id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,339,601
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့ အသျှင်အနုရုဒ္ဓါ မိန့်ဆိုသော် ကစ္စည်းအနွယ်ရှိသော အသျှင်သဘိယသည် ပဉ္စကင်္ဂလက်သမားကြီးကို “ဒါယကာ သင်အရတော်ပေစွ၊ ဒါယကာ သင်အလွန်အရတော်ပေစွ၊ သင်လည်း ထိုယုံမှား ဖြစ်သော တရားကို ပယ်ရ၏၊ ငါလည်း ဤတရားဒေသနာတော်ကို ကြားနာခြင်းငှါ ရပေ၏”ဟု ဤ စကားကို ပြောဆို၏။
1,339,602
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ခုနစ်ခုမြောက် အနုရုဒ္ဓသုတ် ပြီး၏။
1,339,603
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ၈-ဥပက္ကိလေသသုတ်
1,339,604
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၂၃၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
1,339,605
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုအခါ ကောသမ္ဗီပြည်၌ ရဟန်းတို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန်၍ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်ပြီးလျှင် အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏။
1,339,606
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာရှိခိုး၍ သင့်လျော်သော နေရာ၌ ထိုင်ကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏-"မြတ်စွာဘုရား ဤကောသမ္ဗီပြည်၌ ရဟန်းတို့သည် ငြင်းခုံကြကုန် ခိုက်ရန်ဖြစ်ကြကုန်၍ ဝါဒကွဲပြားခြင်းသို့ ရောက်ကြကုန်ပြီးလျှင် အချင်းချင်း နှုတ်လှံထိုးလျက် နေကြပါကုန်၏။
1,339,607
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အစဉ်သနားသည်ကို အကြောင်းပြု ၍ ထိုရဟန်းတို့ ရှိရာအရပ်သို့ ချဉ်းကပ်တော်မူပါလော့”ဟု (လျှောက်ထား၏)။
1,339,608
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထို့နောက် မြတ်စွာဘုရားသည် ထိုရဟန်းတို့ ရှိရာအရပ်သို့ ချဉ်း ကပ်ပြီးလျှင် ထိုရဟန်းတို့ကို “ရဟန်းတို့ မသင့်လျော်၊ မငြင်းခုံကြကုန်လင့်၊ ခိုက်ရန် မဖြစ်ကြကုန်လင့်၊ ဆန့်ကျင်ဘက်စကားကို မဆိုကြကုန်လင့်၊ ဝါဒမကွဲပြားကြကုန်လင့်”ဟု ဤစကားကို မိန့်တော်မူ၏။
1,339,609
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသို့ မိန့်တော်မူသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏- “မြတ်စွာဘုရား တရား၏အရှင်ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဆိုင်းငံ့တော်မူပါဦး၊ မြတ်စွာဘုရား့မြတ်စွာဘုရားသည် ကြောင့်ကြမဲ့ မျက်မှောက်၌ ချမ်းသာစွာ နေခြင်းကို အားထုတ်တော်မူလျက် နေတော်မူ ပါလော့၊ အကျွန်ုပ်တို့သည် ထိုငြင်းခုံခြင်း ခိုက်ရန်ဖြစ်ခြင်း ဆန့်ကျင...
1,339,610
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ထိုရဟန်းတို့ ကို “ရဟန်းတို့ မသင့်လျော်၊ မငြင်းခုံကြကုန်လင့်၊ ခိုက်ရန်မဖြစ်ကြကုန်လင့်၊ ဆန့်ကျင်ဘက်စကားကို မဆိုကြကုန်လင့်၊ ဝါဒမကွဲပြားကြကုန်လင့်”ဟု ဤစကားကို မိန့်တော်မူ၏။
1,339,611
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
နှစ်ကြိမ်မြောက်လည်း ထို ရဟန်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထားပြန်၏ “မြတ်စွာဘုရား တရား၏အရှင်ဖြစ် တော်မူသော မြတ်စွာဘုရားသည် ဆိုင်းငံ့တော်မူပါဦး၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် ကြောင့်ကြမဲ့ မျက်မှောက်၌ ချမ်းသာစွာနေခြင်းကို အားထုတ်တော်မူလျက် နေတော်မူပါလော့၊ အကျွန်ုပ်တို့သည် ထိုငြင်း ခုံခြင်း ခိုက်ရန်ဖြစ်ခြင်း ဆန့်ကျင်...
1,339,612
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို “ရဟန်းတို့ မသင့် လျော်၊ မငြင်းခုံကြကုန်လင့်၊ ခိုက်ရန်မဖြစ်ကြကုန်လင့်၊ ဆန့်ကျင်ဘက်စကားကို မဆိုကြကုန်လင့်၊ ဝါဒ မကွဲပြားကြကုန်လင့်”ဟု ဤစကားကို မိန့်တော်မူပြန်၏။
1,339,613
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုံးကြိမ်မြောက်လည်း ထိုရဟန်းသည် မြတ်စွာဘုရားကို “မြတ်စွာဘုရား တရား၏အရှင်ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဆိုင်းငံ့တော်မူပါဦး၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် ကြောင့်ကြမဲ့ မျက်မှောက်၌ ချမ်းသာစွာနေခြင်းကို အားထုတ်တော်မူလျက် နေတော်မူပါလော့၊ အကျွန်ုပ်တို့သည် ထိုငြင်းခုံခြင်း ခိုက်ရန်ဖြစ်ခြင်း ဆန့်ကျင်ဘက်စကားကို ဆိုခြင်း ဝါဒကွဲပြ...
