id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,345,801
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မေး။ ထိုသို့ ပဋိစ္စသမုပ္ပါဒ်အင်္ဂါမဟုတ်ခဲ့သော် အဘယ်ကြောင့် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၌ ထည့်သွင်းရပါသနည်း။
1,345,802
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဖြေ။ ဝဋ္ဋဓမ္မဟုဆိုအပ်သော သံသရာစက်တရားတို့၏ အကျိုးဖျား အကျိုးဆက်ကိုပြခြင်းငှါ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၌ ထည့်သွင်းရသည်။
1,345,803
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အဝိဇ္ဇာစသော အကြောင်းတရား သင်္ခါရစသော အကျိုးတရားတို့၏ အစဉ်မပြတ်ဆက်လက်ဖြစ်ပွါး သံသရာရှည်လျား၍ နေမှုမှာ အကျိုးကိုလိုက်၍ ရှာလိုက်သည်ရှိသော် သောကပရိဒေဝစသော အနိဋ္ဌတရားတို့ ပွားစီးဖို့သာလျှင် ဖြစ်သည်၊ အပြစ်ဒေါသ အာဒီနဝတို့၏ အစု ပုံမျှသာ ဖြစ်နေလေသည်ဟုပြဆိုခြင်းငှါ သောကစသော နိဿန္ဒ အကျိုးတရားကိုလည်း ပဋိစ္စသမုပ္ပါဒ်အင်္ဂါ၌ ထည့်သွင...
1,345,804
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုသောကပရိဒေဝ စသညိတို့ကိုရည်၍ပဋိစ္စသမုပ္ပါဒ်လက်ာ၌သန္ဓေဇာတိ၊ ခန္ဓာရှိက၊ ဉာတိဘောဂ၊ စသည်သင်းပင်း၊ ကွေကွင်းခြင်းနှင့်၊ မကင်းစသာ၊ ကြုံကြိုက်လာသော်၊ ပူဆာသောက၊ ယူတငိုကြွေး၊ သက်မွေးဝန်ထမ်း၊ ပူချမ်းဒုက္ခ၊ အနိဋ္ဌကြောင့်၊ စိတ်ကမကြည်၊ မဆည်ငင်ရှိုက်၊အလှိုက်အလှဲ၊ ဆင်းရဲငါးပါး၊ အကျဉ်းအားတည့်၊ ကျယ်ပွါးအနန္တ၊ တွေ့ကြုံရသည်။
1,345,805
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
။ မူလဇာတိ အနှုန်းတည်း။
1,345,806
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤအရာ၌ စောဒနာဖွယ်ရှိသည်မှာ- ဇာတိ၊ ဇရာ၊ မရဏဤတရား သုံးပါးတို့ကို ပဋိစ္စသမုပ္ပါဒ်အင်္ဂါတို့၌ ထည့်သွင်း၍ ဟောတော်မူအပ်ကုန်၏၊ ထိုတရားသုံးပါးတိ့ုသည် ဖဿ၊ ဝေဒနာစသော နာမ်တရား၊ ပထဝီစသော ရုပ်တရားတို့ကဲ့သို့ တရားကိုယ် အသီးအခြား အထင်အရှား ရစကောင်းသော တရားများ မဟုတ်ကြလေကုန်၊ သင်္ခတတရားတို့၏ လက္ခဏာမျှသာဖြစ်ကုန်၏၊ ပေါ့သောကိစ္စရှိကုန်သော...
1,345,807
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဖြေကြားရန်ကား- ထိုတရားသုံးပါးတို့ကို ပေါ့သော ကိစ္စရှိကုန်သော တရားပေါ့ တရားသိမ်ကလေးတို့သာ ဖြစ်ကုန်သည်ဟူ၍ မဆိုထိုက်ကုန်၊ အလုံးစုံသော သင်္ခတတရားတိ့ုထက် ကြီးလေးလှသောတရား၊ ကြီးလေးလှသောကိစ္စကို ဆောင်ရွက်သည့်တရားကြီးတို့ဟူ၍သာလျှင် ဆိုအပ်ကုန်၏၊ အဘယ်ကြောင့်နည်းဆိုသော် ဘုရားပွင့်တော်မူရခြင်း၏ အကြောင်းရင်းတရားများ ဖြစ်သောကြောင့်တ...
1,345,808
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဇာတိ ဇရာ မရဏ တရားသုံးပါးတို့ ရှိနေသည့်အတွက်ကြောင့် ဘုရားဖြစ်ပေါ်ရကြောင်းနှင့် -
1,345,809
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သစေ ဘိက္ခဝေ ဣမေ တယော ဓမ္မာ လောကေ န သံဝိဇ္ဇေယျုံ။
1,345,810
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လောကေ ဗုဒ္ဓါနာမ န သံဝိဇ္ဇေယျုံ။
1,345,811
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ယသ္မာ စခေါ ဘိက္ခဝေ ဣမေ တယော ဓမ္မာ လောကေ သံဝိဇ္ဇန္တိ တသ္မာ လောကေ ဗုဒ္ဓါ ဥပ္ပဇ္ဇန္တိ။
1,345,812
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဘိက္ခဝေ=ရဟန်းတို့၊ ဣမေ တယော ဓမ္မာ=ဤ ဇာတိ ဇရာ မရဏ တရားသုံးပါးတို့သည်၊ လောကေ= လောက၌၊ သစေ န သံဝိဇ္ဇေယျုံ=အကယ်၍ မရှိပါကုန်မူကား၊ လောကေ=လောက၌၊ ဗုဒ္ဓါနာမ=ဘုရာရှင်တို့မည်သည်၊ န သံဝိဇ္ဇေယျုံ=ပွင့်တော်မူကြကုန်ရာ၊ (ရှိတော်မမြူကကုန်ရာ)၊ ဘိက္ခဝေ=ရဟန်းတို့၊ ယသ္မာ စ ခေါ=အကြင် သို့သော အကြောင်းကြောင့်၊ ဣမေ တယော ဓမ္မာ=ဤတရားကြီး သုံးပါး...
