id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,339,201
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား ဘုရားအလောင်း၏ သတိ, ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံ၍ တုသိတာနတ်ပြည်၌ ဖြစ်ခြင်းကိုလည်း မြတ်စွာဘုရား၏ အံ့ဖွယ်ဟူ၍လည်းကောင်း၊ မဖြစ်စဖူး ထူးသောသဘောဟူ၍လည်း ကောင်း အကျွန်ုပ် မှတ်သားမိပါ၏။
1,339,202
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၁) မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်မှ “အာနန္ဒာ ဘုရားအလောင်းသည် သတိဆင်ခြင်ဉာဏ်နှင့် ပြည့်စုံ၍ တုသိတာနတ်ပြည်၌ တည်၏” ဟူသော စကားကို ကြားနာရဖူးပါ၏၊ ခံယူရဖူးပါ၏။
1,339,203
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား ဘုရားအလောင်း၏ သတိ, ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံ၍ တုသိတာနတ်ပြည်၌ တည်ခြင်းကိုလည်း မြတ်စွာဘုရား၏ အံ့ဖွယ်ဟူ၍လည်းကောင်း၊ မဖြစ်စဖူး ထူးသောသဘောဟူ၍လည်း ကောင်း အကျွန်ုပ် မှတ်သားမိပါ၏။
1,339,204
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်မှ “အာနန္ဒာ ဘုရားအလောင်း သည် အသက်ထက်ဆုံး တုသိတာနတ်ပြည်၌ တည်၏”ဟူသော စကားကို ကြားနာရဖူးပါ၏၊ ခံယူရဖူးပါ၏။
1,339,205
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား ဘုရားအလောင်း၏ အသက်ထက်ဆုံး တုသိတာနတ်ပြည်၌ တည်ခြင်းကိုလည်း မြတ်စွာဘုရား၏ အံ့ဖွယ်ဟူ၍လည်းကောင်း၊ မဖြစ်စဖူး ထူးသောသဘောဟူ၍လည်းကောင်း အကျွန်ုပ် မှတ်သားမိပါ၏။
1,339,206
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၃) မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်မှ “အာနန္ဒာ ဘုရားအလောင်းသည် သတိ, ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံ၍ တုသိတာနတ်ပြည်မှ စုတေကာ အမိဝမ်းတိုက်သို့ သက်ဝင်၏” ဟူသော စကားကို ကြားနာရဖူးပါ၏၊ ခံယူရဖူးပါ၏။
1,339,207
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား ဘုရားအလောင်း၏ သတိ, ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံ၍ တုသိတာနတ်ပြည်မှ စုတေကာ အမိဝမ်းတိုက်သို့ သက်ဝင်ခြင်းကိုလည်း မြတ်စွာဘုရား၏ အံ့ဖွယ်ဟူ၍လည်းကောင်း၊ မဖြစ်စဖူး ထူးသောသဘောဟူ၍လည်းကောင်း အကျွန်ုပ် မှတ်သားမိပါ၏။
1,339,208
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၄) ၂၀၁။
1,339,209
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်မှ “အာနန္ဒာ ဘုရားအလောင်း သည် တုသိတာနတ်ပြည်မှ စုတေ၍ အမိဝမ်းတိုက်သို့ သက်ဝင်သောအခါ နတ်နှင့်တကွသော မာရ်နှင့်တကွ သော ဗြဟ္မာနှင့်တကွသော ဤလောက၌လည်းကောင်း၊ (သာသနာတော်အတွင်း အပဖြစ်သော) သမဏ ဗြာဟ္မဏနှင့်တကွ မင်းများ လူအများနှင့်တကွသော သတ္တဝါအပေါင်း၌လည်းကောင်း အတိုင်းမရှိ ပျံ့နှံ့နို...
1,339,210
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ကန်းသည်၏အဖြစ်ကို ပြုတတ်သော အမိုက်မှောင်နှင့် ပြည့်စုံကုန်သော လောကန္တရိက်ငရဲတို့၌ ဤသို့တန်ခိုးကြီးကုန်သော ဤသို့အာနုဘော်ကြီး ကုန်သော ဤလနေတို့သည် မိမိအရောင်ဖြင့် မထွန်းလင်းနိုင်ကုန်၊ ထိုလောကန္တရိက်ငရဲတို့၌သော်လည်း အတိုင်းမရှိ ပျံ့နှံ့နိုင်သော အလွန်အကဲတောက်ပသော အလင်းရောင်သည် နတ်တို့၏ တန်ခိုးအရောင်ကို လွန်၍ လောက၌ ထင်ရှား...