1,339,614
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်လျက် သပိတ်သင်္ကန်းကို ယူကာ ကောသမ္ဗီပြည်သို့ ဆွမ်းခံဝင်တော်မူ၏၊ ကောသမ္ဗီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းခံရာမှ ဖဲခဲ့ကာ ဆွမ်း စားပြီးနောက် ကျောင်းအိပ်ရာနေရာကို သိုမှီးသိမ်းဆည်းပြီးလျှင် သပိတ်သင်္ကန်းကို ယူ၍ ရပ်တော်မူလျက် သာလျှင် ဤဂါထာတို့ကို ရွတ်ဆိုတော်မူ၏-
1,339,615
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
များပြားသော အသံရှိသော အလိုဆန္ဒတူမျှသော လူအပေါင်းသည် ငါလူ မိုက်ဟူ၍ တစ်ဦးတစ်ယောက်မျှ မထင်၊ သံဃာကွဲပြားသော် (ငါ့ကြောင့် ကွဲပြား သည်ဟူသော) တစ်ပါးသော အကြောင်းတို့ကား ထို့ထက်အလွန်ပင် မထင်မြင် နိုင်ကြကုန်။
1,339,616
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သတိကင်းကုန်၍ ပညာရှိယောင် ဟန်ဆောင်ပြောဆိုသူတို့သည် အငြင်းအခုံ စကား၌ ကျက်စားကုန်၏၊ ခံတွင်းပါးစပ်ကို ဟ၍ အလိုရှိသမျှ ပြောလေ့ရှိကုန်၏၊ အကြင်ငြင်းခုံမှုဖြင့် (ဤအရှက်မရှိသည်၏ အဖြစ်ဟူသော အပြစ်သို့ ) ဆောင်အပ် ကုန်၏၊ ထိုအရှက် မရှိသည်၏ အဖြစ်ဟူသော အပြစ်ကို မသိကြကုန်။
1,339,617
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါ့ကို အမျက်ထွက်ဖူး၏၊ ငါ့ကို ညှဉ်းဆဲဖူး၏၊ ငါ့ကို အောင်နိုင်ဖူး၏၊ ငါ၏ (ဥစ္စာ) ကို ဆောင်ယူဖူး၏ဟူ၍ ရန်ငြိုးဖွဲ့သူတို့အား ရန်သည် မငြိမ်းနိုင်။
1,339,618
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါ့ကို အမျက်ထွက်ဖူး၏၊ ငါ့ကို ညှဉ်းဆဲဖူး၏၊ ငါ့ကို အောင်နိုင်ဖူး၏၊ ငါ၏ (ဥစ္စာ) ကို ဆောင်ယူဖူး၏ဟူ၍ ရန်ငြိုးမဖွဲ့သူတို့အား ရန်သည် ငြိမ်းအေး၏။
1,339,619
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤလောက၌ ရန်တို့သည် ရန်တုံ့မူသဖြင့် တစ်ခါဖူးမျှ မငြိမ်းအေးကုန်၊ ရန်တုံ့ မမူမှသာလျှင် ရန်တို့သည် ငြိမ်းအေးကုန်၏၊ ဤသဘောကား ရှေးထုံးစဉ်လာ ပေတည်း။
1,339,620
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤသံဃာ့အလယ်၌ ပညာမဲ့သော တစ်ပါးသူတို့သည် (ငါတို့ကား သေရဦးမည်) ဟူ၍ မသိကုန်၊ ထိုသံဃာ့အလယ်၌ အကြင်ပညာရှိတို့သည်ကား (ငါတို့သည် သေရ ဦးမည်) ဟူ၍ သိကုန်၏၊ (ထိုပညာရှိတို့အား) ထိုသို့သိသောကြောင့် ခိုက်ရန် တို့သည် ငြိမ်းကုန်၏။
1,339,621
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အရိုးကိုဖြတ် အသက်ကိုသတ် နွားမြင်းဥစ္စာတို့ကို ဆောင်၍ တိုင်းပြည်ကို လုယက်ကုန်သော မင်းနှစ်ပါးတို့အားသော်မှလည်း မဟာမိတ်ပေါင်းဆုံခြင်းသည် ဖြစ်နိုင်သေး၏၊ အသင်ရဟန်းတို့အား အဘယ့်ကြောင့် ပေါင်းဆုံခြင်းသည် မဖြစ်ဘဲ ရှိရာအံ့နည်း။
1,339,622
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
တကွကျင့်ဘက်ဖြစ်သော ကောင်းစွာ နေလေ့ရှိသော တည်တံ့သော သမာဓိရှိ သော ပညာရင့်မာသော မိတ်ဆွေကို အကယ်၍ ရငြားအံ့၊ ဤသို့ရလျှင် အလုံးစုံ သော ဘေးရန်တို့ကို လွှမ်းမိုးနှိပ်စက်၍ ထိုလွှမ်းမိုးနှိပ်စက်ခြင်းနှင့်တကွ ဝမ်း မြောက်သော စိတ်ရှိသည် သတိနှင့် ပြည့်စုံသည်ဖြစ်၍ ကျင့်ရာ၏။
1,339,623
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
တကွကျင့်ဘက်ဖြစ်သော ကောင်းစွာ နေလေ့ရှိသော တည်တံ့သော သမာဓိရှိ သော ပညာရင့်မာသော မိတ်ဆွေကို အကယ်၍ မရငြားအံ့၊ ဤသို့ မရလျှင် မင်းသည် တိုင်းနိုင်ငံကို ပယ်စွန့်၍ တစ်ပါးတည်း ကျင့်သကဲ့သို့လည်းကောင်း၊ မာတင်္ဂမျိုး၌ ဖြစ်သော ဆင်ပြောင်ကြီးသည် တော၌ တစ်ဦးတည်း ကျက်စားသကဲ့ သို့လည်းကောင်း တစ်ယောက်တည်း ကျင့်ရာ၏၊
1,339,624
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
