id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,343,701 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | လောင်တတ်သော တေဇောသည်လည်း မိမိလောင်ရန် အစာရှိမှ သာ လျှင် တည်ရှိနိုင်၏၊ စွဲလမ်းလောင်မြိုက်ရန် အစာမရှိခဲ့သော် ထိုတေဇော ဓာတ်သည်လည်း တည်နိုင်မည် မဟုတ်ချေ။ |
1,343,702 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဝါယောဓာတ်သည် ထောက် ကန်ခြင်း သဘောလက္ခဏာရှိ၏၊ ထောက်ကန်ခြင်းသဘော လက္ခဏာ သည်လည်း ထောက်ကန်စရာ ရှိမှဖြစ်နိုင်သည်၊ ထောက်ရာ တည်ရာကို မရသည်ရှိသော် မဖြစ်နိုင်၊ ထို့ကြောင့် ရေ မီးလျှံ လေ အစရှိသော ရုပ်တရားတို့သည်ရှိကုန်၏၊ အယုတ်ဆုံးအားဖြင့် ပရမာဏုမြူတစ် လုံးမျှဖြစ်သော ရုပ်အစုသည်လည်းရှိ၏၊ ထိုအလုံးစုံသော ရုပ်ဟူသမျှတို့၏ ထောက်တည်ရာဖြစ... |
1,343,703 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အာပေါ၏ ဖွဲ့စည်းရန်ဝတ္ထုကား ပထဝီဖြစ်သည်၊ တေဇော၏ လောင်မြိုက်ရန် အစာကား ပထဝီဖြစ်သည်၊ ဝါယော၏ ထောက်ကန်ရန် မှာလည်း ပထဝီပင်ဖြစ်သည်ဟူ၍ ဆိုလိုပေသည်။ |
1,343,704 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အာပေါဓာတ်သည်လည်း |
1,343,705 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ သာဓာရဏအာပေါ, |
1,343,706 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ တေမနကအာပေါ, |
1,343,707 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ ပဂ္ဃရဏကအာပေါ, |
1,343,708 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဟူ၍ အခိုက်အတန့်အားဖြင့် သုံးပါးရှိ၏၊ |
1,343,709 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (ရုပ်အလုံးစုံနှင့်ဆက်ဆံသော အာပေါ- စိုစွတ်စေတတ်သော အာပေါ-ယိုစီးစေတတ်သော အာပေါဟူ၍ ဆိုလိုသည်။ |
1,343,710 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုအာပေါသုံးမျိုးတို့တွင် ကျောက်ခဲ သံခဲတို့၌၎င်း၊ လေတို့၌၎င်း၊ မီးလျှံစသည်တို့၌၎င်း ရုပ်တို့ကို တစ်ပေါင်းတည်း ဖွဲ့စည်းမှုကိစ္စဖြင့် အစဉ် ပါရှိသော နူးညံ့သည့်ဓာတ်သည် သာဓာရဏအာပေါမည်၏။ |
1,343,711 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ လူတို့၏ကိုယ်၊ တိရစ္ဆာန်တို့၏ကိုယ်၊ စိမ်းစိုသော သစ်ပင်စ သည်တို့၌ စိုစွတ်စေတတ်သော အာပေါဓာတ်သည် တေမနကအာပေါ ဓာတ်မည်၏။ |
1,343,712 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ ရေတို့၌၎င်း၊ အုန်းရေ ထန်းရေ ကြံရေ စသည်တို့၌၎င်း တည်ရှိ သော ယိုစီးစေတတ်သည့် အာပေါသည် ပဂ္ဃရဏကအာပေါ မည်၏။ |
1,343,713 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုစကားရပ်၌ရုပ်တရားတို့၏ အဆိုင်အခဲအစေးအားဖြင့် တည်ရှိ သော အခြင်းအရာတို့သည် ထင်ရှားကုန်၏၊ သေးငယ်သော ပရမာ ဏုမြူမှစ၍ မြင့်မိုရ်တောင်ကြီးတိုင်အောင် စုဝေးဆိုင်ခဲလျက်တည် နေကြ ကုန်၏၊။ |
