id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,328,701 | Uncategorized | အောင်ခြင်းရှစ်ပါး | ဗြဟ္မာ့ဘုံမှာ... တန်ခိုးဂုဏ် မာန်သတင်း နေဆယ်စင်းသို့... ပုံပမာ၊ ဗကဗြဟ္မာကြီးဟာ အမှားကြီးမှားလို့ အယူသည်းနေရှာ၊ ငါသာမြဲတယ် စိတ်မှာစွဲကာ ဘုရားကိုပင် ကန့်လန့်တိုက်၍ မိုက်နေပုံကို၊ ဆိုးနေပုံကို ဘဂဝါဘုရားကသာ ဒေသနာတရားပြကာ အဲဒီတော့ ဗကဗြဟ္မာ မာန်စွယ်ကျလို့ ရှိခိုးရတာ၊ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်းအဋ္ဌမပါ... |
1,328,702 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စမာနဉ္စ သစ္စကံ။ |
1,328,703 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | နာဂံ ဗကံ ဇိနော ဇယံ ဇိနော မေ ဌာတု သီသကေ။ |
1,328,704 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | မာရံ – ပရမေသခင် အသရေရှင်ကြီးကို ရွှေပလ္လင်က တွန်းချမယ်ဟဲ့လို့ အစွမ်းပြကာ လက်ရုံး တစ်ထောင်တို့နှင့် အသက်ဆုံးအောင် အကြံထုတ်သည့် မာရ်ယုတ်ဆိုတဲ့ မာရ်နတ်သားကို။ |
1,328,705 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ဇိနော ဇယံ – ဟို-ဘဝါ ဘဝက အခါခါ ပါလာကြတဲ့ ဒါနပါရမီတည်းဟူသော တရားလက်နက်ဖြင့် ဘုရားက နိုင်ပြီ၊ ဘုရားကပိုင်ပြီ၊ ဪ... ဘုရားကပင် အောင်မြင်တော်မူခဲ့ပါပေသတည်း။ |
1,328,706 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | သံပြိုင်။ ။ |
1,328,707 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ဗောဓိညောင်နန်း အောင်ခန်းရိပ်မြိုင်၊ |
1,328,708 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | တစ်ထောင်လက်ရုံး စက်ဘုန်းလှိုင်လှိုင်။ |
1,328,709 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | မာရ်နတ်မင်းနှင့် စစ်ခင်းယှဉ်ပြိုင်၊ |
1,328,710 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | တို့ဘုရား တရားတော်ဖြင့်နိုင်။ |
1,328,711 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ယက္ခ - ငါ့ဗိမာန် ဖန်ရဝေတွင် နင်စံနေရမလားရယ်လို့ တို့ဘုရား ပရမေဘဂဝါ၏ ခြေနှစ်ဖြာ စက်ပန်း တို့ကို ဟိုသမုဒ္ဒရာ ရေဇလာတစ်ဘက်ကမ်းဆီသို့ သွေမကွာ ထွက်ရမ်း၍ ပစ်မည်ဟု ဆန်းသစ်တဲ့ မနောကံဖြင့် ဒေါသမာန်သွင်း, အာဠာဝကဆိုတဲ့ ဘီလူးမင်းကြီးကို။ |
1,328,712 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ဇိနော ဇယံ – ဟိုဟိုဘဝ အတန်တန် အဖန်ဖန် အလီလီက မှီးခဲ့ရပါတဲ့ ခန္တီပါရမီတည်းဟူသော တရားဓမ္မဖြင့် ဘုရားကနိုင်ပြီ၊ ဘုရားကပိုင်ပြီ၊ ဪ... ဘုရားကပင် အောင်မြင်တော်မူခဲ့ပါပေသတည်း။ |
1,328,713 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | အာဠဝက နာမယက္ခံ၊ |
1,328,714 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ညဉ့်သုံးယံလုံး အုန်းအုန်းဆူညံ။ |
1,328,715 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | လက်နက်မိုးဖြင့် ထစ်ကြိုးတိုက်သံ၊ |
1,328,716 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ခန္တီထုံး... ကျင့်ထုံး တို့ဘုန်းလျှံ။ |
