id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,341,401 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဆိတ်ခြင်း ‘ဝိဝေက’ ၌မှီသော တပ်စွန်းမှု ‘ရာဂ’ ကင်းရာ၌မှီသော ချုပ်ရာ ‘နိရောဓ’ ၌မှီသော ကိလေသာစွန့်လွှတ်မှု နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာ သမ္ဗောဇ္ဈင်ကို ပွါး၏။ |
1,341,402 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | နှမတို့ ဗောဇ္ဈင်တို့သည် ဤခုနစ်ပါးတို့ပင်တည်း။ |
1,341,403 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းသည် ယင်းဗောဇ္ဈင် ခုနစ်ပါးတို့ကို ပွါးသည်၏အဖြစ်ကြောင့် ကြိမ်ဖန်များစွာ လေ့လာသည်၏ အဖြစ်ကြောင့် အာသဝေါတရား တို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သောစိတ် လွတ်မြောက်သောပညာကို မျက်မှောက် ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏ဟု (မိန့်ဆို၏)။ |
1,341,404 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၄၀၆။ ထိုအခါ၌ အသျှင်နန္ဒကသည် ထိုရဟန်းမိန်းမတို့ကို ဤအဆုံးအမဖြင့် ဆုံးမ၍ “နှမတို့ သွားချိန်တန်ပြီ၊ သွားကြကုန်လော့”ဟု လွှတ်လိုက်၏။ |
1,341,405 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုအခါ ထိုရဟန်းမိန်းမတို့သည် အသျှင်နန္ဒက၏ တရားစကားကို အလွန်နှစ်သက် ဝမ်းမြောက်ကြကုန်၍ နေရာမှထကုန်လျက် အသျှင်နန္ဒကကို ရှိခိုးကုန်ပြီး လျှင် အရိုအသေပြုကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၏၊ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် သင့် လျော်ရာ၌ ရပ်တည်ကုန်၏၊ သင့်လျော်ရာ၌ ရပ်တည်ကုန်သော ရဟန်းမိန်းမတို့ကို မြတ်စွာဘုရားသည် “ရဟန်းမိန်... |
1,341,406 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုအခါ ထိုရဟန်း မိန်းမတို့သည် မြတ်စွာဘုရားကို ရှိခိုးကုန်၍ အရိုအသေပြုပြီးလျှင် ဖဲသွားကုန်၏။ |
1,341,407 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုအခါ မြတ်စွာဘုရား သည် ထိုရဟန်းမိန်းမတို့ ဖဲသွား၍ မကြာမီ ရဟန်းတို့ကို “ရဟန်းတို့ ဥပမာအားဖြင့် တစ်ဆယ့် လေးရက်မြောက်ဖြစ်သော ထိုဥပုသ်နေ့၌ လသည် ယုတ်လျော့လေသလော၊ ပြည့်လေသလော’ဟု များစွာ သော လူအပေါင်းအား ယုံမှားခြင်း တွေးတောခြင်းသည် မဖြစ်၊ စင်စစ်သော်ကား လသည် ယုတ်လျော့ သည်သာ ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ထိုရဟန်းမိန်းမတ... |
1,341,408 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၄၀၇။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်နန္ဒကကို “နန္ဒက ထိုသို့ ဖြစ်ခြင်းကြောင့် သင်သည် နက်ဖြန်၌လည်း ထိုရဟန်းမိန်းမတို့ကို ထိုအဆုံးအမဖြင့်ပင်လျှင် ဆုံးမဦးလော့”ဟု မိန့်တော်မူ၏။ |
1,341,409 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်နန္ဒကသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ |
1,341,410 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုအခါ အသျှင်နန္ဒကသည် ထိုညဉ့်ကို လွန်သဖြင့် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်လျက် သပိတ်သင်္ကန်းကို ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ဝင်၏၊ |