1,343,714 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုသို့တည်ရှိလေသမျှသောရုပ်တို့၏ အဆိုင်အခဲ အစုအဝေး တို့သည် အာပေါဓာတ်ကိစ္စဖြင့်သာလျှင် ဆိုင်ခဲစုဝေးမိကြကုန်၏၊ အာပေါ ဓာတ်နှင့် ကင်းပါမူကား ထိုကဲ့သို့ ဆိုင်ခဲစုဝေးခြင်းသို့ပင် ရောက်နိုင်ကြ မည်မဟုတ်ကုန်။ |
1,343,715 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တေဇောဓာတ်သည်လည်း |
1,343,716 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ သာဓာရဏတေဇော, |
1,343,717 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ အင်္ဂါရကတေဇော, |
1,343,718 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ ဇာကလတေဇော, |
1,343,719 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဟူ၍ သုံးပါးရှိသည်။ |
1,343,720 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (ရုပ်အလုံးစုံတို့နှင့် ဆက်ဆံ သောတေဇော မီးခဲတေဇော မီးတောက်တေဇော ဟူ၍ ဆိုလိုသည်။ |
1,343,721 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုတေဇော သုံးမျိုးတိုတွင် ကျောက်ခဲ သစ်သား မြေ စသည်တို့၌ အတူတကွ ဖြစ်သောရုပ်တို့ကို ရင့်ကျက်စေခြင်းကိစ္စ ပွါးစေ ခြင်းကိစ္စအားဖြင့် ရုပ်ကလာပ်တိုင်း၌ အစဉ်ပါရှိ၍နေသောပူမှု အေးမှု ဟုဆိုအပ်သော တေဇောနုသည် သာဓာရဏတေဇောမည်၏၊ ၂။ |
1,343,722 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မီးတောက်မီးလျှံ ငြိမ်းပြီးသော မီးခဲတို့၌တည်ရှိသော တေ ဇောသည် အင်္ဂါရကတေဇောမည်၏။ |
1,343,723 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ မီးတောက် မီးလျှံတို့၌တည်ရှိသော တေဇောသည် ဇာကလ တေဇောမည်၏။ |
1,343,724 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုစကားရပ်၌ အလုံးစုံသော ရုပ်ဟူသမျှတို့သည် တေဇော ဓာတ်၏ အစွမ်းအားဖြင့် ရင့်ကျက်ကြကုန်၏၊ အစဉ် တည်တန့် နိုင်ကြ ကုန်၏၊ ကြီးပွါးနိုင်ကြကုန်၏။ |
1,343,725 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဝါယောဓာတ်သည်လည်း- |
1,343,726 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ သာဓာရဏ ဝါယော, |
1,343,727 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ သဏ္ဌမ္ဘနက ဝါယော, |
1,343,728 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ သမီရဏက ဝါယော, |
1,343,729 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဟူ၍သုံးပါးအပြားရှိ၏။ |
1,343,730 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (ရုပ်အလုံးစုံတို့နှင့် ဆက်ဆံသော ဝါယော၊ ထောက်ကန်တတ် သော ဝါယော၊ ရွေ့ရှားလှုပ်ယှက်စေတတ်သော ဝါယောဟူ၍ ဆိုလို သည်။ |
1,343,731 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုဝါယောသုံးမျိုးတို့တွင် ကျောက်ခဲ ကျောက်တုံးစသည် တို့၌ အတူတကွဖြစ်သော ရုပ်ဓာတ်တို့ကို ထမ်းဆောင်ခြင်းကိစ္စအားဖြင့် အစဉ်ပါရှိ၍နေသော ဝါယောဓာတ်နုသည် သာဓာရဏ ဝါယောမည်၏။ |
1,343,732 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ လေဖြင့် ပြည့်၍နေသော လေခေါင်းအုံး လေမွှေ့ရာ သား ရေအိပ် စသည်တို့၌ ထောက်ကန်တတ်သော သဏ္ဌမ္ဘနက ဝါယောသည် ထင်ရှား၏။ |
