id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,322,401 | Uncategorized | အာနာပါနဒီပနီ | အပ္ပနာသမာဓိမှတက်ရာ၌ကား ဝေဒနာ စိတ္တတို့ကိုသော်လည်း ကောင်း, မိမိရအပ်ပြီးသော စျာန်၌ပါရှိသော စျာန်အင်္ဂါတို့ကိုသော် လည်းကောင်း အစပြု၍ တက်ရမည်။ |
1,322,402 | Uncategorized | အာနာပါနဒီပနီ | ဂဏနာမှ ဝိပဿနာသို့ တက်ပုံ |
1,322,403 | Uncategorized | အာနာပါနဒီပနီ | ယခုအခါ၌ အစဆုံးသော ဂဏနာခန်းမှ ရုပ်ကိုအစပြု၍ ဝိပဿနာလမ်းဖွင့်နည်းကို အကျဉ်းမျှ ပြဆိုပေအံ့။ |
1,322,404 | Uncategorized | အာနာပါနဒီပနီ | ရှေ့၌ပြဆိုခဲ့ပြီးသည့်အတိုင်း ဂဏနာခန်း ပြီးစီးသည့်နောက် အနုဗန္ဓနာခန်းသို့ တက်ခွင့်ဆိုက်နေသောအခါ ထိုအနုဗန္ဓနာအခန်းသို့ မလိုက်မူ၍ “အနိစ္စာနုပဿီ အဿသိဿာမီတိ သိက္ခတိ”ဟူသော စတုတ္ထစတုက္ကအရ အနိစ္စဝိပဿနာခန်းသို့ တက်ရာ၏၊ ဂဏနာခန်း၌ ပြီးစီးသော ခဏိကသမာဓိကို ဥပစာရသမာဓိ အရာ၌ အမြဲထားရာ၏။ |
1,322,405 | Uncategorized | အာနာပါနဒီပနီ | ထားပုံကား- |
1,322,406 | Uncategorized | အာနာပါနဒီပနီ | ဝိပဿနာအလုပ်ကို လုပ်သောသူသည် လူဖြစ်ခဲ့၍ တစ်နေ့လုံး တစ်ညဉ့်လုံး မလုပ်နိုင်ရှိသဖြင့် တစ်နေ့ တစ်ညဉ့်အဖို့ ၂၄-နာရီ ရှိသည်တွင် ၄-နာရီတန်သည် ၃-နာရီတန်သည် အချိန်မှန်ထား၍ အားထုတ်ရမည်။ |
1,322,407 | Uncategorized | အာနာပါနဒီပနီ | ဝိပဿနာလုပ်ငန်း၌ အာနာပါနဿတိကို စတင်ပြုလုပ်ရခြင်း |
1,322,408 | Uncategorized | အာနာပါနဒီပနီ | အလုပ်ခွင်သို့ ဝင်တိုင်း ဝင်တိုင်း စိတ်ဝိတက်ကို သုတ်သင်ခြင်းငှါ ရှေးဦးစွာ အာနာပါနဿတိဝင်စားရမည်။ |
1,322,409 | Uncategorized | အာနာပါနဒီပနီ | စိတ်ဝိတက် ငြိမ်သက်သော အခါမှ ဝိပဿနာ မနသိကာရကို အားထုတ်ရမည်။ |
1,322,410 | Uncategorized | အာနာပါနဒီပနီ | ဝိပဿနာ မနသိကာရ ထမြောက်၍ မဂ် ဖိုလ်သို့ ရောက်ပြီး သည့်တိုင်အောင် ထိုအာနာပါနဿတိကို မလွှတ်ရပြီ၊ ဖိုလ်ကိုဝင်စားသော အခါ၌ပင် ထိုသတိကို ဥပစာရသမာဓိအရာ၌ အမြဲထားရာ၏။ |
1,322,411 | Uncategorized | အာနာပါနဒီပနီ | ဝိဇ္ဇာဉာဏ် ၅-ပါး |
1,322,412 | Uncategorized | အာနာပါနဒီပနီ | ဝိပဿနာလမ်း၌-- |
1,322,413 | Uncategorized | အာနာပါနဒီပနီ | ၁။ ဒိဋ္ဌိဝိသုဒ္ဓိ၊ |
