id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,341,701
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရား တို့သည် ဤသည်တို့ပင်တည်း။
1,341,702
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၄၃၂။ ရဟန်းတို့ သောတကိုဟုတ်မှန်တိုင်း သိမြင်၍။
1,341,703
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ရဟန်းတို့ ဃာနကိုဟုတ်မှန်တိုင်း သိမြင်၍။
1,341,704
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ရဟန်းတို့ ဇိဝှါကိုဟုတ်မှန်တိုင်း သိမြင်၍။
1,341,705
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ရဟန်းတို့ ကာယကိုဟုတ်မှန်တိုင်း သိမြင်၍။
1,341,706
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ရဟန်းတို့ မနကိုဟုတ်မှန်တိုင်း သိမြင်၍၊ ဓမ္မာရုံတို့ကိုဟုတ်မှန်တိုင်း သိမြင်၍၊ ဤမနော ဝိညာဏ်ကိုဟုတ်မှန်တိုင်း သိမြင်၍၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာတို့ကိုလည်းဟုတ် မှန်တိုင်း သိမြင်၍ မနကို ပြင်းစွာ မတပ်နှစ်သက်၊ ဓမ္မာရုံတို့၌ ပြင်း...
1,341,707
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ပြင်းစွာ မတပ်နှစ်သက်သော ရာဂနှင့်မယှဉ်သော မတွေဝေသော အပြစ်ကိုရှုလေ့ရှိသည်ဖြစ်၍ နေသော ထိုပုဂ္ဂိုလ်အား နောင်အခါ၌ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည် ဆုတ်ယုတ်ခြင်းသို့ ရောက်ကုန်၏။
1,341,708
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုပုဂ္ဂိုလ်အား တစ်ဖန် ဘဝသစ်၌ ဖြစ်စေတတ်သော နှစ်သက်ခြင်း ရာဂနှင့်တကွသော ထိုထို အာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာသည်လည်း ပျောက်ကင်း၏၊ ထိုပုဂ္ဂိုလ်အား ကိုယ်၌ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏၊ စိတ်၌ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပျောက်ကင်း ကုန်၏။
1,341,709
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ကိုယ်၌ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏၊ စိတ်၌ ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏။
1,341,710
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုပုဂ္ဂိုလ်သည် ကိုယ်၌ဖြစ်သော ချမ်းသာကိုလည်းကောင်း၊ စိတ်၌ဖြစ်သော ချမ်းသာကိုလည်းကောင်း ခံစားရ၏။
1,341,711
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၄၃၃။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်ဉာဏ်အမြင်သည် ဖြစ်၏၊ ထို ပုဂ္ဂိုလ်၏ ထိုဉာဏ်အမြင်သည် မှန်သောဉာဏ်အမြင် ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။
1,341,712
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ် သောပုဂ္ဂိုလ်အား အကြင်အကြံသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအကြံသည် မှန်သောအကြံ ‘သမ္မာ့သင်္ကပ္ပ’ ဖြစ်၏။
1,341,713
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်အားထုတ်ခြင်းသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအားထုတ်ခြင်းသည် မှန်သောအားထုတ်ခြင်း ‘သမ္မာဝါယာမ’ ဖြစ်၏။
1,341,714
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်အောက်မေ့ခြင်းသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအောက် မေ့ခြင်းသည် မှန်သောအောက်မေ့ခြင်း ‘သမ္မာသတိ’ ဖြစ်၏။
1,341,715
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သော ပုဂ္ဂိုလ်အား အကြင်တည်ကြည်ခြင်းသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုတည်ကြည်ခြင်းသည် မှန်သောတည် ကြည်ခြင်း ‘သမ္မာသမာဓိ’ ဖြစ်၏။
1,341,716
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုပုဂ္ဂိုလ်၏ ကာယကံသည်လည်းကောင်း၊ ဝစီကံသည်လည်းကောင်း၊ အသက်မွေးမှုသည်လည်းကောင်း မဆွကပင် စင်ကြယ်ပြီးဖြစ်၏။
1,341,717
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤသို့ မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်ကို ပွါးစေသော ထိုပုဂ္ဂိုလ်အား လေးပါးသော သတိ ပဋ္ဌာန်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ လေးပါးသော သမ္မပ္ပဓာန်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ လေးပါးသော ဣဒ္ဓိပါဒ်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ငါးပါးသော ဣန္ဒြေတို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့...
