id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,328,901 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အောင်မြင်ရေး မင်္ဂလာ (ဆရာ) | သူမြတ်ပုဂ္ဂိုလ် ဟူသမျှကို၊မကြာခဏ တွေ့ဆုံလေ။ |
1,328,902 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အောင်မြင်ရေး မင်္ဂလာ (ဆရာ) | သဘာဝတွေး မှန်ကန်ရေး၊ဆွေးနွေးမပြတ်ပေ။ |
1,328,903 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အောင်မြင်ရေး မင်္ဂလာ (ဆရာ) | ֍ ကဗျာ ရွတ်ဆိုပြီးလျှင် ကဗျာအဓိပ္ပာယ်ကို ကလေးများ နားလည်သည့်အတိုင်း ရှင်းပြကြပါစေ။ |
1,328,904 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အောင်မြင်ရေး မင်္ဂလာ (ဆရာ) | ကဗျာပါ အကြောင်းအရာများကို ကလေးများ နားလည်စေရန် အောက်ပါမေးခွန်းများကို မေးပါ။ |
1,328,905 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အောင်မြင်ရေး မင်္ဂလာ (ဆရာ) | -စိတ်ကိုချုပ်ထိန်း သည်းခံခြင်းဆိုတာ ဘာကိုဆိုလိုတာလဲ။ |
1,328,906 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အောင်မြင်ရေး မင်္ဂလာ (ဆရာ) | (အရာရာကို လွန်လွန်ကဲကဲ မလုပ်ဘဲ၊ မသုံးဘဲ၊ ချင့်ချင့်ချိန်ချိန် လုပ်ကိုင်ခြင်း၊ သုံးစွဲခြင်း၊ အမျက်ဒေါသကို ထိန်းချုပ်ခြင်း ... စသည်)-သူမြတ်ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုလူမျိုးကို ပြောတာလဲ။ |
1,328,907 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အောင်မြင်ရေး မင်္ဂလာ (ဆရာ) | (ပညာတတ်တဲ့သူ၊ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့သူ၊ ရဟန်းတော်များ ... စသည်)-သဘာဝတွေး မှန်ကန်ရေး၊ ဆွေးနွေးမပြတ်ပေ ဆိုတာက ဘာပြောတာလဲ။ |
1,328,908 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အောင်မြင်ရေး မင်္ဂလာ (ဆရာ) | (ရုပ်၊ နာမ် သဘာဝတွေနဲ့ ပတ် သက်၍ မှန်မှန်ကန်ကန် ယူဆတတ်ရန် သင့်လျော်တဲ့အခါ တရားဆွေးနွေးရမယ်။ |
1,328,909 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အောင်မြင်ရေး မင်္ဂလာ (ဆရာ) | ) ֍ ထို့နောက် အောက်ပါ အောင်မြင်ရေးမင်္ဂလာလေးပါးကို သင်ပုန်းတွင်ရေးပြပြီး ကလေးများ၏ မှတ်စုစာအုပ်တွင် ကူးရေးကြပါစေ။ |
1,328,910 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အောင်မြင်ရေး မင်္ဂလာ (ဆရာ) | အောင်မြင်ရေးမင်္ဂလာ လေးပါး |
1,328,911 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အောင်မြင်ရေး မင်္ဂလာ (ဆရာ) | ၁။ သည်းခံတတ်ခြင်း။ |
1,328,912 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အောင်မြင်ရေး မင်္ဂလာ (ဆရာ) | ၂။ ဆုံးမစကားကို နာခံသောသူ ဖြစ်ခြင်း။ |
1,328,913 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အောင်မြင်ရေး မင်္ဂလာ (ဆရာ) | ၃။ ရဟန်းတော် (ပညာရှိသူတော်ကောင်း)တို့ကို ဖူးမြင်တွေ့ဆုံရခြင်း။ |
1,328,914 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အောင်မြင်ရေး မင်္ဂလာ (ဆရာ) | ၄။ ပညာရှိတို့နှင့် တရားဓမ္မ ဆွေးနွေးတိုင်ပင်ခြင်း။ |
