id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,322,601
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အာမနာကျောင်း ကျောက်စာ
၁၅ မ္လတ်သအက္လွတ်တရျာရလိုဝ်သတေ။
1,322,602
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အာမနာကျောင်း ကျောက်စာ
[ငါလည်း ရမ္မက်ကြီးသော မရောင့်ရဲတတ်သော၊ အမျက်ကြီးသော သူတစ်ထူးကိုညှဉ်းဆဲတတ်သော၊ ပညာမရှိသော မိုက်သော၊ ဝန်တိုသော အပေး အကမ်းမရှိသော၊ သစ္စာမရှိသော ပြက်တတ်သော၊ မေ့လျော့သော အောက်မေ့တသကင်းသော မဖြစ်မူ၍ ရမ္မက်နည်းသော ရောင့်ရဲလွယ်သော၊ အမျက်နည်း သော သနားတတ်သော၊ ပညာရှိသော အကြောင်း ကိုသိတတ်သော၊ ဝန်မတိုသော အပေးအကမ်းရှိ သော၊ သစ္စာရှိသေ...
1,322,603
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အာမနာကျောင်း ကျောက်စာ
[သက္ကရာဇ် ၆၃၀]
1,322,604
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အာမနာကျောင်း ကျောက်စာ
(ကျောဘက်) ၅“ဤငာလှူသောကောင်မှုကိုဝ် ခီပင်ပါသောသူကာ ငာနှအတူရစပါစေ၏၊ ဖျက်ဆီသသူကာ
1,322,605
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အာမနာကျောင်း ကျောက်စာ
၆ အဝီစိစသော ငရဲကြီး၈ထပ်၊ ငရဲ၁ဝဝအမ္လတ်လျင် ခံစေသတေ ညောင်ဦစသော သြေိပိစရာတိုင်ဩာင် သဲပုံမ်အတိုင်လျှင် ခံစေသတေ။
1,322,606
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အာမနာကျောင်း ကျောက်စာ
[ဤငါလှူသောကောင်းမှုကို ချီးပင့်ပါသောသူကား ငါ နှ(င့်)အတူ ရစပါစေ၏။
1,322,607
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အာမနာကျောင်း ကျောက်စာ
ဖျက်ဆီးသသူကား အဝီစိစသော ငရဲကြီးရှစ်ထပ်၊ ငရဲ ၁ဝဝ အမြတ်လျှင် ခံစေသတည်း။
1,322,608
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
အာမနာကျောင်း ကျောက်စာ
ညောင်ဦးစသော သီရိပစ္စရာတိုင်အောင် သဲပုံအတိုင်းလျှင် ခံစေသတည်း။
1,322,609
ဇာတ်နိပါတ်, မြန်မာဘာသာ
အာယာစိတဘတ္တဇာတ်
၉။ အာယာစိတဘတ္တဇာတ်
1,322,610
ဇာတ်နိပါတ်, မြန်မာဘာသာ
အာယာစိတဘတ္တဇာတ်
သတ္တဝါတို့ကိုသတ်၍ နတ်ပူဇော်ခြင်း၌ အကျိုးမရှိသည်ကို ပြခြင်းအကြောင်း
1,322,611
ဇာတ်နိပါတ်, မြန်မာဘာသာ
အာယာစိတဘတ္တဇာတ်
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သစေ မုစ္စေ ပေစ္စ မုစ္စေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အာယာစိတဘတ္တဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် နတ်တို့အား တောင်းပန်ခြင်း ရှိခိုးပူဇော်ခြင်းအမှုကို အကြောင်းပြု၍ ဟောတော်မူ၏။
1,322,612
ဇာတ်နိပါတ်, မြန်မာဘာသာ
အာယာစိတဘတ္တဇာတ်
ထိုအခါ လူတို့သည် ကုန်သွယ်အံ့သောငှာ သွားကုန်လတ်သည်ရှိသော် သတ္တဝါတို့ကို သတ်ကုန်၍ နတ်တို့အား ပူဇော်ခြင်းအမှုကို ပြုကုန်၍ အကျွန်ုပ်တို့သည် အန္တရာယ်မရှိသဖြင့် အကျိုး၏ပြီးခြင်းသို့ ရောက်ကုန်သည်ရှိသော် လာကုန်၍ တဖန် ရှင်နတ်မင်းတို့အား ပူဇော်ပါကုန်အံ့ဟု တောင်းပန်ကုန်၍ သွားကြကုန်၏။
