id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
13,301 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့ကြောင့်ပင် အကျိုး'အာနိသင်'ကို မြင်လေ့ရှိသူအား သံယောဇဉ်တို့ကို ပယ်ရှားခြင်းသည် ဖြစ်၏။ |
13,302 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အာနိသံသဒဿာဝီကထာ ပြီး၏။ |
13,303 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ သကဝါဒီဆရာ၏ အယူ၌ သင်္ခါရတရားတို့ကို အပြစ်အားဖြင့် နိဗ္ဗာန်ကို အာနိသံသအားဖြင့် မြင်သူအား သံယောဇဉ်ကို ပယ်ခြင်း ဖြစ်၏ဟု ဆုံးဖြတ်၏၊ အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာကား ထိုနှစ်ပါးတို့တွင် တစ်ဖက်သတ်ဝါဒကို ယူ၍ အာနိသံသကို မြင်သောသူအား သံယောဇဉ်ကို ပယ်ခြင်း ဖြစ်၏ဟု အယူရှိ၏၊ ထိုဝါဒကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။ |
13,304 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ စိတ္တက္ခဏတစ်ချက်ကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
13,305 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ အထူးထူးသော စိတ်တို့၏ အစွမ်းအားဖြင့် ဝန်ခံပြန်သည်။ |
13,306 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄။ အနိစ္စမနသိကာရနှင့် အာနိသံသဒဿာဝီ နှစ်မျိုးကို ဆိုလိုသည်။ |
13,307 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၈၅) ၂-အမတာရမ္မဏကထာ၁ |
13,308 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၄၉။ သကဝါဒီ။ |
13,309 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ သံယောဇဉ်သည် နိဗ္ဗာန်ဟူသော အာရုံရှိပါသလော။ |
13,310 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိဗ္ဗာန်သည် သံယောဇဉ်တို့၏ (အာရုံ) အစီးအပွါးလော၊ ဂန္ထတို့ ထုံးဖွဲ့အပ်သော အာရုံလော၊ ဩဃတို့ ရောက်အပ်သော အာရုံလော၊ ယောဂတို့ ရောက်အပ်သော အာရုံလော၊ နီဝရဏတို့၏ အစီးအပွါးအာရုံလော၊ ပရာမာသတို့ သုံးသပ်အပ်သော အာရုံလော၊ ဥပါဒါန်တို့၏ အစီးအပွါး အာရုံလော၊ ကိလေသာတို့ကို ရခြင်းငှါ ထိုက်တန်ပါသလော၂။ |
13,311 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိဗ္ဗာန်သည် သံယောဇဉ်တို့၏ အစီးအပွါးအာရုံ မဟုတ်သည် ဂန္ထတို့ မထုံးဖွဲ့ အပ်သည်။ |
13,312 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ကိလေသာတို့ကို ရခြင်းငှါ မထိုက်သည် မဟုတ်ပါလော။ |
13,313 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ နိဗ္ဗာန်သည် သံယောဇဉ်တို့၏ အစီးအပွါးအာရုံ မဟုတ်သည်။ |
13,314 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ကိလေသာတို့ကို ရခြင်းငှါ မထိုက်သည် ဖြစ်ခဲ့ပါမူ “သံယောဇဉ်သည် နိဗ္ဗာန်ဟူသော အာရုံရှိ၏”ဟူ၍ မဆိုသင့်။ |
