id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
13,201 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိရောဓသမာပတ် ဝင်စားသူအား ဇီဝိတိန္ဒြေသည် ရှိပါသလော။ |
13,202 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဇီဝိတိန္ဒြေသည် အဘယ်ခန္ဓာ၌ အကျုံးဝင်ပါသနည်း။ |
13,203 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်ပါ၏။ |
13,204 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိရောဓသမာပတ် ဝင်စားသူအား သင်္ခါရက္ခန္ဓာသည် ရှိပါသလော။ |
13,205 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် ရှိပါ၏၈။ |
13,206 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိရောဓသမာပတ် ဝင်စားသူအား ဝေဒနာက္ခန္ဓာသည်။ |
13,207 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ သညာက္ခန္ဓာသည်။ |
13,208 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ဝိညာဏက္ခန္ဓာသည် ရှိပါသလော၉။ |
13,209 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ဝိညာဏက္ခန္ဓာသည် ရှိပါသလော။ |
13,210 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် ရှိပါ၏၁၁။ |
13,211 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နိရောဓသမာပတ် ဝင်စားသူသည် မရှိပါသလော။ |
13,212 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၄၃။ သကဝါဒီ။ |
13,213 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသညသတ်ဗြဟ္မာတို့အား ဇီဝိတိန္ဒြေသည် မရှိပါသလော။ |
13,214 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသညသတ်ဗြဟ္မာတို့အား ဇီဝိတိန္ဒြေသည် ရှိပါသလော။ |
13,215 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် ရှိပါ၏၁၃။ |
13,216 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ အသညသတ်ဗြဟ္မာတို့အား ဇီဝိတိန္ဒြေသည် ရှိခဲ့ပါမူ “ရုပ်ဇီဝိတိန္ဒြေသည် မရှိ”ဟု မဆိုသင့်။ |
13,217 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဇီဝိတိန္ဒြေသည် အဘယ်ခန္ဓာ၌ အကျုံးဝင်ပါသနည်း။ |
13,218 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်ပါသည်။ |
13,219 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသညသတ်ဗြဟ္မာတို့အား သင်္ခါရက္ခန္ဓာသည် ရှိပါသလော။ |
13,220 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသညသတ်ဗြဟ္မာတို့အား ဝေဒနာက္ခန္ဓာသည်။ |
13,221 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် ရှိပါ၏၁၅။ |
13,222 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသညသတ်ဗြဟ္မာတို့သည် ပဉ္စဝေါကာရဘဝလော၁၆။ |
13,223 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၄၄။ သကဝါဒီ။ |
13,224 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ပဋိသန္ဓေကို ရှာဖွေသော စိတ်ကြောင့်ဖြစ်သော ဇီဝိတိန္ဒြေသည် ပဋိသန္ဓေကို ရှာဖွေသောစိတ် ပျက်စီးလတ်သော် အချို့ပျက်စီးပါသလော။ |
13,225 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် ပျက်စီးပါ၏၁၈။ |
13,226 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပဋိသန္ဓေကို ရှာဖွေသော စိတ်ကြောင့် ဖြစ်သော ဖဿသည် ပဋိသန္ဓေကို ရှာဖွေသောစိတ် ပျက်စီးလတ်သော် အချို့ပျက်စီးပါသလော။ |
