id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,329,201
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ သံဃာကွဲပြားသည်ရှိသော်သံဃာကွဲပြားခြင်းကြောင့် အချင်းချင်း ငြင်းခုံမှုတို့သည်လည်း ဖြစ်ကုန်၏။
1,329,202
Uncategorized
ဣတိဝုတ်ပါဠိတော်
အချင်းချင်း ခြိမ်းခြောက်မှုတို့သည်လည်း ဖြစ်ကုန်၏။
1,329,203
Uncategorized
ဣတိဝုတ်ပါဠိတော်
အချင်းချင်း ရှုတ်ချပစ်ပယ်မှုတို့သည်လည်း ဖြစ်ကုန်၏။
1,329,204
Uncategorized
ဣတိဝုတ်ပါဠိတော်
အချင်းချင်း နှင်ထုတ်စွန့်လွှတ်မှုတို့သည်လည်း ဖြစ်ကုန်၏။
1,329,205
Uncategorized
ဣတိဝုတ်ပါဠိတော်
ထိုသံဃာကွဲပြားရာ၌ မကြည်ညိုသေးသောသူတို့လည်း မကြည်ညိုကုန်။
1,329,206
Uncategorized
ဣတိဝုတ်ပါဠိတော်
ကြည်ညိုပြီးသောအချို့သူတို့လည်း အကြည်ညိုပျက်ကုန်၏။
1,329,207
Uncategorized
ဣတိဝုတ်ပါဠိတော်
“သံဃာကို သင်းခွဲသူသည် အပါယ်၌ ဖြစ်ထိုက်၏။
1,329,208
Uncategorized
ဣတိဝုတ်ပါဠိတော်
(အဝီစိ) ငရဲ၌ ဖြစ်ရ၏။
1,329,209
Uncategorized
ဣတိဝုတ်ပါဠိတော်
(အန္တရ) ကပ်ပတ်လုံးတည်၏။
1,329,210
Uncategorized
ဣတိဝုတ်ပါဠိတော်
သံဃာကွဲပြားမှု၌ မွေ့လျော်၍ မတရားမှု၌ တည်သူသည် ယောဂလေးဖြာကုန်ရာ နိဗ္ဗာန်မှဆုတ်ယုတ်၏။
1,329,211
Uncategorized
ဣတိဝုတ်ပါဠိတော်
ညီညွတ်သော သံဃာကို သင်းခွဲသောကြောင့် (အန္တရ) ကပ်ပတ်လုံး ငရဲ၌ ကျက်ရ၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။
1,329,212
Uncategorized
ဣတိဝုတ်ပါဠိတော်
-- ၉-သံဃသာမဂ္ဂီသုတ်
1,329,213
Uncategorized
ဣတိဝုတ်ပါဠိတော်
၁၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
1,329,214
Uncategorized
ဣတိဝုတ်ပါဠိတော်
ပူဇော်အထူးကို့ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
1,329,215
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ တစ်ခုသောတရားသည် လောက၌ ဖြစ်ပေါ်လာသည်ရှိသော် လူအများ အကျိုးစီးပွါး ရှိရန်လူအများ ချမ်းသာရန် လူအများ အကျိုးရှိရန် နတ်လူတို့ အကျိုးစီးပွါးရှိရန် ချမ်းသာရန်သာ ဖြစ်၏။
1,329,216
Uncategorized
ဣတိဝုတ်ပါဠိတော်
တစ်ခုသောတရားဟူသည် အဘယ်နည်း¿ သံဃာညီညွတ်မှုတည်း။
1,329,217
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ သံဃာညီညွတ်သည်ရှိသော်သံဃာညီညွတ်ခြင်းကြောင့် အချင်းချင်း ငြင်းခုံမှုတို့သည်လည်း မဖြစ်ကုန်။
