id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,322,601 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အာမနာကျောင်း ကျောက်စာ | ၁၅ မ္လတ်သအက္လွတ်တရျာရလိုဝ်သတေ။ |
1,322,602 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အာမနာကျောင်း ကျောက်စာ | [ငါလည်း ရမ္မက်ကြီးသော မရောင့်ရဲတတ်သော၊ အမျက်ကြီးသော သူတစ်ထူးကိုညှဉ်းဆဲတတ်သော၊ ပညာမရှိသော မိုက်သော၊ ဝန်တိုသော အပေး အကမ်းမရှိသော၊ သစ္စာမရှိသော ပြက်တတ်သော၊ မေ့လျော့သော အောက်မေ့တသကင်းသော မဖြစ်မူ၍ ရမ္မက်နည်းသော ရောင့်ရဲလွယ်သော၊ အမျက်နည်း သော သနားတတ်သော၊ ပညာရှိသော အကြောင်း ကိုသိတတ်သော၊ ဝန်မတိုသော အပေးအကမ်းရှိ သော၊ သစ္စာရှိသေ... |
1,322,603 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အာမနာကျောင်း ကျောက်စာ | [သက္ကရာဇ် ၆၃၀] |
1,322,604 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အာမနာကျောင်း ကျောက်စာ | (ကျောဘက်) ၅“ဤငာလှူသောကောင်မှုကိုဝ် ခီပင်ပါသောသူကာ ငာနှအတူရစပါစေ၏၊ ဖျက်ဆီသသူကာ |
1,322,605 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အာမနာကျောင်း ကျောက်စာ | ၆ အဝီစိစသော ငရဲကြီး၈ထပ်၊ ငရဲ၁ဝဝအမ္လတ်လျင် ခံစေသတေ ညောင်ဦစသော သြေိပိစရာတိုင်ဩာင် သဲပုံမ်အတိုင်လျှင် ခံစေသတေ။ |
1,322,606 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အာမနာကျောင်း ကျောက်စာ | [ဤငါလှူသောကောင်းမှုကို ချီးပင့်ပါသောသူကား ငါ နှ(င့်)အတူ ရစပါစေ၏။ |
1,322,607 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အာမနာကျောင်း ကျောက်စာ | ဖျက်ဆီးသသူကား အဝီစိစသော ငရဲကြီးရှစ်ထပ်၊ ငရဲ ၁ဝဝ အမြတ်လျှင် ခံစေသတည်း။ |
1,322,608 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | အာမနာကျောင်း ကျောက်စာ | ညောင်ဦးစသော သီရိပစ္စရာတိုင်အောင် သဲပုံအတိုင်းလျှင် ခံစေသတည်း။ |
1,322,609 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာယာစိတဘတ္တဇာတ် | ၉။ အာယာစိတဘတ္တဇာတ် |
1,322,610 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာယာစိတဘတ္တဇာတ် | သတ္တဝါတို့ကိုသတ်၍ နတ်ပူဇော်ခြင်း၌ အကျိုးမရှိသည်ကို ပြခြင်းအကြောင်း |
1,322,611 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာယာစိတဘတ္တဇာတ် | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သစေ မုစ္စေ ပေစ္စ မုစ္စေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အာယာစိတဘတ္တဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် နတ်တို့အား တောင်းပန်ခြင်း ရှိခိုးပူဇော်ခြင်းအမှုကို အကြောင်းပြု၍ ဟောတော်မူ၏။ |
1,322,612 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာယာစိတဘတ္တဇာတ် | ထိုအခါ လူတို့သည် ကုန်သွယ်အံ့သောငှာ သွားကုန်လတ်သည်ရှိသော် သတ္တဝါတို့ကို သတ်ကုန်၍ နတ်တို့အား ပူဇော်ခြင်းအမှုကို ပြုကုန်၍ အကျွန်ုပ်တို့သည် အန္တရာယ်မရှိသဖြင့် အကျိုး၏ပြီးခြင်းသို့ ရောက်ကုန်သည်ရှိသော် လာကုန်၍ တဖန် ရှင်နတ်မင်းတို့အား ပူဇော်ပါကုန်အံ့ဟု တောင်းပန်ကုန်၍ သွားကြကုန်၏။ |