တစ်ယောက်တည်း ကျင့်ခြင်းသည် မြတ်၏၊ လူမိုက်၌ အပေါင်းအဖော်လုပ်ခြင်း ကား မြတ်သည် မဖြစ်ရာ၊ မာတင်္ဂမျိုး၌ဖြစ်သော ဆင်ပြောင်ကြီးသည် တော၌ တစ်စီးတည်း ကြောင့်ကြမဲ့ လှည့်လည်ကျက်စားသကဲ့သို့ တစ်ယောက်တည်း ကြောင့်ကြမဲ့ ကျင့်ရာ၏၊ မကောင်းမှုတို့ကို မပြုရာဟု (မိန့်တော်မူ၏)။
1,339,625
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၂၃၈။ ထိုအခါ၌ မြတ်စွာဘုရားသည် ရပ်တော်မူလျက်သာလျှင် ဤဂါထာတို့ကို ရွတ်ဆိုတော်မူပြီးလျှင် ဗာလကလောဏကာရမည်သော ရွာရှိရာအရပ်သို့ ချဉ်းကပ်တော်မူ၏။
1,339,626
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုအခါ အသျှင်ဘဂုသည် ဗာလကလောဏ ကာရမည်သော ရွာ၌ နေ၏၊ အသျှင်ဘဂုသည် အဝေးမှသာလျှင် ကြွလာတော်မူသော မြတ်စွာဘုရားကို မြင်သည်သာတည်း၊ မြင်၍ နေရာကို ခင်းထား၏၊ ခြေဆေးရေကိုလည်း တည်ထား၏၊
1,339,627
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- မြတ်စွာဘုရားသည် ခင်းထားသော နေရာ၌ ထိုင်နေ၏၊ ထိုင်နေတော်မူပြီးလျှင် ခြေတော်တို့ကို ဆေး၏၊ အသျှင်ဘဂုသည်လည်း မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်နေ သော အသျှင်ဘဂုကို မြတ်စွာဘုရားသည် “ရဟန်း အသို့နည်း (သင်သည်) ခံ့ကျန်း၏လော၊ မျှတ၏ လော၊ ဆွမ်းဖြင့် မပင်မပန်း ချမ်းသာ၏လော”ဟု ဤစကားကို မိန့်တေ...
1,339,628
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား ခံ့ကျန်း ပါ၏၊ မျှတပါ၏၊ မြတ်စွာဘုရား အကျွန်ုပ်သည် ဆွမ်းဖြင့် မပင်မပန်း ချမ်းသာပါ၏ဘုရားဟု (လျှောက် ထား၏)။
1,339,629
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုအခါ၌ မြတ်စွာဘုရားသည် အသျှင်ဘဂုကို တရားစကားဖြင့် (အကျိုးစီးပွားကို) ကောင်းစွာ ပြပြီး၍ (တရားကို) ကောင်းစွာ ဆောက်တည်စေပြီး၍ (တရားကျင့်သုံးရန်) ကောင်းစွာ ထက်သန်စေပြီး၍ ကောင်းစွာ ရွှင်လန်းစေပြီး၍ နေရာမှ ထတော်မူ၍ ပါစီနဝံသမည်သော တောအုပ်ရှိရာ အရပ်သို့ ချဉ်းကပ်၏။
1,339,630
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုစဉ်အခါ၌ အသျှင်အနုရုဒ္ဓါ အသျှင်နန္ဒိယ အသျှင်ကိမိလတို့သည် ပါစီနဝံသမည်သော တောအုပ်၌ နေကြကုန်၏။
1,339,631
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
တောစောင့်သည် အဝေးမှ ကြွလာတော်မူသော မြတ်စွာဘုရားကို မြင်၍ “ရဟန်းကြီး ဤတောအုပ်သို့ မဝင်ပါလင့်၊ ဤတောအုပ်၌ အမျိုးသားသုံးဦးတို့သည် ရှိပါကုန်၏၊ အကျိုးစီးပွါးကို လိုလားသော သဘောရှိလျက် နေပါကုန်၏၊ ထိုအမျိုးသားသုံးဦးတို့၏ မချမ်းသာမှုကို မပြုပါလင့်”ဟု ဤစကားကို လျှောက်ထား၏။
1,339,632
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်အနုရုဒ္ဓါသည် မြတ်စွာဘုရားနှင့်အတူ ပြောဆိုသော တောစောင့်၏ စကားကို ကြား၍ တောစောင့်ကို ဒါယကာတောစောင့် မြတ်စွာဘုရားကို မတားမြစ်လင့်၊ ငါတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် အစဉ်ရောက်တော်မူလာ၏”ဟု ဤစကားကို ပြောဆို၏။
1,339,633
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၂၃၉။ ထိုအခါ အသျှင်အနုရုဒ္ဓါသည် အသျှင်နန္ဒိယ အသျှင်ကိမိလတို့ထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်နန္ဒိယနှင့် အသျှင်ကိမိလကို “အသျှင်တို့ လာကြကုန်၊ အသျှင်တို့ လာကြကုန်၊ အကျွန်ုပ်တို့၏ဆရာ မြတ်စွာဘုရားသည် အစဉ်ရောက်တော်မူလာ၏”ဟု ဤစကားကို ပြောကြား၏။
1,339,634
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုအခါ၌ အသျှင်အနုရုဒ္ဓါ အသျှင်နန္ဒိယ အသျှင်ကိမိလတို့သည် မြတ်စွာဘုရားကို ခရီးဦးကြိုဆို၍ တစ်ပါးက မြတ်စွာဘုရား၏ သပိတ်သင်္ကန်းကို လှမ်းယူပြီးလျှင် တစ်ပါးက နေရာကို ခင်း၍ တစ်ပါးက့ခြေဆေးရေကို တည်ထား၏၊ မြတ်စွာဘုရားသည် ခင်းထားသော နေရာ၌ ထိုင်၍ ခြေတို့ကို ဆေးတော်မူ၏။
1,339,635