1,328,915 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အောင်မြင်ရေး မင်္ဂလာ (ဆရာ) | ֍ “ဇာတ်လမ်းထဲက သံဝရမင်းသားဟာ ဆရာကြီးရဲ့ လမ်းညွှန်မှုတွေကို လိုက်နာဆောင်ရွက်ခဲ့တဲ့အတွက် ကောင်း ကျိုးတွေ အများကြီးရရှိသွားတာကို သိခဲ့ကြပြီ”ဟု ပြောကာ အောက်ပါမေးခွန်းကို မေး၍ စာသင်ချိန်ကို စတင်ပါ။ |
1,328,916 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အောင်မြင်ရေး မင်္ဂလာ (ဆရာ) | -သံဝရမင်းသားလေးဟာ အောင်မြင်ရေးမင်္ဂလာလေးပါးထဲက ဘယ်အချက်တွေနဲ့အညီ နေထိုင်ဆောင်ရွက်ခဲ့လို့ ကောင်းကျိုးတွေ ရရှိသွားတာလဲ။ |
1,328,917 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အောင်မြင်ရေး မင်္ဂလာ (ဆရာ) | အောက်ပါမေးခွန်းများကို အုပ်စုလိုက်ဆွေးနွေးပြီး ကိုယ်စားလှယ် တစ်ဦးစီက တင်ပြပါစေ။ |
1,328,918 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အောင်မြင်ရေး မင်္ဂလာ (ဆရာ) | -အောင်မြင်ရေးမင်္ဂလာ လေးပါးကို သားတို့သမီးတို့ကိုယ်တိုင်ရော ကျင့်သုံးလို့ရသလား။ |
1,328,919 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အောင်မြင်ရေး မင်္ဂလာ (ဆရာ) | ဘယ်လို ကျင့်သုံးမလဲ။ |
1,328,920 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အောင်မြင်ရေး မင်္ဂလာ (ဆရာ) | -အဲဒီလို ကျင့်သုံးရင် ဘယ်လိုကောင်းကျိုးတွေ ရနိုင်သလဲ။ |
1,328,921 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အောင်မြင်ရေး မင်္ဂလာ (ဆရာ) | ֍ အုပ်စုကိုယ်စားလှယ်အားလုံး တင်ပြပြီးလျှင် အောင်မြင်ရေးမင်္ဂလာကဗျာကို စုပေါင်းရွတ်ဆို၍ သင်ခန်းစာကို အဆုံးသတ်ပါ။ |
1,328,922 | မြန်မာဘာသာ, ရတု | အောင်မြေရွှေပြည်-ချီ ရတု | အောင်မြေရွှေပြည် မင်းဖျားတည်သား စဉ်ရှည်စွာဘိ ကိန်းဇာတိမူ ထရိဗေဒ စွန်းဧကဟု ဘုရာ့းဘိုးတော် တေဇော်ထန်ပြင်း မြန်ထိပ်နင်း၏ ဘေးရင်းစောထွတ် လောကနတ်လျှင် တမွတ်တွင်ထ ဝိသေသဖြင့် ဧကတွက်ကိန်း ရှေ့နောက်ထိန်းလျက် တရိန်းနှစ်ဘော် လယ်၌ပေါ်၏ ထိန့်ကျော်စည်ဖြီး ထွန်းလျှံညီးသည် ဘုန်းမီး ထာဝရဘုရား ။ |
1,328,923 | မြန်မာဘာသာ, ရတု | အောင်မြေရွှေပြည်-ချီ ရတု | ရောင်ရွှေထွေလည် ရွှန်းရွှန်းကြည်သား ထောင်ခြည်ထွန်းလင်း တက်နေဝင်းသို့ ရာမင်းထိပ်ထွတ် လောကနတ်၏ သားမြတ်နှစ်ဖေါ် မြေးတော်နှစ်ပြိုင် မြစ်ဆိုင်နှစ်ပါး မင်းဖျားသည်းပွတ် မင်းမြတ်သားတော် မင်းကျော်ရင်သွေး မုလေးပျံ့ကြိုင် ထိပ်ပန်းတိုင်လျှင် ဖြီးခိုင်သာသနာ တည်စိမ့်ငှါဟု ရိုက်ရာသိမ်းမြန်း ကိုးဆက်ထွန်းသား မတန်းမိုက်မှောင် ဝင်းဝင်းပြ... |
1,328,924 | မြန်မာဘာသာ, ရတု | အောင်မြေရွှေပြည်-ချီ ရတု | ခေါင်ဗွေနေတည် နန်းပွဲစည်သား ဤပြည်သီရိ ရပ်ဘူမိ၌ ပြည်ကြီ့းသနင်း မြတ်ရှင်ရင်းသည် မင်းမိဘုရား သားတော်မြေးမြစ် သစ်သစ်စဉ်ဆက် နန်းတက်နှင်နှင် စမ္ပာယ်ရွှင်လျက် ချစ်ရှင်ပျံ့မွှေး ဗျာဒိပ်ပေးသား မန္တလေးရွှေတောင် ဆက်မိအောင်လျှင် စောင့်ဆောင်သာသနာ ရောင်ဝါစည်ဖြီး လိုတော်ပြီး၍ တပ်ကြီးလည်းထွန် ကျွန်းကြီးလည်းပေါ် ထိန့်ထိန့်ကျော်သည် ဘုန်... |
