id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,345,701
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တနည်းကား” ဇိရဏံ ဇရာ”
1,345,702
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဇိရဏံ=ဆွေးမြေ့ အိုမင်းခြင်း၊ ဇရာ=ဆွေးမြေ့ အိုမင်းခြင်း၊ ဤအလိုအားဖြင့် ဆွေးမြေ့ အိုမင်းမှုသည်ပင် ဇရာမည်လေသည်၊ ပဋိသန္ဓေတည်နေသည်၏ အစွမ်းအားဖြင့် ဖြစ်ပေါ်လာသော ဥပပတ္တိဘဝကိုးပါး၏ အသစ်သဘောမှ ရွေ့လျောမှု ပျိုသော သဘောမှ ပြောင်းလဲမှု ရင့်ရော်မှု ဆုတ်ယုတ်မှုများသည်ပင်လျှင် ဇရာမည်လေသည်။
1,345,703
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုဇရာသည်လည်း ဇာတိကဲ့သို့ပင်လျှင်
1,345,704
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ ကာမဇရာ,
1,345,705
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ ရူပဇရာ,
1,345,706
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ အရူပဇရာ,
1,345,707
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ သညီဇရာ,
1,345,708
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၅။ အသညီဇရာ,
1,345,709
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၆။ နေဝသညီနာသညီဇရာ,
1,345,710
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၇။ ဧကဝေါကာရဇရာ,
1,345,711
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၈။ စတုဝေါကာရဇရာ,
1,345,712
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၉။ ပဉ္စဝေါကာရဇရာ,
1,345,713
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အားဖြင့် ဥပပတ္တိဘဝကိုးပါးနှင့် ဝေဖန်၍ ကိုးမျိုးပင်ရလေ၏။
1,345,714
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
တနည်းကား ၁။
1,345,715
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
နာမ်ဇရာ, ၂။
1,345,716
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ရုပ်ဇရာ, အားဖြင့် နှစ်ပါးအပြားရှိ၏။
1,345,717
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုနှစ်ပါးတို့တွင် နာမ်ဇရာသည်
1,345,718
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ ခဏိကဇရာ,
1,345,719
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ သန္တတိဇရာ,
1,345,720
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အားဖြင့် နှစ်ပါးရှိပြန်၏။
1,345,721
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုအတူ ရုပ်ဇရာသည်လည်း နှစ်ပါးပြားပြန်၏
1,345,722
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုဇရာနှစ်မျိုးတို့တွင် ရုပ်နာမ်တို့၏ ခဏိကဇရာသည် မထင်ရှား၊ သန္တတိဇရာသာလျှင် ထင်ရှားလေ၏၊ ထင်ရှားသော သန္တတိဇရာကို မြင်သဖြင့် မထင်ရှားသော ခဏိကဇရာရှိနေမှုကိုလည်း သိအပ်လေ၏၊ ။
1,345,723
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ခဏိကဇရာဆိုသည်မှာ ရုပ်နာမ်တို့၏ ဥပါဒ်အဖြစ်မှ လွန်၍ ဋ္ဌီအဖြစ်၌ တည်နေဆဲကိုပင် ဆိုသည်၊ ခဏိကဇရာသည် မြတ်စွာဘုရားတို့၏ ဉာဏ်တော် အရာသာဖြစ်လေသည်၊ သန္တတိဇရာဆိုသည်မှာ တစ်စဉ် တစ်စဉ် တစ်သုတ်တစ်သုတ်ဖြစ်ကြကုန်သော ရုပ်နာမ်တို့၏ အားယုတ်မှု ရင့်ရော်မှုကို ဆိုသည်။
1,345,724
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မေး။ အဘယ်သို့လျှင် နာမ်တရားတို့၏ သန္တတိဇရာ ထင်ရှားပါ သနည်း။
1,345,725
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဖြေ။ ဝေဒနာက္ခန္ဓာ၌ ကိုယ်လက်အင်္ဂါတို့၌ သုခဝေဒနာ ဒုက္ခ ဝေဒနာ ပြောင်းလဲမှု၏ အစွမ်းအားဖြင့်၎င်း, သညာက္ခန္ဓာ၌ အဆင်းကို မှတ်သော ရူပသညာ, အသံကိုမှတ်သော သဒ္ဒသညာစသည်တို့ ပြောင်းလဲ မှု၏ အစွမ်းအားဖြင့်၎င်း, သင်္ခါရက္ခန္ဓာ၌ ကြံစည်ခြင်း နှစ်သက်ခြင်း လိုချင် မက်မောခြင်း အမျက်ထွက်ခြင်း ကြည်ညိုခြင်းစသည်တို့ ပြောင်းလဲမှု၏ အစွမ်းအားဖြင့...