1,341,411 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- သာဝတ္ထိပြည်၌ ဆွမ်းအလို့ငှါ လှည့်လည်ပြီးလျှင် ဆွမ်း ခံရာမှ ဖဲခဲ့ကာ ဆွမ်းစားပြီနောက် မိမိကိုယ်ကိုသာ အဖော်ပြု၍ ရာဇကာရုံကျောင်းဆီသို့ ချဉ်းကပ်၏။ |
1,341,412 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ့ထိုရဟန်းမိန်းမတို့သည် အသျှင်နန္ဒကကို အဝေးမှသာလျှင် လာသည်ကို မြင်ကုန်၏၊ မြင်လျှင် နေရာကိုလည်း ခင်းထားကုန်၏၊ ခြေဆေးရေကိုလည်း တည်ထားကုန်၏။ |
1,341,413 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အသျှင်နန္ဒကသည် ခင်းထားသော နေရာ၌ ထိုင်နေ၏၊ ထိုင်ပြီး၍ ခြေတို့ကို ဆေး၏၊ ထိုရဟန်းမိန်းမတို့သည်လည်း အသျှင်နန္ဒကကို ရှိခိုး ကုန်ပြီး၍ သင့်လျော်ရာ၌ ထိုင်နေကုန်၏။ |
1,341,414 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | သင့်လျော်ရာ၌ ထိုင်နေကုန်သော ထိုရဟန်းမိန်းမတို့ကို အသျှင် နန္ဒကသည် ဤစကားကို ပြောဆို၏ “နှမတို့ မေးမြန်း၍ ပြောဟောခြင်းသည် ဖြစ်လတ္တံ့၊ ထိုမေးမြန်း ရာ၌ သိကြလျှင် ‘သိပါကုန်၏’ဟု ဆိုရမည်၊ မသိကြလျှင် ‘မသိပါကုန်’ဟု ဆိုရမည်၊ တစ်ဦးတစ်ယောက် အား ယုံမှားခြင်း တွေးတောခြင်းသည် ဖြစ်ငြားအံ့၊ ထိုသို့ဖြစ်ရာ၌ ‘အသျှင်ဘုရား ဤအဓိပ္ပါယ်သည် အဘယ်... |
1,341,415 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အသျှင်ဘုရား အကျွန်ုပ်တို့အား အသျှင်နန္ဒက ဖိတ်ကြားသော ဤစကားမျှဖြင့်ပင် အကျွန်ုပ်တို့သည် အသျှင်နန္ဒကအား နှစ်သက်ပါကုန်၏၊ အားရပါကုန်၏ဟု (လျှောက်ကြကုန်၏)။ |
1,341,416 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၄၀၈။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ စက္ခုပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ |
1,341,417 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုပသာဒကို “ဤစက္ခုပသာဒသည် ငါ့ဟာတည်း၊ ဤစက္ခု ပသာဒသည် ငါတည်း၊ ဤစက္ခုပသာဒသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ |
1,341,418 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ ကြကုန်သနည်း၊ သောတပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ |
1,341,419 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ဇိဝှါပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ |
1,341,420 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ကာယပသာဒသည် မြဲသလော မမြဲသလောဟု (မေး၏)။ |
1,341,421 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မနောဒွါရသည် မြဲသလော မမြဲသလောဟု (မေး၏)။ |
1,341,422 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မနောဒွါရ ကို “ဤမနောဒွါရသည် ငါ့ဟာတည်း၊ ဤမနောဒွါရသည် ငါတည်း၊ ဤမနောဒွါရသည် ငါ၏ကိုယ် ‘အတ္တ'တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ |
1,341,423 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အဘယ့်ကြောင့်နည်း ဟူမူ-အသျှင်ဘုရား “ဤအကြောင်းကြောင့်လည်း ခြောက်ပါးသော အဇ္ဈတ္တိ ကာယတနတို့ကို မမြဲကုန်”ဟု ရှေးကပင် အကျွန်ုပ်တို့သည်ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ထားပြီးပါပြီဟု (လျှောက် ကြကုန်၏)။ |
1,341,424 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာ ပညာဖြင့် မြင်သော အရိယာသာဝကအား ဤသို့သာ ဖြစ်၏။ |
