id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,321,901
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(ဝိသုဒ္ဓိ-၁-၂၆၉။
1,321,902
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အာနာပါနသတိ ဘိက္ခဝေ ဘာဝိတာ ဗဟုလီကတာ စတ္တာရော သတိပဋ္ဌာနေ ပရိပူရေတိ၊ စတ္တာရော သတိပဋ္ဌာနာ ဘာဝိတာ ဗဟုလီကတာ သတ္တ ဗောဇ္ဈင်္ဂေ ပရိပူရေန္တိ၊ သတ္တ ဗောဇ္ဈင်္ဂါ ဘာဝိတာ ဗဟုလီကတာ ဝိဇ္ဇာဝိမုတ္တိံ ပရိပူရေန္တိ။
1,321,903
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ရဟန်းတို့ … (၃၂) မျိုးသော အခြင်းအရာတို့ဖြင့် ပြည့်ပြည့် စုံစုံ ပွားများထား အပ်ပြီးသော၊ ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်ပြီးသော အာနာပါနဿတိသည် လေးပါးကုန်သော သတိပဋ္ဌာန်တရားတို့ကို ပြီးစီးပြည့်စုံစေနိုင်၏။
1,321,904
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ပြည့်ပြည့်စုံစုံ ပွားများထားအပ်ပြီးကုန်သော ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်ပြီး ကုန်သော သတိပဋ္ဌာန် တရားလေးပါးတို့သည် ဗောဇ္ဈင်မြတ်တရား ခုနစ်ပါးတို့ကို ပြီးစီး ပြည့်စုံစေနိုင်ကုန်၏။
1,321,905
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ပြည့်ပြည့်စုံစုံ ပွားများထားအပ်ပြီးကုန်သော ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်ပြီး ကုန်သော ဗောဇ္ဈင်မြတ်တရား ခုနစ်ပါးတို့သည် အရိယမဂ်ဉာဏ်လေးပါး တည်း ဟူသော ဝိဇ္ဇာ၊ အရိယဖိုလ်ဉာဏ်လေးပါး တည်းဟူသော ဝိမုတ္တိ --- ဤဝိဇ္ဇာဝိမုတ္တိ တရားနှစ်ပါးကို ပြီးစီးပြည့်စုံစေနိုင်ကုန်၏။
1,321,906
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အသင်သူတော်ကောင်းသည် မဟာကရုဏာတော်ရှင် ဘုရားရှင်၏ အလိုတော်ကျ အတိုင်း အသက်ရှူတတ်သော လူသားတစ်ဦးဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ် နိူင်ပါစေသောဝ်. . . . ၊
1,321,907
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဖားအောက်တောရဆရာတော် ဖားအောက်တောရ စိတ္တလတောင်ကျောင်း
1,321,908
Uncategorized
အာနာပါနဒီပနီ
အာနာပါနဒီပနီ
1,321,909
Uncategorized
အာနာပါနဒီပနီ
မြန်မာသက္ကရာဇ် ၁၂၆၅-ခု တပေါင်းလဆုတ် ၁၁-ရက်နေ့တွင် လယ်ကိုင်းမြို့စား ဝန့်ရှင်တော် ကင်းဝန်မင်းကြီးက တရားဓမ္မ ဩဝါဒများ ကို နာခံလိုပါကြောင်းနှင့်အတန်တန်ပင့်ဖိတ် တောင်းပန်လျှောက်ထား အပ်သည်ဖြစ်၍ မန္တလေးမြို့တော်သို့ ကြွရောက်၍ ဝန့်ရှင်တော်မင်းကြီး၏ အိမ်ဦး၌ ၃-ရက် ၃-ညဉ့် တည်းခိုနေထိုင်၍ ဝန့်ရှင်တော်မင်းကြီးနှင့်တကွ အိမ်ဦးသို့ တ...