1,322,613
ဇာတ်နိပါတ်, မြန်မာဘာသာ
အာယာစိတဘတ္တဇာတ်
ထိုကုန်သွယ်ခြင်းအမှု၌ အန္တရာယ်မရှိသဖြင့် အကျိုးပြီးခြင်းသို့ ရောက်လတ်သော် လာလတ်ကုန်၍ နတ်တို့၏ အာနုဘော်ကြောင့် ဤအကျိုးပြီးခြင်းသည် ဖြစ်၏ဟု ထင်မှတ်ရကား များစွာသော သတ္တဝါတို့ကို သတ်ကုန်၍ တောင်းပန်ခြင်းမှ လွတ်စိမ့်သောငှါ ပူဇော်ခြင်းအမှုကို ပြုကုန်၏။
1,322,614
ဇာတ်နိပါတ်, မြန်မာဘာသာ
အာယာစိတဘတ္တဇာတ်
ရဟန်းတို့သည် ထိုအမှုကို မြင်ကုန်၍ ဘုန်းတော်ကြီး အရှင်ဘုရား ဤသတ္တဝါတို့ကိုသတ်၍ နတ်အား ပူဇော်သောအမှုကို ပြုရာ၌ အကျိုးရှိသလောဟု မြတ်စွာဘုရားအား လျှောက်ကုန်၏။
1,322,615
ဇာတ်နိပါတ်, မြန်မာဘာသာ
အာယာစိတဘတ္တဇာတ်
သဗ္ဗညူမြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၏။
1,322,616
ဇာတ်နိပါတ်, မြန်မာဘာသာ
အာယာစိတဘတ္တဇာတ်
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ကာသိတိုင်း တခုသောရွာငယ်၏ တံခါး၌နေသော သူကြွယ်သည် ပညောင်ပင်စောင့်နတ်အား ပူဇော်ခြင်းအမှုကိုဝန်ခံ၍ အန္တရာယ်မရှိသဖြင့် လာလတ်၍ များကုန်သော သတ္တဝါတို့ကိုသတ်၍ ဝန်ခံခြင်းမှလွတ်စေအံ့ဟု ပညောင်ပင်ရင်းသို့လာ၏။
1,322,617
ဇာတ်နိပါတ်, မြန်မာဘာသာ
အာယာစိတဘတ္တဇာတ်
ရုက္ခဇိုဝ်းနတ်သည် ပညောင်ခွ၌ ရပ်၍-
1,322,618
ဇာတ်နိပါတ်, မြန်မာဘာသာ
အာယာစိတဘတ္တဇာတ်
၁၉။ သစေ မုစ္စ ပေစ္စ မုစ္စေ၊ မုစ္စမာနော ဟိ ဗဇ္စျတိ။
1,322,619
ဇာတ်နိပါတ်, မြန်မာဘာသာ
အာယာစိတဘတ္တဇာတ်
န ဟေဝံ ဓီရာ မုစ္စန္တိ၊ မုတ္တိ ဗာလဿ ဗန္ဓနံ။
1,322,620
ဇာတ်နိပါတ်, မြန်မာဘာသာ
အာယာစိတဘတ္တဇာတ်
၁၉။ ဘော ပုရိသ၊ အိုအချင်းယောက်ျား။
1,322,621
ဇာတ်နိပါတ်, မြန်မာဘာသာ
အာယာစိတဘတ္တဇာတ်
သစေ မုစ္စေ၊ အကယ်၍ ဝန်ခံခြင်းမှ လွတ်လိုအံ့။
1,322,622
ဇာတ်နိပါတ်, မြန်မာဘာသာ
အာယာစိတဘတ္တဇာတ်
မုစ္စေ၊ လွတ်အောင်ပြုရာ၏။
1,322,623
ဇာတ်နိပါတ်, မြန်မာဘာသာ
အာယာစိတဘတ္တဇာတ်
မုစ္စမာနော၊ ပါဏာတိပါတကိုပြု၍ ဝန်ခံခြင်းမှ လွတ်စေလိုသော သူကို။
1,322,624
ဇာတ်နိပါတ်, မြန်မာဘာသာ
အာယာစိတဘတ္တဇာတ်
ဗဇ္စျတိ၊ မကောင်းမှုသည် မိ၏။
1,322,625
ဇာတ်နိပါတ်, မြန်မာဘာသာ
အာယာစိတဘတ္တဇာတ်
န မုစ္စန္တိ၊ ဝန်ခံခြင်းကို မဖြေကုန်။
1,322,626
ဇာတ်နိပါတ်, မြန်မာဘာသာ
အာယာစိတဘတ္တဇာတ်
မုတ္တိ၊ ပါဏာတိပါတကိုပြု၍ ဝန်ခံခြင်းမှ လွတ်စေခြင်းသည်ကား။
1,322,627
ဇာတ်နိပါတ်, မြန်မာဘာသာ
အာယာစိတဘတ္တဇာတ်
ဗန္ဓနံ၊ မကောင်းမှုဖြင့် မိသည်။
1,322,628
ဇာတ်နိပါတ်, မြန်မာဘာသာ
အာယာစိတဘတ္တဇာတ်
ဘုရားလောင်း ရုက္ခဇိုဝ်းနတ်သည် ဤသို့ ဟော၏။
1,322,629
ဇာတ်နိပါတ်, မြန်မာဘာသာ
အာယာစိတဘတ္တဇာတ်
ထိုအခါမှစ၍ လူတို့သည် ပါဏာတိပါတမှ ကြဉ်ကုန်လျက် တရားကို ကျင့်ကုန်၍ နတ်ပြည်ကို ပြည့်စေကုန်၏။