1,341,425 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၄၀၉။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ ရူပါရုံတို့သည် မြဲသလော မမြဲ သလောဟု (မေး၏)။ |
1,341,426 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရူပါရုံကို “ဤရူပါရုံသည် ငါ့ဟာတည်း၊ ဤရူပါရုံသည် ငါတည်း၊ ဤရူပါရုံ သည် ငါ၏ ကိုယ်'အတ္တ'တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ |
1,341,427 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ သဒ္ဒါရုံတို့သည် မြဲသလော မမြဲသလောဟု (မေး၏)။ |
1,341,428 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ဂန္ဓာရုံတို့သည့်မြဲသလော မမြဲသလောဟု (မေး၏)။ |
1,341,429 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- ရသာရုံတို့သည် မြဲသလော မမြဲသလောဟု (မေး၏)။ |
1,341,430 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ဖောဋ္ဌဗ္ဗာရုံတို့ သည် မြဲသလော မမြဲသလောဟု (မေး၏)။ |
1,341,431 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ဓမ္မာရုံ တို့သည် မြဲသလော မမြဲသလောဟု (မေး၏)။ |
1,341,432 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဓမ္မာရုံကို “ဤဓမ္မာရုံသည် ငါ့ဟာတည်း၊ ဤဓမ္မာရုံ သည် ငါတည်း၊ ဤဓမ္မာရုံသည် ငါ၏ ကိုယ်ပိုင်တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ |
1,341,433 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား “ဤအကြောင်း ကြောင့်လည်း ဤ ခြောက်ပါးသော ဗာဟိရာယတနတို့ကို မမြဲကုန်”ဟု ရှေးကပင် အကျွန်ုပ်တို့သည်ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ပြီးပါပြီဟု (လျှောက်ကြကုန်၏)။ |
1,341,434 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၄၁၀။ နှမတို့ ထိုစကားကို အဘယ်သို့ အောက်မေ့ကြကုန်သနည်း၊ စက္ခုဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ |
1,341,435 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ သောတဝိညာဏ်သည် မြဲသ လော မမြဲသလောဟု (မေး၏)။ |
1,341,436 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ဃာနဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ |
1,341,437 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ဇိဝှါဝိညာဏ် သည် မြဲသလော မမြဲသလောဟု (မေး၏)။ |
1,341,438 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ ကာယ ဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေး၏)။ |
1,341,439 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ပ။ မမြဲသော မနောဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေး၏)။ |
1,341,440 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မနောဝိညာဏ်ကို “ဤမနော ဝိညာဏ်သည် ငါ့ဟာတည်း၊ ဤမနောဝိညာဏ်သည် ငါတည်း၊ ဤမနောဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေး၏)။ |
1,341,441 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား “ဤအကြောင်းကြောင့်လည်း ခြောက်ပါးသော ဝိညာဏ်အပေါင်းကို မမြဲ”ဟု ရှေးကပင် အကျွန်ုပ်တို့သည်ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် ကောင်းစွာ မြင်ပြီးပါပြီဟု (လျှောက်ကြကုန်၏)။ |