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုအသျှင်တို့သည်လည်း မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ သင့်လျော်ရာ၌ ထိုင်နေကုန်ပြီးသော် အသျှင်အနုရုဒ္ဓါအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ “အနုရုဒ္ဓါတို့ အသို့နည်း၊ သင်တို့ သည် ခံ့ကျန်းကြ၏လော၊ မျှတကြ၏လော၊ ဆွမ်းဖြင့် မပင်မပန်း ချမ်းသာကြ၏လော”ဟု ဤစကားကို မိန့်တော်မူ၏။
1,339,636
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား ခံ့ကျန်းကြပါ၏၊ မြတ်စွာဘုရား မျှတကြပါ၏၊ မြတ်စွာဘုရား အကျွန်ုပ်တို့ သည် ဆွမ်းဖြင့်လည်း မပင်မပန်းကြပါဟု (လျှောက်ကြ ကုန်၏)။
1,339,637
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အနုရုဒ္ဓါတို့ အသို့နည်း သင်တို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ နို့နှင့်ရေ ရောသကဲ့သို့ တစ်စိတ်တည်းရှိကုန်၍ အချင်းချင်း ချစ်ခင်သော မျက်စိတို့ဖြင့် ကောင်းစွာ ရှုကြည့်ကုန်လျက် နေထိုင်ကြကုန်၏လောဟု (မေးတော်မူ၏ )။
1,339,638
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား စင်စစ် အကျွန်ုပ်တို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ နို့နှင့်ရေရောသကဲ့သို့ တစ်စိတ်တည်းရှိကုန်၍ အချင်းချင်း ချစ်ခင်သော မျက်စိတို့ဖြင့် ကောင်းစွာ ရှုကြည့်ကုန်လျက် နေထိုင်ကြပါကုန်၏ဟု (လျှောက်ကြကုန်၏)။
1,339,639
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အနုရုဒ္ဓါတို့ သင်တို့သည် အဘယ်သို့လျှင် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ နို့နှင့်ရေရောသကဲ့သို့ တစ်စိတ်တည်းရှိကုန်၍ အချင်းချင်း ချစ်ခင်သော မျက်စိတို့ဖြင့် ကောင်းစွာ ရှုကြည့်ကုန်လျက် နေထိုင်ကြ ကုန်သနည်းဟု (မေးတော်မူ၏)။
1,339,640
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား ဤသာသနာတော်၌ အကျွန်ုပ်အား “ငါသည် ဤသို့ သဘောရှိသော သီတင်းသုံး ဖော်တို့နှင့်အတူ နေရပေ၏၊ ငါသည် အရတော်ပေစွ၊ ငါသည် အလွန် အရတော်ပေစွ”ဟု ဤသို့ အကြံ ဖြစ်ပါ၏၊ မြတ်စွာဘုရား ထိုအကျွန်ုပ်အား ဤအသျှင်တို့အပေါ်၌ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ ကာယကံမေတ္တာသည် ရှေးရှုထင်ပါ၏၊ မျက်မှောက်၌ဖြစ်စေ၊
1,339,641
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- မျက်ကွယ်၌ဖြစ်စေ ဝစီကံမေတ္တာသည် ရှေးရှု ထင်ပါ၏၊ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ မနောကံမေတ္တာသည် ရှေးရှုထင်ပါ၏။
1,339,642
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား ထိုအကျွန်ုပ်အား “ငါသည် မိမိစိတ်အလိုကို လျှော့ချထား၍ ဤအသျှင်တို့၏ စိတ်အလို အားဖြင့်သာလျှင် လိုက်လျောကျင့်သုံးရမူ ကောင်းပေမည်”ဟု ဤသို့ အကြံအစည်ဖြစ်ပါ၏။
1,339,643
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား အကျွန်ုပ်တို့ သည် မိမိစိတ်အလိုကို လျှော့ချထား၍ ဤအသျှင်တို့၏ စိတ်အလိုအားဖြင့်သာလျှင် လိုက်လျောကျင့်သုံး ပါ၏၊ မြတ်စွာဘုရား အကျွန်ုပ်တို့အား ကိုယ်သည် အသီးသီးဖြစ်ပါသော်လည်း စိတ်သည်ကား တစ်စိတ် တည်းကဲ့သို့ ဖြစ်ကြပါသည်ဟု (လျှောက်ထား၏)။
1,339,644
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ အသျှင်ကိမိလသည်လည်း မြတ်စွာဘုရားအား ဤစကားကို လျှောက် ထား၏-မြတ်စွာဘုရား အကျွန်ုပ်သည်လည်း ‘ငါသည် ဤသို့ သဘောရှိသော သီတင်းသုံးဖော်တို့နှင့် အတူနေရပေ၏၊ ငါသည် အရတော်ပေစွ၊ ငါသည် အလွန်အရတော်ပေစွ’ဟု ဤသို့ အကြံဖြစ်ပါ၏၊ မြတ်စွာဘုရား ထိုအကျွန်ုပ်အား ဤအသျှင်တို့အပေါ်၌ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ ကာယကံ မေတ္တာသည် ရှေးရှုထင်ပ...
