id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,331,101 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ခိုင်မာ၍ လောကပညတ် မြတ်သော ဥစ္စာဖြစ်သောကြောင့် အဖိုးတသိန်းကျော် တန်လေသည်။ |
1,331,102 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | မြတ်စွာဘုရားသည် ထိုစန္ဒကူးနှစ် ထိုင်ခုံကို အလှူခံ တော်မူပြီးလျှင် အပိုင်းပိုင်းဖြတ်စေ၍ ရဟန်းတို့အား မျက်စဉ်းကြိတ်ဖို့ရန် လှူဒါန်းစေတော်မူသည်။ |
1,331,103 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ထိုနောက် မြတ်စွာဘုရားသည် ဥဂ္ဂသူဌေးကို ဤဆိုလတ္တံ့သော တရားဂါထာတို့ဖြင့် အနုမောဒနာတရား ဟောကြားတော်မူ၏- |
1,331,104 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | မနာပဒါယီ လဘတေ မနာပံ၊ |
1,331,105 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ယော ဥဇ္ဇုဘူတေသု ဒဒါတိ ဆန္ဒသာ။ |
1,331,106 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | အစ္ဆာဒနံ သယနမန္နပါနံ၊ |
1,331,107 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | နာနာပ္ပကာရာနိ စ ပစ္စယာနိ။ |
1,331,108 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ဂဟပတိ = ဥဂ္ဂသညာ ဒါယကာ..။ |
1,331,109 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | မနာပဒါယီ = နှစ်ခြိုက်ဖွယ် အလှူဝတ်တို့ကို ဖြူဆွတ်သည့်စေတနာ သဒ္ဓါပြဋ္ဌာန်း လှူဒါန်းသောသူသည်။ |
1,331,110 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | မနာပံ = နှစ်ခြိုက်ဖွယ်အမျိုးမျိုး အလှူ၏အကျိုးကို။ |
1,331,111 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | လဘတေ = မုချပိုင်ပိုင် ရယူနိုင်၏။ |
1,331,112 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ဥဇ္ဇုဘူတေသု = ကိုယ်,နှုတ်,နှလုံး- သုံးပါးဖြောင့်မတ် ရဟန္တာပုဂ္ဂိုလ်မြတ်တို့၌။ |
1,331,113 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ဆန္ဒသာ = ကုသိုလ်ဆန္ဒ ပြင်းပြသက်ဝင် လိုလိုချင်ချင်အားဖြင့်။ |
1,331,114 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | အစ္ဆာဒနံ = အဝတ်ကို၎င်း။ |
1,331,115 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | သယနံ = အိပ်ရာနေရာကို၎င်း။ |
1,331,116 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | အန္နပါနံ = စားဖွယ်, သောက်ဖွယ် အသွယ်သွယ်ကို၎င်း။ |
1,331,117 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | နာနာပ္ပကာရာနိ = ထိုမှတပါး အထူးထူး အပြားပြားကုန်သော။ |
1,331,118 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ၂၀၈ ပစ္စယာနိ စ = ပစ္စည်းတို့ကို၎င်း။ |
1,331,119 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ဒဒါတိ = သဒ္ဓါပြဋ္ဌာန်း လှူဒါန်းပေ၏။ |
1,331,120 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | စတ္တဉ္စ မုတ္တဉ္စ အနဂ္ဂဟီတံ၊ |