1,339,211
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုလောကန္တရိက် ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်လည်း ထိုဘုရား အလောင်း ပဋိသန္ဓေနေ၍ တောက်ပသော အလင်းရောင်ဖြင့် ‘အို-အချင်းတို့ ဤနေရာ၌ ဖြစ်လာကုန်သော တစ်ပါးသောသတ္တဝါတို့သည်လည်း ရှိကုန်ချေ၏တကား’ဟု အချင်းချင်းသိကုန်၏။
1,339,212
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤတစ်သောင်းသော လောကဓာတ်သည်လည်း ပြင်းစွာတုန်လှုပ်၏၊ အောက်အထက်တုန်လှုပ်၏၊ အိုးထိန်းစက်သို့ သွက်သွက်ခါ တုန်လှုပ်၏၊ အတိုင်းမရှိ ပျံ့နှံ့နိုင်သော အလွန်အကဲတောက်ပသော အလင်းရောင်သည် နတ်တို့၌ တန်ခိုးအရောင်ကို လွန်၍ လောက၌ ထင်ရှားဖြစ်၏” ဟူသော စကားကို ကြားနာရဖူးပါ၏၊ ခံယူရဖူးပါ၏။
1,339,213
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ ဤသည်ကိုလည်း မြတ်စွာဘုရား၏ အံ့ဩဖွယ်ဟူ၍လည်းကောင်း၊ မဖြစ်စဖူး ထူးသော သဘောဟူ၍လည်းကောင်း အကျွန်ုပ် မှတ်သားမိပါ၏။
1,339,214
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၅) ၂၀၂။
1,339,215
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်မှ “အာနန္ဒာ ဘုရားအလောင်း သည့်အမိဝမ်းတိုက်သို့ သက်ဝင်သောအခါ လေးပါးသော နတ်မင်းကြီးတို့သည် ‘ထိုဘုရားအလောင်းကိုလည်းကောင်း၊ ဘုရားအလောင်းမယ်တော်ကိုလည်းကောင်း၊ တစ်စုံတစ်ယောက်သော လူသည်လည်းကောင်း၊ ဘီလူးသည်လည်းကောင်း မညှဉ်းဆဲစေသတည်း’ဟု အရပ်လေးမျက်နှာမှ စောင့်ရှောက်ခြင်းငှါ ကပ်ရောက် ...
1,339,216
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား ဘုရားအလောင်း၏ အမိ ဝမ်းတိုက်သို့ သက်ဝင်သောအခါ။
1,339,217
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ ကပ်ရောက်ကြခြင်းကိုလည်း မြတ်စွာဘုရား၏ အံ့ဩဖွယ်ဟူ၍လည်း ကောင်း၊ မဖြစ်စဖူး ထူးသောသဘော ဟူ၍လည်းကောင်း အကျွန်ုပ် မှတ်သားမိပါ၏။
1,339,218
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၆) ၂၀၃။
1,339,219
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်မှ “အာနန္ဒာ ဘုရားအလောင်း သည် အမိဝမ်းတိုက်သို့ သက်ဝင်သောအခါ ဘုရားအလောင်း၏ မယ်တော်သည် ပင်ကိုယ်သီလရှိ၏၊ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ ဖောက်ပြန်လွန် ကျူး၍ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ မေ့လျော့ခြင်း၏ အကြ...
1,339,220
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ မြတ်စွာဘုရား၏ အံ့ဩဖွယ်ဟူ၍လည်းကောင်း၊ မဖြစ်စဖူး ထူးသောသဘောဟူ၍လည်းကောင်း အကျွန်ုပ်မှတ် သားမိပါ၏။
1,339,221
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၇) မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်မှ “အာနန္ဒာ ဘုရားအလောင်းသည် အမိဝမ်းတိုက်သို့ သက်ဝင်သောအခါ ဘုရားအလောင်း၏ မယ်တော်သည် ယောက်ျားဟူသမျှတို့၌ ကာမဂုဏ်နှင့်စပ်သော စိတ်သည် မဖြစ်၊ ဘုရားအလောင်းမယ်တော်ကိုလည်း တစ်စုံတစ်ယောက်သော ယောက်ျားကမျှ တပ်မက်သော စိတ်ဖြင့် မလွန်ကျူးနိုင်” ဟူသော စကားကို ကြားနာရဖူးပါ၏၊ ခံယူရဖူး ...