1,322,414 | Uncategorized | အာနာပါနဒီပနီ | ၂။ ကင်္ခါဝိတရဏဝိသုဒ္ဓိ၊ |
1,322,415 | Uncategorized | အာနာပါနဒီပနီ | ၃။ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ၊ |
1,322,416 | Uncategorized | အာနာပါနဒီပနီ | ၄။ ပဋိပဒါ ဉာဏဒဿနဝိသုဒ္ဓိ၊ |
1,322,417 | Uncategorized | အာနာပါနဒီပနီ | ၅။ ဉာဏဒဿနဝိသုဒ္ဓိ၊ |
1,322,418 | Uncategorized | အာနာပါနဒီပနီ | ဟူ၍ ဝိသုဒ္ဓိအစဉ် သမ္မာဒိဋ္ဌိ ဝိဇ္ဇာဉာဏ်အပြား ငါးပါးရှိ၏၊။ |
1,322,419 | Uncategorized | အာနာပါနဒီပနီ | ထိုငါးပါးတို့တွင် ထွက်သက် ဝင်သက်၌ ဒိဋ္ဌိဝိသုဒ္ဓိအလုပ်ကို ပြဆိုအံ့။ |
1,322,420 | Uncategorized | အာနာပါနဒီပနီ | ထွက်သက် ဝင်သက်နှင့် ဒိဋ္ဌိဝိသုဒ္ဓိ |
1,322,421 | Uncategorized | အာနာပါနဒီပနီ | ထွက်သက် ဝင်သက်၌ ဓာတ်ကြီး ၄-ပါး ထင်ရှားမှုကို ရှုပုံ ရုပ်ဓာတ် ၈-ပါး |
1,322,422 | Uncategorized | အာနာပါနဒီပနီ | ထိုထွက်သက် ဝင်သက်၌ မြေဓာတ်, ရေဓာတ်, မီးဓာတ်, လေဓာတ်, အဆင်းဓာတ်, အနံ့ဓာတ်, ရသဓာတ်, ဩဇာဓာတ်-ဟူ၍ အမြဲအားဖြင့် ရုပ်ဓာတ် ရှစ်ပါးရှိ၏၊ အသံဖြစ်သောအခါ သဒ္ဒဓာတ်နှင့် တကွ ရုပ်ဓာတ်ကိုးပါးရှိ၏၊ ထိုတွင် မြေ, ရေ, လေ, မီး-ဟူသော ဓာတ်ကြီးလေးပါးသည်သာ လိုရင်းပဓာနတည်း။ |
1,322,423 | Uncategorized | အာနာပါနဒီပနီ | ပထဝီဓာတ် မြေဓာတ်ဆိုသည်ကား ခက်မာမှုကြိယာတည်း။ |
1,322,424 | Uncategorized | အာနာပါနဒီပနီ | ခက်မာမှုဆို သည်ကား ခပ်သိမ်းသော ရုပ်အဆောက်အဦ ဟူသမျှတို့၌ အမာခံမှု ဆိုလိုသည်။ |
1,322,425 | Uncategorized | အာနာပါနဒီပနီ | ထိုအမာခံမှုသည် လွန်ကဲ၍ ခက်မာသော အဖြစ်သို့ ရောက်သော ဝတ္ထုမျိုးတို့၌ လက်နှင့်စမ်းသပ် ထိပါးလျှင် မာသည်ဟု သိသာထင်ရှား၏၊ နေရောင်လရောင် စသည်တို့၌ကဲ့သို့ အမာခံအနေ မျှ၌တည်မူကား စမ်းသပ်၍မရ သိမ်မွေ့လှ၏။ |
1,322,426 | Uncategorized | အာနာပါနဒီပနီ | ယုတ္တိအားဖြင့်မူကား-ဉာဏ်၌ ထင်ရှားပါ၏။ |
1,322,427 | Uncategorized | အာနာပါနဒီပနီ | ဖွဲ့စေးမှု-ဟူသော ရေဓာတ်သည် အမာခံဝတ္ထုမရှိသော်လည်း အဘယ်ကိုဖွဲ့မည်နည်း။ |
1,322,428 | Uncategorized | အာနာပါနဒီပနီ | ပူလောင်မှု-ဟူသော မီးဓာတ်သည် အမာခံမီးစာ မရှိခဲ့သော် အဘယ်ကို စွဲလောင်မည်နည်း။ |
