id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,342,101 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထု | ပါဇေန္တိ၊ မောင်းနှင်ကြကုန်၏။ |
1,342,102 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထု | ဝိသာခါစသော ဥပါသိကာမတို့၏ ဥပုသ်သုံးသောဝတ္ထု ပြီး၏။ |
1,342,103 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | ၅ - ဥပေါသထိကဣတ္ထီနံဝတ္ထု |
1,342,104 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | ၁၃၅။ ယထာ ဒဏ္ဍေန ဂေါပါလော၊ ဂါဝော ပါဇေတိ ဂေါစရံ။ |
1,342,105 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | ဧဝံ ဇရာ စ မစ္စု စ၊ အာယုံ ပါဇေန္တိ ပါဏိနံ။ |
1,342,106 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဝိသာခါအမှူးရှိသော အလိုဆန္ဒ အမျိုးမျိုးဖြင့် ဥပုသ်စောင့်နေသော အရွယ်အစား အဖုံဖုံဖြစ်ကြသော အမျိုးသမီးငါးရာတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။ |
1,342,107 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | အနက် ဂေါပါလော၊ နွားကျောင်းသားသည်။ |
1,342,108 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | ဒဏ္ဍေန၊ နှင်တံဖြင့်။ |
1,342,109 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | ဂေါစရံ၊ စားကျက်သို့။ |
1,342,110 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | ပါဇေတိ ယထာ၊ မောင်းနှင်သကဲ့သို့။ |
1,342,111 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | ပါဇေန္တိ၊ မောင်းနှင်ကုန်၏။ |
1,342,112 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | စကားပြေ နွားကျောင်းသားသည် နှင်တံဖြင့် နွားတို့ကို စားကျက်သို့ မောင်းနှင် ပို့ဆောင်သကဲ့သို့ အိုခြင်းနှင့် သေခြင်းတို့သည် သတ္တဝါတို့၏ အသက်ကို ပို့ဆောင် မောင်းနှင်၍ သတ်ဖြတ်သွားကုန်၏။ |
1,342,113 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | နွားကျောင်းသားနှင့် ဇရာ၊ မစ္စု၊ နွားအပေါင်းနှင့် ဇီဝိတိန္ဒြေ၊ စားကျက်နှင့် မရဏ တူသည်။ |
1,342,114 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | ဇာတိသည် သတ္တဝါတို့၏ အသက်ကို ဇရာသို့၊ ဇရာသည် ဗျာဓိသို့ ရောက်အောင် မောင်းနှင်ပေးသည်။ |
1,342,115 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | အာယုံ ပါဇေန္တိ၊ ၌ ဇီဝိတိန္ဒြေကို ဖြတ်ခြင်း ကုန်စေခြင်းကို ပါဠိဟု ခေါ်သည်။ |
1,342,116 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | အမျိုးသမီးများ၊ သာဝတ္ထိပြည်၌ ဥပုသ်နေ့တွင် အမျိုးသမီးငါးရာ ဥပုသ်သီတင်း ဆောက်တည်ကြသည်။ |
1,342,117 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | ယင်းအမျိုးသမီးများအား ဝိသာခါ ကျောင်းအမကြီးက ဥပုသ်ဆောက်တည်ခြင်း၏ ရည်ရွယ်ချက်ကို မေးမြန်းရာ အရွယ်ကြီးသော မိန်းမများက နတ်စည်းစိမ်ကို တောင့်တ၍ ဥပုသ်ဆောက်တည်ကြောင်း ပြောကြားကြသည်။ |
1,342,118 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | အရွယ်အလတ် မိန်းမများက လင်တူမယားဖြစ်ခြင်းမှ လွှတ်လိုကြောင်းနှင့် အရွယ်ငယ်သော မိန်းမများက သားဦးရလိုကြောင်း၊ ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုလိုကြောင်း ပြောပြကြသည်။ |