13,315 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိဗ္ဗာန်ကို အာရုံပြု၍ ရာဂသည် ဖြစ်ပါသလော။ |
13,316 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိဗ္ဗာန်သည် ရာဂ၏ တည်ရာလော၊ တပ်မက်ရာလော၊ နှစ်သက်ရာလော၊ မာန်ယစ်ရာလော၊ နှောင်ဖွဲ့ရာလော၊ တွေဝေရာလော။ |
13,317 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိဗ္ဗာန်သည် ရာဂ၏ တည်ရာ မဖြစ်သည်၊ တပ်မက်ရာ မဖြစ်သည်၊ နှစ်သက်ရာ မဖြစ်သည်၊ မာန်ယစ်ရာ မဖြစ်သည်၊ နှောင်ဖွဲ့ရာ မဖြစ်သည်၊ တွေဝေရာ မဖြစ်သည် မဟုတ်ပါလော။ |
13,318 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ နိဗ္ဗာန်သည် ရာဂ၏ တည်ရာ တပ်မက်ရာ နှစ်သက်ရာ မာန်ယစ်ရာ နှောင်ဖွဲ့ရာ တွေဝေရာ မဖြစ်ခဲ့ပါမူ “နိဗ္ဗာန်ကို အာရုံပြု၍ ရာဂသည် ဖြစ်ပေါ်၏”ဟူ၍ မဆိုသင့်။ |
13,319 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိဗ္ဗာန်ကို အာရုံပြု၍ ဒေါသသည် ဖြစ်ပါသလော။ |
13,320 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိဗ္ဗာန်သည် ဒေါသ၏ တည်ရာလော၊ ကောပ၏ တည်ရာလော၊ ပဋိဃ၏ တည်ရာလော။ |
13,321 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ နိဗ္ဗာန်သည် ဒေါသ၏ တည်ရာ မဖြစ်သည်၊ ကောပ၏ တည်ရာ မဖြစ်သည်၊ ပဋိဃ၏ တည်ရာ မဖြစ်သည် မဟုတ်ပါလော။ |
13,322 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ နိဗ္ဗာန်သည် ဒေါသ၏ တည်ရာ ကောပ၏ တည်ရာ ပဋိဃ၏ တည်ရာ မဖြစ်ခဲ့ပါမူ “နိဗ္ဗာန်ကို အာရုံပြု၍ ဒေါသသည် ဖြစ်ပေါ်၏”ဟူ၍ မဆိုသင့်။ |
13,323 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိဗ္ဗာန်ကို အာရုံပြု၍ မောဟသည် ဖြစ်ပါသလော။ |
13,324 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိဗ္ဗာန်သည် မောဟ၏ တည်ရာလော၊ အသိဉာဏ်ကို မပြုတတ်ပါသလော၊ မျက်စိ (အမြင်) ကို မပြုတတ်ပါသလော၊ ပညာကို တားမြစ်တတ်ပါသလော၊ ပင်ပန်းခြင်းအဖို့ရှိပါသလော၊ နိဗ္ဗာန်ကို မဖြစ်စေတတ်ပါသလော။ |
13,325 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိဗ္ဗာန်သည် မောဟ၏ တည်ရာ မဖြစ်သည်၊ အသိဉာဏ်ကို ပြုတတ်သည်၊ မျက်စိ (အမြင်) ကို ပြုတတ်သည်၊ ပညာတိုးပွါးခြင်း၏ တည်ရာသည်၊ မပင်ပန်းခြင်းအဖို့ရှိသည်၊ နိဗ္ဗာန်ကို ဖြစ်စေတတ်သည် မဟုတ်ပါလော။ |
13,326 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ နိဗ္ဗာန်သည် မောဟ၏ တည်ရာ မဖြစ်ခဲ့ပါမူ အသိဉာဏ်ကို ပြုတတ်ပါမူ။ |
13,327 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ နိဗ္ဗာန်ကို ဖြစ်စေတတ်ပါမူ “နိဗ္ဗာန်ကို အာရုံပြု၍ မောဟသည် ဖြစ်ပေါ်၏”ဟူ၍ မဆိုသင့်။ |
13,328 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၅၀။ သကဝါဒီ။ |