1,322,429 | Uncategorized | အာနာပါနဒီပနီ | မီးဓာတ်၏ အရှိန်အဟုန်ဖြစ်သော ကြွရွထောက်ကန်မှု-ဟူသော လေဓာတ်သည် အမာခံ ထောက်ရာ ကန်ရာဝတ္ထု မရှိခဲ့သော် အဘယ်သို့ ကြွနိုင် ရွနိုင်ပါမည်နည်း။ |
1,322,430 | Uncategorized | အာနာပါနဒီပနီ | ဤကား-ယုတ္တိအားဖြင့် ဉာဏ်၌ ထင်ရှားပုံတည်း။ |
1,322,431 | Uncategorized | အာနာပါနဒီပနီ | အာပေါဓာတ် “အဿာသ ပဿာသကာယ” ဟု ကာယသဒ္ဒါနှင့် ဆိုရအောင် အစုအရုံးတစ်ခုဖြစ်မှုသည် ရေဓာတ်ဖွဲ့စေးမှုတည်း။ |
1,322,432 | Uncategorized | အာနာပါနဒီပနီ | တေဇောဓာတ် ထွက်သက် ဝင်သက်၌ ပါရှိသော ပူမှု အေးမှုသည် မီးဓာတ် တည်း။ |
1,322,433 | Uncategorized | အာနာပါနဒီပနီ | ဝါယောဓာတ် လှုပ်မှု ရှားမှုသည် လေဓာတ်တည်း။ |
1,322,434 | Uncategorized | အာနာပါနဒီပနီ | ထွက်သက် ဝင်သက်၌ကား- လေဓာတ်လွန်ကဲ၏၊ ဤထွက်သက်ဝင်သက်၌ ဓာတ်လေးပါးရှိမှု ယုတ္တိကို သဘောကျနိုင်ပါလျှင် တစ်ကိုယ်လုံး၌ သဘောကျနိုင်တော့သည်၊ သဘောကျသည့်အတိုင်း ထွက်သက် ဝင်သက်၌ ဓာတ်လေးပါးကို အသီးအသီး မြင်နိုင်ပါလျှင် တစ်ကိုယ်လုံး၌ မြင်နိုင်တော့သည်။ |
1,322,435 | Uncategorized | အာနာပါနဒီပနီ | ပရမတ္ထဉာဏ်ဖြစ်ခြင်း |
1,322,436 | Uncategorized | အာနာပါနဒီပနီ | ထွက်သက် ဝင်သက်၌ ခက်မာမှု, ဖွဲ့စေးမှု, ပူနွေးမှု, လှုပ်ရွမှု ဟူသော ကြိယာလေးချက်သည်သာ ပရမတ္ထအားဖြင့် ထင်ရှားရှိ၏၊ အသီးအသီး ထိုလေးချက်တို့ကို ထိအောင် အာရုံပြုသော ဉာဏ်သည်သာ ပရမတ္ထသို့ ဆိုက်ရောက်သောဉာဏ် မည်၏။ |
1,322,437 | Uncategorized | အာနာပါနဒီပနီ | သက္ကာယဒိဋ္ဌိဖြစ်ပုံ |
1,322,438 | Uncategorized | အာနာပါနဒီပနီ | ထိုလေးချက်ကို မသိမူ၍ အရှည်အတို သဏ္ဌာန်အနေနှင့် ထွက်သက်ဝင်သက်ဟု- သိမြင်မှတ်သားမှုသည် သက္ကာယဒိဋ္ဌိလမ်းတည်း၊ ဤဒိဋ္ဌိလမ်း၌ကား ထွက်သက်ဝင်သက်၏အစသည် ချက်တိုင်တည်း၊ အဆုံးသည် နှာသီးဖျားတည်း၊ အစ၌တစ်ကြိမ်သာ ဖြစ်မှုရှိ၏၊ အဆုံး၌ တစ်ကြိမ်သာ ပျက်မှုရှိ၏၊ အလယ်၌မူကား အခါခါဖြစ်မှု, အခါခါ ပျက်မှုဟူ၍ မရှိပြီ၊ ဝင်သက်၌လည်း ထိုနည်းတူ ဝင်သက်၏... |
1,322,439 | Uncategorized | အာနာပါနဒီပနီ | ဤကား ပုထုဇဉ်တို့စိတ်၌ အရိုးစိုက်၍နေသော ဒိဋ္ဌိမှုတည်း။ |
