id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
13,101
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ အနောတ္တပ္ပသည် အကုသိုလ်ဖြစ်လျက် အာရုံမရှိသည် ဖြစ်၍ ထိုအနောတ္တပ္ပအား ဆင်ခြင်မှု။
13,102
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အကုသိုလ်စိတ်သည် ဖြစ်စေအပ်သော ဝစီကံရုပ်သည် အကုသိုလ်လော။
13,103
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၅၃၅။ သကဝါဒီ။
13,104
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ အကုသိုလ်စိတ်သည် ဖြစ်စေအပ်သော ရူပါယတနသည် အကုသိုလ်လော။
13,105
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အကုသိုလ်စိတ်သည် ဖြစ်စေအပ်သော သဒ္ဒါယတနသည်။
13,106
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ဂန္ဓာယတနသည်၊ ရသာယတနသည်၊ ဖောဋ္ဌဗ္ဗာယတနသည်။
13,107
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ဝါယောဓာတ်သည် သုက်သည်၊ မျက်ရည်သည်၊ သွေးသည်၊ ချွေးသည် အကုသိုလ်လော။
13,108
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အကုသိုလ်စိတ်သည် ဖြစ်စေအပ်သော ရူပါယတနသည် အဗျာကတတရားလော။
13,109
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အကုသိုလ်စိတ်သည် ဖြစ်စေအပ်သော ဝစီကံရုပ်သည် အဗျာကတတရားလော။
13,110
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ဂန္ဓာယတနသည် ရသာယတနသည်၊ ဖောဋ္ဌဗ္ဗာယတနသည်။
13,111
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ဝါယောဓာတ်သည်၊ သုက်သည်၊ မျက်ရည်သည်၊ သွေးသည်၊ ချွေးသည် အဗျာကတတရားလော။
13,112
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၅၃၆။ သကဝါဒီ။
13,113
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ အကုသိုလ်စိတ်သည် ဖြစ်စေအပ်သော ဝစီကံရုပ်သည် အာရုံမရှိသော အကုသိုလ်လော။
13,114
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အကုသိုလ်စိတ်သည် ဖြစ်စေအပ်သော ရူပါယတနသည် အာရုံမရှိသော အကုသိုလ်လော။
13,115
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အကုသိုလ်စိတ်သည် ဖြစ်စေအပ်သော ဝစီကံရုပ်သည် အာရုံမရှိသော အကုသိုလ်လော။
13,116
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ပထဝီဓာတ်သည် အာပေါဓာတ်သည် တေဇောဓာတ်သည်။
13,117
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ဝါယောဓာတ်သည်၊ သုက်သည်၊ မျက်ရည်သည်၊ သွေးသည်၊ ချွေးသည် အာရုံမရှိသော အကုသိုလ်လော။
13,118
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အကုသိုလ်စိတ်သည် ဖြစ်စေအပ်သော ရူပါယတနသည် အာရုံမရှိသော အဗျာကတ တရားလော။
13,119
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အကုသိုလ်စိတ်သည် ဖြစ်စေအပ်သော ဝစီကံရုပ်သည် အာရုံမရှိသော အဗျာကတ တရားလော။
13,120
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ဝါယောဓာတ်သည်၊ သုက်သည်၊ မျက်ရည်သည်၊ သွေးသည်၊ ချွေးသည် အာရုံမရှိသော အဗျာကတ တရားလော။
13,121
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၅၃၇။ သကဝါဒီ။
13,122
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ အကုသိုလ်စိတ်သည် ဖြစ်စေအပ်သော ဝစီကံရုပ်သည် ဖဿနှင့်မယှဉ်သော အကုသိုလ်လော။
13,123
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အကုသိုလ်စိတ်သည် ဖြစ်စေအပ်သော ရူပါယတနသည် ဖဿနှင့် မယှဉ်သော အကုသိုလ်လော။
13,124
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အကုသိုလ်စိတ်သည် ဖြစ်စေအပ်သော ဝစီကံရုပ်သည် ဖဿနှင့် မယှဉ်သော အကုသိုလ်လော။
13,125
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ဝါယောဓာတ်သည်၊ သုက်သည်၊ မျက်ရည်သည်၊ သွေးသည်၊ ချွေးသည် ဖဿနှင့် မယှဉ်သော အကုသိုလ်လော။
13,126
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အကုသိုလ်စိတ်သည် ဖြစ်စေအပ်သော ရူပါယတနသည် ဖဿနှင့် မယှဉ်သော အဗျာကတတရားလော။
13,127