1,331,121 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ခေတ္တူပမေ အရဟန္တေ ဝိဒိတွာ။ |
1,331,122 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | သော ဒုစ္စဇံ သပ္ပုရိသော စဇိတွာ၊ |
1,331,123 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | မနာပဒါယီ လဘတေ မနာပံ။ |
1,331,124 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ခေတ္တူပမေ = လယ်မြေကောင်းနှင့် မစောင်းပုံယူ တူတော်မူကြကုန်သော။ |
1,331,125 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | အရဟန္တေ = ရဟန္တာသခင် အရှင်မြတ်တို့ကို။ |
1,331,126 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ဝိဒိတွာ = ပညာသက်ဝင် လင်းလင်းသိမြင်၍။ |
1,331,127 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | စတ္တဉ္စ = စွန့်လည်း စွန့်အပ်ပေ၏။ |
1,331,128 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | မုတ္တဉ္စ = လွှတ်လည်း လွှတ်အပ်ပေ၏။ |
1,331,129 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | အနဂ္ဂဟီတဉ္စ = ငဲ့ကွက်သည့်စိတ် ပိတ်မရှိနဲ စွဲလည်း မစွဲယူအပ်ချေ။ |
1,331,130 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | မနာပဒါယီ = နှစ်ခြိုက်ဖွယ် အလှူဝတ်တို့ကို ဖြူဆွတ်သည့်စေတနာ သဒ္ဓါပြဋ္ဌာန်း လှူဒါန်းလေ့ရှိသော။ |
1,331,131 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | သော သပ္ပုရိသော = နှလုံးပျော့ပျောင်း ထိုသူတော်ကောင်းသည်။ |
1,331,132 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ဒုစ္စဇံ = သာမန်စိတ်ဇွဲ သဒ္ဓါမွဲတို့ စွန့်ခဲနိုင်သော အလှူဝတ်ကို။ |
1,331,133 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | စဇိတွာ = သဒ္ဓါမတွန့် လှူစွန့်၍။ |
1,331,134 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ဝါ- လှူစွန့်သောကြောင့်။ |
1,331,135 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | မြတ်စွာဘုရားသည် ဥဂ္ဂသူဌေးကို ဤတရားဂါထာတို့ဖြင့် အနုမောဒနာ ပြုတော်မူ၍ နေရာမှထကာ ဖဲကြွတော်မူလေ၏။ |
1,331,136 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | (ဤစကားရပ်စုကို ပိဋကတ်တော်မြန်မာပြန် အင်္ဂုတ္တိုရ် ဒုတိယအုပ် စာမျက်နှာ ၅၃-၄-၅၊ မနာပဒါယီသုတ်မှ ထုတ်နုတ်ဖော်ပြအပ်သည်)။ |
1,331,137 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ဥဂ္ဂသူဌေးသည် မြတ်စွာဘုရားရှင်ကို ထိုအလှူပွဲ၌ပင် “မြတ်စွာဘုရား.. ‘မနာပဒါယီ လဘတေ မနာပံ = နှစ်ခြိုက်ဖွယ်ဝတ္ထုကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ်အကျိုးကို ရ၏’ဟူသော တရားစကားတော်ကို အကျွန်ုပ်သည် မြတ်စွာဘုရား မျက်မှောက်တော်မှ |
1,331,138 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ၂၀၉ ကြားနာရဘူး, ခံယူရဘူးပါသည်။ |
