id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,331,601 | Uncategorized | ဥတ္တမပုရိသဒီပနီ | ကလျာဏပုထုဇန် ဆိုသည်ကား မျက်စိပေါက်သော ပုထုဇန်ကို ဆို လိုသည်။ |
1,331,602 | Uncategorized | ဥတ္တမပုရိသဒီပနီ | မျက်စိသည် (၁) ဒိဋ္ဌိဇုကမ္မ သမ္မာဒိဋ္ဌိ မျက်စိ၊ |
1,331,603 | Uncategorized | ဥတ္တမပုရိသဒီပနီ | (၂) ပရိယတ္တိ မျက်စိ၊ |
1,331,604 | Uncategorized | ဥတ္တမပုရိသဒီပနီ | (၃) ဝိပဿနာ သမ္မာဒိဋ္ဌိ မျက်စိ၊ |
1,331,605 | Uncategorized | ဥတ္တမပုရိသဒီပနီ | (၄) လောကုတ္တရာ သမ္မာဒိဋ္ဌိ မျက်စိ--- |
1,331,606 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဟူ၍ မျက်စိလေးလုံးရှိသည်တွင် သာသနာပ ကာလ၌ ဒိဋ္ဌိဇုကမ္မ သမ္မာဒိဋ္ဌိ မျက်စိပေါက်၍ သီလ, သမာဓိ ရှိသောသူကို ကလျာဏပုထုဇန် ခေါ်ရသည်၊ သာသနာတွင်း၌ကား ဒိဋ္ဌိဇုကမ္မ သမ္မာဒိဋ္ဌိ မျက်စိရှိရုံမျှနှင့် ကလျာဏပုထုဇန် မခေါ်လောက်သေး။ |
1,331,607 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပိဋကတ်ကျမ်းဂန် ကျေပွန်နှံ့စပ် စာပေတတ်သော ပရိယတ်မျက်စိ ပေါက်ရုံမျှနှင့်လည်း ကလျာဏပုထုဇန် မခေါ်လောက်သေး- |
1,331,608 | Uncategorized | ဥတ္တမပုရိသဒီပနီ | သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ ခွါရှဲရာသော ဓာတုစက္ခု, ပစ္စယ စက္ခုနှင့် တကွ ဝိပဿနာ သမ္မာဒိဋ္ဌိ မျက်စိပေါက်မှသာလျှင် ကလျာဏပုထုဇန် အမှန်ခေါ်ထိုက်သည်။ |
1,331,609 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုသူသည်--- |
1,331,610 | Uncategorized | ဥတ္တမပုရိသဒီပနီ | ယခုဘဝ၌သော်လည်း လောကုတ္တရာ သမ္မာဒိဋ္ဌိမျက်စိ ပေါက် ရောက်လတ္တံ့၊ |
1,331,611 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ဒုတိယဘဝ၌ နတ်ဖြစ်၍သော်လည်း ပေါက်ရောက်လတ္တံ့၊ |
1,331,612 | Uncategorized | ဥတ္တမပုရိသဒီပနီ | - သာသနာပ၌ ပစ္စေကဗောဓိအဖြစ်နှင့်သော်လည်း ပေါက် ရောက် လတ္တံ့၊ |
1,331,613 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ဗောဓိအခြေအမြစ် စိုက်ပြီးဖြစ်၍ လူ့အဖြစ်, နတ်အဖြစ်နှင့် တွေ့ရာဘုရားသာသနာ၌သော်လည်း အလွန်လွယ်စွာ ကျွတ်နိုင်လတ္တံ့၊ |
1,331,614 | Uncategorized | ဥတ္တမပုရိသဒီပနီ | သာသနာတွင်း၌ ဤသို့သော သူသည်သာ အန္ဓပုထုဇန်အဖြစ် ကို လွန်၍ ကလျာဏပုထုဇန်အဖြစ်သို့ ရောက်သောသူ ဆိုစလောက် သည်။ |
1,331,615 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ဒါန, သီလ ကောင်းကာမျှနှင့် ကလျာဏပုထုဇန် မဆို လောက်သေး၊ စာပေပရိယတ် တတ်ကာမျှနှင့် ကလျာဏ ပုထုဇန် မဆိုလောက်သေး၊ ဤသို့ မမြှောက်မမြှင့် အဖြောင့်ဖွင့်သော ကျမ်းဂန်ရိပ် ရှိသည်တစ်ကြောင်း |
1,331,616 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ဘာသာတစ်ပါးတို့ မလှုပ်ချောက်ချားနိုင်စေခြင်းငှာ သိအပ်, နှလုံးသွင်းအပ်သော တရားဟု ပါရှိသည် တစ်ကြောင်း |
