id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,341,601 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဓမ္မာရုံတို့ကို “ဤဓမ္မာရုံသည် ငါ့ဟာတည်း၊ ဤဓမ္မာရုံသည် ငါတည်း၊ ဤဓမ္မာရုံသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှု၏။ |
1,341,602 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မနောဝိညာဏ်ကို “ဤ မနော ဝိညာဏ်သည် ငါ့ဟာတည်း၊ ဤမနောဝိညာဏ်သည် ငါတည်း၊ ဤမနောဝိညာဏ်သည် ငါ၏ ကိုယ်ပိုင်တည်း”ဟု ရှု၏။ |
1,341,603 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မနောသမ္ဖဿကို “ဤမနောသမ္ဖဿသည် ငါ့ဟာတည်း၊ ဤမနောသမ္ဖဿ သည် ငါတည်း၊ ဤမနောသမ္ဖဿသည် ငါ၏ ကိုယ် ‘အတ္တ'တည်း”ဟု ရှု၏။ |
1,341,604 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဝေဒနာကို “ဤဝေဒနာသည် ငါ့ဟာတည်း၊ ဤဝေဒနာသည် ငါတည်း၊ ဤဝေဒနာသည် ငါ၏ ကိုယ် ‘အတ္တ'တည်း”ဟု ရှု၏။ |
1,341,605 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | တဏှာကို “ဤတဏှာသည် ငါ့ဟာတည်း၊ ဤတဏှာသည် ငါတည်း၊ ဤတဏှာသည် ငါ၏ ကိုယ် ‘အတ္တ'တည်း”ဟု ရှု၏။ |
1,341,606 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ဤဆိုလတ္တံ့သည်ကား သက္ကာယ ချုပ်ခြင်းသို့ ရောက်ကြောင်းအကျင့်တည်း၊ စက္ခုဒွါရကို “ဤစက္ခုဒွါရသည် ငါ့ဟာမဟုတ်၊ ဤစက္ခုဒွါရသည် ငါမဟုတ်၊ ဤစက္ခုဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ |
1,341,607 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရူပါရုံတို့ကို “ဤရူပါရုံသည် ငါ့ဟာမဟုတ်၊ ဤရူပါရုံသည် ငါမဟုတ်၊ ဤရူပါရုံသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ |
1,341,608 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | စက္ခုဝိညာဏ်ကို “ဤစက္ခုဝိညာဏ်သည် ငါ့ဟာမဟုတ်၊ ဤစက္ခု ဝိညာဏ်သည် ငါမဟုတ်၊ ဤစက္ခုဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ |
1,341,609 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | စက္ခုသမ္ဖဿကို “ဤစက္ခုသမ္ဖဿသည် ငါ့ဟာမဟုတ်၊ ဤစက္ခုသမ္ဖဿသည် ငါမဟုတ်၊ ဤစက္ခုသမ္ဖဿသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ |
1,341,610 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဝေဒနာကို “ဤဝေဒနာသည် ငါ့ဟာမဟုတ်၊ ဤဝေဒနာသည် ငါမဟုတ်၊ ဤဝေဒနာသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ |
1,341,611 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | တဏှာကို “ဤတဏှာသည် ငါ့ဟာမဟုတ်၊ ဤ တဏှာသည် ငါမဟုတ်၊ ဤတဏှာသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ |
1,341,612 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- သောတဒွါရကို “ဤသောတဒွါရသည် ငါ့ဟာမဟုတ်၊ ဤသောတဒွါရသည် ငါမဟုတ်၊ ဤသောတဒွါရ သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ |
1,341,613 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ဃာနဒွါရကို “ဤဃာနဒွါရသည် ငါ့ဟာမဟုတ်၊ ဤဃာနဒွါရ သည် ငါမဟုတ်၊ ဤဃာနဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ |
1,341,614 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဇိဝှါဒွါရကို “ဤဇိဝှါဒွါရသည် ငါ့ဟာမဟုတ်၊ ဤဇိဝှါဒွါရသည် ငါမဟုတ်၊ ဤဇိဝှါဒွါရသည် ငါ၏ ကိုယ် ‘အတ္တ'မဟုတ်”ဟု ရှု၏။ |
1,341,615 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ကာယ ဒွါရကို “ဤကာယဒွါရသည် ငါ့ဟာမဟုတ်၊ ဤကာယဒွါရသည် ငါမဟုတ်၊ ဤကာယဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ |
