id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,331,401
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
ဥစ္စနာမင်းကြီး ကျောက်စာ
[သက္ကရာဇ် ၆၉၂ ခု၊ နယုန်လဆန်း ၁၂ရက်၊ ၄နေ့အား ဥစ္စနာမင်းကြီးသည် မန်ကျည်းတိမ်အရပ်၌ စေတီအချင်း အတောင် ၇ဝပြုလတ်၍ သာသနာ ၅ဝဝဝ တည်စိမ့် ငှာ လှူသောမြေ။
1,331,402
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဥစ္စနာမင်းကြီး၏ဦးရီးနှင့်အများ ကျောက်စာ
၂၆...“ငာရင်မာတေ(ယာက်။
1,331,403
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဥစ္စနာမင်းကြီး၏ဦးရီးနှင့်အများ ကျောက်စာ
) ၂၇ငာခွယ်တ(ယောက်။
1,331,404
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဥစ္စနာမင်းကြီး၏ဦးရီးနှင့်အများ ကျောက်စာ
)ငာရိယ်ခပ်တယောက်။
1,331,405
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဥစ္စနာမင်းကြီး၏ဦးရီးနှင့်အများ ကျောက်စာ
ငာဥိလှ တယောက်။
1,331,406
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဥစ္စနာမင်းကြီး၏ဦးရီးနှင့်အများ ကျောက်စာ
ဤယ်မျှသကျွန်ကာ အရျာသင်္ဃာတိုဝ်ကိုဝ် ခြီယ်..
1,331,407
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဥစ္စနာမင်းကြီး၏ဦးရီးနှင့်အများ ကျောက်စာ
၂၈လက်ဆိယ်ရိယ် ခ္လိုဝ်ရိယ် (သောက်)ရိယ် ခပ်စိမ်သောငှာ ဝတ်ချက်စိမ်သော တံပျက်ခ္လိယ်က္လုံစိမ်သောငှာ လှူ သတေ။
1,331,408
ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ်
ဥစ္စနာမင်းကြီး၏ဦးရီးနှင့်အများ ကျောက်စာ
[ငရင်မာတစ်ယောက်၊ ငခွေတစ်ယောက်၊ ငရေခပ် တစ်ယောက်၊ ငဦးလှတစ်ယောက်၊ ဤမျှသော ကျွန်ကား အရိယာသံဃာတို့ကို ခြေ(ဆေးရေ)၊ လက်ဆေးရေ၊ ချိုးရေ၊ သောက်ရေခပ်စိမ့်သောငှာ၊ ဝတ်ချက်စိမ့် သော၊ တံမြက်ချေးကျုံးစိမ့်သောငှာ လှူသတည်း။
1,331,409
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
၇။ ဥစ္ဆင်္ဂဇာတ်
1,331,410
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ပညာရှိသော မိန်းမတယောက်ကြောင့် သုံးယောက်သောသူတို့သည် အပြစ်ဘေးမှလွတ်သောအကြောင်း
1,331,411
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဥစ္ဆဂေ ဒေဝ မေ ပုတ္တာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဥစ္ဆင်္ဂဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော ဇနပုဒ်၌နေသောမိန်းမ ကိုအကြောင်းပြု၍ ဟောတော်မူ၏။
1,331,412
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ထိုစကားကို ချဲ့ဦးအံ့၊ တပါးသောအခါ ကောသလတိုင်း၌ သုံးယောက်ကုန်သောသူတို့သည် တခုသောတောအုပ်၏အဝ၌ လယ်ထွန်ကုန်၏။
1,331,413
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ထိုအခါ တောအုပ်၏အတွင်း၌ ခိုးသူတို့သည် လူတို့ကိုလုယက်ကုန်၍ ပြေးကုန်၏။
1,331,414
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ထိုခိုးသူတို့ကိုရှာကုန်၍ မမြင်ကုန်သည်ရှိသော် ထိုလယ်ထွန်ရာအရပ်သို့လာလတ်၍ သင်တို့သည် တောအုပ်၌လုယက်ကုန်ပြီး၍ ယခုအခါ လယ်ထွန်သောသူကဲ့သို့ ဖြစ်ကုန်၏ဟုဆို၍ ထိုသုံးယောက်သောသူတို့ကို ခိုးသူတို့တည်းဟု နှောင်ဖွဲ့ပြီးလျှင်ဆောင်၍ ကောသလမင်းကြီးအားဆက်ကုန်၏။
1,331,415
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ထိုအခါ တယောက်သော မိန်းမသည်လာလတ်၍ အရှင်မင်းကြီး အကျွန်ုပ်အား အဝတ်ကို ပေးတော်မူပါကုန်လော၊ အကျွန်ုပ်အား အဝတ်ကိုပေးတော်မူပါ ကုန်လောဟုငိုကြွေးလျက် အဖန်တလဲလဲမင်းအိမ်သို့လှည့်လည်၏။
1,331,416
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
