id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,339,401 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ အသျှင်ဘူမိဇသည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ဇယသေနမင်းသား၏ အိမ်တော်ဆီသို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်နေ၏။ |
1,339,402 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုအခါ ဇယသေနမင်းသားသည် အသျှင်ဘူမိဇထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်ဘူမိဇ နှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီး နောက် သင့်လျော်ရာ၌ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်ပြီးသော် ဇယသေနမင်းသားသည် အသျှင်ဘူမိဇ အား ဤစကားကို လျှောက်ထား၏ - “အသျှင်ဘူမိဇ ‘တောင့်တခြင်းကို ပြု၍ မြတ်သောအကျင... |
1,339,403 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို့မပြုမူ၍ မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်။ |
1,339,404 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း၊ မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်။ |
1,339,405 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း၊ မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရ ထိုက်’ဟု ဤသို့ ပြောလေ့ရှိကုန်သော ဤသို့ ယူလေ့ရှိကုန်သော အချို့သော သမဏ ဗြာဟ္မဏတို့သည် ရှိကုန်၏။ |
1,339,406 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤအရာ၌ အသျှင်ဘူမိဇ၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် အဘယ်သို့ အယူရှိ၍ အဘယ်သို့ ပြောကြားပါသနည်း”ဟု (လျှောက်၏)။ |
1,339,407 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မင်းသား မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ဤသို့သော စကားကို ငါသည် ကြားလည်း မကြားဘူး၊ နာယူလည်း မနာယူဘူး၊ မြတ်စွာဘုရားသည် ဖြေကြားခဲ့ပါလျှင် ဤသို့ ဖြေကြားရာသော အကြောင်းကား ရှိ၏ “တောင့်တခြင်းကို ပြု၍ မသင့်သောအားဖြင့် နှလုံးသွင်းသဖြင့် မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်။ |
1,339,408 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို မပြုမူ၍ မသင့်သောအားဖြင့် နှလုံးသွင်းသဖြင့် မြတ်သောအကျင့်ကို |
1,339,409 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ကျင့်ကုန်သော်လည်း အကျိုး မရထိုက်။ |
1,339,410 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့် တခြင်းကို မပြုမူ၍လည်းကောင်း မသင့်သောအားဖြင့် နှလုံးသွင်းသဖြင့် မြတ်သောအကျင့်ကို ကျင့်ကုန် သော်လည်း အကျိုးမရထိုက်။ |
1,339,411 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည် မဟုတ် ဘဲလည်းကောင်း မသင့်သောအားဖြင့် နှလုံးသွင်းသဖြင့် မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုး မရထိုက်။ |
1,339,412 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကိုပြု၍ အသင့်အားဖြင့် နှလုံးသွင်းသဖြင့် မြတ်သောအကျင့်ကို ကျင့်ကုန် သည်ရှိသော် အကျိုးရထိုက်၏။ |
1,339,413 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို မပြုမူ၍ အသင့်အားဖြင့် နှလုံးသွင်းသဖြင့် မြတ်သော အကျင့်ကို ကျင့်ကုန်သည်ရှိသော် အကျိုးရထိုက်၏။ |
1,339,414 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်း ကို မပြုမူ၍လည်းကောင်း၊ အသင့်အားဖြင့် နှလုံးသွင်းသဖြင့် မြတ်သော အကျင့်ကို ကျင့်ကုန်သည်ရှိသော် အကျိုးရထိုက်၏။ |
1,339,415 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်း ကောင်း အသင့်အားဖြင့် နှလုံးသွင်းသဖြင့် မြတ်သောအကျင့်ကို ကျင့်ကုန်သည်ရှိသော် အကျိုးရထိုက်၏။ |