1,331,617 | Uncategorized | ဥတ္တမပုရိသဒီပနီ | ယင်းအကြောင်းမှာလည်း ငါတို့ မြန်မာလူမျိုး ချင်းချင်းမှာ ကျမ်းဂန် သံနှင့် ပြောနိုင်လျှင် ပြီးတော့သည်၊ ကိုယ်တွေ့ မျက်မြင် အထင်အသိ ယုတ္တိသာဓက မလိုလှ။ |
1,331,618 | Uncategorized | ဥတ္တမပုရိသဒီပနီ | အကြံတက္ကီ ဝီမံသီ မိစ္ဆာဘာသာဝင် လူမျိုး တို့နှင့် ပြောဆိုရာ၌ကား ကျမ်းဂန်သံနှင့်မရ ကိုယ်တွေ့မျက်မြင် အထင် အသိ ယုတ္တိသက်သေပြနိုင်မှ မလှုပ်ချောက်ချားနိုင် ရှိရာသည်။ |
1,331,619 | Uncategorized | ဥတ္တမပုရိသဒီပနီ | သို့အတွက်ကြောင့်လည်းကောင်း မဟာဝိသုဒ္ဓါရာမဆရာတော် အမိန့်စာ မှာလည်း ဗုဒ္ဓဘာသာ သာသနာတော်အကျိုး စီးပွားနှင့်စပ်၍ မောင်သော် ကို အားရတော်မူသောအသံ များစွာပါရှိသည်ဖြစ်၍လည်းကောင်းသို့အကြောင်းများကြောင့် ခန္ဓဝဂ္ဂသံယုတ် သုတ္တန်ပါဠိတော်ကြီးကို မူတည်၍ ဗုဒ္ဓဘာသာ သာသနာဝယ် နေရာကျလိုလှသော အချက်စု၌ မြန်မြန်ကြီး အရည်လည်တဲ့စေခြင်းငှာ မြန်... |
1,331,620 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပါဠိပါဌ်သား မပါသည်ဟု မအောက်မေ့နှင့်၊ ပါဠိပါဌ်သားနှင့် ရေးလျှင် စကားစဉ် စကားဆက်ကွာလှမ်း၍ ပြောတတ်ဟောတတ် ရှိရုံမျှကိုပင် အင်မတန်ကြီး ကြံရလိမ့်မည်။ |
1,331,621 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ပြောဖို့, ဟောဖို့ကား လိုရင်းမဟုတ်၊ |
1,331,622 | Uncategorized | ဥတ္တမပုရိသဒီပနီ | - မိမိကိုယ်မှာ ကလျာဏပုထုဇန် ဉာဏ်မျက်စိတစ်လုံး ပေါက်မှုသည်သာ အမြတ်ဖြစ်သည်။ |
1,331,623 | Uncategorized | ဥတ္တမပုရိသဒီပနီ | အရေးအသားမှာ 'မူ' ရရုံမျှသာ ရှိချေသည်၊ ရှင်းရှင်းလင်းလင်း မရှိဟု မအောက်မေ့နှင့်၊ မြန်မြန်ကြည့်တဲ့ရအောင် ညညကို တွင်တွင် ရေးရသည့်အတွက် ရှင်းရှင်းလင်းလင်း မရှိလေသည်။ |
1,331,624 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤစာအုပ်ကို သူတစ်ပါးကို မပြတဲ့နှင့်ဦး၊ သဘောသကန် နိုင်နင်း ပြီးထင်မှ သူတစ်ပါးကို ပြလိုပြ ပြောလိုပြော၊ သဘောသကန် မကျေ မလည်ရှိသော အရာမှာ ဆရာတော်ကိုသာလျှောက်ထား၊ သူတစ်ပါးကို မလျှောက်တဲ့နှင့်၊ ရာဇဂြိုဟ်ဘုရင် ဗိမ္ဗိသာရမင်းကြီးက တက္ကသိုလ်ဘုရင် ပုက္ကုသာတိမင်းထံ ဗုဒ္ဓဘာသာစာအုပ် လက်ဆောင် ဆက်ကမ်းလိုက် သောအခါ 'ပရိသတ်အလယ်မှာ မဖွင့် မ... |
1,331,625 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၁၂၆၂- ခု ကဆုန်လဆန်း ၂-ရက်။ |
1,331,626 | Uncategorized | ဥတ္တမပုရိသဒီပနီ | --- ဥတ္တမပုရိသဒီပနီ |
1,331,627 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပဋိညာဉ်ပြ မန္တလေးမြို့ ပညာရုံးစာရေးကြီး (မောင်သော်)တောင်းပန်လျှောက် ထားသော တရားအစု ကိုးခုသောအခန်းတို့ကို ကျမ်းဂန်အရှိ ပါဠိအနက် ဆုံးဖြတ်ချက်အကျဉ်း လိုရင်းအချုပ်နှင့်တကွ ထုတ်ပြဖြေကြားပေအံ့။ |
1,331,628 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပထမခန်း သက္ကရာဇ် ၁၂၆၁- ခု၊ တပေါင်းလဆန်း ၁၀-ရက်နေ့၊ မန္တလေးမြို့ တော်မှ ရောက်လာသော လျှောက်လွှာပါတရားအစု ကိုးခုသော အခန်းတွင်..... |
