id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,331,201 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုခဏ၌ မြတ်စွာဘုရားသည် မြို့တွင်းသို့ ကြွဝင်တော်မူလျက် အကြင်အခြင်းအရာဖြင့် ပြုသည်ရှိသော် ထိုဥဂ္ဂသေနကို ပရိသတ်တို့ မကြည့်၊ ထိုအခြင်းအရာဖြင့်ပြု၍ ကိုယ်တော်ကိုသာလျှင် ကြည့်ရှုစေလေ၏။ |
1,331,202 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ဥဂ္ဂသေနသည် ပရိသတ်ကို ကြည့်ရှုပြီးလျှင် “ငါ့ကို ပရိသတ်သည် မကြည့်ပါတကား”ဟု နှလုံးမသာယာခြင်းသို့ ရောက်သည်ဖြစ်၍ “ငါသည် တစ်နှစ်တို့ ကာလပတ်လုံး ဤအတတ်ပညာကို ပြုအပ်၏။ |
1,331,203 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | မြတ်စွာဘုရားသည် မြို့တွင်းသို့ ကြွဝင်လာသည်ရှိသော် ပရိသတ်သည် ငါ့ကို မကြည့်မူ၍ မြတ်စွာဘုရားကိုသာလျှင် ကြည့်ရှုဘိ၏။ |
1,331,204 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ငါ၏အတတ်ပညာကို ပြသရခြင်းသည် အချည်းနှီးဖြစ်ခဲ့လေစွတကား”ဟု ကြံစည်လေ၏။ |
1,331,205 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ရှင်မောဂ္ဂလာန်နှင့် ဥဂ္ဂသေန |
1,331,206 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | မြတ်စွာဘုရားသည် ထိုဥဂ္ဂသေန၏ စိတ်အကြံကို သိတော်မူ၍ အရှင်မောဂ္ဂလာန်ကို ခေါ်တော်မူပြီးလျှင် “ချစ်သား မောဂ္ဂလာန်- သွားချေလော့၊ သူဌေးသား ဥဂ္ဂသေနကို အတတ်ပညာကို ပြသာပြစေသတည်းဟူ၍ ဆိုချေလော့”ဟု မိန့်တော်မူလေ၏။ |
1,331,207 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ရှင်မောဂ္ဂလာန်သည် ကြွသွားတဲ့၍ ဝါးလုံး၏အောက်၌ရပ်လျက် သူဌေးသားကို ခေါ်တော်မူပြီးလျှင် ဤဂါထာကို ဆိုလေ၏။ |
1,331,208 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ဣင်္ဃ ပဿ နဋပုတ္တ၊ ဥဂ္ဂသေန မဟဗ္ဗလ။ |
1,331,209 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ကရောဟိ ရင်္ဂံ ပရိသာယ၊ ဟာသယဿု မဟာဇနံ။ |
1,331,210 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | မဟဗ္ဗလ၊ ခွန်အားကြီးလှပေသော။ |
1,331,211 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ဥဂ္ဂသေန၊ ဥဂ္ဂသေန အမည်ရှိသော။ |
1,331,212 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | နဋပုတ္တ၊ ကချေသည်သား။ |
1,331,213 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ပဿ၊ ကြည့်ရှုစမ်းလော့။ |
1,331,214 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ပရိသာယ၊ ပရိသတ်အပေါင်း၌။ |
1,331,215 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ရင်္ဂံ၊ ပွဲသဘင်ကို။ |
1,331,216 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | မဟာဇနံ၊ များစွာသောလူအပေါင်းကို။ |
1,331,217 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ဟာသယဿု၊ ရွှင်လန်းစေလော့။ |
1,331,218 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုဥဂ္ဂသေနသည် ရှင်မဟာမောဂ္ဂလာန်မထေရ်၏ စကားကို ကြားရလျှင် နှစ်သက်ရွှင်လန်းသော စိတ်ရှိသည်ဖြစ်၍ “မြတ်စွာဘုရားသည် ငါ၏ အတတ်ပညာကို ကြည့်ရှုတော်မူခြင်းငှာ အလိုရှိယောင်တကား”ဟု အမှတ်ပြု၍ ဝါးလုံး၏ ထိပ်ထက်ဖျား၌ ရပ်တည်လျက်သာလျှင် ဤဂါထာကိုဆိုလေ၏။ |