1,329,218
Uncategorized
ဣတိဝုတ်ပါဠိတော်
အချင်းချင်းခြိမ်းခြောက်မှုတို့သည်လည်း မဖြစ်ကုန်။
1,329,219
Uncategorized
ဣတိဝုတ်ပါဠိတော်
အချင်းချင်း ရှုတ်ချပစ်ပယ်မှုတို့သည်လည်း မဖြစ်ကုန်။
1,329,220
Uncategorized
ဣတိဝုတ်ပါဠိတော်
အချင်းချင်း နှင်ထုတ်စွန့်လွှတ်မှုတို့သည်လည်း မဖြစ်ကုန်။
1,329,221
Uncategorized
ဣတိဝုတ်ပါဠိတော်
ထိုသံဃာညီညွတ်ရာ၌ မကြည်ညိုသေးသောသူတို့သည်လည်း ကြည်ညိုကုန်၏။
1,329,222
Uncategorized
ဣတိဝုတ်ပါဠိတော်
ကြည်ညိုပြီးသူတို့သည်လည်း တိုး၍ ကြည်ညိုကုန်၏။
1,329,223
Uncategorized
ဣတိဝုတ်ပါဠိတော်
“သံဃာညီညွတ်မှုသည်လည်းကောင်း၊ ညီညွတ်သူတို့အား ချီးမြှောက်မှုသည်လည်းကောင်း ချမ်းသာ၏။
1,329,224
Uncategorized
ဣတိဝုတ်ပါဠိတော်
ညီညွတ်မှု၌ မွေ့လျော်၍ တရား၌ တည်သောသူသည် ယောဂလေးဖြာကုန်ရာ နိဗ္ဗာန်မှ မဆုတ်ယုတ်နိုင်၊ သံဃာညီညွတ်မှုကို ပြုသောကြောင့် အာယုကပ်ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏”ဟု ဤဂါထာဖြင့်ဆိုအပ်၏။
1,329,225
Uncategorized
ဣတိဝုတ်ပါဠိတော်
-- ၁၀-ပဒုဋ္ဌစိတ္တသုတ်
1,329,226
Uncategorized
ဣတိဝုတ်ပါဠိတော်
၂၀။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
1,329,227
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ဤလောက၌ ဒေါသစိတ်ရှိသူ အချို့သော ပုဂ္ဂိုလ်ကို ဤသို့ (ငါဘုရား၏) စိတ်ဖြင့် ထိုသူ၏စိတ်ကို ပိုင်းခြား၍ သိ၏ “ဤဒေါသစိတ်ရှိသောအခါ၌ ဤပုဂ္ဂိုလ်သည် သေခဲ့မူ ဝန်ထုပ်ကို ဆောင်ယူ၍ချထားသကဲ့သို့ ဤအတူ ငရဲ၌ ကျရလေ၏။
1,329,228
Uncategorized
ဣတိဝုတ်ပါဠိတော်
ဤသို့ ငရဲကျရခြင်းသည် အဘယ့်ကြောင့် နည်း¿ ရဟန်းတို့ ထိုသူ၏ စိတ်သည် ဒေါသဖြင့် ဖျက်ဆီးအပ်သောကြောင့် တည်း"၊ ရဟန်းတို့ဒေါသစိတ်ရှိခြင်းဟူသော အကြောင်းကြောင့် ဤလောက၌ အချို့သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍သေသည်မှနောက်၌ ချမ်းသာ ကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ကြရကုန်၏။
1,329,229
Uncategorized
ဣတိဝုတ်ပါဠိတော်
ထိုသုတ်၌ ဤအနက်သဘောကို -"မြတ်စွာဘုရားသည် ဤလောက၌ ဒေါသစိတ်ရှိသူ အချို့သော ပုဂ္ဂိုလ်ကို သိ၍ ရဟန်းတို့အားဤဆိုလတ္တံ့သော အနက်သဘောကို ဟောကြားတော်မူ၏။