1,343,733 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ ထွက်သက်ဝင်သက် ရှိုက်ရှူခြင်း လက်ခြေတို့ကို ကွေး ဆန့်ခြင်း တိုက်ခတ်သောလေဟုန်ကြောင့် သစ်ပင်သစ်ကိုင်းတို့၏ ယိမ်းယိုင်ခြင်း စသည်တို့၌ သမီရဏကဝါယောသည် ထင်ရှား၏၊ ဝါယောဓာတ်မည်သည်ကား အတူတကွဖြစ်သော ရုပ်တရားတို့၏ အင်အားဖြစ်၍ ဗလဓာတ် ထာမဓာတ်မည်သည်၊ အလုံးစုံသော ရုပ်တရားတို့သည် ဝါယောဓာတ်၏ အစွမ်းအားဖြင့် မိမိတို့နှင့် သက်ဆိုင် သော ... |
1,343,734 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သက်ရှိ သက်မဲ့ဖြစ်သော ရုပ်တို့၌ ရွေ့ရှားခြင်း၊ ထောက်ကန်ခြင်း၊ တွန်းထိုးခြင်း စသည်တို့ကား ဝါယောဓာတ်၏ သတ္တိချည်းသာတည်း။ |
1,343,735 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သို့ဖြစ်၍ ဝါယောသည် ဓာတ်ရှင်ကဲ့သို့ဖြစ်လေသည်၊ ဓာတ်လေးပါး တို့တွင်ပထဝီနှင့် အာပေါသည် ဓာတ်သေမည်၏၊ တေဇောနှင့် ဝါယော သည် ဓာတ်ရှင်မည်၏။ |
1,343,736 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤ မဟာဘုတ် ဓာတ်ကြီးလေးပါးတို့သည် ဆိုအပ်ခဲ့ပြီးသော အခိုက်အတန့် သုံးပါးတို့၌ တည်ကြကုန်လျက် ကြီးပွါးရန်အကြောင်း ရှိခဲ့သော် ကြီးပွါးတိုးတက်ကြကုန်၏၊ ဆုတ်ယုတ်ရန် အကြောင်းရှိခဲ့သော် ဆုတ်ယုတ်ပျက်စီးကြကုန်၏၊။ |
1,343,737 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အကြောင်းကိုသာ ထူထောင်၍ ပေးတတ်ကြပါလျှင် ကျောက်ခဲ သံခဲ၌ရှိသော အာပေါဓာတ်သည် အရည် တွေတွေစီးဆင်းခြင်းသို့ ရောက်နိုင်ကုန်၏၊ ကျောက်ခဲ သံခဲရှိ ကြမ်းတမ်း သော ပထဝီဓာတ်သည် နူးညံ့သိမ်မွေ့ခြင်းသို့ ရောက်နိုင်၏၊။ |
1,343,738 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ရေ၌ တည်ရှိသော တေဇောသည် အခိုးအလျှံနှင့်တကွ ထ၍တောက်လောင် သော ဇာလကတေဇောမီး အဖြစ်သို့ရောက်နိုင်၏၊။ |
1,343,739 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကျောက်ခဲ သံခဲ ရေထဲ၌ရှိနေသော ဝါယောဓာတ်သည်လည်း လှုပ်ရှားတိုက်ခတ်သော သမီရဏကဝါယောဓာတ်ဖြစ်၍ ထကြွခြင်း သို့ရောက်နိုင်၏၊ ဤကဲ့သို့ အကြောင်းကို ထူထောင်၍ ပေးနိုင်ပါက ကြီးကျယ်သောအဖြစ်သို့ ရောက်နိုင်ကြသောကြောင့် ထိုဓာတ်ကြီးလေးပါးတို့ကို“မဟာဘူတ” မဟာဘုတ်ဓာတ်ကြီးတို့ဟူ၍ဆိုရလေကုန်သည်။ |
1,343,740 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ။ ထိုမဟာဘုတ် ရုပ်ဓာတ်ကြီးတို့၏ အထွဋ်အထိပ်သို့ရောက်အောင် တန်ခိုးအစွမ်းပြ၍ ကြီးပွါးကြပုံမှာ ကမ္ဘာပျက်ခြင်း ကမ္ဘာတည်ခြင်း စသည်တို့၌ များစွာ ထင် ရှားကုန်၏။ |
1,343,741 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပြအပ်ခဲ့သော စကားရပ်၌ တေဇော၏ အခိုက်အတန့် သုံးမျိုး တို့တွင် သာဓာရဏတေဇော ဟုဆိုအပ်သော ဓာတ်နုအခိုက်အတန့်၌ တည်၍ အလုံးစုံရုပ်နှင့် စပ်ဆိုင်သော အဆောက်အဦဟူသမျှတို့၏ မျိုးစေ့ သဖွယ်ဖြစ်၍ဖြစ်သော တေဇောကိုသာလျှင် ဥတုဟူ၍ ခေါ်ဆိုရလေ သည်။ |