မင်းကြီးသည် ထိုမိန်းမအသံကိုကြား၍ ထိုမိန်းမအား အဝတ်ပေးလာဟု ဆို၏။
1,331,417
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
မင်းချင်းတို့သည် အဝတ်ကိုယူ၍ ပေးကုန်၏။
1,331,418
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ထိုမိန်းမသည် အဝတ်ကိုမြင်၍ အကျွန်ုပ်သည် ဤအဝတ်ကို မတောင်း၊ လင်ဟူသောအဝတ်ကို တောင်း၏ဟုဆို၏။
1,331,419
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ထိုသူတို့သည် သွားကုန်၍ မင်းကြီးအား ဤမိန်းမသည် ဤအဝတ်ကို မတောင်း၊ လင်ဟူသောအဝတ်ကိုသာ တောင်း၏ဟု လျှောက်ကုန်၏။
1,331,420
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ထိုအခါ မင်းကြီးသည် ထိုမိန်းမကိုခေါ်၍ သင်သည် လင်ဟူသောအဝတ်ကို တောင်းသလောဟုမေး၏။
1,331,421
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
အရှင်မင်းကြီးတောင်းသည် မှန်ပေ၏။
1,331,422
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
လင်သည် မိန်းမ၏ အဝတ်မည်၏။
1,331,423
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
လင်မရှိသည်ရှိသော် အဘိုးတထောင်ထိုက်သောအဝတ်ကို ဝတ်ရငြားသော်လည်း လင်မှကင်းသောမိန်းမသည် အချည်းနှီးသာလျှင်မည်၏။
1,331,424
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ဤအနက်ကို သိစိမ့်သောငှါ-
1,331,425
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
နဂ္ဂါ နဒီ အနူဒကာ၊ နဂ္ဂံ ရဋ္ဌံ အရာဇိကံ။
1,331,426
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ဣတ္ထီပိ ဝိဓဝါ နဂ္ဂါ၊ ယဿာပိ ဒသဘာတရော။
1,331,427
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ဟူသော ဤဂါထာကို ဆင်အပ်၏။
1,331,428
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
အနူဒကာ၊ ရေမရှိသော။
1,331,429
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
နဂ္ဂါ၊ အချည်းနှီးသာ ဖြစ်၏။
1,331,430
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
အရာဇိကံ၊ မင်းမရှိသော။
1,331,431
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ရဋ္ဌံ၊ တိုင်းနိုင်ငံသည်။
1,331,432
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
နဂ္ဂံ၊ အချည်းနှီးသာလျှင်ဖြစ်၏။
1,331,433
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ဒသ ဘာတရော၊ တကျိပ်သော မောင်တို့သည်။
1,331,434
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
တထာပိ၊ ထိုသို့ရှိသော်လည်း။
1,331,435
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ဝိဓဝါ၊ လင်မှကင်းသော။
1,331,436
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ဣတ္တီပိ၊ မိန်းမသည်လည်း။
1,331,437
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
နဂ္ဂါ၊ အချည်းနှီးသာဖြစ်၏။
1,331,438
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
မင်းသည် ထိုမိန်းမအားကြည်ညိုသည်ဖြစ်၍ ဤသုံးယောက်သောသူတို့သည် သင့်အား အဘယ်သို့တော်ကုန်သနည်းဟု မေး၏။
1,331,439
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
အရှင်မင်းကြီး တယောက်သည် အကျွန်ုပ်လင်တည်း၊ တယောက်သည် မောင်, တယောက်သည်သားတည်းဟုလျှောက်၏။
1,331,440
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
မင်းကြီးသည် ငါသည် သင့်အားနှစ်သက်၏။
1,331,441
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ဤသုံးယောက်ကုန်သောသူတို့တွင် တယောက်သောသူကို သင့်အား ပေးအံ့၊ အဘယ်သူကို အလိုရှိသနည်းဟု မေး၏။
1,331,442
