id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,331,001 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အရှင်ဘုရား.. တပည့်တော်သည် ကုမာရီရွယ် နုနယ်ပျိုမျစ်သော မယားကြီးကို ထိုသို့ စွန့်လှူ ပေးစားလိုက်သည်ရှိသော် စိတ်တမျိုး ပြောင်းလွဲဖောက်ပြန်သွားသည်ကို မသိရှိပါ (စိတ်တမျိုး ပြောင်းလွဲဖောက်ပြန်၍ မသွားပါ-ဟု ဆိုလိုသည်)။ |
1,331,002 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အရှင်ဘုရား.. တပည့်တော်၏အဖို့ရာ “မယားကြီးကို ယောက်ျားတပါးအား ပေးစား စွန့်လှူလိုက်ရသော်လည်း စိတ်တမျိုး ပြောင်းလွဲဖောက်ပြန်မှု မရှိခြင်း” တည်းဟူသော ဤတတိယ အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။ |
1,331,003 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | ၂၁၇ (၄) အရှင်ဘုရား.. တပည့်တော်၏ အိမ်၌ရှိသမျှ စည်းစိမ်ဥစ္စာတို့ကို ကောင်းသော အကျင့်ရှိတော်မူကြသည့် သီလဝန္တပုဂ္ဂိုလ်မြတ်တို့နှင့် မခွဲခြားအပ်ပါကုန်။ |
1,331,004 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | (ဤရွေ့ဤမျှကို ငါလှူအံ့၊ ဤရွေ့ဤမျှကိုမူ ငါမလှူ၊ ဤဝတ္ထုများကို ငါလှူအံ့, ဤဝတ္ထုများကိုမူ ငါမလှူ-ဟူ၍ စိတ်ကိုဖြစ်စေသူသည် မိမိစည်းစိမ်ဥစ္စာတို့ကို သီလဝန္တ ပုဂ္ဂိုလ်မြတ်တို့နှင့် ခွဲခြားအပ်သည် မည်ကုန်၏။ |
1,331,005 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | “တပည့်တော်၏ အဖို့ရာ ထိုကဲ့သို့ စိတ်မဖြစ်ပါ၊ စင်စစ်သော်ကား တပည့်တော်၏ စည်းစိမ်ဥစ္စာ ရှိသမျှတို့သည် သံဃိက (သံဃပစ္စည်း) ဥစ္စာတို့ကဲ့သို့၎င်း, ဂဏသန္တက (ဂိုဏ်း၏ပစ္စည်း) ဥစ္စာတို့ကဲ့သို့၎င်း သီလဝန္တပုဂ္ဂိုလ်မြတ်တို့နှင့် ဆက်ဆံကုန်၏ = သက်ဆိုင်ကုန်၏ဟူ၍သာ စိတ်ထားပါသည်)။ |
1,331,006 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အရှင်ဘုရား.. တပည့်တော်၏ အဖို့ရာ ယင်းကဲ့သို့ “မိမိ၏ စည်းစိမ်ဥစ္စာ ရှိသမျှတို့ကို သီလဝန္တပုဂ္ဂိုလ်မြတ်တို့နှင့် မခွဲခြားပဲ ဆက်ဆံကုန်၏ = သက်ဆိုင်ကုန်၏ဟူ၍ စိတ်ထားခြင်း” တည်းဟူသော ဤစတုတ္ထ အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။ |
1,331,007 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | (၅) အရှင်ဘုရား.. တပည့်တော်သည် ရဟန်းတော်မြတ် တပါးပါးသို့ ဆည်းကပ်, ပြုစုလျှင် ရိုသေစွာသာလျှင် ဆည်းကပ်, ကိုယ်တိုင်ကိုယ်ကြပ် ပြုစုပါသည်၊ မရိုမသေ မဆည်းကပ် မပြုစုပါ။ |
1,331,008 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အရှင်ဘုရား.. တပည့်တော်၏ အဖို့ရာ ယင်းကဲ့သို့သော “ရဟန်းသူမြတ်တို့ကို ရိုသေစွာ ဆည်းကပ်ပြုစုခြင်း” တည်းဟူသော ဤငါးခုမြောက် အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။ |
1,331,009 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | (၆) အရှင်ဘုရား.. ထိုအရှင်က တပည့်တော်အား တရားဟောလျှင် ရိုသေစွာသာလျှင် တရားနာပါ၏။ |
1,331,010 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | မရိုမသေ မနာပါ။ |
1,331,011 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အကယ်၍ ထိုအရှင်က တပည့်တော်အား တရားမဟောလျှင် တပည့်တော်သည် ထိုအရှင်အား တရားဟောပါ၏။ |
1,331,012 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အရှင်ဘုရား.. တပည့်တော်၏ အဖို့ရာ ယင်းကဲ့သို့ “ရဟန်းသူမြတ်က တရားဟောလျှင် ရိုသေစွာ နာယူခြင်း, ရဟန်းသူမြတ်က တရားမဟောလျှင် မိမိက တရားဟောခြင်း” တည်းဟူသော ဤခြောက်ခုမြောက် အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။ |