1,345,813
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဇာတိ ဇရာ မရဏ တရားသုံးပါးတို့ ထင်ရှားရှိမှုကြောင့် ထိုတရားသုံးပါးတိ့ုမှ လွတ်ကင်းလေအောင် သတ္တဝါအများကို ကယ်တင်တော်မူရန် ဘုရားရှင်များပွင့်တော်မူကြရကုန်သည်၊ ထိုတရားသုံးပါးမရှိက ဘုရားပွင့်ဖွယ်ကိစ္စမရှိ၊ သတ္တဝါအများတို့ကို ထိုတရားတို့မှ လွတ်ကင်းလေအောင် ကယ်တင်ရန်ကိစ္စ မရှိချေဟူ၍ ဆိုလိုသည်။
1,345,814
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤတရားသုံးပါး မရှိခဲ့လျှင် သတ္တဝါအများတို့သည် မိမိဖြစ်တို့ဖြစ်ရာ ဘုံဘဝတို့၌ အမြဲထာဝရတည်နေကြကုန်ရာ၏၊ ထိုသို့အမြဲထာဝရ တည်နေကြသော အခါ မြတ်စွာဘုရားတို့၏သတ္တဝါတို့ကို ကယ်တင်ရန် အခွင့်သည်မရှိရာ။
1,345,815
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဆိုဖွယ် အထူးရှိပြန်သည်မှာ- ဤတရားသုံးပါးတို့သည် အလုံးစုံသော လောကကြီးသုံးပါးကို လောင်မြိုက်တတ်သော မီးပုံကြီးတို့မည်ကုန်၏၊ မဟာပထဝီ မြေကြီး မြင့်မိုရ်တောင်ကြီးမှစ၍ ရှိရှိသမျှ သတ္တဝါ သင်္ခါရတို့သည်၊ ထိုမီးပုံကြီးသုံးပါးတို့၏ မီးစာတို့သာဖြစ်ကုန်၏။
1,345,816
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုမီးပုံကြီးသုံးပါးတို့၏ လောင်မြိုက်မှုကြောင့် ကမ္ဘာပေါင်း အသင်္ချေယျအနန္တတို့သည် ပျက်စီးပြုန်းတီး၍သာ နေလေကုန်၏၊ ရှေးအတိတ်ကမ္ဘာတို့က မဟာပထဝီစသော ဝတ္ထု၊ ပွင့်တော်မူကြသော ဘုရား၊ စကြာမင်း စသည်များတို့သည် တစ်စုံတစ်ရာမျှ အဖတ်ရှာ၍မရကြလေကုန်၊ အလုံးစုံပြုန်းတီးကြလေကုန်သည်သာတည်း။
1,345,817
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
နောင်အနာဂတ်ကာလ၌ ကမ္ဘာပေါင်း အသင်္ချေယျတို့ဖြစ်ပေါ်လာကြမည် ဖြစ်သော်လည်း ထိုမီးသုံးပါးတို့၏ အစာတို့သာဖြစ်၍ အလုံးစုံ ပျက်စီးပြုန်းတီးကြကုန်လတ္တံ့၊ ထို့ကြောင့် ဤဇာတိ ဇရာ မရဏ စသော တရားသုံးပါတို့ကို ပေါ့သောကိစ္စရှိသည့်တရား၊ သေးသိမ်ဖျင်းပေါ့သော တရားတို့ဟူ၍ မဆိုအပ်ကုန်၊ အလွန်တရာကြီးလေးသောတရား၊ ကြီးမားလေးလံသောကိစ္စကို ရွက်ဆောင်...