13,227 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပဋိသန္ဓေကို ရှာဖွေသော စိတ်ကြောင့် ဖြစ်သော ဖဿသည် ပဋိသန္ဓေကို ရှာဖွေသောစိတ် ပျက်စီးလတ်သော် အကြွင်းမဲ့ ပျက်စီးပါသလော။ |
13,228 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် ပျက်စီးပါ၏။ |
13,229 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပဋိသန္ဓေကို ရှာဖွေသော စိတ်ကြောင့်ဖြစ်သော ဇီဝိတိန္ဒြေသည် ပဋိသန္ဓေကို ရှာဖွေသော စိတ် ပျက်စီးလတ်သော် အကြွင်းမဲ့ ပျက်စီးပါသလော။ |
13,230 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၄၅။ ပရဝါဒီ။ |
13,231 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဇီဝိတိန္ဒြေတို့သည် နှစ်ပါးတို့ ဖြစ်ကုန်သလော။ |
13,232 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အသက်နှစ်မျိုးတို့ဖြင့် အသက်ရှင်ရပါသလော၊ သေခြင်းနှစ်မျိုးတို့ဖြင့် သေရပါသလော။ |
13,233 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဇီဝိတိန္ဒြိယကထာ ပြီး၏။ |
13,234 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဇီဝိတိန္ဒြေမည်သည် စိတ်နှင့် မယှဉ်သော နာမ်တရားတည်း၊ ထို့ကြောင့် ရုပ်ဇီဝိတိန္ဒြေသည် မရှိဟု အယူရှိသော ပုဗ္ဗသေလိယ သမ္မိတိယဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤဇီဝိတိန္ဒြိယကထာကို ဟောတော်မူသည်။ |
13,235 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ ဥပါဒိန္နရုပ်တို့၏လည်းကောင်း၊ မြက် ထင်း စသည်တို့၏လည်းကောင်း အစဉ်သန္တာန်၏ အစွမ်းအားဖြင့် ဖြစ်ခြင်းသည်သာလျှင် အာယုစသည် မည်၏ဟု အလိုရှိရကား ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်၊ နောက်အမေး၌လည်း ဤအကြောင်းဖြင့်ပင် ဝန်ခံ၏။ |
13,236 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ သတ္တဝါတို့၏ သန္တာန်၌ ရုပ်တရားတို့မူလည်းဖြစ်စေ၊ နာမ်တရားတို့မူလည်းဖြစ်စေ ခပ်သိမ်းကုန်သော တရားတို့အား စိတ်နှင့် မယှဉ်သော အရူပဇီဝိတိန္ဒြေကိုသာလျှင် အလိုရှိသော ပရဝါဒီဆရာသည် ဝန်ခံ၏။ |
13,237 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄။ စိတ္တဝိပ္ပယုတ္တ နာမ်ဇီဝိတိန္ဒြေကို ရည်ရွယ်၍ ပဋိက္ခေပလည်းပြု ဝန်ခံလည်း ဝန်ခံသည်။ |
13,238 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅။ စိတ္တဝိပ္ပယုတ္တ နာမ်ဇီဝိတိန္ဒြေကို ရည်ရွယ်၍ ပဋိက္ခေပလည်းပြု ဝန်ခံလည်း ဝန်ခံသည်။ |
13,239 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၆။ သကဝါဒီဆရာကား ထိုစကားကို ဝန်မခံလိုသောကြောင့် အကြင်တရားသည် နာမ်ဖြစ်ခြင်း မရှိသော်လည်း ထင်ရှားရှိ၏။ |
13,240 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုတရားသည် ရုပ်သာ ဖြစ်ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို မေးသည်။ |
13,241 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၇။ ဖဿအစရှိသော သင်္ခါရက္ခန္ဓာကို ရည်ရွယ်၍ ပဋိက္ခေပပြုသည်။ |
13,242 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၈။ ကာယကံစသော သင်္ခါရက္ခန္ဓာကို ရည်ရွယ်၍ ဝန်ခံပြန်သည်။ |
13,243 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၉။ ကာယဝိညတ် ဝစီဝိညတ် သမ္မာဝါစာ သမ္မာကမ္မန္တ ဇီဝိတိန္ဒြေ အစရှိသော တရားတို့သည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်ကုန်၏ဟု ပရဝါဒီဆရာက အလိုရှိ၏၊ ထိုအယူကို ဝန်မခံနိုင်သော သကဝါဒီဆရာသည် နာမ်တရားတို့ ဖြစ်စဉ်သည် ချုပ်ပင်ချုပ်ပါသော်လည်း သင်္ခါရက္ခန္ဓာ ရှိခဲ့ပါမူ နာမ်ခန္ဓာလေးပါးတို့လည်း ရှိသည် ဖြစ်ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို မေးသည်။ |
