id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,329,001 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | ထိုရဟန်းတို့သည် မိမိ၏ အခြံအရံဖြစ်သော ရဟန်းငါးရာတို့နှင့်တကွ ကိဋာဂိရိဇနပုဒ်၌ နေကြကုန်လျက် ပန်းပင်ငယ်ကို မိမိလည်းစိုက်ပျိုးကြကုန်၏၊ သူတစ်ပါးကိုလည်း စိုက်ပျိုးစေကြကုန်၏။ |
1,329,002 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | ဤသို့အစရှိသော အထူးထူးအပြားပြား မလျောက်ပတ်သောအကျင့်ကို ပြုကျင့်ကြကုန်၍ ဒါယကာတို့၏သဒ္ဓါတရားကို ဖျက်ဆီးခြင်း ကုလဒူသနအမှုကို ပြုကြသဖြင့် ထိုကုလဒူသနအမှုကြောင့် ရအပ်ကုန်သော ပစ္စည်းတို့ဖြင့် အသက်မွေးခြင်းကိုပြုကုန်လျက် ထိုကျောင်း အရိပ်အာဝါသကို သီလကို ချစ်မြတ်နိုးကုန်သောရဟန်းတို့ မနေနိုင်အောင် ပြုလုပ်ကြလေကုန်၏။ |
1,329,003 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | မြတ်စွာဘုရားသည် ထိုအကြောင်းကို ကြားသိတော်မူ၍ ထိုအဿဇိ,ပုနဗ္ဗသုက ရဟန်းတို့အား ပဗ္ဗာဇနီယကံကိုပြုစေခြင်းငှာ တပည့်အခြံအရံနှင့်တကွ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့ကို ခေါ်တော်မူ၍ “ချစ်သား သာရိပုတြာ မောဂ္ဂလာန်တို့- သွားကြလေကုန်၊ ထိုရဟန်းတို့တွင် အကြင်ရဟန်းတို့သည် အသင်တို့၏ စကားကို မလိုက်နာကြကုန်၊ ထိုရဟန်းတို့အား ပဗ္ဗာဇနီယကံကို ပြု... |
1,329,004 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | ပြောဆိုဆုံးမတတ်သောသူ, ကံမြစ်တတ်သောသူကို ပညာမရှိသော သူတို့သည်သာလျှင် မချစ်မနှစ်သက်အပ်၊ နှလုံးကို မပွားအပ်၊ ပညာရှိတို့သည်ကား နှစ်သက်မြတ်နိုးအပ်၏၊ နှလုံးကို ပွားစေအပ်၏”ဟု အနုသန္ဓေစပ်၍ တရားတော်ကို ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။ |
1,329,005 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | ဒေသနာတော် [၇၇] ဩဝဒေယျာနုသာသေယျ၊ အသဗ္ဘာ စ နိဝါရယေ။ |
1,329,006 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | သတံ ဟိ သော ပိယော ဟောတိ၊ အသတံ ဟောတိ အပ္ပိယော။ |
1,329,007 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | ဩဝဒေယျ၊ ဆုံးမရာ၏။ |
1,329,008 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | အနုသာသေယျ၊ ကံ့မြစ်ရာ၏။ |
1,329,009 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | အသဗ္ဘာ စ၊ အကုသိုလ်တရားမှလည်း။ |
1,329,010 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | (ကုသိုလ်တရား၌ တည်စေရာ၏ဟူလို)။ |
1,329,011 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | သော၊ ထိုဆုံးမကံ့မြစ်တတ်သောသူသည်။ |
1,329,012 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | သတံ၊ သူတော်ကောင်းတို့သည်။ |
1,329,013 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | ဝါ၊ သူတော်ကောင်းတို့၏။ |
1,329,014 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | ပိယော၊ ချစ်ခင်နှစ်သက် မြတ်နိုးအပ်သောသူသည်။ |
1,329,015 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | အသတံ၊ လာဘ်ကိုမျှော်တွေး ဝမ်းရေးကိုရှာ သူယုတ်မာတို့သည်။ |
1,329,016 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | ဝါ၊ သူယုတ်မာတို့၏။ |
1,329,017 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | ဝါ၊ နှုတ်လှံထိုးသူတို့၏။ |
1,329,018 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | အပ္ပိယော၊ မချစ်ခင် မမြတ်နိုးအပ်သော သူသည်။ |
1,329,019 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | (အကြောင်းဖြစ်မှ ဆုံးမလျှင် ဩဝါဒ၊ မဖြစ်မီ ကြိုတင် ဆုံးမလျှင် အနုသာသနီ မည်၏။ |
1,329,020 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | တစ်နည်းကား မျက်မှောက်ဆုံးမလျှင် ဩဝါဒ၊ မျက်ကွယ် စေလွှတ်၍ စာပေး၍ ဆုံးမလျှင် အနုသာသနီ။ |
1,329,021 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | တစ်နည်းကား တစ်ကြိမ်ဆုံးမလျှင် ဩဝါဒ၊ အကြိမ်ကြိမ် ဆုံးမလျှင် အနုသာသနီ။ |