1,345,818
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အဝိဇ္ဇာအစ ဘဝအဆုံးရှိသော ရှေ့ရှေ့ ပဋိစ္စသမုပ္ပါဒ်အင်္ဂါဆယ်ပါးတို့သည် ဤဇာတိ ဇရာ မရဏ တရားသုံးပါးတို့၏ အဆက်ဆက်ဖြစ်သော အကြောင်းတို့မည်ကုန်၏၊ ဤဇာတိ ဇရာ မရဏတရားသုံးပါးတို့ကို ထိုအဆက်ဆက်ဖြစ်သော အကြောင်းတို့နှင့်တကွ ရောနှော၍ ပြဆိုခြင်းငှါ အဝိဇ္ဇာအစရှိသော အင်္ဂါဆယ်ပါးတို့ကို မြတ်စွာဘုရား ဟောကြားတော်မူအပ်ကုန်၏။
1,345,819
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ရှေးအခါ၌သံသရာ၏ နောက်အစွန်းကို ကြံစည်ကြကုန်သော အပရန္တကပ္ပိက ဖြစ်ကြကုန်သော ရဟန်း ပုဏ္ဏားတို့သည် ဇရာ မရဏ ရှိခြင်းကြောင့်သာလျှင် ဘဝအမြဲမရှိဘဲ အပါယ်လေးပါးထဲသို့ ကျရောက်၍ နေကြရကုန်၏၊ ဇရာ မရဏမရှိဘဲ အမြဲတည်နေကြရပါလျှင် အဘယ်မှာ အပါယ်လေးပါးသို့ ကျရောက်နိုင်ပါအံ့နည်း ဟူ၍ ထင်မှတ်ယူမှားကြကုန်၏၊ ဇရာ မရဏ၏ အဆက်ဆက်ဖြစ်သော အကြောင်းကိုမူ...
1,345,820
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဗြဟ္မာ့ဘုံသည် ဇရာ မရဏမှကင်း၍ အမြဲတည်နေကြရသော ဘုံဖြစ်သည်ဟူ၍ မှတ်ထင်ကြကုန်၏၊ ထိုဘုံသို့ ရောက်လျှင် မအိုမသေ အမြဲနေ၍ အပါယ်လေးပါးသို့ မကျနိုင်ဟူ၍ မှတ်ယူကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ဗြဟ္မာ့ပြည်သို့ ရောက်ကြောင်းဖြစ်သော စျာန်တရားတို့ကိုသာ ပွါးများအားထုတ်ကြလေကုန်၏၊ ဇရာ မရဏ၏အကြောင်းအစဉ်အဆက် ဖြစ်သော အဝိဇ္ဇာသင်္ခါရ စသည်တို့ကိုမူကာ...
1,345,821
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုပုဂ္ဂိုလ်တို့သည် သေဆုံး စုတေသည်မှ နောက်ကာလ၌ ထိုအယူနှင့်တကွ ဇရာမရဏ၏အကြောင်းတို့ကို သည်ပိုး ရွက်ဆောင်၍ ဗြဟ္မာ့ဘုံ၌ဖြစ်ကြလေကုန်၏၊ ဗြဟ္မာ့ဘုံသို့ ရောက်လေသောအခါ ဇရာမရဏလည်း မကင်းရှင်း အပါယ်လေးပါးသို့ကျရောက်ခြင်းမှလည်း မရှောင်ကွင်းနိုင်ကြကုန်၊ ဇရာ မရဏ တန်းလန်း အပါယ် ဘေးတန်းလန်းနှင့်သာ ရှိနေကြလေကုန်၏၊ ထိုဗြဟ္မာ့ဘုံ၌ ကမ္ဘာပေ...
1,345,822
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ယခုခေတ်ကာလ၌ သံသရာ၏ နောက်အစွန်းကို စုံစမ်းကြံစည်လေ့ရှိကြကုန်သော အကြင်အကြံသမား အစုံစမ်းသမားတို့သည် ဇရာ မရဏ၏ အကြောင်းအစဉ်အဆက်တို့ကိုလည်း မသိကြလေကုန်၊ စျာန်ကို ရကြောင်းဖြစ်သည့် ဘာဝနာမှုတို့ကိုလည်း မသိကြလေကုန်၊ ထိုအကြံသမား အစုံစမ်းသမားတို့သည် အကြောင်းမဲ့သက်သက် လောကကို အစိုးရသော ပုဂ္ဂိုလ်အရှင်မည်သည်ကို ကောင်းကင်ဌာန၌ နိစ္စထာဝ...
1,345,823
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဇရာမရဏ၏ဖြစ်ကြောင်းကိုမသိ၊ ဇရာမရဏ၏ ချုပ်မှုကိုမသိလျှင် ဇရာ မရဏကိုလွန်မြောက်နိုင်သော အကြောင်းမရှိချေ။
1,345,824
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပဋိစ္စသမုပ္ပါဒ်ကို သိမြင်ခြင်းအကျိုး
1,345,825
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အကြင်ပုဂ္ဂိုလ်တို့သည် ဇရာ မရဏ၏ အရင်းမူလဖြစ်သော အကြောင်းအစဉ်အဆက်တို့ကိုလည်း ကောင်းစွာ သိမြင်နိုင်ကြကုန်၏၊ ထိုးထွင်း၍ သိမြင်နိုင်ကြကုန်၏၊ ဇရာ မရဏ၏ချုပ်မှုတို့ကိုလည်း ကောင်းစွာသိမြင်နိုင်ကြကုန်၏၊ ထိုးထွင်း၍သိမြင်နိုင်ကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့တွင် အယုတ်ဆုံး အောက်ထစ်ဆုံးကျသော ပုဂ္ဂိုလ်တို့မှာသော်လည်း အကျိုးအာနိသင်တရား ကိုးပ...
