id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,341,901
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
ထိုအခါ၌ ထိုပုဏ္ဏားသည် ဤသို့သောအမှတ်ဖြင့်သာလျှင် သားကိုဆို၍ သားသည် ဘခင် သင်ဘခင်တို့သည်သာလျှင် ထိုသို့သဘောရှိသောအရပ်ကို ကြားကုန်လော့ဟု ဆိုသည်ရှိသော် တောင်သုံးလုံးတို့၏အကြားဖြစ်သော ဤအရပ်ကိုသာလျှင်ကြား၍ သားနှင့်တကွ တောင်ထိပ်မှဆင်းသည်ရှိသော် ဘုရားလောင်းကိုမြင်၍ ထိုဘုရားလောင်း၏ အထံသို့ကပ်၍ ဘုရားလောင်းသည် ဤသို့သောအမှတ်ဖြင့်သာ...
1,341,902
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
မြေ၌ မဖုတ်ကြည်းဘူးသော အရပ်ကို၎င်း သုသာန်မဟုတ်ရာအရပ်ကို၎င်း မသေဘူးရာအရပ်ကို၎င်း ရအံ့သောငှါ မတတ်ကောင်းဟု ပုဗ္ဗေနိဝါသဉာဏ်ဖြင့် ပိုင်းခြား၍-
1,341,903
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
၃၁။ ဥပသာဠကနာမာနိ၊ သဟဿာနိ စတုဒ္ဒသ။
1,341,904
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
၃၁။ မာဏဝ၊ လုလင်။
1,341,905
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
ဥပသာဠကနာမာနိ၊ ဥပသာဠက အမည်ရှိကုန်သော။
1,341,906
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
စတုဒ္ဒသ သဟဿာနိ၊ တသောင်းလေးထောင်ကုန်သော သူတို့ကို။
1,341,907
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
ဒဍ္ဎာနိ၊ ဖုတ်ကြည်း သင်္ဂြိုဟ်အပ်ကုန်ပြီ။
1,341,908
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
အနာမတံ-အနာမတဋ္ဌာနံ နာမ၊ မသေရာ အရပ်မည်သည်ကား။
1,341,909
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
၃၂။ မာဏဝ၊ လုလင်။
1,341,910
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
သစ္စဉ္စ၊ လောကုတ္တရာတရား၏ ရှေ့အဘို့၌ဖြစ်သော သစ္စဉာဏ်လည်းကောင်း။
1,341,911
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
ဓမ္မောစ၊ လောကုတ္တရာတရားလည်းကောင်း။
1,341,912
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
အဟိံသာ စ၊ သူတပါးတို့အား မညှင်းဆဲခြင်းလည်းကောင်း။
1,341,913
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
သံသယော စ၊ ဝိရမိတဗ္ဗဝတ္ထုမှ စောင့်ရှောက်ခြင်းလည်းကောင်း။
1,341,914
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
ဒမော စ၊ ဣန္ဒြေတို့ကို ဆုံးမခြင်းလည်းကောင်း။
1,341,915
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
ဣဒံ ဂုဏဇာတံ၊ ဤဂုဏ်အပေါင်းသည်။
1,341,916
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
ဧတံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။
1,341,917
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
အရိယာ၊ အရိယာသူမြတ်တို့သည်။
1,341,918
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
သေဝန္တိ၊ မှီဝဲကုန်၏။
1,341,919
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
ဧတံ ဂုဏဇာတံ၊ ထိုဆိုအပ်ပြီးသော ဂုဏ်အပေါင်းသည်။
1,341,920
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
အနာမတံ-အနာမတဋ္ဌာနံ နာမ၊ မသေရာအရပ်မည်၏။
1,341,921
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
ဤသို့ ဘုရားလောင်းသည် ပုဏ္ဏားသားအဖတို့အား တရားဟော၍ ဗြဟ္မဝိဟာရတရား လေးပါးတို့ကိုပွားများစေ၍ ဗြဟ္မာ့ပြည်သို့ လား၏။
1,341,922
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြိးလျှင် သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။
1,341,923
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ သားအဖနှစ်ယောက်တို့သည်လည်း သောတာပတ္တိဖိုလ်၌ တည်ကုန်၏။
1,341,924
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
အဘယ်သို့ ဇာတ်ကိုပေါင်းတော်မူသနည်းဟူမူကား လုလင် ယ္ခုအခါ သားအဖနှစ်ယောက်တို့သည်သာလျှင် ထိုအခါ သားအဖနှစ်ယောက်တို့သည် ဖြစ်ဖူးကုန်ပြီ။
1,341,925
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဖူးပြီ။
1,341,926
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
သင်္ချိုင်းလွတ်ရာ၊ မြေနေရာ၊ ဘယ်မှာမရှိမှတ်
1,341,927
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပသာဠကဇာတ်
ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဥပသာဠကဇာတ်သည် ပြီး၏။
1,341,928
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
၁။ ဥပါဟနဇာတ်
1,341,929
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ဆရာကိုတုသောတပည့်
1,341,930
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယထာပိ ကီတာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သာ ဤဥပါဟနဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။
1,341,931
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ထိုစကားကို ချဲ့ဦးအံ့၊ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ဒေဝဒတ်သည် ဆရာဖြစ်သောဘုရားကို စွန့်၍ မြတ်စွာဘုရား၏ ဆန့်ကျင်ဘက် ရန်သူသည်ဖြစ်၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်၏ဟု စကားကို ဖြစ်စေကုန်၏။
1,341,932
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ ငါလာတော်မူသောအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မိန့်တော်မူ၍ အရှင်ဘုရား ဤမည်သောစကားဖြင့် စည်းဝေး ပါကုန်၏ဟု နားတော်လျောက်သည်ရှိသော် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာ ဆရာဖြစ်သော ငါဘုရားကိုစွန့်၍ ဆန့်ကျင်ဘက်ဖြစ်၍ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်သည် မဟုတ်သေး၊ ရှေး၌လည်း ရောက်ဘ...