1,329,022 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | တစ်နည်းကား ဩဝါဒသည်ပင် အနုသာသနီ အတူတူပင်တည်း။ |
1,329,023 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | အရှင်သာရိပုတြာ၊ အရှင်မောဂ္ဂလာန်တို့သည်လည်း ထိုကိဋာဂိရိဇနပုဒ်သို့ ကြွသွားတော်မူကြ၍ ထိုရဟန်းတို့ကို ဆုံးမတော်မူကြကုန်၏။ |
1,329,024 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | ကံ့မြစ်တော်မူကြကုန်၏။ |
1,329,025 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | ထိုရဟန်းတို့တွင် အချို့သောရဟန်းတို့သည် အဆုံးအမဩဝါဒကို လိုက်နာခံယူ၍ ကောင်းစွာ ကျင့်ဆောင်ကြကုန်၏။ |
1,329,026 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | အချို့သောရဟန်းတို့သည် လူထွက်ကြကုန်၏။ |
1,329,027 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | အချို့သော ရဟန်းတို့သည် ပဗ္ဗာဇနီယကံသို့ ရောက်ကြလေကုန်၏။ |
1,329,028 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထု | အဿဇိပုနဗ္ဗသုက ရဟန်းတို့ဝတ္ထု ပြီး၏။ |
1,329,029 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | ၂-အဿဇိပုနဗ္ဗသုကဝတ္ထု |
1,329,030 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | ၇၇။ ဩဝဒေယျာနုသာသေယျ၊ အသဗ္ဘာ စ နိဝါရယေ။ |
1,329,031 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အဂ္ဂသာဝကနှစ်ပါးတို့၏ သဒ္ဓိဝိဟာရိကတပည့် ဖြစ်သော အရှက်မရှိသော အဿဇိပုနဗ္ဗသုက ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။ |
1,329,032 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | ဒေသနာတော် အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။ |
1,329,033 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | (ဝါ) မျက်မှောက်ဆုံးမရာ၏။ |
1,329,034 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | (ဝါ) တကြိမ်ပြောဆို ဆုံးမရာ၏။ |
1,329,035 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | အနုသာသေယျ၊ ကြိုတင်ဆုံးမရာ၏။ |
1,329,036 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | (မျက်ကွယ်ဆုံးမရာ၏ (ဝါ) အကြိမ်ကြိမ်ဆုံးမရာ၏။ |
1,329,037 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | ) အသဗ္ဘာ စ၊ မကောင်းမှု အကုသိုလ်မှလည်း။ |
1,329,038 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | နိဝါရယေ၊ တားမြစ်ရ၏။ |
1,329,039 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | သော၊ ထိုဆုံးမသောသူကို။ |
1,329,040 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | ပိယော၊ ချစ်ခင်နှစ်သက်အပ်သည်။ |
1,329,041 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | အသတံ၊ မသူတော်တို့သည်။ |
1,329,042 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | ပိယော၊ ချစ်ခင်နှစ်သက်သည်။ |
1,329,043 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | စကားပြေ အမှုပေါ်မှသော်လည်းကောင်း၊ ကြိုတင်၍သော်လည်းကောင်း၊ တကြိမ်သော်လည်းကောင်း၊ အကြိမ်များစွာသော်လည်းကောင်း၊ မျက်မှောက်သော်လည်းကောင်း၊ မျက်ကွယ်၌သော်လည်းကောင်း ဆိုဆုံးမသောသူကို သူတော်ကောင်းများ ချစ်ခင်နှစ်သက်သော်လည်း မသူတော်တို့က မချစ်ခင်မနှစ်သက်ကြချေ။ |
1,329,044 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | ဩဝဒေယျ— အမှုရောက်သောအခါ ဆုံးမခြင်း၊ မျက်မှောက်ဆုံးမခြင်း၊ တကြိမ်တခါဆုံးမခြင်း။ |
1,329,045 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | အနုသာသေယျ— အမှုမရောက်ခင် ကြိုတင်ဆုံးမခြင်း၊ မျက်ကွယ်မှာ တစုံတယောက်သောသူကို တမန်ဖြင့်လည်းကောင်း စာဖြင့်လည်းကောင်း စေလွှတ်၍ ဆုံးမခြင်း ဖန်ဖန်ဆုံးမခြင်း။ |
1,329,046 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | သတံ၌— သန္တရ ဘုရားအစရှိသော သူတော်ကောင်းရ၏။ |