1,331,139 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | မြတ်စွာဘုရား.. အကျွန်ုပ်၏ ဥစ္စာဖြစ်သည့် နှစ်ခြိုက်ဖွယ်ရာ အကြင်အကြင် ဝတ္ထုပစ္စည်းသည် ရှိပါ၏၊ ထိုထိုဝတ္ထုပစ္စည်းကို အကျွန်ုပ်သည် မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာအား လှူဒါန်းအပ်ပြီးသာလျှင် ဖြစ်ပါတော့သည်”ဟု အသိပေး လျှောက်ထားပြီးလျှင် ထိုအချိန်မှစ၍ မိမိပိုင် နှစ်ခြိုက်ဖွယ်ရာ ထိုထိုအလှူဝတ်များကို မြတ်စွာဘုရား အမှူးရှိသော ရ... |
1,331,140 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ဤအကြောင်းကြောင့်ပင် မြတ်စွာဘုရားသည် နောက်အဖို့ဝယ် ဇေတဝန် ကျောင်းတိုက်တော်၌ နေတော်မူလျက် ဥပါသကာတို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူး၌ ထားတော်မူသည်ရှိသော် ဤဥဂ္ဂသူဌေးကို- |
1,331,141 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | “ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဥပါသကာနံ မနာပဒါယကာနံ ယဒိဒံ ဥဂ္ဂေါ ဂဟပတိ ဝေသာလိကော = ရဟန်းတို့.. နှစ်သက်ဖွယ်သော (=နှစ်ခြိုက်ဖွယ်)ဝတ္ထုကို လှူလေ့ရှိကြသည့် ငါဘုရား၏ တပည့် = သာဝက ဥပါသကာတို့တွင် ဝေသာလီပြည်သား ဥဂ္ဂသူဌေးသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”- |
1,331,142 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ဟု ချီးကျူး မိန့်မြွက်တော်မူကာ “မနာပဒါန = နှစ်ခြိုက်ဖွယ်သော ဝတ္ထုကို လှူဒါန်းသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။ |
1,331,143 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ဥဂ္ဂသူဌေး၏ ဘဝအလား |
1,331,144 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ထို့နောက် အခါတပါး၌ ဝေသာလီပြည်သား ဥဂ္ဂသူဌေးသည် ကွယ်လွန်လေ၏။ |
1,331,145 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ကွယ်လွန်ပြီးသောအခါ ဥဂ္ဂသူဌေးသည် တခုသော သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံ၌ ဖြစ်လေ၏။ |
1,331,146 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ထိုစဉ်အခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူဆဲဖြစ်၏။ |
1,331,147 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ထိုအခါ သန်းခေါင်ယံ၌ အလွန် နှစ်သက်ဖွယ်သော အဆင်းရှိလျက် ဇေတဝန် ကျောင်းတိုက်အလုံးကို |
1,331,148 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ၂၁၀ ထိန်လင်း တောက်ပစေကာ ဥဂ္ဂဗြဟ္မာသည် မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်၍ ရိုသေမြတ်နိုး ရှိခိုးဦးညွှတ်ပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ရပ်တည်နေလေ၏။ |
1,331,149 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ထိုဥဂ္ဂဗြဟ္မာကို မြတ်စွာဘုရားသည်- |
1,331,150 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | “ဥဂ္ဂ.. အသို့နည်း (=ဘယ့်နှယ်လဲ) သင့်အဖို့ရာ အလိုအတိုင်း ပြည့်စုံ၏လော”– |