1,321,910
Uncategorized
အာနာပါနဒီပနီ
အဘိယာစကနှင့် ပဋိညာဉ် ပြီး၏၊
1,321,911
Uncategorized
အာနာပါနဒီပနီ
အာနာပါန ကမ္မဋ္ဌာန်း ပွားများသင့်ပုံ
1,321,912
Uncategorized
အာနာပါနဒီပနီ
တိုက်တွန်းခြင်း ဥယျောဇဉ်
1,321,913
Uncategorized
အာနာပါနဒီပနီ
အကျိုးအကြောင်းတို့ကို ကောင်းစွာထင်ထင် သိမြင်နိုင်ကြ ကုန်သော ပညာရှိအပေါင်း သူတော်ကောင်းတို့သည် တိဏ္ဏ မညတရံ ယာမံ၊ ပဋိဇဂ္ဂေယျ ပဏ္ဍိတော။
1,321,914
Uncategorized
အာနာပါနဒီပနီ
ဟူသော ဓမ္မပဒပါဠိတော်မြတ်နှင့်အညီ- အရွယ်သုံးပါးတို့တွင် ပထမအရွယ်တွင်းမှစ၍ ဘောဂသမ္ပတ္တိကို စွန့်လွှတ်ပြီးလျှင် ဘဝသမ္ပတ္တိ စီးပွါးကို အားထုတ်ကြကုန်ရာ၏။
1,321,915
Uncategorized
အာနာပါနဒီပနီ
ပထမအရွယ်တွင်းမှစ၍ မတတ်နိုင်ခဲ့လျှင် ဒုတိယအရွယ်တွင်းမှ စ၍ ဘောဂသမ္ပတ္တိကို စွန့်လွှတ်ပြီးလျှင် ဘဝသမ္ပတ္တိစီးပွါးကို အားထုတ် ကြကုန်ရာ၏။
1,321,916
Uncategorized
အာနာပါနဒီပနီ
ဒုတိယအရွယ်တွင်းမှစ၍ မတတ်နိုင်ခဲ့ပါလျှင် တတိယအရွယ်သို့ အဆိုက်တွင် အားထုတ်ကြကုန်ရာ၏၊
1,321,917
Uncategorized
အာနာပါနဒီပနီ
* ပဏ္ဍိတော=ပညာရှိသူ မှန်ပေမူကား၊ တိဏ္ဏံ= အရွယ်သုံးပါးတို့တွင်၊ အညတရံယာမံ= တစ်ပါးပါးသော အရွယ်၌၊ ပဋိဇဂ္ဂေယျ=ဘဝ သမ္ပတ္တိစီးပွါးကို အားထုတ် သုတ်သင်ရာ၏။
1,321,918
Uncategorized
အာနာပါနဒီပနီ
(ဓမ္မပဒပါဠိတော်အနက်)
1,321,919
Uncategorized
အာနာပါနဒီပနီ
အရွယ်သုံးပါးလုံးမှာပင် ဘောဂသမ္ပတ္တိ လက်ရှိတင်းလင်းနှင့် နေ၍ ဘဝပဒေသာပင်ကြီးကို ပိုင်းပိုင်းလည်း မခံအပ် ဟူလိုသည်။
1,321,920
Uncategorized
အာနာပါနဒီပနီ
ယခုအခါမူကား- သေလွယ် ပျောက်လွယ်လှသော ဝိပတ္တိကာလ ဖြစ်ခဲ့၍ အသက် ၅၀-ကိုလည်းကောင်း, ၅၅-နှစ်ကိုလည်းကောင်း, ဘောဂသမ္ပတ္တိနယ် အဆုံးထားရာ၏၊ ထိုမှ နောက်၌ ဘောဂသမ္ပတ္တိကို စွန့်လွှတ်၍ ဘဝသမ္ပတ္တိစီးပွါး ဗုဒ္ဓုပ္ပါဒဒုလ္လဘ အကျိုးများကို အားထုတ် ရာ၏၊
1,321,921
Uncategorized
အာနာပါနဒီပနီ
ဘဝသမ္ပတ္တိ အားထုတ်နည်းအမျိုးမျိုး
1,321,922
Uncategorized
အာနာပါနဒီပနီ
ဤစကား၌ ဘောဂသမ္ပတ္တိကို စွန့်လွှတ်၍ ဘဝသမ္ပတ္တိစီးပွါးကို အားထုတ်ကြသော နည်းလမ်းတို့သည် အမျိုးမျိုးရှိကြ၏။
1,321,923
Uncategorized
အာနာပါနဒီပနီ
၁။ ပထမအရွယ် ငယ်စဉ်အခါ၌ပင်လျှင် ထီးနန်းစည်းစိမ် ကို စွန့်လွှတ်၍ ရသေ့ရဟန်းအဖြစ်နှင့် တောထွက်ကြ သော တေမိမင်း ဟတ္ထိပါလမင်းတို့၏ နည်းလမ်း တစ်မျိုး။
1,321,924
Uncategorized
အာနာပါနဒီပနီ
၂။ ပထမအရွယ် ဒုတိယအရွယ်၌ ထီးနန်းစည်းစိမ်ကို ခံစား စံစားပြီးမှ တတိယအရွယ်၌ ထီးနန်းစည်းစိမ်ကို သားကြီးရတနာအား လွှဲအပ်ပြီးလျှင် မင်းဥယျာဉ်၌ ချမ်းသာစွာ ဧကစာရ နေထိုင်၍ ဗြဟ္မဝိဟာရဘာဝနာ တရားကို ပွါးများအားထုတ်၍ စျာန်သမာပတ်ကိုဖြစ် စေ၍ မင်းဥယျာဉ်၌ပင် အသက်ရှည်သမျှကာလ ပတ်လုံး စျာန်သမာပတ် ချမ်းသာကို ခံစားစံစား၍ နေကြသော မဂ္ဃဒေဝမင်းအစ...