1,341,718
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့သည် အဘယ်သည်တို့နည်း၊ ရုပ်ဥပါဒါနက္ခန္ဓာ ဝေဒနာဥပါဒါနက္ခန္ဓာ သညာဥပါဒါနက္ခန္ဓာ သင်္ခါရဥပါဒါနက္ခန္ဓာ ဝိညာဏ်ဥပါဒါနက္ခန္ဓာ ဟူသော ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ပင်တည်းဟု ဆိုရမည်။
1,341,719
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထူးသောဉာဏ်ဖြင့် ပယ်အပ်သော တရားတို့သည် ဤသည်တို့ပင်တည်း။
1,341,720
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရား တို့သည် ဤသည်တို့ ပင်တည်းဟု (မိန့်တော်မူ၏)။
1,341,721
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ခုနစ်ခုမြောက် မဟာသဠာယတနိကသုတ် ပြီး၏။
1,341,722
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ၈-နဂရဝိန္ဒေယျသုတ်
1,341,723
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၄၃၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
1,341,724
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းအပေါင်းနှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီ လှည့်လည်တော်မူသည်ရှိသော် နဂရဝိန္ဒမည်သော ပုဏ္ဏားရွာဆီသို့ ဆိုက်ရောက်တော်မူ၏၊ နဂရဝိန္ဒရွာသား ပုဏ္ဏား သူကြွယ်တို့သည် “အချင်းတို့ စင်စစ် သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်း ဂေါတမသည် များစွာသော ရဟန်းအပေါင်းနှင့်အတူ ကောသလတိုင...
1,341,725
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသံသည် ဤသို့ ပျံ့ နှံ့၍ ထွက်၏- ‘ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ'နှင့် ပြည့်စုံတော်မူသော အကြောင်းက...
1,341,726
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော မာရ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤဩကာသလောကကိုလည်းကောင်း၊ (သာသနာအတွင်းအပရှိ) သမဏဗြာဟ္မဏနှင့်တကွသော မင်းများ လူများနှင့်တကွသော သတ္တလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော် မူ၏။
1,341,727
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သောအကျင့်ကို ထင်ရှားပြတော်မူ၏၊ ထိုသို့သဘောရှိကုန်သော ရဟန္တာပုဂ္ဂိုလ်တို့ အား ဖူးမြင်ရခြင်းသည် ကောင်းသည်သာလျှင်တည်း”ဟု ကြားကုန်၏။
1,341,728
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ထိုအခါ နဂရဝိန္ဒရွာသား ပုဏ္ဏား သူကြွယ်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ အချို့သူ တို့သည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ အချို့သူတို့သည် မြတ်စွာဘုရား နှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားတို့ကို ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ သင့်လျော်ရာ၌ ထိုင်န...
1,341,729
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၄၃၅။ သူကြွယ်တို့ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် သင်တို့အား- “သူကြွယ်တို့ အဘယ်သို့ ဖြစ်ကုန်သော သမဏဗြာဟ္မဏတို့ကို အရိုအသေ မပြုအပ်ကုန်သနည်း၊ အလေးမပြုအပ်ကုန်သနည်း၊ မမြတ်နိုးအပ်ကုန်သနည်း၊ မပူဇော်အပ်ကုန်သနည်း”ဟု ဤသို့ မေးကုန်ငြား အံ့၊ သူကြွယ်တို့ သင်တို့သည် ဤသို့ မေးကုန်သော် သာသနာတော်မှ တစ်ပါးသော အယူရှိက...
1,341,730
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အဘယ့်ကြောင့်နည်းဟူမူ- ငါတို့လည်း စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့၌ မကင်း သော ရာဂရှိကုန်၏၊ မကင်းသော ဒေါသရှိကုန်၏၊ မကင်းသော မောဟရှိကုန်၏၊ အတွင်းသန္တာန်၌ မငြိမ် သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သောအကျင့် မညီညွတ်သောအကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ထိုငါတို့၏ ထိုညီညွတ်...