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အကုသိုလ်စိတ်သည် ဖြစ်စေအပ်သော ဝစီကံရုပ်သည် အာရုံမရှိသော ဖဿနှင့် မယှဉ်သော အဗျာကတတရားလော။
13,128
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ဝါယောဓာတ်သည်၊ သုက်သည်၊ မျက်ရည်သည်၊ သွေးသည်၊ ချွေးသည် အာရုံမရှိသော ဖဿနှင့် မယှဉ် သော အဗျာကတတရားလော။
13,129
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အကုသိုလ်စိတ်သည် ဖြစ်စေအပ်သော ဝစီကံရုပ်သည် အာရုံမရှိသော ဖဿနှင့် မယှဉ်သော အကုသိုလ်လော။
13,130
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အကုသိုလ်စိတ်သည် ဖြစ်စေအပ်သော ရူပါယတနသည် အာရုံမရှိသော ဖဿနှင့် မယှဉ်သော အကုသိုလ်လော။
13,131
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ဝါယောဓာတ်သည်၊ သုက်သည်၊ မျက်ရည်သည်၊ သွေးသည်၊ ချွေးသည် အာရုံမရှိသော ဖဿနှင့် မယှဉ် သော အကုသိုလ်လော။
13,132
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အကုသိုလ်စိတ်သည် ဖြစ်စေအပ်သော ရူပါယတနသည် အာရုံမရှိသော ဖဿနှင့် မယှဉ်သော အဗျာကတတရားလော။
13,133
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရုပ်သည် ကုသိုလ်လည်းဖြစ် အကုသိုလ်လည်း ဖြစ်၏ဟူ၍ မဆိုသင့်ပါသလော။
13,134
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ကာယကံသည်၊ ဝစီကံသည် ကုသိုလ်လည်းဖြစ် အကုသိုလ်လည်းဖြစ်သည် မဟုတ်ပါလော။
13,135
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်သကဝါဒီ ကာယကံသည်၊ ဝစီကံသည် ကုသိုလ်လည်းဖြစ် အကုသိုလ်လည်း ဖြစ်ခဲ့ပါမူ ထိုအကြောင်းကြောင့် “ရုပ်သည် ကုသိုလ်လည်းဖြစ်၍ အကုသိုလ်လည်းဖြစ်၏”ဟူ၍ ဆိုသင့်၏။
13,136
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရုပ်သည် ကုသိုလ်လည်းဖြစ် အကုသိုလ်လည်း ဖြစ်ပါသလော။
13,137
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
စက္ခာယတနသည် ကုသိုလ်လည်းဖြစ် အကုသိုလ်လည်း ဖြစ်ပါသလော။
13,138
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ဃာနယတနသည်၊ ဇိဝှါယတနသည်၊ ကာယာယတနသည်၊ ရူပါယတနသည်၊ သဒ္ဒါယတနသည်၊ ဂန္ဓာယတနသည်၊ ရသာယတနသည်၊ ဖောဋ္ဌဗ္ဗာယတနသည်၊ ပထဝီ ဓာတ်သည်၊ အာပေါဓာတ်သည်၊ တေဇောဓာတ်သည်။
13,139
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ဝါယောဓာတ်သည်၊ သုက်သည်၊ မျက်ရည်သည်၊ သွေးသည်၊ ချွေးသည် ကုသိုလ်လည်းဖြစ် အကုသိုလ်လည်း ဖြစ်ပါသလော။
13,140
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ကိုယ်သည် ရုပ်ဖြစ်၍ ကာယကံသည် ရုပ်လော။
13,141
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
စိတ်သည် ရုပ်ဖြစ်၍ မနောကံသည် ရုပ်လော။
13,142
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
စိတ်သည် ရုပ်မဟုတ် နာမ်သာ ဖြစ်၍ မနောကံသည် ရုပ်မဟုတ် နာမ်လော။
13,143
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ကိုယ်သည် ရုပ်မဟုတ် နာမ်သာ ဖြစ်၍ ကာယကံသည် ရုပ်မဟုတ် နာမ်လော။
13,144
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ကိုယ်သည် ရုပ်ဟု နှလုံးပြု၍ ကာယကံသည် ရုပ်လော။
13,145
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
စက္ခာယတနသည် ရုပ်ဟု နှလုံးပြု၍ စက္ခုဝိညာဏ်သည် ရုပ်လော။
13,146
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သောတာယတနသည် ရုပ်ဟု နှလုံးပြု၍ သောတဝိညာဏ်သည် ရုပ်လော။
13,147
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဃာနာယတနသည် ရုပ်ဟု နှလုံးပြု၍ ဃာနဝိညာဏ်သည် ရုပ်လော။
13,148
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဇိဝှါယတနသည် ရုပ်ဟု နှလုံးပြု၍ ဇိဝှါဝိညာဏ်သည် ရုပ်လော။
13,149
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ကာယာယတနသည် ရုပ်ဟု နှလုံးပြု၍ ကာယဝိညာဏ်သည် ရုပ်လော။
13,150
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၅၃၉။ သကဝါဒီ။
13,151