1,322,440 | Uncategorized | အာနာပါနဒီပနီ | ခပ်သိမ်းသောကိုယ်အစုတို့၌ ဤကဲ့သို့သော ဒိဋ္ဌိအရိုးစိုက်ကြီး အသီးအသီး ရှိနေသည်ကို အကုန်မြင်မြော်မိစေ။ |
1,322,441 | Uncategorized | အာနာပါနဒီပနီ | ထွက်သက်ဝင်သက်၌ ဤဒိဋ္ဌိအရိုးစိုက်ကြီး ပျောက်ကွယ်လေ အောင် ထိုထွက်သက်ဝင်သက်၌ပင် သုတ်သင်ရာ၏။ |
1,322,442 | Uncategorized | အာနာပါနဒီပနီ | ရုပ်၌ သက္ကာယဒိဋ္ဌိ သုတ်သင်ပုံ |
1,322,443 | Uncategorized | အာနာပါနဒီပနီ | အဘယ်သို့သုတ်သင်ရာသနည်းဟူမူကား အသီးအသီး ဓာတ် အမှုကြီး လေးပါးကို ဉာဏ်စိုက်မိ၍ ပရမတ္ထဓာတ်အမြင်ပေါက်သော အခါ၌ အရှည်အတို သဏ္ဌာန်အနေနှင့် ထွက်သက်ဝင်သက်ဟု သိမြင် ထင်မှတ်၍နေသော ဒိဋ္ဌိအရိုးစိုက်ကြီးသည် ထိုဉာဏ်ကိုဝင်စား၍ ရှုလိုက်တိုင်း ရှုလိုက်တိုင်း ကွယ်ပျောက်လေ၏၊ အရှည်အတိုသဏ္ဌာန် ဟူ၍ မရှိ၊ ထွက်သက်ဝင်သက်ဟူ၍ပင် မရှိ၊ ဓာတ်အမှုကြီး... |
1,322,444 | Uncategorized | အာနာပါနဒီပနီ | ထွက်သက်ဝင်သက်မှကြွင်းသော ဆံပင်, မွေးညင်းအစရှိသော တစ်ကိုယ်လုံးမှာလည်း အတိုအရှည်အစရှိသော ဒြဗ်သဏ္ဌာန်အနေနှင့် ဤကား ဆံပင်တည်း, ဤကား- မွေးညင်းတည်း အစရှိသည်ဖြင့် သိမြင်ထင်မှတ်၍နေကြသော ဒိဋ္ဌိအရိုးစိုက်ကြီး အသီးအသီး ရှိကြ၏၊ ဓာတ်အမှုကြီး လေးပါးလည်း အသီးအသီးရှိကြ၏၊ ထိုဆံပင် မွေးညင်း အစရှိသော တစ်ကိုယ်လုံးမှာလည်း ဓာတ်အမှုကြီးလေးပါ... |
1,322,445 | Uncategorized | အာနာပါနဒီပနီ | မွေးညင်းစသော တစ်ကိုယ်လုံး၌လည်း ဒိဋ္ဌိအရိုးစိုက်ကြီး အသီး အသီးရှိကြပုံ, ဓာတ်အမှုကြီးလေးပါး အသီးအသီး အမြင်ပေါက် သည်ရှိသော် ဒိဋ္ဌိဝိသုဒ္ဓိ အသီးအသီးဖြစ်ပုံကို ဆံပင်နည်းတူ သိလေ။ |
1,322,446 | Uncategorized | အာနာပါနဒီပနီ | ရုပ်၌ ဒိဋ္ဌိဝိသုဒ္ဓိ အစီအရင် ပြီး၏။ |
1,322,447 | Uncategorized | အာနာပါနဒီပနီ | နာမ်၌ ဒိဋ္ဌိဝိသုဒ္ဓိ အစီအရင် |
1,322,448 | Uncategorized | အာနာပါနဒီပနီ | ထွက်သက်ဝင်သက်ကို အာရုံပြုသောစိတ်, ဓာတ်အမှုကြီး လေးပါးကို အာရုံပြုသောစိတ်၊ ထိုစိတ်တို့၌ပါရှိသော သတိ, ဝီရိယ, ဉာဏ်ပညာတို့သည် နာမ်မည်ကုန်၏။ |
1,322,449 | Uncategorized | အာနာပါနဒီပနီ | - အာရုံကို သိခြင်းအမှုသည် စိတ်တည်း။ |