1,341,616 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မနောဒွါရကို “ဤမနောဒွါရသည် ငါ့ဟာမဟုတ်၊ ဤမနောဒွါရသည် ငါမဟုတ်၊ ဤမနောဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ |
1,341,617 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဓမ္မာရုံတို့ကို “ဤဓမ္မာရုံသည် ငါ့ဟာမဟုတ်၊ ဤဓမ္မာရုံသည် ငါမဟုတ်၊ ဤဓမ္မာရုံသည် ငါ၏့ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ |
1,341,618 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မနောဝိညာဏ်ကို “ဤ မနောဝိညာဏ်သည် ငါ့ဟာ မဟုတ်၊ ဤမနောဝိညာဏ်သည် ငါမဟုတ်၊ ဤမနောဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ |
1,341,619 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မနောသမ္ဖဿကို “ဤမနောသမ္ဖဿသည် ငါ့ဟာမဟုတ်၊ ဤမနော သမ္ဖဿသည် ငါမဟုတ်၊ ဤမနောသမ္ဖဿသည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ |
1,341,620 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | တဏှာကို “ဤတဏှာသည် ငါ့ဟာမဟုတ်၊ ဤတဏှာသည် ငါမဟုတ်၊ ဤတဏှာ သည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှု၏။ |
1,341,621 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၄၂၅။ ရဟန်းတို့ စက္ခုဒွါရနှင့် ရူပါရုံကို စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံ ခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် သုခသော်လည်းကောင်း ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာသည် ဖြစ်၏။ |
1,341,622 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ ဖြင့် တွေ့ထိသည်ရှိသော် နှစ်သက်၏၊ တမ်းတ၏၊ မက်မော၍ တည်၏၊ ထိုပုပ္ဂိုလ်အား ရာဂါနုသယသည် ကိန်း၏။ |
1,341,623 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဒုက္ခဝေဒနာဖြင့် တွေ့ထိသည်ရှိသော် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး ငို၏၊ တွေဝေခြင်းသို့ ရောက်၏၊ ထိုပုပ္ဂိုလ်အား ပဋိဃာနုသယသည် ကိန်း၏။ |
1,341,624 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဥပေက္ခာဝေဒနာဖြင့် တွေ့ထိ သည်ရှိသော် ဝေဒနာ၏ ဖြစ်ပုံကိုလည်းကောင်း၊ ချုပ်ပုံကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ကြောင်းကိုလည်းကောင်းဟုတ်မှန်စွာ မသိ၊ ထိုပုပ္ဂိုလ်အား အဝိဇ္ဇာ နုသယသည် ကိန်း၏။ |
1,341,625 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ စင်စစ် ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၌ ရာဂါနုသယကို မပယ်မူ၍ ဒုက္ခဝေဒနာ၌ ပဋိဃာနုသယကို မဖျောက်မူ၍ ဥပေက္ခာဝေဒနာ၌ အဝိဇ္ဇာနုသယကို မနုတ်မူ၍ အဝိဇ္ဇာကို မပယ်ဘဲ ဝိဇ္ဇာကို မဖြစ်စေဘဲ မျက်မှောက်ဘဝ၌ ဆင်းရဲ၏ အဆုံးကို ပြုနိုင်လတ္တံ့ ဟူသော အကြောင်း သည် မရှိ။ |
1,341,626 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ သောတဒွါရနှင့် သဒ္ဒါရုံကို စွဲ၍ သောတဝိညာဏ်သည် ဖြစ်၏။ |
1,341,627 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ကာယ ဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံကို စွဲ၍ ကာယဝိညာဏ်သည် ဖြစ်၏။ |
1,341,628 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ရဟန်းတို့ မနောဒွါရနှင့် ဓမ္မာရုံကို စွဲ၍ မနောဝိညာဏ်သည် ဖြစ်၏။ |
1,341,629 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အ ကြောင်းကြောင့် သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာသည် ဖြစ်၏။ |
1,341,630 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုပုဂ္ဂိုလ်သည် သုခဝေဒနာဖြင့် တွေ့ထိသည်ရှိသော် နှစ်သက်၏၊ တမ်းတပြော ဆို၏၊ မက်မော၍ တည်၏၊ ထိုပုပ္ဂိုလ်အား ရာဂါနုသယသည် ကိန်း၏။ |