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ရုပ်သည် ကံလော။
13,152
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
“ရဟန်းတို့ စေတနာကို ကံဟူ၍ ငါဘုရား ဟောတော်မူ၏။
13,153
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
စေ့ဆော်၍ ကိုယ်ဖြင့် လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကံကို ပြုလုပ်၏”ဟု မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်လော။
13,154
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထို့ကြောင့်ပင် “ရုပ်သည် ကံတည်း”ဟု မဆိုသင့်။
13,155
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရုပ်သည် ကံလော။
13,156
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
“အာနန္ဒာ ကိုယ်သည် ရှိလတ်သော်သာ ကိုယ်ဖြင့် စေ့ဆော်ခြင်းဟူသော အကြောင်းကြောင့် အတွင်းသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်၏၊ အာနန္ဒာ နှုတ်သည် ရှိလတ်သော်သာ နှုတ်ဖြင့် စေ့ဆော်ခြင်းဟူသော အကြောင်းကြောင့် အတွင်းသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်၏၊ အာနန္ဒာ စိတ်သည် ရှိလတ်သော်သာ စိတ်ဖြင့် စေ့ဆော်ခြင်းဟူသော အကြောင်းကြောင့် အတွင်းသန္တာန်၌ ချမ...
13,157
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထို့ကြောင့်ပင် “ရုပ်သည် ကံတည်း”ဟူ၍ မဆိုသင့်။
13,158
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
“ရဟန်းတို့ ကိုယ်ဖြင့် စေ့ဆော်မှုသည် သုံးပါးအပြားရှိ၏၊ အကုသိုလ်ကာယကံသည် ဆင်းရဲကို ပွါးတိုးစေတတ်၏၊ ဆင်းရဲသော အကျိုးရှိ၏။
13,159
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရဟန်းတို့ နှုတ်ဖြင့် စေ့ဆော်မှုသည် လေးပါးအပြားရှိ၏၊ အကုသိုလ်ဝစီကံသည် ဆင်းရဲကို ပွါးတိုးစေတတ်၏၊ ဆင်းရဲသော အကျိုးရှိ၏။
13,160
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရဟန်းတို့ စိတ်ဖြင့် စေ့ဆော်မှုသည် သုံးပါးအပြားရှိ၏၊ အကုသိုလ်မနောကံသည် ဆင်းရဲကို ပွါးတိုး စေတတ်၏၊ ဆင်းရဲသော အကျိုးရှိ၏။
13,161
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရဟန်းတို့ ကိုယ်ဖြင့် စေ့ဆော်မှုသည် သုံးပါးအပြားရှိ၏၊ ကုသိုလ်ကာယကံသည် ချမ်းသာကို ပွါးတိုးစေတတ်၏၊ ချမ်းသာသော အကျိုးရှိ၏။
13,162
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရဟန်းတို့ နှုတ်ဖြင့် စေ့ဆော်မှုသည် လေးပါး အပြားရှိ၏၊ ကုသိုလ်ဝစီကံသည် ချမ်းသာကို ပွါးတိုးစေတတ်၏၊ ချမ်းသာသော အကျိုးရှိ၏။
13,163
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရဟန်းတို့ စိတ်ဖြင့် စေ့ဆော်မှုသည် သုံးပါးအပြားရှိ၏၊ ကုသိုလ်မနောကံသည် ချမ်းသာကို ပွါးတိုးစေတတ်၏၊ ချမ်းသာသော အကျိုးရှိ၏”ဟု မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
13,164
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
“အာနန္ဒာ ပါဋလိပုတ္တပရိဗိုဇ်အား သမိဒ္ဓိမည်သော ဤအချည်းနှီးယောကျ်ားသည် ဤသို့ မေးအပ်သည် ဖြစ်၍ ဤသို့ အကယ်၍ ဖြေကြားအံ့ ‘ငါ့ရှင်ပါဋလိပုတ္တ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း စေ့ဆော်အပ်သော ချမ်းသာ ခံစားထိုက်သောကံကို ပြုပြီး၍ ထိုသူသည် ချမ်းသာကို ခံစားရ၏။
13,165
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ငါ့ရှင်ပါဋလိပုတ္တ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း စေ့ဆော်အပ်သော ဆင်းရဲ ခံစားထိုက်သောကံကို ပြုပြီး၍ ထိုသူသည် ဆင်းရဲကို ခံစားရ၏။
13,166
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ငါ့ရှင်ပါဋလိပုတ္တ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း စေ့ဆော်အပ်သော ဥပေက္ခာဝေဒနာကို ခံစားထိုက်သော ကံကို ပြုပြီး၍ ထိုသူသည် ဥပေက္ခာဝေဒနာကို ခံစားရ၏’ အာနန္ဒာ ဤသို့ ဖြေကြားလတ်သော် သမိဒ္ဓိ မည်သော အချည်းနှီးယောကျ်ားသည် ပါဋလိပုတ္တ ပရိဗိုဇ်အား ကောင်းစွာ ဖြေကြားသည် မည်ရာ၏”ဟု မြတ်စွာဘုရား ဟောအပ်သော သု...