1,341,731
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထို့ကြောင့် ထိုအသျှင်သမဏဗြာဟ္မဏတို့ကို အရိုအသေမပြုအပ်ကုန်၊ အလေး မပြုအပ်ကုန်၊ မမြတ်နိုးအပ်ကုန်၊ မပူဇော်အပ်ကုန်။
1,341,732
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အကြင် သမဏဗြာဟ္မဏတို့သည် သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့၌။
1,341,733
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ဃာန ဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့၌။
1,341,734
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့၌။
1,341,735
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ကာယ ဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့၌။
1,341,736
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော ဓမ္မာရုံတို့၌ မကင်း သော ရာဂရှိကုန်၏၊ မကင်းသော ဒေါသရှိကုန်၏၊ မကင်းသော မောဟရှိကုန်၏၊ အတွင်းသန္တာန်၌ မငြိမ် သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သောအကျင့် မညီညွတ်သောအကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ဤသို့သဘောရှိကုန်သော သမဏဗြာဟ္မဏတို့ကို အရို အသေ မပြ...
1,341,737
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အဘယ့်ကြောင့်နည်း ဟူမူ- ငါတို့လည်း မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော ဓမ္မာရုံတို့၌ မကင်းသော ရာဂရှိကုန်၏၊ မကင်း သော ဒေါသရှိကုန်၏၊ မကင်းသော မောဟရှိကုန်၏၊ အတွင်းသန္တာန်၌ မငြိမ်သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သောအကျင့် မညီညွတ်သောအကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ထိုငါတို့၏ ထိုညီညွတ်...
1,341,738
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထို့ကြောင့် ထိုအသျှင်သမဏဗြာဟ္မဏတို့ကို အရိုအသေမပြုအပ်ကုန်၊ အလေးမပြုအပ်ကုန်၊ မမြတ်နိုးအပ် ကုန်၊ မပူဇော်အပ်ကုန်”ဟု (ဖြေဆိုရာ၏)။
1,341,739
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သူကြွယ်တို့ သင်တို့သည် ဤသို့ မေးအပ်ကုန်သည်ရှိသော် သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထိုပရိဗိုဇ်တို့အား ဤသို့ ဖြေကြားကုန်ရာ၏။
1,341,740
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သူကြွယ်တို့ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထိုပရိဗိုဇ်တို့သည် သင်တို့ အား- “သူကြွယ်တို့ အဘယ်သို့ဖြစ်ကုန်သော သမဏဗြာဟ္မဏတို့ကို အရိုအသေပြုအပ်ကုန်သနည်း၊ အလေးပြုအပ်ကုန်သနည်း၊ မြတ်နိုးအပ်ကုန်သနည်း၊ ပူဇော်အပ်ကုန်သနည်း”ဟု ဤသို့ မေးကုန်ငြားအံ့၊ သူကြွယ်တို့ သင်တို့သည် ဤသို့ မေးကုန်သော် သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထ...
1,341,741
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထို့ကြောင့် ထို အသျှင်သမဏဗြာဟ္မဏတို့ကို အရိုအသေပြုအပ်ကုန်၏၊ အလေးပြု အပ်ကုန်၏၊ မြတ်နိုးအပ်ကုန်၏၊ ပူဇော်အပ်ကုန်၏။
1,341,742
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ကာယ့ဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့၌။
1,341,743
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော ဓမ္မာရုံတို့၌ ရာဂ ကင်းကုန်၏၊ ဒေါသကင်းကုန်၏၊ မောဟကင်းကုန်၏၊ အတွင်းသန္တာန်၌ ငြိမ်သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သောအကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ဤသို့သဘောရှိကုန်သော သမဏဗြာဟ္မဏတို့ကို အရိုအသေပြုအပ်ကုန်၏၊ အလေးပြုအပ်ကုန်၏၊ မြတ်နိုးအပ်ကုန်၏၊ ...
1,341,744
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထို့ကြောင့် ထိုအသျှင် သမဏဗြာဟ္မဏ တို့ကို အရိုအသေပြုအပ်ကုန်၏၊ အလေးပြုအပ်ကုန်၏၊ မြတ်နိုးအပ်ကုန်၏၊ ပူဇော်အပ်ကုန်၏”ဟု (ဖြေဆို ရာ၏)။
1,341,745
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သူကြွယ်တို့ သင်တို့သည် ဤသို့မေးကုန်သော် သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထိုပရိဗိုဇ်တို့အား ဤသို့ ဖြေကြားကုန်ရာ၏။
1,341,746
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သူကြွယ်တို့ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထိုပရိဗိုဇ်တို့သည် သင်တို့အား “အသျှင်သူကြွယ်တို့ ‘မချွတ် ထိုအသျှင်တို့သည် ရာဂလည်း ကင်းကုန်၏၊ ရာဂကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏၊ ဒေါသလည်း ကင်းကုန်၏၊ ဒေါသကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏၊ မောဟလည်း ကင်းကုန်၏၊ မောဟကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏’ ဟူ၍ သင်တို့ ဆိုခြင်း၏ အ...