1,341,631 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဒုက္ခဝေဒနာဖြင့် တွေ့ထိသည် ရှိသော် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး ငို၏၊ တွေဝေခြင်းသို့ ရောက်၏၊ ထိုပုပ္ဂိုလ် အား ပဋိဃာနုသယသည် ကိန်း၏။ |
1,341,632 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဥပေက္ခာဝေဒနာဖြင့် တွေ့ထိသည်ရှိသော် ထိုဝေဒနာ၏ ဖြစ်ပုံကိုလည်း ကောင်း၊ ချုပ်ပုံကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက် ကြောင်းကိုလည်းကောင်းဟုတ်မှန်စွာ မသိ၊ ထိုပုပ္ဂိုလ်အား အဝိဇ္ဇာ နုသယသည် ကိန်း၏။ |
1,341,633 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ စင်စစ် ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၌ ရာဂါနုသယကို မပယ်မူ၍ ဒုက္ခဝေဒနာ၌ ပဋိဃာနုသယကို မဖျောက် မူ၍ ဥပေက္ခာဝေဒနာ၌ အဝိဇ္ဇာနုသယကို မနုတ်မူ၍ အဝိဇ္ဇာကို မပယ်ဘဲ ဝိဇ္ဇာကို မဖြစ်စေဘဲ မျက်မှောက် ဘဝ၌ ဆင်းရဲ၏ အဆုံးကို ပြုနိုင်လတ္တံ့ ဟူသော အကြောင်းသည် မရှိ။ |
1,341,634 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ စက္ခုဒွါရနှင့် ရူပါရုံကို စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်း ဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာသည် ဖြစ်၏။ |
1,341,635 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ ဖြင့် တွေ့ထိသည်ရှိသော် မနှစ်သက် မတမ်းတ မမက်မောမူ၍ တည်၏၊ ထိုပုပ္ဂိုလ်အား ရာဂါနုသယသည် မကိန်း။ |
1,341,636 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဒုက္ခဝေဒနာဖြင့် တွေ့ထိသည်ရှိသော် မပူဆွေး မပင်ပန်း မငိုကြွေး၊ ရင်ဘတ်စည်တီး မငို၊့တွေဝေခြင်းသို့ မရောက်၊ ထိုပုပ္ဂိုလ်အား ပဋိဃာနုသယသည် မကိန်း။ |
1,341,637 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဥပေက္ခာဝေဒနာဖြင့် တွေ့ထိသည် ရှိသော် ထိုဝေဒနာ၏ ဖြစ်ပုံကိုလည်းကောင်း၊ ချုပ်ပုံကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ကြောင်းကိုလည်းကောင်းဟုတ်မှန်စွာ သိ၏၊ ထိုပုပ္ဂိုလ်အား အဝိဇ္ဇာ နုသယသည် မကိန်း။ |
1,341,638 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ စင်စစ် ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၌ ရာဂါနုသယကို ပယ်၍ ဒုက္ခ ဝေဒနာ၌ ပဋိဃာနုသယကို ဖျောက်၍ ဥပေက္ခာဝေဒနာ၌ အဝိဇ္ဇာနုသယကို နုတ်၍ အဝိဇ္ဇာကို ပယ်လျက် ဝိဇ္ဇာကို ဖြစ်စေလျက် မျက်မှောက်ဘဝ၌ ဆင်းရဲ၏ အဆုံးကို ပြု နိုင်လတ္တံ့ဟူသော အကြောင်းသည် ရှိ၏။ |
1,341,639 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ရဟန်းတို့ ဃာနဒွါရနှင့် ဂန္ဓာရုံကို စွဲ၍ ဃာနဝိညာဏ်သည် ဖြစ်၏။ |
1,341,640 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ရဟန်းတို့ ဇိဝှါဒွါရနှင့် ရသာရုံကို စွဲ၍ ဇိဝှါဝိညာဏ်သည် ဖြစ်၏။ |
1,341,641 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ရဟန်းတို့ ကာယဒွါရနှင့် ဖောဋ္ဌဗ္ဗာရုံကို စွဲ၍ ကာယဝိညာဏ်သည် ဖြစ်၏။ |
1,341,642 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ရဟန်းတို့ မနောဒွါရနှင့် ဓမ္မာရုံကို စွဲ၍ မနောဝိညာဏ်သည် ဖြစ်၏၊ သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿသည် ဖြစ်၏၊ ဖဿဟူသော အကြောင်းကြောင့် သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာသည် ဖြစ်၏။ |
1,341,643 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုပုဂ္ဂိုလ်သည် သုခဝေဒနာဖြင့် တွေ့ထိသည်ရှိသော် မနှစ် သက် မတမ်းတ မမက်မောမူ၍ တည်၏၊ ထိုပုပ္ဂိုလ်အား ရာဂါနုသယသည် မကိန်း။ |