1,331,629 | Uncategorized | ဥတ္တမပုရိသဒီပနီ | သမ္မာသမ္ဗုဒ္ဓ ဘုရားဆု, ပစ္စေကဗုဒ္ဓဆု, အဂ္ဂသာဝကဆု, မဟာ သာဝကဆု, ပကတိသာဝကဆု၊ ဤသို့ ဆုငါးပါးရှိရာ တစ်ပါးတစ်ပါး စီသောဆုကိုရအောင် ပါရမီဖြည့်နည်း၊ ၎င်းပါရမီဆယ်ပါး၏ သရုပ် သဘော အဓိပ္ပါယ်များကို အသေအချာ သိလိုပါကြောင်း။ |
1,331,630 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၎င်းတွင် လည်း သမ္မာသမ္ဗုဒ္ဓဆုကို အထူးသိလိုပါကြောင်း။ |
1,331,631 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပထမလျှောက်ချက်။ |
1,331,632 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပါရမီ သရုပ်ပြ |
1,331,633 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၎င်း ပထမခန်းမှာ ပါရမီဆယ်ပါးတို့၏ သရုပ်သဘော အဓိပ္ပါယ် သုံးပါးတို့တွင်.... |
1,331,634 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပညာ ဝီရိယ ခန္တိစ။ |
1,331,635 | Uncategorized | ဥတ္တမပုရိသဒီပနီ | သစ္စာ ဓိဋ္ဌာန မေတ္တာ စ၊ |
1,331,636 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဥပေက္ခာ ပါရမီ ဒသ။ |
1,331,637 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဒါနံ=ဒါနပါရမီလည်းကောင်း၊ သီလံ=သီလပါရမီလည်းကောင်း၊ နေက္ခမ္မံ=နေက္ခမ္မ ပါရမီလည်းကောင်း၊ ပညာ=ပညာပါရမီလည်းကောင်း၊ ဝီရိယ ခန္တိစ=ဝီရိယပါရမီ ခန္တီပါရမီလည်းကောင်း၊ သစ္စာဓိဋ္ဌာန မေတ္တာစ=သစ္စာပါရမီ အဓိဋ္ဌာန်ပါရမီ မေတ္တာပါရမီလည်းကောင်း၊ ဥပေက္ခာ=ဥပေက္ခာပါရမီလည်းကောင်း၊ ဒသ=ဆယ်ပါးကုန်သော၊ ပါရမီ=ပါရမီတို့တည်း။ |
1,331,638 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ဥပသဒ္ဒါနှင့်ယှဉ်၍ ဒါနဥပပါရမီ သီလဥပပါရမီ စသည်ဖြင့် ဆိုပြန် လျှင် ဥပပါရမီ ဆယ်ပါးဖြစ်ပြန်၏။ |
1,331,639 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ပရမတ္ထသဒ္ဒါနှင့်ယှဉ်၍ ဒါနပရမတ္ထပါရမီ သီလပရမတ္ထပါရမီ စသည်ဖြင့် ဆိုပြန်လျှင် ပရမတ္ထပါရမီ ဆယ်ပါးဖြစ်ပြန်၏၊ သရုပ်အပြား သုံးဆယ် ဖြစ်၏။ |
1,331,640 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပါရမီ သရုပ်ပြ ပြီး၏။ |
1,331,641 | Uncategorized | ဥတ္တမပုရိသဒီပနီ | --- ပါရမီ သဘောလက္ခဏာပြ |
1,331,642 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပါရမီဆယ်ပါးတို့၏ သဘောဟူရာ၌ စရိယပိဋကအဋ္ဌကထာ သီလက္ခန်ဋီကာကြီးများမှာ လာသောပါရမီ ဆယ်ပါးတို့၏ လက္ခဏရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို သဘောဆိုသည်။ |
1,331,643 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၁။ ပရိစ္စာဂလက္ခဏံ ဒါနံ၊ ဒေယျဓမ္မ လောဘဝိဒ္ဓံသန ရသံ။ |
1,331,644 | Uncategorized | ဥတ္တမပုရိသဒီပနီ | အနာသတ္တိ ပစ္စုပဋ္ဌာနံ၊ ပရိစ္စဇိတဗ္ဗဝတ္ထု ပဒဋ္ဌာနံ။ |