13,329 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ရုပ်ကို အာရုံပြု၍ သံယောဇဉ်တို့ ဖြစ်ကြကုန်သော် ရုပ်သည် သံယောဇဉ်တို့၏ အစီးအပွါး (အာရုံ)လော၊ ဂန္ထတို့ ထုံးဖွဲ့အပ်သလော။ |
13,330 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ကိလေသာတို့ကို ရခြင်းငှါ ထိုက်ပါသလော။ |
13,331 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိဗ္ဗာန်ကို အာရုံပြု၍ သံယောဇဉ်တို့သည် ဖြစ်ကြကုန်သော် နိဗ္ဗာန်သည် သံယောဇဉ်တို့၏ အစီးအပွါး အာရုံလော။ |
13,332 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရုပ်ကို အာရုံပြု၍ ရာဂဖြစ်သော် ရုပ်သည် ရာဂ၏ တည်ရာလော၊ တပ်မက်ရာလော၊ နှစ်သက်ရာလော၊ မာန်ယစ်ရာလော၊ နှောင်ဖွဲ့ရာလော၊ တွေဝေရာလော။ |
13,333 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိဗ္ဗာန်ကို အာရုံပြု၍ ရာဂဖြစ်သော် နိဗ္ဗာန်သည် ရာဂ၏ တည်ရာလော။ |
13,334 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ တွေဝေရာလော။ |
13,335 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရုပ်ကို အာရုံပြု၍ ဒေါသဖြစ်သော် ရုပ်သည် ဒေါသ၏ တည်ရာလော၊ ကောပ၏ တည်ရာလော၊ ပဋိဃ၏ တည်ရာလော။ |
13,336 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ နိဗ္ဗာန်ကို အာရုံပြု၍ ဒေါသဖြစ်သော် နိဗ္ဗာန်သည် ဒေါသ၏ တည်ရာလော၊ ကောပ၏ တည်ရာလော၊ ပဋိဃ၏ တည်ရာလော။ |
13,337 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရုပ်ကို အာရုံပြု၍ မောဟဖြစ်သော် ရုပ်သည် မောဟ၏ တည်ရာလော၊ အသိဉာဏ်ကို မပြုတတ်ပါသလော။ |
13,338 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ နိဗ္ဗာန်ကို မဖြစ်စေတတ်ပါသလော။ |
13,339 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိဗ္ဗာန်ကို အာရုံပြု၍ မောဟဖြစ်သော် နိဗ္ဗာန်သည် မောဟ၏ တည်ရာလော၊ အသိဉာဏ်ကို မပြုတတ်ပါသလော။ |
13,340 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိဗ္ဗာန်ကို အာရုံပြု၍ သံယောဇဉ်တို့ ဖြစ်ကြကုန်သော် နိဗ္ဗာန်သည် သံယောဇဉ်တို့၏ အစီးအပွါးအာရုံ မဖြစ်ပါသလော၊ ဂန္ထတို့ မထုံးဖွဲ့အပ်သောအာရုံ မဖြစ်ပါသလော၊ ဩဃတို့ မရောက် အပ်ပါသလော၊ ယောဂတို့ မရောက်အပ်ပါသလော၊ နီဝရဏတို့၏ အစီးအပွါး မဖြစ်ပါသလော၊ ပရာမာသတို့ မသုံးသပ်အပ်ပါသလော၊ ဥပါဒါန်တို့၏ အစီးအပွါး မဖြစ်ပါသလော၊ ကိလေသာတို့ကို ရခြင်းငှ... |
13,341 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရုပ်ကို အာရုံပြု၍ သံယောဇဉ်တို့ ဖြစ်ကြကုန်သော် ရုပ်သည် သံယောဇဉ်တို့၏ အစီးအပွါးအာရုံ မဖြစ်ပါသလော၊ ဂန္ထတို့သည် မထုံးဖွ့ဲအပ်ပါသလော။ |