1,341,644 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဒုက္ခဝေဒနာနှင့် တွေ့ထိသည်ရှိသော် မပူဆွေး မပင်ပန်း မငိုကြွေး၊ ရင်ဘတ်စည်တီး မငို၊ တွေဝေခြင်းသို့ မရောက်၊ ထိုပုပ္ဂိုလ်အား ပဋိဃာနုသယသည် မကိန်း။ |
1,341,645 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဥပေက္ခာဝေဒနာဖြင့် တွေ့ထိသည်ရှိသော် ထိုဝေဒနာ၏ ဖြစ်ပုံ ကိုလည်းကောင်း၊ ချုပ်ပုံကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက် မြောက်ကြောင်းကိုလည်းကောင်းဟုတ်မှန်စွာ သိ၏၊ ထိုပုပ္ဂိုလ်အား အဝိဇ္ဇာနုသယသည် မကိန်း။ |
1,341,646 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်း တို့ စင်စစ် ထိုပုဂ္ဂိုလ်သည် သုခဝေဒနာ၌ ရာဂါနုသယကို ပယ်၍ ဒုက္ခဝေဒနာ၌ ပဋိဃာနုသယကို ဖျောက် ၍ ဥပေက္ခာဝေဒနာ၌ အဝိဇ္ဇာနုသယကို နုတ်၍ အဝိဇ္ဇာကို ပယ်လျက် ဝိဇ္ဇာကို ဖြစ်စေလျက် မျက်မှောက် ဘဝ၌ ဆင်းရဲ၏ အဆုံးကို ပြုနိုင်လတ္တံ့ ဟူသော အကြောင်းသည် ရှိ၏။ |
1,341,647 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၄၂၇။ ရဟန်းတို့ ဤသို့ ရှုမြင်သော အကြားအမြင်ရှိသော အရိယာသာဝကသည် စက္ခုဒွါရ၌ ငြီးငွေ့၏၊ ရူပါရုံတို့၌ ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌ ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌ ငြီးငွေ့၏၊ ဝေဒနာ၌ ငြီးငွေ့၏၊ တဏှာ၌ ငြီးငွေ့၏၊ သောတဒွါရ၌ ငြီးငွေ့၏၊ သဒ္ဒါရုံတို့၌ ငြီးငွေ့၏။ |
1,341,648 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ဃာနဒွါရ၌ ငြီးငွေ့၏၊ ဂန္ဓာရုံတို့၌ ငြီးငွေ့၏။ |
1,341,649 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဇိဝှါဒွါရ၌ ငြီးငွေ့၏၊ ရသာရုံတို့၌ ငြီးငွေ့၏။ |
1,341,650 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ကာယဒွါရ၌ ငြီးငွေ့၏၊ ဖောဋ္ဌဗ္ဗာရုံ တို့၌ ငြီးငွေ့၏။ |
1,341,651 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မနောဒွါရ၌ ငြီးငွေ့၏၊ ဓမ္မာရုံတို့၌ ငြီးငွေ့၏။ |
1,341,652 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မနောဝိညာဏ်၌ ငြီးငွေ့၏၊ မနောသမ္ဖဿ ၌ ငြီးငွေ့၏၊ ဝေဒနာ၌ ငြီးငွေ့၏၊ တဏှာ၌ ငြီးငွေ့၏၊ ငြီးငွေ့သည်ရှိသော် တပ်နှစ်သက်ခြင်း ကင်း၏၊ တပ်နှစ်သက်ခြင်း ကင်းခြင်းကြောင့် ကိလေသာမှ လွတ်၏၊ ကိလေသာမှ လွတ်သော် “ကိလေသာမှ လွတ်ပြီ”ဟု အသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်)ကိစ္စကို ပြုပြီးပြီ၊ ဤ ... |
1,341,653 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤဂါထာမဖက် သက်သက်သော တရားဒေသနာကို ဟောတော်မူသည်ရှိသော် ခြောက်ကျိပ်အတိုင်းအရှည်ရှိကုန်သော ရဟန်းတို့၏ စိတ်တို့ သည် တဏှာဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော အာရုံကိုမျှ မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်ကုန်ပြီ။ |
1,341,654 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ခြောက်ခုမြောက် ဆဆက္ကသုတ် ပြီး၏။ |
1,341,655 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- ၇-မဟာသဠာယတနိကသုတ် |
1,341,656 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၄၂၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- |
1,341,657 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့်တော် မူ၏။ |
1,341,658 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ -"ရဟန်းတို့ သင်တို့အား ကျယ်ပြန့်သော အာယတနခြောက်ပါး တို့ကို ဟောပေအံ့၊ ထိုတရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပေအံ့ဟု (မိန့် တော်မူ၏)။ |
