id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,328,601 | Uncategorized | အောင်ခြင်းရှစ်ပါး | အယူတစ်ထောင် ဆောင်ကာမိုက်တဲ့၊ ပရိဗိုဇ်ဘွဲ့ သစ္စကာ။ |
1,328,602 | Uncategorized | အောင်ခြင်းရှစ်ပါး | မိမိကိုယ်ဟာ အတ္တလားလို့၊ မြတ်စွာဘုရား မေးတဲ့ခါ။ |
1,328,603 | Uncategorized | အောင်ခြင်းရှစ်ပါး | မသိတွေမှိုင် ဖြေနိုင်ဘဲမို့၊ ခွေယိုင်လဲလို့ ရှုံးရတာ။ |
1,328,604 | Uncategorized | အောင်ခြင်းရှစ်ပါး | တိတ္ထိအမျိုး မာန်စွယ်ကျိုး၊ ငုံ့လျှိုးနေရရှာ။ |
1,328,605 | Uncategorized | အောင်ခြင်းရှစ်ပါး | အဲဒါက ဘဂဝါမြတ်လှ ဆဋ္ဌမအောင်စဉ်ပါ။ |
1,328,606 | Uncategorized | အောင်ခြင်းရှစ်ပါး | ၇။ နန္ဒောပနန္ဒနဂါးမင်းအောင်ပွဲ |
1,328,607 | Uncategorized | အောင်ခြင်းရှစ်ပါး | နန္ဒောပနန္ဒ မျက်မာန်ကြွ၊ ခက်ထန်လှတဲ့ နဂါးဟာ။ |
1,328,608 | Uncategorized | အောင်ခြင်းရှစ်ပါး | မြင်းမိုရ်တောင်ကို ခွေပတ်ပြီးတော့၊ ကတ်သီးကတ်သတ် ရန်ပြုတာ။ |
1,328,609 | Uncategorized | အောင်ခြင်းရှစ်ပါး | လက်ဝဲတော်ရံ ဈာန်ဂုဏ်တန်ခိုးနဲ့၊ မာန်ဟုန်ချိုးလို့ ဆုံးမတာ။ |
1,328,610 | Uncategorized | အောင်ခြင်းရှစ်ပါး | နတ်နဂါးမင်း ခြေတော်ရင်း၊ ဝပ်စင်းခယလာ။ |
1,328,611 | Uncategorized | အောင်ခြင်းရှစ်ပါး | အဲဒါက ဘဂဝါမြတ်လှ သတ္တမအောင်စဉ်ပါ။ |
1,328,612 | Uncategorized | အောင်ခြင်းရှစ်ပါး | ၈။ ဗကဗြဟ္မာအောင်ပွဲ |
1,328,613 | Uncategorized | အောင်ခြင်းရှစ်ပါး | အနိစ္စကို နိစ္စပဲလို့၊ စိတ်ကစွဲလို့ လွဲခဲ့တာ။ |
1,328,614 | Uncategorized | အောင်ခြင်းရှစ်ပါး | မိုးဗြဟ္မာကြီး မာန်ကွာပြီး၊ ရှုံးကြီးရှုံးရရှာ။ |
1,328,615 | Uncategorized | အောင်ခြင်းရှစ်ပါး | အဲဒါက ဘဂဝါမြတ်လှ အဋ္ဌမအောင်စဉ်ပါ။ |
1,328,616 | Uncategorized | အောင်ခြင်းရှစ်ပါး | အောင်ခြင်းရှစ်ပါး ဂါထာ+အနက်နှင့် |
1,328,617 | Uncategorized | အောင်ခြင်းရှစ်ပါး | နာဂံ ဗကံ ဇိနိ ဇိနော၊ ဟောတု မေ ဇယမင်္ဂလံ။ |
1,328,618 | Uncategorized | အောင်ခြင်းရှစ်ပါး | ယောဇိနော - အကြင်ငါးမာရ်ပယ်ဘိ ဂုဏ်သတ္တိကြောင့် ဇိနအမည် ရွှေဘွဲ့တော်ချီအပ်သော မြတ်စွာဘုရားသည်။ |