1,331,013 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | (၇) အရှင်ဘုရား.. တပည့်တော်ကို နတ်တို့က ချဉ်းကပ်၍ “သူဌေး.. မြတ်စွာဘုရားသည် တရားတော်ကို စ,လယ်,အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံစွာ ဟောကြားတော်မူအပ်ပါပေ၏”ဟု ပြောလာကြပါသည်။ |
1,331,014 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အရှင်ဘုရား.. ဤသို့ ပြောလာကြသည်ရှိသော် တပည့်တော်သည် ထိုနတ်တို့ကို “သင်နတ်တို့က ဤသို့ |
1,331,015 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | ၂၁၈ ပြောကြသည်ဖြစ်စေ, မပြောကြသည်ဖြစ်စေ (=ပြောပြော, မပြောမပြော) စင်စစ်သော်ကား မြတ်စွာဘုရားသည် တရားတော်ကို စ,လယ်,အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံစွာ ဟောကြားတော်မူ အပ်ပေ၏”ဟု ဤသို့ ပြန်လည်ပြောဆိုပါသည်။ |
1,331,016 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | ဤသို့ တပည့်တော်ကို နတ်တို့က ချဉ်းကပ်၍ ပြောလာ ကြခြင်းသည် အံ့ဖွယ်မဟုတ်ပါ။ |
1,331,017 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အရှင်ဘုရား.. ထိုသို့ နတ်တို့ မိမိထံ ချဉ်းကပ်လာခြင်း, နတ်တို့နှင့် အတူတကွ စကားပြောရခြင်းဟူသော အကြောင်းကြောင့် “ငါ့ထံသို့ နတ်တို့ ချဉ်းကပ်ကုန်၏” ဟူ၍၎င်း, “ငါသည် နတ်တို့နှင့် အတူတကွ စကားပြောရ၏” ဟူ၍၎င်း စိတ်၏ တက်ကြွမှုကို တပည့်တော် မသိစဘူးပါ (=စိတ်မတက်ကြွစဘူးပါ)။ |
1,331,018 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အရှင်ဘုရား.. တပည့်တော်၏အဖို့ရာ ယင်းကဲ့သို့ “ငါ့ထံသို့ နတ်တို့ ချဉ်းကပ်ကုန်၏, ငါသည် နတ်တို့နှင့် အတူတကွ စကားပြောရ၏-ဟု စိတ်မတက်ကြွခြင်း” တည်းဟူသော ဤခုနစ်ခုမြောက် အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။ |
1,331,019 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | (၈) အရှင်ဘုရား.. တပည့်တော်သည် မြတ်စွာဘုရား ဟောတော်မူအပ်သည့် အောက် (ကာမ)ဘုံသို့ ဆွဲဆောင်တတ်သော ဩရမ္ဘာဂိယသံယောဇဉ် ငါးမျိုးတို့တွင် မိမိ၌ မပယ်အပ်သေးသည့် တစုံတခုသော သံယောဇဉ်ကိုမျှ မတွေ့မြင်ပါ။ |
1,331,020 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | (ဤစကားရပ်ဖြင့် မိမိ၏ အနာဂါမ်အရိယာဖြစ်ကြောင်းကို ဖော်ပြသည်)။ |
1,331,021 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အရှင်ဘုရား.. တပည့်တော်၏ အဖို့ရာ အနာဂါမ်အရိယာဖြစ်ခြင်း” တည်းဟူသော ဤရှစ်ခုမြောက် အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။ |
1,331,022 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အရှင်ဘုရား.. တပည့်တော်၏ အဖို့ရာ ဤအံ့ဖွယ်တရား ရှစ်ပါးတို့ ထင်ရှားရှိကြပါသည်။ |
1,331,023 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | “အဘယ်မည်သော အံ့ဖွယ်ရှစ်မျိုးတို့နှင့် တပည့်တော် ပြည့်စုံ၏”ဟု မြတ်စွာဘုရား မိန့်ကြားတော်မူသည်ကိုကား တပည့်တော် မသိပါ-ဟု ဤကဲ့သို့ လျှောက်ထားလေ၏။ |
1,331,024 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | ထို့နောက် ထိုရဟန်းသည် ဥဂ္ဂသူဌေးအိမ်မှ ဆွမ်းခံခဲ့၍ နေရာမှ ဖဲသွားခဲ့ကာ ဆွမ်းစားပြီးနောက် မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက်ရှိခိုး၍ အပြစ်လွတ်ရာအရပ်၌ ထိုင်နေလျက် မိမိနှင့် ဥဂ္ဂသူဌေးတို့ မေးဖြေ = ပြောဆိုခဲ့သမျှ စကားအလုံးစုံကို မြတ်စွာဘုရားအား လျှောက်ထားလေ၏။ |
1,331,025 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းကို- |