13,342 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ကိလေသာတို့ကို ရခြင်းငှါ မထိုက်တန်ပါသလော။ |
13,343 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိဗ္ဗာန်ကို အာရုံပြု၍ ရာဂဖြစ်သော် နိဗ္ဗာန်သည် ရာဂ၏ တည်ရာ မဖြစ်ပါသလော၊ တပ်မက်ရာ မဖြစ်ပါသလော၊ နှစ်သက်ရာ မဖြစ်ပါသလော၊ မာန်ယစ်ရာ မဖြစ်ပါသလော၊ နှောင်ဖွဲ့ရာ မဖြစ်ပါသလော၊ တွေဝေရာ မဖြစ်ပါသလော။ |
13,344 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရုပ်ကို အာရုံပြု၍ ရာဂဖြစ်သော် ရုပ်သည် တပ်စွမ်းမှု ‘ရာဂ'၏ တည်ရာ မဖြစ်ပါသလော။ |
13,345 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ တွေဝေရာ မဖြစ်ပါသလော။ |
13,346 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိဗ္ဗာန်ကို အာရုံပြု၍ ဒေါသဖြစ်သော် နိဗ္ဗာန်သည် ဒေါသ၏ တည်ရာ မဖြစ်ပါသလော၊ ကောပ၏ တည်ရာ မဖြစ်ပါသလော၊ ပဋိဃ၏ တည်ရာ မဖြစ်ပါသလော။ |
13,347 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရုပ်ကို အာရုံပြု၍ ဒေါသဖြစ်သော် ရုပ်သည် ဒေါသ၏ တည်ရာ မဖြစ်ပါသလော၊ ကောပ၏ တည်ရာ မဖြစ်ပါသလော၊ ပဋိဃ၏ တည်ရာ မဖြစ်ပါသလော။ |
13,348 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိဗ္ဗာန်ကို အာရုံပြု၍ မောဟဖြစ်သော် နိဗ္ဗာန်သည် မောဟ၏ တည်ရာ မဖြစ်ပါသလော၊ အသိဉာဏ်ကို ပြုတတ်ပါသလော။ |
13,349 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ နိဗ္ဗာန်ကို ဖြစ်စေတတ်ပါသလော။ |
13,350 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရုပ်ကို အာရုံပြု၍ မောဟဖြစ်သော် ရုပ်သည် မောဟ၏ တည်ရာ မဖြစ်ပါသလော၊ အသိဉာဏ်ကို ပြုတတ်ပါသလော။ |
13,351 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၅၁။ ပရဝါဒီ။ |
13,352 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ “သံယောဇဉ်သည် နိဗ္ဗာန်ဟူသော အာရုံရှိ၏”ဟူ၍ မဆိုသင့်ပါသလော။ |
13,353 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “နိဗ္ဗာန်ကို နိဗ္ဗာန်အားဖြင့် သိ၏၊ နိဗ္ဗာန်ကို နိဗ္ဗာန်အားဖြင့် သိပြီး၍ နိဗ္ဗာန်ကို မြတ်နိုး၏၊ နိဗ္ဗာန်၌ မြတ်နိုး၏၊ နိဗ္ဗာန်အားဖြင့် မြတ်နိုး၏၊ ငါ၏ နိဗ္ဗာန်ဟူ၍ မြတ်နိုး၏၊ နိဗ္ဗာန်ကို လွန်စွာ နှစ်သက်၏”ဟု မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော၄။ |
13,354 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့ကြောင့်ပင် သံယောဇဉ်သည် (နိဗ္ဗာန်) အာရုံရှိ၏။ |
13,355 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အမတာရမ္မဏကထာ ပြီး၏။ |
13,356 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ “နိဗ္ဗာနံ မညတိ"အစရှိသော ပုဒ်တို့၏ အနက်ကို မသင့်သောအားဖြင့် ယူ၍ သံယောဇဉ်သည် အမတလျှင် အာရုံရှိ၏ဟု အယူရှိကုန်သော ပုဗ္ဗသေလိယဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤအမတာရမ္မဏကထာကို ဟောတော်မူသည်။ |