1,322,613 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာယာစိတဘတ္တဇာတ် | ထိုကုန်သွယ်ခြင်းအမှု၌ အန္တရာယ်မရှိသဖြင့် အကျိုးပြီးခြင်းသို့ ရောက်လတ်သော် လာလတ်ကုန်၍ နတ်တို့၏ အာနုဘော်ကြောင့် ဤအကျိုးပြီးခြင်းသည် ဖြစ်၏ဟု ထင်မှတ်ရကား များစွာသော သတ္တဝါတို့ကို သတ်ကုန်၍ တောင်းပန်ခြင်းမှ လွတ်စိမ့်သောငှါ ပူဇော်ခြင်းအမှုကို ပြုကုန်၏။ |
1,322,614 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာယာစိတဘတ္တဇာတ် | ရဟန်းတို့သည် ထိုအမှုကို မြင်ကုန်၍ ဘုန်းတော်ကြီး အရှင်ဘုရား ဤသတ္တဝါတို့ကိုသတ်၍ နတ်အား ပူဇော်သောအမှုကို ပြုရာ၌ အကျိုးရှိသလောဟု မြတ်စွာဘုရားအား လျှောက်ကုန်၏။ |
1,322,615 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာယာစိတဘတ္တဇာတ် | သဗ္ဗညူမြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၏။ |
1,322,616 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာယာစိတဘတ္တဇာတ် | အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ကာသိတိုင်း တခုသောရွာငယ်၏ တံခါး၌နေသော သူကြွယ်သည် ပညောင်ပင်စောင့်နတ်အား ပူဇော်ခြင်းအမှုကိုဝန်ခံ၍ အန္တရာယ်မရှိသဖြင့် လာလတ်၍ များကုန်သော သတ္တဝါတို့ကိုသတ်၍ ဝန်ခံခြင်းမှလွတ်စေအံ့ဟု ပညောင်ပင်ရင်းသို့လာ၏။ |
1,322,617 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာယာစိတဘတ္တဇာတ် | ရုက္ခဇိုဝ်းနတ်သည် ပညောင်ခွ၌ ရပ်၍- |
1,322,618 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာယာစိတဘတ္တဇာတ် | ၁၉။ သစေ မုစ္စ ပေစ္စ မုစ္စေ၊ မုစ္စမာနော ဟိ ဗဇ္စျတိ။ |
1,322,619 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာယာစိတဘတ္တဇာတ် | န ဟေဝံ ဓီရာ မုစ္စန္တိ၊ မုတ္တိ ဗာလဿ ဗန္ဓနံ။ |
1,322,620 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာယာစိတဘတ္တဇာတ် | ၁၉။ ဘော ပုရိသ၊ အိုအချင်းယောက်ျား။ |
1,322,621 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာယာစိတဘတ္တဇာတ် | သစေ မုစ္စေ၊ အကယ်၍ ဝန်ခံခြင်းမှ လွတ်လိုအံ့။ |
1,322,622 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာယာစိတဘတ္တဇာတ် | မုစ္စေ၊ လွတ်အောင်ပြုရာ၏။ |
1,322,623 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာယာစိတဘတ္တဇာတ် | မုစ္စမာနော၊ ပါဏာတိပါတကိုပြု၍ ဝန်ခံခြင်းမှ လွတ်စေလိုသော သူကို။ |
1,322,624 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာယာစိတဘတ္တဇာတ် | ဗဇ္စျတိ၊ မကောင်းမှုသည် မိ၏။ |
1,322,625 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာယာစိတဘတ္တဇာတ် | န မုစ္စန္တိ၊ ဝန်ခံခြင်းကို မဖြေကုန်။ |
1,322,626 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာယာစိတဘတ္တဇာတ် | မုတ္တိ၊ ပါဏာတိပါတကိုပြု၍ ဝန်ခံခြင်းမှ လွတ်စေခြင်းသည်ကား။ |