1,329,230
Uncategorized
ဣတိဝုတ်ပါဠိတော်
ဤပုဂ္ဂိုလ်သည် ဒေါသစိတ်ရှိသောအချိန်အခါ၌ သေခဲ့မူ ဝန်ထုပ်ကို ဆောင်ယူ၍ ချထားသကဲ့သို့ ဤအတူ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်သည် ငရဲ၌ ဖြစ်ရာ၏။
1,329,231
Uncategorized
ဣတိဝုတ်ပါဠိတော်
(အဘယ့်ကြောင့် ဆိုသော်) ထိုပုဂ္ဂိုလ်၏စိတ်ကို ဒေါသသည် ဖျက်ဆီးအပ်သောကြောင့် တည်း။
1,329,232
Uncategorized
ဣတိဝုတ်ပါဠိတော်
မှန်၏။ သတ္တဝါတို့သည် ဒေါသဖျက်ဆီးအပ်သော စိတ်ဟူသော အကြောင်းကြောင့် မကောင်းသော လားရာ ဒုဂ္ဂတိဘဝသို့ လားရောက်ကြရကုန်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။
1,329,233
Uncategorized
ဣတိဝုတ်ပါဠိတော်
ဒုတိယဝဂ် ပြီး၏။
1,329,234
Uncategorized
ဣတိဝုတ်ပါဠိတော်
-- ၃-တတိယဝဂ်
1,329,235
Uncategorized
ဣတိဝုတ်ပါဠိတော်
၁-ပသန္နစိတ္တသုတ်
1,329,236
Uncategorized
ဣတိဝုတ်ပါဠိတော်
၂၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
1,329,237
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ဤလောက၌ စိတ်ကြည်လင်သူ အချို့သော ပုဂ္ဂိုလ်ကို ဤသို့ (ငါဘုရား၏စိတ်ဖြင့်) ထိုသူ၏စိတ်ကို ပိုင်းခြား၍သိ၏ “ဤစိတ်ကြည်လင်သောအခါ၌ ဤပုဂ္ဂိုလ်သည် သေခဲ့မူ ဝန်ထုပ်ကို ဆောင်ယူ၍ချထားသကဲ့သို့ ဤအတူ နတ်ပြည်၌ ဖြစ်ရ၏”။
1,329,238
Uncategorized
ဣတိဝုတ်ပါဠိတော်
ယင်းသို့ နတ်ပြည်၌ ဖြစ်ရခြင်းသည် အဘယ့်ကြောင့် နည်း¿ ရဟန်းတို့ ထိုသူ၏ စိတ်သည် ကြည်လင်သောကြောင့် တည်း။
1,329,239
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ စိတ်ကြည်လင်ခြင်းဟူသော အကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍သေသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ကြရကုန်၏။
1,329,240
Uncategorized
ဣတိဝုတ်ပါဠိတော်
ထိုသုတ်၌ ဤအနက်သဘောကို -"မြတ်စွာဘုရားသည် ဤလောက၌ စိတ်ကြည်လင်သူ အချို့သော ပုဂ္ဂိုလ်ကို သိ၍ ရဟန်းတို့အားဤဆိုလတ္တံ့သော အနက်သဘောကို ဟောကြားတော်မူ၏။
1,329,241
Uncategorized
ဣတိဝုတ်ပါဠိတော်
ဤပုဂ္ဂိုလ်သည် စိတ်ကြည်လင်သောအခါ၌ သေခဲ့မူ ဝန်ထုပ်ကို ဆောင်ယူ၍ ချထားသကဲ့သို့၊ ဤအတူထိုသို့ သဘောရှိသော ပုဂ္ဂိုလ်သည် သုဂတိဘဝ၌ ဖြစ်ရ၏၊ (အဘယ့်ကြောင့် ဆိုသော်) ထိုပုဂ္ဂိုလ်၏စိတ်သည် ကြည်လင်သောကြောင့် တည်း။
1,329,242
Uncategorized