13,357 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ သံယောဇဉ်သည် နိဗ္ဗာန်အာရုံရှိသည် ဖြစ်ခဲ့မူ နိဗ္ဗာန်၏လည်း သံယောဇနိယစသည် ဖြစ်ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို မေးသည်။ |
13,358 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ သုတ်နှင့် ဆန့်ကျင်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
13,359 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄။ ပရဝါဒီဆရာ ဆောင်အပ်သော သုတ်သည် ဒိဋ္ဌဓမ္မနိဗ္ဗာန်ကို ရည်ရွယ် ဟောအပ်သော သုတ်ဖြစ်သောကြောင့် ပြီးစေကြောင်း သာဓကသုတ် မဖြစ်နိုင်။ |
13,360 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၈၆) ၃-ရူပံ သာရမ္မဏန္တိကထာ ၁ |
13,361 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၅၂။ သကဝါဒီ။ |
13,362 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ရုပ်သည် အာရုံရှိပါသလော။ |
13,363 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရုပ်အား ဆင်ခြင်မှု နှလုံးသွင်းမှု ကောင်းစွာ နှလုံးသွင်းမှု စိတ်၌ ပြုမှု စေ့ဆော်မှု တောင့်တမှု ဆုတောင်းမှု ရှိပါသလော။ |
13,364 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရုပ်အား ဆင်ခြင်မှု နှလုံးသွင်းမှု။ |
13,365 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ထိုရုပ်အား ဆင်ခြင်မှု နှလုံးသွင်းမှု။ |
13,366 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ဆုတောင်းမှု မရှိခဲ့ပါလျှင် “ရုပ်သည် အာရုံရှိ၏”ဟူ၍ မဆိုသင့်။ |
13,367 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဖဿသည် အာရုံရှိသည် ဖြစ်၍ ထိုဖဿအား ဆင်ခြင်မှု နှလုံးသွင်းမှု။ |
13,368 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရုပ်သည် ရှိသည်ဖြစ်၍ ထိုရုပ်အား ဆင်ခြင်မှု နှလုံးသွင်းမှု။ |
13,369 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သညာသည်၊ စေတနာသည်၊ စိတ်သည်၊ သဒ္ဓါသည်၊ ဝီရိယသည်၊ သတိသည်၊ သမာဓိသည်၊ ပညာသည်၊ ရာဂသည်၊ ဒေါသသည်၊ မောဟသည်၊ မာနသည်၊ ဒိဋ္ဌိသည်၊ ဝိစိ ကိစ္ဆာသည်၊ ထိနသည်၊ ဥဒ္ဓစ္စသည်၊ အဟိရိကသည်၊ အနောတ္တပ္ပသည် အာရုံရှိသည် ဖြစ်၍ ထိုအနောတ္တပ္ပ အား ဆင်ခြင်မှု နှလုံးသွင်းမှု။ |
13,370 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရုပ်သည် အာရုံရှိသည်ဖြစ်၍ ထိုရုပ်အား ဆင်ခြင်မှု နှလုံးသွင်းမှု။ |
13,371 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရုပ်သည် အာရုံရှိသည် ဖြစ်၍ ထိုရုပ်အား ဆင်ခြင်မှု နှလုံးသွင်းမှု။ |