1,341,659 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “မြတ်စွာဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက် ထားကုန်၏။ |
1,341,660 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မြတ်စွာဘုရားသည် ဤတရား ဒေသနာကို ဟောတော်မူ၏ - |
1,341,661 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၄၂၉။ ရဟန်းတို့ စက္ခုကိုဟုတ်မှန်တိုင်း မသိမမြင်၍ ရူပါရုံတို့ကိုဟုတ်မှန်တိုင်း မသိမမြင်၍ စက္ခုဝိညာဏ်ကိုဟုတ်မှန်တိုင်း မသိမမြင်၍ စက္ခုသမ္ဖဿကိုဟုတ်မှန်တိုင်း မသိမမြင်၍ စက္ခုသမ္ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာတို့ကိုလည်းဟုတ်မှန် တိုင်း မသိ မမြင်၍ စက္ခု၌ ပြင်းစွာတပ်နှစ်သက်၏၊ ရူပါရုံတို့၌ ... |
1,341,662 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပြင်းစွာတပ်နှစ်သက်သော ရာဂနှင့်ယှဉ်သော တွေဝေသော သာယာဖွယ်ကို ရှုလေ့ရှိသည်ဖြစ်၍ နေသော ထိုပုဂ္ဂိုလ်အား နောင်အခါ၌ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည် ပွါးခြင်းသို့ ရောက်ကုန်၏။ |
1,341,663 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထို ပုဂ္ဂိုလ်အား တစ်ဖန် ဘဝသစ်၌ ဖြစ်စေတတ်သော နှစ်သက်ခြင်း ရာဂနှင့် တကွဖြစ်သော ထိုထိုအာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာသည်လည်း ပွါး၏။ |
1,341,664 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုပုဂ္ဂိုလ်အား ကိုယ်၌ဖြစ်သော ပင်ပန်းခြင်းတို့ သည်လည်း ပွါးကုန်၏၊ စိတ်၌ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပွါးကုန်၏၊ ကိုယ်၌ဖြစ်သော ပူပန်ခြင်း တို့သည်လည်း ပွါးကုန်၏၊ စိတ်၌ဖြစ်သော ပူပန်ခြင်းတို့သည်လည်း ပွါးကုန်၏၊ ကိုယ်၌ဖြစ်သော ပူလောင် ခြင်းတို့သည်လည်း ပွါးကုန်၏၊ စိတ်၌ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပွါးကုန်၏၊ ထိုပုဂ္ဂိုလ်သည... |
1,341,665 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- ရဟန်းတို့ သောတကိုဟုတ်မှန်တိုင်း မသိမမြင်၍။ |
1,341,666 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ရဟန်းတို့ ဃာနကိုဟုတ်မှန်တိုင်း မသိ မမြင်၍။ |
1,341,667 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ရဟန်းတို့ ဇိဝှါကိုဟုတ်မှန်တိုင်း မသိမမြင်၍။ |
1,341,668 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ရဟန်းတို့ ကာယကိုဟုတ်မှန်တိုင်း မသိ မမြင်၍။ |
1,341,669 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ရဟန်းတို့ မနကိုဟုတ်မှန်တိုင်း မသိမမြင်၍၊ ရဟန်းတို့ ဓမ္မာရုံတို့ကိုဟုတ်မှန်တိုင်း မသိ မမြင်၍၊ ရဟန်းတို့ မနောဝိညာဏ်ကိုဟုတ်မှန်တိုင်း မသိမမြင်၍၊ ရဟန်းတို့ မနောသမ္ဖဿကိုဟုတ်မှန် တိုင်း မသိမမြင်၍၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခ သော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာတို့ကို... |
1,341,670 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပြင်းစွာတပ်နှစ်သက်သော ရာဂနှင့်ယှဉ်သော တွေဝေသော သာယာဖွယ်ကို ရှုလေ့ရှိသည်ဖြစ်၍နေ သော ထိုပုဂ္ဂိုလ်အား နောင်အခါ၌ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည် ပွါးခြင်းသို့ ရောက်ကုန်၏။ |
1,341,671 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထို ပုဂ္ဂိုလ်အား တစ်ဖန် ဘဝသစ်၌ ဖြစ်စေတတ်သော နှစ်သက်ခြင်း ရာဂနှင့် တကွဖြစ်သော ထိုထိုအာရုံ၌့အလွန်နှစ်သက်ခြင်းရှိသော တဏှာသည်လည်း ပွါး၏။ |