1,343,742 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥတုဝသေန နိယာမတော သိဒ္ဓတ္တာ ဥတုနိယာမော နာမ။ |
1,343,743 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥတုဝသေန=ဥတု၏အစွမ်းအားဖြင့်သာလျှင်၊ နိယာမတော= အမြဲထာဝရအားဖြင့်၊ သိဒ္ဓတ္တာ=ဖြစ်ပေါ်ပြီးစီးလေသောကြောင့်၊ ဥတု နိယာမော နာမ=ဥတုနိယာမ မည်၏။ |
1,343,744 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥတုနိယာမဆိုသည်ကား- |
1,343,745 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဥတု အစွမ်းအားဖြင့် ဤလောက၌ အစဉ်အတိုင်းဖြစ် နေကြသော သဘောမျိုးကို ဥတုနိယာမဆိုသည်။ |
1,343,746 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | လောက၌ သံဝဋ္ဋကပ်စသည်ဖြင့် ကမ္ဘာပျက်ခြင်း ကမ္ဘာတည်ခြင်း သူ့အချိန်ကာလအားလျော်စွာ ဖြစ်ပျက်မှုသည်လည်း ဥတုနိယာမ အစွမ်းမည်၏။ |
1,343,747 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | နွေဥတု မိုးဥတု ဆောင်းဥတုအားဖြင့် ဥတုသုံးပါး ရတုခြောက်ပါး ဖြစ်၍ နေမှုသည်လည်း ဥတုနိယာမအစွမ်းမည်၏။ |
1,343,748 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သစ်ပင် နွယ်ချုံ မြက်တို့၏ သူ့အချိန်ကာလအားလျော်စွာ ရွက် ဟောင်း ကြွေကျခြင်း ရွက်သစ် လဲပြောင်းခြင်း ပုရစ်ဖူးတံ ထွက်ပြူခြင်း ကင်းငုံခြင်း ပွင့်ခြင်း သီးခြင်း ရင့်မှည့်ခြင်း စသည်တို့ဖြင့် အစဉ်အတိုင်း သူ့အချိန်နှင့် သူသူ့အမျိုးနှင့်သူဖြစ်၍ နေမှုသည်လည်း ဥတုနိယာမ အစွမ်းပင်မည်၏။ |
1,343,749 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဆိုအပ်ပြီးသော ကမ္ဘာပျက်ခြင်း ကမ္ဘာတည်ခြင်း သစ်ပင် တော တောင်တို့၏ သူ့အချိန်နှင့်သူ ထိုက်သည့်အား လျော်စွာ ဖြစ်ပျက်၍ နေမှုကို တစ်စုံတစ်ယောက်သော လူသည်၎င်း၊ နတ်သည်၎င်း၊ ဗြဟ္မာ သည်၎င်း၊ ပြုပြင်ဖန်ဆင်းအပ်သည်မဟုတ်၊ လောကကို ပြုပြင်ဖန်ဆင်း တတ်သော ပုဂ္ဂိုလ် သတ္တဝါဟူ၍မရှိ၊ စင်စစ်အာဖြင့် ဥတုကဖန်ဆင်းသော အတိုင်းပင် ဖြစ်၍နေကြရလေသည်၊ ဤ... |
1,343,750 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤဥတုနိယာမကိုရည်၍- |
1,343,751 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဟောတိ ခေါ သော ဝါသေဋ္ဌ သမယော ယံ ကဒါစိ ကရဟစိ ဒီဃဿ အဒ္ဓုနော အစ္စယေန အယံ လောကော သံဝဋ္ဋတိ။ |
1,343,752 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စသောစကားကို မြတ်စွာဘုရားဟောကြားတော်မူသည်။ |
1,343,753 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဝါသေဋ္ဌ=အိုဝါသေဋ္ဌ၊ ယံ ကဒါစိ ကရဟစိ= အကြင်အမှတ်မရှိသော တစ်ရံတစ်ခါ၌၊ ဒီဃဿ=ရှည်မြင့်စွာသော၊ အဒ္ဓုနော=ကာလအဓွန့်၏၊ အစ္စယေန=ကုန်လွန်လေသဖြင့်၊ အယံလော ကော=ဤလောကကြီးသည်၊ သံဝဋ္ဋတိ=ဥတုနိယာမအားဖြင့် ပျက်ပြား လေ၏၊ သော သမယော=ထိုကမ္ဘာပျက်သော အချိန်ကာလသည်၊ ဟောတိ ခေါ=ရှိသည်သာလျှင်တည်း။ |
1,343,754 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (ဤသည်ကား ဥတုနိယာမအတွက်နှင့် ကမ္ဘာပျက်ပုံကို ဟောတော် မူအပ်သော ပါဠိတော်စကားရပ်တည်း။ |