1,341,933
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဆင်ဆရာအမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် ဆင်အတတ်၌ အပြီးသို့ ရောက်၏။
1,341,934
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ထိုအခါ ကာသိကရွာ၌နေသော တယောက်သော လုလင်ငယ်သည် လာလတ်၍ ထိုဘုရားလောင်း၏အထံ၌ အတတ်ကို သင်၏။
1,341,935
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ဘုရားလောင်းတို့မည်သည်ကား အတတ်ကိုသင်ကုန်သည်ရှိသော် ဆရာကြွင်းထားခြင်းကို မပြုကုန်၊ မိမိတတ်သောအမှတ်ဖြင့် အကြွင်းမရှိသာလျှင် သင်ကုန်၏။
1,341,936
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ထို့ကြောင့် ထိုလုလင်သည် ဘုရားလောင်းတတ်သမျှ အတတ်ကို အကြွင်းမရှိသင်၍ ဘုရားလောင်းကို ဆရာ ကျွန်ုပ်သည် မင်းကို ခစားအံ့ဟု ဆို၏။
1,341,937
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ဘုရားလောင်းသည် အမောင် ကောင်းပြီဟု ဆို၍ မင်းအား ကြား၏။
1,341,938
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
အဘယ်သို့ ကြားသနည်းဟူမူကား မြတ်သောမင်းကြီး အကျွန်ုပ်၏တပည့်သည် အရှင်မင်းမြတ်တို့ကို ခံစားအံ့သောငှါ အလိုရှိ၏ဟု ကြား၏။
1,341,939
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
မင်းသည် ကောင်းပြီ ခစားစေလောဟု ဆို၏။
1,341,940
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
မင်းမြတ် ထိုသို့တပြီးကား ထိုယောက်ျားအား ရိက္ခာကိုသိတော်မူကုန်လော့ဟု လျှောက်၏။
1,341,941
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
သင်တို့၏တပည့်သည် သင်တို့နှင့်တူမျှသော ရိက္ခာကို မရလတ္တံ့၊ သင်တို့သည် တရာသောရိက္ခာကို ရကုန်သည်ရှိသော် သင်တို့၏ တပည့်သည် ငါးဆယ်သော ရိက္ခာကို ရလတ္တံ့၊ သင်တို့သည် နှစ်ခုတို့ကို ရကုန်သည် ရှိသော် သင်တို့၏တပည့်သည် တခုကို ရလတ္တံ့ဟု ဆို၏။
1,341,942
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ဘုရားလောင်းသည် အိမ်သို့သွား၍ ထိုအကြောင်းကို တပည့်အား ကြား၏။
1,341,943
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
တပည့်သည် ဆရာ အကျွန်ုပ်သည် သင်တို့နှင့်အမျှ အတတ်ကို တတ်၏။
1,341,944
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
အမျှသာလျှင်ဖြစ်သော ရိက္ခာကို အကယ်၍ ရအံ့၊ ခစားအံ့၊ အကယ်၍ မရအံ့၊ မခစားအံ့ဟု ဆို၏။
1,341,945
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ဘုရားလောင်းသည် ထိုအကြောင်းကို မင်းအား ကြား၏။
1,341,946
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
မင်းသည် သင်တို့နှင့် အမျှသောဆုလာဘ်ကို ယူလိုသော် သင်တို့နှင့်အမျှသာလျှင်ဖြစ်သော အတတ်ကိုပြအံ့သောငှါ အကယ်၍ စွမ်းနိုင်အံ့၊ အမျှဖြစ်သော ရိက္ခာကို ရလတ္တံ့ဟု ဆို၏။
1,341,947
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ဘုရားလောင်းသည် ထိုအကြောင်းကို တပည့်အား ကြား၍ ထိုသို့တပြီးကား ကောင်းပြီ ပြအံ့ဟုဆိုသည်ရှိသော် မင်းအား ကြား၏။
1,341,948
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
မင်းသည် ထိုသို့တပြီးကား နက်ဖြန် အတတ်ကို ပြကြကုန်လော့ဟု ဆို၏။
1,341,949
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ကောင်းပြီ ပြကုန်အံ့ဟု ဆိုသည်ရှိသော် မြို့၌ စည်လည်စေကုန်လော့ဟု ဆို၍ နက်ဖြန်၌ တပည့်သည်၎င်း ဆရာသည်၎င်း နှစ်ယောက်ကုန်သော သူတို့သည် ဆင်အတတ်ကို ပြကုန်လတ္တံ့၊ မင်းယင်ပြင်၌ စည်းဝေးကုန်၍ ရှုလိုကုန်သောသူတို့သည် ရှုစေကုန်သတည်းဟု မင်းသည် စည်လည်စေ၏။
1,341,950