1,339,416 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မင်းသား မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ဤသို့သော စကားကို ငါသည် ကြားလည်း မကြားဘူး၊ နာယူလည်း မနာယူဘူး၊ မြတ်စွာဘုရားသည် ဖြေကြားခဲ့ပါလျှင် ဤသို့ ဖြေကြားရာသော အကြောင်းကားရှိ၏”ဟု (ပြောဆို၏)။ |
1,339,417 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်ဘူမိဇ၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤသို့ အယူရှိ၍ ဤသို့ပြောကြားခဲ့ပါလျှင် အသျှင်ဘူမိဇ၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် စင်စစ် အလုံးစုံ ကြီးကုန်သော များစွာကုန်သော သမဏ ဗြာဟ္မဏတို့အား ထိခိုက်၍ တည်လေယောင်တကားဟု (ပြောဆို၏)။ |
1,339,418 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထို့နောက် ဇယသေနမင်းသားသည် အသျှင်ဘူမိဇကို မိမိ၏ ပွဲတော်အုပ်ဆွမ်းဖြင့် လုပ် ကျွေးလေ၏။ |
1,339,419 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂၂၄။ ထို့နောက် အသျှင်ဘူမိဇသည် ဆွမ်းစားပြီးနောက် ဆွမ်းစားရာမှ ဖဲခဲ့ကာ မြတ်စွာဘုရား ရှိရာသို့ ချဉ်းကပ်၍ အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျှော်ရာ၌ ထိုင်ကာ မြတ်စွာဘုရားအား ဤစကား ကို လျှောက်၏ - မြတ်စွာဘုရား အကျွန်ုပ်သည် ဤယနေ့နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်ကာ ဇယသေနမင်းသား၏ အိမ်တော်ဆီသို့ ချဉ်းကပ်ပ... |
1,339,420 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ထိုအခါ ဇယသေနမင်းသားသည် အကျွန်ုပ်ရှိရာသို့ ချဉ်းကပ်ပြီးလျှင် အကျွန်ုပ်နှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီး ဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်ကာ အကျွန်ုပ်အား ဤစကားကို လျှောက်ထားမေးမြန်းပါ၏ - “အသျှင်ဘူမိဇ ‘တောင့်တခြင်းကို ပြု၍ မြတ်သော အကျင့်ကို ကျင့်ကုန်သော်လည်း အက... |
1,339,421 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို မပြုမူ၍ မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်။ |
1,339,422 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို့ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်။ |
1,339,423 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်း ကောင်း မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်’ဟု ဤသို့ ပြောလေ့ရှိကုန်သော ဤ သို့ ယူလေ့ရှိကုန်သော အချို့သော သမဏ ဗြာဟ္မဏတို့သည် ရှိကုန်၏။ |
1,339,424 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဤအရာ၌ အသျှင်ဘူမိဇ၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် အဘယ်သို့ အယူရှိ၍ အဘယ်သို့ ပြောကြားလေ့ရှိပါသ နည်း”ဟု (မေးလျှောက်ပါ၏)။ |
1,339,425 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဤသို့ မေးလျှောက်သည်ရှိသော် အကျွန်ုပ်သည် ဇယသေနမင်းသားအား ဤစကား ကို ဖြေကြားပြောဆိုပါ၏ “မင်းသား မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ဤသို့သော စကားကို ငါသည် ကြားလည်း မကြားဘူး၊ နာယူလည်း မနာယူဘူး၊ မြတ်စွာဘုရားသည် ဖြေကြားခဲ့ပါလျှင် ဤသို့ ဖြေ ကြားရာသော အကြောင်းကားရှိ၏ “တောင့်တခြင်းကို ပြု၍ မသင့်သောအားဖြင့် နှလုံးသွင်းသဖ... |
1,339,426 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို မပြုမူ၍ မသင့်သောအားဖြင့် နှလုံးသွင်းသဖြင့် မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်။ |
1,339,427 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း မသင့်သောအားဖြင့် နှလုံးသွင်းသဖြင့် မြတ်သော အကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်။ |