1,345,826
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဒေသနာတော်ကား
1,345,827
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အယံ ဝုစ္စတိ ဘိက္ခဝေ အရိယသာဝကော ဒိဋ္ဌိသမ္ပန္နော ဣတိပိ, ဒဿန သမ္ပန္နော ဣတိပိ , အာဂတော ဣမံ သဒ္ဓမ္မံ ဣတိပိ, ပဿတိဣမံ သဒ္ဓမ္မံ ဣတိပိ, သေက္ခေန ဉာဏေန သမန္နာဂတော ဣတိပိ, သေက္ခာယ ဝိဇ္ဇာယ သမ္မန္နာဂတော ဣတိပိ, ဓမ္မသောတံ သမာပန္နောဣတိပိ, အရိယော နိဗ္ဗေဓိကပညောဣတိပိ, အမတဒွါရံ အာဟစ္စ တိဋ္ဌတိ ဣတိပီတိ။
1,345,828
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဘိက္ခဝေ=ရဟန်းတို့၊ အယံ=ဤပဋိစ္စသမုပ္ပါဒ်၏ ဖြစ်ပုံချုပ်ပုံတို့ကိုသိသော၊ အရိယသာဝကော= မြတ်သော တပည့်သားကို၊
1,345,829
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ ဒိဋ္ဌိသမ္ပန္နော ဣတိပိ=မှန်သောအယူနှင့်ပြည့်စုံပြီဟူ၍၎င်း၊
1,345,830
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ ဒဿန သမ္ပန္နောဣတိပိ=မှန်သော အမြင်နှင့်ပြည့်စုံပြီ ဟူ၍၎င်း၊
1,345,831
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ ဣမံ သဒ္ဓမ္မံဣတိပိ=ဤဗုဒ္ဓဘာသာတရားမှန် အတွင်းသို့၊ အာဂတောဣတိပိ=ဝင်ရောက်လာပြီ ဟူ၍၎င်း၊
1,345,832
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ ဣမံ သဒ္ဓမ္မံ=ဤဗုဒ္ဓဘာသာတရားမှန်ကို၊ ပဿတိ ဣတိပိ= ကောင်းစွာမြင်ပြီဟူ၍၎င်း၊
1,345,833
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၅။ သေက္ခေန ဉာဏေန=အကျင့်လမ်းမှန်သော သေက္ခဉာဏ်နှင့်၊ သမန္နာဂတော ဣတိပိ=ပြည့်စုံပြီဟူ၍၎င်း၊
1,345,834
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၆။ သေက္ခာယ ဝိဇ္ဇာယ= အကျင့်လမ်းမှန်သော ဝိဇ္ဇာနှင့်၊ သမ္မန္နာဂတော ဣတိပိ=ပြည့်စုံပြီဟူ၍၎င်း၊
1,345,835
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၇။ ဓမ္မသောတံ=ဗောဓိပက္ခိယ တရားအယဉ်သို့၊ သမာပန္နော ဣတိပိ=ဆိုက်ဆိုက်လာပြီဟူ၍၎င်း၊
1,345,836
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၈။ အရိယော=မွန်မြတ်သော၊ နိဗ္ဗေဓိကပညောဣတိပိ= မသိဘူးသေးသော တရားတို့ကို ထိုးထွင်း၍ သိမြင်နိုင်သောပညာနှင့် ပြည့်စုံပြီဟူ၍၎င်း၊
1,345,837
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၉။ အမတဒွါရံ=အမြိုက်နိဗ္ဗာန်တံခါးဝသို့၊ အာဟစ္စ= ဆိုက်ရောက်၍၊ တိဋ္ဌတိဣတိပီတိ=တည်နေပြီဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏။
1,345,838
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပဋိစ္စသမုပ္ပါဒ်ကို ကောင်းစွာသိမြင်သော ပုဂ္ဂိုလ်၏ အကျိုးကိုးပါး လိုရင်းမှာ
1,345,839
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ မှန်သောအယူနှင့်ပြည့်စုံခြင်း၊
1,345,840
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ မှန်သောအမြင်နှင့်ပြည့်စုံခြင်း၊
1,345,841
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ ဤဗုဒ္ဓဘာသာတရားမှန်အတွင်းသို့ ဝင်ရောက်ခြင်း၊
1,345,842
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ ဗုဒ္ဓဘာသာတရားမှန်ကို ဧကန်သိမြင်ခြင်း၊
1,345,843
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၅။ အကျင့်မှန်သော သေက္ခဉာဏ်နှင့် ပြည့်စုံခြင်း၊
1,345,844
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၆။ အကျင့်မှန်သော သေက္ခဝိဇ္ဇာနှင့် ပြည့်စုံခြင်း၊
1,345,845
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၇။ ဗောဓိပက္ခိယ တရားအယဉ်သို့ ဆိုက်ရောက်ခြင်း၊
1,345,846
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၈။ ထိုးထွင်းသိမြင်နိုင်သော ဉာဏ်ပညာနှင့်ပြည့်စုံခြင်း၊
1,345,847
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၉။ အမြိုက်နိဗ္ဗာန် တံခါးဝသို့ ဆိုက်ရောက်၍ တည်ခြင်း၊
1,345,848
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကိုးပါးပေတည်း။
1,345,849
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကိုးပါးတွင်- “ အာဂတော ဣမံ သဒ္ဒမ္မံ” ဟူသော တတိယအကျိုး၌ ဤပဋိစ္စသမုပ္ပါဒ်ဒေသနာကို ကောင်းစွာသိမြင်ပါမှ ဗုဒ္ဓမြတ်စွာ၏ သာသနာတွင်းသို့ အတွင်းသားအဖြစ်နှင့် ဝင်ရောက်သည်မည်၏၊ ဗုဒ္ဓဘာသာဝင် လူမျိုးပင်ဖြစ်စေကာမူ ပဋိစ္စသမုပ္ပါဒ်တရားကို ကောင်းစွာ မသိ မမြင်သည်ရှိသော် ဗုဒ္ဓဘာသာ၏ အတွင်းသားအဖြစ်သို့ ရောက်သည်ဟူ၍ မဆိုချေ၊ အပြင်ပက ဗုဒ္ဓဘာသ...