1,321,925
Uncategorized
အာနာပါနဒီပနီ
၃။ မင်းဥယျာဉ်သို့ပင် မထွက်မူ၍ သိကြားမင်း ဖန်ဆင်း သော ဓမ္မပါသာဒအမည်ရှိသော ရတနာ အတိပြီးသော ရွှေနန်းပြာသာဒ်ကြီးအတွင်း၌ ဧကစာရနေတော်မူ၍ ဗြဟ္မဝိဟာရ စျာန်သမာပတ်ကို ပွါးများအားထုတ်၍ စျာန်သမာပတ် ချမ်းသာကို ခံစားစံစား၍ နေတော် မူသော မဟာသုဒဿန စကြာမင်းကြီး၏ နည်းလမ်း တစ်မျိုး။
1,321,926
Uncategorized
အာနာပါနဒီပနီ
၄။ ရွှေပေတွင် ရေးသား၍ ရာဇဂြိုဟ်ဘုရင်က စေလွှတ် သော အာနာပါနကမ္မဋ္ဌာန်း အစီအရင်ကို တွေ့မြင်ရာ ဘုံ ၇-ဆင့်ရှိသော ရွှေနန်းပြာသာဒ်ပေါ်၌ ဧကစာရ နေတော်မူ၍ အာနာပါနကမ္မဋ္ဌာန်း အလုပ်ကို အား ထုတ်တော်မူရာ အာနာပါနစတုတ္ထစျာန်တိုင် အောင် ပေါက်ရောက် ထမြောက်တော်မူပေသော တက္ကသိုလ် မင်း၏ နည်းလမ်းတစ်မျိုး။
1,321,927
Uncategorized
အာနာပါနဒီပနီ
ဤသို့အစရှိသည်ဖြင့် ရှေးအဖို့၌ ဘောဂသမ္ပတ္တိစီးပွါးကို လိုက်စား ခံစံပြီး၍ နောက်အဖို့၌ ဘောဂသမ္ပတ္တိနှင့်စပ်သော ကြောင့်ကြစိုက်မှု, သမာဓိဘာဝနာနှင့် ဆန့်ကျင်ဘက်ဖြစ်သော အဗြဟ္မစရိယမှု, အပေါင်း အဖော်နှင့် ရောယှက်ဆက်ဆံခြင်းအမှုများကို လွတ်ကင်းအောင် ကြဉ် ရှောင်၍ မိမိစိတ်ကြိုက်ရာ ပွဲတော်အစာအာဟာရကို နေ့စဉ်ပို့ သ, ဆက်သွင်းသူ လူယောကျ...
1,321,928
Uncategorized
အာနာပါနဒီပနီ
တိုက်တွန်းခြင်း ဥယျောဇဉ်ပြီး၏၊
1,321,929
Uncategorized
အာနာပါနဒီပနီ
--- စိတ်ကို အစိုးမရ၍ သံသရာမျောရပုံ
1,321,930
Uncategorized
အာနာပါနဒီပနီ
ဘဝသမ္ပတ္တိတိုးပွားမှု
1,321,931
Uncategorized
အာနာပါနဒီပနီ
ယခုအခါ ဘဝသမ္ပတ္တိ အစီးအပွားဆိုသည်ကား- ဗုဒ္ဓုပ္ပါဒ ဒုလ္လဘနှင့် တကွ မနုဿတ္တဒုလ္လဘ တည်းဟူသော ဘဝသမ္ပတ္တိကို ရရှိကြုံကြိုက်၍ နေကြသည့်အခါ၌ ဂဟဋ္ဌဖြစ်သူ လူတို့မှာ အာဇီဝဋ္ဌမက သီလ၌ ကောင်းစွာတည်၍ ကာယဂတာသတိအလုပ်, သမထကမ္မဋ္ဌာန်း အလုပ်, ဝိပဿနာကမ္မဋ္ဌာန်းအလုပ်ကို စွဲစွဲမြဲမြဲ အားထုတ်မှုကို ဘဝသမ္ပတ္တိ စီးပွားမှု ဆိုသတည်း။
1,321,932
Uncategorized
အာနာပါနဒီပနီ
သတိပဋ္ဌာန်အလုပ်
1,321,933
Uncategorized
အာနာပါနဒီပနီ
သမထမှု ဝိပဿနာမှု၏ ရှေ့အဖို့၌ ကာယဂတာသတိအလုပ်ကို အားထုတ်ရသည်၊ ကာယဂတာသတိ အလုပ်ဆိုသည်ကား- သတိပဋ္ဌာန် အလုပ်ကို ဆိုသတည်း၊ ထိုသတိပဋ္ဌာန်အလုပ်ကို ရှေးဦးစွာ တည်ထောင် အားထုတ်ရခြင်း၏ အကြောင်းကို ဥပမာယုတ္တိနှင့်တကွ ပြဆိုဦးအံ့။
1,321,934
Uncategorized