1,322,630
ဇာတ်နိပါတ်, မြန်မာဘာသာ
အာယာစိတဘတ္တဇာတ်
ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဘုရားသည် ထိုအခါ ရုက္ခဇိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
1,322,631
ဇာတ်နိပါတ်, မြန်မာဘာသာ
အာယာစိတဘတ္တဇာတ်
ပါဏာတိပါတ်၊ သူ့သက်သတ်၊ ယဇ်နတ်ပူဇော် ခံဘို့မြှော် ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော အာယာစိတဘတ္တဇာတ်သည်ပြီး၏။
1,322,632
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
သဟဿဝဂ် ၈။
1,322,633
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
အာယုဝဍ္ဎနသတို့သားဝတ္ထု
1,322,634
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
အဘိဝါဒနသီလိဿအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဒီဃလင်္ဃိကမြို့ကို အမှီပြု၍ အရညကုဋိခေါ် တောကျောင်း၌ နေတော်မူစဉ် ဒီဃာယုသတို့သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။
1,322,635
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
အစိုးရိမ်လွန်သူ ပုဏ္ဏား
1,322,636
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ဒီဃလင်္ဃိကမြို့နေ ပုဏ္ဏားနှစ်ယောက်တို့သည် သာသနာပ ရသေ့ရဟန်းအဖြစ်ဖြင့် ရဟန်းပြု၍ လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး တပစရဏမည်သော ကိလေသာခေါင်းပါးအောင် သာသနာပပုဂ္ဂိုလ်တို့ကျင့်သော အကျင့်ကို ကျင့်ကြကုန်သတတ်။
1,322,637
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ထိုပုဏ္ဏားနှစ်ယောက်တို့တွင် တစ်ယောက်သော ပုဏ္ဏားသည် “ငါ၏အဆက်အနွယ်သည် ပျောက်ပျက်ပေတော့လတ္တံ့ ၊ လူထွက်ဦးမည်”ဟု ကြံဆင်ခြင်၍ မိမိကျင့်အပ်သောအကျင့်ကို သူတစ်ပါးတို့အား ရောင်းချသည်ရှိသော် နွားတရာနှင့်လည်းကောင်း အသပြာတစ်ရာနှင့်လည်းကောင်း အတူတကွ မယားကိုရသဖြင့် ပစ္စည်းဥစ္စာ ကောင်းစွာ စုဆောင်းမိလေ၏။
1,322,638
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ထို့နောက် ထိုပုဏ္ဏား၏မယားသည် သားယောက်ျားကလေးကို ဖွားမြင်လေ၏။
1,322,639
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
၎င်း၏အဖော်ဖြစ်သော ပုဏ္ဏားရသေ့သည်ကား အရပ်တစ်ပါးသို့သွား၍ တစ်ဖန် ထိုဒီဃလင်္ဃိကမြို့သို့ ပြန်ရောက်လာ၏။
1,322,640
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ထိုပုဏ္ဏားသည် အဆွေခင်ပွန်း ပုဏ္ဏားရသေ့ ပြန်လာသည့်အဖြစ်ကို ကြားရလျှင် သားမယားကိုခေါ်လျှက် ဖူးမြင်ခြင်းငှာ ရောက်သွားလေ၏။
1,322,641
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ရောက်သွားသဖြင့် သားကို မိခင်၏လက်၌ပေးထား၍ ကိုယ်တိုင် ရှေးဦးစွာ ရှိခိုး၏။
1,322,642
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
မိခင်သည်လည်း သားကို ဖခင်လက်၌ပေး၍ ကိုယ်တိုင်ရှိခိုး၏။