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ဆရာသည် ငါ၏တပည့်သည် ငါ၏ဥပါယ်တမျဉ်၌ လိမ္မာသည်၏ အဖြစ်ကို မသိလေဟု ဆင်တစီးကိုယူ၍ တညဉ့်ခြင်းသာလျှင် ဘောက်ပြန်သောအတတ်ကို သင်၏။
1,341,951
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ထိုဘုရားလောင်းသည် ထိုဆင်ကို သွားလော့ဟု ဆိုသည်ရှိသော် နောက်သို့ ဆုတ်စိမ့်သောငှါ နောက်သို့ဆုတ်လော့ဟု ဆိုသည်ရှိသော် သွားစိမ့်သောငှာ ရပ်လော့ဟု ဆိုသည်ရှိသော် ဝပ်စိမ့်သောငှာ ဝပ်လော့ဟုဆိုသည်ရှိသော် ရပ်စိမ့်သောငှါ ယူလော့ဟု ဆိုသည် ရှိသော် ထားစိမ့်သောငှာ ထားလော့ဟုဆိုသည်ရှိသော် ယူစိမ့်သောငှါ သင်၍ နက်ဖြန်နေ့၌ ထိုဆင်ကိုစီး၍ မင်းယင်...
1,341,952
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
တပည့်သည် တစီးသော နှစ်သက်ဘွယ်သောဆင်ကို စီး၏။
1,341,953
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ဆရာတပည့် နှစ်ယောက်တို့သည်လည်း အမျှအတတ်ကို ပြကုန်၏။
1,341,954
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
တဖန် ဘုရားလောင်းသည် မိမိဆင်ကို ဘောက်ပြန်သော အတတ်ကို ပြုစေ၏။
1,341,955
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ထိုဆင်သည် သွားလော့ဟု ဆိုသည်ရှိသော် နောက်သို့ ဆုတ်၏။
1,341,956
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
နောက်သို့ ဆုတ်လော့ဟု ဆိုသည်ရှိသော် ရှေ့ သို့ပြေး၏။
1,341,957
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ရပ်လော့ဟု ဆိုသည်ရှိသော် ဝပ်၏။
1,341,958
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ဝပ်လော့ဟု ဆိုသည်ရှိသော် ရပ်၏။
1,341,959
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ယူဟု ဆိုသည်ရှိသော် ချလိုက်၏။
1,341,960
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ချလော့ဟု ဆိုသည်ရှိသော် ယူ၏။
1,341,961
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
လူများသည် ဟယ်... ပြစ်မှားတတ်သော တပည့် သင်သည် ဆရာနှင့်တကွ ပြိုင်ခြင်းကို ပြု၏။
1,341,962
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
မိမိ၏ ပမာဏကို မသိ၊ ဆရာနှင့်တကွ အမျှဖြစ်သော အတတ်ကို တတ်၏ဟု အမှတ်ရှိ၏ဟု ဆို၍ ခဲ့လှံတံ အစရှိသည်တို့ဖြင့် ပုတ်ခတ်ကုန်၍ ထိုပွဲအလယ်၌သာလျှင် အသက်ကုန်ခြင်းသို့ ရောက်စေ၏။
1,341,963
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ဘုရားလောင်းသည် ဆင်မှသက်၍ မင်းသို့ကပ်၍ မြတ်သောမင်းကြီး အတတ်မည်သည်ကို မိမိကိုယ်ကို ချမ်းသာစေခြင်း အကျိုးငှါ သင်၏။
1,341,964
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ထိုသို့ မိမိကိုယ်ကို ချမ်းသာစေခြင်း အကျိုးငှါ သင်ငြားသော်လည်း အချို့သောသူအား သင်အပ်သောအတတ်သည် မကောင်းသဖြင့် လုပ်အပ်သော ဘိနပ်ကဲ့သို့ ပျက်စီးခြင်းသို့သာလျှင် ဆောင်ရွက်တတ်၏ဟု ဆို၍-
1,341,965
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
၁၆၁။ ယထာပိ ကီတာ ပုရိသဿုပါဟနာ၊သုခဿ အတ္ထာယ ဒုခံ ဥဒဗ္ဗဟေ။
1,341,966
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ဃမ္မာဘိတတ္တာ တလသာ ပပီဠိတာ၊တဿေဝ ပါဒေ ပုရိသဿ ခါဒရေ။
1,341,967
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ဧဝမေဝ ယော ဒုက္ကုလိနော အနရိယော၊တမ္မာက ဝိဇ္ဇဉ္စ သုတဉ္စ အာဒိယ။
1,341,968
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
တမေဝ သော တတ္ထ သုတေန ခါဒတိ၊အနရိယော ဝုစ္စတိ ပါနဒူပမော။
1,341,969
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
၁၆၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။
1,341,970
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
သုခဿ၊ ချမ်းသာခြင်း၏။