1,328,717 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ဂဇံ – တောင်ငါးလုံး ကာခိုတဲ့ ရာဇဂြိုဟ် လမ်းမသို့ ဆွမ်းရဖို့ မြန်းကြွတော်မူစဉ် သုံးလူ့ရှင်ကို အသေသတ်မယ်လို့ ဒေဝဒတ်ဆရာနှင့် အဇာတသတ်ဒကာတို့က မာရ်နတ်ပမာ အဆိုးစရိုက်ဖြင့် ထိုးလိုက်ဟေ့ ထိုးလိုက်၊ ထိုးလိုက်ဟု ဒုန်းရိုက်ကာသွင်း နာဠာဂီရိဆိုတဲ့ ဆင်မင်းကို။ |
1,328,718 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ဇိနော ဇယံ – ခေတ်ကမ္ဘာအလီလီက အစစ်မကွာမှီးခဲ့ပါတဲ့ မေတ္တာပါရမီတည်းဟူသော တရားဓမ္မဖြင့် ဘုရားကနိုင်ပြီ၊ ဘုရားကပိုင်ပြီ၊ ဪ.... ဘုရားကပင် အောင်မြင်တော်မူခဲ့ပါပေသတည်း။ |
1,328,719 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ကြမ်းကြုတ်ရုန့်ရင်း မုန်ဆင်းဆင်မှာ၊ |
1,328,720 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | နာဠာဂီရိ မည်ရှိခေါ်တာ၊ |
1,328,721 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | အဟုန်ထန်ပြင်း အတင်းပြေးလာ၊ |
1,328,722 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | မေတ္တာမိုး... စွေဖြိုး တို့မြတ်စွာ။ |
1,328,723 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | စောရံ – သုံးဆယ့်ကိုးမိုင်အဝေးခရီးကို အပြေးကြီး မနားတမ်းလှမ်းနိုင်၍ အားအစွမ်းနဲ့ မသနားတမ်း လက်ညှိုးကို ဖြတ်မည်ဟု ရမ္မက်ဆိုးကပ်ကာ မြတ်မာတာ တစ်ပါးသော်မှ ဓမ္မတရားနော် အမှန်မဖက်နိုင်ဘဲ သန်လျက်ကို ထမ်းပိုက်လျက် တရကြမ်းလိုက်နေတဲ့ အမိုက်ရဲ့ ထိပ်သီး အင်္ဂုလိမာလဆိုတဲ့ လူမိုက်ကြီးကို။ |
1,328,724 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ဇိနော ဇယံ – အဲဒီအမှားနည်းတွေကို တားဆီးကာ တစ်မျိုးနော် ကြံဆပြီး တန်ခိုးတော် အနန္တတည်းဟူသော တရားဓမ္မဖြင့် ဘုရားကနိုင်ပြီ၊ ဘုရားကပိုင်ပြီ၊ ဪ.... ဘုရားကပင် အောင်မြင်တော်မူခဲ့ပါပေသတည်း။ |
1,328,725 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | အင်္ဂုလိမာလ နာမထင်စွာ၊ |
1,328,726 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | တစ်ထောင်လက်ညှိုး ကြိုးဖြင့်သီကာ။ |
1,328,727 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ငါဟဲ့ယောက်ျား တအားလိုက်လာ၊ |
1,328,728 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | မြတ်တန်ခိုး... ကာမိုးတို့မြတ်စွာ။ |
1,328,729 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | စိဉ္စမာနဉ္စ - သန္ဓေသူ ကိုယ်ဝန်ဆောင် လူမိန်းမကဲ့သို့ အမူကိန်းပြကာ လူပြိန်း၊ လူအတွေ အထင်မှားရတဲ့ ဘုရားရဲ့အနားမှာ သစ်သားကိုပုံပြု သူ့ဗိုက်တွင် သန္ဓေခသလို အမှန်မသွေပြကာ ဝင်နွှဲ၊ ဟောဒီ ဂေါတမဟာ ငါ့လင်ပဲရယ်လို့ အထင်လွဲစရာ ဇွတ်ကဲပြီး စွပ်စွဲသမုတ် စိဉ္စမာနဆိုတဲ့ မိန်းမယုတ်ကို၊ ဇိနော ဇယံ - ရွှေနှုတ်တော်မှ အထူးမမြွက်ကြားဘဲ ငြိမ်သ... |
1,328,730 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | စိဉ္စမာန မိန်းမယုတ်မာ၊ |
1,328,731 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ကိုယ်ဝန်ရှိသော ဆိုပြောလေတာ။ |
1,328,732 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | သံတော်ညင်းညင်း မိန့်ခွန်းခြွေကာ၊ |