1,331,026 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | “ရဟန်း.. ကောင်းစွာ့ ကောင်းစွာ့၊ ကောင်းစွာဖြေကြား ပြောဆိုလိုသူသည် ဥဂ္ဂသူဌေး ပြောကြားသည့်အတိုင်း ဖြေကြားပြောဆိုရာ၏။ |
1,331,027 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | ၂၁၉ ရဟန်း.. ဥဂ္ဂသူဌေးကို သူဖြေကြားသည့် အံ့ဖွယ်ရှစ်ပါးတို့နှင့် ပြည့်စုံ၏ဟု ငါဘုရား မိန့်ကြားအပ်ပေ၏။ |
1,331,028 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | ရဟန်း.. ဥဂ္ဂသူဌေးကို သူဖြေကြားသည့် အံ့ဖွယ်ရှစ်ပါးတို့နှင့် ပြည့်စုံသူဟူ၍ မှတ်ယူလေလော့”ဟု မိန့်တော်မူ၏။ |
1,331,029 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | ။ (ဤကား ဥဂ္ဂသူဌေး၏ အံ့ဖွယ်ရှစ်ပါးတို့တည်း)။ |
1,331,030 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | (၇)အမှတ်ပါ ဥဂ္ဂတသူဌေး၏ အံ့ဖွယ်ရှစ်ပါး |
1,331,031 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အခါတပါး၌ မြတ်စွာဘုရားသည် ဝဇ္ဇီတိုင်း ဟတ္ထိဂါမအရပ် (ဆင်ရွာ)၌ သီတင်းသုံး နေတော်မူစဉ် ရဟန်းတော်တို့ကို “ရဟန်းတို့.. ဟတ္ထိရွာသား (=ဆင်ရွာသား) ဥဂ္ဂတသူဌေးကို အံ့ဖွယ်တရား ရှစ်ပါးတို့နှင့် ပြည့်စုံသောသူဟူ၍ မှတ်ယူကြကုန်လော့”ဟု အကျဉ်းမျှ မိန့်တော်မူပြီးလျှင် ကျောင်းတွင်းသို့ ဝင်တော်မူလေ၏။ |
1,331,032 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | ထို့နောက် ရဟန်းတပါးသည် ရှေးနည်းအတူ နံနက်အခါ ဥဂ္ဂတသူဌေးနေအိမ်သို့ ကြွရောက်၍ ဥဂ္ဂတသူဌေးကို ရှေးဖော်ပြရာပါ ရဟန်းအတူ မေးလေ၏။ |
1,331,033 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | ဥဂ္ဂတသူဌေးက ရှေးဥဂ္ဂသူဌေးနည်းတူ လျှောက်ထား၍ မိမိ၏ အံ့ဖွယ်ရှစ်ပါးကို ဖြေကြား လျှောက်ဆိုသည်မှာ- |
1,331,034 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | “(၁) အရှင်ဘုရား.. တပည့်တော်သည် မိမိပိုင်သည့် နာဂဝနဥယျာဉ် (=ကံ့ကော်တော ဥယျာဉ်)၌ အာရုံငါးပါး လိုက်စားမူးမိုက် ပျော်ပိုက်နေစဉ် မြတ်စွာဘုရားကို ရှေးဦးအစ အဝေးမှပင် ဖူးမြင်လိုက်ရသည်နှင့် တပြိုင်နက် တပည့်တော်၏စိတ်သည် မြတ်စွာဘုရား၏ အပေါ်၌ အကြွင်းမဲ့ ယုံကြည် ကြည်ညို၍ သွားပါသည်၊ သေယစ်မူးမှုသည်လည်း ချုပ်ငြိမ်း၍သွားပါသည်။ |
1,331,035 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အရှင်ဘုရား.. တပည့်တော်၏ အဖို့ရာ “မြတ်စွာဘုရားကို ဖူးတွေ့ရသည်နှင့် တပြိုင်နက်ပင် ဘုရားရှင်၏ အပေါ်၌ အကြွင်းမဲ့ ယုံကြည် ကြည်ညိုခြင်း, သေယစ်မူးမှု ချုပ်ငြိမ်းခြင်း” တည်းဟူသော ဤပဌမအံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။ |
1,331,036 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | (၂) အရှင်ဘုရား.. တပည့်တော်သည် သဒ္ဓါရွှန်းစို ကြည်ညိုသော စိတ်ရှိလျက် မြတ်စွာဘုရားသို့ ဆည်းကပ်ပါသည်၊ တပည့်တော်အား မြတ်စွာဘုရားသည် မဂ်ဖိုလ်ရောက်ကြောင်း ကောင်းမြတ်သော တရား လမ်းစဉ်ဖြစ်သည့် (၁) ဒါနကထာ, (၂) သီလကထာ, (၃) သဂ္ဂကထာ, (၄) မဂ္ဂကထာတို့ကို အစဉ်အတိုင်း ဟောကြားတော်မူပါသည်၊ ထိုသို့ ဟောကြားတော်မူသဖြင့် တပည့်တော်၏အဖို့ရာ ခံ... |
1,331,037 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | ၂၂၀ သိတော်မူသောအခါ မြတ်စွာဘုရားသည် တပည့်တော်အား ဒုက္ခ, သမုဒယ, နိရောဓ, မဂ္ဂဟူသော သစ္စာလေးဝ သာမုက္ကံသိက ဓမ္မဒေသနာကို ဟောကြား ပြသတော်မူပါသည်။ |