1,339,428 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်း ကို မပြုသည်မဟုတ်ဘဲလည်းကောင်း မသင့်သောအားဖြင့် နှလုံးသွင်းသဖြင့် မြတ်သောအကျင့်ကို ကျင့်ကုန် သော်လည်း အကျိုး မရထိုက်။ |
1,339,429 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကိုပြု၍ အသင့်အားဖြင့် နှလုံးသွင်းသဖြင့် မြတ်သောအကျင့် ကို ကျင့်ကုန်သည်ရှိသော် အကျိုးရထိုက်၏။ |
1,339,430 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို မပြုမူ၍ အသင့်အားဖြင့် နှလုံးသွင်းသဖြင့် မြတ်သောအကျင့်ကို ကျင့်ကုန်သည်ရှိသော် အကျိုး ရထိုက်၏။ |
1,339,431 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း အသင့်အားဖြင့် နှလုံးသွင်းသဖြင့် မြတ်သော အကျင့်ကို ကျင့်ကုန် သည်ရှိသော် အကျိုးရထိုက်၏။ |
1,339,432 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို မပြုမူ၍လည်းကောင်း တောင့်တခြင်းကို မပြုသည် မဟုတ်ဘဲလည်းကောင်း အသင့်အားဖြင့် နှလုံးသွင်းသဖြင့် မြတ်သော အကျင့်ကို ကျင့်ကုန်သည်ရှိသော် အကျိုးရထိုက်၏။ |
1,339,433 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မင်းသား မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ဤသို့သော စကားကို ငါသည် ကြားလည်း မကြားဘူး၊ နာယူလည်း မနာယူဘူး၊ မြတ်စွာဘုရားသည် ဖြေကြားခဲ့ပါလျှင် ဤသို့ ဖြေကြားရာ သော အကြောင်းကား ရှိ၏”ဟု (ဖြေကြားပြောဆိုပါ၏)။ |
1,339,434 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | အသျှင်ဘူမိဇ၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤသို့ အယူရှိ၍ ဤသို့ပြောကြားခဲ့ပါ လျှင် အသျှင်ဘူမိဇ၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် စင်စစ် အလုံးစုံ ကြီးကုန်သော များစွာ ကုန်သော သမဏဗြာဟ္မဏတို့အား ထိခိုက်၍ တည်လေယောင်တကား”ဟု (ပြောဆို၏)။ |
1,339,435 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | မြတ်စွာဘုရား ဤသို့ အမေးခံရသည်ဖြစ်၍ ဤသို့ဖြေသော အကျွန်ုပ်သည် မြတ်စွာဘုရားဟောသော စကားတော်ကို ပြောဆိုပါ၏လော၊ မြတ်စွာဘုရားကို မဟုတ်မမှန်သောစကားဖြင့် စွပ်စွဲခြင်း မဖြစ်ပါသလော၊ တရားတော် နှင့်လျော်သောသဘောကို ဖြေကြားခြင်းဖြစ်ပါသလော၊ တစ်စုံတစ်ခုသော အကြောင်းနှင့်လျော်သော ပြော ဆိုခြင်း အတုလိုက်၍ ပြောဆိုခြင်းသည် ကဲ့ရဲ့ခြင်း၏ အကြော... |
1,339,436 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဘူမိဇ စင်စစ် ဤသို့ အမေးခံရသည်ဖြစ်၍ ဤသို့ဖြေသော် သင်သည် ငါဟောသော စကားကို ပြောဆိုပေ၏၊ ငါ့ကို မဟုတ်မမှန်သော စကားဖြင့်စွပ်စွဲရာမဖြစ်၊ တရားတော်နှင့်လျော်သော သဘောကိုလည်း ဖြေကြား၏၊ တစ်စုံတစ်ခုသော အကြောင်းနှင့်လျော်သော ပြောဆိုခြင်း အတုလိုက်၍ ပြောဆိုခြင်း သည် ကဲ့ရဲ့ခြင်း၏ အကြောင်းသို့ မရောက်။ |
1,339,437 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဘူမိဇ မှားသောအယူရှိကုန်သော, မှားသောအကြံအစည်ရှိ ကုန်သော, မှားသောစကားရှိကုန်သော, မှားသောအလုပ်ရှိကုန်သော, မှားသောအသက်မွေးခြင်းရှိကုန်သော, မှားသောလုံ့လရှိကုန်သော, မှားသောအောက်မေ့ခြင်းရှိကုန်သော,့မှားသောတည်ကြည်ခြင်းရှိကုန်သော, ခပ်သိမ်းကုန်သော သမဏတို့သည်လည်းကောင်း၊ ဗြာဟ္မဏတို့သည်လည်းကောင်း တောင့်တခြင်းကို ပြု၍ မြတ်သောအကျင့်က... |
1,339,438 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို မပြုမူ၍ မြတ်သော အကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်ကုန်။ |
1,339,439 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တ ခြင်းကို မပြုမူ၍လည်းကောင်း၊ မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်ကုန်။ |