1,328,733 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | တို့ဘုရား.. အောင်ငြား ပဉ္စမာ။ |
1,328,734 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | သစ္စကံ – အနိစ္စကိုတော့ အမြဲ အလွဲကျတော့အမှန် နိဗ္ဗာန်ဆိုပြန်တော့ ငရဲတဲ့ ငါ့စကားကိုသာ အမှန်ပဲရယ်လို့ စကားရည်စစ်ပွဲမှာ တစ်စွဲအောင် အနိုင်ငြင်းလျက် စတိုင်တင်းကာ ဝါဒတစ်ထောင်နှင့် မာနထောင်၍ တစ်မျိုးမိုက်ပြီး အဆိုးစရိုက်မှာ ထိပ်သီးဖြစ်တဲ့ ကူဋဒန္တဆိုတဲ့ သစ္စကပရိဗိုဇ်ကြီးကို။ |
1,328,735 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ဇိနော ဇယံ - အဝိဇ္ဇာအမှောင်တွေ ယှဉ်ကာမသီနိုင်တဲ့ ပညာပါရမီတည်းဟူသော တရားဓမ္မဖြင့် ဘုရားကနိုင်ပြီး ဘုရားကပိုင်ပြီ၊ ဪ... ဘုရားကပင် အောင်မြင်တော်မူခဲ့ပါပေသတည်း။ |
1,328,736 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | သစ္စကပရိဗိုဇ် အမိုက်လူစွာ၊ |
1,328,737 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | အမှန်ပယ်ရှား အမှားကိုသာ၊ |
1,328,738 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ဝါဒထောင်လွှား တရားပြကာ၊ |
1,328,739 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ဉာဏ်ရောင်လင်း... ဖြေရှင်း တို့မြတ်စွာ။ |
1,328,740 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | နာဂံ – ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးကလည်း တန်ခိုးဈာန်၊ မိုးနဘံတအားရှင်းတဲ့ နဂါးမင်းကလည်း အခိုးအလျှံ၊ အမျိုးမျိုး အဖန်ဖန် သုဝဏ္ဏ ရွှေတောင်တစ်ဝိုက်မှာ တိုက်ခိုက်ကာ ရင်ဆိုင်၍ ယှဉ်ပြိုင်ရန် မာန်ဇော အတန်တန်ကြွနေတဲ့ နန္ဒောပနန္ဒခေါ်တဲ့ နဂါးမင်းကြီးကို။ |
1,328,741 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ဇိနော ဇယံ -ဩကာသ ရောင်လျှံကို အောင်လံတော် တံခွန်စိုက်စေတဲ့လို့ သွန်လိုက်တဲ့တရားဓမ္မဖြင့် ဘုရားကနိုင်ပြီ၊ ဘုရားက ပိုင်ပြီ၊ ဪ... ဘုရားကပင် အောင်မြင်တော်မူခဲ့ပါပေသတည်း။ |
1,328,742 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | နန္ဒောပနန္ဒ နာမထင်စွာ၊ |
1,328,743 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | နဂါးရန်ကြီး ဖျက်ဆီးဖို့ရာ၊ |
1,328,744 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | မောဂ္ဂလာန်အား မိန့်ကြားလေတာ။ |
1,328,745 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | မြတ်တန်ခိုး စိုးမိုးအောင်မြင်ရှာ။ |
1,328,746 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ဗကံ - အဝိဇ္ဇာပိတ်ကာမိ၍ မိစ္ဆာဒိဋ္ဌိအယူဝါဒနှင့် သူလာကာ တကယ်စ၊ စပြီးတော့ ဓမ္မနည်း မဟုတ်တာတွေကို ပုစ္ဆာထုတ်ကာ ငြင်းလျက် အတွင်းစက်အဆိုးဉာဏ်ဖြင့် မိုးနဘံဝဠာအတွင်းမှာ သမ္ဘာလင်း နေတဲ့ ဗကဗြဟ္မာမင်းကြီးကို။ |
1,328,747 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ဇိနော ဇယံ - လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားစွာ အဖြေမှန်ပေါ်တဲ့ ရွှေဉာဏ်တော်တည်းဟူသော တရားဓမ္မဖြင့် ဘုရားကနိုင်ပြီ၊ ဘုရားကပိုင်ပြီ၊ ဪ.... ဘုရားကပင် အောင်မြင်တော်မူခဲ့ပါပေသတည်း။ |
