုပိုင်နိုင်ပြီးနောက် နှာသီးဖျားမှ ချက်တိုင်ကျအောင် ကိုယ်ကာယ အတွင်း၌ ထွက်သက် ဝင်သက်တို့ကို အစ, အလယ်, အဆုံး အကုန်လုံး ထင်လင်းစွာ စိတ်မှာ မြင်ရအောင် အားထုတ်ရသည်။ |
1,322,073 | Uncategorized | အာနာပါနဒီပနီ | ၄။ စတုတ္ထခန်းမှာ- ထိုသို့ အစ, အလယ်, အဆုံး အကုန်လုံး ထင်လင်းမှု ပိုင်နိုင်ပြီးနောက် ရုန့်ရင်းစွာသော ထွက်သက် ဝင်သက်တို့ကို အဆင့်ဆင့် သိမ်မွေ့၍ သိမ်မွေ့၍သွားအောင် အားထုတ်ရသည်၊ ငါ၌ ထွက်သက် ဝင်သက်ပျောက်၍ သွားပြီဟု ထင်ရအောင် အားထုတ်ရ သည်။ |
1,322,074 | Uncategorized | အာနာပါနဒီပနီ | စတုတ္ထခန်းပြီး၏။ |
1,322,075 | Uncategorized | အာနာပါနဒီပနီ | ဤကား ပထမ စတုက္က ပါဠိတော်မြတ်၏ ပါဌ်လျှောက်အဓိပ္ပါယ်။ |
1,322,076 | Uncategorized | အာနာပါနဒီပနီ | ယခုအခါ ဤပထမ စတုက္ကအရာမှာ အဋ္ဌကထာ၁တို့၌လာသော နည်းလမ်းကို ပြဆိုပေအံ့။ |
1,322,077 | Uncategorized | အာနာပါနဒီပနီ | ၁။ ဂဏနာ ။ |
1,322,078 | Uncategorized | အာနာပါနဒီပနီ | အနှေး၊ အမြန်၊ အစဉ်မှန်၊ နှစ်တန် ရေတွက်နည်း။ |
1,322,079 | Uncategorized | အာနာပါနဒီပနီ | ၂။ အနုဗန္ဓနာ။ |
1,322,080 | Uncategorized | အာနာပါနဒီပနီ | အမြဲအမြန်၊ အတွယ်သန်၊ တစ်ဖန် ဖွဲ့ထားနည်း။ |
1,322,081 | Uncategorized | အာနာပါနဒီပနီ | ၃။ ထပနာ ။ |
1,322,082 | Uncategorized | အာနာပါနဒီပနီ | ငြိမ်ဝပ် ပြန့်ပြူး၊ စိတ်စိုက်စူး၊ အထူး စိတ်ထားနည်း။ |
1,322,083 | Uncategorized | အာနာပါနဒီပနီ | အဓိပ္ပါယ်အကျဉ်းကား- ထွက်သက် ဝင်သက်တို့၏ ထိခိုက်ရာ ဌာနသည် နှာသီးဖျား, အထက် နှုတ်ခမ်းဖျား ဟူ၍ ၂-ပါးရှိ၏၊ အချို့သော သူတို့အား နှာသီးဖျား၌ ထိခိုက်မှုထင်ရှား၏၊ အချို့သော သူတို့အား အထက်နှုတ်ခမ်းဖျား၌ ထိခိုက်မှု ထင်ရှား၏၊ မိမိ၌ ထင်ရှားရာ တစ်ခုခုကို အစွဲပြုရာ |
1,322,084 | Uncategorized | အာနာပါနဒီပနီ | - အစ၌ ရေတွက်နည်းဖြင့် အားထုတ်ရာ၏။ |
1,322,085 | Uncategorized | အာနာပါနဒီပနီ | - အလယ်၌ အစဉ်လိုက်နည်းဖြင့် အားထုတ်ရာ၏။ |
1,322,086 | Uncategorized | အာနာပါနဒီပနီ | - အဆုံး၌ ထွက်သက် ဝင်သက်တို့၌ အခိုင်အမြဲ စိတ်ထား နည်းဖြင့် အားထုတ်ရာ၏၊ |
1,322,087 | Uncategorized | အာနာပါနဒီပနီ | ဂဏနာနည်းအကျယ် |
1,322,088 | Uncategorized | အာနာပါနဒီပနီ | ဂဏနာနည်း။ ။ |
1,322,089 | Uncategorized | အာနာပါနဒီပနီ | ထိုသုံးပါးတို့တွင် ရေတွက်နည်းသည် |
1,322,090 | Uncategorized | အာနာပါနဒီပနီ | ၁။ နှေးနှေးရေတွက်နည်း |
1,322,091 | Uncategorized | အာနာပါနဒီပနီ | ၂။ မြန်မြန်ရေတွက်နည်း |
1,322,092 | Uncategorized | အာနာပါနဒီပနီ | ဟူ၍ ၂-ပါးရှိ၏၊ ထိုတွင် |
1,322,093 | Uncategorized | အာနာပါနဒီပနီ | နှေးနှေးရေတွက်နည်း။ |
1,322,094 | Uncategorized | အာနာပါနဒီပနီ | ။ နှေးနှေးရေတွက်နည်းဆို သည်ကား- နှာသီးဖျား အထက်နှုတ်ခမ်းဖျား ဌာနနှစ်ပါးတွင် တစ်ပါးပါး၌ စိတ်ကို စိုက်ထား၍ ထွက်သက် ဝင်သက် နှစ်ပါးကို နှလုံးသွင်းသောအခါ အစ၌ စိတ်မငြိမ်သက်သေးသည့် အတွက်ကြောင့် ထွက်သက် ဝင်သက် တို့သည် အချက်တိုင်း အချက်တိုင်း စိတ်၌ ထင်ရှားကုန်သေးသည် မဟုတ်၊ မထင်ရှားသော အချက်စုလည်း ပါရှိကုန်သေး၏၊ ထို့ကြောင့် မထင်... |
1,322,095 | Uncategorized | အာနာပါနဒီပနီ | ရေတွက်ရာ၌လည်း-- |
1,322,096 | Uncategorized | အာနာပါနဒီပနီ | ၁။ တစ်မှစ၍ ငါးတွင် တစ်ဝါရ |
1,322,097 | Uncategorized | အာနာပါနဒီပနီ | ၂။ တစ်မှစ၍ ခြောက်တွင် တစ်ဝါရ |
1,322,098 | Uncategorized | အာနာပါနဒီပနီ | ၃။ တစ်မှစ၍ ခုနစ်တွင် တစ်ဝါရ |
1,322,099 | Uncategorized | အာနာပါနဒီပနီ | ၄။ တစ်မှစ၍ ရှစ်တွင် တစ်ဝါရ |
1,322,100 | Uncategorized | အာနာပါနဒီပနီ | ၅။ တစ်မှစ၍ ကိုးတွင် တစ်ဝါရ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.