1,329,047 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | အသတံ၌— အသန္တ အရ သစ္စာတရားတို့ကို မသိမြင်သေးသော ပစ္စည်းလာဘ်လာဘကိုသာ ကြည့်၍ အသက်မွေးလွယ်အောင် သာသနာ့ဘောင်သို့ ဝင်သောသူရ၏။ |
1,329,048 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | ဆုံးမမှုကို မနှစ်သက်သူနှင့် နှစ်သက်သူ— ဆုံးမသွန်သင်မှုကို သူယုတ်မာများ မနှစ်သက်သော်လည်း သူတော်ကောင်းများက နှစ်သက်သည်။ |
1,329,049 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | (ဓမ္မ၊ဋ္ဌ၊၁၊၃၄၉။ |
1,329,050 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | အသဗ္ဗာ = န သဗ္ဘော အဗ္ဘော။ |
1,329,051 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | န + သဗ္ဘ။ |
1,329,052 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | သဗ္ဗော = သဘာယံ သာဓု သဗ္ဘော။ |
1,329,053 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | သဘာ + ဏျ။ |
1,329,054 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | အဿဇိပုနဗ္ဗသုကဝတ္ထု ပြီး၏။ |
1,329,055 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | ၂-အဿဇိပုနဗ္ဗသုကဝတ္ထုပါဠိဂါထာ |
1,329,056 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | ၂၂၁။ ဩဝဒေယျာနုသာသေယျ, အသဗ္ဘာ စ နိဝါရယေ၊သတံ ဟိ သော ပိယော ဟောတိ, အသတံ ဟောတိ အပ္ပိယော။ |
1,329,057 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | ဩဝဒေယျ၊ အကြောင်းပေါ်က ဆုံးမရာ၏။ |
1,329,058 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | အနုသာသေယျ၊ အကြောင်းမပေါ်ခင် သွန်သင်ရာ၏။ |
1,329,059 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | [(တစ်နည်း) ဩဝဒေယျ၊ မျက်မှောက်၌ ဆုံးမရာ၏။ |
1,329,060 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | အနုသာသေယျ၊ မျက်ကွယ်၌ ဆုံးမ ရာ၏။ |
1,329,061 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | (တစ်နည်း) ဩဝဒေယျ၊ တစ်ကြိမ်တစ်ခါ ဆုံးမရာ၏။ |
1,329,062 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | အနုသာသေယျ၊ အထပ်ထပ်အခါခါ ဆုံးမရာ၏။ |
1,329,063 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | (တစ်နည်း) ဩဝဒေယျ၊ ဆုံးမရာ၏။ |
1,329,064 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | အနုသာသေယျ၊ သွန်သင်ရာ၏။ |
1,329,065 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | ] အသဗ္ဘာ စ၊ (များသောအားဖြင့်) မသူတော်တို့၌ ဖြစ်တတ်သော အကုသိုလ်တရားမှလည်း။ |
1,329,066 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | သော၊ ထို ဆုံးမသွန်သင်သူသည်။ |
1,329,067 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | ဝါ၊ ကို။ သတံ၊ သူတော်ကောင်းတို့သည်။ |
1,329,068 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | [ဟိအနက်မဲ့။ |
1,329,069 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | (တစ်နည်း) “ဟိ၊ အကျိုးကား”ဟုပေး။ |
1,329,070 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | ] ပိယော၊ ချစ်မြတ် နိုးအပ်သည်။ |
1,329,071 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | ဟောတိ၊ ၏။ အသတံ၊ မသူတော်တို့သည်။ |
1,329,072 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | အပ္ပိယော၊ မချစ်မြတ်နိုးအပ်သည်။ |
1,329,073 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | ဟောတိ၊ ၏။ (ပါ-၇၇) |
1,329,074 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | အသဗ္ဘာ။ ။ |
1,329,075 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | သီဒနသဘာေဝ ကိလေသေ ဘိန္ဒန္တီတိ သဗ္ဘီ၊ [သီဒ '+ဘိဒိ+ကွိ၊ ပုလ္လိင်, ဣကာရန္တ၊-နီတိဓာတု-၃၆၉။ |