1,341,747
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အကြင်ရူပါရုံတို့ကို မြင်ကုန်၍ မြင်ကုန်၍ အလွန်မွေ့ လျော်ကုန်ရာ၏၊ ထိုသို့သဘောရှိကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့သည် ထိုတော ကျောင်း၌ မရှိကုန်။
1,341,748
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အကြင်သဒ္ဒါရုံတို့ကို ကြားကုန်၍ ကြားကုန်၍ အလွန်မွေ့လျော်ကုန်ရာ၏၊ ထိုသို့ သဘောရှိကုန်သော သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့သည် စင်စစ် ထိုတောကျောင်း၌ မရှိ ကုန်။
1,341,749
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အကြင်ဂန္ဓာရုံတို့ကို နံကုန်၍ နံကုန်၍ အလွန်မွေ့လျော်ကုန်ရာ၏၊ ထိုသို့သဘောရှိကုန်သော ဃာန ဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့သည် စင်စစ် ထိုတောကျောင်း၌ မရှိကုန်။
1,341,750
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အကြင်ရသာ ရုံတို့ကို လျက်ကုန်၍ လျက်ကုန်၍ အလွန်မွေ့လျော်ကုန်ရာ၏၊ ထိုသို့သဘောရှိကုန်သော ဇိဝှါဝိညာဏ်ဖြင့် သိအပ် ကုန်သော ရသာရုံတို့သည် စင်စစ် ထိုတောကျောင်း၌ မရှိကုန်။
1,341,751
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အကြင်ဖောဋ္ဌဗ္ဗာရုံတို့ကို တွေ့ထိကုန်၍ တွေ့ထိကုန်၍ အလွန်မွေ့လျော်ကုန်ရာ၏၊ ထိုသို့သဘောရှိကုန်သော ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့သည် စင်စစ် ထိုတောကျောင်း၌ မရှိကုန်။
1,341,752
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အိုငါ့သျှင်တို့ ငါတို့သည် မချွတ် ထိုအသျှင်တို့ သည် ရာဂလည်း ကင်းကုန်၏၊ ရာဂကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏၊ ဒေါသလည်း ကင်းကုန်၏၊ ဒေါသကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏၊ မောဟလည်း ကင်းကုန်၏၊ မောဟကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏’ဟု” ဆိုခြင်း၏ အကြောင်း အထောက်အထားတို့ကား ဤသည်တို့ပင်တည်း။
1,341,753
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သူကြွယ်တို့ သင်တို့သည် ဤသို့မေးကုန်သော် သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့အား ဤသို့ ဖြေကြားကုန်ရာ၏ဟု (မိန့်တော်မူ၏)။
1,341,754
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ဤသို့မိန့်တော်မူသော် နဂရဝိန္ဒရွာသား ပုဏ္ဏား သူကြွယ်တို့သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထားကုန်၏ “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ မှောက်ထားသည်ကို လှန်ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်...
1,341,755
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ရှစ်ခုမြောက် နဂရဝိန္ဒေယျသုတ် ပြီး၏။
1,341,756
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
-- ၉-ပိဏ္ဍပါတပါရိသုဒ္ဓိသုတ်
1,341,757
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၄၃၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
1,341,758
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ အသျှင်သာရိပုတြာသည် ညချမ်းအခါ၌ ကိန်းအောင်း ရာမှ ထလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်နေသော အသျှင်သာရိပုတြာကို မြတ်စွာဘုရားသည် ဤစကား...