1,322,450 | Uncategorized | အာနာပါနဒီပနီ | - အာရုံကို အထပ်ထပ် အမှတ်ရခြင်းအမှုသည် သတိ တည်း။ |
1,322,451 | Uncategorized | အာနာပါနဒီပနီ | - ထိုအလုပ်၌ အားထုတ်ခြင်းအမှုသည် ဝီရိယတည်း။ |
1,322,452 | Uncategorized | အာနာပါနဒီပနီ | - ထိုအာရုံ ထိုအလုပ်တို့၌ လိမ္မာရန် အခွင့်ကို သိခြင်းအမှု သည် ဉာဏ်ပညာတည်း။ |
1,322,453 | Uncategorized | အာနာပါနဒီပနီ | ထွက်သက် ဝင်သက်ကို ငါအာရုံပြုမည်ဟု-သိမြင် ထင်မှတ်မှု သည် စိတ်၌ ဒိဋ္ဌိအရိုးစိုက်ကြီးတည်း။ |
1,322,454 | Uncategorized | အာနာပါနဒီပနီ | ဤဒိဋ္ဌိ အရိုးစိုက်ကြီးကို ဉာဏ်၌ ပျောက်ကွယ်လေအောင် စိတ်၌သုတ်သင်ရာ၏။ |
1,322,455 | Uncategorized | အာနာပါနဒီပနီ | နာမ်၌သက္ကာယဒိဋ္ဌိ သုတ်သင်ပုံ |
1,322,456 | Uncategorized | အာနာပါနဒီပနီ | အဘယ်သို့သုတ်သင်ရာသနည်းဟူမူကား- ထွက်သက် ဝင်သက် ကို အာရုံပြုမှု ကြိယာသည် စိတ်ဓာတ်တစ်ခုတည်း၊ နှလုံး၌ ထိုဓာတ် ဖြစ်ပေါ်၍နေဆဲအခါ ထွက်သက် ဝင်သက်ကို အာရုံပြုမှုကြိယာ ပေါ်၍နေ၏။ |
1,322,457 | Uncategorized | အာနာပါနဒီပနီ | - ထိုအမှု, ထိုကြိယာသည် နာမ်၏ ကြိယာမတ္တသာတည်း။ |
1,322,458 | Uncategorized | အာနာပါနဒီပနီ | - ရုပ်ခန္ဓာလည်းမဟုတ် ရုပ်ခန္ဓာအမှုလည်း မဟုတ်။ |
1,322,459 | Uncategorized | အာနာပါနဒီပနီ | - ပုဂ္ဂိုလ်လည်း မဟုတ်၊ ပုဂ္ဂိုလ်၏အမှုလည်း မဟုတ်။ |
1,322,460 | Uncategorized | အာနာပါနဒီပနီ | - သတ္တဝါလည်း မဟုတ်၊ သတ္တဝါ၏အမှုလည်း မဟုတ်။ |
1,322,461 | Uncategorized | အာနာပါနဒီပနီ | - ငါလည်း မဟုတ်၊ ငါ၏အမှုလည်း မဟုတ်။ |
1,322,462 | Uncategorized | အာနာပါနဒီပနီ | စိတ်ဟူ၍လည်းကောင်း, ဝိညာဏ်ဟူ၍လည်းကောင်း, နာမ်ဟူ၍လည်းကောင်း, အဘိဓမ္မာ၌ ဟောတော်မူသော ဓာတ်အမှုတစ်ခု အသီးအခြားသာတည်းဟု အမြင်ရှုရာ၏။ |
1,322,463 | Uncategorized | အာနာပါနဒီပနီ | ရုပ်ခန္ဓာနှင့်လည်းကောင်း, ပုဂ္ဂိုလ် သတ္တဝါ ငါတို့နှင့်လည်း ကောင်း, ရောယှက်ထွေးလုံး၍ မနေစေလင့်၊ ရောယှက်ထွေးလုံးခြင်းမရှိပဲ ထိုအာရုံပြုမှုကို ဉာဏ်စိုက်မိသောအခါ စိတ်ဟူသော နာမ်ဓာတ်တစ်ခု၌ ဉာဏ်အမြင်ပေါက်ခဲ့လျှင် သတိ, ဝီရိယ, ဉာဏ်ပညာဟူသော နာမ်ဓာတ် တို့၌လည်း ဉာဏ်အမြင်ပေါက်နိုင်တော့သည်၊ စိတ်ဓာတ်တစ်ခု၌သာ လိုရင်းတည်း။ |