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ထိုမိန်းမသည် အရှင်မင်းကြီး အကျွန်ုပ်သည် အသက်ရှင်သည်ရှိသော် တယောက်လင်ကို ရပါလတ္တံ့၊ သားကိုလည်း ရပါလတ္တံ့၊ အကျွန်ုပ်၏ အမိအဘကိုကား သေသည်၏ အဖြစ်ကြောင့် မောင်ကိုသာလျှင်ရခဲ၏။
1,331,443
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
အရှင်မင်းကြီး အကျွန်ုပ်အား မောင်ကိုပေးပါဟု လျှောက်၏။
1,331,444
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
မင်းကြီးသည် နှစ်သက်၍ သုံးယောက်ကုန်သောသူတို့ကိုလည်း လွှတ်၏။
1,331,445
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ဤသို့လျှင် တယောက်တည်းသောမိန်းမကိုမှီ၍ သုံးယောက်ကုန်သောသူတို့သည် ဆင်းရဲမှလွတ်ကုန်၏။
1,331,446
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ထိုအကြောင်းသည် ရဟန်းသံဃာအား ထင်ရှားသည်ဖြစ်၏။
1,331,447
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ စည်းဝေးကုန်၍ ငါ့သျှင်တို့ တယောက်တည်းသောမိန်းမကိုမှီ၍ သုံးယောက်ကုန်သောသူတို့သည် ဆင်းရဲမှလွတ်ကုန်၏ဟု ထိုမိန်းမ၏ ကျေးဇူးစကားဖြင့် စည်းဝေး၍နေကြကုန်၏။
1,331,448
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
မြတ်စွာဘုရားသည်ကြွလာတော်မူ၍ ရဟန်းတို့ ယခုငါလာတော်မူသောအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဤမိန်းမသည် ယခုအခါ၌သာလျှင် ထိုသုံးယောက်သောသူတို့ကို ဆင်းရဲမှလွတ်စေသည် မဟုတ်သေး၊ ရှေး၌လည်း လွတ်စေဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်...
1,331,449
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် သုံးယောက်ကုန်သောသူတို့သည် တောအုပ်ဝ၌လယ်ထွန်ကုန်၏။
1,331,450
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ဤသို့အစရှိသော အလုံးစုံသောစကားသည် ရှေ့စကားနှင့်တူသည်သာလျှင်တည်း။
1,331,451
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ထိုအခါမင်းသည် သုံးယောက်ကုန်သောသူတို့တွင် အဘယ်သူကို အလိုရှိသနည်းဟုမေးသည်ရှိသော် အရှင်မင်းကြီး သုံးယောက်ကုန်သောသူတို့ကို ပေးခြင်းငှါမတတ်နိုင်ပါကုန်သလောဟုလျှောက်၏။
1,331,452
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
မတတ်နိုင်သည် မှန်၏ဟု မင်းကြီးဆို၏။
1,331,453
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
အရှင်မင်းကြီး သုံးယောက်ကုန်သောသူတို့ကို ပေးခြင်းငှါ အကယ်၍ မတတ်နိုင်ကုန်အံ့၊ အကျွန်ုပ်အား မောင်ကိုသာပေးပါကုန်လောဟုဆိုသည်ရှိသော် သားကို၎င်း လင်ကို၎င်းမယူ၊ မောင်ဖြင့် သင့်အား အဘယ်ပြုအံ့နည်းဟုဆိုသည်ရှိသော် အရှင်မင်းကြီး ထိုသား, လင်တို့သည်ကား ရလွယ်ပါကုန်၏။
1,331,454
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
မောင်ကိုရခဲ၏ဟု ဆိုလို၍-
1,331,455
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
၆၇။ ဥစ္ဆင်္ဂေ ဒေဝ မေ ပုတ္တော၊ ပထေ ဓာဝန္တိယာ ပတိ။
1,331,456
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
တဉ္စ ဒေသံ န ပဿာမိ၊ ယတော သောဒရိယမာနယေ။
1,331,457
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
၆၇။ ဒေဝ၊ မင်းကြီး။
1,331,458
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ဥစ္ဆင်္ဂေ၊ ခါးပိုက်၌။
1,331,459
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ဍာကသဒိသောဝ၊ ဟင်းရွက်နှင့်အတူသာလျှင်။
1,331,460
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
သုလဘော၊ ရလွယ်၏။
1,331,461