1,328,925 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ၇။ အဿကဇာတ် |
1,328,926 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | နွားချေးပိုး |
1,328,927 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အယမဿကရာဇေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအဿကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖျားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ |
1,328,928 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ထိုစကားကို ချဲ့ဦးအံ့၊ ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့၏ဟူ၍ ကြားရသည်ကား မှန်သလောဟု မြတ်စွာဘုရားသည် မေးတော်မူသည်ရှိသော် အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်၏။ |
1,328,929 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ရဟန်း သင့်ကို အဘယ်သူသည် ငြီးငွေ့စေအပ်သနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား မယားဟောင်းသည် ငြီးငွေ့စေအပ်၏ဟု လျှောက်၏။ |
1,328,930 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ထိုအခါ၌ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း သင်၌ ထိုမိန်းမ၏ ချစ်ခြင်းသည် မရှိ၊ ရှေး၌လည်း ထိုမိန်းမကိုမှီ၍ သင်သည် ကြီးစွာသော ဆင်းရဲသို့ ရောက်ဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။ |
1,328,931 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ကာသိတိုင်းဝယ် ပါဋလိမြို့၌ အဿကအမည်ရှိသောမင်းသည် မင်းပြု၏။ |
1,328,932 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ထိုအဿကမင်းအား ဥပရီ အမည် ရှိသော ချစ်မြတ်နိုးစွာသော မိဖုယားသည်ရှိ၏။ |
1,328,933 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ထိုဥပရီသည် အလွန် အဆင်းလှ၏။ |
1,328,934 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | လူမိန်းမ၏ အဆင်းကိုလွန်၏။ |
1,328,935 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | နတ်သ္မီးအဆင်းကို မမှီတတ်၊ ထိုဥပရီ မိဖုယားသည် သေ၏။ |
1,328,936 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ထိုဥပရီမိဖုယား သေခြင်းကြောင့် အဿကမင်းသည် သောကဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ပင်ပန်း သည်ဖြစ်၏။ |
1,328,937 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | နှလုံးမသာသည်ဖြစ်၏။ |
1,328,938 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ထိုအဿကမင်းသည် ထိုဥပရီ မိဖုယား၏အလောင်းကို တလား၌ လျောင်းစေ၍ ဆီနှစ်ကိုထည့်စေ၍ ညောင်စောင်းနေရာအောက်၌ ထားစေ၍ အာဟာရကင်းလျက် မျက်ရည်ယို၍ ငိုကြွေးလျက် အိပ်၏။ |