1,339,440 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့် တခြင်းကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်။ |
1,339,441 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့မရခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ - ဘူမိဇ ထိုအကျင့် သည် အကျိုးရခြင်းငှါ အကြောင်းမသင့်သောကြောင့်ပေတည်း။ |
1,339,442 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂၂၅။ ဘူမိဇ ဥပမာအားဖြင့် ဆီကိုအလိုရှိ၍ ဆီကိုရှာမှီးသော ဆီရှာလှည့်လည်သော ယောကျ်ား သည် သဲကို ဆုံခွက်၌ လောင်း၍ ရေဖြင့် ဖျန်းလျက် ဖျန်းလျက် ကြိတ်ညှစ်ရာ၏၊ တောင့်တခြင်းကိုပြု၍ သဲကို ဆုံခွက်၌ လောင်း၍ ရေဖြင့် ဖျန်းလျက် ဖျန်းလျက် ကြိတ်ညှစ်သော်လည်း ဆီကို မရထိုက်။ |
1,339,443 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့် တခြင်းကို မပြုမူ၍ သဲကို ဆုံခွက်၌ လောင်း၍ ရေဖြင့် ဖျန်းလျက် ဖျန်းလျက် ကြိတ်ညှစ်သော်လည်း ဆီကို မရထိုက်။ |
1,339,444 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း သဲကို ဆုံခွက်၌ လောင်း၍ ရေဖြင့် ဖျန်းလျက် ဖျန်းလျက် ကြိတ်ညှစ်သော်လည်း ဆီကို မရထိုက်။ |
1,339,445 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တ ခြင်းကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည် မဟုတ်ဘဲလည်းကောင်း သဲကို ဆုံခွက်၌ လောင်း၍ ရေဖြင့် ဖျန်းလျက် ဖျန်းလျက် ကြိတ်ညှစ်သော်လည်း ဆီကို မရထိုက်။ |
1,339,446 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့မရခြင်းသည် အဘယ့် ကြောင့်နည်းဟူမူ -ဘူမိဇ ထိုသို့ပြုခြင်းသည် ဆီကိုရခြင်းငှါ အကြောင်းမသင့်သောကြောင့်ပေတည်း။ |
1,339,447 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ဘူမိဇ ဤဥပမာအတူသာလျှင် မှားသောအယူရှိကုန်သော, မှားသောအကြံအစည်ရှိကုန်သော, မှား သော စကားရှိကုန်သော, မှားသောအလုပ်ရှိကုန်သော, မှားသောအသက်မွေးခြင်းရှိကုန်သော, မှားသော လုံ့လရှိကုန်သော, မှားသောအောက်မေ့ခြင်းရှိကုန်သော, မှားသောတည်ကြည်ခြင်းရှိကုန်သော, ခပ်သိမ်းကုန် သော သမဏတို့သည်လည်းကောင်း၊ ဗြာဟ္မဏတို့သည်လည်းကောင်း တောင့်တခြင်းက... |
1,339,448 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို မပြုမူ၍ မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်ကုန်။ |
1,339,449 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြု မူ၍လည်းကောင်း မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်ကုန်။ |
1,339,450 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို မပြု မူ၍လည်းကောင်း တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း မြတ်သောအကျင့်ကို ကျင့်ကုန် သော်လည်း အကျိုး မရထိုက်ကုန်။ |
1,339,451 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့မရခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ - ဘူမိဇ ထိုအကျင့်သည် အကျိုးရခြင်းငှါ အကြောင်းမသင့်သောကြောင့်ပေတည်း။ |
1,339,452 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဘူမိဇ ဥပမာအားဖြင့် နို့ကိုအလိုရှိ၍ နို့ကို ရှာမှီးသော နို့ရှာလှည့်လည်သော ယောကျ်ားသည် နွားငယ်ရှိသော နွားမကို ဦးချိုမှ နို့ညှစ်ရာ၏၊ တောင့်တခြင်းကိုပြု၍ နွားငယ်ရှိသော နွားမကို ဦးချိုမှ နို့ညှစ်သော်လည်း နို့ရည်ကို မရထိုက်။ |
1,339,453 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို မပြုမူ၍။ |
1,339,454 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ တောင့်တခြင်းကို ပြု၍လည်း ကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း။ |