1,331,645 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဒါနံ=ဒါနသည်၊ ပရိစ္စာဂလက္ခဏံ=စွန့်ခြင်းလက္ခဏာရှိ၏၊ ဒေယျဓမ္မလောဘဝိဒ္ဓံသနရသံ=ဒေယျဓမ္မဝတ္ထု၌ ငြိတွယ်သော လောဘကို ဖျက်ဆီး ခြင်း ကိစ္စရှိ၏၊ အနာသတ္တိ ပစ္စုပဋ္ဌာနံ=မငြိမတွယ်ခြင်းလျှင် ဉာဏ်၌ ထင်သော အခြင်းအရာရှိ၏၊ ပရိစ္စဇိတဗ္ဗဝတ္ထုပဒဋ္ဌာနံ=စွန့်လှူထိုက် သောဝတ္ထုလျှင် နီးစွာသော အကြောင်းပဒဋ္ဌာန်ရှိ၏။ |
1,331,646 | Uncategorized | ဥတ္တမပုရိသဒီပနီ | (သီလက္ခန်ဋီကာ) |
1,331,647 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၂။ သီလနလက္ခဏံ သီလံ၊ ဒုဿီလျ ဝိဒ္ဓံသန ရသံ၊ သောစေယျ ပစ္စုပဋ္ဌာနံ၊ ဟိရီဩတပ္ပ ပဒဋ္ဌာနံ။ |
1,331,648 | Uncategorized | ဥတ္တမပုရိသဒီပနီ | သီလံ=သီလသည်၊ သီလနလက္ခဏံ=ကိုယ်နှုတ်နှစ်ပါးကို သိမ်းဆည်း သောအား ကောင်းစွာထားခြင်းလက္ခဏာရှိ၏၊ ဒုဿီလျ ဝိဒ္ဓံသနရသံ= မကောင်း သော ကိုယ်နှုတ်အမှုဟူသော အကုသိုလ်ဓမ္မကို ဖျက်ဆီးခြင်း ကိစ္စရှိ၏၊ သောစေယျ ပစ္စုပဋ္ဌာနံ=ကိုယ်နှုတ်အမှု ဖြူစင်သန့်ရှင်းခြင်းလျှင် ထင်သော ပစ္စုပဋ္ဌာန်ရှိ၏၊ ဟိရီဩတပ္ပ ပဒဋ္ဌာနံ=ဟိရီဩတပ္ပလျှင် နီးစွာ သောအကြောင... |
1,331,649 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၃။ ကာမတော ဘဝတောစ နိက္ခမနလက္ခဏံ နေက္ခမ္မံ၊ ကာမဘဝါဒီနဝ ဝိဘာဝန ရသံ၊ တေဿဝ ဝိမုခဘာဝ ပစ္စုပဋ္ဌာနံ၊ သံဝေဂ ပဒဋ္ဌာနံ။ |
1,331,650 | Uncategorized | ဥတ္တမပုရိသဒီပနီ | နေက္ခမံ=နိက္ခမသည်၊ ကာမတောစ=ကာမမှလည်းကောင်း၊ ဘဝတောစ=ဘဝမှလည်းကောင်း၊ နိက္ခမနလက္ခဏံ=ထွက်ခွါ ကျွတ်လွတ် ခြင်းလက္ခဏာရှိ၏၊ ကာမဘဝါဒီနဝ ဝိဘာဝနရသံ=ကာမ၏အပြစ် ဘဝ၏အပြစ်တို့ကို အလင်းထင်အောင်ပြခြင်း ကိစ္စရှိ၏၊ တေဿဝ= ထိုကာမဘဝကိုသာလျှင်၊ ဝိမုခဘာဝ ပစ္စုပဋ္ဌာနံ=မတွေ့လိုမှု မျက်ကွယ် ပြုလိုသော အဖြစ်လျှင် ထင်သော ပစ္စုပဋ္ဌာန်ရှိ၏၊ သံဝေဂပဒဋ္ဌ... |
1,331,651 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၄။ ယထာ သဘာဝပဋိဝေဓ လက္ခဏာ ပညာ၊ ဝိသယော ဘာသန ရသာ၊ အသမ္မောဟ ပစ္စုပဋ္ဌာနာ၊ သမာဓိ ပဒဋ္ဌာနာ။ |
1,331,652 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပညာ=ပညာသည်၊ ယထာသဘာဝ ပဋိဝေဓလက္ခဏာ=ဟုတ်မှန် တိုင်းသော သဘောတရားကို ထိုးထွင်း၍ သိမြင်ခြင်း လက္ခဏာရှိ၏၊ ဝိသယော ဘာသနရသာ=ဉာဏ်၏အရာ အာရုံဓမ္မ သဘာဝကို ထွန်းပြ ခြင်းကိစ္စရှိ၏၊ အသမ္မောဟပစ္စုပဋ္ဌာနာ=မတွေမဝေခြင်းလျှင် ထင်သော ပစ္စုပဋ္ဌာန်ရှိ၏၊ သမာဓိ ပဒဋ္ဌာနာ=စိတ်၏တည်ကြည်ခြင်းလျှင် နီးစွာသော အကြောင်းပဒဋ္ဌာန် ရှိ၏။ |
1,331,653 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၅။ ဥဿာဟ လက္ခဏံ ဝီရိယံ၊ ဥပတ္ထမ္ဘနရသံ၊ အသံသီဒန ပစ္စုပဋ္ဌာနံ၊ သံဝေဂပဒဋ္ဌာနံ။ |
1,331,654 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဝီရိယံ=ဝီရိယသည်၊ ဥဿာဟလက္ခဏံ=အားသစ်ကြိုးပမ်းခြင်း လက္ခဏာ ရှိ၏၊ ဥပတ္ထမ္ဘနရသံ=စိတ်ကိုမရော့မရဲ ခိုင်မြဲတင်းရင်းအောင် ထောက်ပံ့ခြင်း ကိစ္စရှိ၏၊ အသံသီဒန ပစ္စုပဋ္ဌာနံ=မတွန့် မဆုတ်ခြင်းလျှင် ထင်သော ပစ္စုပဋ္ဌာန်ရှိ၏၊ သံဝေဂပဒဋ္ဌာနံ=ဇာတိဘေး ဇရာဘေး ဗျာဓိ ဘေး မရဏဘေး စသည်တို့ကို တွေးမိလေတိုင်း အလှိုင်းတကြီး အား သည်းဆွေ့ခုန် နှလုံးတုန... |