1,331,219 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ဣင်္ဃ ပဿ မဟာပည၊ မောဂ္ဂလ္လာန မဟိဒ္ဓိက။ |
1,331,220 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ကရောမိ ရင်္ဂံ ပရိသာယ၊ ဟာသယာမိ မဟာဇနံ။ |
1,331,221 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | မဟိဒ္ဓိက၊ ကြီးသောတန်ခိုးရှိသော။ |
1,331,222 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | မဟာပည၊ ကြီးသောပညာရှိတော်မူသော။ |
1,331,223 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | မောဂ္ဂလ္လာန၊ အရှင်မောဂ္ဂလ္လာန။ |
1,331,224 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ပဿ၊ ကြည့်ရှုတော်မူပါလော့။ |
1,331,225 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | မဟာဇနံ၊ လူအပေါင်းကို။ |
1,331,226 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ဟာသယာမိ၊ ရွှင်လန်းစေပါအံ့။ |
1,331,227 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ဤသို့လျှင် မြွက်ဆိုသဖြင့် ဝါးလုံးထိပ်ဖျားမှ ကောင်းကင်သို့ ခုန်တက်ပြီးလျှင် ကောင်းကင်၌သာလျှင် တစ်ဆယ့်လေးကြိမ် လှည့်လည်ကာသက်ဆင်းပြီးမှ ဝါးလုံးထိပ်ဖျား၌သာလျှင် ရပ်တည်ပြန်လေ၏။ |
1,331,228 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုအခါ ဥဂ္ဂသေနကို မြတ်စွာဘုရားသည် “ဥဂ္ဂသေန- ပညာရှိသောသူမည်သည်ကား အတိတ်, အနာဂတ်, ပစ္စုပ္ပန်ဖြစ်သော ခန္ဓာတို့၌ တွယ်တာခြင်းတဏှာကို ပယ်စွန့်ပြီးလျှင် ပဋိသန္ဓေနေခြင်း စသည်တို့မှ လွတ်မြောက်ခြင်းငှာ သင့်ပေ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။ |
1,331,229 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ဒေသနာတော် [၃၄၈] မုဉ္စ ပုရေ မုဉ္စ ပစ္ဆတော၊ မဇ္ဈေ မုဉ္စ ဘဝဿ ပါရဂူ။ |
1,331,230 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | သဗ္ဗတ္ထ ဝိမုတ္တမာနသော၊ န ပုန ဇာတိဇရံ ဥပေဟိသိ။ |
1,331,231 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ပုရေ၊ အတိတ်ခန္ဓာ၌။ |
1,331,232 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | အာလယံ၊ တွယ်တာခြင်းကို။ |
1,331,233 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | (လွန်လေပြီးသော ခန္ဓာတို့၌ တွယ်တာတတ်သော အာလယ၊ နှစ်သက်တတ်သော နိကန္တိ၊ သက်ဝင်တတ်သော အဇ္ဈောသာန၊ တောင့်တတတ်သော ပတ္ထနာ၊ ထိုးကျင်တတ်သော ပရိယုဋ္ဌာန၊ ဖမ်းယူတတ်သော ဂါဟ၊ အမှားအားဖြင့် သုံးသပ်တတ်သော ပရာမာသ၊ တပ်နှစ်သက်တတ်သော တဏှာကို လွှတ်ရမည်ဟူလို။ |
1,331,234 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ) ပစ္ဆတော၊ နောက်အနာဂတ်ခန္ဓာ၌။ |
1,331,235 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | မဇ္ဈ၊ အလယ်ပစ္စုပ္ပန်ခန္ဓာ၌။ |
1,331,236 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ဘဝဿ၊ သုံးပါးသောဘဝ၏။ |