1,322,464 | Uncategorized | အာနာပါနဒီပနီ | နာမ်၌ ဒိဋ္ဌိဝိသုဒ္ဓိ အစီအရင်ပြီး၏။ |
1,322,465 | Uncategorized | အာနာပါနဒီပနီ | ဒိဋ္ဌိဝိသုဒ္ဓိအမြွက် ပြီး၏။ |
1,322,466 | Uncategorized | အာနာပါနဒီပနီ | ကင်္ခါဝိတရဏဝိသုဒ္ဓိ အစီအရင် |
1,322,467 | Uncategorized | အာနာပါနဒီပနီ | တစ်ကိုယ်လုံးမှာ ရုပ်ဓာတ်အမှုကြီးလေးပါး, စိတ်ဓာတ်အမှုကြီး တစ်ပါးဟူ၍ ဓာတ်အမှုကြီးငါးခုကို အသီးအသီး ဉာဏ်အမြင်ပေါက် အောင် အားထုတ်ပြီးနောက် ကင်္ခါဝိတရဏဝိသုဒ္ဓိဉာဏ်ကို ဖြစ်စေရာ၏၊ အဘယ်သို့ ဖြစ်စေရာသနည်းဟူမူကား ပဋိစ္စသမုပ္ပါဒ်မှုကို ဉာဏ်အမြင် ပေါက်လျှင် ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်တော့သည်။ |
1,322,468 | Uncategorized | အာနာပါနဒီပနီ | ကင်္ခါဆိုသည်ကား ဝိစိကိစ္ဆာတည်း။ |
1,322,469 | Uncategorized | အာနာပါနဒီပနီ | အနမတဂ္ဂသံသရာ၌ ဓာတ်အမှုကြီးငါးခုတို့၏ ဖြစ်နိုင်ရန် အကြောင်းကို လောက၌ အထွေထွေအလာလာ ကြံဖန်စွဲယူကြသော မိစ္ဆာဝါဒ အများရှိ၏၊ ရုပ်တရား, နာမ်တရားတို့၏ ပဋိစ္စသမုပ္ပါဒ်မှုကို နေရာတကျ မသိသည့်အတွက်ကြောင့် ထိုမိစ္ဆာဝါဒများသို့လည်းကောင်း, နိစ္စအယူ, အတ္တအယူများသို့လည်းကောင်း စိတ်သဘော ကိုင်းရှိုင်းလျက် ရှိကြ၏။ |
1,322,470 | Uncategorized | အာနာပါနဒီပနီ | ဤကား သာမညဝိစိကိစ္ဆာတည်း၊ အဟောသိံ နုခေါ အဟံ အတီတမဒ္ဓါနံ-စသည်ကား ဝိသေသ ဝီစိကိစ္ဆာတည်း။ |
1,322,471 | Uncategorized | အာနာပါနဒီပနီ | တစ်ကိုယ်လုံး၌ ရုပ်ဓာတ်မှုကြီး လေးပါးသည်- |
1,322,472 | Uncategorized | အာနာပါနဒီပနီ | ၁။ ကံကြောင့်ဖြစ်သည် လေးပါး၊ |
1,322,473 | Uncategorized | အာနာပါနဒီပနီ | ၂။ စိတ်ကြောင့်ဖြစ်သည် လေးပါး၊ |
1,322,474 | Uncategorized | အာနာပါနဒီပနီ | ၃။ ဥတုကြောင့်ဖြစ်သည် လေးပါး၊ |
1,322,475 | Uncategorized | အာနာပါနဒီပနီ | ၄။ အာဟာရကြောင့်ဖြစ်သည် လေးပါး၊ |
1,322,476 | Uncategorized | အာနာပါနဒီပနီ | ဟူ၍ အကြောင်းလေးပါးကို သိရာ၏။ |
1,322,477 | Uncategorized | အာနာပါနဒီပနီ | ၁။ ရှေးရှေး၌ ပြုခဲ့ပြီးသော ကံဟောင်းကို အစွဲပြု၍ တစ်ကိုယ်လုံး၌ မြစ်ရေအယဉ်ကဲ့သို့ အစဉ်မပြတ် ခဏမစဲ တဖွားဖွား ဖြစ်ပေါ်၍နေသော ဓာတ်အမှုကြီး လေးပါးသည် ကံကြောင့်ဖြစ်သည့် လေးပါးမည်၏။ |