1,328,619 | Uncategorized | အောင်ခြင်းရှစ်ပါး | (၁) မာရံ=ယူဇနာတရာ့ငါးဆယ် အံ့ဖွယ်ကြီးဘိ ဂိရိမေခလာ မည်သာတွင်ခြင်း နတ်ဆင်မင်းထက် စီးနင်းတက်၍ ကြောက်မက်ဖွယ်သာ စစ်ဗိုလ်ပါနဲ့ ဝဲယာစီယှက် လက်ရုံးတထောင် ဖန်ဆင်းဆောင်၍ နိုင်ယောင်စစ်ထိုး ကျော်လွံ့ဟိုးသား တန်ခိုးတောက်ပ တေဇထန်ပြင်း မာရ်နတ်မင်းကိုလည်းကောင်း။ |
1,328,620 | Uncategorized | အောင်ခြင်းရှစ်ပါး | (၂) ယက္ခံ - စွယ်ရှည်ငေါငေါ မြင်သူမောမျှ နက်ကျောနီကျင် မွေးမျှင်မုတ်ဆိတ် ဖွားလျားမြိတ်သား လန့်ထိတ်ဖွယ်သာ ကြီးဧရာနှင့် သင်္ချာမြားမြောင် လေးထောင်သုံးရာ နှစ်ဆယ်သာအောင် များစွာလူသား နေ့တိုင်းစားသည့် စွမ်းအားကြီးလှ အာဠာဝကတွင်ခြင်း ဘီလူးမင်းကိုလည်းကောင်း။ |
1,328,621 | Uncategorized | အောင်ခြင်းရှစ်ပါး | (၃) ဂဇံ- ခြောက်မောင်းအိုး ဖြိုးဖြိုးပြည့်နှက် သေအရက်ကို တိုက်လျက်ထန်ပြင်း နင်းစိမ့်ရည်မှတ် ဒေဝဒတ်တို့ တိုက်လွှတ်သောအား ဘုရားမြတ်စွာ ဆွမ်းခံရာ၌ ပက်ပါဦးတည် စူးစူးရည်၍ သတ်မည်ဧကန် အမြန်ပြေးလာ သံဆိုးစွာဖြင့် နာဠာဂီရိ မည်ရှိခေါ်တွင် မင်းစီးဆင်ကိုလည်းကောင်း။ |
1,328,622 | Uncategorized | အောင်ခြင်းရှစ်ပါး | (၄) စောရံ- သုံးယူဇနာ ရှည်စွာချင့်မှန်း ခရီးလမ်းကို မပန်းမဟိုက် မရှိုက်လျက် ပြင်းတစ်ဟုန်ခြင်းဖြင့် ပြေးနင်းစွမ်းနိုင် ပြိုင်သူဘက်ရှား လူအများကို လှံဓားစွဲကာ ဖမ်းသတ်ခါလျှင် ယူကာ လက်ညှိုး ကြိုးဖြင့်သီရုံး ပန်းကုံးအသွင် လည်ဝယ်ဆင်သောကြောင့် အင်္ဂုလိမာလ မည်ရတွင်ပြီး ခိုးသူကြီးကို လည်းကောင်း။ |
1,328,623 | Uncategorized | အောင်ခြင်းရှစ်ပါး | (၅) စိဉ္စမာနဉ္စ- ပရိသတ်အား မြတ်ဘုရားလျှင် တရားဟောကာ နေစဉ်ခါ၌ သေချာပွေ့ဖက် ပတ်ရစ်ဖွဲ့နှောင် ကိုယ်ဝန်ဆောင်၍ ဘုန်းခေါင်လူဖျား၊ ကျွန်ုပ်အားကို ပြစ်မှားပြီးခါ ဘယ့်ကြောင့်သာလျှင် အိမ်ရာမပြင် သူတော်စင်တို့ မမြင်သောထွေ ဣန္ဒြေနှင့် နေသနည်းဟု အမှုဖွေရှာ စွပ်စွဲလာသော စိဉ္စမာမည်ထုတ် မိန်းမယုတ်ကို လည်းကောင်း။ |