1,331,151 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ဥဂ္ဂဗြဟ္မာသည် မြတ်စွာဘုရားရှင်ကို- |
1,331,152 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | “မြတ်စွာဘုရား.. တပည့်တော်၏ အဖို့ရာ စင်စစ် အလိုအတိုင်း ပြည့်စုံပါ၏”- |
1,331,153 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ဟု ပြန်လည်ဖြေကြား လျှောက်ထားလေ၏။ |
1,331,154 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | (ဤ၌ “အဘယ်ကို မေး၍ အဘယ်ကို ဖြေသနည်း”ဟု မေးရန်ရှိ၏။ |
1,331,155 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | အဖြေကား- အရဟတ္တဖိုလ်ကို မေး၍ အရဟတ္တဖိုလ်ကို ဖြေ၏ဟု မှတ်ယူရာ၏။ |
1,331,156 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ထင်ရှားစေဦးအံ့- ဥဂ္ဂဗြဟ္မာ၏အဖို့ရာ လူဖြစ်စဉ်အခါ၌ အရဟတ္တဖိုလ်ကို ရရှိရန် အလိုဆန္ဒ ပြင်းပြစွာ ဖြစ်ရှိလေသည်။ |
1,331,157 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ထို့ကြောင့် ထိုအရဟတ္တဖိုလ်ကို ရည်တော်မူ၍ “သင့်အဖို့ရာ အလိုအတိုင်း ပြည့်စုံ၏လော”ဟု မေးတော်မူလေသည်။ |
1,331,158 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ဥဂ္ဂဗြဟ္မာသည်လည်း ထိုအချိန်ဝယ် အရဟတ္တဖိုလ်သို့ ရောက်ရှိပြီးဖြစ်သောကြောင့် ထိုအရဟတ္တဖိုလ်ကို ရည်ရွယ်၍ “တပည့်တော်၏အဖို့ရာ စင်စစ် အလိုအတိုင်း ပြည့်စုံပါ၏”ဟု ဖြေကြားလေသည်)။ |
1,331,159 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ထို့နောက် မြတ်စွာဘုရားသည် ဥဂ္ဂဗြဟ္မာကို ဤဆိုလတ္တံ့သော နှစ်ဂါထာတို့ဖြင့် တရားဟောတော်မူလေ၏- |
1,331,160 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | အဂ္ဂဿ ဒါတာ လဘတေ ပုနဂ္ဂံ။ |
1,331,161 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ဝရဿ ဒါတာ ဝရလာဘိ ဟောတိ၊ |
1,331,162 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | သေဋ္ဌန္ဒဒေါ သေဋ္ဌမုပေတိ ဌာနံ။ |
1,331,163 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | နှစ်ခြိုက်ဖွယ်ကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ်ကို ရ၏၊ |
1,331,164 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | မွန်မြတ်သည်ကို ပေးလှူသူသည် တဖန် မွန်မြတ်သည်ကို ရ၏၊ |
1,331,165 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ၂၁၁ တောင့်တအပ်သည်ကို ပေးလှူသူသည် တောင့်တအပ်သည်ကို ရ၏၊ |
1,331,166 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ချီးမွမ်းအပ်သည်ကို ပေးလှူသူသည် ချီးမွမ်းအပ်သည့် ဌာနသို့ ရောက်၏။ |
1,331,167 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ယော အဂ္ဂဒါယီ ဝရဒါယီ၊ |
1,331,168 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | သေဋ္ဌဒါယီ စ ယော နရော။ |
1,331,169 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ဒီဃာယု ယသဝါ ဟောတိ၊ |