1,341,759
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ သင်၏ ဣန္ဒြေတို့သည် အလွန်ကြည်လင်ကုန်၏၊ အရေအဆင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ သာရိပုတြာ စင်စစ် သင်သည် ယခုအခါ အဘယ်နေခြင်းဖြင့် များစွာ နေသနည်းဟု (မိန့်တော် မူ၏)။
1,341,760
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
မြတ်စွာဘုရား အကျွန်ုပ်သည် ယခုအခါ သုညတဖလသမာပတ်ဝင်စားခြင်းဟူသော နေခြင်းဖြင့် များစွာနေပါ၏ဟု (လျှောက်၏)။
1,341,761
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ ကောင်းပေစွ ကောင်းပေစွ၊ သာရိပုတြာ သင်သည် ယခုအခါ ယောက်ျားမြတ်တို့၏ နေခြင်းဖြင့် များစွာ နေပေသတတ်၊ သာရိပုတြာ ထိုဖလသမာပတ်ဝင်စား ခြင်းဟူသော နေခြင်းသည် ယောက်ျား မြတ်တို့၏ နေခြင်းတည်း။
1,341,762
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ ထို့ကြောင့် ဤသာသနာ တော်၌ ရဟန်းသည် “သုညတဖလသမာပတ် ဝင်စားခြင်းဟူသော နေခြင်းဖြင့် များစွာ နေလိုငြားအံ့၊ သာရိပုတြာ ထိုရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် အကြင်ခရီးဖြင့် ရွာသို့ ဆွမ်းခံဝင်၏၊ အကြင် အရပ်၌ ဆွမ်းခံလှည့်လည်၏၊ အကြင်ခရီးဖြင့် ဆွမ်းခံရွာမှ ဖဲခွါ၏။
1,341,763
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုသွားလာလှည့်လည်ရာ၌ ငါ့အား စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့၌ တပ်နှစ်သက်ခြင်း သည်လည်းကောင်း ပြင်းစွာတပ်နှစ်သက် ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေခြင်းသည်လည်းကောင်း၊ စိတ်ကို ထိခိုက် ခြင်းသည်လည်းကောင်း ရှိလေသလောဟု (ဆင်ခြင်ရမည်)။
1,341,764
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် အကြင်ခရီးဖြင့် ရွာတွင်းသို့ ဆွမ်းခံဝင်၏၊ အကြင်အရပ်၌ ဆွမ်းခံလှည့်လည်၏၊ အကြင်ခရီးဖြင့် ဆွမ်းခံရွာမှ ဖဲခဲ့၏၊ ထိုသွားလာလှည့်လည်ရာ၌ ငါ့အား စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့၌ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ ပြင်းစွာ တပ်နှစ် သက်ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေ...
1,341,765
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် အကြင်ခရီးဖြင့် ရွာတွင်းသို့ ဆွမ်းခံဝင်၏၊ အကြင်အရပ်၌ ဆွမ်းခံလှည့်လည်၏၊ အကြင်ခရီးဖြင့် ဆွမ်းခံရွာမှ ဖဲခဲ့၏။
1,341,766
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုသွားလာလှည့်လည်ရာ၌့ငါ့အား စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့၌ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ ပြင်းစွာ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေခြင်းသည်လည်းကောင်း၊ စိတ်ကို ထိခိုက်ခြင်းသည်လည်းကောင်း မရှိ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိ သော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်...
1,341,767
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် အကြင် ခရီးဖြင့် ရွာတွင်းသို့ ဆွမ်းခံဝင်၏၊ အကြင်အရပ်၌ ဆွမ်းခံလှည့်လည်၏၊ အကြင်ခရီးဖြင့် ဆွမ်းခံရွာမှ ဖဲခဲ့၏။
1,341,768
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုသွားလာလှည့် လည်ရာ၌ ငါ့အား သောတဝိညာဏ်ဖြင့် သိအပ်သော သဒ္ဒါရုံတို့၌။
1,341,769
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ဃာန ဝိညာဏ်ဖြင့် သိအပ်သော ဂန္ဓာရုံတို့၌။
1,341,770
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော ရသာရုံတို့၌။
1,341,771
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ ကာယဝိညာဏ် ဖြင့် သိအပ်သော ဖောဋ္ဌဗ္ဗာရုံတို့၌။
1,341,772
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ပ။ မနောဝိညာဏ်ဖြင့် သိအပ်သော ဓမ္မာရုံတို့၌ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ ပြင်းစွာတပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေခြင်း သည်လည်းကောင်း၊ စိတ်ကို ထိခိုက်ခြင်းသည်လည်းကောင်း ရှိလေသလော”ဟု (ဆင်ခြင်ရမည်)။
1,341,773
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုသွားလာလှည့်လည်ရာ၌ ငါ့အား မနောဝိညာဏ်ဖြင့် သိအပ်သော ဓမ္မာရုံတို့၌ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ ပြင်းစွာ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေခြင်းသည်လည်းကောင်း၊ စိတ်ကိုထိခိုက်ခြင်းသည်လည်းကောင်း ရှိ၏”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ယုတ်မာကုန်သော ထိုအကုသိုလ်တရားတို့ကို...