1,328,748 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | အယူဖောက်ပြား တရားလမ်းချော်၊ |
1,328,749 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ဗြဟ္မာဗက ခေါ်ကြသနော်၊ |
1,328,750 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | တန်ခိုးကြီးမား ထောင်လွှားလေသော်၊ |
1,328,751 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ဉာဏ်တော်ဆေး...တိုက်ကျွေး တို့ဘုန်းမော်။ |
1,328,752 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | သော ဇိနော – ရှစ်ယောက်သော အမိုက်ကောင်တစ်သင်းကို စရိုက်အမှောင်ခွင်းကာ အောင်ခြင်းသို့ ရောက်တော်မူသော ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ |
1,328,753 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ဝါ၊ ရန်ဘယာကိုလည်း အောင်၊ မာန်တဏှာ ကိုလည်း အောင်၊ သံသရာကိုလည်း အောင်၊ အောင်စရာအထွေထွေ အလင်းပြသကဲ့သို့ အမှောင့်အမှောင် တွေခွင်းကာ အောင်ခြင်းဆိုတဲ့ မင်္ဂလာလာဘ်ကြီးကို မပြတ်အပြီး အမှန်ပင် ပေးသနားတော်မူနိုင်သော ထိုအောင်တော်မူဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ |
1,328,754 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | မေ-မမ – ခန္ဓာငါးခု ငါဟုသမုတ် အကျွန်ုပ်၏။ |
1,328,755 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ဝါ၊ ရုပ်နှင့်နာမ်သာ ထိုနှစ်ဖြာကို သက္ကာယစွဲ အထင်လွဲ၍ ငါပဲသမုတ် အကျွန်ုပ်၏။ |
1,328,756 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ဝါ၊ ရုပ်နာမ်နှစ်ခု ပေါင်းစပ်မှုကြောင့် ငါဟုခေါ်ဝေါ် တပည့်တော်၏။ |
1,328,757 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | သီသကေ -ဦးခေါင်းရတနာ မြတ်အင်္ဂါ၌။ |
1,328,758 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ဝါ၊ ကိုယ်ဒြပ်တွင် အမြတ်ပင်ဟု ခေါ်တွင်စေငြား ဦးထိပ်ဖျား၌။ |
1,328,759 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ဝါ၊ ကိုယ်ဒြပ်လုံး အမြတ်ဆုံးဟု ခေါ်သုံးမည်တွင် ဦးထိပ်ပြင်၌။ |
1,328,760 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ဌာတု - မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ခိုင်ခိုင်မတ်မတ် ရပ်တန့်တည်နေတော်မူလှဲ့ပါ့ အောင်သူတကာတို့၏ ထိပ်ဖူး အောင်ပွဲမှူးသခင် အရှင်မြတ်ကြီးဘုရား။ |
1,328,761 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ဝါ၊ သားကြီးရာဟု ပမာပြုကာ ကရုဏာဖုံး အောင်သံချုန်းလျက် ရွှင်ပြုံးကြည်သာ တည်လာ ရပ်တန့်တော်မူလှဲ့ပါ အောင်သူတကာတို့၏ ထိပ်ဖူး အောင်ပွဲမှူးသခင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးဘုရား။ |
1,328,762 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားပင့် | ဆရာတော်ဦးရာဇိန္ဒ (ပခုက္ကူ) |
1,328,763 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး | မာရံ ယက္ခံ ဂဇံ စောရံ၊ |
1,328,764 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး | စိဥ္စမာနဥ္စ သစ္စကံ။ |