1,342,119 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | (ဓမ္မ၊ဋ္ဌ၊၂၊၃၈။ |
1,342,120 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | ဂေါပါလော = ဂါဝော ပါလေတိတိ ဂေါပါလော။ |
1,342,121 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | ပါလ + ဏ။ |
1,342,122 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | ဥပေါသထိကဣတ္ထီနံဝတ္ထု ပြီး၏။ |
1,342,123 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | ၅-ဥပေါသထိကဣတ္ထီနံ ဝတ္ထုပါဠိဂါထာ |
1,342,124 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | ၂၉၈။ ယထာ ဒဏ္ဍေန ဂေါပါလော, ဂါဝေါ ပါဇေန္တိ ဂေါစရံ၊ဧဝံ ဇရာစ မစ္စု စ, အာယုံ ပါဇေန္တိ ပါဏိနံ။ |
1,342,125 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | ဂေါစရံ၊ နွားတို့၏ လှည့်လည်ကျက်စားရာအရပ် သို့။ |
1,342,126 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | ဝါ၊ နွားစားကျက်သို့။ |
1,342,127 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | ပါဇေတိ ယထာ၊ သွားစေသကဲ့သို့။ |
1,342,128 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | ဝါ၊ မောင်းနှင်သကဲ့သို့။ |
1,342,129 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | ပါဏီနံ၊ သတ္တဝါ တို့၏။ |
1,342,130 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | [ဂါထာ၌ ဆန်းကြောင့် ရဿပြု။ |
1,342,131 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | ] အာယုံ၊ အသက်ကို။ |
1,342,132 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | ပါဇေန္တိ၊ ဇရာ, ဗျာဓိ, မရဏသို့ သွားရောက်စေကုန်၏။ |
1,342,133 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ | (ပါ-၁၃၅) ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာနိဿယပြီးပြီ။ |
1,342,134 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ဗာလဝဂ် ၁၀။ |
1,342,135 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ဥပ္ပလဝဏ်ထေရီမ ဝတ္ထု |
1,342,136 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | မဓုဝါ မညတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဥပ္ပလဝဏ်ထေရီမကို အကြောင်းပြု၍ ဟောတော်မူလေ၏။ |
1,342,137 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ဆီမီးလျှံ၌ နိမိတ်ယူ၍ ရဟန္တာမ ဖြစ်ခြင်း |
1,342,138 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ထိုဥပ္ပလဝဏ်ထေရီမသည် ပဒုမုတ္တရ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ အဂ္ဂသာဝိကာမဆုကို ပန်ဆင်ဆုတောင်းခြင်းကို ဖြစ်စေ၍ ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံး များစွာသော ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်လျက် နတ်ပြည်တို့၌လည်းကောင်၊ လူ့ပြည်တို့၌လည်းကောင်း ကျင်လည်ခံစားပြီးလျှင် ဤငါတို့မြတ်စွာဘုရား ပွင့်တော်မူသောအခါ၌ နတ်ပြည်မှ စုတေခဲ့၍ သာဝတ္ထိပြ... |
1,342,139 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ကြာညိုပန်းတိုက်နှင့်တူသော အဆင်းသဏ္ဌာန် ကြန်အင်လက္ခဏာ လွန်စွာ လှပကြည်လင်ခြင်းရှိသောကြောင့် ထိုသတို့သမီးအား ဥပ္ပလဝဏ် ဟူသောအမည်ကို မှည့်ခေါ်ကြလေကုန်၏။ |