ဣတိဝုတ်ပါဠိတော်
မှန်၏။ သတ္တဝါတို့သည် စိတ်ကြည်လင်ခြင်းဟူသော အကြောင်းကြောင့် ကောင်းသော လားရာသုဂတိဘဝသို့ လားရောက်ကြရကုန်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။
1,329,243
Uncategorized
ဣတိဝုတ်ပါဠိတော်
-- ၂-မေတ္တသုတ်
1,329,244
Uncategorized
ဣတိဝုတ်ပါဠိတော်
၂၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
1,329,245
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ကုသိုလ်ကောင်းမှုတို့ကို မကြောက်ကြကုန်လင့်၊ ရဟန်းတို့ ကုသိုလ်ကောင်းမှုတို့ဟူသော ဤအမည်သည် ထိုအလိုရှိအပ် နှစ်သက်အပ် ချစ်ခင်အပ် မြတ်နိုးအပ်သော ချမ်းသာသုခ၏အမည်ပေတည်း။
1,329,246
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ငါဘုရားသည် ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး မိမိပြုအပ်သော ကုသိုလ်တို့၏ အလိုရှိအပ် နှစ်သက်အပ် ချစ်ခင်အပ် မြတ်နိုးအပ်သော အကျိုးကို ခံစားဖူးသည်ကို မျက်မှောက်ထင်ထင် သိမြင်တော်မူ၏။
1,329,247
Uncategorized
ဣတိဝုတ်ပါဠိတော်
ခုနစ်နှစ်တို့ပတ်လုံး မေတ္တာစိတ်ကို ပွါး၍ ခုနစ်ကမ္ဘာတို့ပတ်လုံး ဤကာမဘုံသို့ မလာရောက်ရတော့ပေ၊ ရဟန်းတို့ ကမ္ဘာပျက်သောအခါ၌ အာဘဿရဘုံသို့ ရောက်နေရ၏။
1,329,248
Uncategorized
ဣတိဝုတ်ပါဠိတော်
ကမ္ဘာတည်မိသောအခါ၌ သတ္တဝါကင်းသော ဗြဟ္မာ့ဘုံ၌ ဖြစ်လာ၏။
1,329,249
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ထိုဗြဟ္မာ့ဘုံ၌ ဗြဟ္မာ ဖြစ်၏။
1,329,250
Uncategorized
ဣတိဝုတ်ပါဠိတော်
မဟာဗြဟ္မာ ဖြစ်၏။
1,329,251
Uncategorized
ဣတိဝုတ်ပါဠိတော်
လွှမ်းမိုးနိုင်သူ ဖြစ်၏။
1,329,252
Uncategorized
ဣတိဝုတ်ပါဠိတော်
မည်သူကမျှမလွှမ်းမိုးနိုင်သူ ဖြစ်၏။
1,329,253
Uncategorized
ဣတိဝုတ်ပါဠိတော်
စင်စစ် (အလုံးစုံကို) မြင်သူ ဖြစ်၏။
1,329,254
Uncategorized
ဣတိဝုတ်ပါဠိတော်
အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်၏။
1,329,255
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ငါဘုရားသည် သုံးဆယ့်ခြောက်ကြိမ်တိုင်တိုင် နတ်တို့အရှင် သိကြားမင်း ဖြစ်ဖူး၏။
1,329,256
Uncategorized
ဣတိဝုတ်ပါဠိတော်