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ပထေ၊ ခရီး၌။
1,331,462
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ဓာဝန္တိယာ၊ ပြေးသွားသောမိန်းမအားလည်း။
1,331,463
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
သောဒရိယံ၊ တမိဝမ်းခေါင်း အောင်းဘက်ဖြစ်သော မောင်ကို။
1,331,464
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
အာနယေ -အာနေယျံ၊ ဆောင်ရာ၏။
1,331,465
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
တဉ္စ ဒေသံ၊ ထိုအရပ်ကိုကား။
1,331,466
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
မင်းကြီးသည် ဤမိန်းမကား မှန်သောစကားကိုသာဆို၏ဟု နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ သုံးယောက်ကုန်သော သူတို့ကို နှောင်အိမ်မှ ဆောင်၍ပေး၏။
1,331,467
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ထိုမိန်းမသည် သုံးယောက်ကုန်သောသူတို့ကို ယူ၍သွား၏။
1,331,468
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း ရဟန်းတို့ ယခုအခါ၌ သာလျှင် ဤမိန်းမသည် ဤသုံးယောက်သောသူတို့ကို ဆင်းရဲမှလွတ်စေသည် မဟုတ်သေး၊ ရှေး၌လည်း လွတ်စေဘူးသည်သာလျှင်တည်းဟု ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ လေးယောက်ကုန်သောသူတို့သည် ထိုအခါ ထိုလေးယောက်ကုန်သော သူတို့သည်သာလျှင် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ...
1,331,469
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆင်္ဂဇာတ်
ပညာဉာဏ်လှောက်၊ မှန်စွာလျှောက်၊ သုံးယောက်အနှောင် လွတ်ကြောင်းဆောင် ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဥစ္ဆင်္ဂဇာတ်သည် ပြီး၏။
1,331,470
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
၂။ ဥစ္ဆိဋ္ဌဘတ္တဇာတ်
1,331,471
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
စားကြွင်းစားပုဏ္ဏား
1,331,472
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အညော ဥပရိမော ဝဏ္ဏော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာ ဆင်အပ်သော ဤဥစ္ဆိဋ္ဌဘတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖျားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။
1,331,473
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့သည်ဟူ၍ ငါကြားရသည်ကား မှန်သလောဟု မြတ်စွာဘုရားသည် မေးတော်မူလတ်သည်ရှိသော် မှန်ပေ၏ဟု နားတော်လျောက်၏။
1,331,474
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
သင့်ကို အဘယ်သူသည် ငြီးငွေ့စေသနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား မယားဟောင်းသည် ငြီးငွေ့စေအပ်၏ဟု နားတော်လျောက်၏။
1,331,475
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
ထိုအခါ၌ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း ဤမိန်းမသည် သင်၏ အကျိုးစီးပွားမဲ့ကိုသာ ပြုတတ်၏။
1,331,476
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
ရှေး၌လည်း မိမိ၏ သယောက်လင်၏ စားကြွင်းထမင်းကို ကျွေးဘူးပြီတကားဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
1,331,477
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တဦးသော ထမင်းကို လှည့်ပတ်တောင်းစား၍ အသက်မွေးရသော နဋအမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ဆင်းရဲသည်။
1,331,478
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
မကောင်းသောအဆင်းနှင့် ပြည့်စုံသည်ဖြစ်၍ ထမင်းကို လှည့်ပတ်တောင်းစား၍ အသက်ကို မွေး၏။
1,331,479