1,341,774
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
ထိုသွားလာလှည့်လည်ရာ၌ ငါ့အား မနောဝိညာဏ်ဖြင့် သိအပ်သော ဓမ္မာရုံတို့၌ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ ပြင်းစွာ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေခြင်းသည်လည်းကောင်း၊ စိတ်ကို ထိခိုက်ခြင်းသည်လည်းကောင်း မရှိ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိ သော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျ...
1,341,775
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၄၄၀။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ငါးပါးသော ကာမဂုဏ်တို့ကို ပယ်ပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။
1,341,776
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ကာမဂုဏ်တို့ကို မပယ်ရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ငါးပါးသော ကာမဂုဏ်တို့ကို ပယ်ခြင်းငှါ အားထုတ်ရမည်။
1,341,777
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ကာမဂုဏ်တို့ကို ပယ်ပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။
1,341,778
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၄၄၁။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ငါးပါးသော နီဝရဏတို့ကို ပယ်ပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။
1,341,779
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော နီဝရဏတို့ကို မပယ်ရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ငါးပါးသော နီဝရဏတို့ကို ပယ်ခြင်းငှါ အားထုတ်ရမည်။
1,341,780
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ့ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော နီဝရဏတို့ကို ပယ်ပြီးပြီ”ဟု အကယ်၍ သိငြား အံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ် တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။
1,341,781
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၄၄၂။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို ပိုင်းခြား၍ သိပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။
1,341,782
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ ရဟန်းသည် ဆင်ခြင် သည်ရှိသော် “ငါသည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို ပိုင်းခြား၍ မသိရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို ပိုင်းခြား၍ သိခြင်းငှါ အားထုတ်ရမည်၊ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို ပိုင်းခြား၍ သိပြီးပြီ...
1,341,783
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် လေးပါးသော သတိပဋ္ဌာန်တို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။
1,341,784
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည် ရှိသော် “ငါသည် လေးပါးသော သတိပဋ္ဌာန်တို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် လေးပါးသော သတိပဋ္ဌာန်တို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။
1,341,785
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် လေးပါးသော သတိပဋ္ဌာန်တို့ကို ပွါးများပြီး ပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်း မြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။
1,341,786
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၄၄၄။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် လေးပါးသော သမ္မပ္ပဓာန်တို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။
1,341,787
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ ရဟန်းသည် ဆင်ခြင် သည်ရှိသော် “ငါသည် လေးပါးသော သမ္မပ္ပဓာန်တို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် လေးပါးသော သမ္မပ္ပဓာန်တို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။
1,341,788
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် လေးပါးသော သမ္မပ္ပဓာန်တို့ကို ပွါးများပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့် သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။
1,341,789
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၄၄၅။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် လေးပါးသော ဣဒ္ဓိပါဒ်တို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။
1,341,790
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် လေးပါးသော ဣဒ္ဓိပါဒ်တို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် လေးပါးသော ဣဒ္ဓိပါဒ်တို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။
1,341,791
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ ရဟန်းသည် ဆင်ခြင် သည်ရှိသော် “ငါသည် လေးပါးသော ဣဒ္ဓိပါဒ်တို့ကို ပွါးများပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။
1,341,792
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၄၄၆။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ငါးပါးသော ဣန္ဒြေတို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။
1,341,793
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ဣန္ဒြေတို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ငါးပါးသော ဣန္ဒြေတို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။
1,341,794
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ့ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ဣန္ဒြေတို့ကို ပွါးများပြီးပြီ”ဟု အကယ်၍ သိငြား အံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ် တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။
1,341,795
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
၄၄၇။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ငါးပါးသော ဗိုလ်တို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။
1,341,796
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ဗိုလ်တို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည် ရှိသော် ထိုရဟန်းသည် ငါးပါးသော ဗိုလ်တို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။
1,341,797
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ ရဟန်း သည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ဗိုလ်တို့ကို ပွါးများပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ် တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။
1,341,798
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ခုနစ်ပါးသော ဗောဇ္ဈင်တို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။
1,341,799
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည် ရှိသော် “ငါသည် ခုနစ်ပါးသော ဗောဇ္ဈင်တို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ခုနစ်ပါးသော ဗောဇ္ဈင်တို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။
1,341,800
Uncategorized
ဥပရိပဏ္ဏာသ ပါဠိတော်-ဒု
သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ခုနစ်ပါးသော ဗောဇ္ဈင်တို့ကို ပွါးများပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်း ဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။