အကြိမ်ရာပေါင်း များစွာ သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်သူအပေါင်းတို့ကို အောင်သောတိုင်းနိုင်ငံ တည်ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသောတရားစောင့်သောတရားနှင့် အညီ မင်းပြုသော စကြဝတေးမင်း ဖြစ်ဖူး၏။
1,329,257
Uncategorized
ဣတိဝုတ်ပါဠိတော်
ပဒေသရာဇ်မင်းအဖြစ်မှာကား အဘယ်ဆိုဖွယ်ရှိရာအံ့နည်း။
1,329,258
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ “ယခုအခါ ငါဘုရား၏ ဤသို့ တန်ခိုးကြီးခြင်း ဤသို့ အာနုဘော်ကြီးခြင်းဟူသော ဤအကျိုး့တရားသည် အဘယ်ကံ၏ အကျိုးနည်း¿ အဘယ်ကံ၏ ဝိပါက်နည်း”ဟု ဤသို့ ငါဘုရားအားအကြံဖြစ်၏။
1,329,259
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ “ယခုအခါ ငါဘုရား၏ ဤသို့ တန်ခိုးကြီးခြင်း ဤသို့ အာနုဘော်ကြီးခြင်းဟူသော ဤအကျိုးတရားသည် ပေးကမ်းလှူဒါန်းမှု ဣန္ဒြေကို ဆုံးမမှုကိုယ်နှုတ်ကို စောင့်စည်းမှုဟူသော ဤကံသုံးပါးတို့၏ အကျိုးတည်း။
1,329,260
Uncategorized
ဣတိဝုတ်ပါဠိတော်
ဤကံသုံးပါး၏ ဝိပါက်တည်း”ဟု ဤသို့ ငါဘုရားအား အကြံဖြစ်၏။
1,329,261
Uncategorized
ဣတိဝုတ်ပါဠိတော်
“ထိုသူသည် ကုသိုလ်ကောင်းမှုကိုသာလျှင် ကျင့်ရာ၏။
1,329,262
Uncategorized
ဣတိဝုတ်ပါဠိတော်
နောင်အခါ၌ မြတ်သော ချမ်းသာကျိုးရှိသော ဒါနကိုလည်းကောင်း၊ ကောင်းသောအကျင့်ကိုလည်းကောင်း၊ မေတ္တာစိတ်ကိုလည်းကောင်း ပွါးများရာ၏။
1,329,263
Uncategorized
ဣတိဝုတ်ပါဠိတော်
ပညာရှိသည် သုခလျှင် အာနိသင်ရှိကုန်သော ဤတရားသုံးပါးတို့ကို ပွါးများ၍ကြောင့်ကြမှု ‘ဗျာပါဒ’ ကင်းသော ချမ်းသာသော လောကသို့ ကပ်ရောက်ရ၏”ဟု ဤဂါထာဖြင့်ဆိုအပ်၏။
1,329,264
Uncategorized
ဣတိဝုတ်ပါဠိတော်
-- ၃-ဥဘယတ္ထသုတ်
1,329,265
Uncategorized
ဣတိဝုတ်ပါဠိတော်
၂၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
1,329,266
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သောတစ်ခုသောတရားသည် မျက်မှောက်အကျိုးတမလွန် အကျိုးဟူသော အကျိုးနှစ်ပါးတို့ကို ကောင်းစွာယူ၍ တည်၏။
1,329,267
Uncategorized
ဣတိဝုတ်ပါဠိတော်
တစ်ခုသောတရားဟူသည်အဘယ်နည်း¿ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့မှု ‘အပ္ပမာဒ’ တရားပင်တည်း။
1,329,268
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ပွါးများအပ်ကြိမ်ဖန်များစွာ ပြုအပ်သော ဤတစ်ခုသောတရားသည် မျက်မှောက်အကျိုး တမလွန်အကျိုးဟူသော အကျိုးနှစ်ပါးတို့ကို ကောင်းစွာ ယူ၍ တည်၏။