1,342,140 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ထို့နောက် ဥပ္ပလဝဏ်သတို့သမီး အရွယ်သို့ ရောက်သောအခါ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌နေကုန်သော မင်းတို့သည်လည်းကောင်း၊ သူဌေးသူကြွယ်တို့သည်လည်းကောင်း ဥပ္ပလဝဏ်သတို့သမီး၏ ဖခင်သူဌေးကြီးအထံသို့ “ငါတို့အား သမီးကို ပေးပါလော့”ဟု သတင်းစကား စေလွှတ်ကုန်၏၊ မစေလွှတ်သောသူမည်သည် မရှိ။ |
1,342,141 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ထို့နောက်မှ သူဌေးကြီးက ကြံဆင်ခြင်သည်မှာ “ငါသည် အလုံးစုံကုန်သောသူတို့၏ စိတ်အလိုကို ပြည့်အောင်ယူခြင်းငှာ မတတ်နိုင်၊ တစ်ခုသော ဥပါယ်တံမျဉ်အကြောင်းကို ပြုတော့အံ့”ဟု ကြံဆင်ခြင်၍ သမီးကိုခေါ်စေပြီးလျှင် “ချစ်သမီး- ရဟန်းပြုခြင်းငှာ တတ်နိုင်အံ့လော”ဟု မေးလေ၏။ |
1,342,142 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ထိုဥပ္ပလဝဏ်သတို့သမီးလည်း ပစ္ဆိမဘဝိကသတ္တဝါ ဖြစ်သောကြောင့် ဖခင်သူဌေးမေးအပ်သော ထိုစကားသည် ဦးခေါင်း၌ သွန်းလောင်းအပ်သော အကြိမ်တစ်ရာချက်ပြီးသော ဆီကဲ့သို့ဖြစ်လေ၏။ |
1,342,143 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ထို့ကြောင့် ဖခင်သူဌေးကြီးကို “ဖခင်- ကျွန်တော်မသည် ရဟန်းပြုပါအံ့”ဟု ပြောဆိုလေ၏။ |
1,342,144 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | သူဌေးကြီးသည် ထိုမိမိ၏သမီးအား များစွာသော ပူဇော်သက္ကာရကိုပြု၍ ရဟန်းမိန်းမကျောင်းသို့ ဆောင်ပို့ပြီးလျှင် ရဟန်းပြုစေ၏၊ ထိုဥပ္ပလဝဏ်ထေရီမအား ရဟန်းပြု၍ မကြာမြင့်မီသာလျှင် ဥပုသ်အိမ်၌ ဆီမီးညှိထွန်းခြင်းစသည်ကို ပြုရသော အလှည့်အကြိမ်သည် ရောက်လေ၏။ |
1,342,145 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ထိုဥပ္ပလဝဏ်ထေရီမသည် ဆီမီးကိုညှိထွန်း၍ ဥပုသ်အိမ်ကို တံမြက်လှည်းလျက် မိမိညှိထွန်းအပ်သော ဆီမီးလျှံ၌ နိမိတ်ကိုယူပြီးလျှင် ရပ်နေလျက်သာလျှင် အဖန်ဖန်ကြည့်ရှုလျက် တေဇောကသိုဏ်းလျှင် အာရုံရှိသောဈာန်ကို ဖြစ်စေ၍ ထိုဈာန်ကိုပင်လျှင် အခြေပြုသဖြင့် ပဋိသမ္ဘိဒါ အဘိညာဉ်တို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏။ |
1,342,146 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | နန္ဒလုလင် ပြစ်မှား၍ မြေမျိုခြင်း |
1,342,147 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ထိုဥပ္ပလဝဏ်ထေရီမသည် နောက်အဖို့ဖြစ်သော အခါတစ်ပါး၌ ဇနပုဒ်ဒေသစာရီ လှည့်လည်ခြင်းကို လှည့်လည်ပြီး၍ ပြန်လာသောအခါ အန္ဓဝနမည်သော သူကန်းတောသို့ ကြွဝင်၍ သီတင်းသုံးတော်မူလေ၏။ |
1,342,148 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ထိုအခါ ရဟန်းမိန်းမတို့အား တောကျောင်း၌နေခြင်းကို သိက္ခာပုဒ် ပညတ်တော်မူခြင်းဖြင့် တားမြစ်တော်မမူရသေး။ |
1,342,149 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ထိုအခါ ထိုမထေရ်မအား ထိုတောအုပ်၌ ကျောင်းငယ်ကုဋိကို ဆောက်လုပ်၍ ညောင်စောင်းကိုခင်းပြီးလျှင် တင်းတိမ်ကို ကာရံပေးကြလေကုန်၏။ |
1,342,150 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ထိုဥပ္ပလဝဏ်ထေရီမသည် သာဝတ္ထိပြည်၌ ဆွမ်းအလို့ငှာ လှည့်လည်ကြွဝင်တော်မူပြီးလျှင် ထွက်လာလေ၏။ |
1,342,151 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ထိုဥပ္ပလဝဏ်ထေရီမ၏ ဦးရီးသားဖြစ်သော နန္ဒအမည်ရှိသော လုလင်သည် လူဖြစ်စဉ်ကာလမှစ၍ စွဲတပ်သောစိတ်ရှိ၏။ |