1,331,237 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ပါရဂူ၊ ကမ်းတစ်ဖက်သို့ ရောက်သောသူသည်။ |
1,331,238 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | (ဤသို့ လွှတ်နိုင်သည်ရှိသော် ဘဝသုံးပါးလုံး ပိုင်းခြား၍ သိခြင်း, ပယ်ခြင်း, ပွားများခြင်း, မျက်မှောက်ပြုနိုင်ခြင်းဟူသော ပါရဂူ၏အစွမ်းဖြင့် ကမ်းတစ်ဖက်သို့ ရောက်၏ဟူလို။ |
1,331,239 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ) သဗ္ဗတ္ထ၊ အလုံးစုံသော သင်္ခတတရား၌။ |
1,331,240 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ဝိမုတ္တမာနသော၊ လွတ်ကင်းသော စိတ်ရှိသည်ဖြစ်၍။ |
1,331,241 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ပုန၊ တစ်ဖန်။ |
1,331,242 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ဇာတိဇရံ၊ ပဋိသန္ဓေနေခြင်း အိုခြင်းသို့။ |
1,331,243 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | န ဥပေဟိသိ၊ မကပ်ရောက်ရတော့လတ္တံ့။ |
1,331,244 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ဒေသနာတော်၏အဆုံး၌ ရှစ်သောင်း လေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသည်ဖြစ်လေ၏။ |
1,331,245 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | သူဌေးသား ဥဂ္ဂသေနသည်လည်း ဝါးလုံးထိပ်ဖျား၌ ရပ်တည်လျက်သာလျှင် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ရောက်၍ ဝါးလုံးမှသက်ဆင်းပြီးလျှင် ဘုရားရှင်၏အထံတော်သို့ လာ၍ ငါးပါးသောတည်ခြင်းဖြင့် မြတ်စွာဘုရားကို ရှိခိုးလျက် ရဟန်းအဖြစ်ကို တောင်းပန်လေ၏။ |
1,331,246 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ဥဂ္ဂသေန ရဟန်းပြုခြင်း |
1,331,247 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုအခါ ဥဂ္ဂသေနကို မြတ်စွာဘုရားသည် လက်ယာလက်တော်ကို ဆန့်တန်းတော်မူ၍ ဧဟိဘိက္ခု အစရှိသည်ကို မိန့်ဆိုတော်မူလေ၏။ |
1,331,248 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုဥဂ္ဂသေနသည် ထိုခဏ၌သာလျှင် ပရိက္ခရာရှစ်ပါးကိုဆောင်ယူလျက် အဝါခြောက်ဆယ် ပြည့်ကြွယ်လေပြီး မထေရ်ကြီးကဲ့သို့ဖြစ်လေ၏။ |
1,331,249 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုအခါ ရဟန်းတို့သည် “ငါ့ရှင် ဥဂ္ဂသေန- အတောင်ခြောက်ဆယ်ရှိသော ဝါးလုံး၏ထိပ်ဖျားမှ သက်ဆင်းသောသင့်အား ကြောက်ခြင်းမည်သည် မဖြစ်လေသလော”ဟု မေးကြသောကြောင့် “ငါ့ရှင်တို့- အကျွန်ုပ်အား ကြောက်ခြင်းမရှိ”ဟု ဆိုလတ်သော် ဘုရားရှင်အား “မြတ်စွာဘုရား- ဥဂ္ဂသေနရဟန်းသည် မကြောက်ဟူ၍ ဆိုပါသည်။ |
1,331,250 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | မဟုတ်သည်ကို မြွက်ဆို၍ အရဟတ္တဖိုလ်ကို ပြောကြားပါသည်ဘုရား”ဟု လျှောက်ကြားလေကုန်၏။ |
1,331,251 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | “ချစ်သားရဟန်းတို့- ငါ့သား ဥဂ္ဂသေနနှင့် တူကြကုန်သော ဖြတ်အပ်ပြီးသော သံယောဇဉ်ရှိကုန်သော ရဟန်းတို့သည် မကြောက်ကြကုန်၊ မလန့်ကြကုန်”ဟု မိန့်တော်မူ၍ ဗြာဟ္မဏဝဂ်၌ ဤဂါထာကို ဟောကြားတော်မူလေ၏။ |
1,331,252 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | သဗ္ဗသံယောဇနံ၊ အလုံးစုံသော သံယောဇဉ်ဆယ်ပါးကို။ |
