id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,345,901 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ထိုအခါ ဇေတဝန် ကျောင်းတော်၏အစွန်း တခုသော ပရိဝုဏ်၌နေသော တပါးသော ရဟန်းသည် တံမြက်လှည်းသော ကာလ၌ သစ်ပင်မှကျကုန်သော ခုနစ်ကွမ်းစား ရှစ်ကွမ်းစားရှိကုန်သော သွေးဖြင့် အလိမ်းလိမ်းကပ်ကုန်သော ကျီးဦးခေါင်းတို့ကို စွန့်အပ်ကုန်၏။ |
1,345,902 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ထိုရဟန်းသည် ထိုအကြောင်းကို ရဟန်းတို့အား လျှောက်၏။ |
1,345,903 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ ဤမည်သော ရဟန်း၏ နေရာအရပ်၌ နေ့တိုင်း နေ့တိုင်း ဤမျှလောက်ကုန်သော ကျီးဦးခေါင်းတို့ကို စွန့်ရကုန်၏ဟု စကားကို ဖြစ်စေကုန်၏။ |
1,345,904 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော် မူလတ်၍ |
1,345,905 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ကျီး, ခင်ပုပ်တို့သည် ခိုက်ရန် ပြုကြသည် မဟုတ်သေး၊ ရှေး၌လည်း ခိုက်ရန်ပြုကြသည် သာလျှင်တည်းဟု မိန့်တော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား အဘယ်အခါ၌ ကျီး ခင်ပုပ်တို့သည် ခိုက်ရန်ဖြစ... |
1,345,906 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကမ္ဘာဦးလူတို့သည် စည်းဝေး၍ တယောက်သော အဆင်းလှသော တင့် တယ်ခြင်းသို့ ရောက်သော အကျင့်နှင့်ပြည့်စုံသော ခပ်သိမ်း သော အခြင်းအရာနှင့်ပြည့်စုံသော ယောက်ျားကိုယူ၍ မင်းပြုကုန်၏။ |
1,345,907 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | အခြေလေးချောင်းတို့သည်လည်း စည်းဝေး၍တခုသောခြင်္သေ့ကို မင်းပြုကြကုန်၏။ |
1,345,908 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | မဟာသမုဒ္ဒရာ၌ ငါးတို့သည် အာနန္ဒာ အမည်ရှိသော ငါးကို မင်းပြုကြကုန်၏။ |
1,345,909 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ထို့နောက် ငှက်တို့သည် ဟိမဝန္တာ၌ တခုသော ကျောက်ဖျာ၌ စည်းဝေး၍ လူတို့တွင် မင်းသည် ရှိ၏။ |
1,345,910 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ထို့အတူ အခြေလေးချောင်းတို့၌၎င်း ငါးတို့၌၎င်း မင်းသည် ထင်၏။ |
1,345,911 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ငါတို့၏အတွင်း ၌ကား မင်းသည် မရှိ၊ ရိုသေတုံ့ဝပ်ခြင်းမရှိသော နေခြင်းမည်သည် မသင့်၊ ငါတို့အားလည်း မင်းကိုရခြင်းငှာ သင့်၏။ |
1,345,912 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | မင်းအရာ၌ ထားခြင်းငှာ လျောက်ပတ်သော တခုသောငှက်ကို ကြည့်ကြကုန်လောဟု ဆို၍ ထိုသို့ သဘောရှိသောငှက်ကို ကြည့်လတ်သော် တခုသောခင်ပုပ်ကို နှစ်သက်၍ ဤခင်ပုပ်ကို ငါတို့နှစ်သက်၏ဟု ဆို၏။ |
1,345,913 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ထိုအခါ တခုသော ငှက်သည် ခပ်သိမ်းသော ငှက်တို့၏အလိုကို ယူအံ့သောငှါ သုံးကြိမ် ကြားသိစေ၏။ |
1,345,914 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | နှစ်ကြိမ် ကြားခြင်းတို့ကို သည်းခံ၍ သုံးကြိမ်ကြားသောအခါ၌ တခုသော ကျီးသည်ထ၍ အမျက်မထွက်သေးသော ဤခင်ပုပ်အား ရာဇအဘိသေကကို ပြုသောကာလ၌ပင် ဤသို့သဘောရှိသော မျက်နှာကို ကြည့်ပါလော့၊ အမျက်ထွက်သော ခင်ပုပ်၏ မျက်နှာသည် အသို့သဘောရှိသည် ဖြစ်လတ္တံ့နည်း၊ ဤခင်ပုပ်သည် အမျက်ထွက်၍ ကြည့်လတ်သည်ရှိသော် ငါတို့သည် ပူစွာသောအိုးကင်း၌ ထည့်အပ်သော ဆားကဲ... |
1,345,915 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ၅၈။ သဗ္ဗေဟိ ကိရ ဉာတီဟိ၊ ကောသိယော ဣဿရော ကတော။ |
1,345,916 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | သစေ ဉာတီဟိ အနိညာတော ဘဏယျာဟံ ဧကဝါစိကံ။ |
1,345,917 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ၅၈။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ |
1,345,918 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ဉာတီဟိ၊ အဆွေအမျိုးတို့သည်။ |
1,345,919 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ကောသိယော၊ ခင်ပုပ်ကို။ |
1,345,920 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ဣဿရော၊ မင်းကို။ |
1,345,921 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ကတော ကိရ၊ ပြုသတတ်။ |