အာနာပါနဒီပနီ
စိတ်အစိုးမရသော သူရူး ဥပမာ
1,321,935
Uncategorized
အာနာပါနဒီပနီ
လောက၌ မိမိစိတ်ကို မိမိအစိုးမရသော သူရူးသူနှမ်းမည်သည် တစ်စုံတစ်ခုသော အတ္တဟိတ စီးပွားမှု ပရဟိတ စီးပွားမှုတို့၌ အသုံးမကျ သူဖြစ်၏၊ အဘယ့်ကြောင့်နည်းဆိုသော် ထိုသူ၏စိတ်သည် မိမိထမင်း စားမှု အလုပ်တစ်ခုမျှ၌ပင်လျှင် ပြီးစီးအောင်မနေ။
1,321,936
Uncategorized
အာနာပါနဒီပနီ
ထိုသူသည် ထမင်းစားဆဲအခါ၌ပင် ထမင်းပွဲကို သွန်မှောက်၍ လွတ်ရာ အရပ် တစ်ပါးသို့ ထွက်သွား၏၊ တစ်ခြားတစ်ပါးသော လူရေးလူရာတို့၌ ဆိုဖွယ်မရှိ၊ အသုံးမကျသူ သက်သက် ဖြစ်သတည်း၊ ဆေးဝါးတို့ဖြင့် ကုသ,၍ ပကတိ ပျောက်ငြိမ်းသောအခါ၌ စိတ်၏တည်ကြည်ခြင်းကိုရ၍ ပကတိ လူကောင်းဖြစ်လေ၏၊ ထိုအခါမှ လူစဉ်မှီ၍ ခပ်သိမ်းသော လူရေးလူရာတို့ကို အများနည်းတူ တည်ကြည်သေ...
1,321,937
Uncategorized
အာနာပါနဒီပနီ
သူရူးနှင့်တူပုံ
1,321,938
Uncategorized
အာနာပါနဒီပနီ
လောက၌ ပကတိ စိတ်ကောင်း, နှလုံးကောင်းနှင့်ပြည့်စုံကြသော ပကတိ လူကောင်းသူကောင်းတို့သည်လည်း သိမ်မွေ့လှစွာသော သမထစျာန်အလုပ်, ဝိပဿနာ ပညာအလုပ်တို့၌မူကား- မိမိစိတ်ကို မိမိအစိုးမရသော သူရူးသူနှမ်းအရာ၌ တည်ကြရပြန်ကုန်၏၊ တည်ပုံ ကား- ဘုရားရှိခိုးရာ၌ ပကတိလူတို့၏ စိတ်သည် “ဣတိပိသော” တစ်ပုဒ် ဆုံးသည့်တိုင်အောင် ဘုရားဂုဏ်၌စိုက်၍မနေ၊ ဘုရားဂ...
1,321,939
Uncategorized
အာနာပါနဒီပနီ
ခပ်သိမ်းသော ကမ္မဋ္ဌာန်းဘာဝနာ မနသိကာရမှုတို့၌ ဤနည်းချည်းမှတ်။
1,321,940
Uncategorized
အာနာပါနဒီပနီ
ဤကား- ပကတိ လူကောင်း သူကောင်းဆိုရသော သူတို့သည် လည်း သမာဓိဘာဝနာ, ပညာဘာဝနာမှုတို့၌ မိမိစိတ်ကို မိမိအစိုးမရ ကြသော သူရူးသူှနှမ်းအရာ၌ တည်ကြရပုံတည်း။
1,321,941
Uncategorized
အာနာပါနဒီပနီ
ဤကဲ့သို့ သူရူးသူနှမ်းအရာ၌ တည်လျက်ရှိကြကုန်သေးသော သူတို့သည် မဂ်ဖိုလ်နိဗ္ဗာန်ကို မဆိုထားဘိဦး၊ ယခုဘဝ သေသည်၏ အခြားမဲ့၌ သုဂတိဘဝကိုမျှ ရနိုင်ရန် အရေးသည်ပင်လျှင် အလွန်ခက် သေး၏၊ သတိမူကြ လေကုန်။
1,321,942
Uncategorized
အာနာပါနဒီပနီ
စိတ်မနိုင်နင်းလျှင် အမှုမတွင်ကျယ်
1,321,943
Uncategorized
အာနာပါနဒီပနီ
- လောက၌ ခြေကိုမနိုင်နင်းသော သူသည် ခြေဖြင့်ပြု ရသော အမှုကို တွင်ကျယ်အောင် မပြုနိုင်။
1,321,944
Uncategorized
အာနာပါနဒီပနီ
လက်ကို မနိုင်နင်းသောသူသည် လက်ဖြင့်ပြုရသော အမှုကို တွင်ကျယ်အောင် မပြုနိုင်။