1,328,624 | Uncategorized | အောင်ခြင်းရှစ်ပါး | (၆) သစ္စကံ- ဝါဒတစ်ထောင် အာဂုံဆောင်၍ ဂုဏ်ထောင်လွှားပ မိုက်မာနကြောင့် အနိစ္စ အနတ္တ သင်္ခါရကို နိစ္စနတ္တ ထင်၍သာလျှင် မြတ်စွာရှင်စော တရားဟောလည်း သဘောမကျ မှားလေစွဟု ရှုတ်ချခါသာ ပြစ်တင်လာသော မိစ္ဆာယူကြိုက် ပရိဗိုဇ်သစ္စက ကူဋဒန္တကို လည်းကောင်း။ |
1,328,625 | Uncategorized | အောင်ခြင်းရှစ်ပါး | (၇) နာဂံ- လေးလျှံရောင်စို တောင်မြင်းမိုရ်ကို ကိုယ်ဖြင့် ခုနစ်ထပ် ရစ်ပတ်ကာလွှမ်း တတ်နိုင်စွမ်းသား ကြမ်းတမ်းခက်ထန် မျက်စောင်းမာန်နှင့် ပဋ္ဌမံအာလိန္ဒ နေသမျှတလွှား နတ်နဂါးကို ပိုင်ကာစိုးရ တန်ခိုးပသည် နန္ဒောပနန္ဒတွင်ခြင်း နဂါးမင်းကို လည်းကောင်း။ |
1,328,626 | Uncategorized | အောင်ခြင်းရှစ်ပါး | (၈) ဗကံ- သဿတဒိဋ္ဌိ များဘိအယူ မိစ္ဆာဟူသား ဘူဇဂါမြေတိုက်လေတုံလတ် အာဘဿရ ဗြဟ္မာရွာ၌ ဗြဟ္မာခပင်း တုန့်ဝပ်ခြင်းနှင့် ကြီးမားတေဇ တန်ခိုးပသား ဗကမည်သာ ထိုဗြဟ္မာကို လည်းကောင်း။ |
1,328,627 | Uncategorized | အောင်ခြင်းရှစ်ပါး | အဇိနိ- တန်ခိုးဉာဏ်ရှိန် ဝရဇိန်စက်မြတ် အတုလွတ်ဖြင့် မချွတ်အောင်တော်မူလေပြီ၊ တံတေဇသာ- ထိုသို့အောင်ခြင်း တရားမင်း၏ ကွန့်လင်းတေဇော် အာနုဘော်ဖြင့်၊ မေ- အကျွန်ုပ်အား၊ ဇယျမင်္ဂလံ- ရောဂါဘေးဒဏ် ရန်မာန်ခပင်း စိုးရိမ်ခြင်းကို နှိမ်နင်းအောင်တတ် ကောင်းမြတ်လှစွာ မင်္ဂလာသည်၊ ဟောတု- ဖြစ်ပါစေသတည်း။ |
1,328,628 | Uncategorized | အောင်ခြင်းရှစ်ပါး | [တို့မြန်မာဝတ်ရွတ်စဉ် (ဆရာကြီး သခင်ကိုယ်တော်မှိုင်း) မှ] |
1,328,629 | Uncategorized | အောင်ခြင်းရှစ်ပါး | အစွမ်းထက်သော ဂါထာတော် |
1,328,630 | Uncategorized | အောင်ခြင်းရှစ်ပါး | (ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏ ရန်အောင်မြင် ဂါထာတော်) |
1,328,631 | Uncategorized | အောင်ခြင်းရှစ်ပါး | ၁။ ဗုဒ္ဓေါ မေ ရက္ခတု နိစ္စံ၊ |
1,328,632 | Uncategorized | အောင်ခြင်းရှစ်ပါး | ဓမ္မော မေ ရက္ခတု သဒါ။ |
1,328,633 | Uncategorized | အောင်ခြင်းရှစ်ပါး | သံဃော မေ ရက္ခတု ဒိနေ၊ |
1,328,634 | Uncategorized | အောင်ခြင်းရှစ်ပါး | သုခီ ဒီဃာယုကော ဘဝ။ |
1,328,635 | Uncategorized | အောင်ခြင်းရှစ်ပါး | ၂။ မာရာဠဝက နာဠာဂြိံ၊ |