1,322,627 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာယာစိတဘတ္တဇာတ် | ဗန္ဓနံ၊ မကောင်းမှုဖြင့် မိသည်။ |
1,322,628 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာယာစိတဘတ္တဇာတ် | ဘုရားလောင်း ရုက္ခဇိုဝ်းနတ်သည် ဤသို့ ဟော၏။ |
1,322,629 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာယာစိတဘတ္တဇာတ် | ထိုအခါမှစ၍ လူတို့သည် ပါဏာတိပါတမှ ကြဉ်ကုန်လျက် တရားကို ကျင့်ကုန်၍ နတ်ပြည်ကို ပြည့်စေကုန်၏။ |
1,322,630 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာယာစိတဘတ္တဇာတ် | ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဘုရားသည် ထိုအခါ ရုက္ခဇိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။ |
1,322,631 | ဇာတ်နိပါတ်, မြန်မာဘာသာ | အာယာစိတဘတ္တဇာတ် | ပါဏာတိပါတ်၊ သူ့သက်သတ်၊ ယဇ်နတ်ပူဇော် ခံဘို့မြှော် ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော အာယာစိတဘတ္တဇာတ်သည်ပြီး၏။ |
1,322,632 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | သဟဿဝဂ် ၈။ |
1,322,633 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | အာယုဝဍ္ဎနသတို့သားဝတ္ထု |
1,322,634 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | အဘိဝါဒနသီလိဿအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဒီဃလင်္ဃိကမြို့ကို အမှီပြု၍ အရညကုဋိခေါ် တောကျောင်း၌ နေတော်မူစဉ် ဒီဃာယုသတို့သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။ |
1,322,635 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | အစိုးရိမ်လွန်သူ ပုဏ္ဏား |
1,322,636 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ဒီဃလင်္ဃိကမြို့နေ ပုဏ္ဏားနှစ်ယောက်တို့သည် သာသနာပ ရသေ့ရဟန်းအဖြစ်ဖြင့် ရဟန်းပြု၍ လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး တပစရဏမည်သော ကိလေသာခေါင်းပါးအောင် သာသနာပပုဂ္ဂိုလ်တို့ကျင့်သော အကျင့်ကို ကျင့်ကြကုန်သတတ်။ |
1,322,637 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ထိုပုဏ္ဏားနှစ်ယောက်တို့တွင် တစ်ယောက်သော ပုဏ္ဏားသည် “ငါ၏အဆက်အနွယ်သည် ပျောက်ပျက်ပေတော့လတ္တံ့ ၊ လူထွက်ဦးမည်”ဟု ကြံဆင်ခြင်၍ မိမိကျင့်အပ်သောအကျင့်ကို သူတစ်ပါးတို့အား ရောင်းချသည်ရှိသော် နွားတရာနှင့်လည်းကောင်း အသပြာတစ်ရာနှင့်လည်းကောင်း အတူတကွ မယားကိုရသဖြင့် ပစ္စည်းဥစ္စာ ကောင်းစွာ စုဆောင်းမိလေ၏။ |
1,322,638 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ထို့နောက် ထိုပုဏ္ဏား၏မယားသည် သားယောက်ျားကလေးကို ဖွားမြင်လေ၏။ |
1,322,639 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ၎င်း၏အဖော်ဖြစ်သော ပုဏ္ဏားရသေ့သည်ကား အရပ်တစ်ပါးသို့သွား၍ တစ်ဖန် ထိုဒီဃလင်္ဃိကမြို့သို့ ပြန်ရောက်လာ၏။ |
1,322,640 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ထိုပုဏ္ဏားသည် အဆွေခင်ပွန်း ပုဏ္ဏားရသေ့ ပြန်လာသည့်အဖြစ်ကို ကြားရလျှင် သားမယားကိုခေါ်လျှက် ဖူးမြင်ခြင်းငှာ ရောက်သွားလေ၏။ |