1,328,939 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | မယ်တော် ခမည်းတော်တို့သည်၎င်း ကြွင်းကုန်သော အဆွေအမျိုး အဆွေခင်ပွန်း အမှူးအမတ်တို့သည်၎င်း ပုဏ္ဏားသူကြွယ် အစရှိကုန်သော သူတို့သည်၎င်း မင်းမြတ် စိုးရိမ်တော်မမူလင့်၊ သင်္ခါရတို့သည် အနိစ္စသာလျှင် ဖြစ်ကုန်၏။ |
1,328,940 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ဤသို့ အစရှိသည်တို့ကို ဆိုကုန်လျက် ကောင်းစွာ သိစိမ့်သောငှါ မတတ်နိုင်ကုန်၊ ထိုအဿကမင်း၏ ငိုကြွေးမြည်တမ်းစဉ်ပင်လျှင် ခုနစ်ရက်တို့သည် လွန်ကုန်၏။ |
1,328,941 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ထိုအခါ၌ ဘုရားလောင်းသည် ငါးပါးသောအဘိညာဉ်, ရှစ်ပါးသောသမာပတ်တို့ကို ရသော ရသေ့ဖြစ်၍ ဟိမဝန္တာအရပ်၌နေလျက် အလင်းကိုပွားစေ၍ ဒိဗ္ဗစက္ခုဖြင့် ဇမ္ဗူဒိပ်ကို ကြည့်လတ်သည်ရှိသော် ထိုအသာကမင်း ငိုကြွေးလျက်နေသည်ကိုမြင်၍ ငါသည် ထိုအဿကမင်း၏ကိုးကွယ်ရာဖြစ်ခြင်းငှာ သင့်၏ဟု နှလုံးသွင်း၍ တန်ခိုးအာနုဘော်အားဖြင့် ကောင်းကင်၌ပျံ၍ မင်း၏ ဥယျာဉ်၌ သက်၍... |
1,328,942 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ထိုအခါ၌ တယောက်သော ပါဋလိမြို့၌နေသော ပုဏ္ဏားလုလင်သည် ဥယျာဉ်သို့ ရောက်လတ်သော် ဘုရားလောင်းကိုမြင်၍ ရှိခိုး၍ နေ၏။ |
1,328,943 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ဘုရားလောင်းသည် ထိုပုဏ္ဏားလုလင်နှင့်တကွ စကားစေ့စပ်ခြင်းကို ပြုလေ၏။ |
1,328,944 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | လုလင် မင်းသည် တရားစောင့်ပါ၏လောဟု မေး၏။ |
1,328,945 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | အရှင်ဘုရား မင်းသည် တရားကား စောင့်၏။ |
1,328,946 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ထိုသို့တရားစောင့်သော်လည်း ထိုမင်း၏ မိဖုယားသည် သေ၏။ |
1,328,947 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ထိုမင်းသည် ထိုမိဖုယား၏ကိုယ်ကို တလားငယ်၌ ထည့်စေပြီး၍ ငိုကြွေးမြည်တမ်းလျက် အိပ်သည်ကား ယနေ့ ခုနစ်ရက်ရှိလေပြီ၊ အရှင်ဘုရားတို့သည် မင်းကိုဤသို့သဘောရှိသော ဆင်းရဲမှ အဘယ်ကြောင့် မလွတ်စေကုန်သနည်း၊ အရှင်ဘုရားတို့ကဲ့သို့သော သီလရှိကုန်သော အရှင်မြတ်တို့သည်ရှိကုန်လျက် မင်းအား ဤသို့သဘောရှိသော ဆင်းရဲဒုက္ခကို ခံရအံ့သောငှါ သင့်သလောဟု ပုဏ... |
1,328,948 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | အရှင်ဘုရား ထိုသိုတပြီးကား အကြင်မျှလောက်သော ကာလပတ်လုံး မင်းကို ဆောင်ပါအံ့၊ ထိုမျှလောက်သော ကာလပတ်လုံး ဤအရပ်၌ သာလျှင် နေပါကုန်လော့ဟု ပုဏ္ဏားလုလင်သည် ဘုရားလောင်း၏ဝန်ခံခြင်းကို ယူ၍ မင်း၏အထံသို့သွား၍ ထိုအကြောင်းကိုကြား၏။ |
1,328,949 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ဒိဗ္ဗစက္ခုနှင့်ပြည့်စုံသော ရသေ့၏အထံသို့ သွားအံ့သောငှာသင့်၏ဟု လျှောက်၏။ |
1,328,950 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | အဿကမင်းသည် ဥပရီမိဖုယားကိုမြင်အံ့သောငှါ ရအံ့ဟူ၍ ကြားရပေ၏ဟု နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ ရထားကိုစီး၍ ထိုဥယျာဉ်သို့ သွား၍ ဘုရားလောင်းကိုရှိခိုး၍ တင့်အပ် လျောက်ပတ်သော အရပ်၌ နေလျက် အရှင်ဘုရား အရှင်ဘုရားတို့သည် မိဖုယား၏ ဖြစ်ရာအရပ်ကို သိကုန်၏ ဟူ၍ အကျွန်ုပ် ကြားရသည်ကား မှန်သလောဟု မေး၏။ |