13,372 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ဆုတောင်းမှု့မရှိပါသလော။ |
13,373 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ရုပ်သည် အာရုံရှိသည် ဖြစ်၍ ထိုရုပ်အား ဆင်ခြင်မှု နှလုံးသွင်းမှု။ |
13,374 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနောတ္တပ္ပသည် အာရုံရှိသည် ဖြစ်၍ ထိုအနောတ္တပ္ပအား ဆင်ခြင်မှု နှလုံးသွင်းမှု မရှိပါသလော။ |
13,375 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၅၃။ ပရဝါဒီ။ |
13,376 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ရုပ်သည် အာရုံရှိ၏ဟု မဆိုသင့်ပါသလော၂။ |
13,377 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရုပ်သည် အကြောင်းနှင့်တကွ ဖြစ်သည် မဟုတ်ပါလော။ |
13,378 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ ရုပ်သည် အကြောင်းနှင့်တကွ ဖြစ်ခဲ့ပါမူ ထိုအကြောင်းကြောင့် “ရုပ်သည် အာရုံ ရှိ၏”ဟု ဆိုသင့်၏။ |
13,379 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရူပံ သာရမ္မဏန္တိကထာ ပြီး၏။ |
13,380 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ ရုပ်သည် အကြောင်းပစ္စည်းနှင့်တကွ ဖြစ်သောကြောင့် အာရမ္မဏမည်၏၊ တစ်ပါးသော တရားကို အာရုံပြုတတ်သောကြောင့် အာရမ္မဏပစ္စည်း၏ အစွမ်းအားဖြင့် အာရမ္မဏမည်သည် မဟုတ်ပါလော၊ သာမညအားဖြင့် ရုပ်သည် အာရမ္မဏမည်၏ဟု အယူရှိကြကုန်သော ဥတ္တရာပထကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။ |
13,381 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ ထောက်တည်ရာ စွဲလမ်းရာဖြစ်သော အဆုံးကို ရည်ရွယ်၍ သကဝါဒီက ဝန်ခံသည်။ |
13,382 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ ပစ္စယအာရမ္မဏကို ရည်ရွယ်၍ ဝန်ခံသည်။ |
13,383 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၈၇) ၄-အနုသယာအနာရမ္မဏကထာ၁ |
13,384 | Uncategorized | ကထာသလ္လာပသိက္ခာ | အမရပူရမြို့ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသ၏အမှတ် (၃၈) ကျမ်းစာကထာသလ္လာပသိက္ခာသာသနာ ၂၅၄၉ကောဇာ-၁၃၆၇ခရစ်- ၂၀၁၆ |
13,385 | Uncategorized | ကထာသလ္လာပသိက္ခာ | --- ကျမ်းဦးအမှာ |
13,386 | Uncategorized | ကထာသလ္လာပသိက္ခာ | စာချစာသင်များအတွက် မှာထားချက် |
13,387 | Uncategorized | ကထာသလ္လာပသိက္ခာ | ဤ ကထာသလ္လာပသိက္ခာကို လွန်ခဲ့သော နှစ်ပေါင်း (၃၀) ကျော် အချိန်မှစ၍ မဟာဂန္ဓာရုံဆရာတော် (အရှင်ဇနကာဘိဝံသ) ကိုယ်တော်တိုင် အခြေခံပါဠိသိက္ခာ သင်ခန်းစာများကို သင်ပြီးနောက် ဝါကျဉာဏ်၊ အနက်ဉာဏ် ရင့်သန်စေရန် ပိဋကပါဠိ-အဋ္ဌကထာများ၏ အသွားအလာကို နည်းမှီကာ ရေးသားပို့ချခဲ့ပါသည်။ |