1,322,641 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ရောက်သွားသဖြင့် သားကို မိခင်၏လက်၌ပေးထား၍ ကိုယ်တိုင် ရှေးဦးစွာ ရှိခိုး၏။ |
1,322,642 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | မိခင်သည်လည်း သားကို ဖခင်လက်၌ပေး၍ ကိုယ်တိုင်ရှိခိုး၏။ |
1,322,643 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ထိုရသေ့သည် “ဒီဃာယုကာ ဟောထ။ |
1,322,644 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ဒီဃာယုကာ၊ ရှည်သောအသက် ရှိကြကုန်သည်။ |
1,322,645 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ဟောထ၊ ဖြစ်ကြစေ”ဟု ဆုပေးစကား ဆိုလေ၏။ |
1,322,646 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | သားငယ်ကို ရှိခိုးစေသည်ရှိသော်ကား ဆိတ်ဆိတ်နေလေ၏။ |
1,322,647 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | (မြေကြီးကုန်သွားမည်စိုးသဖြင့် တီကောင်တို့သည် စားပြီးလျှင် ပြန်ထွေးကြသည်။ |
1,322,648 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | မိုးပြိုမည်စိုးသဖြင့် တစ်တီတူးငှက်တို့သည် ခြေမိုးထောင်၍ ပက်လက်အိပ်ကြသည်။ |
1,322,649 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ရေကုန်သွားမည်စိုးသဖြင့် ကြိုးကြာတို့ ရေမသောက်ကြကုန်။ |
1,322,650 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | မျိုးနွယ်ဆက် ပျောက်ပျက်မည်စိုးသဖြင့် တရားကျင့်သောပုဏ္ဏားတို့ အကျင့်စွန့်၍ အိမ်ထောင်ပြုကြသည်။ |
1,322,651 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | အစိုးရိမ်လွန်သော တွေဝေသူ လေးယောက်။ |
1,322,652 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | မြေပြိုမည်စိုးသဖြင့် ဆင် ဖြည်းညင်းစွာ နင်းသည်ဟူ၍လည်း ဆိုကြသေး၏။ |
1,322,653 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ) အန္တရာယ်ရှိ၍ ဆုမပေး |
1,322,654 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ထိုအခါ ရသေ့ကို “အရှင်ဘုရား- အဘယ့်ကြောင့် တပည့်တော်တို့ ရှိခိုးသည်ရှိသော် ဒီဃာယုကာ ဟောထဟူသော ဆုကိုပေးလျက် ဤသားငယ်၏ ရှိခိုးသောအခါ တစ်စုံတစ်ခု မဆိုကြပါကုန်သနည်း”ဟု ဆို၍ “ဤသားငယ်အား အန္တရာယ်ရှိပါသလော”ဟု မေးလျှောက်၏။ |
1,322,655 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | “ဒါယကာပုဏ္ဏား- ဤသူငယ်အား အန္တရာယ်ရှိ၏”ဟု ဆိုလျှင် “အရှင်ဘုရား- အဘယ်မျှလောက် အသက်ရှည်ပါအံ့နည်း”ဟု မေးပြန်လေ၏။ |
1,322,656 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | “ဒါယကာပုဏ္ဏား- ခုနစ်ရက်မျှ အသက်ရှည်လတ္တံ့”ဟု ဆိုလျှင် “အရှင်ဘုရား- တားမြစ်အံ့သောအကြောင်း ရှိပါသလော”ဟု မေးပြန်လေ၏။ |
1,322,657 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | “ငါကား ထိုတားမြစ်အံ့သောအကြောင်းကို မသိ”ဟု ဆိုလျှင် “အရှင်ဘုရား- အဘယ်သူ သိနိုင်ပါအံ့နည်း”ဟု မေးပြန်လေ၏။ |