1,339,455 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း တောင့်တ ခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း နွားငယ်ရှိသော နွားမကို ဦးချိုမှ နို့ညှစ်သော်လည်း နို့ရည်ကို မရထိုက်။ |
1,339,456 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့မရခြင်းသည် အဘယ့်ကြောင့်နည်း ဟူမူ - ဘူမိဇ ထိုသို့ပြုခြင်းသည် နို့ရည်ကိုရခြင်းငှါ အကြောင်းမသင့်သောကြောင့်ပေတည်း။ |
1,339,457 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဘူမိဇ ဤဥပမာအတူသာလျှင် မှားသောအယူရှိကုန်သော။ |
1,339,458 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ မှားသောတည်ကြည်ခြင်း ရှိကုန်သော ခပ်သိမ်းကုန်သော သမဏတို့သည်လည်းကောင်း၊ ဗြာဟ္မဏတို့သည်လည်းကောင်း တောင့်တခြင်းကိုပြု၍ မြတ်သော အကျင့်ကို အကယ်၍ ကျင့်ကုန်သော်လည်း အကျိုး မရထိုက်ကုန်။ |
1,339,459 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို မပြုမူ၍့။ |
1,339,460 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း။ |
1,339,461 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ တောင့်တခြင်းကို မပြု မူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း မြတ်သောအကျင့်ကို ကျင့်ကုန် သော်လည်း အကျိုး မရထိုက် ကုန်။ |
1,339,462 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့မရခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ -ဘူမိဇ ထိုအကျင့်သည် အကျိုးရခြင်းငှါ အကြောင်းမသင့်သောကြောင့်ပေတည်း။ |
1,339,463 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂၂၆။ ဘူမိဇ ဥပမာအားဖြင့် ဆီဦးကိုအလိုရှိ၍ ဆီဦးကို ရှာမှီးသော ဆီဦးရှာလှည့်လည်သော ယောကျ်ားသည် ရေကို အိုး၌ လောင်း၍ (ဝက်အူလိမ်လွန်သဏ္ဌာန်ရှိသော) လွန်မွှေတံဖြင့် ဆွဲမွှေရာ၏၊ တောင့်တခြင်းကိုပြု၍ ရေကို အိုး၌ လောင်း၍ (ဝက်အူလိမ်လွန်သဏ္ဌာန်ရှိသော) လွန်မွှေတံဖြင့် ဆွဲမွှေ သော်လည်း ဆီဦးကို မရထိုက်။ |
1,339,464 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း ရေကို အိုး၌ လောင်း၍ (ဝက်အူလိမ်လွန်သဏ္ဌာန်ရှိသော) လွန်မွှေတံဖြင့် ဆွဲမွှေသော်လည်း ဆီဦးကို မရထိုက်။ |
1,339,465 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့မရခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ -ဘူမိဇ ထိုသို့ပြုခြင်း သည် ဆီဦးကိုရခြင်းငှါ အကြောင်းမသင့်သောကြောင့်ပေတည်း။ |
1,339,466 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ဘူမိဇ ဤဥပမာအတူသာလျှင် မှားသောအယူရှိကုန်သော။ |
1,339,467 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ မှားသောတည်ကြည်ခြင်းရှိကုန်သော ခပ်သိမ်းကုန်သော သမဏတို့သည်လည်းကောင်း၊ ဗြာဟ္မဏတို့သည်လည်းကောင်း တောင့်တခြင်းကို ပြု၍ မြတ်သော အကျင့်ကို အကယ်၍ ကျင့်ကုန်သော်လည်း အကျိုးမရထိုက်ကုန်။ |
1,339,468 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ တောင့်တခြင်းကို မပြု မူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုး မရထိုက်ကုန်။ |
1,339,469 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့မရခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ - ဘူမိဇ ထိုအကျင့်သည် အကျိုးကိုရခြင်းငှါ အကြောင်းမသင့်သောကြောင့်ပေတည်း။ |
1,339,470 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဘူမိဇ ဥပမာအားဖြင့် မီးကို အလိုရှိ၍ မီးကို ရှာမှီးသော မီးရှာလှည့်လည်သော ယောကျ်ားသည် အစေးရှိသော ထင်းစိုကို မီးပွတ်ခုံသို့ ယူဆောင်၍ နှိပ်ပွတ်ရာ၏၊ တောင့်တခြင်းကိုပြု၍ အစေးရှိသော ထင်းစိုကို မီးပွတ်ခုံသို့ ယူဆောင်၍ နှိပ်ပွတ်သော်လည်း မီးကို မရထိုက်။ |