1,331,253 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ဆေတွာ၊ ဖြတ်ပြီးသည်ဖြစ်၍။ |
1,331,254 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | န ပရိတဿတိ၊ တဏှာကြောင့် ကြောက်ရွံ့ ထိတ်လန့်ခြင်းမရှိ။ |
1,331,255 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | သင်္ဂါတိဂံ၊ ရာဂ စသည်တို့၏ ကပ်ငြိခြင်းကို လွန်ပြီးသော။ |
1,331,256 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ဝိသံယုတ္တံ၊ ယောဂလေးဖြာနှင့် မယှဉ်သော။ |
1,331,257 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ဒေသနာတော်၏အဆုံး၌ များစွာကုန်သော သူတို့အား သစ္စာလေးပါးတရားတို့ကို ထိုထွင်း၍ သိခြင်းသည် ဖြစ်လေ၏။ |
1,331,258 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ဥဂ္ဂသေန၏ အတိတ် |
1,331,259 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | တစ်ဖန် တစ်နေ့သ၌ တရားသဘင်ဝယ် “ငါ့ရှင်တို့- ဤသို့ အရဟတ္တဖိုလ်၏ အကြောင်း ဥပနိဿယနှင့် ပြည့်စုံသော ရဟန်းအား ကချေသည်၏သမီးကိုမှီ၍ ကချေသည်တို့နှင့် အတူတကွ သွားလာလှည့်လည်ရခြင်း အကြောင်းသည် အဘယ်နည်း၊ အရဟတ္တဖိုလ်၏ ဥပနိဿယဖြစ်သောအကြောင်းသည် အဘယ်နည်း”ဟု စကားကို ဖြစ်စေကြလေကုန်၏။ |
1,331,260 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သား ရဟန်းတို့- ယခု ငါဘုရား ကြွလာတော်မူသောအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်ဘိသနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော် လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ဤနှစ်ပါးစုံသော အကြောင်းကို ဤဥဂ္ဂသေန ရဟန်းသည်သာလျှင် ပြုအပ်၏”ဟု မိန့်တော်မူ၍ ထိုအကြောင်းကို ထင်စွ... |
1,331,261 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ရှေးလွန်လေပြီးသောအခါ ကဿပမြတ်စွာဘုရား၏ ရွှေစေတီကို တည်အပ်သည်ရှိသော် ဗာရာဏသီပြည်၌ နေကြကုန်သော အမျိုးကောင်းသားတို့သည် များစွာသော ခဲဖွယ်ကို လှည်းတို့၌တင်၍ လက်အမှုကို ပြုလုပ်ကြကုန်အံ့ဟု စေတီတည်ရာအရပ်သို့ သွားကြကုန်သည်ရှိသော် လမ်းခရီးအကြား၌ ဆွမ်းအလို့ငှာ ကြွဝင်တော်မူသော မထေရ်တစ်ပါးကို မြင်ကြလေကုန်သတတ်။ |
1,331,262 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုအခါ အမျိုးသမီးတစ်ယောက်သည် မထေရ်မြတ်ကို ကြည့်ရှုဖူးမြင်ပြီးလျှင် လင်ယောက်ျားကို “အရှင့်သား- အရှင်မြတ်ဘုရား တစ်ပါးသည် ဆွမ်းအလို့ငှာ ကြွဝင်တော်မူ၏။ |
1,331,263 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ကျွန်တော်မတို့၏ လှည်း၌လည်း ခဲဖွယ်ဘောဇဉ်များ၏။ |
1,331,264 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုမထေရ်၏ သပိတ်တော်ကို ဆောင်ယူပါလော့၊ ဆွမ်းလှူကြကုန်စို့အံ့”ဟု ဆိုလေ၏။ |
1,331,265 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုလင်ယောက်ျားသည် သပိတ်ကို ဆောင်ယူလေ၏။ |