13,244 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁၀။ သမာပတ်အဖွင့်ကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။ |
13,245 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁၁။ နိရောဓသမာပတ် ဝင်စားသူ၏လည်းကောင်း၊ သမာပတ်မှ ထသူ၏လည်းကောင်း ရှေ့အဖို့ နောက်အဖို့ကို ရည်ရွယ်၍ ဝန်ခံပြန်သည်။ |
13,246 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁၂။ အသညသတ်ဗြဟ္မာတို့အား ပဋိသန္ဓေအခါ၌ စိတ်သည် ဖြစ်၍ ချုပ်၏၊ ထိုစိတ်နှင့် အတူတကွ စိတ်နှင့် မယှဉ်သော နာမ်ဇီဝိတိန္ဒြေသည် ဖြစ်၍ အသက်ရှည်သမျှ ကာလပတ်လုံး မပြတ်ဖြစ်နေ၏ဟု အယူရှိရကား ပရဝါဒီဆရာသည် ရုပ်ဇီဝိတိန္ဒြေ မရှိသလောဟု မေးသော် ပဋိက္ခေပပြု၍ ဖြေသည်။ |
13,247 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁၃။ ရုပ်ဇီဝိတိန္ဒြေ ရှိသလောဟု မေးသော်ကား ဝန်ခံ၏။ |
13,248 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁၄။ ထိုအသညသတ်ဗြဟ္မာတို့၏ ပဝတ္တိအစွမ်းအားဖြင့် ပယ်သည်။ |
13,249 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁၅။ စုတိ ပဋိသန္ဓေ၏ အစွမ်းအားဖြင့် ဝန်ခံသည်။ |
13,250 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁၆။ ထိုအသညသတ်ဘဝ၌ ဝေဒနာ စသည်တို့ ရှိခဲ့မူ “ပဉ္စဝေါကာရဘဝအဖြစ်သို့ ရောက်ရာ၏”ဟု စောဒနာလို၍ မေးသည်။ |
13,251 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁၇။ ပရဝါဒီဆရာကား သုတ္တဝိရောဓိကို ကြောက်၍ ပဋိက္ခေပပြုသည်။ |
13,252 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁၈။ သမ္ပယုတ္တဇီဝိတိန္ဒြေသည် ပျက်စီး၏၊ ဝိပ္ပယုတ္တဇီဝိတိန္ဒြေသည် မပျက်စီးဟု အယူရှိသောကြောင့် ဝန်ခံပြန်သည်။ |
13,253 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၈၃) ၁၁-ကမ္မဟေတုကထာ |
13,254 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၄၆။ သကဝါဒီ။ |
13,255 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ကံအကြောင်းကြောင့် ရဟန္တာသည် အရဟတ္တဖိုလ်မှ ဆုတ်ယုတ်ပါသလော။ |
13,256 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် ဆုတ်ယုတ်ပါ၏။ |
13,257 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကံအကြောင်းကြောင့် သောတာပန်သည် သောတာပတ္တိဖိုလ်မှ ဆုတ်ယုတ်ပါသလော။ |
13,258 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကံအကြောင်းကြောင့် ရဟန္တာသည် အရဟတ္တဖိုလ်မှ ဆုတ်ယုတ်ပါသလော။ |
13,259 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကံအကြောင်းကြောင့် သကဒါဂါမ်သည်။ |
13,260 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အနာဂါမ်သည် အနာဂါမိဖိုလ်မှ ဆုတ်ယုတ် ပါသလော။ |
13,261 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကံအကြောင်းကြောင့် သောတာပန်သည် သောတာပတ္တိဖိုလ်မှ မဆုတ်ယုတ်ပါလော။ |
13,262 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် မဆုတ်ယုတ်ပါ။ |
13,263 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကံအကြောင်းကြောင့် ရဟန္တာသည် အရဟတ္တဖိုလ်မှ မဆုတ်ယုတ်ပါသလော။ |