1,341,442 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | နှမတို့ ကောင်းပေစွ ကောင်းပေစွ၊ နှမတို့ဟုတ်မှန်တိုင်း ဝိပဿနာပညာဖြင့် မြင်သော အရိယာသာဝက အား ဤသို့သာ ဖြစ်၏။ |
1,341,443 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၄၁၁။ နှမတို့ ဥပမာအားဖြင့် တောက်နေသော ဆီမီး၏ ဆီသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်း သဘော ရှိ၏၊ မီးစာသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးလျှံသည်လည်း မမြဲ၊ ဖောက်ပြန် ခြင်းသဘော ရှိ၏၊ အရောင်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ နှမတို့ အကြင်သူသည် “တောက်နေသော ထိုဆီမီး၏ ဆီသည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးစာသည်လည်း မမြဲ၊ ... |
1,341,444 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အဘယ့် ကြောင့်နည်းဟူမူ-အသျှင်ဘုရား တောက်နေသော ထိုဆီမီး၏ ဆီသည်လည်း မမြဲပါ၊ ဖောက်ပြန်ခြင်း သဘောရှိ၏၊ မီးစာသည်လည်း မမြဲပါ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ မီးလျှံသည်လည်း မမြဲပါ၊ ဖောက် ပြန်ခြင်းသဘောရှိ၏၊ ထိုဆီမီး၏ အရောင်သည် အဘယ်မှာ ဆိုဖွယ်ရာရှိအံ့နည်း၊ မမြဲသည်သာတည်း၊ ဖောက်ပြန်ခြင်းသဘော ရှိသည်သာတည်းဟု (လျှောက်ကြကုန်၏)။ |
1,341,445 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- နှမတို့ ဤအတူသာလျှင် အကြင်သူသည် “ဤခြောက်ပါးကုန်သော အဇ္ဈတ္တိကာယတနတို့သည် မမြဲ ကုန်၊ ယင်းခြောက်ပါးကုန်သော အဇ္ဈတ္တိကာယတနတို့ကို စွဲ၍ သုခဝေဒနာကိုလည်းကောင်း ဒုက္ခဝေဒနာ ကိုလည်းကောင်း၊ ဥပေက္ခာဝေဒနာကိုလည်းကောင်း ခံစား၏၊ ထိုဝေဒနာသည် မြဲ၏၊ ခိုင်ခံ့၏၊ အမြဲတည်၏၊ ဖောက်ပြန်ခြင်း သဘောမရှိ”ဟု ဆိုငြားအံ့၊ နှမတို့ ထိုသူသည် အမှန်ပြောဆိ... |
1,341,446 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား ထိုထို သဘောရှိသော အကြောင်းကို စွဲ၍ ထိုထိုသဘောရှိသော ဝေဒနာတို့သည် ဖြစ်ပါကုန်၏၊ ထိုထိုသဘောရှိ သော အကြောင်း၏ ချုပ်ခြင်းကြောင့် ထိုထိုသဘောရှိသော ဝေဒနာတို့သည် ချုပ်ပါကုန်၏ဟု (လျှောက်ကြ ကုန်၏)။ |
1,341,447 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၄၁၂။ နှမတို့ ဥပမာအားဖြင့် တည်နေဆဲဖြစ်သော အနှစ်ရှိသော သစ်ပင်ကြီး၏ အမြစ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ ပင်စည်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ သစ်ခက် သစ်ရွက်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘောရှိ၏၊ အရိပ်သည်လည်း မမြဲ၊ ဖောက်ပြန်ခြင်းသဘော ရှိ၏၊ နှမတို့ အကြင်သူသည် “တည်နေဆဲဖြစ်သော အနှစ်ရှိသော သစ်ပင်ကြီး၏ အမြစ်သည်လည်း ... |
1,341,448 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အဘယ့်ကြောင့်နည်းဟူမူ- အသျှင် ဘုရား တည်နေဆဲဖြစ်သော အနှစ်ရှိသော သစ်ပင်ကြီး၏ အမြစ်သည်လည်း မမြဲပါ၊ ဖောက်ပြန်ခြင်း သဘောရှိပါ၏၊ ပင်စည်သည်လည်း မမြဲပါ၊ ဖောက်ပြန်ခြင်း သဘောရှိပါ၏၊ သစ်ခက် သစ်ရွက်သည်လည်း မမြဲပါ၊ ဖောက်ပြန်ခြင်းသဘောရှိပါ၏၊ ထိုသစ်ပင်ကြီး၏ အရိပ်သည်ကား အဘယ်မှာ ဆိုဖွယ်ရာရှိပါအံ့ နည်း၊ မမြဲသည်သာတည်း၊ ဖောက်ပြန်ခြင်း သဘော... |