1,322,643
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ထိုရသေ့သည် “ဒီဃာယုကာ ဟောထ။
1,322,644
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ဒီဃာယုကာ၊ ရှည်သောအသက် ရှိကြကုန်သည်။
1,322,645
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ဟောထ၊ ဖြစ်ကြစေ”ဟု ဆုပေးစကား ဆိုလေ၏။
1,322,646
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
သားငယ်ကို ရှိခိုးစေသည်ရှိသော်ကား ဆိတ်ဆိတ်နေလေ၏။
1,322,647
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
(မြေကြီးကုန်သွားမည်စိုးသဖြင့် တီကောင်တို့သည် စားပြီးလျှင် ပြန်ထွေးကြသည်။
1,322,648
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
မိုးပြိုမည်စိုးသဖြင့် တစ်တီတူးငှက်တို့သည် ခြေမိုးထောင်၍ ပက်လက်အိပ်ကြသည်။
1,322,649
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ရေကုန်သွားမည်စိုးသဖြင့် ကြိုးကြာတို့ ရေမသောက်ကြကုန်။
1,322,650
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
မျိုးနွယ်ဆက် ပျောက်ပျက်မည်စိုးသဖြင့် တရားကျင့်သောပုဏ္ဏားတို့ အကျင့်စွန့်၍ အိမ်ထောင်ပြုကြသည်။
1,322,651
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
အစိုးရိမ်လွန်သော တွေဝေသူ လေးယောက်။
1,322,652
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
မြေပြိုမည်စိုးသဖြင့် ဆင် ဖြည်းညင်းစွာ နင်းသည်ဟူ၍လည်း ဆိုကြသေး၏။
1,322,653
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
) အန္တရာယ်ရှိ၍ ဆုမပေး
1,322,654
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ထိုအခါ ရသေ့ကို “အရှင်ဘုရား- အဘယ့်ကြောင့် တပည့်တော်တို့ ရှိခိုးသည်ရှိသော် ဒီဃာယုကာ ဟောထဟူသော ဆုကိုပေးလျက် ဤသားငယ်၏ ရှိခိုးသောအခါ တစ်စုံတစ်ခု မဆိုကြပါကုန်သနည်း”ဟု ဆို၍ “ဤသားငယ်အား အန္တရာယ်ရှိပါသလော”ဟု မေးလျှောက်၏။
1,322,655
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
“ဒါယကာပုဏ္ဏား- ဤသူငယ်အား အန္တရာယ်ရှိ၏”ဟု ဆိုလျှင် “အရှင်ဘုရား- အဘယ်မျှလောက် အသက်ရှည်ပါအံ့နည်း”ဟု မေးပြန်လေ၏။
1,322,656
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
“ဒါယကာပုဏ္ဏား- ခုနစ်ရက်မျှ အသက်ရှည်လတ္တံ့”ဟု ဆိုလျှင် “အရှင်ဘုရား- တားမြစ်အံ့သောအကြောင်း ရှိပါသလော”ဟု မေးပြန်လေ၏။
1,322,657
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
“ငါကား ထိုတားမြစ်အံ့သောအကြောင်းကို မသိ”ဟု ဆိုလျှင် “အရှင်ဘုရား- အဘယ်သူ သိနိုင်ပါအံ့နည်း”ဟု မေးပြန်လေ၏။
1,322,658
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
“ရဟန်းဂေါတမသည် သိနိုင်ရာ၏၊ ထိုရဟန်းဂေါတမထံသို့ သွား၍ မေးလော့”ဟု ပြောဆိုလျှင် မြတ်စွာဘုရားအထံသို့ သွားသည်ရှိသော် ပုဏ္ဏားသည် “အကျင့်၏ ဆုတ်ယုတ်အံ့သည်မှ ကြောက်လှပါသည်”ဟု ဆိုလေ၏။