1,321,945
Uncategorized
အာနာပါနဒီပနီ
- နှုတ်လျှာကို မနိုင်နင်းသောသူသည် နှုတ်လျှာဖြင့် ပြုရသောအမှုကို တွင်ကျယ်အောင် မပြုနိုင်။
1,321,946
Uncategorized
အာနာပါနဒီပနီ
- စိတ်ကို မနိုင်နင်းသောသူသည် စိတ်ဖြင့်ပြုရသော အမှုကို တွင်ကျယ်အောင် မပြုနိုင်။
1,321,947
Uncategorized
အာနာပါနဒီပနီ
- ဘာဝနာ မနသိကာရမှုမည်သည် စိတ်ဖြင့်ပြုအပ်သော အမှုသက်သက်ဖြစ်၏၊ ထို့ကြောင့် မိမိစိတ်ကို မနိုင်နင်းကြ, အစိုးမရကြကုန်သော ပကတိလူရှင် ပုထုဇဉ်တို့သည် ဘာဝနာမနသိကာရမှုကို တွင်ကျယ် အောင် မပြုနိုင်ကြ။
1,321,948
Uncategorized
အာနာပါနဒီပနီ
အတုအပမျှသာ ပြုနိုင်ကြသည်။
1,321,949
Uncategorized
အာနာပါနဒီပနီ
ပဲ့တက်မနိုင်နင်းသော လှေသူကြီးဥပမာ
1,321,950
Uncategorized
အာနာပါနဒီပနီ
ဥပမာကား- လှေကိုင်တက်ကိုင်မနိုင်နင်းသော လှေသူကြီးသည် ဝန်ပြည့်သောလှေကြီးဖြင့် အလွန်အယဉ် ထန်စွာစီးသော မြစ်ကြီး၌ စုန်မျှော၍လာရာ ညဉ့်အခါ မှောင်မိုက်သည့်အတွက်ကြောင့် ကမ်းစဉ် တလျှောက် မြို့ရွာဆိပ်ကမ်းများကို မမြင်ရ၊ နေ့အခါ၌ ကမ်းစဉ် တစ်လျှောက် မြို့ရွာဆိပ်ကမ်းများကို မြင်ပါသော်လည်း လှေတက်ကို မနိုင်နင်းသည့်အတွက်ကြောင့် တစ်စုံတစ...
1,321,951
Uncategorized
အာနာပါနဒီပနီ
ဥပမာ ဥပမေယျ စပ်ဟပ်ပုံ
1,321,952
Uncategorized
အာနာပါနဒီပနီ
(က) ဤဥပမာ၌ အယဉ်ထန်စွာစီးသော မြစ်ကြီး, သမုဒ္ဒရာ ကြီးကဲ့သို့ ဩဃလေးဖြာ သံသရာကြီးကို မှတ်ရာ၏၊
1,321,953
Uncategorized
အာနာပါနဒီပနီ
(ခ) ဝန်ပြည့်သော လှေကြီးကဲ့သို့ ထိုထိုသတ္တဝါတို့၏ ခန္ဓာ ကိုယ်ကို မှတ်ရာ၏။
1,321,954
Uncategorized
အာနာပါနဒီပနီ
(ဂ) လှေတက်ကို မနိုင်နင်းသော လှေသူကြီးကဲ့သို့ ပုထုဇဉ် သတ္တဝါကို မှတ်ရာ၏။
1,321,955
Uncategorized
အာနာပါနဒီပနီ
(ဃ) တောတောင်စခန်း၌ ဆိပ်ကမ်းမရှိသော မြစ်ပြင်ကြီး ကဲ့သို့ သုညကမ္ဘာ သံသရာခရီးကို မှတ်ရာ၏။
1,321,956
Uncategorized
အာနာပါနဒီပနီ
(င) မြို့ရွာဆိပ်ကမ်းရှိပါသော်လည်း ညဉ့်အခါ မှောင်မိုက်နှင့် ကြုံကြိုက်၍ မြို့ရွာဆိပ်ကမ်းကို မမြင်ဘဲ အတွင် စုန်မျှောရသကဲ့သို့ ဘုရားပွင့်ရာ ဗုဒ္ဓကမ္ဘာပင်ဖြစ်သော် လည်း အရပ်ပြစ်ရှစ်ဖြာ မိစ္ဆာမှောင် မိုက်နှင့် ကြုံကြိုက် ၍ ဘုရားသာသနာ သိက္ခာသုံးတန် နိဗ္ဗာန်ဆိပ်ကမ်းသို့ သမ္မာဒိဋ္ဌိ ဉာဏ်မျက်စိဖြင့် မမြင်ဘဲ သံသရာအယဉ်သို့ အတွင်စု...