1,331,038 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အရှင်ဘုရား.. တပည့်တော်၏ အဖို့ရာ ဤကဲ့သို့ “မြတ်စွာဘုရားရှင်ကို ပဌမအကြိမ် ဖူးတွေ့တရားနာရ၍ အနာဂါမ်အရိယာဖြစ်ရှိကာ လောကုတ္တရာ သရဏဂုံနှင့်တကွ ဗြဟ္မစရိယ ပဉ္စမကသီလကို ခံယူဆောက်တည် ကျင့်သုံးခြင်း” တည်းဟူသော ဤဒုတိယ အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။ |
1,331,039 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | (၃) အရှင်ဘုရား.. တပည့်တော်မှာ ကုမာရီအရွယ် နုနယ်ပျိုမျစ်သော မယားလေးယောက်တို့ ရှိကြပါသည်။ |
1,331,040 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အရှင်ဘုရား.. တပည့်တော်သည် အနာဂါမ်အရိယာ ဖြစ်ပြီးသောအခါ အိမ်သို့ပြန်လာကာ ထိုမယား လေးယောက်တို့ကို ခေါ်၍ “နှမတို့.. ငါသည် ဗြဟ္မစရိယ ပဉ္စမကသီလကို ဆောက်တည် ကျင့်သုံးအပ်လေပြီ၊ အလိုရှိသော နှမသည် ဤ အိမ်၌ပင်လျှင် စည်းစိမ်တို့ကိုလည်း သုံးဆောင်ခံစားလော့၊ ကောင်းမှု ကုသိုလ်တို့ကိုလည်း ပြုလော့၊ ဆွေမျိုးမိဘအိမ်သို့ ပြန်လိုလျှင်လည်း စာ... |
1,331,041 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အရှင်ဘုရား.. ဤသို့ ပြောဆိုအပ်သော် မယားကြီးသည် “အရှင်.. ကျွန်တော်မကို ဤမည်သော ယောက်ျားအား ပေးစားပါလော့”ဟု ဆို၏။ |
1,331,042 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အရှင်ဘုရား.. ထိုအခါ တပည့်တော်သည် ထိုယောက်ျားကို ခေါ်စေ၍ လက်ဝဲလက်ဖြင့် မယားကြီးကို ကိုင်လျက် လက်ျာလက်ဖြင့် ရေကရားကို ကိုင်ပြီးလျှင် ထိုယောက်ျားအား ထိုမယားကြီးကို စွန့်လှူ ပေးစားလိုက်ပါ၏။ |
1,331,043 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အရှင်ဘုရား.. တပည့်တော်သည် ကုမာရီရွယ် နုနယ်ပျိုမျစ်သော မယားကြီးကို ထိုသို့ စွန့်လှူ ပေးစားလိုက်သည်ရှိသော် စိတ်တမျိုး ပြောင်းလွဲဖောက်ပြန်၍ မသွားပါ။ |
1,331,044 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | ၂၂၁ (၄) အရှင်ဘုရား.. တပည့်တော်၏အိမ်၌ ရှိသမျှ စည်းစိမ်ဥစ္စာတို့ကို ကောင်းသောအကျင့် ရှိတော်မူကြသည့် သီလဝန္တ ပုဂ္ဂိုလ်မြတ်တို့နှင့် မခွဲခြားအပ်ပါကုန်။ |
1,331,045 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အရှင်ဘုရား.. တပည့်တော်၏ အဖို့ရာ ယင်းကဲ့သို့ “မိမိ၏ စည်းစိမ်ဥစ္စာ ရှိသမျှတို့ကို သီလဝန္တ ပုဂ္ဂိုလ်မြတ်တို့နှင့် မခွဲခြားပဲ ဆက်ဆံကုန်၏ = သက်ဆိုင်ကုန်၏ဟူ၍ စိတ်ထားခြင်း” တည်းဟူသော ဤစတုတ္ထ အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။ |
1,331,046 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | (၅) အရှင်ဘုရား.. တပည့်တော်သည် ရဟန်းတော်မြတ် တပါးပါးသို့ ဆည်းကပ်, ပြုစုလျှင် ရိုသေစွာသာလျှင် ဆည်းကပ်, ကိုယ်တိုင်ကိုယ်ကြပ် ပြုစုပါသည်၊ မရိုမသေ မဆည်းမကပ် မပြုစုပါ။ |
1,331,047 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | ထိုအရှင်က တပည့်တော်အား တရားဟောလျှင် ရိုသေစွာသာလျှင် တရားနာပါ၏၊ မရိုမသေ မနာပါ၊ အကယ်၍ ထိုအရှင်က တပည့်တော်အား တရားမဟောလျှင် တပည့်တော်သည် ထိုအရှင်အား တရားဟောပါ၏။ |
1,331,048 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အရှင်ဘုရား.. တပည့်တော်၏ အဖို့ရာ ယင်းကဲ့သို့ “ရဟန်းသူမြတ်တို့ကို ရိုသေစွာ ဆည်းကပ်ပြုစုခြင်း, ရဟန်းသူမြတ်က တရားဟောလျှင် ရှိသေစွာ နာယူခြင်း, ရဟန်းသူမြတ်က တရားမဟောလျှင် မိမိက တရားဟောခြင်း” တည်းဟူသော ဤငါးခုမြောက် အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။ |