1,345,850
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပဋိစ္စသမုပ္ပါဒ်ကို ကောင်းစွာသိမြင်လျှင် ဘာသာတစ်ပါး မပြောင်းလဲပြီ ဖြစ်၍ ဗုဒ္ဓဘာသာ၌ နှီးနှီးရင်းရင်း အတွင်းသား အမှန်ဖြစ်လေတော့သည်။
1,345,851
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပဋိစ္စသမုပ္ပါဒ်ကို သိသောအခါ မဂ်ဉာဏ်အပင်းအသင်းသို့ ပါဝင်သော ဗောဓိပက္ခိယတရားဂိုဏ်းထဲသို့ ရောက်လေတော့သည်၊ ဆုတ်နစ်ခြင်းမရှိ၊ ထို့ကြောင့် “ဓမ္မသောတံ သမာပန္နော” ဟူ၍ ဟောတော်မူလေသည်။
1,345,852
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပဋိစ္စသမုပ္ပါဒ်တရားကို အနမတဂ္ဂ သံသရာမှာ လွန်စွာသိမြင်နိုင်ခဲ၏၊ သိမြင်နိုင်လျှင်လည်း သံသရာမှ ကျွတ်လွတ်ရန် လမ်းသို့ရောက်လေ၏၊ အနမတဂ္ဂ သံသရာက မသိမြင် မထိုးထွင်းဖူးသော ပဋိစ္စသမုပ္ပါဒ်တရားကို သိသောအခါ နိဗ္ဗေဓိကပညာနှင့် ပြည့်စုံသည်၊ ထို့ကြောင့် “အရိယေနိဗ္ဗေဓိကပညော” ဟူ၍ဟောတော်မူသည်။
1,345,853
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အမြိုက်နိဗ္ဗာန်တံခါးသို့ဆိုက်၍ တည်၏ဆိုရာ၌ နိဗ္ဗာန်တံခါးဆိုသည်ကား မဂ်ဉာဏ်ပေတည်း၊ ပဋိစ္စသမုပ္ပါဒ်ကို ကောင်းစွာသိလျှင် ထိုနိဗ္ဗာန်တံခါးဝသို့ ဆိုက်ရောက်လေသည်မည်၏ ဟူ၍ဟောတော်မူခြင်းငှာ “အမတဒွါရံ အာဟစ္စတိဋ္ဌတိ” ဟူ၍ဟောတော်မူသည်။
1,345,854
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤအရာ၌ နိဗ္ဗာန်သည်--
1,345,855
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဟူ၍ သုံးမျိုးရှိ၏၊ ။
1,345,856
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အကြင်ပုဂ္ဂိုလ်တို့အား သက္ကာယဒိဋ္ဌိတရားကို အချင်းခပ်သိမ်း ပယ်ရှားအပ်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့အား လွန်ခဲ့သော အတိတ်ဘဝတို့က ပြုအပ်ခဲ့သမျှသော အပါယ်သို့ရောက်စေတတ်သည့် ကံဟောင်းတို့ကိုလည်း အချင်းခပ်သိမ်း ပယ်အပ်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့၏ သန္တာန်မှာ ရှိရှိသမျှသော ဒုစ္စရိုက်ကံဟောင်းတို့သည် အကျိုးမပေးသော အနေအားဖြင့် အဟောသိကံဖြစ်၍ ချုပ...
1,345,857
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သုဂတိဘဝသို့ ရောက်စေတတ်သော ကံတို့သာလျှင် ထိုပုဂ္ဂိုလ်တို့၏ သန္တာန်မှာရှိလေတော့၏၊ ဤကဲ့သို့ အပါယ်ဘေးကြီး ကင်းငြိမ်းချမ်းသာမှုသည် မြတ်စွာဘုရား၏ သာသနာတော်၌ ပထမနိဗ္ဗာန်ကြီးမည်၏။
1,345,858
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သောတာပန် သကဒါဂါမ်တို့နှင့် ဆိုင်သော နိဗ္ဗာန်မျိုးပေတည်း။
1,345,859
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တစ်ဖန်တုံ- အကြင်ပုဂ္ဂိုလ်တို့အား ကာမဘုံ၌ သာယာသော ကာမတဏှာကို အချင်းခပ်သိမ်း ပယ်ရှားအပ်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့အား ကာမဘုံသို့ ရောက်စေတတ်ကုန်သော ကံတို့ကို၎င်း, ကာမဘုံဘဝတို့ကို၎င်း အကြွင်းမဲ့ပယ်အပ်လေကုန်၏၊ ရူပဘုံ အရူပဘုံသို့ရောက်စေတတ်သော ကံများနှင့် ရူပဘဝ အရူပဘဝတို့သည်သာလျှင် ထိုပုဂ္ဂိုလ်တို့၏ သန္တာန်၌ ကြွင်းကျန်ကုန်၏၊ ဤကဲ့...