1,331,655 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၆။ ခမနလက္ခဏာ ခန္တိ၊ ဣဋ္ဌာနိဋ္ဌ သဟနရသာ၊ အဓိဝါသန ပစ္စုပဋ္ဌာနာ၊ ယထာဘူတ ဒဿန ပဒဋ္ဌာနာ။ |
1,331,656 | Uncategorized | ဥတ္တမပုရိသဒီပနီ | ခန္တိ=ခန္တိသည်၊ ခမနလက္ခဏာ=နှလုံးခိုင်ခံ့ခြင်းလက္ခဏာရှိ၏၊ ဣဋ္ဌာနိဋ္ဌ သဟနရသာ=ဣဋ္ဌအနိဋ္ဌ လောကဓလေ့ ကြိုက်ကြုံတွေ့လည်း မရွေ့မယိုင် သည်းခံ နိုင်ခြင်းကိစ္စရှိ၏၊ အဓိဝါသန ပစ္စုပဋ္ဌာနာ=သူတစ်ထူး တို့ ကျူးကျူးလွန်လွန် ဝန်တာပြစ်ဖို့ ပြုသည်တို့ကို သူသို့တစ်ဖန် အမျက်မာန်ဖြင့် လှန်ပြန်မရှိ သည်းခံ ခြင်းလျှင်ထင်သောပစ္စုပဋ္ဌာန်ရှိ၏၊ ယထာဘ... |
1,331,657 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၇။ အဝိသံဝါဒန လက္ခဏံ သစ္စံ၊ ယာထာဝဝိဘာဝနရသံ၊ သာဒုတာ ပစ္စုပဋ္ဌာနံ၊ သောရစ္စ ပဒဋ္ဌာနံ။ |
1,331,658 | Uncategorized | ဥတ္တမပုရိသဒီပနီ | သစ္စံ=သစ္စာသည်၊ အဝိသံဝါဒနလက္ခဏံ=သူတစ်ပါးကို မှတ်မှား ယူမှား တိမ်းပါး ချော်ချွတ်အောင် မပြှုခြင်းလက္ခဏာ ရှိ၏၊ ယာထာဝ ဝိဘာဝနရသံ=မိမိသိတိုင်း မြင်တိုင်း ဟုတ်မှန်တိုင်းကိုသာ အလင်းဖွင့်ပြ ခြင်း ကိစ္စရှိ၏၊ သာဒုတာ ပစ္စုပဒဋ္ဌာနံ=မြွက်ဆိုသမျှ ယုံကြည်ရ၍ ဩဇာ နှစ်ဆီ ချိုဆိမ့်အီသော စကားရှိသည် ၏အဖြစ်လျှင် ထင်သောပစ္စုပဋ္ဌာန် ရှိ၏၊ သောရ... |
1,331,659 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၈။ ဗောဓိသမ္ဘာရေသု အဝဋ္ဌာနလက္ခဏံ အဓိဋ္ဌာနံ၊ တေသံ ပဋိပက္ခာဘိဘဝနရသံ။ |
1,331,660 | Uncategorized | ဥတ္တမပုရိသဒီပနီ | တတ္ထ အစလတာ ပစ္စုပဋ္ဌာနံ၊ ဗောဓိသမ္ဘာရ ပဒဋ္ဌာနံ။ |
1,331,661 | Uncategorized | ဥတ္တမပုရိသဒီပနီ | အဓိဋ္ဌာနံ=အဓိဋ္ဌာန်သည်၊ ဗောဓိသမ္ဘာရေသု=သဗ္ဗညုဗောဓိ ပစ္စေကဗောဓိ သာဝကဗောဓိဟူသော ဗောဓိသုံးမျိုးတို့၏ အခြေမူလ သမ္ဘာရဖြစ်ကုန်သော ဒါနမှု သီလမှု နိက္ခမမှု ပညာမှုစသည်တို့၌၊ အဝဋ္ဌာနလက္ခဏံ=မရွေ့မယိုင် ကြံ့ခိုင် စွဲမြဲခြင်းလက္ခဏာရှိ၏၊ တေသံ= ထိုသမ္ဘာရမှုတို့၏၊ ပဋိပက္ခာဘိဘဝနရသံ=ဆန့်ကျင်ဘက် အသင်းကို နှိပ်နင်း ပယ်ရှားခြင်းကိစ္စရှိ၏၊ ... |
1,331,662 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၉။ ဟိတာကာရပ္ပဝတ္တိလက္ခဏာ မေတ္တာ၊ဟိတူပသံဟာရ ရသာ၊ သောမ္မဘာဝ ပစ္စုပဋ္ဌာနာ၊ သတ္တာနံ မနာပဘာဝ ဒဿန ပဒဋ္ဌာနာ။ |
1,331,663 | Uncategorized | ဥတ္တမပုရိသဒီပနီ | မေတ္တာ=မေတ္တာသည်၊ ဟိတာကာရပ္ပဝတ္တိလက္ခဏာ=သတ္တဝါ တစ်ပါး ကျေးဇူးများအံ့သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းလက္ခဏာရှိ၏၊ ဟိတူပသံဟာရ ရသာ=သူတစ်ပါး၏ ကောင်းကျိုးကို လွန်စွာသည်ပိုးခြင်း ကိစ္စရှိ၏၊ သောမ္မဘာဝ ပစ္စုပဋ္ဌာနာ=လပြည့်ဝန်းကဲ့သို့ ရွှန်းရွှန်းကြည်ဆွ အေးမြငြိမ်းချမ်းသော စိတ်သဘောလျှင် ထင်သော ပစ္စုပဋ္ဌာန်ရှိ၏၊ သတ္တာနံ= သတ္တဝါတို့... |