1,343,755 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ) ထိုမှတစ်ပါးလည်း- |
1,343,756 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အထခေါ တေသံ ဝါသေဋ္ဌ သတ္တာနံ သယံ ပဘာ အန္တရဓာယိ။ |
1,343,757 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သယံပဘာယ အန္တရဟိတာယ စန္ဒိမ သူရိယာ ပါတုရဟေတုံ။ |
1,343,758 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | နက္ခတ္တာနိ တာရကရူပါနိ ပါတုရဟေသုံ။ |
1,343,759 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ရတ္တိဒိဝါ ပညာယိံသု။ |
1,343,760 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မာသ အဍ္ဎမာသ ဥတု သံဝရစ္ဆရာ ပညာယိံသု။ |
1,343,761 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စသည်ဖြင့်လည်း ဟောကြားတော်မူသည်။ |
1,343,762 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဝါသေဋ္ဌ=အိုဝါသေဋ္ဌ၊ အထခေါ=ထိုကိလေ သာရမ္မက် ထူပြောကြသောအခါ၌၊ တေသံ သတ္တာနံ=ထိုကမ္ဘာဦးသူ တို့အား၊ သယံပဘာ=ကိုယ်ရောင်သည်၊ အန္တရဓာယိ=ကွယ်ခဲ့လေ၏၊ သယံပဘာယ=ကိုယ်ရောင်သည်၊ အန္တရဟိတာယ=ကွယ်ခဲ့လေသည်ရှိ သော်၊ ဥတုနိယာမဝသေန=ဥတုနိယာမအစွမ်းအားဖြင့်၊ စန္ဒိမ သူရိယာ= လ-နေတို့သည်၊ ပါတုရဟေသုံ=ထင်ရှားဖြစ်ပေါ်ကြလေကုန်၏၊ နက္ခတ္တာနိ=ဘအဿဝဏီ စသောန... |
1,343,763 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | (ဤကား ဥတုနိယာမအားဖြင့် ကမ္ဘာစတည်ပုံကို ပြဆိုသော ပါဠိတော်ကြီးပေတည်း။ |
1,343,764 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ) ဥတုနိယာမ ပြီး၏။ |
1,343,765 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ ဗီဇနိယာမ |
1,343,766 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မျိုးစေ့ကို ဗီဇဟူ၍ဆိုသည်။ |
1,343,767 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “ဝိဝိဓေန ဇာယန္တိ ရုက္ခာဒယော ဧတေနာတိ ဗီဇံ” ဧတေန=ဤမျိုးစေ့ဖြင့်၊ ရုက္ခာဒယော=သစ်ပင် နွယ်ပင် စသည် တို့သည်၊ ဝိဝိဓေန=အထူးထူး အပြားပြားအားဖြင့်၊ ဇာယန္တိ=ဖြစ်ပွါး ပေါက် ရောက်တတ်ကုန်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဗီဇံ=ဗီဇမည်၏၊ (ဗီဇံ=မျိုးစေ့) |
1,343,768 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | မျိုးစေ့ဟူသည် အဘယ်နည်းဟူမူ လူတို့ခေါ်ဝေါ်အပ်သော ပညတ်အားဖြင့်-- |
1,343,769 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၁။ အမြစ်မျိုးစေ့, |
1,343,770 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၂။ ပင်စည်မျိုးစေ့, |
1,343,771 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၃။ အသီးမျိုးစေ့, |
1,343,772 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၄။ အညွန့်မျိုးစေ့, |
1,343,773 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ၅။ အစေ့မျိုးစေ့, |