1,328,636 | Uncategorized | အောင်ခြင်းရှစ်ပါး | အင်္ဂုလိ စိဉ္စ သစ္စကံ။ |
1,328,637 | Uncategorized | အောင်ခြင်းရှစ်ပါး | နန္ဒောပနန္ဒ ဗြဟ္မဉ္စ၊ |
1,328,638 | Uncategorized | အောင်ခြင်းရှစ်ပါး | ဇယော ဇယတုမင်္ဂလံ။ |
1,328,639 | Uncategorized | အောင်ခြင်းရှစ်ပါး | ၁။ ဗုဒ္ဓေါ= မြတ်စွာဘုရားသည်။ |
1,328,640 | Uncategorized | အောင်ခြင်းရှစ်ပါး | မေ= အကျွန်ုပ်အား။ |
1,328,641 | Uncategorized | အောင်ခြင်းရှစ်ပါး | နိစ္စံ= အမြဲမပြတ်။ |
1,328,642 | Uncategorized | အောင်ခြင်းရှစ်ပါး | ရက္ခတု= စောင့်ရှောက်တော်မူပါစေသတည်း။ |
1,328,643 | Uncategorized | အောင်ခြင်းရှစ်ပါး | ဓမ္မော= မဂ်ဖိုလ်နိဗ္ဗာန် ဆယ်တန်သော တရားတော်မြတ်သည်။ |
1,328,644 | Uncategorized | အောင်ခြင်းရှစ်ပါး | သံဃော= သမ္မုတိ၊ အရိယာ နှစ်ဖြာသော သံဃာတော်အပေါင်းသည်။ |
1,328,645 | Uncategorized | အောင်ခြင်းရှစ်ပါး | ဒိနေ= နေ့တိုင်း။ |
1,328,646 | Uncategorized | အောင်ခြင်းရှစ်ပါး | အဟံ= အကျွန်ုပ်သည်။ |
1,328,647 | Uncategorized | အောင်ခြင်းရှစ်ပါး | သုခီ= ချမ်းသာခြင်း ရှိသည်။ |
1,328,648 | Uncategorized | အောင်ခြင်းရှစ်ပါး | ဒီဃာယုကော= အသက်ရှည်ခြင်း ရှိသည်။ |
1,328,649 | Uncategorized | အောင်ခြင်းရှစ်ပါး | ဘဝါဟံ= ဖြစ်ရပါလို၏။ |
1,328,650 | Uncategorized | အောင်ခြင်းရှစ်ပါး | ၂။ မုနိန္ဒော= မြတ်စွာဘုရားသည်။ |
1,328,651 | Uncategorized | အောင်ခြင်းရှစ်ပါး | မာရာဠဝက နာဠာဂိဂြိံစ= မာရ်နတ်မင်း၊ အာဠဝကဘီလူး၊ နာဠာဂိရိဆင်ကို လည်းကောင်း။ |
1,328,652 | Uncategorized | အောင်ခြင်းရှစ်ပါး | အင်္ဂုလိဉ္စ= အင်္ဂုလိမာလကို လည်းကောင်း။ |
1,328,653 | Uncategorized | အောင်ခြင်းရှစ်ပါး | နန္ဒောပနန္ဒ ဗြဟ္မဉ္စ= နန္ဒောပနန္ဒနဂါးမင်းနှင့် ဗကဗြဟ္မာကို လည်းကောင်း။ |
1,328,654 | Uncategorized | အောင်ခြင်းရှစ်ပါး | ဇယော= အောင်မြင်ခြင်းသည်။ |
1,328,655 | Uncategorized | အောင်ခြင်းရှစ်ပါး | (ဟောတိ ယထာ= ဖြစ်သကဲ့သို့) တထာ= ထို့အတူ။ |