1,331,664 | Uncategorized | ဥတ္တမပုရိသဒီပနီ | ၁၀။ မဇ္ဈတ္တာကာရပ္ပဝတ္တိ လက္ခဏာ ဥပေက္ခာ၊ သမဘာဝ ဒဿနရသာ။ |
1,331,665 | Uncategorized | ဥတ္တမပုရိသဒီပနီ | ပဋိဃာနုနယ ဝူပသမ ပစ္စုပဋ္ဌာနာ၊ ကမ္မဿကတာ ပစ္စဝေက္ခဏာ ပဒဋ္ဌာနာ။ |
1,331,666 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဥပေက္ခာ=ဥပေက္ခာသည်၊ မဇ္ဈတ္တာကာရပ္ပဝတ္တိလက္ခဏာ= ချီးမြှောက် ရှုတ်ချ နှစ်ဌာန၌ တူမျှသမှု လျစ်လျူရှုသော အခြင်းအရာ အားဖြင့်ဖြစ်ခြင်း လက္ခဏာရှိ၏၊ သမဘာဝဒဿနရသာ=ညီမျှသော သဘောအားဖြင့် ရှုခြင်းကိစ္စရှိ၏၊ ပဋိဃာနုနယဝူပသမပစ္စု ပဋ္ဌာနာ= မုန်းသည် ချစ်သည် နှစ်မည် နှစ်သင်း ကင်းငြိမ်းခြင်းလျှင် ထင်သော ပစ္စုပဋ္ဌာန်ရှိ၏၊ ကမ္မဿကတာ ပစ္စဝေက္ခ... |
1,331,667 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤတွင် ပါရမီ ဆယ်ပါးတို့၏ အသီးအသီးသော သဘော လက္ခဏာကို ပြဆိုသောအခန်း ပြီး၏။ |
1,331,668 | Uncategorized | ဥတ္တမပုရိသဒီပနီ | --- နိဿိတ အနိဿိတ ခွဲနည်း |
1,331,669 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထိုဆယ်ပါးတို့တွင် တစ်ပါးပါးသည် နိဿိတ၊ အနိဿိတ ဟူ၍ နှစ်ပါး နှစ်ပါးစီရှိကြ၏၊ နိဿိတသည်လည်း တဏှာနိဿိတ၊ ဒိဋ္ဌိ နိဿိတ ဟူ၍ နှစ်ပါးစီရှိကြ၏။ |
1,331,670 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ဘဝသမ္ပတ္တိံ အာကင်္ခမာနေန ပဝတ္တိတံ ဣဒံ တဏှာနိဿိတံ။ |
1,331,671 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ယံ သီလေန သုဒ္ဓီတိ ဧဝံ သုဒ္ဓိဒိဋ္ဌိယာ ပဝတ္တိတံ ဣဒံ ဒိဋ္ဌိနိဿိတံ။ |
1,331,672 | Uncategorized | ဥတ္တမပုရိသဒီပနီ | (ဝိသုဒ္ဓိမဂ်) - |
1,331,673 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဘဝသမ္ပတ္တိံ=ဘဝသမ္ပတ္တိကို၊ အာကင်္ခမာနေန=တောင့်တလျက်၊ ပဝတ္တိတံ= ဖြစ်စေအပ်သည်ရှိသော်၊ ဣဒံ=ဤကုသိုလ်မျိုးသည်၊ တဏှာနိဿိတံ= တဏှာကို မှီတွယ်သည်မည်၏။ |
1,331,674 | Uncategorized | ဥတ္တမပုရိသဒီပနီ | - သီလေန=အလေ့အကျက်ဖြင့်၊ သုဒ္ဓိ=ကိလေသာမှ စင်ကြယ်၏၊ ဣတိ ဧဝံ=ဤသို့၊ သုဒ္ဓိဒိဋ္ဌိယာ=သုဒ္ဓိဒိဋ္ဌိဖြင့်၊ ပဝတ္တိတံ=ဖြစ်စေအပ် သည်ရှိသော်၊ ဣဒံ=ဤကုသိုလ်မျိုးသည်၊ ဒိဋ္ဌိနိဿိတံ=ဒိဋ္ဌိကို မှီတွယ်သည်မည်၏၊ |
1,331,675 | Uncategorized | ဥတ္တမပုရိသဒီပနီ | နိဿိတ ကုသိုလ် ၂- မျိုး |
1,331,676 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဘဝသမ္ပတ္တိ=ဘောဂသမ္ပတ္တိသို့ညွတ်သောစိတ်ဖြင့် ပြုသည်ရှိသော် တဏှာနိဿိတမည်၏၊ ပါရမီကုသိုလ်မျိုးမဟုတ်။ |
1,331,677 | Uncategorized | ဥတ္တမပုရိသဒီပနီ | [ဤတွင်--အလောင်းတော်စမ္ပေယျနဂါးမင်း သင်္ခပါလနဂါးမင်း တို့၏သို့ ပါရမီဖြည့်ခွင့် ရအောင် လူ့ဘဝကိုတောင့်တမှုကိုကား နိဿိတ မဆိုသာ။ |