13,264 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အနာဂါမ်သည် အနာဂါမိဖိုလ်မှ မဆုတ်ယုတ့်ပါသလော။ |
13,265 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကံအကြောင်းကြောင့် ရဟန္တာသည် ရဟန္တာအဖြစ်မှ မဆုတ်ယုတ်ပါသလော။ |
13,266 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကံအကြာင်းကြောင့် ရဟန္တာသည် အရဟတ္တဖိုလ်မှ ဆုတ်ယုတ်ပါသလော။ |
13,267 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပါဏာတိပါတကံ၏ အကြောင်းကြောင့် ရဟန္တာအဖြစ်မှ ဆုတ်ယုတ်ပါသလော။ |
13,268 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အဒိန္နာဒါနကံ၏ အကြောင်းကြောင့်။ |
13,269 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ကာမေသုမိစ္ဆာစာရကံ၏ အကြောင်းကြောင့်။ |
13,270 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ မုသာဝါဒကံ၏ အကြောင်းကြောင့်။ |
13,271 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ပိသုဏဝါစာကံ၏ အကြောင်းကြောင့်။ |
13,272 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ဖရုသဝါစာကံ၏ အကြောင်းကြောင့်၊ သမ ္ဖ ပ္ပလာပကံ၏ အကြောင်းကြောင့်၊ မာတုဃာတကကံ၏ အကြောင်းကြောင့်၊ ပိတုဃာတကကံ၏ အကြောင်းကြောင့်၊ အရဟန္တဃာတကကံ၏ အကြောင်းကြောင့်၊လောဟိတုပ္ပါဒကကံ၏ အကြောင်းကြောင့်။ |
13,273 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ သံဃဘေဒကကံ၏ အကြောင်းကြောင့် အရဟတ္တဖိုလ်မှ ဆုတ်ယုတ်ပါသလော။ |
13,274 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အဘယ်ကံ၏ အကြောင်းကြောင့် အရဟတ္တဖိုလ်မှ ဆုတ်ယုတ်ပါသနည်း။ |
13,275 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အကြင်အကြောင်းကြောင့် ရဟန္တာတို့ကို စွပ်စွဲပြောဆို၏၊ ထိုအကြောင်းကြောင့် အရဟတ္တဖိုလ်မှ ဆုတ်ယုတ်၏။ |
13,276 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာတို့ကို စွပ်စွဲပြောဆိုမှုကံ၏ အကြောင်းကြောင့် ရဟန္တာသည် အရဟတ္တဖိုလ်မှ ဆုတ်ယုတ်ပါသလော။ |
13,277 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အလုံးစုံသော သူတို့သည် ရဟန္တာတို့ကို စွပ်စွဲပြောဆိုကုန်၏၊ ထိုသူအားလုံးတို့သည် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကုန်သလော။ |
13,278 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကမ္မဟေတုကထာ ပြီး၏။ |
13,279 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အဋ္ဌမဝဂ် ပြီး၏။ |
13,280 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- ၉-နဝမဝဂ် |
13,281 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | (၈၄) ၁-အာနိသံသဒဿာဝီကထာ၁ |
13,282 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၄၇။ သကဝါဒီ။ |
13,283 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အကျိုး'အာနိသင်'ကို မြင်လေ့ရှိသူအား သံယောဇဉ်တို့ကို ပယ်ရှားမှုရှိပါသလော။ |
13,284 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သင်္ခါရတို့ကို မမြဲသောအားဖြင့် နှလုံးသွင်းသော သူသည် သံယောဇဉ်တို့ကို ပယ်ရှားအပ်ကုန်သည် မဟုတ်ပါလော။ |