1,322,658 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | “ရဟန်းဂေါတမသည် သိနိုင်ရာ၏၊ ထိုရဟန်းဂေါတမထံသို့ သွား၍ မေးလော့”ဟု ပြောဆိုလျှင် မြတ်စွာဘုရားအထံသို့ သွားသည်ရှိသော် ပုဏ္ဏားသည် “အကျင့်၏ ဆုတ်ယုတ်အံ့သည်မှ ကြောက်လှပါသည်”ဟု ဆိုလေ၏။ |
1,322,659 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | “သင့်သား၌ ချစ်ခြင်း အကယ်၍ ရှိသည်ဖြစ်အံ့၊ အကျင့်ဆုတ်ယုတ်ခြင်းကို မကြံစည်ဘဲ ရဟန်းဂေါတမအထံသို့သွား၍ မေးသာမေးလော့”ဟု ဆိုလျှင် ထိုပုဏ္ဏားသည် ဘုရားအထံသို့သွား၍ မိမိကိုယ်တိုင် ရှေးဦးစွာ ရှိခိုးလေ၏။ |
1,322,660 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | မြတ်စွာဘုရားသည် “ဒီဃာယုကော ဟောဟိ။ |
1,322,661 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ဒီဃာယုကော၊ ရှည်သောအသက်ရှိသည်။ |
1,322,662 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ဟောဟိ၊ ဖြစ်စေ”ဟု ဆုပေးစကား မိန့်ဆိုတော်မူလေ၏။ |
1,322,663 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | မယားရှိခိုးသောအခါ၌လည်း ထိုမိန်းမအား ထို့အတူ ဆုပေးစကားဆို၍ သားငယ်ရှိခိုးသောအခါ ဆိတ်ဆိတ်သာလျှင် နေတော်မူလေ၏။ |
1,322,664 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ပုဏ္ဏားသည် ရှေးနည်းဖြင့်သာလျှင် မြတ်စွာဘုရားကို မေးလျှောက်လေ၏။ |
1,322,665 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ဘုရားရှင်လည်း ထို့အတူသာလျှင် ဖြေကြားတော်မူ၏။ |
1,322,666 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | (ထိုရသေ့ပုဏ္ဏားသည် သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်း၍ မသိနိုင်သော်လည်း မိမိ၏ မန္တန်ပညာကို သဗ္ဗညုတဉာဏ်တော်ဖြင့် နှီးနှောမိစေ၏။ |
1,322,667 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | အန္တရာယ်ကို တားမြစ်ခြင်းအကြောင်းကိုကား မသိ။ |
1,322,668 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ) ပရိတ်ရွတ်၍ ဘီလူးအန္တရာယ် ကာကွယ် |
1,322,669 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ပုဏ္ဏားသည် ဘုရားရှင်ကို “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အန္တရာယ်ကို တားမြစ်နိုင်အံ့သော အကြောင်းရှိပါသလားဘုရား”ဟု မေးလျှောက်လေ၏။ |
1,322,670 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | “ပုဏ္ဏားကြီး ဖြစ်နိုင်ရာ၏”ဟု မိန့်တော်မူလျှင် “အဘယ်သို့ပြုမှ ဖြစ်နိုင်ရာသနည်းဘုရား”ဟု မေးလျှောက်လေ၏။ |
1,322,671 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | “သင်သည် မိမိ၏အိမ်တံခါး၌ မဏ္ဍပ်ကို ဆောက်လုပ်၍ ထိုမဏ္ဍပ်၏အလယ်၌ အင်းပျဉ်ကိုခင်း၍ ထိုအင်းပျဉ်ကို ခြံရံလျက် ရှစ်ခုဖြစ်စေ၊ တစ်ဆယ့်ခြောက်ခုဖြစ်စေ နေရာတို့ကို ခင်းစေသဖြင့် ထိုနေရာတို့၌ ငါ၏ တပည့်သားဖြစ်ကုန်သော ရဟန်းတော်တို့ကို သီတင်းသုံးနေစေပြီးလျှင် ခုနစ်ရက်ပတ်လုံး မပြတ် ပရိတ်အရံအတား ပြုစိမ့်သောငှာ အကယ်၍ တတ်နိုင်သည်ဖြစ်အံ့၊ ဤသ... |