1,343,774 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဟူ၍ ငါးပါးရှိသည်။ |
1,343,775 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စင်စစ် ပရမတ္ထအားဖြင့်မူကား တေဇောဓာတ်ဟုဆိုအပ်သော ဥတု အထူးမျှသာတည်း။ |
1,343,776 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုစကားမှန်၏၊ စိမ်းရှင်၍နေကြကုန်သော သစ်ပင် ချုံနွယ် စသည်တို့ကို ခြောက်သွေ့သည်၏အဖြစ်သို့ မရောက် စေဘဲ ဖြစ်ပွါး ပေါက်ရောက်စေတတ်သော ဥတုဓာတ်အထူးသည်ရှိ၏၊ ထိုဥတု ဓာတ်အားဖြင့်သာလျှင် သစ်ပင် ချုံနွယ် စသည်တို့သည် စိမ်းရှင် ကြီးပွါး၍ နေကြကုန်၏၊ ထိုသို့စိမ်းရှင် ကြီးပွါးကြောင်းဖြစ်သော ဓာတ်သဘောကို သာလျှင် ဗီဇဟူ၍ ခေါ်ဆိုရလေသည်။ |
1,343,777 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဗီဇနိယာမဆိုသည်ကား |
1,343,778 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဗီဇဝသေနေဝ နိယာမတော သိဒ္ဓတ္တာ ဗီဇနိယာမောနာမ။ |
1,343,779 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဗီဇဝသေနေဝ=ဥတုအထူးဟုဆိုအပ်သော မျိုးစေ့၏ အစွမ်းအား ဖြင့်သာလျှင်၊ နိယာမတော=အစဉ်မြဲသောအားဖြင့်၊ သိဒ္ဓတ္တာ=ပြီးစီးလျက် ရှိနေသောကြောင့်၊ ဗီဇနိယာမော နာမ=ဗီဇနိယာမမည်၏။ |
1,343,780 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤစကားအတိုင်း-- |
1,343,781 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | တေဇောဓာတ်အထူးဟုဆိုအပ်သော မျိုးစေ့၏အစွမ်း အားဖြင့် အစဉ်အမြဲ ပြောင်းလွဲ မှားယွင်းသည်ဟူ၍ မရှိဘဲ ပြီးစီးနေကြ သည်ကို ဗီဇနိယာမဆိုသည်။ |
1,343,782 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | သပြေပင်၏မျိုးစေ့မှ ပေါက်ရောက်လာသည်ရှိသော် အညွန့်အညှောက်တို့သည် သပြေညွန့် သပြေညှောက် တို့သာဖြစ်ကုန် ၏၊ ပင်စည်အကိုင်း အခက်တို့သည်လည်း သပြေပင် သပြေကိုင်း သပြေ ခက်တို့သာဖြစ်ကုန်၏၊ အရွက် အသီးတို့သည်လည်း သပြေရွက် သပြေ သီးတို့သာဖြစ်ကုန်၏၊ အညွန့် အညှောက် အသီးအရွက်စသည်တို့သည် သပြေပင်၏ ဇာတ်ကို မစွန့်ကြကုန်။ |
1,343,783 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤနည်းအတူပင်လျှင် အလုံးစုံ ရှိရှိသမျှကုန်သော သစ်ပင် နွယ်ပင် ချုံ ပေါင်း မြက်တို့၌ ဗီဇနိယာမ အတွက်ကြောင့် မိမိတို့၏ဇာတ်ကို မစွန့်ကြောင်းကို သိရာ၏၊ ဤသို့ဖြစ်မှု ကို တစ်စုံတစ်ဦးသော ဖန်ဆင်းတတ်သောသူ ပုဂ္ဂိုလ်က ဖန်ဆင်းသည် မဟုတ်။ |
1,343,784 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စင်စစ်အားဖြင့် တေဇောဓာတ် အထူးဟုဆိုအပ်သော ဗီဇနိယာမ ကသာလျှင် ဖန်ဆင်းလေသည်ဟုသိရာ၏။ |
1,343,785 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဤဗီဇနိယာမအကြောင်းကို ဝိနည်းပါဠိတော် |
1,343,786 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဘူတဂါမ သိက္ခာပုဒ်၌-- |
1,343,787 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ပဉ္စိမာနိ ဘိက္ခဝေ ဗီဇာနိ မူလဗီဇံ ခန္ဓဗီဇံ ဖလုဗီဇံ အဂ္ဂဗီဇံ ဗီဇဗီဇံ။ |