13,167
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထို့ကြောင့်ပင် “ရုပ်သည် ကံတည်း”ဟူ၍ မဆိုသင့် ပါ။
13,168
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရူပံ ကမ္မန္တိကထာ ပြီး၏။
13,169
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၁။ ကာယဝိညတ်ရုပ် ဝစီဝိညတ်ရုပ်သည် ကာယကံ ဝစီကံမည်၏၊ ထိုဝိညတ်ရုပ် ကာယကံ ဝစီကံသည်လည်း ကုသိုလ်စိတ်ကြောင့် ဖြစ်ခဲ့သော် ကုသိုလ်မည်၏၊ အကုသိုလ်စိတ်ကြောင့် ဖြစ်ခဲ့သော် အကုသိုလ်မည်၏ဟု အယူရှိသူ မဟိသာသက သမ္မိတိယဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤရူပံ ကမ္မန္တိကထာကို ဟောတော်မူသည်။
13,170
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၂။ သဒ္ဓါ စသည်တို့အားသာ ပတ္ထနာ စသည်ကို ရနိုင်သည်၊ စေတနာအား ပတ္ထနာစသည် မရကောင်း။
13,171
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အဘယ့်ကြောင့်ဆိုသော် စေတနာနှစ်ပါးတို့ တစ်ပြိုင်နက် မရှိကောင်းသောကြောင့်တည်း၊ သို့သော် ဒေသနာအယဉ်သို့ ကျသောအားဖြင့် စေတနာကို ဟောအပ်သည်။
13,172
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
-- (၈၂) ၁၀-ဇီဝိတိန္ဒြိယကထာ၁
13,173
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၅၄၀။ သကဝါဒီ။
13,174
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ရုပ်ဇီဝိတိန္ဒြေသည် မရှိပါသလော။
13,175
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရုပ်တရားတို့၏ အသက်တည်တံ့မှု မျှတမှု မျှတစေမှု ဖြစ်မှု ဖြစ်ခြင်း စောင့်ရှောက်မှု မရှိပါသလော။
13,176
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရုပ်တရားတို့၏ အသက်တည်တံ့မှု မျှတမှု မျှတစေမှု ဖြစ်မှု ဖြစ်ခြင်း စောင့်ရှောက်မှု ရှိပါသလော။
13,177
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်ပရဝါဒီ ရုပ်တရားတို့၏ အသက်တည်တံ့မှု မျှတမှု မျှတစေမှု ဖြစ်မှု ဖြစ်ခြင်း စောင့်ရှောက်မှု ရှိခဲ့ပါမူ “ရုပ်ဇီဝိတိန္ဒြေသည် မရှိ”ဟု မဆိုသင့်။
13,178
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရုပ်မဟုတ်သော နာမ်တရားတို့၏ အသက်တည်တံ့မှု မျှတမှု မျှတစေမှု ဖြစ်မှု ဖြစ်ခြင်း စောင့်ရှောက်မှု ရှိသည် ဖြစ်၍ ရုပ်မဟုတ်သော နာမ်ဇီဝိတိန္ဒြေသည် ရှိပါသလော။
13,179
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရုပ်တရားတို့၏ အသက်တည်တံ့မှု မျှတမှု မျှတစေမှု ဖြစ်မှု ဖြစ်ခြင်း စောင့်ရှောက်မှု့ရှိသည် ဖြစ်၍ ရုပ်ဇီဝိတိန္ဒြေသည် ရှိပါသလော။
13,180
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရုပ်တရားတို့၏ အသက်တည်တံ့မှု မျှတမှု မျှတစေမှု ဖြစ်မှု ဖြစ်ခြင်း စောင့်ရှောက်မှု ရှိသည် ဖြစ်ပါလျက် ရုပ်ဇီဝိတိန္ဒြေသည် မရှိပါသလော။
13,181
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရုပ်မဟုတ်သော နာမ်တရားတို့၏ အသက်တည်တံ့မှု မျှတမှု မျှတစေမှု ဖြစ်မှု ဖြစ်ခြင်း စောင့်ရှောက်မှု ရှိသည် ဖြစ်ပါလျက် ရုပ်မဟုတ်သော နာမ်ဇီဝိတိန္ဒြေသည် မရှိပါသလော။