1,331,678 | Uncategorized | ဥတ္တမပုရိသဒီပနီ | ] ဒါနမှု လောကီသီလမှုတစ်ခုခုသော ပဗ္ဗဇ္ဇိတ နိက္ခမမှုစသည်၌ တည်၍ ဤအကျင့်သည်သာလျှင် သံသရာမှ စင်ကြယ်စေနိုင်၏၊ ဤပြင် စင်ကြယ်စေနိုင်သောနည်းလမ်းမရှိပြီဟု ဝိပဿနာမဂ်ဖိုလ်တို့ကို ပစ်ပယ်၍ ပြုသော ကုသိုလ်မှုသည် ဒိဋ္ဌိနိဿိတမည်၏ ကုလားဘုန်းကြီး တို့၏ ကုသိုလ်မျိုးတည်း၊ ပါရမီကုသိုလ်မျိုး မဟုတ်၊ |
1,331,679 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤကား ပါရမီမျိုး မဟုတ်သော ဝဋ္ဋနိဿိတ ကုသိုလ်နှစ်မျိုးတည်း။ |
1,331,680 | Uncategorized | ဥတ္တမပုရိသဒီပနီ | --- အနိဿိတ ကုသိုလ် ၂-မျိုး |
1,331,681 | Uncategorized | ဥတ္တမပုရိသဒီပနီ | အနိဿိတသည်လည်း လောကီကုသိုလ် လောကုတ္တရာ ကုသိုလ် ဟူ၍ နှစ်ပါးရှိ၏။ |
1,331,682 | Uncategorized | ဥတ္တမပုရိသဒီပနီ | ယံ ပန လောကုတ္တရံ လောကိယဉ္စ တေဿဝ သမ္ဘာရဘူတံ ဣဒံ အနိဿိတံ။ |
1,331,683 | Uncategorized | ဥတ္တမပုရိသဒီပနီ | နိဗ္ဗာန်နှင့် သမ္ပတ္တိတွဲက ပါရမီ ဖြစ်-မဖြစ် |
1,331,684 | Uncategorized | ဥတ္တမပုရိသဒီပနီ | ( ဝိသုဒ္ဓိမဂ် ) |
1,331,685 | Uncategorized | ဥတ္တမပုရိသဒီပနီ | ယံ ပန လောကုတ္တရံ=အကြင်လောကုတ္တရာကုသိုလ်သည်ကား၊ အတ္ထိ=ရှိ၏၊ တေဿဝ=ထိုလောကုတ္တရာ ကုသိုလ်၏သာလျှင်၊ သမ္ဘာရ ဘူတံ=မျိုးစေ့မူလ သမ္ဘာရဖြစ်သော၊ ယဉ္စလောကိယံ=အကြင် လောကီ လောကုတ္တရာကုသိုလ်စုသည်လည်း၊ အတ္ထိ=ရှိ၏၊ ဣဒံ=ဤကုသိုလ် နှစ်မျိုးသည်၊ အနိဿိတံ=အနိဿိတ ကုသိုလ်မည်၏။ |
1,331,686 | Uncategorized | ဥတ္တမပုရိသဒီပနီ | မောင်သော်၏ ပြဿနာ၌ ပါရမီကုသိုလ်ကို လျှောက်ဆိုရင်း ဖြစ်သည်နှင့် လောကုတ္တရာကို ဤမှာမလိုအပ်၊ ထိုလောကုတ္တရာ၏ အခြေမူလ သမ္ဘာရ ဖြစ်သော လောကီအနိဿိတကိုသာ ဤမှာလိုအပ်၏။ |
1,331,687 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိ တို့သို့ညွတ်သောစိတ်လည်းမရှိ၊ ဒိဋ္ဌိနှင့်လည်း မယှဉ်၊ မိုးကောင်းကင်သဖွယ် အတွယ်အတာ မရှိမူ၍ ဗောဓိတည်းဟူသော တစ်ဖက်ကမ်းသို့ တမ်းတမ်းစူးစူး အထူးရည်ရွယ်၍ စင်ကြယ်သောစိတ်ဖြင့် ပြုအပ်သော ဒါနမှု သီလမှု နိက္ခမမှု ပညာမှု ဝီရိယမှု ခန္တီမှု သစ္စာမှု အဓိဋ္ဌာန်မှု မေတ္တာမှု ဥပေက္ခာမှုများသည်သာ ပါရမီကုသိုလ်မျိုးဖြ... |
1,331,688 | Uncategorized | ဥတ္တမပုရိသဒီပနီ | ယခုကာလ၌ 'နိဗ္ဗာန်ကိုရပါလို၏၊ အကြင်မျှလောက်နိဗ္ဗာန်ကိုမရသေး၊ ထိုမျှလောက် ကာလ၌' ဆို၍ ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိတို့ကို ရေစက်ချ ဆရာအာဝဇ္ဇန်းရှိတိုင်းချဲ့ကြကုန်၏၊ နိဗ္ဗာန်မှာ အသံမျှသာပါတော့သည်၊ အများ ကြိုက်ရာ နောက်ပိုင်းမှာမူ အာဝဇ္ဇန်းရှိသမျှ ဆန်းကြယ်ကြကုန်၏၊ ဤကဲ့သို့သော ကုသိုလ်ကြောင်ခြစ်များကို ပယ်ရှားတော်မူခြင်းငှါ တေဿဝ၌ ဧဝ... |
1,331,689 | Uncategorized | ဥတ္တမပုရိသဒီပနီ | အမေး။ နိဗ္ဗာန်နှင့်သမ္ပတ္တိနှစ်ပါး တွဲဖက်တောင့်တ၍ပြုကြသော ယခု ကာလ ကုသိုလ်မှုများသည် ပါရမီကုသိုလ် ဆိုထိုက်မည် မဆိုထိုက်မည်။ |
1,331,690 | Uncategorized | ဥတ္တမပုရိသဒီပနီ | အဖြေ။ ဆိုထိုက်ပါ၏၊ ဆိုထိုက်သော်လည်း ဗောဓိဉာဏ်ကို မြန်မြန် ဆိုက်စေနိုင်သော ကုသိုလ်မျိုးကား မဟုတ်။ |