1,331,266 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုသပိတ်ကို ခဲဖွယ်ဘောဇဉ်ဖြင့် ပြည့်စေပြီးလျှင် မထေရ်မြတ်၏ လက်တော်၌ ဆက်ကပ်၍ ဇနီး,ခင်ပွန်း နှစ်ဦးလုံးပင် “အရှင်ဘုရား- အရှင်ဘုရားတို့ မြင်အပ်သော နိဗ္ဗာန်တရား၏သာလျှင် အဖို့ရှိသောသူတို့ ဖြစ်ကြရပါလို၏ဘုရား”ဟု ဆုတောင်းခြင်းကို ပြုကြလေကုန်၏။ |
1,331,267 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ရဟန္တာကို နှုတ်ပြစ်မှား၍ ကချေသည်ဖြစ်ရခြင်း |
1,331,268 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုမထေရ်သည်လည်း ကုန်ပြီးသော အာသဝေါရှိသော ရဟန္တာပုဂ္ဂိုလ်ဖြစ်တော်မူ၏။ |
1,331,269 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထို့ကြောင့် ကြည့်ရှုဆင်ခြင်လတ်သည်ရှိသော ထိုဇနီး,ခင်ပွန်း နှစ်ဦးတို့၏ ဆုတောင်းခြင်း ပြည့်စုံလတ္တံ့သော အဖြစ်ကို သိတော်မူ၍ ပြုံးခြင်းကို ပြုတော်မူလေ၏။ |
1,331,270 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုပြုံးတော်မူခြင်းကို မြင်ရလျှင် မိန်းမက လင်ယောက်ျားကို “ငါတို့၏ အရှင်မြတ်ဘုရားသည် ပြုံးခြင်းကို ပြုတော်မူဘိ၏။ |
1,331,271 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | တစ်ဦးသော ကချေသည် ဖြစ်လတ္တံ့”ဟု ဆိုလေ၏။ |
1,331,272 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | လင်ယောကျာ်းသည်လည်း မိန်းမအား “ချစ်နှမ- ဤအတိုင်း ဖြစ်ပေလတ္တံ့”ဟု ဆို၍ ဖဲသွားလေ၏။ |
1,331,273 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ဤသည်လျှင် ထိုဇနီးခင်ပွန်း နှစ်ဦးတို့၏ ရှေးကံဖြစ်သတည်း။ |
1,331,274 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုဇနီး,ခင်ပွန်းတို့သည် ထိုဗာရာဏသီပြည်၌ အသက်ရှည်သမျှ ကာလပတ်လုံး တည်နေပြီးလျှင် နတ်ပြည်၌ဖြစ်၍ ယခုအခါ ထိုနတ်ပြည်မှ စုတေသဖြင့် ထိုမိန်းမသည် ကချေသည်အိမ်၌ ဖြစ်လေ၏။ |
1,331,275 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ယောက်ျားသည် သူဌေးအိမ်၌ဖြစ်လေ၏။ |
1,331,276 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုယောက်ျားသည် “ချစ်နှမ- ဤအတိုင်း ဖြစ်ပေလတ္တံ့”ဟူ၍ မယားအား စကားတုံ့ကို ပေးဖူးသည်အဖြစ်ကြောင့် ကချေသည်တို့နှင့် အတူတကွ သွားလာလှည့်လည်ရလေ၏။ |
1,331,277 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ရဟန္တာမထေရ်မြတ်အား ပေးလှူအပ်သော ဆွမ်းကိုမှီ၍ အရဟတ္တဖိုလ်သို့ ရောက်လေ၏။ |
1,331,278 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ထိုကချေသည်သမီးသည်လည်း အကြင်သွားရာ လမ်းကြောင်းသည် ငါ့ခင်ပွန်းသည်၏ သွားရာလမ်းကြောင်းဖြစ်၏။ |
1,331,279 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ငါ၏သွားရာ လမ်းကြောင်းလည်း ထိုလမ်းကြောင်းသာလျှင် ဖြစ်၏”ဟု နှလုံးပြု၍ ရဟန်းပြုပြီးလျှင် အရဟတ္တဖိုလ်၌ တည်လေ၏။ |
1,331,280 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထု | ဥဂ္ဂသေနသူဌေးသား ဝတ္ထုပြီး၏။ |
1,331,281 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထုဂါထာ | ၆-ဥဂ္ဂသေနဝတ္ထု |
1,331,282 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထုဂါထာ | ၃၄၈။ မုဉ္စ ပုရေ မုဉ္စ ပစ္ဆတော၊ မဇ္ဈေ မုဉ္စ ဘဝဿ ပါရဂူ။ |