13,182
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရုပ်မဟုတ်သော နာမ်တရားတို့၏ အသက်သည် နာမ်ဇီဝိတိန္ဒြေဖြစ်ပါသလော။
13,183
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရုပ်တရားတို့၏ အသက်သည် ရုပ်ဇီဝိတိန္ဒြေဖြစ်ပါသလော။
13,184
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရုပ်တရားတို့၏ အသက်ကို ရုပ်ဇီဝိတိန္ဒြေဟူ၍ မဆိုသင့်ပါသလော။
13,185
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ရုပ်မဟုတ်သော နာမ်တရားတို့၏ အသက်ကို နာမ်ဇီဝိတိန္ဒြေဟူ၍ မဆိုသင့်ပါသလော။
13,186
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၅၄၁။ သကဝါဒီ။
13,187
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ရုပ်တရားတို့၏ အသက်သည် နာမ်ဇီဝိတိန္ဒြေလော။
13,188
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရုပ်မဟုတ်သော နာမ်တရားတို့၏ အသက်သည် ရုပ်ဇီဝိတိန္ဒြေလော။
13,189
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရုပ်မဟုတ်သော နာမ်တရားတို့၏ အသက်ကို ရုပ်ဇီဝိတိန္ဒြေဟူ၍ မဆိုသင့်ပါသလော။
13,190
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရုပ်တရားတို့၏ အသက်ကို နာမ်ဇီဝိတိန္ဒြေဟူ၍ မဆိုသင့်ပါသလော။
13,191
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရုပ်တရားတို့၏လည်းကောင်း၊ ရုပ်မဟုတ်သော နာမ်တရားတို့၏လည်းကောင်း အသက်သည် နာမ်ဇီဝိတိန္ဒြေလော။
13,192
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရုပ်တရားတို့၏လည်းကောင်း၊ ရုပ်မဟုတ်သော နာမ်တရားတို့၏လည်းကောင်း အသက်သည် ရုပ်ဇီဝိတိန္ဒြေလော။
13,193
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရုပ်တရားတို့၏လည်းကောင်း၊ ရုပ်မဟုတ်သော နာမ်တရားတို့၏လည်းကောင်း အသက်ကို ရုပ်ဇီဝိတိန္ဒြေဟူ၍ မဆိုသင့်ပါသလော။
13,194
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရုပ်တရားတို့၏လည်းကောင်း၊ ရုပ်မဟုတ်သော နာမ်တရားတို့၏လည်းကောင်း အသက်ကို နာမ်ဇီဝိတိန္ဒြေဟူ၍ မဆိုသင့်ပါသလော။
13,195
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရုပ်ဇီဝိတိန္ဒြေသည် မရှိပါသလော။
13,196
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
နိရောဓသမာပတ် ဝင်စားသူအား ဇီဝိတိန္ဒြေသည် မရှိပါသလော။
13,197
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၅၄၂။ သကဝါဒီ။
13,198
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ နိရောဓသမာပတ် ဝင်စားသူအား ဇီဝိတိန္ဒြေသည် ရှိပါသလော။
13,199
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဩော် ရှိပါ၏၅။
13,200
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်ပရဝါဒီ နိရောဓသမာပတ်ဝင် စားသူအား ဇီဝိတိန္ဒြေသည် ရှိခဲ့ပါမူ “ရုပ်ဇီဝိတိန္ဒြေသည် မရှိ”ဟူ၍ မဆိုသင့်၆။