1,322,672 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | “သင်သည် ဤမျှလောက်ကို ပြုသည်ရှိသော် ငါဘုရားသည် ငါ့တပည့် ရဟန်းတော်တို့ကို စေလွှတ်ပေအံ့”ဟု မိန့်တော်မူလျှင် “အိုရှင်ကြီးဂေါတမ- ကောင်းလှပါပြီ”ဟု ဝမ်းမြောက်ဝမ်းသာ ဝန်ခံ၍ ပုဏ္ဏားကြီးသည် မိမိ၏ အိမ်တံခါး၌ အလုံးစုံသောကိစ္စကို ပြီးဆုံးအောင်ပြုပြီးလျှင် မြတ်စွာဘုရားထံတော်သို့ သွားလေ၏။ |
1,322,673 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ဘုရားရှင်သည် ရဟန်းတော်တို့ကို စေလွှတ်တော်မူလေ၏။ |
1,322,674 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ရဟန်းတော်တို့သည် သွား၍ ထိုနေရာတို့၌ နေထိုင်ကြကုန်၏။ |
1,322,675 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | သူငယ်ကိုလည်း အင်းပျဉ်ထက်၌ အိပ်စေကြကုန်၏။ |
1,322,676 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ရဟန်းတော်တို့သည် ခုနစ်ခုသော ညဉ့်တို့ပတ်လုံး မပြတ် ပရိတ်ရွတ်ကြလေကုန်၏။ |
1,322,677 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ခုနစ်ရက်မြောက်သောနေ့၌ မြတ်စွာဘုရားသည် ကိုယ်တော်တိုင်ကြွလာတော်မူ၏။ |
1,322,678 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ဤသို့ မြတ်စွာဘုရား ကြွလာတော်မူသည်ရှိသော် စကြဝဠာ၌နေကုန်သော အလုံးစုံသော နတ်တို့သည် စည်းဝေး ရောက်လာကြကုန်၏။ |
1,322,679 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | အဝရုဒ္ဓကဟု အမည်ရှိသော ဘီလူးတစ်ယောက်သည် တစ်ဆယ့်နှစ်နှစ်ပတ်လုံး ဝေဿဝဏ်နတ်မင်းကြီးကို လုပ်ကျွေးခစားသဖြင့် ထိုဝေဿဝဏ်နတ်မင်းထံမှ ဆုရသည်ရှိသော် “ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ ဤသူငယ်ကို ယူလေလော့”ဟူသော ဆုကို ရလေ၏။ |
1,322,680 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ထို့ကြောင့် အဝရုဒ္ဓကဘီလူးသည်လည်း လာ၍ ရပ်တည်နေလေ၏။ |
1,322,681 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | မြတ်စွာဘုရားသည် ထိုအရပ်သို့ ကြွရောက်တော်မူသည်ရှိသော် တန်ခိုးကြီးသော နတ်တို့သည် စည်းဝေးကြကုန်၏။ |
1,322,682 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | တန်ခိုးကြီးသောနတ်တို့သည် စည်းဝေးကြကုန်သည်ရှိသော် တန်ခိုးနည်းသောနတ်တို့ နောက်ဆုတ်၍, နောက်ဆုတ်၍ နေရာအရပ်ကို မရကြကုန်သဖြင့် တစ်ဆယ့်နှစ်ယူဇနာတိုင်အောင် ဖဲသွားကြရလေကုန်၏။ |
1,322,683 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | အဝရုဒ္ဓကဘီလူးသည်လည်း ထိုတစ်ဆယ့်နှစ်ယူဇနာသို့သာ ဖဲသွားရလေ၏။ |
1,322,684 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ဘုရားရှင်သည်လည်း တစ်ညဉ့်ပတ်လုံး ပရိတ်အရံအတား ပြုတော်မူလေ၏။ |
1,322,685 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | အာယုဝဍ္ဎန အမည်ရပုံ |