1,339,645
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား ထို အကျွန်ုပ်အား ‘ငါသည် မိမိစိတ်အလိုကို လျှော့ချထား၍ ဤအသျှင်တို့၏ စိတ်အလိုအားဖြင့်သာလျှင် လိုက် လျောကျင့်သုံးရပါမူ ကောင်းပေမည်’ဟု ဤသို့ အကြံဖြစ်ပါ၏၊ မြတ်စွာဘုရား ထိုအကျွန်ုပ်သည် မိမိစိတ်အလိုကို လျှော့ချထား၍ ဤအသျှင်တို့၏ စိတ်အလိုအားဖြင့်သာလျှင် လိုက်လျောကျင့်သုံးပါ၏၊ မြတ်စွာဘုရား ထိုအကျွန်ုပ်အား ကိုယ်သည် အသ...
1,339,646
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား ဤသို့လျှင် အကျွန်ုပ်တို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံ ကြဘဲ နို့နှင့်ရေရောသကဲ့သို့ တစ်စိတ်တည်းရှိကုန်၍ အချင်းချင်းချစ်ခင်သော မျက်စိတို့ဖြင့် ကြည့်ကုန်လျက် နေကြပါ၏”ဟု (လျှောက်ထား၏)။
1,339,647
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၂၄၀။ အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ အသို့နည်း သင်တို့သည် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် ( နိဗ္ဗာန်သို့ ) စေလွှတ်ထားသော စိတ်ရှိကုန်သည်ဖြစ်၍ နေကြကုန်၏လော့ဟု (မေးတော်မူ၏)။
1,339,648
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား စင်စစ်သော်ကား အကျွန်ုပ်တို့သည် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် ( နိဗ္ဗာန်သို့ ) စေလွှတ်ထားသော စိတ်ရှိကုန်သည်ဖြစ်၍ နေကြပါကုန်၏ဟု (လျှောက်ကြကုန်၏)။
1,339,649
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အနုရုဒ္ဓါတို့ အသို့နည်း၊ သင်တို့သည် အဘယ်သို့လျှင် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် ( နိဗ္ဗာန် သို့ ) စေလွှတ်ထားသော စိတ်ရှိကုန်သည်ဖြစ်၍ နေကြကုန်သနည်းဟု (မေးတော်မူ၏)။
1,339,650
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား ဤအရပ်၌ အကျွန်ုပ်တို့တွင် ဆွမ်းခံရွာမှ ရှေးဦးစွာ ပြန်လာသော သူသည် နေရာ တို့ကို ခင်းထား၏၊ သောက်ရေ သုံးဆောင်ရေကို တည်ထား၏၊ ဆွမ်းကြွင်းထည့်ရန် ခွက်ကို တည်ထား၏၊ ဆွမ်းခံရွာမှ နောက်ကျ၍ ပြန်လာသော သူသည် စားကြွင်းဆွမ်းသည် အကယ်၍ ရှိအံ့၊ စားလိုလျှင် စားရာ၏၊ မစားလိုက စိမ်းစိုသော မြက်သစ်ပင် မရှိရာ၌သော်လည်း စွန့်၏၊ ပိုးမွ...