1,331,049 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | (၆) အရှင်ဘုရား.. တပည့်တော်က သံဃာကို ပင့်ဖိတ်အပ်သည်ရှိသော် နတ်တို့သည် ချဉ်းကပ်၍ တပည့်တော်ကို “သူဌေး.. ဤမည်သော ရဟန်းသည် ရူပကာယ, နာမကာယ = နှစ်ပါးစုံမှ လွတ်မြောက်သော = ဥဘတောဘာဂဝိမုတ္တပုဂ္ဂိုလ်တည်း၊ ဤမည်သော ရဟန်းသည် ပညာဖြင့် လွတ်မြောက်သော = ပညာဝိမုတ္တပုဂ္ဂိုလ်တည်း၊ ဤမည်သော ရဟန်းသည် နာမကာယဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း... |
1,331,050 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | ဤမည်သော ရဟန်းသည် သီလမရှိ, ယုတ်ညံ့သော အကျင့်ရှိ၏”ဟု ပြောလာကြပါကုန်၏။ |
1,331,051 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | ထိုသို့ နတ်တို့လာရောက် ပြောကြားခြင်းသည် အံ့ဖွယ်မဟုတ်ပါ။ |
1,331,052 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အရှင်ဘုရား.. တပည့်တော်သည် သံဃာတော်ကို ပြုစုလုပ်ကျွေးသည်ရှိသော် “ဤမည်သော ပုဂ္ဂိုလ်အားမူ ဒုဿီလဖြစ်သည့်အတွက် အနည်းငယ် |
1,331,053 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | ၂၂၂ ပေးလှူအံ့၊ ဤမည်သော ပုဂ္ဂိုလ်အားမူ သီလဝန္တဖြစ်သည့်အတွက် များစွာပေးလှူအံ့”ဟု ဤသို့ စိတ်ဖြစ်သည်ကို မသိစဘူးပါ (ထိုသို့သောစိတ်မျိုး မဖြစ်စဘူးပါ)၊ အရှင်ဘုရား.. စင်စစ်သော်ကား တပည့်တော်သည် သီလဝန္တပုဂ္ဂိုလ်, ဒုဿီလပုဂ္ဂိုလ် = နှစ်မျိုးလုံး၌ပင် ညီမျှသော စိတ်ရှိလျက်သာ ပေးလှူပါ၏။ |
1,331,054 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အရှင်ဘုရား.. တပည့်တော်၏အဖို့ရာ ယင်းကဲ့သို့ “သီလဝန္တပုဂ္ဂိုလ်, ဒုဿီလပုဂ္ဂိုလ် = နှစ်မျိုးလုံး၌ပင် ညီမျှသော စိတ်ရှိလျက် ပေးလှူပြုစုခြင်း” တည်းဟူသော ဤခြောက်ခုမြောက် အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။ |
1,331,055 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | (၇) အရှင်ဘုရား.. တပည့်တော်ကို နတ်တို့က ချဉ်းကပ်၍ “သူဌေး.. မြတ်စွာဘုရားသည် တရားတော်ကို စ,လယ်,အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံစွာ ဟောကြားတော်မူအပ်ပါပေ၏”ဟု ပြောလာကြပါသည်၊ အရှင်ဘုရား.. ဤသို့ ပြောလာကြသည်ရှိသော် တပည့်တော်သည် ထိုနတ်တို့ကို “သင်နတ်တို့က ဤသို့ ပြောကြသည်ဖြစ်စေ, မပြောကြသည်ဖြစ်စေ (=ပြောပြော, မပြောပြ... |
1,331,056 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | ဤသို့ တပည့်တော်ကို နတ်တို့က ချဉ်းကပ်၍ ပြောလာကြခြင်းသည် အံ့ဖွယ်မဟုတ်ပါ။ |
1,331,057 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အရှင်ဘုရား.. ထိုသို့ နတ်တို့ မိမိထံ ချဉ်းကပ်လာခြင်း, နတ်တို့နှင့် အတူတကွ စကားပြောရခြင်းဟူသော အကြောင်းကြောင့် “ငါ့ထံသို့ နတ်တို့ ချဉ်းကပ်ကုန်၏” ဟူ၍၎င်း, “ငါသည် နတ်တို့နှင့် အတူတကွ စကားပြောရ၏” ဟူ၍၎င်း စိတ်၏တက်ကြွမှုကို တပည့်တော် မသိစဘူးပါ (=စိတ်မတက်ကြွစဘူးပါ)။ |
1,331,058 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | (၈) အရှင်ဘုရား.. တပည့်တော်သည် မြတ်စွာဘုရား၏ အလျင်လက်ဦး (=မြတ်စွာဘုရား၏ အလျင်) အကယ်၍ သေရပါမူ တပည့်တော်ကို မြတ်စွာဘုရားက “ဟတ္ထိဂါမအရပ်သား (=ဆင်ရွာသား) ဥဂ္ဂတသူဌေးမှာ နောက်ထပ်တဖန် ဤကာမဘုံသို့ ပြန်လာရောက်ကြောင်း သံယောဇဉ်ဟူ၍ မရှိတော့ပြီ”ဟု မိန့်ကြားတော်မူရာသော အကြောင်းသည် အံ့ဖွယ်မဟုတ်ပါ၊ (ဤစကားရပ်ဖြင့် မိမိ အနာဂါမ်အရိယာဖြစ်က... |
1,331,059 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အရှင်ဘုရား.. တပည့်တော်၏ |