1,343,788 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ။ ဘိက္ခဝေ=ရဟန်းတို့၊ ဗီဇာနိ=မျိုးစေ့တို့သည်၊ မူလဗီဇံ=အမြစ်မျိုးစေ့၎င်း၊ ခန္ဓဗီဇံ=ပင်စည်မျိုးစေ့၎င်း၊ ဖလုဗီဇံ= အသီး မျိုးစေ့၎င်း၊ အဂ္ဂဗီဇံ=အညွန့်မျိုးစေ့၎င်း၊ ဗီဇဗီဇံ=အစေ့မျိုးစေ့၎င်း၊ ဣမာနိ ပဉ္စ=ဤငါးပါးတို့တည်း။ |
1,343,789 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဗီဇနိယာမပြီး၏။ |
1,343,790 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ကမ္မနိယာမ ကောင်းမှု မကောင်းမှု ပြုပြုသမျှသောအကျိုးရှိ အကျိုးမဲ့ အမှုကိစ္စများကို ကံဟူ၍ဆိုသည်။ |
1,343,791 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “ကရောန္တိ ဇနာ ဟိတာဟိတကိစ္စာနိစ ပုညာပုည ကိစ္စာနိစ ဧတေနာတိ ကမ္မံ” |
1,343,792 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဧတေန=ဤစေ့ဆော်မှုစေတနာဖြင့်၊ ဇနာ=သတ္တဝါအများတိ့ု သည်၊ ဟိတာဟိတ ကိစ္စာနိစ=အကျိုးရှိသောအမှု အကျိုးမဲ့သော အမှုတို့ကို၎င်း၊ ပုညာပုညကိစ္စာနိစ=ကောင်းမှု မကောင်းမှုတို့ကို၎င်း၊ ကရောန္တိ=ပြုတတ် ကုန်၏၊ ဣတိတသ္မာ=ထိုကြောင့်၊ ကမ္မံ=ကံမည်၏။ |
1,343,793 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ထိုကံသည် တရားကိုယ်အားဖြင့် စေတနာ စေတသိက်ပင်ဖြစ်၏၊ ထိုကြောင့်-- |
1,343,794 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ဟူ၍ ဆက္ကင်္ဂုတ္တရ ဆဋ္ဌဝဂ် နိဗ္ဗေဓိကသုတ်တွင် မြတ်စွာဘုရား ဟောကြားတော်မူသည်။ |
1,343,795 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | ။ ဘိက္ခဝေ=ရဟန်တို့၊ စေတနံ=စေ့ဆော် စီရင် တတ်သော စေတနာ စေတသိက်ကို၊ ကမ္မံ=ကံဟူ၍၊ အဟံ=ငါဘုရားသည်၊ ဝဒါမိ=ဟောတော်မူ၏၊ စေတယိတွာ=စေ့ဆော်စီရင်၍၊ ကာယေန= ကိုယ်ဖြင့်၎င်း၊ ဝါစာယ=နှုတ်ဖြင့်၎င်း၊ မနသာ=စိတ်ဖြင့်၎င်း၊ ကမ္မံ=အမှု အမျိုးမျိုးကို၊ ကရောတိ=ပြု၏။ |
1,343,796 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စင်စစ်အားဖြင့်မူကား ကောင်းမှု မကောင်းမှု ကုသိုလ် အကုသိုလ် အကျိုးရှိ အကျိုးမဲ့ဖြစ်သော အမှုကိစ္စများကို စေ့ဆော်စီရင်တတ်သော စေတနာကိုသာလျှင် ကံဟူ၍ ဆိုရလေသည်။ |
1,343,797 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စေတနာဆိုသောစကား၌ |
1,343,798 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | “စေတေတီတိ စေတနာ” |
1,343,799 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | စေတေတိ=စေ့ဆော်စီရင်တတ်၏၊ ဣတိတသ္မာ=ထိုကြောင့်၊ စေတနာ=စေတနာမည်၏။ |
1,343,800 | Uncategorized | ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း | အလုံးစုံသော အမှုမျိုးတို့ကို ပြုလုပ်ရာတို့၌ စေတနာသည် ကိုယ်တိုင်နာမ်တရားတို့၏၊ အကြီးအမှူးဖြစ်၍ မိမိ၏ စေ့ဆော်ခြင်းကိစ္စ၊ ဖဿစသောတရားတစ်ပါးတို့၏၊ တွေ့ထိခြင်းစသော ကိစ္စတို့ကို ဆောင် ရွက်တတ်သောတရားပေတည်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.