1,329,269
Uncategorized
ဣတိဝုတ်ပါဠိတော်
“ပညာရှိတို့သည် ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့မှုကို ချီးမွမ်းကြကုန်၏။
1,329,270
Uncategorized
ဣတိဝုတ်ပါဠိတော်
ပညာရှိသည်မမေ့မလျော့သည်ဖြစ်၍ အကျိုးနှစ်ပါးတို့ကို ယူနိုင်၏။
1,329,271
Uncategorized
ဣတိဝုတ်ပါဠိတော်
မျက်မှောက်အကျိုး တမလွန်အကျိုးဟူသော အကျိုးနှစ်ပါးတို့ကို ရခြင်းကြောင့် ပညာရှိကို ပဏ္ဍိတဟူ၍ဆိုအပ်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။
1,329,272
Uncategorized
ဣတိဝုတ်ပါဠိတော်
-- ၄-အဋ္ဌိပုဉ္ဇသုတ်
1,329,273
Uncategorized
ဣတိဝုတ်ပါဠိတော်
၂၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
1,329,274
Uncategorized
ဣတိဝုတ်ပါဠိတော်
စုဆောင်းထားသူလည်း ရှိခဲ့မူ စုဆောင်းထားတိုင်းလည်း မပျက်စီးခဲ့မူ တစ်ကမ္ဘာပတ်လုံး ပြေးသွားကျင်လည်သော ပုဂ္ဂိုလ်တစ်ယောက်၏ ကြီးစွာသော အရိုးပေါင်း အရိုးပုံ အရိုးစုသည် ဤဝေပုလ္လတောင်ကြီးမျှပင် ရှိသည် ဖြစ်ရာ၏။
1,329,275
Uncategorized
ဣတိဝုတ်ပါဠိတော်
“တစ်ကမ္ဘာပတ်လုံး (ကျင်လည်ပြေးသွားရသော) ပုဂ္ဂိုလ်တစ်ယောက်၏ အရိုးစုသည် တောင်မျှလောက်အစုအပုံရှိသည် ဖြစ်ရာ၏ဟု မြတ်စွာဘုရား ဟောတော်မူ၏။
1,329,276
Uncategorized
ဣတိဝုတ်ပါဠိတော်
ထိုတောင်ကို မူကား မဂဓတိုင်းတို့၏ ဂိရိဗ္ဗဇမည်သော (ရာဇဂြိုဟ်) မြို့ ဝယ် ဂိဇ္ဈကုဋ်တောင်၏မြောက်ဘက်၌ တည်သော ကြီးသော ဝေပုလ္လတောင်ဟု ဆိုအပ်၏။
1,329,277
Uncategorized
ဣတိဝုတ်ပါဠိတော်
ဒုက္ခသစ္စာကိုလည်းကောင်း ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာကိုလည်းကောင်း၊ ဒုက္ခကို လွန်မြောက်ရာ'နိရောဓ'သစ္စာကိုလည်းကောင်း၊ ဒုက္ခ၏ချုပ်ငြိမ်းရာ (နိဗ္ဗာန်သို့) ရောက်ကြောင်းဖြစ်သော မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ္ဂသစ္စာဟု ဆိုအပ်သော အရိယသစ္စာတို့ကိုလည်းကောင်း၊ အကြင်အခါ၌ ကောင်းသော ပညာဖြင့် မြင်၏။
1,329,278
Uncategorized
ဣတိဝုတ်ပါဠိတော်
ထိုအခါ ထိုပုဂ္ဂိုလ်သည် (ကာမဘုံ၌) ခုနစ်ကြိမ် အလွန်ပြေးသွား၍သံယောဇဉ်အားလုံးတို့၏ကုန်ခြင်းကြောင့် ဒုက္ခ၏အဆုံးကို ပြုလေတော့၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။
1,329,279
Uncategorized