1,345,922 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | သစေ အနုညာတော၊ အကယ်၍ ခွင့်ပြုငြားအံ့။ |
1,345,923 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | အဟံ၊ သည်။ ဧကဝါစိကံ၊ တခွန်းသော စကားကို။ |
1,345,924 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ဘဏေယျ၊ ဆိုလို၏။ |
1,345,925 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ထိုအခါ ကျီးကို ခွင့်ပြုလိုကုန်သော ငှက်တို့သည်- |
1,345,926 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ၅၉။ ဘဏ သမ္မ အနုညာတော၊ အတ္ထံ ဓမ္မဉ္စ ကေဝလံ။ |
1,345,927 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | သန္တိ ဟိ ဒဟရာ ပက္ခီ၊ ပညာဝန္တော ဇုတိန္ဓရာ။ |
1,345,928 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ၅၉။ သမ္မ၊ အဆွေကျီး။ |
1,345,929 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | အနုညာတော၊ ငါတို့ခွင့်ပြု၏။ |
1,345,930 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ကေဝလံ၊ သက်သက်သော။ |
1,345,931 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | အတ္ထံ၊ အကျိုးကို၎င်း။ |
1,345,932 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ဘဏ၊ ဆိုလော။ |
1,345,933 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ဒဟရာ၊ ငယ်ကုန်သော။ |
1,345,934 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ပညဝါ၊ ပညာရှိကုန်သော။ |
1,345,935 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ဇုတိန္ဓရာ၊ ထွန်းပခြင်းကို ဆောင်ကုန်သော။ |
1,345,936 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ပက္ခီ၊ ငှက်တို့သည်။ |
1,345,937 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ဤသို့ ခွင့်ပြုအပ်သည်ရှိသော် ထိုကျီးသည်- |
1,345,938 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ၆၀။ န မေ ရုစ္စတိ ဘဒ္ဒံ ဝေါ၊ ဥလူကဿာဘိသေစနံ။ |
1,345,939 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | အက္ကုဒ္ဓဿ မုခံ ပဿ၊ ကထံ ကုဒ္ဓေါ ကရိဿတိ။ |
1,345,940 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ၆၀။ ဝေါ၊ သင်တို့အား။ |
1,345,941 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ဟောတု၊ ဖြစ်ပါစေ သတည်း။ |
1,345,942 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ဥလူကဿ၊ ဤခင်ပုပ်အား။ |
1,345,943 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | အဘိသေစနံ၊ အဘိသိက်သွန်းလောင်းခြင်းကို။ |
1,345,944 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | အက္ကုဒ္ဓဿ၊ အမျက်မထွက်သော ခင်ပုပ်၏။ |
1,345,945 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ကုဒ္ဓေါ၊ အမျက်ထွက်သော်ကား။ |
1,345,946 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ကထံ ကရိဿတိ၊ အသို့ပြုလတ္တံ့နည်း။ |
1,345,947 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ထိုကျီးသည် ဤသို့ဆို၍ ငါမနှစ်သက် ငါမနှစ်သက်ဟု မြည်လျက် ကောင်းကင်သို့ ပျံ၏။ |
1,345,948 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ခင်ပုပ်ငှက်သည်လည်း ထ၍ ထိုကျီးကို လိုက်၏။ |
1,345,949 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ထိုအခါမှစ၍ အချင်းချင်း ရန်ငြိုးဖွဲ့ကြကုန်၏။ |
1,345,950 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ငှက်တို့သည် ရွှေဟင်္သာကို မင်းပြု၍ ဖဲကြကုန်၏။ |
1,345,951 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ များစွာသော ရဟန်းတို့သည် သောတာပတ္တိဖိုလ် အစရှိသည်တို့၌ တည်ကုန်၏။ |
1,345,952 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မင်းအဖြစ်၌ အဘိသိက် သွန်းလောင်းသော ဟင်္သာငယ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။ |
1,345,953 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ခင်ပုပ်နှင့်ကြီး၊ ရန်စမီး၊ ဖြစ်နည်းမှတ်ပါ ကမ္ဘာဦးခါ |
1,345,954 | ဇာတ်နိပါတ်, မြန်မာဘာသာ | ဥလူကဇာတ် | ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဥလူကဇာတ်သည် ပြီး၏။ |