13,285 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ သင်္ခါရတို့ကို မမြဲသောအားဖြင့် နှလုံးသွင်းသော သူသည် သံယောဇဉ်တို့ကို ပယ်ရှားအပ်ခဲ့ကုန်လျှင် “အကျိုး'အာနိသင်'ကို မြင်လေ့ရှိသူအား သံယောဇဉ်တို့ကို ပယ်ရှားမှု ရှိ၏”ဟူ၍ မဆိုသင့်။ |
13,286 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သင်္ခါရတို့ကို ဆင်းရဲသောအားဖြင့်။ |
13,287 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ရောဂါအားဖြင့် အိုင်းအမာအားဖြင့် ငြောင့် အားဖြင့် နှိပ်စက်သောအားဖြင့် အနာအားဖြင့် သူစိမ်းပြင်ပအားဖြင့် ပျက်စီးသောအားဖြင့် ဘေးရန်အားဖြင့် ကပ်၍ ညှဉ်းဆဲသောအားဖြင့် ဘေးအားဖြင့် ကပ်၍ နှိပ်စက်သောအားဖြင့် တုန်လှုပ်သောအားဖြင့်ဖျက်ဆီးသောအားဖြင့် မခိုင်မြဲသောအားဖြင့် မှီခိုရာ မဟုတ်သောအားဖြင့် ပုန်းအောင်းရာ မဟုတ်သော အားဖြင့် ကိ... |
13,288 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ဖောက်ပြန်ပျက်စီးတတ်သော သဘောအားဖြင့် နှလုံးသွင်းသော သူသည် သံယောဇဉ်တို့ကို ပယ်ရှားအပ်ကုန်သည် မဟုတ်ပါလော။ |
13,289 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ သင်္ခါရတို့ကို ဖောက်ပြန်ပျက်စီးတတ်သော သဘောအားဖြင့် နှလုံးသွင်း သော သူသည် သံယောဇဉ်တို့ကို ပယ်ရှားအပ်ခဲ့ကုန်မူ “အကျိုး'အာနိသင်'ကို မြင်လေ့ရှိသူအား သံယောဇဉ်တို့ကို ပယ်ရှားမှု ရှိ၏”ဟူ၍ မဆိုသင့်။ |
13,290 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သင်္ခါရတို့ကိုလည်း မမြဲသောအားဖြင့် နှလုံးသွင်းပါသလော၊ နိဗ္ဗာန်၌လည်း အကျိုးကို မြင်လေ့ရှိသူ ဖြစ်ပါသလော၂။ |
13,291 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သင်္ခါရတို့ကိုလည်း မမြဲသောအားဖြင့် နှလုံးသွင်းသူ ဖြစ်ပါသလော၊ နိဗ္ဗာန်၌လည်း အကျိုးကို မြင်လေ့ရှိသူ ဖြစ်ပါသလော။ |
13,292 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဖဿနှစ်မျိုးတို့၏။ |
13,293 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ စိတ်နှစ်မျိုးတို့၏ ပေါင်းဆုံမှုသည် ဖြစ်ပါသလော၄။ |
13,294 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သင်္ခါရတို့ကိုလည်း ဆင်းရဲအားဖြင့်။ |
13,295 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ဖောက်ပြန်ပျက်စီးတတ်သော သဘောအားဖြင့် နှလုံးသွင်းပါသလော၊ နိဗ္ဗာန်၌လည်း အကျိုးကို မြင်လေ့ရှိသူ ဖြစ်ပါသလော။ |
13,296 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ သင်္ခါရတို့ကိုလည်း ဖောက်ပြန်ပျက်စီးတတ်သော သဘောအားဖြင့် နှလုံးသွင်းပါသလော၊ နိဗ္ဗာန်၌လည်း အကျိုးကို မြင်လေ့ရှိသူ ဖြစ်ပါသလော။ |
13,297 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ စိတ်နှစ်မျိုးတို့၏ ပေါင်းဆုံမှုသည် ဖြစ်ပါသလော။ |
13,298 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅၄၈။ ပရဝါဒီ။ |
13,299 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ “အကျိုး'အာနိသင်'ကို မြင်လေ့ရှိသူအား သံယောဇဉ်တို့ကို ပယ်ရှားမှုသည် (ရှိ၏)”ဟု မဆိုသင့်ပါသလော။ |
13,300 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နိဗ္ဗာန်၌ ချမ်းသာဟု အဖန်ဖန်ရှုလျက် နေ၏၊ ချမ်းသာဟု အမှတ်ရှိသည် ချမ်းသာကို ခံစားလေ့ရှိသည် (ဖြစ်၍) အမြဲမပြတ် ငြိမ်သက်စွာ မရောပြွမ်းဘဲ စိတ်ဖြင့် နှလုံးသွင်းလျက် ပညာဖြင့် သက်ဝင်လျက် (နေ၏)”ဟု မြတ်စွာဘုရား ဟောအပ် သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.