1,328,656 | Uncategorized | အောင်ခြင်းရှစ်ပါး | မင်္ဂလံ= အောင်ရာအောင်ကြောင်း မင်္ဂလာအပေါင်းသည်။ |
1,328,657 | Uncategorized | အောင်ခြင်းရှစ်ပါး | ဇယတု= အောင်မြင်ပြီးစီးပါစေသတည်း။ |
1,328,658 | Uncategorized | အောင်ခြင်းရှစ်ပါး | ဤဂါထာသည် ထွဋ်ခေါင်ဆရာတော်ဘုရားကြီး ရွတ်ဖတ်သရဇ္ဈာယ်တော်မူသော ဂါထာတော်ကြီး ဖြစ်ပါသည်။ |
1,328,659 | Uncategorized | အောင်ခြင်းရှစ်ပါး | [သာသနာရေး ဦးစီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာ လက်စွဲကျမ်း (ပထမတွဲ) မှ ထုတ်နုတ်ဖော်ပြပါသည်] |
1,328,660 | Uncategorized | အောင်ခြင်းရှစ်ပါး | အောင်ခြင်းရှစ်ပါးသီချင်း၏ နောက်ခံတေးဂီတ |
1,328,661 | Uncategorized | အောင်ခြင်းရှစ်ပါး | မာဂဓီ (သာစည်) |
1,328,662 | Uncategorized | အောင်ခြင်းရှစ်ပါး | မိမိ (မာဂဓီ) သည် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အစည်းအဝေးခန်းမ၊ သာသနာရေးဦးစီးဌာန ဓမ္မာရုံ၊ ပိဋကတိုက် စသည်တို့၌ သာသနာရေးဦးစီးဌာန၏ အခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းများကို ဦးဆောင်ဖွင့်လှစ် သင်ကြားပေးခဲ့ရပါသည်။ |
1,328,663 | Uncategorized | အောင်ခြင်းရှစ်ပါး | ယင်းသို့ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရာတွင် ပြီးခဲ့သော ၁၄-၇-၉၁ နေ့က နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အစည်းအဝေးခန်းမကြီး၌ ဆယ်စောင်တွဲ သင်တန်းကို ပို့ချပေးခဲ့ပါသည်။ |
1,328,664 | Uncategorized | အောင်ခြင်းရှစ်ပါး | ဆယ်စောင်တွဲ၌ ပါရှိသော အောင်ခြင်းရှစ်ပါးအကြောင်းကို သင်ကြားရာတွင် သင်တန်းသူ၊ သင်တန်းသားများ သင်လွယ်၊ မှတ်လွယ်၊ တတ်လွယ်နိုင်စေရန် ပါဠိ၊ မြန်မာ၊ ကဗျာ၊ လင်္ကာ၊ သီချင်း စသည်တို့ဖြင့် စိတ်ဝင်စားမှု ရှိလာအောင် သင်ကြားပြသပေးရပါသည်။ |
1,328,665 | Uncategorized | အောင်ခြင်းရှစ်ပါး | ခေတ်ဟောင်း အဆိုတော် မေရှင် သီဆိုခဲ့သော အောင်ခြင်းရှစ်ပါးသီချင်းကို ကက်ဆက်ခွေဖြင့် ဖွင့်ပြရာ ကလေးများမှာ ပိုမိုစိတ်ဝင်စားလာကြပြီး၊ သံပြိုင်လိုက်လံ သီဆိုကြကာ ပျော်ရွှင်စွာ သင်ယူခဲ့ကြပါသည်။ |