1,328,765 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး | နာဂံ ဗကံ ဇိနိ ဇိနော၊ |
1,328,766 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး | ဟောတု မေ ဇယမင်္ဂလံ။ |
1,328,767 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး | ယောဇိနော =အကြင်ငါးမာရ်ပယ်ဘိ ဂုဏ်သတ္တိကြောင့် ဇိနအမည် ရွှေဘွဲ့တော်ချီအပ်သော မြတ်စွာဘုရားသည်။ |
1,328,768 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး | ၁။ မာရံ =ယူဇနာတရာ့ငါးဆယ် အံ့ဖွယ်ကြီးဘိ ဂိရိမေခလာ မည်သာတွင်ခြင်း နတ်ဆင်မင်းထက် စီးနင်းတက်၍ ကြောက်မက်ဖွယ်သာ စစ်ဗိုလ်ပါနဲ့ ဝဲယာစီယှက် လက်ရုံးတထောင် ဖန်ဆင်းဆောင်၍ နိုင်ယောင်စစ်ထိုး ကျော်လွ့ံဟိုးသား တန်ခိုးတောက်ပ တေဇထန်ပြင်း မာရ်နတ်မင်းကိုလည်းကောင်း။ |
1,328,769 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး | ၂။ ယက္ခံ =စွယ်ရှည်ငေါငေါ မြင်သူမောမျှ နက်ကျောနီကျင် မွေးမျှင်မုတ်ဆိတ် ဖွားလျားမြိတ်သား လန့်ထိတ်ဖွယ်သာ ကြီးဧရာနှင့် သင်္ချာမြားမြောင် လေးထောင်သုံးရာ နှစ်ဆယ်သာအောင် များစွာလူသား နေ့တိုင်းစားသည့် စွမ်းအားကြီးလှ အာဠာဝကတွင်ခြင်း ဘီလူးမင်းကိုလည်းကောင်း။ |
1,328,770 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး | ၃။ ဂဇံ =ဆယ့်ခြောက်မောင်းအိုး ဖြိုးဖြိုးပြည့်နှက် သေအရက်ကို တိုက်လျက်ထန်ပြင်း နင်းစိမ့်ရည်မှတ် ဒေဝဒတ်တို့ တိုက်လွှတ်သောအား ဘုရားမြတ်စွာ ဆွမ်းခံရာ၌ ပက်ပါဦးတည် စူးစူးရည်၍ သတ်မည်ဧကန် အမြန်ပြေးလာ သံဆိုးစွာဖြင့် နာဠာဂီရိ မည်ရှိခေါ်တွင် မင်းစီးဆင်ကိုလည်းကောင်း။ |
1,328,771 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး | ၄။ စောရံ =သုံးယူဇနာ ရှည်စွာချင့်မှန်း ခရီးလမ်းကို မပန်းမဟိုက် မရှိုက်လျင်ပြင်း တဟုန်ခြင်းဖြင့် ပြေးနင်းစွမ်းနိုင် ပြိုင်သူဘက်ရှား လူအများကို ဓားလှံစွဲကာ ဖမ်းသတ်ကာလျှင် ယူခါလက်ညှိုး ကြိုးဖြင့်သီရုံး ပန်းကုံးအသွင် လည်ဝယ်ဆင်သောကြောင့် အင်္ဂုလိမာလ မည်ရတွင်ပြီး သူခိုးကြီးကိုလည်းကောင်း။ |
1,328,772 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး | ၅။ စိဥ္စမာနဥ္စ =ပရိသတ်အား မြတ်ဘုရားလျှင် တရားဟောကာ နေစဉ်ခါ၌ သေချာပြေပြစ် ပတ်ရစ်ဖွဲ့နှောင် ကိုယ်ဝန်ဆောင်၍ ဘုန်းခေါင်လူ့ဖျား ကျွန်မအားကို ပြစ်မှားပြီးခါ ဘယ့်ကြောင့်သာလျှင် အိပ်ရာမပြင် သူတော်စင်သို့ မမြင်သော့ထွေ ဣန္ဒြေနှင့် နေသနည်းဟု အမှုဖွေရှာ စွပ်စွဲလာသော စိဥ္စမာမည်ထုတ် မိန်းမယုတ်ကိုလည်းကောင်း။ |
1,328,773 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး | ၆။ သစ္စကံ =၀ါဒတထောင် အာဂုံဆောင်၍ ဂုဏ်ရောင်လွှားပ မိုက်မာနကြောင့် အနိစ္စအနတ္တ သင်္ခါရကို နိစ္စအတ္တာ ထပ်၍သာလျှင် မြတ်စွာရှင်စော တရားဟောလည်း သဘောမကျ မှားလေစွဟု ရှုတ်ချခါခါ ပြစ်တင်လာသော မိစ္ဆာယူကြိုက် ပရိဗိုဇ်သစ္စက ကူဋဒန္တကိုလည်းကောင်း။ |
1,328,774 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး | ၇။ နာဂံ =လေးလျံရောင်စို တောင်မြင်းမိုရ်ကို ကိုယ်ဖြင့်ခုနစ်ထပ် ရစ်ပတ်ကာလွှမ်း တတ်နိုင်စွမ်းသော ကြမ်းထန်းခက်ထန် မျက်စောင်းမာန်နှင့် ပဌမံအာလိန္ဒ နေသမျှတလွှား နတ်နဂါးကို ပိုင်ကာစိုးရ တန်ခိုးပြသည့် နန္ဒောပနန္ဒတွင်ခြင်း နဂါးမင်းကိုလည်းကောင်း။ |