1,322,659
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
“သင့်သား၌ ချစ်ခြင်း အကယ်၍ ရှိသည်ဖြစ်အံ့၊ အကျင့်ဆုတ်ယုတ်ခြင်းကို မကြံစည်ဘဲ ရဟန်းဂေါတမအထံသို့သွား၍ မေးသာမေးလော့”ဟု ဆိုလျှင် ထိုပုဏ္ဏားသည် ဘုရားအထံသို့သွား၍ မိမိကိုယ်တိုင် ရှေးဦးစွာ ရှိခိုးလေ၏။
1,322,660
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
မြတ်စွာဘုရားသည် “ဒီဃာယုကော ဟောဟိ။
1,322,661
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ဒီဃာယုကော၊ ရှည်သောအသက်ရှိသည်။
1,322,662
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ဟောဟိ၊ ဖြစ်စေ”ဟု ဆုပေးစကား မိန့်ဆိုတော်မူလေ၏။
1,322,663
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
မယားရှိခိုးသောအခါ၌လည်း ထိုမိန်းမအား ထို့အတူ ဆုပေးစကားဆို၍ သားငယ်ရှိခိုးသောအခါ ဆိတ်ဆိတ်သာလျှင် နေတော်မူလေ၏။
1,322,664
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ပုဏ္ဏားသည် ရှေးနည်းဖြင့်သာလျှင် မြတ်စွာဘုရားကို မေးလျှောက်လေ၏။
1,322,665
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ဘုရားရှင်လည်း ထို့အတူသာလျှင် ဖြေကြားတော်မူ၏။
1,322,666
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
(ထိုရသေ့ပုဏ္ဏားသည် သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်း၍ မသိနိုင်သော်လည်း မိမိ၏ မန္တန်ပညာကို သဗ္ဗညုတဉာဏ်တော်ဖြင့် နှီးနှောမိစေ၏။
1,322,667
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
အန္တရာယ်ကို တားမြစ်ခြင်းအကြောင်းကိုကား မသိ။
1,322,668
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
) ပရိတ်ရွတ်၍ ဘီလူးအန္တရာယ် ကာကွယ်
1,322,669
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ပုဏ္ဏားသည် ဘုရားရှင်ကို “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အန္တရာယ်ကို တားမြစ်နိုင်အံ့သော အကြောင်းရှိပါသလားဘုရား”ဟု မေးလျှောက်လေ၏။
1,322,670
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
“ပုဏ္ဏားကြီး ဖြစ်နိုင်ရာ၏”ဟု မိန့်တော်မူလျှင် “အဘယ်သို့ပြုမှ ဖြစ်နိုင်ရာသနည်းဘုရား”ဟု မေးလျှောက်လေ၏။
1,322,671
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
“သင်သည် မိမိ၏အိမ်တံခါး၌ မဏ္ဍပ်ကို ဆောက်လုပ်၍ ထိုမဏ္ဍပ်၏အလယ်၌ အင်းပျဉ်ကိုခင်း၍ ထိုအင်းပျဉ်ကို ခြံရံလျက် ရှစ်ခုဖြစ်စေ၊ တစ်ဆယ့်ခြောက်ခုဖြစ်စေ နေရာတို့ကို ခင်းစေသဖြင့် ထိုနေရာတို့၌ ငါ၏ တပည့်သားဖြစ်ကုန်သော ရဟန်းတော်တို့ကို သီတင်းသုံးနေစေပြီးလျှင် ခုနစ်ရက်ပတ်လုံး မပြတ် ပရိတ်အရံအတား ပြုစိမ့်သောငှာ အကယ်၍ တတ်နိုင်သည်ဖြစ်အံ့၊ ဤသ...