1,341,449 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | နှမတို့ ဤအတူသာလျှင် အကြင်သူသည် “ဤခြောက်ပါးကုန်သော ဗာဟိရာယတနတို့သည် မမြဲ ကုန်၊ ခြောက်ပါးကုန်သော ဗာဟိရာယတနတို့ကို စွဲ၍ သုခဝေဒနာကိုလည်းကောင်း၊ ဒုက္ခဝေဒနာကိုလည်း ကောင်း၊ ဥပေက္ခာဝေဒနာကိုလည်းကောင်း ခံစား၏၊ ထိုဝေဒနာသည် မြဲ၏၊ ခိုင်ခံ့၏၊ အမြဲတည်၏၊ ဖောက်ပြန်ခြင်း သဘောမရှိ”ဟု ဆိုငြားအံ့၊ နှမတို့ ထိုသူသည် အမှန်ပြောဆိုသည် မည်ရာအံ့လ... |
1,341,450 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အဘယ့်ကြောင့်နည်းဟူမူ-အသျှင်ဘုရား ထိုထို သဘောရှိသော အကြောင်းကို စွဲ၍ ထိုထိုသဘောရှိသော ဝေဒနာတို့သည် ဖြစ်ပါကုန်၏၊ ထိုထိုသဘော ရှိသော အကြောင်း၏ချုပ်ခြင်းကြောင့် ထိုထို သဘောရှိသော ဝေဒနာတို့သည် ချုပ်ပါကုန်၏ဟု (လျှောက် ကြကုန်၏)။ |
1,341,451 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၄၁၃။ နှမတို့ ဥပမာအားဖြင့် ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ် သမား၏ တပည့်သည်လည်းကောင်း၊ နွားကိုသတ်၍ ထက်စွာသော သားလှီးဓားဖြင့် အတွင်းဖြစ်သော အသားကိုယ်ထည်ကို မပျက်စေမူ၍ အပဖြစ်သော အရေကိုယ်ထည်ကို မပျက်စေမူ၍ နွားကို လှီးဖြတ်ရာ၏၊ ထိုလှီးဖြတ်ရာ၌ ထိုထိုကြား အမြှေးကြား အကြောကြား အစပ်ကိုသာလျှင် ထက်စွာသော သားလှီး ဓားဖ... |
1,341,452 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- အသျှင်ဘုရား အမှန်ပြောဆိုသည် မမည်ပါ။ |
1,341,453 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အဘယ့်ကြောင့်နည်းဟူမူ- အသျှင်ဘုရား ကျွမ်းကျင် သော နွားသတ်သမားသည်လည်းကောင်း၊ နွားသတ်သမား၏ တပည့်သည်လည်းကောင်း နွားကို သတ်၍ ထက်စွာသော သားလှီးဓားဖြင့် အတွင်းဖြစ်သော အသားကိုယ်ထည်ကို မပျက်စေမူ၍ အပဖြစ်သော အရေ ကိုယ်ထည်ကို မပျက်စေမူ၍ နွားကို လှီးဖြတ်ရာ၏၊ ထိုလှီးဖြတ်ရာ၌ ထိုထိုကြား အမြှေးကြား အကြော ကြား အစပ်ကိုသာလျှင် ထက်စွာသော သာ... |
1,341,454 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | နှမတို့ အနက်အဓိပ္ပါယ်ကို သိစေခြင်းငှါ ငါသည် ဤဥပမာကို ပြုအပ်၏၊ ဤဥပမာ၌ ဤဆို လတ္တံ့သည်ကား အနက်အဓိပ္ပါယ်တည်း၊ နှမတို့ “အတွင်းဖြစ်သော အသားကိုယ်ထည်” ဟူသော ဤ အမည်သည် ခြောက်ပါးကုန်သော အဇ္ဈတ္တိကာယတနတို့၏ အမည်တည်း။ |
1,341,455 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | နှမတို့ “အပဖြစ်သော အရေ ကိုယ်ထည်” ဟူသော ဤအမည်သည် ခြောက်ပါးကုန်သော ဗာဟိရာယတနတို့၏ အမည်တည်း။ |
1,341,456 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | နှမတို့ “ကြား အမြှေးကြား အကြောကြား အစပ်”ဟူသော ဤအမည်သည် နှစ်သက်ခြင်း နန္ဒီရာဂ၏ အမည် တည်း။ |
1,341,457 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | နှမတို့ “ထက်စွာသော သားလှီးဓား”ဟူသော ဤအမည်သည် မြတ်သော မဂ်ပညာ၏ အမည် တည်း။ |
1,341,458 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဤမြတ်သော မဂ်ပညာသည် အကြား၌ဖြစ်သော ကိလေသာ အကြား၌ဖြစ်သော သံယောဇဉ် အကြား၌ဖြစ်သော အစပ်တို့ကို ဖြတ်၏၊ တောက်၏၊ လှီး၏၊ ထက်ဝန်းကျင် လှီး၏။ |
1,341,459 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၄၁၄။ နှမတို့ ဗောဇ္ဈင်တို့သည် ဤခုနစ်ပါးတို့တည်း၊ ရဟန်းသည် ယင်းဗောဇ္ဈင်တို့ကို ပွါးသည်၏ အဖြစ်ကြောင့် ကြိမ်ဖန်များစွာ လေ့လာသည်၏အဖြစ်ကြောင့် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သောစိတ် လွတ်မြောက်သောပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍နေ၏။ |
1,341,460 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ခုနစ်ပါးတို့သည် အဘယ်တို့နည်း၊ နှမတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ခြင်း ‘ဝိဝေက’ ၌ မှီသော တပ်စွန်းမှု ‘ရာဂ’ ကင်းရာ၌ မှီသော ချုပ်ရာ ‘နိရောဓ’ ၌ မှီသော (ကိလေသာကို) စွန့်လွှတ်မှု နိဗ္ဗာန်သို့ ပြေးဝင်မှု ‘ဝေါဿဂ္ဂ'ကို ရင့် ကျက်စေတတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါး၏။ |
1,341,461 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဆိတ်ခြင်း ‘ဝိဝေက’ ၌ မှီသော တပ်စွန်းမှု ‘ရာဂ’ ကင်းရာ၌ မှီသော ချုပ်ရာ ‘နိရောဓ’ ၌ မှီသော ကိလေသာ စွန့်လွှတ်မှု နိဗ္ဗာန်သို့ ပြေးဝင်မှု ‘ဝေါဿဂ္ဂ’ ကို ရင့်ကျက်စေတတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါး၏။ |
1,341,462 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | နှမတို့ ဗောဇ္ဈင်ခုနစ်ပါးတို့သည် ဤသည်တို့တည်း။ |
1,341,463 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းသည် ယင်းဗောဇ္ဈင်တို့ကို ပွါးသည်၏ အဖြစ်ကြောင့် ကြိမ်ဖန်များစွာ လေ့လာသည်၏ အဖြစ်ကြောင့် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သောစိတ် လွတ် မြောက်သောပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံ စေ၍နေ၏ဟု (မိန့်ဆို၏)။ |
1,341,464 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၄၁၅။ ထိုအခါ၌ အသျှင်နန္ဒကသည် ထိုရဟန်းမိန်းမတို့ကို ဤအဆုံးအမဖြင့် ဆုံးမ၍ “နှမတို့ သွားချိန်တန်ပြီ၊ သွားကြကုန်လော့”ဟု (ဆို၍) လွှတ်လိုက်၏။ |
1,341,465 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုအခါ ထိုရဟန်းမိန်းမတို့သည် အသျှင် နန္ဒက၏ တရားစကားကို အလွန်နှစ်သက် ဝမ်းမြောက်ကြကုန်၍ နေရာမှထကုန်လျက် အသျှင်နန္ဒကကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၏၊ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျှော်ရာ၌ ရပ်တည်ကုန်၏၊ သင့်လျော်ရာ၌ ရပ်တည်ကုန်သော ထိုရဟန်းမိန်းမတို့ကို မြတ်စွာဘုရား့သည် “ရဟန်းမိန်... |
1,341,466 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုအခါ ထိုရဟန်းမိန်းမတို့သည် မြတ်စွာဘုရားကို ရှိခိုးကုန်၍ အရိုအသေပြု ပြီးလျှင် ဖဲသွားကုန်၏။ |
1,341,467 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းမိန်မတို့ ဖဲသွား၍ မကြာမီ ရဟန်းတို့ကို “ရဟန်းတို့ ဥပမာအားဖြင့် တစ်ဆယ့်ငါးရက်မြောက်ဖြစ်သော ထိုဥပုသ်နေ့၌ လသည် ယုတ်လျော့ လေသလော၊ ပြည့်လေသလော’ဟု များစွာသော လူအပေါင်းအား ယုံမှားခြင်း တွေးတောခြင်းသည် မဖြစ်၊ စင်စစ်သော်ကား လသည် ပြည့်သည်သာ ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ထိုရဟန်းမိန်းမတို့သည် န... |
1,341,468 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရဟန်းတို့ ထိုရဟန်းမိန်မ ငါးရာတို့တွင် အကြင်ရဟန်းမိန်မတို့သည် (ဂုဏ်အား ဖြင့်) အငယ်ဆုံးဖြစ်ကုန်၏၊ ထိုရဟန်းမိန်းမတို့သည် သောတာပန်တို့တည်း၊ ဖရိုဖရဲကျခြင်း သဘောမရှိ ကုန်၊ မြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင်လည်းလျောင်းရာရှိကုန်၏”ဟု (မိန့်တော်မူ၏)။ |