1,328,775 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး | ၈။ ဗကံ =သဿတဒိဋ္ဌိ မှားဘိအယူ မိစ္ဆာဟူသား ဘူဇဂမြွေ ကိုက်လေတုံလတ် အာဘဿရာ ဗြဟ္မာခပင်း တုံ့ဝပ်ခြင်းနှင့် ကြီးမင်းတေဇ တန်ခိုးပသား ဗကမည်သာ ထိုဗြဟ္မာကိုလည်းကောင်း။ |
1,328,776 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး | အဇိနိ =တန်ခိုးဉာဏ်ရှိန် ဝရဇိန်စက်မြတ် အတုလွှတ်ဖြင့် မချွတ်အောင်တော်မူလေပြီ။ |
1,328,777 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး | တံ တေဇသာ =ထိုသို့အောင်ခြင်း တရားမင်း၏ ထွန်းဝင်းတေဇော် အာနုဘော်ဖြင့်။ |
1,328,778 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး | မေ =အကျွန်ုပ်အား။ |
1,328,779 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး | ဇယျမင်္ဂလံ =ရောဂါဘေးဒဏ် ရန်မာန်ခပင်း စိုးရိမ်ခြင်းကို နှိမ်နင်းအောင်တတ် ကောင်းမြတ်လှစွာ မင်္ဂလာသည်။ |
1,328,780 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး | ဟောတု =စင်စစ်မသွေ ဖြစ်ပါစေသတည်း။ |
1,328,781 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ဆုပန် ဇယစက္က ဘုရားရှိခိုး | ဇယစက္ကော ဇယန္တော ယော၊ ဇယိတဗ္ဗေ ဇယာသနေ။ |
1,328,782 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ဆုပန် ဇယစက္က ဘုရားရှိခိုး | ဇယာပေသိ ဇယေသီနံ၊ ဇယံ ဒေတု ဇယုတ္တရော။ |
1,328,783 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ဆုပန် ဇယစက္က ဘုရားရှိခိုး | ယော– ဇယစက္ကော- ပါရမီဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ |
1,328,784 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ဆုပန် ဇယစက္က ဘုရားရှိခိုး | ဝါ၊ ငါးရပ်သော မာန်စွယ်ကို လှန်ပယ်ကာ မြစ်တား၍ စစ်သားမကူ တစ်ဆူဥက္ကဌ် ဝိသုဒ္ဓိနတ်ဖြစ်တော်မူသော အောင်တော်မူသခင် အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ |
1,328,785 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ဆုပန် ဇယစက္က ဘုရားရှိခိုး | ဇယာသနေ– အောင်သိဒ္ဓိဆင်မြန်းသည့် ပလ္လင်နန်း မှန်ကင်း အောင်ဗောဓိပင်ရင်း၌။ |
1,328,786 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ဆုပန် ဇယစက္က ဘုရားရှိခိုး | ဇယိတဗ္ဗေ- အောင်အပ်သည့်တရား မာရ်ငါးပါးအပေါင်းတို့ကို။ |
1,328,787 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ဆုပန် ဇယစက္က ဘုရားရှိခိုး | ဝါ၊ အောင်စည်ကိုဟိန်း အောင်ကိန်းကိုဆင် အောင်အပ်သမျှသော တရားတို့ကို။ |
1,328,788 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ဆုပန် ဇယစက္က ဘုရားရှိခိုး | ဇယန္တော– မာရ်စစ်သည်ရန်အလုံးကို ခြေမှုန်ကာဖျက်ဆီး၍ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီတကား။ |
1,328,789 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ဆုပန် ဇယစက္က ဘုရားရှိခိုး | ဇယေသီနံ– မြတ်နိဗ္ဗာန်အောင်ခန်းနှင့် အောင်ဘိသိက် ပန်းမဂ်ဖိုလ်ကို များထိုထိုဝဋ်အတွင်းမှ လွတ်ကင်းအောင် အာသာကြီးဖြင့် ရှာမှီးကာ နေကြသူတို့အား။ |