1,321,957
Uncategorized
အာနာပါနဒီပနီ
(စ) နေ့အခါ၌ ကမ်းစဉ်တစ်လျှောက်မြို့ရွာဆိပ်ကမ်းများကို မြင်ပါသော်လည်း လှေတက်ကို မနိုင်နင်းသည့် အတွက်ကြောင့် တစ်စုံတစ်ခုသော မြို့ရွာဆိပ်ကမ်းသို့ မကပ်နိုင် မဆိုက်နိုင်မူ၍ ကြည့်ကာမျှော်ကာ ချီးမွှမ်း ကာနှင့် သမုဒ္ဒရာအပြင်သို့ လွှင့်လေသကဲ့သို့ ဘုရားပွင့် ရာ သာသနာ၌ ဗုဒ္ဓဘာသာ အမျိုးကောင်းသား စင်စစ် ဖြစ်ပါသော်လည်း ဘာဝနာအလုပ်ကို ...
1,321,958
Uncategorized
အာနာပါနဒီပနီ
စိတ်ကို အစိုးမရ၍ သံသရာမျှောရပုံ ပြီး၏။
1,321,959
Uncategorized
အာနာပါနဒီပနီ
ကာယဂတာသတိ ဘာဝနာ ဦးစွာ အားထုတ်ရပုံ
1,321,960
Uncategorized
အာနာပါနဒီပနီ
စိတ်ကို မနိုင်ခြင်းအပြစ်
1,321,961
Uncategorized
အာနာပါနဒီပနီ
ယခုအခါ၌လည်း ဘုရားသာသနာ၌ ဗုဒ္ဓဘာသာ အမျိုး ကောင်းစင်စစ် ဖြစ်ကြကုန်လျက် ကာယဂတာသတိ ဘာဝနာများကို အားမထုတ်ကြဘဲ အစိုးမရသော ပကတိစိတ်အတိုင်းနှင့်သာနေ၍ သေလွန်ကြလျှင် အတိတ် သံသရာက လာခဲ့ကြသော လမ်းမ, လမ်းရိုးကြီး အတိုင်း သံသရာဒလဟောသို့ မျှောမြဲ, မြှုပ်မြဲ တလဲလဲပင် ဖြစ်ကြ ကုန်ရာသည်။
1,321,962
Uncategorized
အာနာပါနဒီပနီ
ဤဥပမာဖြင့် စိတ်ကို အစိုးမရမှုသည် သံသရာဒလဟော၌ မျှောလမ်းကြီးစင်စစ်ဖြစ်၏၊။
1,321,963
Uncategorized
အာနာပါနဒီပနီ
အဘယ့် ကြောင့်နည်းဟူမူ- သမထအလုပ်, ဝိပဿနာအလုပ်သို့ မကပ်နိုင်ကြသောကြောင့်တည်း။
1,321,964
Uncategorized
အာနာပါနဒီပနီ
စိတ်ကိုနိုင်နင်းခြင်းအကျိုး
1,321,965
Uncategorized
အာနာပါနဒီပနီ
စိတ်ကို အစိုးရမှုသည် နိဗ္ဗာန်ဆိပ်ကမ်းသို့ ဆိုက်လမ်းကြီး စင်စစ်ဖြစ်၏၊ အဘယ့်ကြောင့်နည်းဟူမူ အလိုရှိသောအခါ သမထ အလုပ်, ဝိပဿနာအလုပ်ကို လုပ်နိုင်သောကြောင့်တည်းဟူသော အနက်ကိုပြဆိုသည်၊ ကာယဂတာ သတိဘာဝနာသည် စိတ်ကိုအစိုး ရအောင် အားထုတ်မှုပေတည်း။
1,321,966
Uncategorized
အာနာပါနဒီပနီ
ကာယဂတာသတိနှင့် နိဗ္ဗာန်
1,321,967
Uncategorized
အာနာပါနဒီပနီ
အထက်ဖြစ်သော သမထအလုပ်, ဝိပဿနာအလုပ်တို့ကို မလုပ်တည့်နိုင်လျှင် ရှိစေဦး။
1,321,968
Uncategorized
အာနာပါနဒီပနီ