1,322,672
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
“သင်သည် ဤမျှလောက်ကို ပြုသည်ရှိသော် ငါဘုရားသည် ငါ့တပည့် ရဟန်းတော်တို့ကို စေလွှတ်ပေအံ့”ဟု မိန့်တော်မူလျှင် “အိုရှင်ကြီးဂေါတမ- ကောင်းလှပါပြီ”ဟု ဝမ်းမြောက်ဝမ်းသာ ဝန်ခံ၍ ပုဏ္ဏားကြီးသည် မိမိ၏ အိမ်တံခါး၌ အလုံးစုံသောကိစ္စကို ပြီးဆုံးအောင်ပြုပြီးလျှင် မြတ်စွာဘုရားထံတော်သို့ သွားလေ၏။
1,322,673
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ဘုရားရှင်သည် ရဟန်းတော်တို့ကို စေလွှတ်တော်မူလေ၏။
1,322,674
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ရဟန်းတော်တို့သည် သွား၍ ထိုနေရာတို့၌ နေထိုင်ကြကုန်၏။
1,322,675
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
သူငယ်ကိုလည်း အင်းပျဉ်ထက်၌ အိပ်စေကြကုန်၏။
1,322,676
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ရဟန်းတော်တို့သည် ခုနစ်ခုသော ညဉ့်တို့ပတ်လုံး မပြတ် ပရိတ်ရွတ်ကြလေကုန်၏။
1,322,677
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ခုနစ်ရက်မြောက်သောနေ့၌ မြတ်စွာဘုရားသည် ကိုယ်တော်တိုင်ကြွလာတော်မူ၏။
1,322,678
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ဤသို့ မြတ်စွာဘုရား ကြွလာတော်မူသည်ရှိသော် စကြဝဠာ၌နေကုန်သော အလုံးစုံသော နတ်တို့သည် စည်းဝေး ရောက်လာကြကုန်၏။
1,322,679
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
အဝရုဒ္ဓကဟု အမည်ရှိသော ဘီလူးတစ်ယောက်သည် တစ်ဆယ့်နှစ်နှစ်ပတ်လုံး ဝေဿဝဏ်နတ်မင်းကြီးကို လုပ်ကျွေးခစားသဖြင့် ထိုဝေဿဝဏ်နတ်မင်းထံမှ ဆုရသည်ရှိသော် “ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ ဤသူငယ်ကို ယူလေလော့”ဟူသော ဆုကို ရလေ၏။
1,322,680
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ထို့ကြောင့် အဝရုဒ္ဓကဘီလူးသည်လည်း လာ၍ ရပ်တည်နေလေ၏။
1,322,681
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
မြတ်စွာဘုရားသည် ထိုအရပ်သို့ ကြွရောက်တော်မူသည်ရှိသော် တန်ခိုးကြီးသော နတ်တို့သည် စည်းဝေးကြကုန်၏။
1,322,682
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
တန်ခိုးကြီးသောနတ်တို့သည် စည်းဝေးကြကုန်သည်ရှိသော် တန်ခိုးနည်းသောနတ်တို့ နောက်ဆုတ်၍, နောက်ဆုတ်၍ နေရာအရပ်ကို မရကြကုန်သဖြင့် တစ်ဆယ့်နှစ်ယူဇနာတိုင်အောင် ဖဲသွားကြရလေကုန်၏။
1,322,683
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
အဝရုဒ္ဓကဘီလူးသည်လည်း ထိုတစ်ဆယ့်နှစ်ယူဇနာသို့သာ ဖဲသွားရလေ၏။
1,322,684
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ဘုရားရှင်သည်လည်း တစ်ညဉ့်ပတ်လုံး ပရိတ်အရံအတား ပြုတော်မူလေ၏။
1,322,685
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
အာယုဝဍ္ဎန အမည်ရပုံ
1,322,686