1,341,469 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | လေးခုမြောက် နန္ဒကောဝါဒသုတ် ပြီး၏။ |
1,341,470 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- ၅-စူဠရာဟုလောဝါဒသုတ် |
1,341,471 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၄၁၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- |
1,341,472 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ |
1,341,473 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုအခါ မြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါး တည်း ကိန်းအောင်းနေစဉ် “ရာဟုလာအား အရဟတ္တဖိုလ်ကို ရင့်ကျက်စေတတ်ကုန်သော သဘောတရား တို့သည် ရင့်ကျက်ကုန်ပြီ၊ ငါသည် ရာဟုလာအား တစ်ဆင့်တက်၍ အာသဝေါတရားတို့၏ ကုန်ခန်းမှု၌ သွန်သင်ဆုံးမရမူ ကောင်းလေစွ”ဟု ဤသို့သော စိတ်အကြံသည် ဖြစ်၏။ |
1,341,474 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကိုယူကာ သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်၏၊ သာဝတ္ထိ ပြည်၌ ဆွမ်ခံလှည့်လည်၍ ဆွမ်းခံရာမှ ဖဲခဲ့ကာ ဆွမ်းစားပြီးနောက် အသျှင်ရာဟုလာကို “ရာဟုလာ နိသီဒိုင်ကို ယူခဲ့လော့၊ အန္ဓဝန်တောသို့ နေ့သန့်စင်ခြင်းငှါ ချဉ်းကပ်ကုန်အံ့”ဟု မိန်တော်မူ၏။ |
1,341,475 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်ရာဟုလာသည် မြတ်စွာဘုရားအား ပြန်လျှောက်ထား၍ နိသီဒိုင်အခင်းကို ယူလျက် မြတ်စွာဘုရား၏ နောက်တော်မှ အစဉ်လိုက်၏။ |
1,341,476 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုအခါ ထောင်ပေါင်းများစွာသော နတ်တို့သည် “ယနေ့ မြတ်စွာဘုရားသည် အသျှင်ရာဟုလာကို တစ်ဆင့်တက်၍ အာသဝေါတို့၏ ကုန်ခန်းမှု၌ သွန်သင်တော်မူလတ္တံ့”ဟု နှလုံးပိုက်၍ မြတ်စွာဘုရားသို့ အစဉ်လိုက်ကုန်၏။ |
1,341,477 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ထိုအခါ မြတ်စွာဘုရားသည် အန္ဓဝန်တောသို့ သက်ဝင်၍ တစ်ခုသော သစ်ပင်ရင်း ခင်းထားသောနေရာ၌ ထိုင်တော်မူ၏၊ အသျှင်ရာဟုလာသည်လည်း မြတ်စွာဘုရားကို ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်နေသော အသျှင်ရာဟုလာကို မြတ်စွာဘုရားသည် ဤစကားကို မိန့်တော် မူ၏- |
1,341,478 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ၄၁၇။ ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ စက္ခုပသာဒသည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ |
1,341,479 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မမြဲပါ အသျှင်ဘုရား (ဟု လျှောက်၏)။ |
1,341,480 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မမြဲသော စက္ခု ပသာဒသည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ |
1,341,481 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ |
1,341,482 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုပသာဒကို “ဤစက္ခုပသာဒသည် ငါ့ဟာတည်း၊ ဤစက္ခုပသာဒသည် ငါတည်း၊ ဤစက္ခုပသာဒသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည် လောဟု (မေးတော်မူ၏)။ |
1,341,483 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။ |
1,341,484 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ရာဟုလာ ထိုစကားကို့အဘယ်သို့ အောက်မေ့သနည်း၊ ရူပါရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေးတော်မူ၏)။ |