1,339,651
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုရဟန်းသည် အကယ်၍ မချ မမနိုင်ခဲ့ လျှင် အဖော်ကို လက်ယပ်ခေါ်၍ လက်တို့ဖြင့် မြှောက်ချီကာ တည်ထားကြပါကုန်၏၊ မြတ်စွာဘုရား အကျွန်ုပ်တို့သည် ထိုအကြောင်းများကြောင့် နှုတ်မြွက်ပြောဆိုမှု မပြုကြပါ။
1,339,652
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား အကျွန်ုပ်တို့ သည် ငါးရက်တစ်ကြိမ် တစ်ညဉ့်လုံး တရားနှင့်စပ်သော စကားဖြင့် စည်းဝေးနေကြပါကုန်၏။
1,339,653
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား ဤသို့လျှင် အကျွန်ုပ်တို့သည် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့ ) စေလွှတ်ထား သော စိတ်ရှိကုန်သည်ဖြစ်၍ နေကြပါကုန်၏ဟု (လျှောက်ထား၏)။
1,339,654
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အနုရုဒ္ဓါတို့ ကောင်းပေစွ ကောင်းပေစွ၊ အနုရုဒ္ဓါတို့ ဤသို့ မမေ့မလျော့ ပြင်းစွာ အား ထုတ်လျက် ( နိဗ္ဗာန်သို့ ) စေလွှတ်ထားသော စိတ်ရှိကုန်သည်ဖြစ်၍ နေကြကုန်သော သင်တို့အား လူတို့၏ တရားထက် လွန်မြတ်သည့် အရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ်အမြင်ထူးကို သိသည်ဖြစ်၍ ချမ်းသာစွာ နေရခြင်းရှိကြကုန်၏လောဟု (မေးတော်မူ၏)။
1,339,655
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား ဤအရပ်၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် ( နိဗ္ဗာန်သို့ ) စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ နေကြကုန်သော အကျွန်ုပ်တို့သည် (ပရိကံသမာဓိကြောင့်ဖြစ်သော) အရောင်ကိုလည်းကောင်း၊ ရူပါရုံတို့ကိုလည်းကောင်း၊ (ဒိဗ္ဗစက္ခုအဘိညာဉ် ဖြင့်) မြင်ခြင်းကိုလည်းကောင်း သိကြပါကုန်၏။
1,339,656
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သို့ရာတွင် အကျွန်ုပ်တို့အား အရောင်သည်လည်းကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း မကြာမီသာလျှင် ကွယ်ပျောက်ပါ၏၊ ထိုပျောက်ခြင်း၏ အကြောင်း ကိုကား မသိကြပါကုန်ဟု (လျှောက်ကြကုန်၏)။
1,339,657
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အနုရုဒ္ဓါတို့ သင်တို့သည် ထိုကွယ်ပျောက်ခြင်း၏ အကြောင်းကို သိသင့်၏။
1,339,658
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အနုရုဒ္ဓါတို့ ငါသည်လည်း ဘုရားမဖြစ်မီ သစ္စာလေးပါးကို မသိသေးသော ဘုရားလောင်းသာဖြစ်စဉ်က (ပရိကံသမာဓိကြောင့် ဖြစ်သော) အရောင်ကိုလည်းကောင်း၊ ရူပါရုံတို့ကို (ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်) မြင်ခြင်းကိုလည်းကောင်း သိ၏။
1,339,659
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သို့ရာတွင် ငါ့အား ထိုအရောင်သည်လည်းကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း မကြာ မြင့်မီသာလျှင် ကွယ်ပျောက်၏။
1,339,660
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အနုရုဒ္ဓါတို့ ထိုငါ့အား “အကြင်အကြောင်းကြောင့် ငါ့အား အရောင်သည်လည်းကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ်ပျောက်၏၊ ထိုအကြောင်းရင်းကား အဘယ် နည်း၊ ထိုအထောက်အပံ့ကား အဘယ်နည်း”ဟု ဤအကြံသည်ဖြစ်၏။
1,339,661
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အနုရုဒ္ဓါတို့ ထိုငါ့အား ဤ သို့သော အကြံသည်ဖြစ်၏ “ငါ့အား ယုံမှားခြင်း ‘ဝိစိကိစ္ဆာ'သည်ဖြစ်၏၊ စင်စစ် ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ဟူသော အကြောင်းကြောင့် ငါ၏ တည်ကြည်မှု ‘သမာဓိ'သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင်သည်လည်းကောင်း၊ ရူပါရုံတို့ကို့မြင်ခြင်းသည်လည်းကောင်း ကွယ်ပျောက်၏၊ ငါ့အား ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ သ...
1,339,662
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၁) အနုရုဒ္ဓါတို့ ထိုငါသည် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် ( နိဗ္ဗာန်သို့ ) စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် (ပရိကံသမာဓိကြောင့်ဖြစ်သော) အရောင်ကိုလည်းကောင်း၊ ရူပါရုံတို့ကို (ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့်) မြင်ခြင်းကိုလည်းကောင်း သိ၏။
1,339,663
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါ့အား ထိုအရောင်သည်လည်းကောင်း၊ ရူပါရုံ တို့ကို မြင်ခြင်းသည်လည်းကောင်း မကြာမြင့်မီသာလျှင် ကွယ်ပျောက်၏။
1,339,664
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အနုရုဒ္ဓါတို့ ထိုငါ့အား “အကြင် အကြောင်းကြောင့် ငါ့အား အရောင်သည်လည်းကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ် ပျောက်၏၊ ထိုအကြောင်းရင်းကား အဘယ်နည်း၊ ထိုအထောက်အပံ့ကား အဘယ်နည်း”ဟု ဤအကြံသည် ဖြစ်၏။
1,339,665
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အနုရုဒ္ဓါတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ငါ့အား နှလုံးမသွင်းခြင်းသည် ဖြစ်၏၊ နှလုံးမသွင်းခြင်းဟူသော အကြောင်းကြောင့် ငါ၏ တည်ကြည်မှု ‘သမာဓိ’ သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင်သည်လည်းကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ် ပျောက်၏၊ ငါ့အား ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ နှင့် နှလုံးမသွင်းခြင်...
1,339,666
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၂) အနုရုဒ္ဓါတို့ ထိုငါသည်။
1,339,667
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ အနုရုဒ္ဓါတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ငါ့အား ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ သည် ဖြစ်၏၊ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ဟူသော အကြောင်းကြောင့်လည်း ငါ၏ တည် ကြည်မှု ‘သမာဓိ'သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင်သည်လည်းကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ်ပျောက်၏၊ ငါ့အား ယုံမှားခြင်း ‘ဝိစိ...