1,322,686 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ခုနှစ်ရက်လွန်လတ်သည်ရှိသော် အဝရုဒ္ဓကဘီလူးသည် သူငယ်ကို မရနိုင်။ |
1,322,687 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ရှစ်ရက်မြောက်သောနေ့ အရုဏ်တက်ကာမျှ၌ သူငယ်ကိုဆောင်ယူ၍ မြတ်စွာဘုရားကို ရှိခိုးစေကြကုန်၏။ |
1,322,688 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ဘုရားရှင်သည် “ဒီဃာယုကော ဟောဟိ။ |
1,322,689 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | တွံ၊ သင်သတို့သားငယ်သည်။ |
1,322,690 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ဟောဟိ၊ ဖြစ်စေ”ဟု ဆုပေးတော်မူလေ၏။ |
1,322,691 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | “အိုရှင်ကြီးဂေါတမ- ဤသူငယ်ကား အဘယ်မျှ ကာလကြာအောင် တည်နိုင်ပါအံ့နည်း၊ အသက်ရှည်ပါအံ့နည်းဘုရား”ဟု လျှောက်ကြားသည်ရှိသော် “အိုပုဏ္ဏားကြီး- အသက် တစ်ရာ့နှစ်ဆယ်ပတ်လုံး တည်လတ္တံ့”ဟု မိန့်တော်မူသဖြင့် ထိုအခါ သူငယ်အား “အာယုဝဍ္ဎနသတို့သား” ဟူသောအမည်ကို မှည့်ကြလေကုန်၏။ |
1,322,692 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ဤအာယုဝဍ္ဎန သတို့သားသည် ကြီးရင့်ခြင်းသို့ ရောက်လတ်သော် သီတင်းသည် ဥပါသကာ ငါးရာတို့ဖြင့် ခြံရံလျက် လှည့်လည်သွားလာကာနေလေ၏။ |
1,322,693 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ထိုအခါ တစ်နေ့သ၌ တရားသဘင်ဝယ် ရဟန်းတို့သည် “ငါ့ရှင်တို့- မြင်ကြကုန်၏လော၊ အာယုဝဍ္ဎန သတို့သားသည် ခုနှစ်ရက်မြောက်သောနေ့၌ သေထိုက်သူဖြစ်၏။ |
1,322,694 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ထိုသူသည် ယခုအခါ အသက်တစ်ရာ့နှစ်ဆယ် တည်နိုင်လိမ့်မည်ဖြစ်၍ သီတင်းသည် ဥပါသကာငါးရာတို့ဖြင့် ခြံရံလျက် လှည့်လည်လေ၏၊ ဤသတ္တဝါတို့အား အသက်ရှည်နိုင်ခြင်း အကြောင်းသည် ရှိယောင်တကား”ဟု စကားကို ပြောဆိုကြလေကုန်၏။ |
1,322,695 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- သက်သက် အသက်ရှည်ခြင်းတစ်ခုသာ မဟုတ်သေး၊ ဤသတ္တဝါတို့သည် ဂုဏ်ရှိသောသူတို့ကို ရှိခိုးကြကုန်သည်ရှိသော် လေးပါးသောအကြောင်းတို့ဖြင့... |
1,322,696 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ဘေးရန်မှ လွတ်နိုင်ကြကုန်၏၊ အသက်အတိုင်းသာလျှင် တည်နိုင်ကြကုန်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။ |
1,322,697 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ဒေသနာတော် [၁၀၉] အဘိဝါဒနသီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။ |
1,322,698 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။ |
1,322,699 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | အဘိဝါဒနသီလိဿ၊ ရိုသေစွာ ရှိခိုးလေ့ရှိသော။ |
1,322,700 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အာယုဝဍ္ဎနကုမာရဝတ္ထု | ဝုဍ္ဎာပစာယိနော၊ အသက်သိက္ခာ ဂုဏ်ဝါအားဖြင့် ကြီးသောသူတို့ကို အရိုအသေပြုခြင်းရှိသော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.