1,341,485 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မမြဲပါ အသျှင် ဘုရားဟု (လျှောက်၏)။ |
1,341,486 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မမြဲသော ရူပါရုံသည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ |
1,341,487 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ဆင်းရဲ ပါ အသျှင်ဘုရားဟု (လျှောက်၏)။ |
1,341,488 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရူပါရုံကို “ဤရူပါရုံသည် ငါ့ဟာတည်း၊ ဤရူပါရုံသည် ငါတည်း၊ ဤရူပါရုံသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေးတော်မူ၏)။ |
1,341,489 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | -- ရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ စက္ခုဝိညာဏ်သည် မြဲသလော မမြဲ သလောဟု (မေးတော်မူ၏)။ |
1,341,490 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ |
1,341,491 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မမြဲသော စက္ခုဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ |
1,341,492 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုဝိညာဏ်ကို “ဤစက္ခုဝိညာဏ်သည် ငါ့ဟာတည်း၊ ဤ စက္ခုဝိညာဏ်သည် ငါတည်း၊ ဤစက္ခုဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ'တည်း”ဟု ရှုခြင်းငှါ သင့်ပါမည် လောဟု (မေးတော်မူ၏)။ |
1,341,493 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ စက္ခုသမ္ဖဿသည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ |
1,341,494 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မမြဲသော စက္ခုသမ္ဖဿသည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော် မူ၏)။ |
1,341,495 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုသမ္ဖဿကို “ဤစက္ခုသမ္ဖဿသည် ငါ့ဟာတည်း၊ ဤစက္ခုသမ္ဖဿသည် ငါတည်း၊ ဤစက္ခုသမ္ဖဿ သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေးတော်မူ၏)။ |
1,341,496 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မသင့်ပါ အသျှင် ဘုရားဟု (လျှောက်၏)။ |
1,341,497 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ စက္ခုသမ္ဖဿဟူသော အကြောင်း ကြောင့် ဖြစ်ပေါ်သော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည်လည်း မြဲသလော မမြဲသလောဟု (မေး တော်မူ၏)။ |
1,341,498 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မမြဲပါအသျှင်ဘုရားဟု (လျှောက်၏)။ |
1,341,499 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မမြဲသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ |
1,341,500 | Uncategorized | ဥပရိပဏ္ဏာသ ပါဠိတော်-ဒု | မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကို “ဤဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ငါ့ဟာတည်း၊ ဤဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ငါတည်း၊ ဤဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ'တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေးတော် မူ၏)။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.