1,331,060 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | ၂၂၃ အဖို့ရာ ယင်းကဲ့သို့ “နောက်ထပ်တဖန် ဤကာမဘုံသို့ ပြန်လာရောက်ကြောင်း (=ဩရမ္ဘာဂိယ) သံယောဇဉ်ဟူ၍ မရှိခြင်း” တည်းဟူသော ဤရှစ်ခုမြောက် အံ့ဖွယ်တရားသည် ထင်ရှားရှိပါ၏။ |
1,331,061 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | “အဘယ်မည်သော အံ့ဖွယ်ရှစ်ပါးတို့နှင့် တပည့်တော် ပြည့်စုံ၏”ဟု မြတ်စွာဘုရား မိန့်ကြားတော်မူသည်ကိုကား တပည့်တော် မသိပါ- |
1,331,062 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | ဟု ဤကဲ့သို့ လျှောက်ထားလေ၏။ |
1,331,063 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | (ထို့နောက် အကြောင်းအရာများမှာ ရှေးဥဂ္ဂသူဌေးဝတ္ထုနှင့် ထပ်တူ၏။ |
1,331,064 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | ဤကား ဥဂ္ဂတသူဌေး၏ အံ့ဖွယ်ရှစ်ပါးတို့တည်း။ |
1,331,065 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်၌ ဤသူဌေးနှစ်ယောက်တို့၏ အမည်ကို ဥဂ္ဂ-ဟူ၍ချည်း လာရှိသော်လည်း ဤယခု ဧတဒဂ္ဂဝဂ်ပါဠိတော် အလာကို ထောက်ဆ၍ ဝေသာလီပြည်သား သူဌေးကို ဥဂ္ဂ-သူဌေးဟူ၍, ဟတ္ထိဂါမအရပ်သား (=ဆင်ရွာသား) သူဌေးကို ဥဂ္ဂတ-သူဌေးဟူ၍ ရေးသားဖော်ပြအပ်သည်။ |
1,331,066 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | ဤသူဌေးနှစ်ဦးတို့အတွက် အံ့ဖွယ်ရှစ်ပါးကို အကျဉ်းသရုပ် ရေးသားဖော်ပြရန် ဖြစ်သော်လည်း ကြည်ညိုဖွယ် ရှိလှသောကြောင့် အကြောင်းအရာ အကျယ်ကိုပါ ရေးသား ဖော်ပြအပ်ပေသည်။ |
1,331,067 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | ။ ဤကား အထူးမှတ်ဖွယ်တည်း)။ |
1,331,068 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂတသူဌေးအကြောင်း | ဤကား ဥဂ္ဂတသူဌေး အကြောင်းတည်း။ |
1,331,069 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | (၆) ဥဂ္ဂသူဌေးအကြောင်း |
1,331,070 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ဤဥဂ္ဂသူဌေးအလောင်း သူတော်ကောင်းသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသား ဖြစ်လတ်၍ နောက်အဖို့ဝယ် မြတ်စွာဘုရား၏ တရားစကားကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ဥပါသကာတယောက်ကို “မနာပဒါန = နှစ်သက်ဖွယ်သော အလှူဝတ်ကို ပေးလှူသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ အ... |
1,331,071 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | (ခ) နောက်ဆုံးဘဝ ဥဂ္ဂသူဌေးဖြစ်ခြင်း |
1,331,072 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ထိုသူတော်ကောင်း အမျိုးကောင်းသားသည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည် ကျက်စားခဲ့၍ ဤဘုရားမြတ်စွာ ပွင့်ထွန်းတော်မူရာ ကာလဝယ် ဝေသာလီပြည်အရပ်၌ သူဌေးမျိုးဝယ် ဖြစ်၍လာလေ၏။ |
1,331,073 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ၂၀၄ ဥဂ္ဂသူဌေး-ဟု အမည်တွင်ခြင်း |
1,331,074 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ထိုသူဌေးသား မွေးဖွားပြီးကာလဝယ် အမည်သီးခြား မမှတ်သား မမှည့်မခေါ်အပ်ပေ။ |
1,331,075 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | အရွယ်ရောက်လာသော နောက်အဖို့၌ကား ထိုသူဌေးသား၏ ကိုယ်ခန္ဓာ = အတ္တဘောသည်လည်း အလုံးအပေါက် ပြည့်ဖြိုး မြင့်မောက်လျက် တန်းဆာဆင်အပ်သော တုရိုဏ်တိုင်ကဲ့သို့၎င်း, မြှောက်ဆွဲ၍ ထားအပ်သော ရွှေပုဆိုးကဲ့သို့၎င်း အလွန် တင့်တယ်လှပေ၏၊ ထိုသူဌေးသား၏ ဂုဏ်ကျေးဇူးများသည်လည်း တနေ့တခြား ထင်ရှားကျော်လွှမ်း၍သာ လာကုန်၏၊ ဤသို့လျှင် ထိုသူဌေးသားသည် ကိ... |