1,322,478 | Uncategorized | အာနာပါနဒီပနီ | ၂။ ထိုထိုခဏ၌ ဖြစ်ဆဲဖြစ်ဆဲသော ထိုထိုစိတ်ကို အစွဲပြု၍ သူ့စိတ်နှင့်သူ တဖွားဖွား ဖြစ်ပေါ်၍နေသော ဓာတ် အမှုကြီးလေးပါးသည် စိတ်ကြောင့်ဖြစ်သည့် လေး ပါးမည်၏။ |
1,322,479 | Uncategorized | အာနာပါနဒီပနီ | ၃- ၄။ ဥတု, အာဟာရတို့၌လည်း၊ ဤနည်းတူ တစ်နေ့ တစ်နေ့အဖို့တွင် ကိုယ်အင်္ဂါတို့၌ အေးမှု, ပူမှု-ဟူသော ထိုထိုဥတုအခိုက် အလှည့်ကိုစွဲ၍ သူ့ဥတုနှင့်သူ ဓာတ် အမှုကြီးလေးပါး တဖွားဖွားဖြစ်၍ နေမှုကိုလည်း ကောင်း သူ့အာဟာရ ဓာတ်ပွါးခိုက်ကို အစွဲပြု၍ သူ့ဓာတ်ကြီးလေးပါး တဖွားဖွားဖြစ်၍ နေမှုကိုလည်း ကောင်း ဝေဖန်၍ သိလေ။ |
1,322,480 | Uncategorized | အာနာပါနဒီပနီ | စိတ်ဓာတ်၌မူကား- ထွက်သက် ဝင်သက်ဟူသော အာရုံကိုလည်းကောင်း, မှီရာဝတ္ထုရုပ်ကိုလည်းကောင်း အစွဲပြု၍ သူ့ထွက်သက်နှင့် သူ့စိတ် သူ့ဝင်သက်နှင့်သူ့စိတ် နေခြည်မျှင် တံလှပ်မျှင်တို့ကဲ့သို့ အစဉ် ဖြစ်ပွါး၍နေသည်ကို သိလေ။ |
1,322,481 | Uncategorized | အာနာပါနဒီပနီ | ဤကား ဓာတ်အမှုကြီးငါးပါးတို့၏ ပဋိစ္စသမုပ္ပါဒ်အချက်တည်း၊ ဤပဋိစ္စသမုပ္ပါဒ်အချက်ကို ဉာဏ်အမြင်ပေါက်ခဲ့လျှင် ကင်္ခါဝိတရဏ ဝိသုဒ္ဓိ ပြီးစီးလေတော့သည်၊ နိစ္စ, အတ္တ, အထင်ကို လွန်နိုင်တော့သည်။ |
1,322,482 | Uncategorized | အာနာပါနဒီပနီ | ကင်္ခါဝိတရဏဝိသုဒ္ဓိ အစီအရင်ပြီး၏။ |
1,322,483 | Uncategorized | အာနာပါနဒီပနီ | ဝိပဿနာလမ်းသို့ တက်နည်း ပဓာနဓာတ်ကြီးငါးပါး |
1,322,484 | Uncategorized | အာနာပါနဒီပနီ | မြေဓာတ်, ရေဓာတ်, မီးဓာတ်, လေဓာတ်, စိတ်ဓာတ် ဟူ၍ ပဓာနဓာတ်ကြီးငါးပါး။ |
1,322,485 | Uncategorized | အာနာပါနဒီပနီ | - ကံ, စိတ်, ဥတု, အာဟာရဟူ၍ ရုပ်၏ဖြစ်ကြောင်း တရားလေးပါး။ |
1,322,486 | Uncategorized | အာနာပါနဒီပနီ | - ဝတ္ထု, အာရုံ ဟူ၍ နာမ်၏ဖြစ်ကြောင်းတရား နှစ်ပါး။ |
1,322,487 | Uncategorized | အာနာပါနဒီပနီ | ဤတရားအစုကို ရုပ်နာမ်နှစ်ပါးပြု၍ ထားပြီးလျှင် ထိုတရား တို့ကိုလည်းကောင်း, ထိုတရားတို့၏ဖြစ်မှု ပျက်မှုတို့ကိုလည်းကောင်း ဉာဏ်ဖြင့်စေ့စေ့ရှု၍ |