မိမိစိတ်ကို မိမိကိုယ်သန္တာန်အတွင်း၌ နိုင်နိုင်နင်းနင်း ထားနိုင်ကြလျှင်ပင် နိဗ္ဗာန်၏အရသာကို ခံစံကြရသည် မည်ကြောင်းကို ဤသို့ဟောတော်မူ၏။
1,321,969
Uncategorized
အာနာပါနဒီပနီ
- အမတံ တေသံ ဝိရဒ္ဓံ၊ ယေသံ ကာယဂတာသတိ ဝိရဒ္ဓါ။
1,321,970
Uncategorized
အာနာပါနဒီပနီ
အမတံ တေသံ အဝိရဒ္ဓံ၊ ယေသံ ကာယဂတာသတိ အဝိရဒ္ဓါ။
1,321,971
Uncategorized
အာနာပါနဒီပနီ
- အမတံ တေသံ အပရိဘုတ္တံ၊ ယေသံ ကာယဂတာသတိ အပရိဘုတ္တာ။
1,321,972
Uncategorized
အာနာပါနဒီပနီ
အမတံ တေသံ ပရိဘုတ္တံ၊ ယေသံ ကာယဂတာသတိ ပရိဘုတ္တာ။
1,321,973
Uncategorized
အာနာပါနဒီပနီ
(အင်္ဂုတ္ထိုရ်ပါဠိတော်)
1,321,974
Uncategorized
အာနာပါနဒီပနီ
ယေသံ=အကြင်သူတို့အား၊ ကာယဂတာသတိ=ကာယဂတာ သတိသည်၊ ဝိရဒ္ဓါ=ချော်ချွတ်လေ၏၊ တေသံ=ထိုသူတို့အား၊ အမတံ= အမြိုက်နိဗ္ဗာန်သည်၊ ဝိရဒ္ဓံ=ချော်ချွတ်လေ၏၊ ယေသံ=အကြင်သူတို့အား၊ ကာယဂတာသတိ=ကာယဂတာသတိသည်၊ အဝိရဒ္ဓါ=မချော်ချွတ်။
1,321,975
Uncategorized
အာနာပါနဒီပနီ
တေသံ=ထိုသူတို့အား၊ အမတံ=အမြိုက်နိဗ္ဗာန်သည်၊ အဝိရဒ္ဓံ=မချော် ချွတ်နိုင်ပြီ။
1,321,976
Uncategorized
အာနာပါနဒီပနီ
ယေသံ=အကြင်သူတို့အား၊ ကာယဂတာသတိ=ကာယဂတာ သတိကို၊ အပရိဘုတ္တာ=မသုံးဆောင်ရ၊ တေသံ=ထိုသူတို့အား၊ အမတံ= အမြိုက်နိဗ္ဗာန်သည်၊ အပရိဘုတ္တံ=သုံးဆောင်ရသည်မမည်။
1,321,977
Uncategorized
အာနာပါနဒီပနီ
ယေသံ= အကြင်သူတို့အား၊ ကာယဂတာသတိ=ကာယဂတာသတိသည်၊ ပရိဘုတ္တာ=သုံးဆောင်ရ၏၊ တေသံ=ထိုသူတို့အား၊ အမတံ=အမြိုက်နိဗ္ဗာန် သည်၊ ပရိဘုတ္တံ=သုံးဆောင်ရသည်မည်၏။
1,321,978
Uncategorized
အာနာပါနဒီပနီ
(ပါဠိတော်အနက်။
1,321,979
Uncategorized
အာနာပါနဒီပနီ
) လိုရင်းအဓိပ္ပါယ်ကား- ကာယဂတာသတိ ဘာဝနာတည်၍ မိမိစိတ်ကို မိမိအစိုးရသော အဖြစ်၌ တည်ကြသော သူတို့အား သမထ ဝိပဿနာအလုပ်ကို တွင်ကျယ်စွာလုပ်နိုင်ကြတော့မည်ဖြစ်၍ ယခုဘဝ ဆိုက်တိုက်၍နေသော နိဗ္ဗာန်နှင့်လွဲနိုင်ရန် မရှိပြီ၊ ကာယဂတာသတိ ဘာဝနာလက်မဲ့၍ မိမိစိတ်ကို မိမိအစိုးမရသော အရူးအနှမ်းအရာ၌ တည်မြဲတိုင်းနှင့်နေကြကုန်မူကား သမထဝိပဿနာအလုပ်သို့...