1,339,222
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ မြတ်စွာဘုရား၏ အံ့ဩဖွယ်ဟူ၍လည်းကောင်း၊ မဖြစ်စဖူး ထူးသောသဘော ဟူ၍လည်းကောင်း အကျွန်ုပ် မှတ်သားမိပါ၏။
1,339,223
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၈) မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်မှ “အာနန္ဒာ ဘုရားအလောင်းသည် အမိဝမ်းတိုက်သို့ သက်ဝင်သောအခါ ဘုရားအလောင်း၏ မယ်တော်သည် ကာမဂုဏ်ငါးပါးတို့ကို ရ၏၊ ထိုဘုရားအလောင်း၏ မယ်တော်သည် ကာမဂုဏ်ငါးပါးတို့နှင့် ပြည့်စုံလုံလောက်သည်ဖြစ်၍ စံပယ်၏” ဟူသော စကားကို ကြားနာရဖူးပါ၏၊ ခံယူရဖူးပါ၏။
1,339,224
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ မြတ်စွာဘုရား၏ အံ့ဩဖွယ်ဟူ၍လည်းကောင်း မဖြစ်စဖူး ထူးသောသဘောဟူ၍လည်းကောင်း အကျွန်ုပ် မှတ်သားမိပါ၏။
1,339,225
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၂၀၄။ မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်မှ “အာနန္ဒာ ဘုရားအလောင်း သည် အမိဝမ်းတိုက်သို့ သက်ဝင်သောအခါ ဘုရားအလောင်း၏ မယ်တော်အား တစ်စုံတစ်ခုသောအနာမျှ မဖြစ်၊ ဘုရားအလောင်း၏ မယ်တော်သည် မပင်ပန်းသော ကိုယ်ရှိသည်ဖြစ်၍ ချမ်းသာ၏၊ ဘုရား အလောင်း၏ မယ်တော်သည် ဝမ်းတိုက်တွင်း၌ ရောက်နေသော ဘုရားအလောင်းကို အလုံးစုံအင်္ဂါကြီးငယ် န...
1,339,226
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အာနန္ဒာ ဤဥပမာအတူသာလျှင် ဘုရားအလောင်းသည် အမိဝမ်းတိုက်သို့ သက်ဝင်သောအခါ ဘုရား အလောင်း၏ မယ်တော်အား တစ်စုံတစ်ခုသော အနာမျှမဖြစ်၊ ဘုရားအလောင်း၏ မယ်တော်သည် မပင် ပန်းသော ကိုယ်ရှိ၍ ချမ်းသာ၏၊ ဘုရားအလောင်း၏ မယ်တော်သည် ဝမ်းတိုက်အတွင်း၌ ရောက်သော ဘုရားအလောင်းကို အလုံးစုံ အင်္ဂါကြီးငယ်နှင့် ပြည့်စုံသည်ကိုလည်းကောင်း၊ မယုတ်လျော့သော ဣန္...
1,339,227
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ မြတ်စွာဘုရား၏ အံ့ဩဖွယ်ဟူ၍လည်းကောင်း၊ မဖြစ်စဖူး ထူးသောသဘောဟူ၍လည်းကောင်း အကျွန်ုပ် မှတ်သားမိပါ၏။
1,339,228
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်မှ “အာနန္ဒာ ဘုရားအလောင်း သည် ဖွားမြင်၍ ခုနစ်ရက်မြောက်သော် ဘုရားအလောင်းမယ်တော်သည် နတ်ရွာစံ၍ တုသိတာနတ်ပြည်၌ ဖြစ်၏”ဟူသော စကားကို ကြားနာရဖူးပါ၏၊ ခံယူရဖူးပါ၏။
1,339,229
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၁၁) မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်မှ “အာနန္ဒာ တစ်ပါးသော မိန်းမတို့ သည် ကိုးလသော်လည်းကောင်း၊ ဆယ်လသော်လည်းကောင်း ကိုယ်ဝန်ကို ဝမ်းဖြင့်လွယ်၍ ဖွားမြင်ရကုန် သကဲ့သို့ ဘုရားအလောင်း၏ မယ်တော်သည် ဘုရားအလောင်းကို မဖွားမြင်ရ။
1,339,230