1,328,951 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | မင်းမြတ် မှန်၏ဟုဆိုသည်ရှိသော် အရှင်ဘုရား အဘယ်အရပ်၌ ဖြစ်သနည်းဟု လျှောက်၏။ |
1,328,952 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | မင်းမြတ် ထိုဥပရီမိဖုယားသည် အဆင်းကြောင့် ယစ်သည်ဖြစ်၍ မေ့လျော့ခြင်းကိုစွဲ၍ ကုသိုလ်ကောင်းမှု မပြုမူ၍ ဥယျာဉ်၌လျှင် နွားချေးပိုး၏ အမျိုး၌ ဖြစ်၏ဟုဆို၏။ |
1,328,953 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | အရှင်ဘုရား အကျွန်ုပ်သည် မယုံဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား ထိုနွားချေးပိုးမကို သင်မင်းမြတ်အား ပြ၍ ဆိုစေအံ့ဟု ဆို၏။ |
1,328,954 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | အရှင်ဘုရား ကောင်းပြီ၊ ဆိုစေကုန်လော့ဟု ဆိုသည်ရှိသော် ဘုရားလောင်းသည် မိမိ၏ အာနုဘော်အားဖြင့် နှစ်ခုကုန်သော နွားချေးပိုးဖို, မတို့သည် နွားချေးစိုင်ကိုဘောက်ကုန်လျက် မင်း၏ရှေ့သို့ လာစေကုန်သတည်းဟု ထိုနှစ်ခုကုန်သော နွားချေးပိုးဖို, မတို့၏ လာခြင်းကို ပြု၏။ |
1,328,955 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ထိုနှစ်ခုသော နွားချေးပိုး ဖို, မတို့သည် ဘုရားလောင်းအဓိဋ္ဌာန်တိုင်းလျှင် လာလတ်ကုန်၏။ |
1,328,956 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ဘုရားလောင်းသည် ထိုနွားချေးပိုးမကိုပြလျက် မင်းမြတ် နွားချေးပိုးမသည် သင်မင်းမြတ်၏ ဥပရီမည်သော မိဖုယားတည်း၊ သင့်ကို စွန့်၍ နွားချေးပိုးဖို၏ နောက်မှ နောက်မှ လိုက်၏။ |
1,328,957 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ထိုနွားချေးပိုးမကို ရှုကုန်လော့ဟု ဆို၏။ |
1,328,958 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | အရှင်ဘုရား ဥပရီမိဖုယားစင်လျက် နွားချေးပိုး၏အမျိုး၌ ဖြစ်လတ္တံ့ဟူ၍ အကျွန်ုပ်သည် မယုံဟုဆိုသည်ရှိသော် မင်းမြတ် ထိုနွားချေး ပိုးမကို ဆိုစေအံ့ဟု ဆို၍ အရှင်ဘုရား ဆိုစေကုန်လော့ဟု လျောက်သည်ရှိသော်- |
1,328,959 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ဘုရားလောင်းသည် မိမိ၏ အာနုဘော်အားဖြင့် ထိုနွားချေးပိုးမသည် ဆိုစေသတည်းဟု ဓိဋ္ဌာန်၍ ဥပရီဟူ၍ ခေါ်၏။ |
1,328,960 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | နွားချေးပိုးမသည် လူ့ဘာသာဖြင့် အရှင်ဘုရား အဘယ်ပြုအံ့နည်းဟု ဆို၏။ |
1,328,961 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | သင်သည် လွန်လေပြီးသောဘဝ၌ အဘယ် အမည်ရှိသနည်းဟု ဆိုသည်ရှိသော် အရှင်ဘုရား အဿကမင်း၏ မိဖုယားကြီးဖြစ်သော ဥပရီ အမည်ရှိသည်ဖြစ်၏ဟု ဆို၏။ |
1,328,962 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ယခုအခါ၌ သင်သည် အဿကမင်းကိုတည်း ချစ်သလော၊ ထိုသို့မဟုတ်မူကား နွားချေးပိုးဖိုကိုတည်း ချစ်သလောဟု မေး၏။ |