1,331,691 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဝိပဿီ ဘုရားမပွင့်မီ သာသနာပ၌ ဇောတိက သေဋ္ဌေးအလောင်း ကြံခင်း လုပ်ညီနောင်နှစ်ယောက်သည် ပစ္စေကဗုဒ္ဓါအရှင်အား ကြံရည် လှူဒါန်း၍ ဆုတောင်းကြရာ အစ်ကိုကား-'အရှင်ဘုရား ရသိသော တရားကို ရသိပါလို၏'ဟု တိုတိုဆုတောင်းသည်၊ ညီဖြစ်သူဇောတိက သေဋ္ဌေးအလောင်းကား-'အရှင်ဘုရား ရသိသောတရားကို ရသိရပါလို၏' ဆိုပြီးနောက် အကြင်မျှလောက် ချီပြန်၍ သမ္ပတ္တိနှစ... |
1,331,692 | Uncategorized | ဥတ္တမပုရိသဒီပနီ | သဘောယုတ္တိကား ကုသိုလ်ပြုစဉ်အခါ၌ ဘဝသမ္ပတ္တိတဏှာ ဘောဂ သမ္ပတ္တိတဏှာ အစေးအချွဲ ဖက်တွဲခဲ့သည်ရှိသော် ထိုကုသိုလ် အကျိုးပေးရာ ဘဝတို့၌ ထိုစည်းစိမ်နှင့် ထိုတဏှာ ခွါ၍မရ ခွဲ၍မရ ပိုင်၍ကျအောင် အကြပ်အတည်း ဖွဲ့စည်းလေ၏၊ အထွတ်အမြတ် တရားနှင့်တွေ့သော်လည်း တရားဖက်သို့ မပါနိုင်ရှိလေ၏၊ ကုသိုလ်ပြု စဉ်အခါ၌ ဘဝတဏှာ ဘောဂတဏှာ အလူးအလဲမရှိ ဝိဝဋ္ဋမျိ... |
1,331,693 | Uncategorized | ဥတ္တမပုရိသဒီပနီ | ထို့ကြောင့် နောက်နောက်ဆက်လက်၍ ဖြည့်ကျင့်ရန် လူ့ဘဝ ကိုပင် တောင့်တသော်လည်း ခံစားစံစားဖို့ စိတ်ကို ရိပ်ကာမျှ မသီစေမူ၍ ပါရမီဖြည့်ဖို့ စိတ်ဖြင့်သာတောင့်တရမည်.. (မောင်သော်) |
1,331,694 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဆုတောင်း ချွတ်ချော်မှု၏ ဆိုးကျိုးများ |
1,331,695 | Uncategorized | ဥတ္တမပုရိသဒီပနီ | - မေဏ္ဍကသေဋ္ဌေး၏ ကျွန်ဖြစ်သောပုဏ္ဏသည် ပစ္စေကဗုဒ္ဓါကို တွေ့၍ ဆွမ်းလှူသောအခါ ဆုတောင်းနေရာမကျသည့်အတွက် ဘဝအဆက်ဆက် ကျွန်ချည်းဖြစ်ရလေ၏။ |
1,331,696 | Uncategorized | ဥတ္တမပုရိသဒီပနီ | စူဠသုဘဒ္ဒါ ဆင်မသည် ပစ္စေကဗုဒ္ဓါကို သစ်သီးဆွမ်းလှူရာ ဆုတောင်းချော်၍ အလောင်းတော်ဆင်မင်းကိုသတ်၍ ငရဲသို့ ကျရလေ၏။ |
1,331,697 | Uncategorized | ဥတ္တမပုရိသဒီပနီ | - ရှေးဘဝ၌ ပစ္စေကဗုဒ္ဓါကို တွေ့ကြသော ကုသမင်းကြီးနှင့် ပဘာဝတီတို့လည်း ဆုတောင်းမတဲ့ အတန်ငယ် ရွဲ့ကြ၍ ကသီ လင်တ ဒုက္ခအထွေထွေ ဖြစ်ကြလေ၏။ |
1,331,698 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤသို့လျှင် ကုသိုလ်ပြုရာဆုတောင်းချော်ကြ၍ မတော်မလှဖြစ်ကြ ကုန်သော ဝတ္ထုနိပါတ် ဇာတ်ရာဇဝင်တို့သည် အလွန်ပင်များကုန်၏၊ ဆုံးမ သင်ကြားသော ဆရာလည်း နေရာကျလိုလှ၏၊ ဝိဓုရဇာတ်တော်မှာ ဈာန်ရ ရသေ့ လေးဦးကို ဆွမ်းကျွေးသော သေဋ္ဌေးကြီးလေးဦးတွင် နှစ်ဦးသော သေဋ္ဌေးကြီးတို့သည် မိမိတို့ဆရာရသေ့စကားကိုနာခံ၍ တိရစ္ဆာန် ဂဠုန် နဂါး ဖြစ်ကြလေကုန်၏၊ နှစ်... |
1,331,699 | Uncategorized | ဥတ္တမပုရိသဒီပနီ | ဤသို့ဆရာပြုလုပ်သူအတွက်ကြောင့် လက်အောက်တပည့်သား အမှား ခြေမြစ် မနစ်တန် နစ်ရသော အရာများကိုလည်း သတိထားကြ ကုန်ရာသည်။ |
1,331,700 | Uncategorized | ဥတ္တမပုရိသဒီပနီ | နိဿိတ အနိဿတ ခွဲခန်းပြီး၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.