1,328,666 | Uncategorized | အောင်ခြင်းရှစ်ပါး | သံစဉ်နှင့် စာသားကလည်း ကောင်းမွန်လှပြီး အဆိုရှင်ကလည်း ပိုင်နိုင်စွာ သီဆိုခြင်းကြောင့် သင်ကြားရာတွင် များစွာ အထောက်အကူ ဖြစ်ခဲ့ပါသည်။ |
1,328,667 | Uncategorized | အောင်ခြင်းရှစ်ပါး | ယင်းသီချင်းကို မွေးထုတ်ပေးခဲ့သော နောက်ခံဂီတပညာရှင်များကိုလည်း လေ့လာ သိရှိခဲ့ရပါသည်။ |
1,328,668 | Uncategorized | အောင်ခြင်းရှစ်ပါး | သိရှိရသည်မှာ- |
1,328,669 | Uncategorized | အောင်ခြင်းရှစ်ပါး | စန္ဒရား - အေဝမ်းခင်မောင် |
1,328,670 | Uncategorized | အောင်ခြင်းရှစ်ပါး | ပတ္တလား - ဆရာမြိုင် |
1,328,671 | Uncategorized | အောင်ခြင်းရှစ်ပါး | ဂီတာ - ဂီတဝိဇ္ဇာ ဘစောကြည် |
1,328,672 | Uncategorized | အောင်ခြင်းရှစ်ပါး | ဒုံမင်း - ဦးအုန်းသာ |
1,328,673 | Uncategorized | အောင်ခြင်းရှစ်ပါး | မယ်ဒလင် - ခေတ္တရာအေး |
1,328,674 | Uncategorized | အောင်ခြင်းရှစ်ပါး | စောင်း - (မသိပါ) |
1,328,675 | Uncategorized | အောင်ခြင်းရှစ်ပါး | ပလွေ - ဝိဇ္ဇာညွန့် |
1,328,676 | Uncategorized | အောင်ခြင်းရှစ်ပါး | တယော - ရွှေပြည်အေး |
1,328,677 | Uncategorized | အောင်ခြင်းရှစ်ပါး | တေးပြု - သဟာယ ဆရာတင် |
1,328,678 | Uncategorized | အောင်ခြင်းရှစ်ပါး | စာသား - ပထမကျော် လယ်တီဦးကောဝိဒ |
1,328,679 | Uncategorized | အောင်ခြင်းရှစ်ပါး | အဆို - မေရှင် ဟူ၍ သိရပါသည်။ |
1,328,680 | Uncategorized | အောင်ခြင်းရှစ်ပါး | ယင်းသီချင်းများ၏ ဂီတတူရိယာ အသုံးပြုမှုတို့လည်း အောက်ပါအတိုင်း တွေ့ရပါသည်။ |
1,328,681 | Uncategorized | အောင်ခြင်းရှစ်ပါး | ပထမအပိုဒ်တွင် စန္ဒရား၊ ဂီတာ၊ တယော၊ |
1,328,682 | Uncategorized | အောင်ခြင်းရှစ်ပါး | ဒုတိယအပိုဒ်တွင် စန္ဒရား၊ တယော၊ |
1,328,683 | Uncategorized | အောင်ခြင်းရှစ်ပါး | တတိယအပိုဒ်တွင် စန္ဒရား၊ တယော၊ ဒုံမင်း၊ |
1,328,684 | Uncategorized | အောင်ခြင်းရှစ်ပါး | စတုတ္ထအပိုဒ်တွင် စန္ဒရား၊ တယော၊ ပတ္တလား၊ ပလွေ၊ |
1,328,685 | Uncategorized | အောင်ခြင်းရှစ်ပါး | ပဉ္စမအပိုဒ်တွင် စန္ဒရား၊ တယော၊ စောင်း၊ |