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဘုရားလောင်း၏မယ်တော် သည် ဘုရားအလောင်းကို ဆယ်လတိုင်တိုင် ဝမ်းဖြင့် လွယ်၍ ဖွားမြင်ရ၏” ဟူသော စကားကို ကြားနာရ ဖူးပါ၏၊ ခံယူရဖူးပါ၏။
1,339,231
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၁၂) မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်မှ “အာနန္ဒာ တစ်ပါးသော မိန်းမတို့ သည် ထိုင်ကုန်၍သော်လည်းကောင်း၊ လျောင်းကုန်၍သော်လည်းကောင်း ဖွားမြင်ကုန်သကဲ့သို့ ဘုရား အလောင်း၏ မယ်တော်သည် ဘုရားအလောင်းကို မဖွားမြင်ရ။
1,339,232
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဘုရားအလောင်းမယ်တော်သည် ရပ်လျက် သာလျှင် ဘုရားအလောင်းကို ဖွားမြင်၏” ဟူသော စကားကို ကြားနာရဖူးပါ၏၊ ခံယူရဖူးပါ၏။
1,339,233
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်မှ “အာနန္ဒာ ဘုရားအလောင်းသည် မယ်တော်ဝမ်းမှ ဖွားမြင်သောအခါ ထိုဘုရားအလောင်းကို သုဒ္ဓါဝါသအရိယဗြဟ္မာတို့သည် ရှေးဦးစွာ ခံယူကုန်၏၊ လူတို့သည် နောက်မှ ခံယူရကုန်၏” ဟူသော စကားကို ကြားနာရဖူးပါ၏၊ ခံယူရဖူးပါ၏။
1,339,234
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ မြတ်စွာဘုရား၏ အံ့ဩဖွယ်ဟူ၍လည်းကောင်း၊ မဖြစ်စဖူး ထူးသောသဘောဟူ၍လည်း ကောင်း အကျွန်ုပ် မှတ်သားမိပါ၏။
1,339,235
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၁၄) ၂၀၆။
1,339,236
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်မှ “အာနန္ဒာ ဘုရားအလောင်းသည် မယ်တော်ဝမ်းမှ ဖွားမြင်သောအခါ မြေသို့ မကျသည်သာဖြစ်၏၊ ထိုဘုရားအလောင်းကို လေးယောက်သော စာတုမဟာရာဇ်နတ်တို့သည် ခံယူကြပြီးလျှင် ‘ရှင်မိဖုရား ဝမ်းမြောက်တော်မူလော့၊ သင်မိဖုရားအား တန်ခိုးကြီးသောသား ဖွားမြင်၏’ဟု ပြောဆိုကုန်၍ မယ်တော်၏ ရှေ့၌ ထားကုန်၏” ဟူသော ...
1,339,237
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၁၅) မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်မှ “အာနန္ဒာ ဘုရားအလောင်း၏ မယ်တော်ဝမ်းမှ ဖွားမြင်သောအခါ အထူးသန့်ရှင်းစင်ကြယ်သည် ဖြစ်၍သာလျှင် ဖွားမြင်၏၊ ရေဖြင့် မလိမ်းကျံမူ၍လည်းကောင်း၊ သလိပ်ဖြင့် မလိမ်းကျံမူ၍လည်းကောင်း သွေးဖြင့် မလိမ်းကျံမူ၍လည်းကောင်း တစ်စုံတစ်ခုသော မစင်ကြယ်သောဝတ္ထုဖြင့် မလိမ်းကျံမူ၍လည်းကောင်း စင်ကြယ...
1,339,238
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၁၆) မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်မှ “အာနန္ဒာ ဘုရားအလောင်း၏ မယ်တော်ဝမ်းမှ ဖွားမြင်သောအခါ နှစ်ခုသော ရေအလျဉ်တို့သည် ကောင်းကင်၌ ထင်ရှားဖြစ်ကုန်၏၊ တစ်ခုသော ရေအလျဉ်သည် အေးသော ရေအလျဉ်တည်း၊ တစ်ခုသော ရေအလျဉ်သည် ပူသော ရေ အလျဉ်တည်း၊ ယင်းရေအလျဉ်ဖြင့် ဘုရားအလောင်းအားလည်းကောင်း၊ ဘုရားအလောင်း၏ မယ်တော် အားလည်းကောင်း...