1,341,672 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုပုဂ္ဂိုလ်အား ကိုယ်ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပွါးကုန်၏၊စိတ်၌ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပွါးကုန်၏၊ ကိုယ်၌ဖြစ်သော ပူပန်ခြင်းတို့ သည်လည်း ပွါးကုန်၏၊ စိတ်၌ဖြစ်သော ပူပန်ခြင်းတို့သည်လည်း ပွါးကုန်၏၊ ကိုယ်၌ဖြစ်သော ပူလောင် ခြင်းတို့သည်လည်း ပွါးကုန်၏၊ စိတ်၌ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပွါးကုန်၏။ |
1,341,673 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုပုဂ္ဂိုလ်သည် ကိုယ်၌ဖြစ်သော ဆင်းရဲကိုလည်းကောင်း၊ စိတ်၌ဖြစ်သော ဆင်းရဲကိုလည်းကောင်း ခံစားရ၏။ |
1,341,674 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၄၃၀။ ရဟန်းတို့ စက္ခုကိုဟုတ်မှန်တိုင်း သိမြင်၍ ရူပါရုံတို့ကိုဟုတ်မှန်တိုင်း သိမြင်၍ စက္ခု ဝိညာဏ်ကိုဟုတ်မှန်တိုင်း သိမြင်၍ စက္ခုသမ္ဖဿကိုဟုတ်မှန်တိုင်း သိမြင်၍ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်း ကောင်း ဖြစ်သော ဝေဒနာတို့ကိုလည်းဟုတ်မှန်တိုင်း သိမြင်၍ စက္ခု၌ ပြ... |
1,341,675 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပြင်းစွာ မတပ်နှစ်သက်သော ရာဂနှင့်မယှဉ်သော မတွေဝေသော အပြစ်ကိုရှုလေ့ရှိသည်ဖြစ်၍ နေသော ထိုပုဂ္ဂိုလ်အား နောင်အခါ၌ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည် ဆုတ်ယုတ်ခြင်းသို့ ရောက်ကုန်၏။ |
1,341,676 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုပုဂ္ဂိုလ်အား တစ်ဖန် ဘဝသစ်ဖြစ်စေတတ်သော နှစ်သက်ခြင်း ရာဂနှင့်တကွဖြစ်သော ထိုထိုအာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာသည်လည်း ပျောက်ကင်း၏။ |
1,341,677 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုပုဂ္ဂိုလ်အား ကိုယ်၌ဖြစ်သော ပင်ပန်း ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏၊ စိတ်၌ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏။ |
1,341,678 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ကိုယ်၌ဖြစ်သော ပူပန်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏၊ စိတ်၌ဖြစ်သော ပူပန်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏။ |
1,341,679 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ကိုယ်၌ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏၊ စိတ်၌ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏။ |
1,341,680 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုပုဂ္ဂိုလ်သည် ကိုယ်၌ဖြစ်သော ချမ်းသာကိုလည်း ကောင်း၊ စိတ်၌ဖြစ်သော ချမ်းသာကိုလည်းကောင်း ခံစားရ၏။ |
1,341,681 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်ဉာဏ်အမြင်သည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုဉာဏ်အမြင်သည် မှန်သောဉာဏ်အမြင် ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။ |
1,341,682 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုသို့သော အခြင်းအရာ အားဖြင့် ဖြစ်သော ပုဂ္ဂိုလ်အား အကြင်အကြံသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအကြံသည် မှန်သောအကြံ ‘သမ္မာသင်္ကပ္ပ’ ဖြစ်၏။ |
1,341,683 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောထိုပုဂ္ဂိုလ်အား အကြင်အားထုတ်ခြင်း သည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအားထုတ်ခြင်းသည် မှန်သောအားထုတ်ခြင်း ‘သမ္မာဝါယာမ’ ဖြစ်၏။ |
1,341,684 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုသို့ သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်အောက်မေ့ခြင်းသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထို အောက်မေ့ခြင်းသည် မှန်သောအောက်မေ့ခြင်း ‘သမ္မာသတိ’ ဖြစ်၏။ |