1,331,076 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | အထူးအားဖြင့် ဤဥဂ္ဂသူဌေးသည် မြတ်စွာဘုရားရှင်ကို ပဌမအကြိမ် ဖူးတွေ့ရသော အခါကပင် သောတာပတ္တိဖိုလ်၌ တည်၍ (=သောတာပန်အရိယာဖြစ်၍) နောက်အဖို့၀ယ် အောက်မဂ်သုံးပါး, အောက်ဖိုလ်သုံးပါးတို့ကို မျက်မှောက်ပြုရလေသည် (အနာဂါမ်အရိယာ ဖြစ်လေသည်)။ |
1,331,077 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ထိုဥဂ္ဂသူဌေးသည် အသက်အရွယ် ကြီးရင့်သောအခါ ဆိတ်ငြိမ်ရာသို့ ကပ်ရောက်ထိုင်နေလျက် “ငါသည် အကြင် အကြင် ဝတ္ထုကို နှစ်သက်အပ် မြတ်နိုးအပ်၏၊ ထိုထိုနှစ်သက်အပ် မြတ်နိုးအပ်သော ဝတ္ထုကိုသာလျှင် မြတ်စွာဘုရားရှင်အား လှူပေအံ့၊ ငါသည် မြတ်စွာဘုရားရှင်၏ မျက်မှောက်တော်မှ ‘နှစ်သက်မြတ်နိုးအပ်သော ဝတ္ထုကို လှူဒါန်းသောသူသည် နှစ်သက်မြတ်နိုးအပ်သော ... |
1,331,078 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ထို့နောက် ဥဂ္ဂသူဌေး၏ စိတ်သန္တာန်ဝယ် “စင်စစ်သော်ကား မြတ်စွာဘုရားသည် ငါ၏စိတ်အကြံကို သိတော်မူကာ အိမ်တံခါးဝသို့ ကြွသော်မူ ကြွတော်မူလေရာ၏”ဟု ကြံစည်စဉ်းစားမှု အထူးတလည်ဖြစ်၍ လာလေသည်။ |
1,331,079 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ၂၀၅ မြတ်စွာဘုရားသည်လည်း ဥဂ္ဂသူဌေး၏ စိတ်အကြံကို သိတော်မူ၍ ရဟန်းအပေါင်း ခြံရံအပ်လျက် (ထိုခဏမှာပင်) သူဌေး၏ နေအိမ်တံခါးဝ၌ အထင်အရှား အံ့ဩဘနန်း ရောက်ရှိတော်မူလာလေ၏။ |
1,331,080 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ဥဂ္ဂသူဌေးသည် “မြတ်စွာဘုရား ကြွလာတော်မူပြီ”ဟု ကြားသိ၍ အတိုင်းထက်အလွန် အားတက် ဝမ်းမြောက်ကာ မြတ်စွာဘုရား အထံတော်သို့ သွားရောက်၍ တည်ခြင်းငါးပါးဖြင့် ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် မြတ်စွာဘုရား၏ သပိတ်တော်ကို ဆီးကြိုယူလင့်၍ အိမ်အတွင်းသို့ ပင့်ဆောင်ခဲ့ကာ ခင်းထားအပ်ပြီး အသင့်ရှိနေသော ဘုရားနေရာတော်၌ မြတ်စွာဘုရားကို၎င်း, ကြွင်းက... |
1,331,081 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | “(၁) မြတ်စွာဘုရား.. ‘မနာပဒါယီ လဘတေ မနာပံ = နှစ်ခြိုက်ဖွယ်ဝတ္ထုကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ်အကျိုးကို ရ၏’ဟူသော ဤတရားစကားတော်ကို အကျွန်ုပ်သည် မြတ်စွာဘုရား မျက်မှောက်တော်မှ ကြားနာရဘူး, ခံယူရဘူးပါသည်။ |
1,331,082 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | မြတ်စွာဘုရား.. အကျွန်ုပ်၏ အင်ကြင်းပွင့် အဆင်းရှိသော ခဲဖွယ်သည် နှစ်ခြိုက်ဖွယ်ရှိပါသည်။ |
1,331,083 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | မြတ်စွာဘုရားသည် သနားသမှု အကြောင်းပြု၍ အကျွန်ုပ်၏ ထိုခဲဖွယ်ကို ခံယူတော်မူစေချင်ပါသည်”ဟု လျှောက်ထား ဆက်ကပ် လှူဒါန်းလေ၏။ |
1,331,084 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | မြတ်စွာဘုရားသည် ကရုဏာရှေးရှူ အလှူခံတော်မူလေ၏။ |
1,331,085 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | တဖန် “(၂)- မြတ်စွာဘုရား.. ‘မနာပဒါယီ လဘတေ မနာပံ = နှစ်ခြိုက်ဖွယ်ဝတ္ထုကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ်အကျိုးကို ရ၏’ဟူသော ဤတရားစကားတော်ကို အကျွန်ုပ်သည် မြတ်စွာဘုရား မျက်မှောက်တော်မှ ကြားနာရဘူး, ခံယူရဘူးပါသည်။ |
1,331,086 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | မြတ်စွာဘုရား အကျွန်ုပ်၏ ဆီးသီးဖြင့် စီမံထားသော |