1,322,488 | Uncategorized | အာနာပါနဒီပနီ | “ရူပံ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ |
1,322,489 | Uncategorized | အာနာပါနဒီပနီ | အနတ္တာ အသာရကဋ္ဌေန”ဟူ၍ လက္ခဏာရေးသုံးပါးဖြင့် အဖန်ဖန်သုံးသပ်ခြင်းဟူသော ဝိပဿနာတရားကို အားထုတ်ရာ၏၊ ဤကား-“အနိစ္စာနုပဿီ အဿ သိဿာမီတိ သိက္ခတိ” ဟူသော ဤပါဠိတော်နည်းအားဖြင့် ထွက်သက် ဝင်သက်နှင့် ဖက်တွဲ၍ ဝိပဿနာလမ်းသို့ တက်ပုံအမြွက်တည်း။ |
1,322,490 | Uncategorized | အာနာပါနဒီပနီ | တစ်နည်းမူကား- ထွက်သက် ဝင်သက်ရှုမှုကို ဥပစာရကိစ္စပြု၍ မိမိ၌သိရင်းရှိနေသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ထို့အတူ ဉာဏ်ဖြင့် စေ့စေ့ရှု၍လည်း သုံးသပ်ရာ၏၊။ |
1,322,491 | Uncategorized | အာနာပါနဒီပနီ | ဥပစာရကိစ္စမှု ဆိုသည်ကားအချိန်နာရီထား၍ အားထုတ်သူတို့မှာ အလုပ်ခွင်သို့ ဝင်သောအခါ ဝင်တိုင်းဝင်တိုင်း စိတ်ကိုချုပ်တည်းခြင်းငှါ, တည်ငြိမ်စေခြင်းငှါ ရှေးဦးစွာ ထွက်သက် ဝင်သက်ကို ရှုမှုတည်း။ |
1,322,492 | Uncategorized | အာနာပါနဒီပနီ | စိတ်တည်ငြိမ်သောအခါမှ အလိုရှိရာ ခန္ဓာကို ရှုရာ၏။ |
1,322,493 | Uncategorized | အာနာပါနဒီပနီ | ဤကား-ဂဏနာအခန်းမှ ဝိပဿနာလမ်းသို့ တက်ရာ၌ အမြွက် မျှ ပြဆိုချက်တည်း၊ အပြည့်အစုံဖြစ်သော ဝိပဿနာလုပ်နည်း အစီအရင် ကိုမူကား--အာဟာရဒီပနီ, အနတ္တဒီပနီ စာအုပ်တို့မှာ ကြည့်ရှု၍ယူလေ။ |
1,322,494 | Uncategorized | အာနာပါနဒီပနီ | ဂဏနာအခန်းမှ ဝိပဿနာလမ်းသို့ |
1,322,495 | Uncategorized | အာနာပါနဒီပနီ | တက်နည်း အမြွက်ပြီး၏။ |
1,322,496 | Uncategorized | အာနာပါနဒီပနီ | ၁။ အနုဗန္ဓနာအခန်းမှ ဝိပဿနာလမ်းသို့ တက်နည်း၊ |
1,322,497 | Uncategorized | အာနာပါနဒီပနီ | ၂။ ဥပစာရသမာဓိဟူသော ထပနာအခန်းမှ ဝိပဿနာလမ်း သို့ တက်နည်း၊ |
1,322,498 | Uncategorized | အာနာပါနဒီပနီ | ၃။ အပ္ပနာသမာဓိဟူသော ထပနာလေးရပ်တို့တွင် ပထမ စျာန်မှ ဝိပဿနာလမ်းသို့ တက်နည်း၊ |
1,322,499 | Uncategorized | အာနာပါနဒီပနီ | ၄။ ဒုတိယစျာန်မှ ဝိပဿနာလမ်းသို့ တက်နည်း၊ |
1,322,500 | Uncategorized | အာနာပါနဒီပနီ | ၅။ တတိယစျာန်မှ ဝိပဿနာလမ်းသို့ တက်နည်း၊ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.