1,339,668
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အနုရုဒ္ဓါတို့ ထိုငါသည်။
1,339,669
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ အနုရုဒ္ဓါတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ငါ့အား ကိုယ်ခက်တရော်ရှိခြင်းသည် ဖြစ်၏၊ ကိုယ်ခက်တရော် ရှိခြင်းဟူသော အကြောင်းကြောင့်လည်း ငါအား တည်ကြည်မှု ‘သမာဓိ'သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင်သည်လည်း ကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ်ပျောက်၏၊ အနုရုဒ္ဓါတို့ ဥပမာအားဖြင့် ယောကျ်ား သည...
1,339,670
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၄) အနုရုဒ္ဓါတို့ ထိုငါသည်။
1,339,671
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ အနုရုဒ္ဓါတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ငါ့အား ပေါ်လွင်ရွှင်လန်းမှု ‘ဗလဝပီတိ'သည် ဖြစ်၏၊ ပေါ်လွင်ရွှင်လန်းမှု ‘ဗလဝပီတိ’ ဟူသော အကြောင်းကြောင့်လည်း ငါအား တည်ကြည်မှု ‘သမာဓိ'သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင် သည်လည်းကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ်ပျောက်၏၊ အနုရုဒ္ဓါတို့ ဥပမာအာ...
1,339,672
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၅) အနုရုဒ္ဓါတို့ ထိုငါသည်။
1,339,673
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ အနုရုဒ္ဓါတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ငါ့အား ရုန့်ရင်းကြမ်းတမ်းခြင်းသည် ဖြစ်၏၊ ရုန့်ရင်းကြမ်းတမ်းခြင်းဟူသော အကြောင်းကြောင့်လည်း ငါ၏ တည်ကြည်မှု'သမာဓိ'သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင်သည်လည်း ကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ်ပျောက်၏၊ ငါ့အား ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ နှလုံ...
1,339,674
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၆) အနုရုဒ္ဓါတို့ ထိုငါသည်။
1,339,675
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ အနုရုဒ္ဓါတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ငါ့အား အားထုတ်အပ်သော ဝီရိယလွန်ခြင်းသည် ဖြစ်၏၊ အားထုတ်အပ်သော ဝီရိယလွန်ခြင်းဟူသော အကြောင်း ကြောင့်လည်း ငါ့အား တည်ကြည်မှု ‘သမာဓိ’ သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင်သည်လည်းကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ်ပျောက်၏။
1,339,676
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အနုရုဒ္ဓါတို့ ဥပမာအားဖြင့် ယောကျ်ားသည် လက်နှစ်ဖက်တို့ဖြင့် ငုံးကို တင်းကြပ်စွာ ဖမ်းရာ၏၊ ထိုငုံးသည် ထို လက်ထဲ၌သာလျှင် သေရာသကဲ့သို့ အနုရုဒ္ဓါတို့ ဤဥပမာအတူသာလျှင် ငါ့အား အားထုတ်အပ်သော ဝီရိယလွန်ခြင်းသည် ဖြစ်၏၊ အားထုတ်အပ်သော ဝီရိ ယလွန်ခြင်းဟူသော အကြောင်းကြောင့်လည်း ငါ၏ တည်ကြည်မှု ‘သမာဓိ’ သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွ...
1,339,677
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ အနုရုဒ္ဓါတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ငါ့အား အလွန် ဆုတ်နစ်သော ဝီရိယသည် ဖြစ်၏၊ အလွန်ဆုတ်နစ်သော ဝီရိယဟူသော အကြောင်းကြောင့်လည်း ငါ့အား တည်ကြည်မှု ‘သမာဓိ'သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင်သည်လည်း ကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ်ပျောက်၏။
1,339,678
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အနုရုဒ္ဓါတို့ ဥပမာအားဖြင့် ယောကျ်ား သည် ငုံးကို လျော့လျော့ ဖမ်းကိုင်ရာ၏၊ ထိုငုံးသည် ထိုယောကျ်ား၏ လက်မှ ပျံတက်ရာသကဲ့သို့ အနုရုဒ္ဓါ တို့ ဤဥပမာအတူသာလျှင် ငါ့အား အလွန်ဆုတ်နစ်သော ဝီရိယသည် ဖြစ်၏၊ အလွန်ဆုတ်နစ်သော ဝီရိယဟူသော အကြောင်းကြောင့်လည်း ငါ၏ တည်ကြည်မှု ‘သမာဓိ'သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင်သည်လည်းက...
1,339,679
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၈) အနုရုဒ္ဓါတို့ ထိုငါသည်။
1,339,680
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ အနုရုဒ္ဓါတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ငါ့အား တောင့်တခြင်း ‘တဏှာ'သည် ဖြစ်၏၊ တောင့်တခြင်း ‘တဏှာ’ ဟူသော အကြောင်းကြောင့် ငါ့အား တည် ကြည်မှု ‘သမာဓိ'သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင်သည်လည်းကောင်း၊ ရူပါရုံတို့ကို မြင်ခြင်း သည်လည်းကောင်း ကွယ်ပျောက်၏၊ ငါ့အား ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ နှလုံးမသွင်...
1,339,681
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၉) အနုရုဒ္ဓါတို့ ထိုငါသည်။
1,339,682
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ အနုရုဒ္ဓါတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ “ငါ့အား အထူးထူးသော သဘောရှိသော သညာသည် ဖြစ်၏။
1,339,683
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အထူးထူးသော သဘောရှိသော သညာဟူသော အကြောင်းကြောင့် ငါ၏ တည်ကြည်မှု ‘သမာဓိ'သည် ရွေ့လျော၏၊ တည်ကြည်မှု ‘သမာဓိ’ ရွေ့လျောသော် အရောင်သည်လည်းကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ်ပျောက်၏၊ ငါ့အား ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ နှလုံးမသွင်းခြင်း ‘အမနသိကာရ’ ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကိုယ်ခက်တရော်ရှိခြင်း ‘ဆမ္ဘိ တတ္တ’ ပေါ်လ...