1,331,170 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ယတ္ထ ယတ္ထူပပဇ္ဇတိ။ |
1,331,171 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | အကြင်သူသည် အထွတ်အမြတ် ဝတ္ထုပစ္စည်းကို ပေးလှူလေ့ရှိ၏၊ တောင့်တအပ်သော ဝတ္ထုပစ္စည်းကို ပေးလှူလေ့ရှိ၏၊ အကြင်သူသည် ချီးမွမ်းအပ်သော ဝတ္ထုပစ္စည်းကို ပေးလှူလေ့ရှိ၏၊ ထိုသူသည် ဖြစ်လေရာရာ ဘုံဘဝ၌ အသက်ရှည်သူ အခြံအရံများသူ ဖြစ်ရ၏။ |
1,331,172 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ဤကား ဥဂ္ဂသူဌေးအကြောင်းတည်း။ |
1,331,173 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ၆။ ဥဂ္ဂသေနသူဌေးသား ဝတ္ထု မုဉ္စ ပုရေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဥဂ္ဂသေနသူဌေးသားကို အကြောင်းပြု၍ ဟောတော်မူလေ၏။ |
1,331,174 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | သူဌေးသားနှင့် ကချေသည်မ |
1,331,175 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ငါးရာကုန်သော ကချေသည်တို့သည် တစ်နှစ်သည်လည်းကောင်း၊ ခြောက်လသည်လည်းကောင်း ရောက်လတ်သည်ရှိသော် ရာဇဂြိုဟ်ပြည်သို့သွား၍ ဗိမ္ဗိသာရမင်းကြီး၏ ရှေ့တော်၌ ခုနစ်ရက်ပတ်လုံး ပွဲလမ်းသဘင် ကျင်းပခြင်းကိုပြု၍ များစွာသော ရွှေ,ငွေဥစ္စာကို ရကြလေကုန်သတတ်၊ အကြားအကြား၌ ပေးကမ်းအပ်သော ဆုလာဘ်တို့၏ကား အပိုင်းအခြားမရှိ၊ များစွာသော လူအပေါင်းသည် ညောင်... |
1,331,176 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုအခါ တစ်ယောက်သော ခုန်၍ကခြင်းငှာ စွမ်းနိုင်သော ကျွမ်းသမား၏သမီး ကချေသည်မသည် ဝါးလုံးပေါ်သို့တက်၍ ထိုဝါးလုံး၏အထက်၌ လည်လျက် ဝါးလုံး၏အစွန်ဖြစ်သော ကောင်းကင်၌ စင်္ကြံသွားလျက် ကလည်းက၏။ |
1,331,177 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | သီလည်း သီဆို၏။ |
1,331,178 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုအခါ ဥဂ္ဂသေနအမည်ရှိသော သူဌေးသားသည် အဆွေခင်ပွန်းနှင့် အတူတကွ ညောင်စောင်းအဆင့်ဆင့်၌ တည်နေလျက် ထိုကချေသည်ကိုကြည့်ရှု၍ ထိုကချေသည်မ၏ လက်ခြေပစ်ခြင်း စသည်တို့၌ဖြစ်သော စုံမက်ခြင်း ရှိသည်ဖြစ်ရကား အိမ်သို့ ပြန်သွားပြီးလျှင် “ထိုကချေသည်မကို ရသည်ရှိသော် အသက်ရှင်အံ့၊ မရသည်ရှိသော် ဤနေရာ၌သာလျှင် ငါ့အား သေခြင်းသည် ဖြစ်စေသတည်း”ဟု အစာ... |
1,331,179 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | မိခင်ဖခင်တို့သည် “ချစ်သား- သင့်အား အဘယ်ဝေဒနာ နှိပ်စက်နာကျင်ဘိသနည်း”ဟု မေးအပ်သော်လည်း “ကျွန်တော်သည် ထိုကချေသည်မ သမီးကို ရသည်ရှိသော် အသက်ရှိသေး၏။ |
1,331,180 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | မရသည်ရှိသော် ဤနေရာ၌လျှင် ကျွန်တော်အား သေရခြင်းသည် ဖြစ်ပါလိမ့်မည်”ဟု ဆိုသောကြောင့် “ချစ်သား- ဤသို့ မပြုပါလင့်၊ သင့်အလို့ငှာ ငါတို့၏ အမျိုးနှင့်လည်းကောင်း စည်းစိမ်နှင့်လည်းကောင်း လျောက်ပတ်သော တစ်ပါးသော သတို့သမီးကို ဆောင်ကြကုန်အံ့”ဟု ဆိုသော်လည်း ထိုရှေးအတူသာလျှင် ဆို၍ အိပ်လေ၏။ |