ဣတိဝုတ်ပါဠိတော်
-- ၅-မုသာဝါဒသုတ်
1,329,280
Uncategorized
ဣတိဝုတ်ပါဠိတော်
၂၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
1,329,281
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ တစ်ခုသောတရားကို လွန်ကျူး၍တည်သော ပုဂ္ဂိုလ်အား တစ်စုံတစ်ရာသော မကောင်းမှုကို မပြုလုပ်ဟူ၍ ငါဘုရား မဟော၊ တစ်ခုသောတရားဟူသည် အဘယ်နည်း¿ ရဟန်းတို့ ယင်းတစ်ခုသောတရားဟူသည် သိလျက် ချွတ်ယွင်းသော စကားကို ပြောဆိုမှု ‘မုသာဝါဒ’ တရားပင်တည်း။
1,329,282
Uncategorized
ဣတိဝုတ်ပါဠိတော်
“တမလွန်လောကကို စွန့်လွှတ်ပြီးသောတစ်ခုသောတရားကို လွန်ကျူးသော မုသားပြောဆိုလေ့ရှိသော ပုဂ္ဂိုလ်အား မည်သည့် မကောင်းမှုကိုမျှ မပြုနိုင်ဟူ၍ မရှိတော့ပေ”ဟု ဤဂါထာဖြင့် ဆိုအပ်၏။
1,329,283
Uncategorized
ဣတိဝုတ်ပါဠိတော်
-- ၆-ဒါနသုတ်
1,329,284
Uncategorized
ဣတိဝုတ်ပါဠိတော်
၂၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
1,329,285
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ သတ္တဝါတို့သည် လှူဒါန်းဝေဖန်ခြင်း၏ အကျိုးကို ငါဘုရားသိသကဲ့သို့ သိကြကုန်မူမပေးလှူဘဲ မစားကုန်ရာ၊ ဝန်တိုမှုနှင့် ငြူစူမှုစသော အကုသိုလ်အညစ်အကြေးသည် ထိုသူ၏စိတ်ကို သိမ်းကျုံးလွှမ်းမိုး၍ မတည်နိုင်ရာ၊ အလှူခံပုဂ္ဂိုလ်ရှိကုန်မူ ထိုသူတို့သည် နောက်ဆုံးဖြစ်သော ထမင်းလုတ်ထမင်းဆုပ်မှသော်လည်း မခွဲခြမ်း မဝေဖန်မူ၍ မစားကုန်ရာ။
1,329,286
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ သတ္တဝါတို့သည် လှူဒါန်းဝေဖန်ခြင်း၏ အကျိုးကို ငါဘုရားသိသကဲ့သို့ မသိကုန်သောကြောင့် သာ မပေးလှူဘဲ စားကြကုန်၏။
1,329,287
Uncategorized
ဣတိဝုတ်ပါဠိတော်
ဝန်တိုမှုနှင့် ငြူစူမှုစသော အကုသိုလ်အညစ်အကြေးသည် ထိုသူ၏စိတ်ကို သိမ်းကျုံးလွှမ်းမိုး၍ တည်လေ၏ဟု ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။
1,329,288
Uncategorized
ဣတိဝုတ်ပါဠိတော်
“ခွဲခြမ်းဝေဖန်မှုသည် ဤသို့ ကြီးသော အကျိုးရှိ၏ဟု ခွဲခြမ်းဝေဖန်မှု၏ အကျိုးကို မြတ်စွာဘုရားဟောတော်မူသည့်အတိုင်း အကယ်၍ သိကြကုန်မူ ဝန်တိုမှုနှင့် ငြူစူမှုစသော အကုသိုလ်အညစ်အကြေးကို ပယ်ဖျောက်၍ အထူးကြည်လင်သော စိတ်ဖြင့် အကြင်အရိယာပုဂ္ဂိုလ်တို့၌ ပေးလှူသော အလှူသည်အကျိုးကြီး၏။
1,329,289
Uncategorized