1,339,684
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အနုရုဒ္ဓါတို့ ထိုငါသည် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့ ) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသည်ရှိသော် (ပရိကံသမာဓိကြောင့်ဖြစ်သော) အရောင်ကိုလည်းကောင်း ရူပါရုံတို့ကို (ဒိဗ္ဗစက္ခုအဘိ ညာဏ်ဖြင့်) မြင်ခြင်းကိုလည်းကောင်း သိ၏၊ ငါ့အား ထိုအရောင်သည်လည်းကောင်း ထိုရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း မကြာမြင့်မီသာလျှင်...
1,339,685
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အနုရုဒ္ဓါတို့ ထိုငါ့အား “ရူပါရုံတို့ကို အလွန်ရှုခြင်းသည် ဖြစ်၏၊ ရူပါရုံတို့ကို အလွန်ရှုခြင်းဟူသော အကြောင်းကြောင့်လည်း ငါ၏ တည်ကြည်မှု ‘သမာဓိ’ သည် ရွေ့လျော၏၊ တည် ကြည်မှု'သမာဓိ’ ရွေ့လျောသော် အရောင်ကိုလည်းကောင်း၊ ရူပါရုံတို့ကို မြင်ခြင်းသည်လည်းကောင်း ကွယ် ပျောက်၏၊ ငါ့အား ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ နှလုံးမသွင်းခြင်း ‘အမနသိကာ...
1,339,686
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၁၁) ၂၄၂။
1,339,687
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အနုရုဒ္ဓါတို့ ထိုငါသည် “ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ သည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော ‘ဝိစိကိစ္ဆာ'ကို ပယ်စွန့်၏။
1,339,688
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“နှလုံးမသွင်းခြင်းသည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော နှလုံးမသွင်းခြင်းကို ပယ်စွန့်၏။
1,339,689
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ'သည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်း ဖြစ်သော ‘ထိနမိဒ္ဓ’ ကို ပယ်စွန့်၏၊ “ကိုယ်ခက်တရော်ရှိခြင်းသည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု့သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော ကိုယ်ခက်တရော်ရှိခြင်းကို ပယ်စွန့်၏၊ “ပေါ်လွင်ရွှင်လန်းမှု ‘ဗလဝ ပီတိ'သည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်...
1,339,690
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“ရုန့်ရင်းကြမ်းတမ်းခြင်းသည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော ရုန့်ရင်းကြမ်းတမ်းခြင်းကို ပယ်စွန့်၏။
1,339,691
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“အားထုတ်အပ်သော ဝီရိယလွန်ခြင်းသည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော အား ထုတ်အပ်သော ဝီရိယလွန်ခြင်းကို ပယ်စွန့်၏။
1,339,692
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“အလွန်ဆုတ်နစ်သော ဝီရိယသည် စိတ်၏ ညစ်နွမ်း ကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော အလွန်ဆုတ်နစ်သော ဝီရိယကို ပယ်စွန့်၏။
1,339,693
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“တောင့်တခြင်း ‘တဏှာ'သည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်း ဖြစ်သော တောင့်တခြင်း ‘တဏှာ’ ကို ပယ်စွန့်၏။
1,339,694
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“အထူးထူးသော သဘောရှိသော သညာသည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော အထူးထူးသော သဘောရှိသော သညာကို ပယ်စွန့်၏။
1,339,695
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“ရူပါရုံတို့ကို အလွန်ရှုခြင်းသည် စိတ်၏ ညစ်နွမ်းကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်နွမ်းကြောင်းဖြစ်သော ရူပါရုံတို့ကို အလွန်ရှုခြင်းကို ပယ်စွန့်၏။
1,339,696
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၂၄၃။ အနုရုဒ္ဓါတို့ ထိုငါသည် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် အလုံးစုံသော ညဉ့်ပတ်လုံး အလုံးစုံသော နေ့ပတ်လုံး အလုံးစုံသော ညဉ့်နေ့ပတ်လုံး အရောင်ကိုသာလျှင် သိ၏၊ ရူပါရုံတို့ကို (ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်) မမြင်။
1,339,697
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရူပါရုံ တို့ကိုသာလျှင် (ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်) မြင်၏၊ အရောင်တို့ကို မသိ။
1,339,698
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အနုရုဒ္ဓါတို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏ ‘ငါသည် ထိုအခါ၌ အလုံးစုံသော ညဉ့်ပတ်လုံး အလုံးစုံသော နေ့ပတ်လုံး အလုံးစုံ သော ညဉ့်နေ့ပတ်လုံး အရောင်ကိုသာလျှင် သိ၏၊ ရူပါရုံတို့ကို (ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်) မမြင်။
1,339,699
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရူပါရုံတို့ ကိုသာလျှင် (ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်) မြင်၏၊ အရောင်ကိုမူကား မသိ။
1,339,700
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုအကြောင်းရင်းကား အဘယ် နည်း၊ ထိုအထောက်အပံ့ကား အဘယ်နည်”ဟု ( ဤအကြံသည် ဖြစ်၏)။