1,329,076 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | ] န+သဗ္ဘီ အသဗ္ဘီ၊ ယေ- ဘုယျေန အသဗ္ဘီသု+ဘဝံ အသဗ္ဘံ၊ (တစ်နည်း) အသဗ္ဘီနံ+ဣဒံ အသဗ္ဘံ သူတော်မဟုတ်, သူယုတ်တို့၏ ဥစ္စာဖြစ်သော အကုသိုလ်တရား၊ အသဗ္ဘ '+ဏျ၊ ဏအနုဗန်ချေ၊ အဝဏ္ဏော ယေ လောပဉ္စ၌ စသဒ္ဒါဖြင့် ဣချေ၊ ကွစိ ဓာတုဖြင့် ဗကို ချေ၊ ဘျကို ဘပြု၊ ဗဒွေဘော်လာ(နီတိပဒ-၂၃၄၊ နီတိပဒနိ၊၂၊၅၀၅)။ |
1,329,077 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | သဟ ဘန္တိ ဧတ္ထာတိ သဘာ၊ [သဟ+ဘာ+ကွိ၊ သဟကို သပြု၊] သဟ ဘာသန္တိ ဧတ္ထာတိ သဘာ၊ [သဟ+ဘာသ+ကွိ၊] သင်္ဂမ္မ ဘန္တိ ဧတ္ထာတိ သဘာ၊[သံ+ဘာ+ကွိ၊ နိဂ္ဂဟိတ်ချေ။ |
1,329,078 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | ] သင်္ဂမ္မ ဘာသန္တိ ဧတ္ထာတိ သဘာ၊ [သံ+ဘာသ+ကွိ၊-ရူ-၃၆၁။ |
1,329,079 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | ] သဘာယံ+သာဓု သဗ္ဘံ၊ [သဘာ+ယ၊] န+သဗ္ဘံ အသဗ္ဘံ-အစည်းအဝေးသဘင်၌ မကောင်းသော အကုသိုလ်တရား(ရူ-၂၃၁၊ မောဂ်ပံ-၄, ၇၂)။ |
1,329,080 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာ | အဿဇိပုနဗ္ဗသုကဝတ္ထုဂါထာနိဿယပြီးပြီ။ |
1,329,081 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဣတိဝုတ်ပါဠိတော် |
1,329,082 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၁-ဧကကနိပါတ် |
1,329,083 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၁-ပဌမဝဂ် ၁-လောဘသုတ် |
1,329,084 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,085 | Uncategorized | ဣတိဝုတ်ပါဠိတော် | ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- |
1,329,086 | Uncategorized | ဣတိဝုတ်ပါဠိတော် | ရဟန်းတို့ တစ်ခုသောတရားကို ပယ်ကြကုန်လော့၊ သင်တို့ အနာဂါမ်ဖြစ်ရေးအတွက် ငါဘုရားတာဝန်ယူ၏။ |
1,329,087 | Uncategorized | ဣတိဝုတ်ပါဠိတော် | တစ်ခုသောတရားဟူသည် အဘယ်နည်း¿ ရဟန်းတို့ တပ်မက်မှု ‘လောဘ’ဟူသောတစ်ခုသောတရားကို ပယ်ကြကုန်လော့၊ သင်တို့ အနာဂါမ်ဖြစ်ရေးအတွက် ငါဘုရား တာဝန်ယူ၏။ |
1,329,088 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ |
1,329,089 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုသုတ်၌ ဤအနက်သဘောကို - |
1,329,090 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အကြင်လောဘဖြင့် တပ်မက်သူ သတ္တဝါတို့သည် မကောင်းသော လားရာ ‘ဂတိ'သို့ လားရောက်ကြရကုန်၏။ |
1,329,091 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုလောဘကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စစသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် (ထိုလောဘကို) ပယ်စွန့်ကုန်၏။ |
1,329,092 | Uncategorized | ဣတိဝုတ်ပါဠိတော် | (ယင်းလောဘကို) ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန်”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,093 | Uncategorized | ဣတိဝုတ်ပါဠိတော် | ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။ |
1,329,094 | Uncategorized | ဣတိဝုတ်ပါဠိတော် | -- ၂-ဒေါသသုတ် |
1,329,095 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ |
1,329,096 | Uncategorized | ဣတိဝုတ်ပါဠိတော် | တစ်ခုသောတရားဟူသည် အဘယ်နည်း¿ ရဟန်းတို့ ပြစ်မှားမှု ‘ဒေါသ’ဟူသောတစ်ခုသောတရားကို ပယ်ကြကုန်လော့၊ သင်တို့ အနာဂါမ်ဖြစ်ရေးအတွက် ငါဘုရား တာဝန်ယူ၏။ |
1,329,097 | Uncategorized | ဣတိဝုတ်ပါဠိတော် | “အကြင်ဒေါသဖြင့် ဖျက်ဆီးခံရသူ သတ္တဝါတို့သည် မကောင်းသော လားရာ ‘ဂတိ'သို့ လားရောက်ကြရကုန်၏။ |
1,329,098 | Uncategorized | ဣတိဝုတ်ပါဠိတော် | ထိုဒေါသကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စ စသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် (ထိုဒေါသကို) ပယ်စွန့်ကုန်၏။ |
1,329,099 | Uncategorized | ဣတိဝုတ်ပါဠိတော် | (ယင်းဒေါသကို) ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန်”ဟု ဤဂါထာဖြင့် ဆိုအပ်၏။ |
1,329,100 | Uncategorized | ဣတိဝုတ်ပါဠိတော် | ၃-မောဟသုတ် |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.