1,328,963 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | အရှင်ဘုရား ထိုအဿကမင်းသည် ရှေးဘဝ၌ အကျွန်ုပ်၏ လင်ဖြစ်၏။ |
1,328,964 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ထိုအခါ၌ အကျွန်ုပ်သည် ဤဥယျာဉ်၌ အသကမင်းနှင့်တကွ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကို ခံစားလျက် သွားရ၏။ |
1,328,965 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ယခုတမူကား ဘဝဖုံးလွှမ်းခြင်းဖြစ်သော ကာလမှစ၍ ထိုအဿကမင်းသည် အကျွန်ုပ်အား အသို့တော်သနည်း၊ ထို့ကြောင့် ယခုအခါ အကျွန်ုပ်သည် အဿကမင်းကို သတ်၍ ထိုအဿကမင်း၏ လည်ချောင်းသွေးဖြင့် အကျွန်ုပ်၏လင်ဖြစ်သော နွားချေးပိုးဖို၏ခြေတို့ကို လိမ်းချင်၏ဟုဆို၍ ပရိသတ်၏ အလယ်၌ လူ၏ဘာသာဖြင့်- |
1,328,966 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ၁၁၃။ အယမဿကရာဇေန၊ ဒေသော ဝိစရိတော မယာ။ |
1,328,967 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | အနုကာမယကာမေန၊ ပိယေန ပတိနာ သဟ။ |
1,328,968 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | နဝေန သုခဒုက္ခေန၊ ပေါရာဏံ အပိဓီယတိ။ |
1,328,969 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | တသ္မာ အဿက ရညောဝ၊ ကီဋော ပိယတရော မမ။ |
1,328,970 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ၁၁၃။ ဘန္တေ၊ အရှင်ဘုရား။ |
1,328,971 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | အယံ ဒေသော၊ ဤမွေ့လျော်ဘွယ်ရှိသော ဥယျာဉ်အရပ်သည်။ |
1,328,972 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | အနုကာမယကာမေန၊ နှစ်သက်ထသော။ |
1,328,973 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ပိယေန၊ ချစ်စွာထသော။ |
1,328,974 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ပတိနာ၊ လင်ဖြစ်သော။ |
1,328,975 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | အဿကရာဇေန၊ အဿကမင်းနှင့်။ |
1,328,976 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | သဟ၊ တကွ။ မယာ၊ အကျွန်ုပ်သည်။ |
1,328,977 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ဝိစရိတော၊ သွားလာဘူးသော။ |
1,328,978 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ဒေသော၊ အရပ်တည်း။ |
1,328,979 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ၁၁၄။ ဣဒါနိ၊ ယခုအခါ၌။ |
1,328,980 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | နဝေန၊ အသစ်ဖြစ်သော။ |
1,328,981 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | သုခဒုက္ခေန၊ ချမ်းသာဆင်းရဲခြင်းဖြင့်။ |
1,328,982 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ပေါရာဏံ၊ အဟောင်းဖြစ်သော ချမ်းသာခြင်း ဆင်းရဲခြင်းကို။ |
1,328,983 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | အပိဓီယတိ၊ ဖုံးလွှမ်းအပ်၏။ |