1,331,283 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထုဂါထာ | သဗ္ဗတ္ထ ဝိမုတ္တမာနသော၊ န ပုနံ ဇာတိဇရံ ဥပေဟိသိ။ |
1,331,284 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထုဂါထာ | ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘားကျွမ်း အမျိုးသမီးနှင့် ပေါင်းသင်း၍ ကျွမ်းအတတ်ကို ပရိသတ်အား ပြသနေသော ရာဇဂြိုဟ် သဌေးသား ဥဂ္ဂသေနကို အကြောင်းပြု၍ ဟောတော်မူသည်။ |
1,331,285 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထုဂါထာ | ဒေသနာတော်အဆုံး၌ ဥဂ္ဂသေနသဌေးသား ရဟန္တာ ဖြစ်ပြီးနောက် ရဟန်းပြုသည်။ |
1,331,286 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထုဂါထာ | အနက် ပုရေ၊ ရှေးလွန်လေပြီးသောခန္ဓာ၌။ |
1,331,287 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထုဂါထာ | မုဉ္စ၊ တဏှာကိုစွန့်လော့။ |
1,331,288 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထုဂါထာ | ပစ္စတော၊ နောက်ဖြစ်မည့် အနာဂတ်ခန္ဓာ၌။ |
1,331,289 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထုဂါထာ | မဇ္ဈေ၊ အလယ်ဖြစ်သော ပစ္စုပ္ပန်ခန္ဓာ၌။ |
1,331,290 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထုဂါထာ | ဝိမုတ္တမာနသော၊ တဏှာမှလွတ်သောစိတ်ရှိလျက်။ |
1,331,291 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထုဂါထာ | ဘဝဿ၊ ဘဝသုံးပါး၏။ |
1,331,292 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထုဂါထာ | ပါရဂူ၊ ကမ်းတဘက်အဆုံးသို့ ရောက်သည်ဖြစ်၍။ |
1,331,293 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထုဂါထာ | ဇာတိဇရံ၊ ပဋိသန္ဓေနေခြင်း အိုခြင်း နာခြင်းသို့။ |
1,331,294 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထုဂါထာ | န ဥပေဟိသိ၊ မကပ်ရောက်တော့အံ့။ |
1,331,295 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထုဂါထာ | စကားပြေ လွန်လေပြီးသော အတိတ်ခန္ဓာ အနာဂတ်ခန္ဓာ ပစ္စုပ္ပန်ခန္ဓာတို့၌ တဏှာကို စွန့်လော့ အလုံးစုံသောခန္ဓာ၌ တဏှာမှလွတ်သောစိတ်ရှိလျက် ဘဝသုံးပါး၏ ကမ်းတဘက်အဆုံးသို့ ရောက်သည် ဖြစ်၍ တဖန် ပဋိသန္ဓေနေခြင်း အိုခြင်း နာခြင်းသို့ မရောက်နိုင်ချေ။ |
1,331,296 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထုဂါထာ | မုဉ္စ ပုရေ—၌ ပုရေ-အရ အတိတ်ခန္ဓာ။ |
1,331,297 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထုဂါထာ | ပစ္စတော—အရ အနာဂတ်ခန္ဓာ။ |
1,331,298 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထုဂါထာ | မဇ္ဈေ—ပစ္စုပ္ပန်ခန္ဓာ။ |
1,331,299 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထုဂါထာ | ဘဝဿ—ကာမ ရူပ အရူပ ဘဝသုံးပါး။ |
1,331,300 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥဂ္ဂသေနဝတ္ထုဂါထာ | ပါရဂူ—ဘဝသုံးပါးကို ထိုးထွင်းသောဉာဏ်ဖြင့် သိခြင်း ပိုင်းခြား၍သိခြင်း ပယ်ခြင်း ပွားများခြင်း မျက်မှောက်ပြုခြင်း၏ အစွမ်းဖြင့် ကမ်းတဘက်သို့ ရောက်သူ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.