1,339,239
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၁၇) ၂၀၇။
1,339,240
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်မှ “အာနန္ဒာ ဖွားခါစဖြစ်သော ဘုရားအလောင်းသည် ညီညွတ်သော ခြေတို့ဖြင့် မြေ၌ ရပ်တည်ပြီးလျှင် မြောက်အရပ်သို့ ရှေးရှု ခုနစ် ဖဝါးလှမ်းသဖြင့် ကြွမြန်း၏၊ ထီးဖြူတော်ဆောင်းလျက် အလုံးစုံအရပ်တို့ကိုလည်း ကြည့်ရှု၏၊ ‘ငါသည် လောကမှာ ထိပ်ဆုံးဖြစ်၏၊ ငါသည် လောကမှာ အကြီးဆုံးဖြစ်၏၊ ငါသည် လောကမှာ ...
1,339,241
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်မှ “အာနန္ဒာ ဘုရားအလောင်း၏ မယ်တော်ဝမ်းမှ ဖွားမြင်သောအခါ နတ်နှင့်တကွသော မာရ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤလောက၌လည်းကောင်း၊ (သာသနာတော်အတွင်းအပဖြစ်သော) သမဏဗြာဟ္မဏနှင့် တကွသော မင်းများ လူများနှင့် တကွသော သတ္တဝါအပေါင်း၌လည်းကောင်း အတိုင်းမရှိ ပျံ့နှံ့နိုင်သော အလွန်အကဲတောက်ပသော အ...
1,339,242
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုလောကန္တရိက်ငရဲတို့၌ ဖြစ်ကုန်သော သတ္တဝါတို့သည်လည်း ထိုဘုရားလောင်းကို စွဲ၍ဖြစ်သော အလင်း ရောင်ဖြင့် ‘အိုအချင်းတို့ ဤနေရာ၌ ဖြစ်လာကုန်သော တစ်ပါးသော သတ္တဝါတို့သည်လည်း ရှိကုန်ချေ၏ တကား’ဟု အချင်းချင်း သိကုန်၏။
1,339,243
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဤတစ်သောင်းသော လောကဓာတ်သည်လည်း ပြင်းစွာတုန်လှုပ်၏၊ အောက်အထက် တုန်လှုပ်၏၊ အိုးထိန်းစက်ကဲ့သို့ သွက်သွက်ခါတုန်လှုပ်၏၊ အတိုင်းမရှိ ပျံ့နှံ့နိုင်သော အလွန်အကဲတောက်ပသော အလင်းရောင်သည်လည်း နတ်တို့၏ အရောင်ကို လွန်၍ လောက၌ ထင်ရှား ဖြစ်၏” ဟူသော စကားကို ကြားနာရဖူးပါ၏၊ ခံယူရဖူးပါ၏။
1,339,244
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၁၉) ၂၀၈။
1,339,245
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အာနန္ဒာ ထိုသို့ဖြစ်လျှင် သင်သည် ဤဆိုလတ္တံ့သော အကြောင်းကိုလည်း ငါဘုရား၏ အံ့ဩဖွယ်ဟူ၍လည်းကောင်း၊ မဖြစ်စဖူး ထူးသောသဘောဟူ၍လည်းကောင်း မှတ်လေလော့။
1,339,246
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အာနန္ဒာ ငါဘုရားအား ဝေဒနာတို့သည် ထင်ရှားစွာ ဖြစ်ကုန်၏၊ ထင်ရှားစွာ တည်ကုန်၏၊ ထင်ရှားစွာ ချုပ်ခြင်းသို့ ရောက်ကုန်၏၊ သညာတို့သည် ထင်ရှားစွာဖြစ်ကုန်၏။
1,339,247
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ ဝိတက်တို့သည် ထင်ရှားစွာ ဖြစ်ကုန်၏၊ ထင်ရှားစွာ တည်ကုန်၏၊ ထင်ရှားစွာ ချုပ်ခြင်းသို့ ရောက်ကုန်၏၊ အာနန္ဒာ သင်သည် ဤအကြောင်းကိုလည်း ငါဘုရား၏ အံ့ဩဖွယ်ဟူ၍လည်းကောင်း၊ မဖြစ်စဖူး ထူးသောသဘောဟူ၍လည်းကောင်း မှတ်လော့ဟု (မိန့်တော်မူ၏)။
1,339,248
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရား မြတ်စွာဘုရားအား ဝေဒနာတို့သည် ထင်ရှားစွာဖြစ်ခြင်း ထင်ရှားစွာတည်ခြင်း ထင်ရှားစွာ ချုပ်ခြင်းသို့ ရောက်ခြင်း၊ သညာတို့သည် ထင်ရှားစွာ ဖြစ်ခြင်း။
1,339,249