1,345,955 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ သမ္မတများ | ဦးထင်ကျော်၏ ပထမဆုံး မိန့်ခွန်း | လွှတ်တော်နာယကကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာကြသော ဂုဏ်သရေရှိဧည့်သည်တော်များ နဲ့ နိုင်ငံသူ၊ နိုင်ငံသားများခင်ဗျား့ |
1,345,956 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ သမ္မတများ | ဦးထင်ကျော်၏ ပထမဆုံး မိန့်ခွန်း | ဒီပြည်ထောင်စုလွှတ်တော်ကြီးက ကျွန်တော့်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတာဟာ အထင်ကရ သမိုင်းဝင်ဖြစ်ရပ်ကြီးတစ်ခုဖြစ်တဲ့အတွက် ကျွန်တော် များစွာဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြား လိုပါတယ်။ |
1,345,957 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ သမ္မတများ | ဦးထင်ကျော်၏ ပထမဆုံး မိန့်ခွန်း | နိုင်ငံတော်သမ္မတဖြစ်လာတဲ့အညီ ကျွန်တော်က ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမယ့် ပုဂ္ဂိလ်ဖြစ်လာပါတယ်။ |
1,345,958 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ သမ္မတများ | ဦးထင်ကျော်၏ ပထမဆုံး မိန့်ခွန်း | (၂၀၁၅) ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်ကြောင့် ဖြစ်ထွန်းလာတဲ့ ဒုတိယအကြိမ်လွှတ်တော်နဲ့ အစိုးရ အဖွဲ့များဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒများနဲ့ကိုက်ညီစွာ ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ |
1,345,959 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ သမ္မတများ | ဦးထင်ကျော်၏ ပထမဆုံး မိန့်ခွန်း | ယခုအစိုးရသစ်အနေဖြင့် အောက်မူဝါဒများဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက်ရေးနဲ့ ပြည်သူလူထု အများစုရဲ့လူနေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မားရေးတို့ကို အကောင်အထည်ဖော်ဆောင်သွားမှာဖြစ် ပါတယ်။ |
1,345,960 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ သမ္မတများ | ဦးထင်ကျော်၏ ပထမဆုံး မိန့်ခွန်း | လွှတ်တော်နာယကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာကြသော ဂုဏ်သရေရှိဧည့်သည်တော် များနဲ့ နိုင်ငံသူနိုင်ငံသားများခင်ဗျား |
1,345,961 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ သမ္မတများ | ဦးထင်ကျော်၏ ပထမဆုံး မိန့်ခွန်း | ဒီနေ့ဒီအချိန်မှာ လေးနက်စွာတင်ပြလိုတဲ့ အချက်တစ်ခုရှိပါတယ်။ |
1,345,962 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ သမ္မတများ | ဦးထင်ကျော်၏ ပထမဆုံး မိန့်ခွန်း | ဒီအချက်ကတော့ မကြာမီကပဲ ကျွန်တော် ဟာ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခဲ့ပြီးဖြစ်ပါတယ်။ |
1,345,963 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ သမ္မတများ | ဦးထင်ကျော်၏ ပထမဆုံး မိန့်ခွန်း | အဲဒီကတိသစ္စာကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိကြောင်းကိုလည်း အစဉ်သတိချပ်နေမှာဖြစ်ပါတယ်။ |
1,345,964 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ သမ္မတများ | ဦးထင်ကျော်၏ ပထမဆုံး မိန့်ခွန်း | ဒါ့အပြင် နိုင်ငံတော်နဲ့သင့်တော်မယ့် ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေးအတွက်လည်း ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်။ |
1,345,965 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ သမ္မတများ | ဦးထင်ကျော်၏ ပထမဆုံး မိန့်ခွန်း | နှစ်ရှည်လများ ပြည်သူလူထုလိုလားတောင့်တနေတဲ့ ဒီနိုင်ငံရေးရည်မှန်းချက် အကောင် အထည်ပေါ်လာရေးအတွက် စိတ်ရှည်သည်းခံပြီးဆောင်ရွက်သွားရမှာကိုလည်း သိနားလည်ထားပါတယ်။ |
1,345,966 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ သမ္မတများ | ဦးထင်ကျော်၏ ပထမဆုံး မိန့်ခွန်း | နိဂုံးချုပ်အားဖြင့် တင်ပြချင်တာကတော့ ယခုပေါ်ပေါက်လာတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဟာ ပြည်သူလူထု ရဲ့မျှော်လင့်ချက်များ၊ ဆန္ဒများ ပြည့်ဝစေရန် မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အလေး အနက် ပြောကြားလိုခြင်းဖြစ်ပါတယ်။ |
1,345,967 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ သမ္မတများ | ဦးထင်ကျော်၏ ပထမဆုံး မိန့်ခွန်း | နိုင်ငံသူနိုင်ငံသားအားလုံး ချမ်းမြေ့သာယာစွာနဲ့ မိမိတို့ဘဝလမ်းကြောင်း ကို ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ကြပါစေ။ |