1,339,471 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ တောင့်တခြင်းကို မပြု မူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း အစေးရှိသော ထင်းစိုကို မီးပွတ်ခုံ သို့ ယူဆောင်၍ နှိပ်ပွတ်သော်လည်း မီးကို မရထိုက်။ |
1,339,472 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့မရခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ - ဘူမိဇ ထိုသို့ပြုခြင်းသည် မီးကို ရခြင်းငှါ အကြောင်းမသင့်သောကြောင့်ပေတည်း။ |
1,339,473 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ မှားသောတည်ကြည်ခြင်းရှိကုန်သော ခပ်သိမ်းကုန်သော သမဏတို့သည်လည်းကောင်း၊ ဗြာဟ္မဏတို့သည်လည်းကောင်း တောင့်တခြင်းကိုပြု၍ မြတ်သော အကျင့်ကို အကယ်၍ ကျင့်ကုန်သော်လည်း အကျိုးမရထိုက်ကုန်။ |
1,339,474 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို မပြုမူ ၍။ |
1,339,475 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ တောင့်တခြင်းကို မပြု မူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း မြတ်သောအကျင့်ကို အကယ်၍ ကျင့်ကုန်သော်လည်း အကျိုးမရထိုက်ကုန်။ |
1,339,476 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့မရခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ -ဘူမိဇ ထို အကျင့်သည် အကျိုးရခြင်းငှါ အကြောင်းမသင့်သောကြောင့်ပေတည်း။ |
1,339,477 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဘူမိဇ မှန်သော အယူရှိကုန်သော, မှန်သောအကြံအစည်ရှိကုန်သော, မှန်သောစကားရှိကုန်သော, မှန်သော အလုပ်ရှိကုန်သော, မှန်သော အသက်မွေးခြင်းရှိကုန်သော, မှန်သော လုံ့လရှိကုန်သော, မှန်သော အောက်မေ့ခြင်း ရှိကုန်သော, မှန်သော တည်ကြည်ခြင်းရှိကုန်သော, ခပ်သိမ်းကုန်သော သမဏတို့သည့်လည်းကောင်း ဗြာဟ္မဏတို့သည်လည်းကောင်း တောင့်တခြင်းကိုပြု၍ မြတ်သောအက... |
1,339,478 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကိုမပြုမူ၍ မြတ်သောအကျင့်ကို ကျင့်ကုန်သော် အကျိုးကို ရခြင်းငှါ ထိုက်ကုန်၏။ |
1,339,479 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း မြတ်သောအကျင့်ကို ကျင့်ကုန်သော် အကျိုးကို ရခြင်းငှါ ထိုက်ကုန်၏။ |
1,339,480 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို မပြုမူ၍လည်း ကောင်း တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း မြတ်သောအကျင့်ကို ကျင့်ကုန်သော် အကျိုး ကို ရခြင်းငှါ ထိုက်ကုန်၏။ |
1,339,481 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့ရခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ - ဘူမိဇ ထိုအကျင့်သည် အကျိုး ရခြင်းငှါ အကြောင်းသင့်သောကြောင့်ပေတည်း။ |
1,339,482 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂၂၇။ ဘူမိဇ ဥပမာအားဖြင့် ဆီကိုအလိုရှိ၍ ဆီကို ရှာမှီးသော ဆီရှာလှည့်လည်သော ယောကျ်ား သည် နှမ်းမှုန့်ကို ဆုံခွက်၌ လောင်း၍ ရေဖြင့် ဖျန်းလျက် ဖျန်းလျက် ကြိတ်ညှစ်ရာ၏၊ တောင့်တခြင်းကို ပြု၍ နှမ်းမှုန့်ကို ဆုံခွက်၌ လောင်း၍ ရေဖြင့် ဖျန်းလျက် ဖျန်းလျက် ကြိတ်ညှစ်သော် ဆီကို ရထိုက်၏။ |
1,339,483 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်း ကောင်း။ |
1,339,484 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း နှမ်းမှုန့်ကို ဆုံခွက်၌ လောင်း၍ ရေဖြင့် ဖျန်းလျက် ဖျန်းလျက် ကြိတ်ညှစ်သော် ဆီကို ရထိုက်၏။ |
1,339,485 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့ ရထိုက်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ဘူမိဇ ထိုနှမ်းကို ကြိတ်ခြင်းသည် ဆီကိုရခြင်းငှါ အကြောင်း သင့်သောကြောင့်ပေတည်း။ |