13,388 | Uncategorized | ကထာသလ္လာပသိက္ခာ | ပါဠိသင်ယူလေ့လာသူများကိုလည်း အကြိမ်ကြိမ် စမ်းသပ်သင်ပေးခဲ့ရာ ပါဠိဘာသာ၏ အခြေခံသဘောကို ကောင်းစွာအောင်မြင်သည်အထိ တွေ့ရှိခဲ့ရပါသည်။ |
13,389 | Uncategorized | ကထာသလ္လာပသိက္ခာ | ပါဠိသိက္ခာ သင်ခန်းစာကို ရှေးဦးစွာ ခြောက်လခန့် သင်ယူစေပြီးနောက် ဤကထာသလ္လာပသိက္ခာ သင်ခန်းစာကို ဆက်လက်လေ့လာစေရာ အလွန်မှန်ကန်လှသဖြင့် အောင်မြင်ခြင်းကို တွေ့ရှိရပါသည်။ |
13,390 | Uncategorized | ကထာသလ္လာပသိက္ခာ | မန္တလေး၊ စစ်ကိုင်းရှိ အချို့သော မိတ်ဆွေ စာချဆရာတော်များကလည်း လက်ရေးမူဖြင့် ကူးယူ၍ မိမိတို့၏ တပည့်ရဟန်းငယ် သာမဏေများကို သင်ပေးကြရာ များစွာအောင်မြင်ကြောင်း အကြိမ်ကြိမ် ချီးကျူးထောက်ခံရုံမက စာအုပ်ဖြစ်အောင် မြန်မြန်ဆောင်ရွက်ရန်ကိုလည်း တိုက်တွန်းခဲ့ကြပါသည်။ |
13,391 | Uncategorized | ကထာသလ္လာပသိက္ခာ | ယင်းသို့ တိုက်တွန်းကြသော်လည်း စာအုပ်ဖြစ်မြောက်ရေးကိစ္စအတွက် များစွာ စဉ်းစားရပါသည်။ |
13,392 | Uncategorized | ကထာသလ္လာပသိက္ခာ | စာအုပ်တစ်အုပ် ဖြစ်မြောက်ရေးဆိုသည်မှာ လွယ်ကူသော ကိစ္စမဟုတ်ပါ။ |
13,393 | Uncategorized | ကထာသလ္လာပသိက္ခာ | ဤကထာသလ္လာပသိက္ခာတွင် မိမိတို့၏ ကျောင်းတိုက်နှင့်သာ သက်ဆိုင်သည့် တစ်နေ့တာ ဆောင်ရွက် |
13,394 | Uncategorized | ကထာသလ္လာပသိက္ခာ | ဖွယ်ကိစ္စများကို သင်ခန်းစာအဖြစ် စီစဉ်ထားသဖြင့် “အခြားနေရာများမှာ သုံးစွဲလိုမှ သုံးစွဲကြမည်” ဟူသော သံသယက စာအုပ်ဖြစ်မြောက်ရေးအတွက် အဟန့်အတားတစ်ခု ဖြစ်နေပါသည်။ |
13,395 | Uncategorized | ကထာသလ္လာပသိက္ခာ | သို့သော် မည်သို့ပင်ဖြစ်စေ ပါဠိဘာသာပညာ တိုးတက်ရေးကို ရှေ့ရှုလျက် စွမ်းနိုင်သလောက် စာအုပ်ဖြစ်မြောက်အောင် ကြိုးစားမည်ဟု ဆုံးဖြတ်ကာ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ |
13,396 | Uncategorized | ကထာသလ္လာပသိက္ခာ | “ဆရာနည်းပြ, ပုံဟန်ကျက, သိဿနုနယ်, စာသင်ငယ်မှာ, ပင်လယ်ဒီရေ တိုးတက်လေသို့, ဉာဏ်ဉာဏ်စ, ခဏမကြာ, တိုးတက်လာသည်... “ဆရာစာပြလိုလှ၏” ဟူသော နည်းထုံးကို အသုံးပြုလျက်... |
13,397 | Uncategorized | ကထာသလ္လာပသိက္ခာ | စာသင်ငယ်များကို ရှေးဦးစွာက။ |
13,398 | Uncategorized | ကထာသလ္လာပသိက္ခာ | နာမ်ဂိုဏ်း, အာချာတ်ဂိုဏ်း အကျဉ်းကို လအနည်းငယ် အချိန်ပေး၍ ကျက်စေခြင်း။ |
13,399 | Uncategorized | ကထာသလ္လာပသိက္ခာ | ခ။ ထို့နောက် ပါဠိသိက္ခာကို ခြောက်လခန့် ပို့ချပေးခြင်း။ |
13,400 | Uncategorized | ကထာသလ္လာပသိက္ခာ | ဂ။ ပါဠိသိက္ခာကို သင်ပေးပြီးနောက် ဆက်လက်၍ ဤ “ကထာသလ္လာပသိက္ခာ” ကို ခြောက်လခန့် ပို့ချပေးခြင်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.