1,341,971
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ကီတာ၊ ဝယ်၍။
1,341,972
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ပါဒေသု၊ ခြေတို့၌။
1,341,973
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ပဋိမုက္ကာ၊ စွပ်အပ်သော။
1,341,974
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ဥပါဟနာ၊ မကောင်းသဖြင့် လုပ်အပ်သော ဘိနပ်သည်။
1,341,975
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ဒုခံ၊ ဆင်းရဲကို။
1,341,976
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ဥဒဗ္ဗဟေ၊ ဆောင်ရာ၏။
1,341,977
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ဃမ္မာဘိတတ္တာ၊ အပူသည်နှိပ်စက်အပ်သည်၏ အဖြစ်ကြောင့်။
1,341,978
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
တလာသာ စ၊ ခြေဘဝါးအပြင်သည်လည်း။
1,341,979
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ပပီဠိတာ၊ ကျင်နာသည်ဖြစ်၍။
1,341,980
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ပဋိမုက္ကာ၊ စွပ်အပ်ကုန်သော။
1,341,981
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ဥပဟနာ၊ ဘိနပ်တို့သည်။
1,341,982
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
တဿဝ ပုရိသဿ၊ ထိုယောက်ျား၏သာလျှင်။
1,341,983
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ခါဒရေ-ခါဒန္တိယထာ၊ ခဲကုန်သကဲ့သို့။
1,341,984
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ဒုက္ကုလိနော၊ ယုတ်မာသော အမျိုးရှိသော။
1,341,985
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ယော အနရိယော၊ အကြင်မသူတော်သည်။
1,341,986
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
တမ္မာက တမ္မာကာ၊ ထိုအတတ်ကို သင်ပေးသော ဆရာမှ။
1,341,987
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ဝိဇ္ဇဉ္စ၊ အတတ်ကို၎င်း။
1,341,988
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
သုတဉ္စ၊ အကြားအမြင်ကို၎င်း။
1,341,989
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
အာဒိယ-အာဒိယတိ၊ သင်ယူ၏။
1,341,990
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
အာဒိယ၊ သင်ပြီး၍။
1,341,991
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
သော၊ ထိုမသူတော်သည်။
1,341,992
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
တတ္ထ၊ ထိုဆရာအထံ၌။
1,341,993
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
တမေဝ၊ ထိုမိမိကိုယ်ကိုသာလျှင်။
1,341,994
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ခါဒတိ၊ ခဲ၏။
1,341,995
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
သော ဒုက္ကုလိနော၊ ထိုအမျိုးယုတ်သော သူကို။
1,341,996
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ပါနဒူပမော၊ ခဲတတ်သော ဘိနပ်နှင့်တူသော။
1,341,997
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
အနရိယော၊ မသူတော်ဟူ၍။
1,341,998
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
တနည်းကား- ပါနဒူပမော၊ ခြေကို ခဲတတ်သော ဘိနပ်ဆိုးရှိသော ယောက်ျားနှင့်တူသော။
1,341,999
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
မင်းသည် နှစ်သက်သည်ဖြစ်၍ ထိုဘုရားလောင်းအား များစွာသောစည်းစိမ်ကို ပေး၏။
1,342,000
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥပါဟနဇာတ်
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ တပည့် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။