1,328,686 | Uncategorized | အောင်ခြင်းရှစ်ပါး | ဆဋ္ဌမအပိုဒ်တွင် စန္ဒရား၊ ဂီတာ၊ တယော၊ |
1,328,687 | Uncategorized | အောင်ခြင်းရှစ်ပါး | သတ္တမအပိုဒ်တွင် စန္ဒရား၊ တယော၊ မယ်ဒလင်၊ |
1,328,688 | Uncategorized | အောင်ခြင်းရှစ်ပါး | အဋ္ဌမအပိုဒ်တွင် စန္ဒရား၊ တယော၊ ပလွေ |
1,328,689 | Uncategorized | အောင်ခြင်းရှစ်ပါး | စသည့် တူရိယာပစ္စည်းများဖြင့် အားဖြည့်ကာ မြိုင်မြိုင်ဆိုင်ဆိုင် ငြိမ့်ငြိမ့်ညောင်းညောင်း တီးမှုတ်ထားကြသည်။ |
1,328,690 | Uncategorized | အောင်ခြင်းရှစ်ပါး | အောင်ခြင်းရှစ်ပါးသီချင်း စာသား |
1,328,691 | Uncategorized | အောင်ခြင်းရှစ်ပါး | စာသား - ပထမကျော် လယ်တီ ဦးကောဝိဒ |
1,328,692 | Uncategorized | အောင်ခြင်းရှစ်ပါး | ဆို - မေရှင် |
1,328,693 | Uncategorized | အောင်ခြင်းရှစ်ပါး | အောင်ခြင်းရှစ်ပါး... အသံကြားတဲ့အခါ... စီးပွားဥစ္စာ အဟုတ်မကြာအောင်မှာ ကျန်းမာ... ချမ်းသာပါလို့... ဘေးရန်မဝိုင်း ကြံတိုင်းအောင် ဆောင်တိုင်းမြောက်မှာ ခုနစ်ရက် သားသမီးများနဲ့ နတ်၊ လူ၊ ဗြဟ္မာ။ |
1,328,694 | Uncategorized | အောင်ခြင်းရှစ်ပါး | သက္ကရာဇ်ကောဇာ တစ်ရာ့သုံးခုမှာ လပြည့်နွေကဆုန် ရွှေဘုန်းတော်ခြောက်ဖြာ တောက်ခါ မဟာဗောဓိ ညောင်ပင်အောက်မှာ ဘုရားအဖြစ် တရားအစစ်နဲ့ ရွှေပလ္လင်ထက်မှာ စံပယ်ချိန်ခါ ပြောင်မာတင် မေခလာဆင်ရတနာ စီးလို့ မာရ်နတ်မင်းရယ် အားမာန်တင်းကာ ဝသဝတ္တီနတ်ပြည်က လာ၊ စစ်ချီကာ မာန်တွေမူလို့ ဘုရားကို ယှဉ်တု ပလ္လင်လုနေတာ၊ သည်းခံပါ၍ အမျက်မထား... ပါရမီဆယ... |
1,328,695 | Uncategorized | အောင်ခြင်းရှစ်ပါး | အာဠဝီပြည်အနီး ညောင်ပင်ကြီးမှာ တစ်ဦးတည်း ဘီလူးကြီး အာဠဝကစံရာ တစ်နေ့သော် မြတ်စွာဘဂဝါ သူ့စံနန်း မြန်းတော်မူလာ၊ ဘီလူးကြီး အာဠဝက ယမ်းပုံမီးကျ တားမရ ဆီးမနိုင်... ဒေါသလှိုင်ကာ၊ ဘုရားကို ပြိုင်ဆိုင် မနိုင်ငြား မာန်စွယ်များလည်း ကျရရှာ၊ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်းဒုတိယပါ။ |