1,339,486 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | -- ဘူမိဇ ဤဥပမာအတူသာလျှင် မှန်သော အယူရှိကုန်သော။ |
1,339,487 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ မှန်သော တည်ကြည်ခြင်းရှိကုန်သော ခပ်သိမ်းကုန်သော သမဏတို့သည်လည်းကောင်း ဗြာဟ္မဏတို့သည်လည်းကောင်း တောင့်တခြင်းကိုပြု၍ မြတ်သော အကျင့်ကို ကျင့်ကုန်သော် ဖိုလ်ဟူသော အကျိုးကို ရထိုက်ကုန်၏။ |
1,339,488 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို ပြု၍လည်းကောင်း တောင့်တခြင်းကို မပြုမူ၍လည်းကောင်း။ |
1,339,489 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း မြတ်သောအကျင့်ကို အကယ်၍ ကျင့်ကုန်သော် ဖိုလ်ဟူ သော အကျိုးကို ရခြင်းငှါ ထိုက်ကုန်၏။ |
1,339,490 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့ရထိုက်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ -ဘူမိဇ ထို အကျင့်သည် ဖိုလ်ဟူသော အကျိုးကို ရခြင်းငှါ အကြောင်းသင့်သောကြောင့်ပေတည်း။ |
1,339,491 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဘူမိဇ ဥပမာအားဖြင့် နို့ရည်ကိုအလိုရှိ၍ နို့ရည်ကို ရှာမှီးသော နို့ရည်ရှာရန်လှည့်လည်သော ယောကျ်ားသည် နွားငယ်ရှိသော နွားမကို နို့မှ နို့ညှစ်ရာ၏၊ တောင့်တခြင်းကိုပြု၍ နွားငယ်ရှိသော နွားမ ကို နို့မှ နို့ညှစ်သည်ရှိသော် နို့ရည်ကို ရထိုက်၏။ |
1,339,492 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | တောင့်တခြင်းကို မပြု မူ၍။ |
1,339,493 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ တောင့်တခြင်းကို ပြု၍လည်းကောင်း တောင့်တခြင်းကို မပြုမူ၍လည်းကောင်း။ |
1,339,494 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း တောင့်တခြင်းကို မပြုသည် မဟုတ်ဘဲလည်းကောင်း နွားငယ်ရှိသော နွားမကို နို့မှ နို့ညှစ်သည်ရှိသော် နို့ရည်ကို ရထိုက်၏။ |
1,339,495 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့ရထိုက်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ - ဘူမိဇ ထိုနို့ကို ညှစ်ခြင်းသည် နို့ရည်ကို ရခြင်းငှါ အကြောင်းသင့်သော ကြောင့်ပေတည်း။ |
1,339,496 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ဘူမိဇ ဤဥပမာအတူသာလျှင် မှန်သော အယူရှိကုန်သော။ |
1,339,497 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ မှန်သော တည်ကြည်ခြင်း ရှိကုန်သော ခပ်သိမ်းကုန်သော သမဏတို့သည်လည်းကောင်း၊ ဗြာဟ္မဏတို့သည်လည်းကောင်း တောင့်တခြင်းကိုပြု၍ မြတ်သော အကျင့်ကို ကျင့်ကုန်သော် ဖိုလ်ဟူသော အကျိုးကို ရထိုက်ကုန်၏။ |
1,339,498 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ပ။ တောင့်တခြင်း ကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း မြတ်သောအကျင့်ကို အကယ်၍ ကျင့်ကုန်သော် ဖိုလ်ဟူသော အကျိုးကို ရခြင်းငှါ ထိုက်ကုန်၏။ |
1,339,499 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ထိုသို့ရထိုက်ခြင်းသည် အဘယ့် ကြောင့်နည်းဟူမူ - ဘူမိဇ ထိုအကျင့်သည် ဖိုလ်ဟူသောအကျိုးကို့ရခြင်းငှါ အကြောင်းသင့်သောကြောင့် ပေတည်း။ |
1,339,500 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော် | ၂၂၈။ ဘူမိဇ ဥပမာအားဖြင့် ဆီဦးကို အလိုရှိ၍ ဆီဦးကို ရှာမှီးသော ဆီဦးရှာလှည့်လည်သော ယောကျ်ားသည် နို့ ဓမ်းကို အိုး၌ လောင်း၍ (ဝက်အူလိမ်လွန်သဏ္ဌာန်ရှိသော) လွန်မွှေတံဖြင့် ဆွဲမွှေရာ၏၊ တောင့်တခြင်းကို ပြု၍ နို့ ဓမ်းကို အိုး၌ လောင်း၍ (ဝက်အူလိမ်လွန်သဏ္ဌာန်ရှိသော) လွန်မွှေတံဖြင့် ဆွဲမွှေသည်ရှိသော် ဆီဦးကို ရထိုက်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.