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ ဝိတက်တို့သည် ထင်ရှား စွာဖြစ်ခြင်း ထင်ရှားစွာတည်ခြင်း ထင်ရှားစွာချုပ်ခြင်းသို့ ရောက်ခြင်းကိုလည်း မြတ်စွာဘုရား၏ အံ့ဩဖွယ် ဟူ၍လည်းကောင်း မဖြစ်စဖူး ထူးသောသဘောဟူ၍လည်းကောင်း မှတ်သားထားပါအံ့ဟု (လျှောက်၏)။
1,339,250
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်အာနန္ဒာသည် ဤစကားကို လျှောက်ထား၏။
1,339,251
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မြတ်စွာဘုရားသည် လက်ခံတော်မူ၏။
1,339,252
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထို ရဟန်းတို့သည် အသျှင်အာနန္ဒာ၏ စကားကို ဝမ်းမြေက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။
1,339,253
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သုံးခုမြောက် အစ္ဆရိယအဗ္ဘုတသုတ် ပြီး၏။
1,339,254
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
-- ၄-ဗာကုလသုတ်
1,339,255
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၂၀၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
1,339,256
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အခါတစ်ပါး၌ အသျှင်ဗာကုလသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေ၏။
1,339,257
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ထိုအခါ အသျှင်ဗာကုလ၏ ရှေးလူဖြစ်စဉ်က မိတ်ဆွေဖြစ်သော အစေလကဿပသည် အသျှင်ဗာကုလထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်ဗာကုလနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေ၍ သင့်လျော်ရာ၌ ထိုင်ကာ အသျှင် ဗာကုလအား ဤစကားကို ပြောဆို၏-
1,339,258
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“ငါ့သျှင်ဗာကုလ ရဟန်းပြုသည်မှာ အဘယ်မျှကြာပြီနည်း”ဟု (မေး၏)။
1,339,259
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါ့သျှင် ငါရဟန်းပြု သည်မှာ အနှစ်ရှစ်ဆယ်ရှိပြီဟု (ဆို၏)။
1,339,260
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါ့သျှင်ဗာကုလ ဤအနှစ်ရှစ်ဆယ်အတွင်းမှာ ဘယ်နှစ်ကြိမ် မေထုန်အကျင့်ကို သင်မှီဝဲသနည်းဟု (မေး၏)။
1,339,261
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါ့သျှင်ကဿပ ငါ့အား “ငါ့သျှင်ဗာကုလ ဤအနှစ် ရှစ်ဆယ်အတွင်းမှာ ဘယ်နှစ်ကြိမ် မေထုန်အကျင့်ကို သင်မှီဝဲသနည်း”ဟု မမေးသင့်။
1,339,262
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါ့သျှင်ကဿပ ငါ့အား “ငါ့သျှင်ဗာကုလ ဤအနှစ်ရှစ်ဆယ်အတွင်းမှာ ဘယ်နှစ်ကြိမ် ကာမဂုဏ်နှင့်စပ်သော သညာဖြစ်ဖူး့သနည်း”ဟုသာ မေးသင့်၏ဟု (ဆို၏)။
1,339,263
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
၂၁၀။ ငါ့သျှင်ကဿပ အနှစ်ရှစ်ဆယ်တို့ပတ်လုံး ရဟန်းပြုသော ငါ့အား ကာမဂုဏ်နှင့်စပ်သော သညာ ဖြစ်ဖူး၏ဟူ၍ မသိစဖူး။
1,339,264
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်ဗာကုလ၏ အနှစ်ရှစ်ဆယ်တို့ပတ်လုံး ကာမဂုဏ်နှင့်စပ်သော သညာကို ဖြစ်ဖူး၏ဟူ၍ မသိခြင်းကိုလည်း အသျှင်ဗာကုလ၏ အံ့ဩဖွယ်ဟူ၍လည်းကောင်း၊ မဖြစ်စဖူး ထူးသောသဘောဟူ၍လည်းကောင်း ငါတို့ မှတ်ရပါကုန်၏။
1,339,265