1,328,696 | Uncategorized | အောင်ခြင်းရှစ်ပါး | အခါတစ်ပါး မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်လမ်းမှာ ဆွမ်းခံကြွလာခိုက် သတ်လိုက်မယ်တဲ့ ဒေဝဒတ်မိုက်ရယ် ကြံစည်ပြန်တာ၊ နာဠာဂိရိ အမည်ရှိတဲ့ ဆင်ကို အရက်အမျိုးမျိုးတွေ အတင်းတိုက်လို့သာ၊ ဘုရားမြတ်စွာကိုပင် အနင်းခိုင်းလိုက်တာ၊ သို့ပါသော်လည်း ဆင်မိုက်ကြီးမှာ ဒူးတုပ်ရရှာ၊ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်းတတိယပါ။ |
1,328,697 | Uncategorized | အောင်ခြင်းရှစ်ပါး | (ရှေးသရောအခါ သာဝတ္ထိပြည်ဌာနမှာ လူဆိုးဗိုလ် အင်္ဂုလိမာလဟာ သန်လျက်ဓားကို သူ့လက်ထဲက မချပါ)၊ ဓားပြကြီး လုပ်၍ ဆိုးယုတ်ပုံမှာ လက်ညှိုးတွေ ခုတ်လို့သာ၊ ထိုအခါ ဘုရားကြွလို့ မမှားရဖို့ တရားပြတော်မူရှာ၊ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်းစတုတ္ထပါ။ |
1,328,698 | Uncategorized | အောင်ခြင်းရှစ်ပါး | မြတ်တရားတော်... မွတ်ရှာပါလို့ သိကြားဗြဟ္မာ အများသတ္တဝါ ဗိုလ်ပုံပရိသတ်စုံတဲ့ မင်္ဂလာပွဲမှာ စိဉ္စမာဏ မိန်းမယုတ်မာ သူ့ဗိုက်ကို ပျဉ်ချပ်ဖုံးကာ ဘုရားဂေါတမနဲ့ ကမ္မဋ္ဌန်းဇောကျကာ... ငိုကြွေး... အရှက်မွန် ကိုယ်လေး... လက်ဝန်ရှိတဲ့ပုံ ဟန်ဆောင်လို့ သူစွပ်စွဲလာ၊ အပြစ်တော်မယူဘဲ လူပုံထဲမှာ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အော... |
1,328,699 | Uncategorized | အောင်ခြင်းရှစ်ပါး | သုံးလူ့ထွတ်ထား... မြတ်ဘုရားဒေသနာ မှတ်သားဖွယ် ဝေနေယျ အနိစ္စရယ်၊ ဒုက္ခရယ်၊ အနတ္တတရားကို မှားတယ်ဆို၍ မကြည်ညိုပြန်တာ၊ အယူလွဲတဲ့ ငရဲမိစ္ဆာ သစ္စကပရိဗိုဇ် မလိမ္မာ၊ ဒေသနာတော် အနန္တကို မြတ်ဘုရားက နောင်မမှားအောင် သစ္စကကို တရားပြရှာ၊ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်းဆဋ္ဌမပါ။ |
1,328,700 | Uncategorized | အောင်ခြင်းရှစ်ပါး | ဇမ္ဗူကျွန်း မြင်းမိုရ်ရွှေတောင်ခါးပန်းမှာ ကြမ်းတမ်းတဲ့ နတ်နဂါးပါ မှတ်သား... လောက်စရာ၊ နန္ဒောပနန္ဒ လျှပ်တစ်ပြက် အသက်ရာကုဋေ ချွေခင်း မြွေမင်းရာဇာ မြတ်ဘုရားရဲ့ သားတော် ရှင်မောဂ္ဂလာန် နှိမ်နင်းဖို့ လွှတ်လို့သာ၊ စိတ်နှလုံး သိမ်မွေ့ကာ နဂါးကြီး ခေါင်းငိုက် ဦးစိုက်ပါ၍ ခစားဖို့ ရောက်လို့သာ၊ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်း... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.