1,328,984 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | အဿကကညော၊ အဿကမင်းထက်။ |
1,328,985 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ကီဋောဝ၊ နွားချေးပိုးဖိုကိုလျှင်။ |
1,328,986 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ပိယတရော၊ အလွန်ချစ်အပ်၏။ |
1,328,987 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ထိုစကားကို ကြား၍ အဿကမင်းသည် နှလုံးမသာသည်ဖြစ်၍ ထိုအရပ်၌တည်လျက် အကောင်ပုပ်ကို ထုတ်စေ၍ ဦးခေါင်းလျှော်၍ ဘုရားလောင်းကို ရှိခိုး၍ မြို့သို့ဝင်၍ တပါးသော မိန်းမကို မိဖုယားကြီးအရာ၌ထား၍ တရားသဖြင့် မင်းအဖြစ်ကို ပြု၏။ |
1,328,988 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ဘုရားလောင်းသည်လည်း မင်းကိုဆုံးမ၍ သောကမရှိသည်ကိုပြု၍ ဟိမဝန္တာသို့လျှင် သွား၏။ |
1,328,989 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ |
1,328,990 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ မယားဟောင်းသည် ထိုအခါ ဥပရီမည်သော မိဖုယား ဖြစ်ဘူးပြီ၊ ယခုအခါ ငြီးငွေ့သော ရဟန်းသည် ထိုအခါ အဿကမင်း ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ပုဏ္ဏားလုလင် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ၌ ရသေ့ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။ |
1,328,991 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | အချစ်တဏှာ၊ လွန်ကဲပါ။ |
1,328,992 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ကိုယ်သာ ဆင်းရဲဘိ |
1,328,993 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဿကဇာတ် | ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော အဿကဖာတ်သည် ပြီး၏။ |
1,328,994 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | ပဏ္ဍိတဝဂ် ၂။ |
1,328,995 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | အဿဇိပုနဗ္ဗသုကရဟန်းတို့ ဝတ္ထု |
1,328,996 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | ဩဝဒေယျအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အဿဇိ,ပုနဗ္ဗသုက အမည်ရှိကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။ |
1,328,997 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | ဆုံးမတတ်သူ လူမိုက်မုန်းခြင်း |
1,328,998 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | ထိုအဿဇိ,ပုနဗ္ဗသုက ရဟန်းတို့သည် အဂ္ဂသာဝက မထေရ်အရှင်တို့၏ ဥပဇ္ဈာယ်ယူ သဒ္ဓိဝိဟာရိကတပည့် ရဟန်းတို့ ဖြစ်ကုန်သတတ်။ |
1,328,999 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | သို့ရာတွင် ထိုရဟန်းတို့သည် အရှက်မရှိသော အလဇ္ဇီရဟန်းတို့ ဖြစ်ကုန်၏။ |
1,329,000 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | ယုတ်မာသော အကျင့်ရှိသော ရဟန်းတို့သာတည်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.