1,345,860
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အနာဂါမ်ပုဂ္ဂိုလ်တို့နှင့် သက်ဆိုင်သော နိဗ္ဗာန်မျိုးပေတည်း။
1,345,861
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တစ်ဖန်တုံ- အကြင်ပုဂ္ဂိုလ်တို့အား အလုံးစုံသော ဘဝတဏှာတို့ကို အကြွင်းမဲ့ပယ်အပ်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့အား ရူပ အရူပ ဗြဟ္မာ့ ဘဝကို ဖြစ်စေတတ်သော ကံများနှင့် ထိုဗြဟ္မာ့ဘဝတို့ကိုလည်း အကြွင်းမဲ့ပယ်အပ်လေကုန်၏၊ ထိုဘဝ၌ပင်လျှင် ဒုက္ခဇာတ်သိမ်း၍ ပရိနိဗ္ဗာန်စံခြင်းဖြင့် ငြိမ်းတော်မူလေကြကုန်၏၊ ဤကဲ့သို့ အလုံးစုံသော ဘုံဘဝ ဝဋ်ဒုက္ခတို့မှ လ...
1,345,862
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဘုရားရဟန္တာ အရှင်မြတ်တို့နှင့် သက်ဆိုင်သော မဟာအသင်္ခတ နိဗ္ဗာန်ကြီးပေတည်း။
1,345,863
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤပဋိစ္စသမုပ္ပါဒ်ကြီးကို အတပ်ထင်ထင် ကောင်းစွာသိမြင်မှုသည် ပြဆိုအပ်ပြီးသော နိဗ္ဗာန်သုံးပါးသို့ မဆုတ်နစ်သော ဝင်ခြင်းဖြင့် ဝင်ရောက်ရန် လမ်းဝ,လမ်းစဖြစ်လေ၏၊ နိဗ္ဗာန်သုံးပါး၏ တံခါးဝ သဖွယ်ဖြစ်လေ၏၊ ထို့ကြောင့် “အမတဒွါရံ အာဟစ္စတိဋ္ဌတိ” ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။
1,345,864
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤဒေသနာတော်ကိုရည်၍
1,345,865
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“ပဋိစ္စသမုပ္ပါဒ် တရားကိုသိလျှင် ဒိဋ္ဌိအဖြာဖြာ ဝိစိကိစ္ဆာ ကင်္ခါ ယုံမှားခြင်း အမျိုးမျိုးမှ ကင်းရှင်းပြီးလျှင် ကင်္ခါဝိတရဏ ဝိသုဒ္ဓိလမ်းသို့ ပေါက်ရောက်လေသည်၊ ကင်္ခါဝိတရဏ ဝိသုဒ္ဓိဉာဏ်နှင့် ပြည့်စုံလျှင် စူဠသောတာပန်ဖြစ်လေသည်” ဟူ၍ အဋ္ဌကထာဆရာကြီးတို့ မိန့်ဆိုတော်မူကြကုန်သည်။
1,345,866
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်သည် ဓမ္မနိယာမကို ပြဆိုသော ဒေသနာတော်ကြီးဖြစ်ပေ၏၊ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်မှု (လ) ဇာတိကြောင့် ဇရာ မရဏဖြစ်မှုသည် မြတ်စွာဘုရားတို့ ပွင့်တော်မူကြကုန်သည်ဖြစ်စေ, ပွင့်တော်မမူကြကုန်သည်ဖြစ်စေ အမြဲမပြတ်တည်၍ နေသော ဓမ္မနိယာမ ဓာတ်ကြီးဖြစ်၏၊ အဝိဇ္ဇာစသောအကြောင်း တရားတို့ကြောင့် သင်္ခါရစသော အကျိုးတရားတို့၏ ဖ...