1,345,968 | မြန်မာဘာသာ, မြန်မာနိုင်ငံ၏ သမ္မတများ | ဦးထင်ကျော်၏ ပထမဆုံး မိန့်ခွန်း | Category:မြန်မာနိုင်ငံ၏ သမ္မတများ |
1,345,969 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | လေးကျွန်းဦးကိုင် မဏ္ဍိုင်စကမှာ |
1,345,970 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | ကုန်းဘောင်အောင်ချက် တိုင်းကြီးရှင်။ |
1,345,971 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | ဘုန်းတော်တောက်လို့ နောက်မှပေါ် |
1,345,972 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | သုံးခါလည်ကျော် သူငယ်တမ်းမို့ |
1,345,973 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | ပေါက်လွှတ်ဗလဗွေ ပွေအောင်ကြမ်းချည့် |
1,345,974 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | ရွယ်မတူ ဘယ်သူစမ်းမလဲ |
1,345,975 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | လမ်းရှေ့ကထွင်။ |
1,345,976 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | ရွှေလမင်းကျား ဘကြီးသား |
1,345,977 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | လွတ်ရာရှားဟဲ့ သွားလာစေ |
1,345,978 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | ယွန်းတန်းအောင်မြေ ရပ်မျာ့မှူးက |
1,345,979 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | ပွဲတော်ဦးမို့ ဖူးမဲ့လာ |
1,345,980 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | ရန်မျိုးဆုတ်ခွာ ဝေးကရှင်းရှင်း။ |
1,345,981 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | မိန့်တော်အပ်လို့ လက်မှတ်ဆောင် |
1,345,982 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | သူငယ်ငါမောင် လိုသရွေ့ |
1,345,983 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | ဘယ်နေ့ဘယ်ရက် မရွေးချယ် |
1,345,984 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | ဘယ်နယ်ဘယ်ရွာ ဘယ်အရပ်လို့ |
1,345,985 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | ကမ်းမသတ်ဘူး စိတ်ကြိုက်ရာ |
1,345,986 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | ပျိုခင်ကညာ ရင်စို့စို့ |
1,345,987 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | နို့ထိန်းလုပ်ဖို့ ကောက်ယူစေ |
1,345,988 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | နို့မှာတိုရှေ ရွေးဆက်လို့သွင်း။ |
1,345,989 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | ဝါဝါဝင်းတဲ့ ကြော့ရှင်းပြာဖြူ |
1,345,990 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | သိမ်းပိုက်တော်မူမယ်လေး။ |
1,345,991 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | ဧးဟေ့ မယ်မြှူ |
1,345,992 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | မြရွှေကြူ ဇာပုခက်မှာ |
1,345,993 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | တေးဆက်လို့ မြိုင်မြိုင် |
1,345,994 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | သံတိုင်နှင့်လွှဲ။ |
1,345,995 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | မအိပ်လို မငိုအောင် အပျိုပိုက်မယ် |
1,345,996 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | အသားပုံ သူငယ်ကြိုက်ကို |
1,345,997 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ဒုံးချင်း | ဦးပုည ဒုံးချင်း | သွားကိုက်လို့ခဲ။ |
1,345,998 | Uncategorized | ဦးရာဇိန္ဒ၏ ပုစ္ဆာအဖြေ | ဦးရာဇိန္ဒ၏ ပုစ္ဆာအဖြေ |
1,345,999 | Uncategorized | ဦးရာဇိန္ဒ၏ ပုစ္ဆာအဖြေ | ၁၂၈၃-ခုနှစ်၊ တန်ခူးလဆုတ် ၁၂-ရက်နေ့။ |
1,346,000 | Uncategorized | ဦးရာဇိန္ဒ၏ ပုစ္ဆာအဖြေ | ဟင်္သာတမြို့အပိုင် ကွင်းကောက်ရွာ တောင်ဘက် ကျောင်းကြီး နေ ဘုရားတပည့်တော်ရှင်ရာဇိန္ဒ-ရိုသေစွာ ရှိခိုးဝပ်တွား လျှောက် ထားဝံ့ပါသည်-ကျေးဇူးတော်သခင် ဆရာတော်အရှင်မြတ်ဘုရား၊ လျှောက်ထားရန်မှာ- အောက်ပါ အဓိကရုဏ်းများကို တပည့်များအား သနားတော်မူသောအားဖြင့် အခွင့်သာတော်မူသောအခါ ဝိနိစ္ဆယချ ပေးတော်မူရန် ရိုသေစွာ လျှောက်ဝံ့ပါသည်အရှင်မြ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.