1,331,087 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ၂၀၆ ဝက်သားဟင်းသည် နှစ်ခြိုက်ဖွယ်ရှိပါသည်။ |
1,331,088 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | (ပ)။ (၃) အကျွန်ုပ်၏ ကန်စွန်းရွက် ဆီပြန်ကြော်သည် နှစ်ခြိုက်ဖွယ်ရှိပါသည်။ |
1,331,089 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | (ပ)။ (၄) မြတ်စွာဘုရား.. ဆန်မည်းကို ရွေးဆယ်ဖယ်ရှား၍ များသော အရည်သောက် ဟင်းနှင့် စားမဲဟင်းလျာပါရှိသော အကျွန်ုပ်၏ သလေးဆွမ်းသည် နှစ်ခြိုက်ဖွယ် ရှိပါသည်။ |
1,331,090 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | (ပ)။ (၅) မြတ်စွာဘုရား.. အကျွန်ုပ်၏ ကာသိကတိုင်းဖြစ် အဝတ်တို့သည် နှစ်ခြိုက်ဖွယ် ရှိပါကုန်သည်။ |
1,331,091 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | (ပ)။ (၆) မြတ်စွာဘုရား.. အကျွန်ုပ်၏ ပလ္လင်, မွေးရှည်ကော်ဇောကြီး, ပန်းပြောက်ချယ် သားမွေးအခင်း, ဝံပိုင့်ရေအခင်း, နီသော မျက်နှာကြက်နှင့် အုံးနီနှစ်ဖက်ရှိသည့် နေရာသည် နှစ်ခြိုက်ဖွယ်ရှိပါသည်။ |
1,331,092 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | မြတ်စွာဘုရား.. အကျွန်ုပ်တို့သည်လည်း ‘ဤအရာဝတ္ထုများကား စင်စစ်အားဖြင့် မြတ်စွာဘုရားအား မအပ်’ဟု သိပါကုန်၏။ |
1,331,093 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | မြတ်စွာဘုရား.. အကျွန်ုပ်တို့၏ ဤစန္ဒကူးနှစ်ထိုင်ခုံသည် အဖိုးတသိန်းကျော် တန်ပါ၏၊ အကျွန်ုပ်၏ ထိုအသုံးအဆောင် ဝတ္ထုတို့ကို မြတ်စွာဘုရားသည် သနားသမှု အကြောင်းပြု၍ ခံယူတော်မူစေချင်ပါသည်”ဟု လျှောက်ထား ဆက်ကပ် လှူဒါန်းလေ၏။ |
1,331,094 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | (ဤ၌ အထူးမှတ်ရန်မှာ- ဥဂ္ဂသူဌေးသည် ယာဂုသောက်ပြီးလျှင် ထိုင်နေတော်မူသော မြတ်စွာဘုရားအား ဆွမ်းမကပ်မီ အကြားကာလ၌ ထိုအလှူဝတ်များကို လှူဒါန်းလို၍ ဆိုအပ်ပြီးအတိုင်း လျှောက်ထားလေသည်။ |
1,331,095 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | “မြတ်စွာဘုရားသည် ကရုဏာရှေးရှူ အလှူခံတော်မူလေ၏”ဟူသော စကားမှာ ဒေသနာ ဦးတည်ချက်မျှသာ ဖြစ်သည်။ |
1,331,096 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | စင်စစ်သော်ကား ဥဂ္ဂသူဌေးသည် ထိုအလှူဝတ်တို့ကို မြတ်စွာဘုရားအား၎င်း, ရဟန်းငါးရာတို့အား၎င်း လှူဒါန်းသည်သာ ဖြစ်၏။ |
1,331,097 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | (၆) အမှတ်ပါ စကားရပ်တွင် “ဤအရာဝတ္ထုများကား စင်စစ်အားဖြင့် မြတ်စွာဘုရားအား မအပ်-ဟု သိပါကုန်၏”ဟူသော ဤစကားရပ်၌ မအပ်စပ်သော အလှူဝတ်ကို အစွဲပြု၍ အပ်စပ်သော အလှူဝတ်တို့ကိုပါ “မအပ်”ဟူ၍ ပြောဆိုခြင်းဖြစ်လေသည်။ |
1,331,098 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | အမှန် စင်စစ်သော်ကား ဥဂ္ဂသူဌေးသည် အလုံးစုံသော အိပ်ရာနေရာ |
1,331,099 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ၂၀၇ လှူဖွယ်ဝတ္ထုများကို ယူဆောင်စေကာ အစုအပုံ ပြုလုပ်ပြီးလျှင် မအပ်စပ်သည်များကို မိမိ၏ အိမ်ဈေးဆိုင်သို့ပို့၍ အပ်စပ်သော ကပ္ပိယအသုံးအဆောင် အိပ်ရာနေရာ ဘဏ္ဍာများကို မြတ်စွာဘုရား အမှူးပြုသော ရဟန်းငါးရာတို့အား လှူဒါန်းလေသည်။ |
1,331,100 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ဥဂ္ဂသူဌေးအကြောင်း | ထို(၆)အမှတ်ပြ စကားရပ်တွင် ပါရှိသည့် “အဖိုးတသိန်းကျော်တန် စန္ဒကူးနှစ် ထိုင်ခုံ”မှာ အလွန်မကြီးလှ၊ အလျားနှစ်တောင်ထွာ, အနံ တတောင်ထွာ ပမာဏရှိသည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.