1,341,685 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်တည်ကြည်ခြင်းသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုတည်ကြည်ခြင်းသည် မှန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ ဖြစ်၏။ |
1,341,686 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုပုဂ္ဂိုလ်၏ ကာယကံသည်လည်းကောင်း၊ ဝစီကံသည်လည်း ကောင်း၊ အသက်မွေးမှုသည်လည်းကောင်း မဆွကပင် စင်ကြယ်ပြီးဖြစ်၏။ |
1,341,687 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့လျှင် ထိုပုဂ္ဂိုလ်အား မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်သည် ဘာဝနာပြည့်စုံခြင်းသို့ ရောက်၏။ |
1,341,688 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤသို့ မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်ကို ပွါးစေသော ထိုပုဂ္ဂိုလ်အား လေးပါးသော သတိ ပဋ္ဌာန်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ လေးပါးသော သမ္မပ္ပဓာန်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ လေးပါးသော ဣဒ္ဓိပါဒ်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ငါးပါးသော ဣန္ဒြေတို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့... |
1,341,689 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုပုဂ္ဂိုလ်အား သမထ ဝိပဿနာဟူသော ဤနှစ်ပါးသော တရားတို့သည် အစုံတွဲ၍ ဖြစ်ကုန်၏။ |
1,341,690 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုပုဂ္ဂိုလ်သည် ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိ၏။ |
1,341,691 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထူးသောဉာဏ်ဖြင့် ပယ်အပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပယ်၏။ |
1,341,692 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထူးသောဉာဏ်ဖြင့် ပွါးအပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပွါး၏။ |
1,341,693 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရား တို့ကို ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၏။ |
1,341,694 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့သည် အဘယ်သည်တို့နည်း၊ ရုပ်ဥပါဒါ နက္ခန္ဓာ ဝေဒနာဥပါဒါနက္ခန္ဓာ သညာဥပါဒါနက္ခန္ဓာ သင်္ခါရဥပါဒါနက္ခန္ဓာ ဝိညာဏ်ဥပါဒါနက္ခန္ဓာ ဟူသော ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ပင်တည်းဟု ဆိုရမည်။ |
1,341,695 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့သည် ဤသည်တို့ပင်တည်း။ |
1,341,696 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ပယ်အပ်ကုန်သော တရားတို့သည် အဘယ်သည်တို့နည်း၊ အဝိဇ္ဇာနှင့် ဘဝတဏှာတို့တည်း။ |
1,341,697 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထူးသောဉာဏ်ဖြင့် ပယ်အပ်ကုန်သော တရားတို့သည် ဤသည်တို့ပင်တည်း။ |
1,341,698 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ပွါးအပ်ကုန်သော တရားတို့သည် အဘယ်သည်တို့နည်း၊ သမထနှင့် ဝိပဿနာတို့တည်း။ |
1,341,699 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထူးသောဉာဏ်ဖြင့် ပွါးအပ်သော တရားတို့သည် ဤသည်တို့ပင်တည်း။ |
1,341,700 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရားတို့သည် အဘယ်သည်တို့နည်း၊ အရဟတ္တမဂ်ဝိဇ္ဇာနှင့် အရဟတ္တဖိုလ်ဝိမုတ္တိတို့တည်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.