1,331,181 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုအခါ၌ ထိုဥဂ္ဂသေနသတို့သား၏ ဖခင်သူဌေးကြီးသည် များစွာတောင်းပန်၍သော်လည်း ထိုသားကို ကောင်းစွာသိစိမ့်သောငှာ မတတ်နိုင်ရကား ဥဂ္ဂသေနသတို့သား၏ အဆွေခင်ပွန်းကို ခေါ်စေ၍ အသပြာတစ်ထောင်ကို ပေးပြီးလျှင် “ဤအသပြာတို့ကိုယူ၍ မိမိ၏သမီးကို ငါ့သားအား ပေးစေသတည်း”ဟု ပြောဆိုရန် စေလွှတ်လေ၏။ |
1,331,182 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုကချေသည်မ၏ ဖခင်သည် “ငါကား အသပြာတို့ကိုယူ၍ မပေးနိုင်၊ ထိုဥဂ္ဂသေနသတို့သားသည် ဤသမီးကိုမရသည်ရှိသော် အသက်ရှင်ခြင်းငှာ အကယ်၍ မတတ်နိုင်သည်ဖြစ်အံ့၊ ထိုသို့မတတ်နိုင်မူ ငါတို့နှင့် အတူတကွသာလျှင် လှည့်လည်ခြင်းငှာ တတ်နိုင်သည်ဖြစ်အံ့၊ ထိုဥဂ္ဂသေနသတို့သားအား သမီးကို ပေးပါအံ့”ဟု စကားတုံ့ပြန်လိုက်သည်ရှိသော် မိခင်ဖခင်တို့သည် သားအား ထိ... |
1,331,183 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ဥဂ္ဂသေနသတို့သားသည် “ကျွန်တော်သည် ထိုကချေသည်တို့နှင့် အတူတကွ လှည့်လည်ပါမည်”ဟု ဆိုပြီးလျှင် တောင်းပန်ကြကုန်သော်လည်း မိဘတို့၏စကားကို မနာမယူဘဲ အိမ်မှထွက်ခွာ၍ ကချေသည်၏အထံသို့ သွားလေ၏။ |
1,331,184 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုကချေသည်မ၏ဖခင်သည် သူဌေးသား ဥဂ္ဂသေနအား သမီးကိုပေး၍ သူဌေးသားနှင့် အတူတကွသာလျှင် ရွာနိဂုံး မင်းနေပြည်တော်တို့၌ အတတ်ပညာကိုပြသကာ လှည့်လည်သွားလာလေ၏။ |
1,331,185 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | မယားမာနကြောင့် လင်ပညာတတ်ခြင်း |
1,331,186 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ကချေသည်မသည်လည်း သူဌေးသား ဥဂ္ဂသေနနှင့် အတူတကွ ပေါင်းသင်းခြင်းကို အစွဲပြု၍ မကြာမီသာလျှင် သားကိုရသဖြင့် ကစားရွှင်မြူးစေလျက် “လှည်းစောင့်သမား၏သား၊ ဥစ္စာဝန်ထုပ် ထမ်းဆောင်သမား၏သား၊ ဘာမျှမတတ် မသိသောသူ၏သား”ဟု ဆို၏။ |
1,331,187 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | (ထိုသူဌေးသား ဥဂ္ဂသေနသည်လည်း ထိုသူတို့၏ လှည်းချွတ်ခြင်းကိုပြု၍ တည်ရာအရပ်၌ နွားစားကျက်သို့ လှည့်လည်ရ၏။ |
1,331,188 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | အတတ်ပညာကို ပြသရာ၌ ရအပ်သော ဥစ္စာထုပ်ကို ထမ်းပိုးကာ ဆောင်ရွက်သယ်ပိုးရ၏။ |
1,331,189 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုအခြင်းအရာကိုသာလျှင် ရည်မှန်း၍ ထိုကချေသည်မသည် သားငယ်ကို ကစားရွှင်မြူးစေလျက် ထိုအခြင်းအရာဖြင့် ဆိုသတတ်။ |
1,331,190 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ) သူဌေးသား ဥဂ္ဂသေနသည် မိမိကိုအကြောင်းပြု၍ ထိုကချေသည်မ၏ သီချင်းဆိုသည့်အဖြစ်ကို သိရလျှင် ထိုကချေသည်မကို “သင်သည်- ငါ့ကိုရည်မှန်း၍ ဆိုသလော”ဟု မေးလေ၏။ |