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၁) ငါ့သျှင်ကဿပ အနှစ်ရှစ်ဆယ်တို့ပတ်လုံး ရဟန်းပြုသော ငါ့အား သူတစ်ပါးအား ဖျက်ဆီးလိုမှုနှင့် စပ်သော သညာ။
1,339,266
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ သူတစ်ပါးအား ညှဉ်းဆဲလိုမှုနှင့်စပ်သောသညာ ဖြစ်ဖူး၏ဟူ၍ မသိစဖူး။
1,339,267
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင် ဗာကုလ၏ အနှစ်ရှစ်ဆယ်တို့ပတ်လုံး သူတစ်ပါးအား ညှဉ်းဆဲလိုမှုနှင့်စပ်သောသညာ ဖြစ်ဖူး၏ဟူ၍ မသိခြင်းကိုလည်း အသျှင်ဗာကုလ၏ အံ့ဩဖွယ်ဟူ၍လည်းကောင်း၊ မဖြစ်စဖူး ထူးသောသဘောဟူ၍လည်း ကောင်း ငါတို့မှတ်ရပါကုန်၏။
1,339,268
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၂-၃) ငါ့သျှင်ကဿပ အနှစ်ရှစ်ဆယ်တို့ပတ်လုံး ရဟန်းပြုသော ငါ့အား ကာမဂုဏ်နှင့်စပ်သော ကြံစည်ခြင်း ကာမဝိတက်ဖြစ်ဖူး၏ဟူ၍ မသိစဖူး။
1,339,269
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်ဗာကုလ၏ အနှစ်ရှစ်ဆယ်တို့ပတ်လုံး ကာမဂုဏ်နှင့် စပ်သော ကြံစည်ခြင်း ကာမဝိတက်ဖြစ်ဖူး၏ဟူ၍ မသိခြင်းကိုလည်း အသျှင်ဗာကုလ၏ အံ့ဩဖွယ်ဟူ၍လည်းကောင်း၊ မဖြစ်စဖူး ထူးသောသဘောဟူ၍လည်းကောင်း ငါတို့ မှတ်ရပါကုန်၏။
1,339,270
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၄) ငါ့သျှင်ကဿပ အနှစ်ရှစ်ဆယ်တို့ပတ်လုံး ရဟန်းပြုသော ငါ့အား သူတစ်ပါးအား ဖျက်ဆီးလိုမှု နှင့်စပ်သော ‘ဗျာပါဒ’ ဝိတက်။
1,339,271
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ သူတစ်ပါးအား ညှဉ်းဆဲလိုမှုနှင့် စပ်သော ‘ဝိဟိံသာ’ ဝိတက်ဖြစ်ဖူး၏ဟူ၍ မသိစဖူး။
1,339,272
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်ဗာကုလ၏ အနှစ်ရှစ်ဆယ်တို့ပတ်လုံး သူတစ်ပါးအား ညှဉ်းဆဲလိုမှုနှင့်စပ်သော ‘ဝိဟိံသာ’ ဝိတက်ဖြစ်ဖူး၏ဟူ၍ မသိခြင်းကိုလည်း အသျှင်ဗာကုလ၏ အံ့ဩဖွယ်ဟူ၍လည်းကောင်း၊ မဖြစ် စဖူး ထူးသောသဘောဟူ၍လည်းကောင်း ငါတို့ မှတ်ရပါကုန်၏။
1,339,273
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါ့သျှင်ကဿပ အနှစ်ရှစ်ဆယ်တို့ပတ်လုံး ရဟန်းပြုသော ငါသည် ဒါယကာတို့လှူသော သင်္ကန်းကို သာယာဖူး၏ဟူ၍ မသိစဖူး။
1,339,274
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်ဗာကုလ၏ အနှစ်ရှစ်ဆယ်တို့ပတ်လုံး ဒါယကာတို့ လှူသော သင်္ကန်းကို သာယာဖူး၏ဟူ၍ မသိခြင်းကိုလည်း အသျှင်ဗာကုလ၏ အံ့ဩဖွယ်ဟူ၍လည်းကောင်း၊ မဖြစ်စဖူး ထူးသောသဘောဟူ၍လည်းကောင်း ငါတို့ မှတ်ရပါကုန်၏။
1,339,275
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ငါ့သျှင်ကဿပ အနှစ်ရှစ်ဆယ်တို့ပတ်လုံး ရဟန်းပြုသော ငါ့အား သင်္ကန်းကို ဓားဖြင့် ဖြတ်ဖူး၏ဟူ ၍ မသိစဖူး။
1,339,276
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အသျှင်ဗာကုလ၏ အနှစ်ရှစ်ဆယ်တို့ပတ်လုံး သင်္ကန်းကို ဓားဖြင့် ဖြတ်ဖူး၏ဟူ၍ မသိခြင်း ကိုလည်း။
1,339,277
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ မှတ်ရပါကုန်၏။
1,339,278
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
(၈) ငါ့သျှင်ကဿပ အနှစ်ရှစ်ဆယ်တို့ပတ်လုံး ရဟန်းပြုသော ငါသည် သင်္ကန်းကို အပ်ဖြင့် ချုပ်ဖူး၏ ဟူ၍ မသိစဖူး။
1,339,279