1,345,867
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အဝိဇ္ဇာမရှိလျှင် သင်္ခါရမဖြစ် (လ) ဇာတိမရှိလျှင် ဇရာ မရဏမဖြစ်ဟူသော ပဋိစ္စသမုပ္ပါဒ်၏ ချုပ်လမ်း ပျောက်လမ်း သည်လည်း တရားသဘောအားဖြင့် ရှိလေ၏၊ တစ်စုံတစ်ဦးသောပုဂ္ဂိုလ်တို့၏ အမိန့်အာဏာ တန်ခိုးအစွမ်းနှင့် ချုပ်ငြိမ်းသည် မဟုတ်ချေ။
1,345,868
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤပဋိစ္စသမုပ္ပါဒ်ဒေသနာသည် သတ္တလောကကြီး၏ ဖြစ်ပုံကို ပရမတ္ထသစ္စာနည်းအားဖြင့် ပြဆိုအပ်သော ဒေသနာတော်ကြီးပေတည်း။
1,345,869
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဧဝမေတဿ (ပ) ဟောတိ
1,345,870
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
(ဤသို့အလုံးစုံဒုက္ခတုံးသက်သက်၏ ဖြစ်ပွါးချက်များ ဖြစ်သည်။
1,345,871
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
) ပရမတ္ထသစ္စာနည်းအားဖြင့် သတ္တလောကကြီးဖြစ်နေမှုကိုပင် ပုထုဇ္ဇန်တို့၏စိတ်၌ ပုဂ္ဂိုလ်သတ္တဝါတွေ ဖြစ်၍နေသည်ဟု ထင်မှတ်စွဲလမ်းကြလေကုန်သည်၊ နာမ်ရုပ်တရားတို့၏ အကြောင်းအကျိုး ဆက်လက်ဖြစ်ပွါးခြင်းမျှသာတည်း။
1,345,872
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုဖြစ်ပွါးမှုသည် စင်စစ်အားဖြင့် ချမ်းသာသုခ ဟူ၍ မြူမျှမဖက် သက်သက်ဒုက္ခတရားတို့၏ အစုအပုံမျှတို့သာ ဖြစ်လေသည်၊ ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ် ဒေသနာ၏အဆုံးတွင် “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”ဟူ၍ ဒုက္ခဖြင့် နိဂုံးချုပ်၍ ဟောကြားတော်မူသည်။
1,345,873
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤဒေသနာကိုရည်၍ ပဋိစ္စသမုပ္ပါဒ်လင်္ကာ၌
1,345,874
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဝဋ်သံသရာ၊ ရှည်မင်းစွာ၌၊ သူငါကစ၊ ဖြစ်သမျှကား၊ သတ္တမဟုတ်၊ ဓာတ်မှန်ထုတ်သော်၊ နာမ်ရုပ်နှစ်သင်း၊ အမြင်လင်းလော့၊ အရင်းအဝိဇ္ဇာ၊ ထိုမှဖြာ၍၊ ဇရာမရဏ၊ အဆုံးကျသည်၊ ဓမ္မအပြား၊ ဆယ့်နှစ်ပါးကို၊ ဤကားလူပင်၊ ဤလျှင်နတ်ဘဲ၊ အထင်လွဲလျက်၊ တဝဲလည်လည်၊ ဝဋ်နွယ်စည်၏၊ ရှည်လေသမျှ၊ အနန္တကား၊ သုခဟူသည်၊ မြူမျှမကွက်၊ အဆက်ဆက်လျှင်၊ သက်သက်ဒုက္ခ၊ ဓာတ်မှန်...
1,345,875
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
။ ဘဝဤကိုယ် ဖြစ်ထုံးတည်း။
1,345,876
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပရမတ္ထသစ္စာဟုဆိုအပ်သော ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် သတ္တလောကကြီး ဖြစ်ပျက်ပုံပြီး၏။
1,345,877
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
နိဂုံး ပုလဲနှစ်အသွင် စင်ကြယ်သော သီလဂုဏ်, မြင့်မိုရ်တရထည် ခိုင်တည်သောသမာဓိဂုဏ်, ဝရဇိန်စက်ကဲ့သို့ထက်မြက်သော ပညာဂုဏ်, မြေကြီးသမုဒ္ဒရာကဲ့သို့ လွန်စွာကျယ်ပြန့် နက်နဲသော ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူသော ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီးသည်၁၂၇၅-ခုနှစ်၊ ဝါတွင်းအခါ မုံရွာလယ်တီတောရ ကျောင်းတိုက်အတွင်း သီတင်းသုံးလတ် ဝါကပ်မှီခို...
1,345,878
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဆရာတော်ဘုရားကြီး၏ အာသီသဂါထာ
1,345,879
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ “ဧတေန မမ ဂန္ထေန၊ သဗ္ဗေ ဥရောပိကာ ဇနာ။
1,345,880
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သုဒိဋ္ဌာ အရိယံ ဉာဏံ၊ အပါယံ အစ္စယန္တု တေ”။
1,345,881
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မမ=လယ်တီတောကျောင်းဆရာငါ၏၊ ဧတေန ဂန္ထေန=ဤကျမ်းဖြင့်၊ ဥရောပိကာ=ဥရောပတိုက်၌ နေထိုင်ပေါက်ပွားကြကုန်သော၊ သဗ္ဗေဇနာ=လူခပ်သိမ်းတို့သည်၊ အရိယံ=ဗုဒ္ဓဘာသာနှင့်စပ်၍ မွန်မြတ်သော၊ ဉာဏံ=နည်းကောင်းလမ်းမှန် တရားဉာဏ်ကို၊ သုဒိဋ္ဌာ=ကောင်းစွာ သိမြင်ကြကုန်သည်ဖြစ်၍၊ တေ=ထိုဥရောပတိုက်သားတို့သည်၊ အပါယံ=အပါယ်ဘေးကြီးကို၊ အစ္စယန္တု=လွန်မြောက်နိုင်က...