1,328,790 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ဆုပန် ဇယစက္က ဘုရားရှိခိုး | ဝါ၊ ဘဝပေါင်းအနန္တ ကြံဆ၍မဆုံးဖွယ် မပြုံးမရယ်နိုင် လောက်ခမန်း အောင်ပန်းကို အာသာကြီးနှင့် ရှာမှီးလေ့ရှိကြကုန်သော သူတို့အား။ |
1,328,791 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ဆုပန် ဇယစက္က ဘုရားရှိခိုး | ဇယာပေသိ၊ ကိုယ်တော် မြတ်နှင့်အတူ အောင်ပန်းကိုဆွတ်ချူ၍ ထွတ်အငူအမြိုက်ဓာတ်သို့ ဆိုက်ကပ်ဆောင်ယူ အောင်စေတော်မူခဲ့ လေပြီ။ |
1,328,792 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ဆုပန် ဇယစက္က ဘုရားရှိခိုး | ဝါ၊ တပည့်တို့တတွေ အောင်ချင်ကြတာဖြင့် ဟိုဘဝါဘဝတွေက ငါဘုရားကိုယ်တော်မြတ် ရှာဖွေလို့ရတော်မူခဲ့တဲ့ အောင်သမျှအလီလီ လောကီ လောကုတ္တရာနှစ်ဖြာသော အောင်ဆုကြီးတွေကို အောင်ကြဟေ့... အောင်ကြဟေ့... လို့ အောင်ဆုဟစ်ကြွေး အောင်ဆုတွေပေးတော်မူလေပြီ။ |
1,328,793 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ဆုပန် ဇယစက္က ဘုရားရှိခိုး | ဇယုတ္တရော- အောင်သူတကာတို့၏ မှန်ကင်း အောင်ခြင်းတကာတို့၏ ဥသျှောင်ထွတ်ခေါင်မြတ်သရဖူ သယမ္ဘူမကိုဋ်ထီး အောင်ပွဲဝင်ပုဂ္ဂိုလ်ကြီးလည်း ဖြစ်တော်မူသော။ |
1,328,794 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ဆုပန် ဇယစက္က ဘုရားရှိခိုး | ယော ဇယစက္ကော- ပါရမီဆယ်ချက် အောင်လက်နက်ပိုင်ရှင် ထိုဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်။ |
1,328,795 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ဆုပန် ဇယစက္က ဘုရားရှိခိုး | ဝါ၊ ငါးရပ်သော မာန်စွယ်ကို လှန်ပယ်ကာ မြစ်တား၍ စစ်သားမကူ တစ်ဆူဥက္ကဌ် ဝိသုဒ္ဓိနတ် ဖြစ်တော်မူသော ထိုဘုရားသခင်ကိုယ်တော်မြတ်ကြီးသည်။ |
1,328,796 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ဆုပန် ဇယစက္က ဘုရားရှိခိုး | ဝါ၊ အောင်သိဒ္ဓိ ပလ္လင်နန်းမှာ အောင်ပန်းကိုပန်ဆင် မာရ်နတ်ရန်ကို အောင်မြင်တော်မူသော ထိုဘုရားသခင်ကိုယ်တော်မြတ်ကြီးသည်။ |
1,328,797 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ဆုပန် ဇယစက္က ဘုရားရှိခိုး | မေ– ဘုရားတပည့်တော်အား။ |
1,328,798 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ဆုပန် ဇယစက္က ဘုရားရှိခိုး | ဝါ- မြတ်နိဗ္ဗာန်အောင်ပန်းကို ဆွတ်ချူရန် လက်လှမ်း၍ ကြိုးပမ်းကာ အာသာကြီးဖြင့် ရှာမှီးနေငြား တပည့်တော်အား။ |
1,328,799 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ဆုပန် ဇယစက္က ဘုရားရှိခိုး | မေ– အမှာကံ၊ ကီ−ကုတ်နှစ်ဖြာ အောင်ဆုရတနာကို အာသာဆန္ဒ တောင့်တ၍နေကြကုန်သော တပည့်တော်တို့အား။ |
1,328,800 | ဝတ်ရွတ်စဉ်, မြန်မာဘာသာ | အောင်ဆုပန် ဇယစက္က ဘုရားရှိခိုး | (တေ-တုမှာကံ– ပြိုင်ပွဲဆိုင်ပွဲမှာ အနိုင်ကြဲကာ အောင်ဇေယျတု အောင်ဆုလိုလား၍ နေကြကုန်သော တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့အား ဇယံ- အောင်ဆုကို။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.