1,331,191 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | “သင့်ကိုရည်မှန်း၍ ဆိုသည်မှာ အမှန်ဖြစ်၏”ဟု ပြန်ဆိုလတ်သော် “ဤသို့ဖြစ်လျှင် ငါသည် ထွက်ပြေးတော့အံ့”ဟု ဆိုလေ၏။ |
1,331,192 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုကချေသည်မသည် “သင်ထွက်ပြေးသဖြင့်လည်းကောင်း၊ ပြန်လာသဖြင့်လည်းကောင်း ငါ့အား အဘယ်အကျိုးရှိအံ့နည်း”ဟု ဆို၍ အဖန်တလဲလဲ ထိုသီချင်းကိုသာလျှင် သီဆို၏။ |
1,331,193 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | (ထိုကချေသည်မကား မိမိ၏ အဆင်းလှပပြည့်စုံခြင်းကို လည်းကောင်း၊ ဥစ္စာရခြင်းကိုလည်းကောင်း အမှီပြု၍ ထိုသူဌေးသား ဥဂ္ဂသေနကို တစ်စုံတစ်ခုသော အကြောင်းအရာ၌ အောက်မေ့မှတ်ထင်ခြင်း မပြုသတတ်။ |
1,331,194 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ) ဥဂ္ဂသေနသည် “အဘယ်ကိုအမှီပြု၍ ဤကချေသည်မအား ဤမာန်တက်ခြင်း ဖြစ်ဘိသနည်း”ဟု ကြံလတ်သည်ရှိသော် “အတတ်ပညာကိုအမှီပြု၍ မာန်တက်ဘိ၏”ဟု သိရလျှင် “ထိုသို့ မာန်တက်သည် ဖြစ်စေတော့၊ အတတ်ပညာကို သင်ယူဦးအံ့”ဟု ယောက္ခမသို့ ချဉ်းကပ်၍ ထိုယောက္ခမ ကချေသည် တတ်သိသော အတတ်ပညာကိုသင်ယူပြီးလျှင် ရွာနိဂုံး စသည်တို့၌ အတတ်ပညာကိုပြသလျက် အစဉ်သဖြင့် ရာဇဂြို... |
1,331,195 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ပညာပြစဉ် ဘုရားကြွလာခြင်း |
1,331,196 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | မြို့နေသူလူတို့သည် ညောင်စောင်းအဆင့်ဆင့် စသည်တို့ကို ဖွဲ့စေသဖြင့် ခုနစ်ရက်မြောက်သောနေ့၌ စည်းဝေးကြလေ၏။ |
1,331,197 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုဥဂ္ဂသေနသည်လည်း အတောင်ခြောက်ဆယ်ရှိသော ဝါးသို့တက်၍ ထိုဝါးလုံး၏ထိပ်ထက်၌ ရပ်တည်လေ၏။ |
1,331,198 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုနေ့၌ မြတ်စွာဘုရားသည် နံနက်စောစော မိုးသောက်သောအခါ လောကလူအပေါင်းကို ကြည့်ရှုတော်မူလတ်သည်ရှိသော် ထိုဥဂ္ဂသေနကို ကိုယ်တော်မြတ်၏ သဗ္ဗညုတဉာဏ်တော်တည်းဟူသော ကွန်ရက်အတွင်း၌ ဝင်ရောက်လာသည်ကို မြင်တော်မူ၍ “အဘယ်သို့ ဖြစ်လတ္တံ့နည်း”ဟု ဆင်ခြင်တော်မူပြန်သည်ရှိသော် “နက်ဖြန် သူဌေးသားသည် အတတ်ပညာကို ပြပေအံ့ဟု ဝါးလုံးထိပ်ဖျားထက်၌ ရပ်တည်လ... |
1,331,199 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုမြတ်စွာဘုရားသည် တစ်ဖန် မိုးသောက်သောနေ့၌ အခါကာလကို မှတ်သား၍ ရဟန်းသံဃာအပေါင်း ခြံရံလျက် ရာဇဂြိုဟ်မြို့သို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူလေ၏။ |
1,331,200 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ဥဂ္ဂသေနသည်လည်း မြတ်စွာဘုရား မြို့တွင်းသို့ ကြွဝင်တော်မူလတ်သည် ရှိသော်သာလျှင် အုတ်အုတ်ကျက်ကျက် ကြွေးကြော်စိမ့်သော အကျိုးငှာ များစွာသောလူအပေါင်းအား လက်ချောင်းအမှတ်သညာကို ပေးပြီးလျှင် ဝါးလုံးထိပ်ဖျား၌ ရပ်တည်လျက် ကောင်းကင်၌သာလျှင် ခုနစ်ကြိမ်လှည့်လည်ကာ သက်ဆင်း၍ ဝါးလုံးထိပ်ဖျား၌ ရပ်တည်လေ၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.