1,345,882
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မြန်မာဘာသာပြန် ဆရာ၏ နိဂုံး
1,345,883
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ လယ်တီပဏ္ဍိတနာမော ယော၊ လယ်တီထေရဿ သိက္ခိတော။
1,345,884
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
လယ်တီ ရာမမှိ သဉ္ဇာတော၊ လယ်တီဝံသမှိ သော ကဝိ။
1,345,885
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ လယ်တီထေရ ရစိတာယ၊ ပါဠိယာ အတ္ထသူစကံ။
1,345,886
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ရစယီ မြန်မာ့ဘာသာယ၊ ဗုဒ္ဓဘာသာဘ ဒီပနိံ။
1,345,887
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ ပဉ္စ သတ္တ ဒွယေကမှိ၊ အာသဠှီမာသ ဇုဏှကေ။
1,345,888
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တတိယေ နိဋ္ဌိတာ ဧသာ၊ နာနာနယ ပသောဘိတာ။
1,345,889
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ ပုညေနေတေန ထေရော သော၊ သမတ္ထော ဟောတု သာသနံ။
1,345,890
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သီဃံ ဥရောပရဋ္ဌမှိ၊ သကလေ ပတ္ထရေတဝေ။
1,345,891
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ လယ်တီပဏ္ဍိတနာမော='လယ်တီပဏ္ဍိတ' အမည်ရသော၊ ယော=အကြင်သူသည်၊ လယ်တီထေရဿ=ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏၊ သိက္ခိတော=သင်ကြားပြသဆုံးမနည်းပေး ယဉ်ကျေးစေအပ်သောသူဖြစ်၏၊ လယ်တီရာမမှိ=မုံရွာမြို့ လယ်တီတိုက်တာ အရာမ်ကြီး၌၊ သဉ္ဇာတော=သာကီနွယ်မြတ် ရဟန်းဇာတ်သို့ ဆိုက်ကပ်ကြီးပွါး၍ လာသောသူပေတည်း၊ သော=ထိုလယ်တီပဏ္ဍိတ မည်သောသူသည်၊ လယ်တီဝံသ...
1,345,892
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ သော=ထို လယ်တီပဏ္ဍိတ မည်သောသူသည်၊ လယ်တီထေရ ရစိတာယ=ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး စီရင်တော်မူအပ်သော၊ ပါဠိယာ=ဥရောပတိုက်သို့ ပို့သော ပါဠိကျမ်း၏၊ အတ္ထသူစကံ=အနက်အဓိပ္ပါယ်ကို အကျယ်တဝင့် ပွင့်ပွင့်လင်းလင်း ပြဆိုတတ်သော၊ ဗုဒ္ဓဘာသာဘဒီပနိံ=ဗုဒ္ဓဘာသာ အလင်းကိုပြတတ်သည်ဖြစ်၍ 'ဗုဒ္ဓဘာသာအလင်းပြ' မည်သောကျမ်းကို၊ မြန်မာ့ဘာသာယ=တိုင်း...
1,345,893
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ နာနာနယ ပသောဘိတာ=အထူးထူးသော နည်းလမ်းတို့ဖြင့် တင့်တယ်ဆန်းကြယ်သော၊ ဧသာ=ထိုဗုဒ္ဓဘာသာ အလင်းပြကျမ်းသည်၊ ပဉ္စသတ္တဒွယေကမှိ=သက္ကရာဇ်-၁၂၇၅-ခုနှစ်၌၊ အာသဠှီ မာသ ဇုဏှကေ= ဝါဆိုလဆန်းဖြစ်သော၊ တတိယေ=သုံးရက်မြောက်သည့် သောကြာနေ့၌၊ နိဋ္ဌိတာ=ပြီးဆုံးခြင်းသို့ရောက်လေ၏။
1,345,894
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ ဧတေန ပုညေန=ဤဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်းကို ရေးသားရသော ကောင်းမှုကြောင့်၊ သော ထေရော=ထိုကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးသည်၊ သကလေ=အလုံးစုံသော၊ ဥရောပရဋ္ဌမှိ=ဥရောပတိုက်၌၊ သာသနံ=ဗုဒ္ဓမြတ်စွာ၏ သာသနာကို၊ သီဃံ=လျင်လျင်မြန်မြန်၊ ပတ္ထရေတဝေ=ထွန်းလင်းအနှံ့ ပြန့်ကြီးပြန့်အောင် ဖြန့်တော်မူခြင်းငှါ၊ သမတ္ထော=စွမ်းဆောင်တော်မူနိုင်သည်...
1,345,895
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဥရောပ ဗုဒ္ဓဘာသာအလင်းပြကျမ်း ပြီး၏။
1,345,896
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥလူကဇာတ်
၁၀။ ဥလူကဇာတ်
1,345,897
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥလူကဇာတ်
ကျီး, ခင်ပုပ် ရန်စ
1,345,898
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥလူကဇာတ်
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သဗ္ဗေဟိ ကိရ ဉာတီဟိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဥလူကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကျီး ခင်ပုပ်တို့၏ ရန်ဖြစ်ခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။
1,345,899
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥလူကဇာတ်
ထိုကာလ၌ ကျီးတို့သည် နေ့အခါ ခင်ပုပ်တို့ကို ထိုးကုန်၏။
1,345,900
ဇာတ်နိပါတ်, မြန်မာဘာသာ
ဥလူကဇာတ်
ခင်ပုပ်တို့သည် နေဝင်သောအခါမှစ၍ ထိုထိုအရပ်၌ အိပ်ကုန်သော ကျီးတို့၏ ဦးခေါင်းတို့ကို ဖြတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေကုန်၏။