1,342,152 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ထိုနန္ဒလုလင်သည် ဥပ္ပလဝဏ် ထေရီမ ရောက်လာသည့်အဖြစ်ကို ကြားသိရ၍ ထေရီမ မလာမရောက်မီ ရှေးဦးကပင်လျှင် သူကန်းတောသို့ သွားလင့်ပြီးမှ ထိုကျောင်းငယ် ကုဋီသို့ဝင်၍ အိပ်ရာညောင်စောင်းအောက်၌ ပုန်းအောင်းကာ နေလင့်သဖြင့် မထေရ်မလည်း ပြန်လာ၍ ကျောင်းငယ်ကုဋီသို့ဝင်လျက် တံခါးပိတ်ပြီး ညောင်စောင်းထက်၌ ထိုင်နေကာမျှ အပြင်ပဖြစ်သော နေပူမှလာခဲ့ရသည့်အ... |
1,342,153 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ထိုအခါ အလွန်မိုက်လှစွာသော ထိုနန္ဒလုလင်၏ ကျေးဇူးမဲ့ကို ဆောင်ရွက်ခြင်းငှာ မတတ်နိုင်လေသကဲ့သို့ ယူဇနာ နှစ်သိန်းလေးသောင်း အထုရှိသော မဟာပထဝီမြေကြီးသည် နှစ်ဖြာပြတ်စဲ ဟင်းလင်းကွဲလေ၏။ |
1,342,154 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ထိုနန္ဒလုလင်သည် မြေကြီး၏အတွင်းသို့ ဝင်ရောက်ကျသွား၍ မဟာအဝီစိငရဲ၌သာလျှင် ဖြစ်လေ၏။ |
1,342,155 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ထေရီမသည်လည်း ထိုအကြောင်းကို သီတင်းသုံးဖော် ရဟန်းမိန်းမတို့အား ပြောကြား၏။ |
1,342,156 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ရဟန်းမိန်းမတို့လည်း ရဟန်းယောက်ျားတို့အား ထိုအကြောင်းကို ပြောကြားလျှောက်ထားကြကုန်၏။ |
1,342,157 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ရဟန်းယောက်ျားတို့သည်လည်း မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ |
1,342,158 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ထိုစကားကို ကြားသိတော်မူသဖြင့် မြတ်စွာဘုရားသည် ရဟန်းတို့ကိုခေါ်တော်မူ၍ “ချစ်သားရဟန်းတို့- ငါဘုရား၏ တပည့်သားဖြစ်ကုန်သော ရဟန်းယောက်ျား, ရဟန်းမိန်းမ, ဥပါသကာ ယောက်ျား, ဥပါသိကာမိန်းမတို့၌ အမှတ်မထင် အကြင် တစ်စုတစ်ယောက်သော သူမိုက်သည် မကောင်းမှု အကုသိုလ်ကံကို ပြုလုပ်၏။ |
1,342,159 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ထိုသူမိုက်သည် ပျားသကာ စသည်တို့၌ရှိသော တစ်စုံတစ်ခုသာလျှင်ဖြစ်သော ချိုမြိန်ကောင်းမြတ်သော အရသာကို စားရသောယောက်ျားကဲ့သို့ ရွှင်လန်းနှစ်သက် တက်ကြွသည်ထက် တက်ကြွသော စိတ်ရှိသောသူကဲ့သို့ဖြစ်၍ ပြုလုပ်လေ့ရှိ၏”ဟု အနုသန္ဓေကိုစပ်၍ တရားဒေသနာကို ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။ |
1,342,160 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ဒေသနာတော် [၆၉] မဓုဝါ မညတိ ဗာလော၊ ယာဝ ပါပံ န ပစ္စတိ။ |
1,342,161 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ယဒါ စ ပစ္စတိ ပါပံ၊ ဗာလော ဒုက္ခံ နိဂစ္ဆတိ။ |
1,342,162 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | တံ ကမ္မံ၊ ထိုမကောင်းမှုကံကို။ |
1,342,163 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | မဓုဝါ၊ ပျားအရသာကဲ့သို့။ |
1,342,164 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | မညတိ၊ မှတ်ထင်အောက်မေ့၏။ |
1,342,165 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ဝါ၊ ဆင်းရဲခြင်းကို။ |
1,342,166 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | နိဂစ္ဆတိ၊ ရောက်ရလေ၏။ |
1,342,167 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ဝါ၊ ရရှိလေ၏။ |