1,321,980
Uncategorized
အာနာပါနဒီပနီ
စိတ်အစိုးရမူ အမျိုးမျိုး
1,321,981
Uncategorized
အာနာပါနဒီပနီ
စိတ်ကိုအစိုးရမှုသည် အမျိုးမျိုးရှိ၏၊ အဘယ်သို့အမျိုးမျိုးရှိ သနည်းဟူမူကား-လောက၌ အရူးအနှမ်း မဟုတ်ဟူ၍ ပကတိ တည်ကြည်သောစိတ်နှင့် ပြည့်စုံလျက် လူရေးလူရာ၌ နေရာတကျ ရှိသည်ကိုလည်း စိတ်ကို အစိုးရမှုခေါ်၏၊ သာသနာ၌မူကား ဣန္ဒြိယ သံဝရသီလ လုံခြုံမှုသည်လည်း အစိုးရမှု တစ်ပါးပင်ဖြစ်၏၊ ခိုင်ခံ့သော အစိုးရမှုကား မဟုတ်သေး။
1,321,982
Uncategorized
အာနာပါနဒီပနီ
ကာယဂတာသတိဘာဝနာ တည်မှုသည်ကား သမထဝိပဿနာ၏ ပဒဋ္ဌာန် (နီးစွာသော အကြောင်း) ဖြစ်၍ ခိုင်ခံ့သော အစိုးရမှုမည်၏၊ ထိုထက် ဥပစာရသမာဓိမှုသည် ခိုင်ခံ့၏၊ ထိုထက် အပ္ပနာသမာဓိ မှုသည် ခိုင်ခံ့၏၊ အပ္ပနာသမာပတ်ရှစ်ပါးတို့သည် တစ်ဆင့် ထက်တစ်ဆင့် ခိုင်ခံ့ကြကုန်၏၊ အဘိညာဉ်မှုသည် သမထကိစ္စတွင် အထွတ်အထိပ်ဖြစ်သော အစိုးရမှုမည်၏၊
1,321,983
Uncategorized
အာနာပါနဒီပနီ
သမထ, ဝိပဿနာ ယာဉ် ၂-ပါး
1,321,984
Uncategorized
အာနာပါနဒီပနီ
-ဤကား ကာယဂတာသတိ ဘာဝနာမှုမှ သမထ လမ်းသို့တက်သော သမထယာနိကလမ်းတည်း။
1,321,985
Uncategorized
အာနာပါနဒီပနီ
- ကာယဂတာသတိ ဘာဝနာမှုမှ ဝိပဿနာသို့ တက် သည်ကိုကား ဝိပဿနာယာနိကလမ်း ခေါ်၏။
1,321,986
Uncategorized
အာနာပါနဒီပနီ
- ဤတွင်ရွေ့ကား သမထအလုပ် ဝိပဿနာအလုပ်တို့၏ ရှေ့အဖို့၌ ကာယဂတာ သတိပဋ္ဌာန်အလုပ်ကို ရှေးဦးစွာ တည်ထောင် အားထုတ်ရခြင်း၏အကြောင်းကို ဥပမာ ယုတ္တိနှင့်တကွ ပြဆိုလိုက်သော အခန်းတည်း။
1,321,987
Uncategorized
အာနာပါနဒီပနီ
ကာယဂတာ သတိဘာဝနာ ဦးစွာအားထုတ်ရပုံ ပြီး၏၊
1,321,988
Uncategorized
အာနာပါနဒီပနီ
အာနာပါန ကမ္မဋ္ဌာန်း ပွားသင့်ပုံ
1,321,989
Uncategorized
အာနာပါနဒီပနီ
ထို့ကြောင့် ယခုအခါ ဗုဒ္ဓဘာသာ သာသနာ၌ ကြုံကြိုက်ကြသူ ရှင်လူအပေါင်းတို့သည် မိမိစိတ်ကို မိမိအစိုးမရ ရှိနေကြသည်ကို လွန်စွာစက်ဆုပ်ထိတ်လန့်ကြကုန်၍ မိမိစိတ်ကို မိမိအစိုးရသောအဖြစ်၌ စောစောစီးစီး တည်ပြီး ဖြစ်ကြစေခြင်းငှါ မဟာသတိပဋ္ဌာနသုတ်၌လာ သော တစ်ခုခုသော ကာယဂတာသတိ အလုပ်များကို အားထုတ် ကြကုန်ရာ၏၊
1,321,990
Uncategorized
အာနာပါနဒီပနီ
ကာယဂတာသတိအပြား ၁၈-ပါး
1,321,991
Uncategorized
အာနာပါနဒီပနီ
ထို ကာယဂတာသတိသည် ဥပရိပဏ္ဏာသပါဠိတော် ကာယဂတာသတိသုတ်၌ကား
1,321,992
Uncategorized
အာနာပါနဒီပနီ
- အာနာပါနပိုင်း
1,321,993
Uncategorized
အာနာပါနဒီပနီ
- ဣရိယာပထပိုင်း
1,321,994
Uncategorized
အာနာပါနဒီပနီ
- သမ္ပဇညပိုင်း
1,321,995
Uncategorized
အာနာပါနဒီပနီ
- ပဋိကူလ ၁-ပိုင်း
1,321,996
Uncategorized
အာနာပါနဒီပနီ
- ဓာတုဝဝတ္ထာန ၂-ပိုင်း
1,321,997
Uncategorized
အာနာပါနဒီပနီ
- သိဝထိက ကိုးပါး တို့နှင့်တကွ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန် ဟု ဆိုအပ်သော ကာယဂတာသတိအပြား ၁၈-ပါးလာ၏၊
1,321,998
Uncategorized
အာနာပါနဒီပနီ
ကိစ္စ ၄-ပါးပြီးနိုင်ပုံ
1,321,999
Uncategorized
အာနာပါနဒီပနီ
ဥပရိပဏ္ဏာသ ပါဠိတော် အာနပါနသုတ်၌ကား
1,322,000
Uncategorized
အာနာပါနဒီပနီ
- အာနာပါန အလုပ်တစ်ခုနှင့်ပင် ကာယဂတာသတိ ဘာဝနာကိစ္စ၊