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ခုနှစ်ရက်လွန်လတ်သည်ရှိသော် အဝရုဒ္ဓကဘီလူးသည် သူငယ်ကို မရနိုင်။
1,322,687
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ရှစ်ရက်မြောက်သောနေ့ အရုဏ်တက်ကာမျှ၌ သူငယ်ကိုဆောင်ယူ၍ မြတ်စွာဘုရားကို ရှိခိုးစေကြကုန်၏။
1,322,688
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ဘုရားရှင်သည် “ဒီဃာယုကော ဟောဟိ။
1,322,689
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
တွံ၊ သင်သတို့သားငယ်သည်။
1,322,690
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ဟောဟိ၊ ဖြစ်စေ”ဟု ဆုပေးတော်မူလေ၏။
1,322,691
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
“အိုရှင်ကြီးဂေါတမ- ဤသူငယ်ကား အဘယ်မျှ ကာလကြာအောင် တည်နိုင်ပါအံ့နည်း၊ အသက်ရှည်ပါအံ့နည်းဘုရား”ဟု လျှောက်ကြားသည်ရှိသော် “အိုပုဏ္ဏားကြီး- အသက် တစ်ရာ့နှစ်ဆယ်ပတ်လုံး တည်လတ္တံ့”ဟု မိန့်တော်မူသဖြင့် ထိုအခါ သူငယ်အား “အာယုဝဍ္ဎနသတို့သား” ဟူသောအမည်ကို မှည့်ကြလေကုန်၏။
1,322,692
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ဤအာယုဝဍ္ဎန သတို့သားသည် ကြီးရင့်ခြင်းသို့ ရောက်လတ်သော် သီတင်းသည် ဥပါသကာ ငါးရာတို့ဖြင့် ခြံရံလျက် လှည့်လည်သွားလာကာနေလေ၏။
1,322,693
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ထိုအခါ တစ်နေ့သ၌ တရားသဘင်ဝယ် ရဟန်းတို့သည် “ငါ့ရှင်တို့- မြင်ကြကုန်၏လော၊ အာယုဝဍ္ဎန သတို့သားသည် ခုနှစ်ရက်မြောက်သောနေ့၌ သေထိုက်သူဖြစ်၏။
1,322,694
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ထိုသူသည် ယခုအခါ အသက်တစ်ရာ့နှစ်ဆယ် တည်နိုင်လိမ့်မည်ဖြစ်၍ သီတင်းသည် ဥပါသကာငါးရာတို့ဖြင့် ခြံရံလျက် လှည့်လည်လေ၏၊ ဤသတ္တဝါတို့အား အသက်ရှည်နိုင်ခြင်း အကြောင်းသည် ရှိယောင်တကား”ဟု စကားကို ပြောဆိုကြလေကုန်၏။
1,322,695
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- သက်သက် အသက်ရှည်ခြင်းတစ်ခုသာ မဟုတ်သေး၊ ဤသတ္တဝါတို့သည် ဂုဏ်ရှိသောသူတို့ကို ရှိခိုးကြကုန်သည်ရှိသော် လေးပါးသောအကြောင်းတို့ဖြင့...
1,322,696
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ဘေးရန်မှ လွတ်နိုင်ကြကုန်၏၊ အသက်အတိုင်းသာလျှင် တည်နိုင်ကြကုန်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။
1,322,697
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ဒေသနာတော် [၁၀၉] အဘိဝါဒနသီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။
1,322,698
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။
1,322,699
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
အဘိဝါဒနသီလိဿ၊ ရိုသေစွာ ရှိခိုးလေ့ရှိသော။
1,322,700
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
အာယုဝဍ္ဎနကုမာရဝတ္ထု
ဝုဍ္ဎာပစာယိနော၊ အသက်သိက္ခာ ဂုဏ်ဝါအားဖြင့် ကြီးသောသူတို့ကို အရိုအသေပြုခြင်းရှိသော။