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ သင်္ကန်းကို ဆိုးရည်ဖြင့်ဆိုးဖူး၏ဟူ၍ မသိစဖူး။
1,339,280
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ ကထိန်သင်္ကန်းကို ချုပ်ဖူး၏ ဟူ၍ မသိစဖူး။
1,339,281
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ သီတင်းသုံးဖော်တို့၏ သင်္ကန်းချုပ်ရာ၌ စီရင်ဖူး၏ဟူ၍ မသိစဖူး။
1,339,282
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပင့်ဖိတ်သော ဆွမ်းကို သာယာဖူး၏ဟူ၍ မသိစဖူး။
1,339,283
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
“တစ်စုံတစ်ယောက်သော ဒါယကာသည် ငါ့ကို ပင့်ဖိတ်မူ ကောင်းလေစွ”ဟု ဤသို့သဘောရှိသော စိတ်ဖြစ်ဖူး၏ဟူ၍ မသိစဖူး။
1,339,284
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရွာတွင်း၌ ထိုင်ဖူး၏ဟူ၍ မသိစဖူး။
1,339,285
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ပ။ ရွာတွင်း၌ စားဖူး၏ဟူ၍ မသိစဖူး။
1,339,286
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မာတုဂါမကို မိန်းမဟူသော အမှတ်လက္ခဏာအားဖြင့် ကြည့်ဖူး၏ဟူ၍ မသိ စဖူး။
1,339,287
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
မာတုဂါမအား အယုတ်ဆုံးအားဖြင့် လေးပါဒရှိသော ဂါထာမျှဖြင့် တရားကို ဟောဖူး၏ဟူ၍ မသိစဖူး။
1,339,288
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဘိက္ခုနီမကျောင်းသို့ ချဉ်းကပ်ဖူး၏ဟူ၍ မသိစဖူး။
1,339,289
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဘိက္ခုနီမအား တရားဟောဖူး၏ဟူ၍ မသိစဖူး။
1,339,290
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သိက္ခမာန်မအား တရားဟောဖူး၏ဟူ၍ မသိစဖူး။
1,339,291
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သာမဏေမအား တရားဟောဖူး၏ဟူ၍ မသိစဖူး။
1,339,292
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဥပဇ္ဈာယ်ပြုလျက် ရှင်ပြုဖူး၏ဟူ၍ မသိစဖူး။
1,339,293
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ဥပဇ္ဈာယ်ပြုလျက် ရဟန်းခံပေးဖူး၏ဟူ၍ မသိစဖူး။
1,339,294
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
နိဿရည်းပေးဖူး၏ဟူ၍ မသိစဖူး။
1,339,295
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သာမဏေကို လုပ်ကျွေးစေဖူး၏ဟူ၍ မသိစဖူး။
1,339,296
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရေချိုး ဆိပ်၌ ရေချိုးဖူး၏ ဟူ၍ မသိစဖူး။
1,339,297
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
ရေချိုးကသယ်မှုန့်ဖြင့် ရေချိုးဖူး၏ဟူ၍ မသိစဖူး။
1,339,298
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
သီတင်းသုံးဖော့်တို့၏ ကိုယ်ကို ဆုပ်နယ်မှု၌ စီရင်အပ်ဖူး၏ဟူ၍ မသိစဖူး။
1,339,299
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အယုတ်သဖြင့် နွားနို့တစ်ညှစ်ခန့်မျှလည်း အနာဖြစ်ဖူး၏ဟူ၍ မသိစဖူး။
1,339,300
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်
အယုတ်သဖြင့် သျှိသျှားသီးပိုင်းမျှလည်းဖြစ်သော ဆေးကို သုံးဆောင်ဖူး၏ ဟူ၍ မသိစဖူး။