ဣတိဝုတ်ပါဠိတော်
ထိုအရိယာပုဂ္ဂိုလ်တို့၌ လျောက်ပတ်သောအခါ ပေးလှူကုန်ရာ၏။
1,329,290
Uncategorized
ဣတိဝုတ်ပါဠိတော်
လူများစွာအား ထမင်းကိုလည်းကောင်း၊ မြတ်သော အလှူခံပုဂ္ဂိုလ်တို့၌ မြတ်သော အလှူကိုလည်းကောင်းပေးလှူသောကြောင့် အလှူဒါယကာတို့သည် ဤလူ၏အဖြစ်မှ စုတေသည်ရှိသော် နတ်ပြည်သို့လားရောက်ကြရကုန်၏။
1,329,291
Uncategorized
ဣတိဝုတ်ပါဠိတော်
နတ်ပြည်၌ ရောက်ကြကုန်သော ထိုသတ္တဝါတို့သည် ထိုနတ်ပြည်၌ အလိုရှိအပ်သော ကာမဂုဏ်တို့နှင့်ပြည့်စုံကုန်သည်ဖြစ်၍ ဝမ်းမြောက်ကြရကုန်၏။
1,329,292
Uncategorized
ဣတိဝုတ်ပါဠိတော်
ဝန်တိုမှု မရှိသူတို့သည် ခွဲခြမ်းဝေဖန်ခြင်းအကျိုးကို ခံစားကြရကုန်၏”ဟု ဤဂါထာဖြင့် ဆိုအပ်၏။
1,329,293
Uncategorized
ဣတိဝုတ်ပါဠိတော်
-- ၇-မေတ္တာဘာဝနာသုတ်
1,329,294
Uncategorized
ဣတိဝုတ်ပါဠိတော်
၂၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
1,329,295
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ခန္ဓာဟူသော ဥပဓိအကျိုးရှိကုန်သော ပုညကိရိယဝတ္ထုဟူသော ကုသိုလ်ကောင်းမှုဟူသမျှအားလုံးတို့သည် မေတ္တာနှင့်ယှဉ်သော စိတ်၏လွတ်မြောက်မှု (အပ္ပနာဈာန်) ၏ တစ်ဆယ့်ခြောက်စိတ်စိတ်၍ တစ်စိတ်မျှ မထိုက်တန်ကုန်။
1,329,296
Uncategorized
ဣတိဝုတ်ပါဠိတော်
မေတ္တာနှင့်ယှဉ်သော စိတ်၏လွတ်မြောက်မှု (အပ္ပနာဈာန်)သည်သာလျှင် ထိုပုညကိရိယဝတ္ထု ကုသိုလ်ကောင်းမှုတို့ကို လွှမ်းမိုး၍တောက်ပြောင်လည်း တောက်ပြောင်၏။
1,329,297
Uncategorized
ဣတိဝုတ်ပါဠိတော်
ထွန်းပလည်း ထွန်းပ၏။
1,329,298
Uncategorized
ဣတိဝုတ်ပါဠိတော်
တင့်တယ်လည်း တင့်တယ်၏။
1,329,299
Uncategorized
ဣတိဝုတ်ပါဠိတော်
ရဟန်းတို့ ကြယ်တာရာတို့၏ အရောင်ဟူသမျှအားလုံးတို့သည် လရောင်၏ တစ်ဆယ့်ခြောက်စိတ်စိတ်၍ တစ်စိတ်ကိုမျှ မထိုက်တန်ကုန်။
1,329,300
Uncategorized
ဣတိဝုတ်ပါဠိတော်
လရောင်သည်သာလျှင် ထိုကြယ်တာရာအရောင်တို့ကို လွှမ်းမိုး၍ တောက်ပြောင်လည်း တောက်ပြောင် ထွန်းပလည်း ထွန်းပ တင့်တယ်လည်းတင့်တယ်သကဲ့သို့ ဤအတူ ခန္ဓာဟူသော ဥပဓိအကျိုးရှိကုန်သော ပုညကိရိယဝတ္ထု ကုသိုလ်ကောင်းမှုဟူသမျှအားလုံးတို့သည် မေတ္တာနှင့်ယှဉ်သော စိတ်၏ လွတ်မြောက်မှု (အပ္ပနာဈာန်) ၏တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်ကိုမျှ မထိုက် တန်ကုန်...