1,342,168 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ဘိက္ခုနီမတို့ ရွာ၌သာနေရန် စီမံခြင်း |
1,342,169 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ထို့နောက် အခါတစ်ပါး တရားသဘင်၌ များစွာသော လူရဟန်းအပေါင်းသည် “ရဟန္တာပုဂ္ဂိုလ်တို့သည် ငါးပါးသော ကာမဂုဏ်ချမ်းသာကို ခုံမင်တပ်မက် နှစ်သက်သာယာကြကုန်၏။ |
1,342,170 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ငါးပါးအာရုံ ကာမဂုဏ်ကို ခုံမင်တပ်စွဲ မှီဝဲကြကုန်၏။ |
1,342,171 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | အဘယ့်ကြောင့် မမှီဝဲဘဲ ရှိကုန်အံ့နည်း။ |
1,342,172 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ထိုရဟန္တာတို့သည်လည်း ခြောက်သွေ့သော သစ်ငုတ်တို့လည်း မဟုတ်ကုန်၊ တောင်ပို့တို့လည်း မဟုတ်ကုန်၊ စိုစွတ်သော အသားရှိသောကိုယ် ရှိကုန်သည်သာလျှင်တည်း။ |
1,342,173 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ထို့ကြောင့် ထိုရဟန္တာတို့သည်လည်း ကာမဂုဏ်ချမ်းသာကို သာယာကြကုန်၏၊ ကာမဂုဏ်ကို မှီဝဲကြကုန်၏”ဟု စကားကို ဖြစ်စေလေ၏။ |
1,342,174 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သော် “ချစ်သားရဟန်းတို့- ရဟန္တာတို့သည် ကာမဂုဏ်ချမ်းသာကို မသာယာကြကုန်၊ ကာမဂုဏ်ကို မမှီဝဲကြကုန်၊ ဥပမာမည်သည်ကား ပဒုမ္မာကြာရွက်၌ကျသော ရေပေါက်သည် မကပ်ငြိ မတည်... |
1,342,175 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ဝါရိ ပေါက္ခရပတ္တေဝ၊ အာရဂ္ဂေရိဝ သာသပေါ။ |
1,342,176 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ယော န လိမ္ပတိ ကာမေသု၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။ |
1,342,177 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ပေါက္ခရပတ္တေ၊ ကြာရွက်၌။ |
1,342,178 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | န လိမ္ပတိ ဣဝ၊ မကပ်ငြိ မတည်တံ့သကဲ့သို့လည်းကောင်း။ |
1,342,179 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | သာသပေါ၊ မုန်ညင်းစေ့သည်။ |
1,342,180 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | အာရဂ္ဂေ၊ ပွတ်ဆောက်ဖျား၌။ |
1,342,181 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ကာမေသု၊ နှစ်ပါးသော ကာမတို့၌။ |
1,342,182 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | န လိမ္ပတိ၊ မကပ်ငြိ မတည်တံ့။ |
1,342,183 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | မြတ်စွာဘုရားသည် ပသေနဒီ ကောသလမင်းကြီးကို ခေါ်စေတော်မူ၍ “ဒကာတော်မင်းကြီး- ဤငါဘုရား၏ သာသနာတော်၌ အမျိုးကောင်းသား ယောက်ျားတို့ကဲ့သို့သာလျှင် ထို့အတူ အမျိုးကောင်းသမီး မိန်းမတို့သည်လည်း များစွာသော ဆွေမျိုးဉာတကာ အပေါင်းကိုလည်းကောင်း၊ စည်းစိမ်ဥစ္စာစုကိုလည်းကောင်း စွန့်ပစ်ပယ်ရှား၍ ရဟန်းပြုပြီးလျှင် တော၌ နေထိုင်ကြကုန်၏။ |
1,342,184 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ထိုရဟန်းမိန်းမတို့သည် တောကျောင်း၌ နေထိုင်ကြကုန်သည်ရှိသော် ရာဂဖြင့် စွဲတပ်ကပ်ငြိခြင်းရှိသော ယုတ်မာသော ပုဂ္ဂိုလ်တို့သည် ယုတ်သော မာန်မူခြင်း၊ လွန်ကဲသော မာန်မူခြင်းတို့၏အစွမ်းဖြင့် ညှဉ်းဆဲလည်း ညှဉ်းဆဲကြကုန်၏။ |
1,342,185 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | မြတ်သောအကျင့်၏ အန္တရာယ်သို့လည်း ရောက်စေကြကုန်၏။ |