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
ထိုအခါ ကာသိတိုင်းဝယ် တခုသောရွာငယ်၌ တယောက်သော ပုဏ္ဏား၏ ပုဏ္ဏေးမသည် သီလမရှိသည် ဖြစ်၏။
1,331,480
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
ထိုပုဏ္ဏေးမသည် ထိုသယောက်လင်နှင့်တကွ အလွန်အကျူးကိုကျင့်၍ အတန်ငယ်နေဦးလော့ ဦးသောအစာ၌သာလျှင် စားရလတ္တံ့ဟုဆို၍ ထမင်းကို ပြည့်စုံစေ၍ အမဲဟင်းလျာနှင့် ပြည့်စုံသော နွေးသောထမင်းကိုခူး၍ စားလော့ဟု ထိုသယောက်လင်အားပေး၍ မိမိသည် ပုဏ္ဏား၏ လာခြင်းကိုမျှော်လျက် တံခါး၌ ရပ်၏။
1,331,481
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
ဘုရားလောင်းသည် ပုဏ္ဏေးမ၏ သယောက်လင်စားရာအရပ်၌ ထမင်းကို တောင့်တလျက် ရပ်၏။
1,331,482
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
ထိုခဏ၌ ပုဏ္ဏားသည် အိမ်သို့ ရှေးရှုလာ၏။
1,331,483
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
ပုဏ္ဏေးမသည် ထိုပုဏ္ဏား လာလတ်သည်ကို မြင်၍ လျင်မြန်စွာဝင်၍ ထလော့ ပုဏ္ဏားသည် လာ၏ဟု သယောက်လင်ကို ကျီတွင်းသို့ သွင်း၏။
1,331,484
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
ပုဏ္ဏားသည်ဝင်၍ နေသောကာလ၌ ဆေးရေခံခွက်ကိုဆောင်၍ လက်ဆေးရေကိုပေး၍ သယောက်လင်၏ စားကြွင်းဖြစ်သော အေးသောထမင်း၏အပေါ်၌ နွေးသောထမင်းကိုခူး၍ ပုဏ္ဏားအား ပေး၏။
1,331,485
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
ထိုပုဏ္ဏားသည် ထမင်း၌ လက်ကိုချ၍ အထက်၌ပူသော အောက်၌အေးသော ထမင်းကိုမြင်၍ ဤထမင်းသည်ကား တပါးသောလူ၏ စားကြွင်းဖြစ်ရာ၏ဟုကြံ၏။
1,331,486
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
ကြံပြီး၍ ထိုပုဏ္ဏားသည် ပုဏ္ဏေးမကို မေးလိုရကား-
1,331,487
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
၁၂၃။ အညော ဥပရိမော ဝဏ္ဏော၊ အညော ဝဏ္ဏော အဓောဋ္ဌိမော။
1,331,488
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
ဗြာဟ္မဏီတွေဝ ပုစ္ဆာမိ၊ ကိံ ဟေဋ္ဌာ ကိဉ္စ ဥပ္ပရိ။
1,331,489
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
၁၂၃။ ဗြာဟ္မဏီ၊ ပုဏ္ဏေးမ။
1,331,490
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
ဘတ္တဿ၊ ထမင်း၏။
1,331,491
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
ဥပရိမော ဝဏ္ဏော၊ အထက်ဖြစ်သော အခြင်းအရာ သည်ကား။
1,331,492
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
အညော၊ တပါးတည်း။
1,331,493
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
အဓောဋ္ဌိမော၊ အောက်ဖြစ်သော။
1,331,494
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
ဝဏ္ဏော၊ အခြင်းအရာသည်ကား။
1,331,495
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
တွေဝ၊ သင့်ကိုသာလျှင်။
1,331,496
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
ဟေဋ္ဌာ၊ အောက်ထမင်းကား။
1,331,497
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
ဥပ္ပရိ၊ အထက်ထမင်းကား။
1,331,498
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
ကိဉ္စ၊ အသို့နည်း။
1,331,499
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
ပုဏ္ဏမသည် မိမိသည် ပြုအပ်သောအမှု၏ ထင်ရှားအံ့သည်မှ ကြောက်သောကြောင့် ပုဏ္ဏားသည် အဖန်တလဲလဲ မေးသော်လည်း ဆိတ်ဆိတ်နေသည်သာလျှင် ဖြစ်၏။
1,331,500
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥစ္ဆိဋ္ဌဘတ္တဇာတ်
ထိုခဏ၌ နဋအမျိုးသားအား ကျီ၌နေစေအပ်သောယောက်ျားသည် သယောက်လင် ဖြစ်၏။