1,342,186 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ထို့ကြောင့် ရဟန်းမိန်းမ သံဃာအပေါင်း၏အလို့ငှာ နေရာကျောင်းကို မြို့၏အတွင်း၌သာ ပြုခြင်းငှာ သင့်၏”ဟု မိန့်တော်မူလေ၏။ |
1,342,187 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ပသေနဒီကောသလမင်းကြီးသည်လည်း “ကောင်းပါပြီဘုရား”ဟု ဝန်ခံ၍ မြို့၏ တစ်ခုသောနံပါး၌ ရဟန်းမိန်းမ သံဃာအပေါင်း၏အလို့ငှာ နေရာကျောင်းကို ဆောက်လုပ်စေလေ၏။ |
1,342,188 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ထိုအခါမှစ၍ ရဟန်းမိန်းမတို့သည် မြို့တွင်း ရွာတွင်း၌သာ နေထိုင်ကြရကုန်၏။ |
1,342,189 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု | ဥပ္ပလဝဏ်ထေရီမဝတ္ထု ပြီး၏။ |
1,342,190 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထုဂါထာ | ၅-ဗာလဝဂ်။ ၁၀-ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု |
1,342,191 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထုဂါထာ | ၆၉။ မဓုဝါ မညတိ ဗာလော၊ ယာဝ ပါပံ န ပစ္စတိ။ |
1,342,192 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထုဂါထာ | ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းပြု၍ မကြာမီပင် ရဟန္တာမဖြစ်၍ မောင်နှမဝမ်းကွဲတော်သော နန္ဒလုလင်၏ မတရား ကျင့်ကြံခြင်းကို ခံရသော ဥပ္ပလဝဏ္ဏထေရီမကို အကြောင်းပြု၍ ဟောတော်မူသည်။ |
1,342,193 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထုဂါထာ | အနက် ယာဝ၊ အကြင်မျှလောက်။ |
1,342,194 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထုဂါထာ | ဗာလော၊ မိုက်သောသူသည်။ |
1,342,195 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထုဂါထာ | မဓုဝါ၊ ပျားသကာကဲ့သို့။ |
1,342,196 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထုဂါထာ | စကားပြေ မိုက်သောသူသည် မကောင်းမှုကို ပြုစဉ်သော်လည်းကောင်း၊ ပြုပြီး ယခုဘဝ၊ နောင်ဘဝတို့၌ မကောင်းမှု အကျိုးမပေးမီ သော်လည်းကောင်း၊ မိမိအမှုကို ပျားသကာကဲ့သို့ ထင်မှတ်သော်လည်း အကျိုးပေးချိန် ရောက်သောအခါ ဆင်းရဲဒုက္ခကို ခံစားရ၏။ |
1,342,197 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထုဂါထာ | မဓုဝါ၊ မကောင်းမှုကို ပြုစဉ်သော်လည်းကောင်း၊ အကျိုးမပေးမီ သော်လည်းကောင်း၊ မိမိပြုအပ်သော မကောင်းမှုကို အလိုရှိအပ်၊ နှစ်သက်အပ်၊ မြတ်နိုးအပ်သော ပျားသကာကဲ့သို့ ထင်မှတ်၏။ |
1,342,198 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထုဂါထာ | ဥပ္ပလဝဏ္ဏထေရီ၊ ပဒုမုတ္တရဘုရားရှင်၏ ခြေတော်ရင်း၌ ဆုတောင်းခဲ့၍ ကမ္ဘာတသိန်းတိုင်တိုင် ကောင်းမှုပြုကာ လူ့ပြည်၊ နတ်ပြည် ကျင်လည်လျက် ဤဂေါတမဘုရားရှင် လက်ထက် နတ်ပြည်မှ စုတေ၍ သာဝတ္ထိပြည် သဌေးမျိုး၌ ဖြစ်သည်။ |
1,342,199 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထုဂါထာ | ကြာညိုတိုက် အဆင်းရှိသဖြင့် ဥပ္ပလဝဏ္ဏာဟု အမည်ပေးသည်။ |
1,342,200 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထုဂါထာ | ဥပုသ်ကျောင်းဆောင်၌ ထွန်းထားသော ဆီမီးကို ကြည့်၍ တေဇောဓာတ် ကသိုဏ်းလျှင် အာရုံရှိသော ဈာန်ကို အခြေခံကာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်သွားသည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.