1,345,726
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပြောင်းလဲခြင်းမည်သည်ကား
1,345,727
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ရှေ့အစဉ်ဟောင်း ကွယ်ပျောက်၍ နောက်အစဉ်သစ်တစ်မျိုး ပေါ်ပေါက်ဖြစ်ပွါးလာခြင်း ပေတည်း။
1,345,728
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ရှေ့အစဉ်ဟောင်း ကွယ်ပျောက် မှုမည်သည်လည်း ဆုတ်ယုတ်အားလျော့မှုမရှိက မဖြစ်ပေါ်နိုင်၊ ထိုဆုတ် ယုတ်အားလျော့မှုကိုပင် ဇရာဟူ၍ ဆိုရလေသည်။
1,345,729
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စိတ်ဓာတ်မည်သည် အလွန်အပြောင်းအလွဲလျင်မြန်၏၊ မြတ်စွာဘုရားသည်လည်း ထိုစိတ် ဓာတ် အပြောင်းအလွဲ လျင်မြန်ကြောင်းကို ဤသို့ဟောကြားတော်မူ၏၊ “ချစ်သားရဟန်းတို့ စိတ်ကဲ့သို့ အပြောင်းအလွဲ လျင်မြန်သော တရားကို ငါဘုရားမြင်တော်မမူ၊ ချစ်သား ရဟန်းတို့ စိတ်၏အပြောင်း အလွဲ လျင်မြန်သကဲ့သို့သောအရာကို ဥပမာဖြင့်သော်လည်း ပြဆိုရန် မလွယ်ချေ”
1,345,730
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုစကားရပ်၌ စိတ်၏အပြောင်းအလွဲ လျင်မြန်မှုဆိုသည်ကား စိတ်၏ အစဉ်တစ်မျိုးမျိုးပြောင်းလွဲခြင်းကို ဆိုအပ်၏၊ မြင်သောစိတ် အစဉ်မှ ကြားသောစိတ်အစဉ်သို့ ပြောင်းလွဲခြင်း, ကြားသောစိတ်အစဉ်မှ မြင်သောစိတ်အစဉ်သို့ ပြောင်းလွဲခြင်း, လိုချင်တပ်မက်သော စိတ်အစဉ်မှ အမျက်ဒေါသ ခြောင်းခြောင်းထသော စိတ်အစဉ်သို့ ပြောင်းလွဲခြင်း, ချစ်သောစိတ်အစဉ်မှ မု...
1,345,731
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထို့ကြောင့် စိတ်၏အပြောင်းအလွဲ လျင်မြန် ပုံကို သိမြင်ရိပ်မိသော သူတို့သည် စိတ်၏ အိုမင်းယုတ်လျော့ခြင်း ဇရာ, ချုပ်ဆုံးခြင်း မရဏများကိုလည်း လွယ်ကူချမ်းသာစွာ သိနိုင်လေ၏။
1,345,732
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မေး။ အဘယ်သို့လျှင် ရုပ်တရားတို့၏ သန္တတိဇရာ ထင်ရှားပါ သနည်း။
1,345,733
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဖြေ။ ဣရိယာပုထ် အပြောင်းအလွဲတို့၌ အထူးထူးသော ရုပ် အစဉ်တို့၏ ပြောင်းလွဲခြင်းသည် ထင်ရှား၏၊ ချဲ့၍ဆိုဦးအံ့၊ တစ်စုံ တစ်ခုသော ဣရိယာပုထ်ဖြင့် တည်ရှိကြကုန်သော ရုပ်အစဉ် ရုပ်အပေါင်း တို့သည် အချင်းခပ်သိမ်း မအိုသည်ရှိသော် မသေသည်ရှိသော် မကွယ် ပျောက် မချုပ်ဆုံးသည်ရှိသော် တစ်ပါးသော ဣရိယာပုထ် ရုပ်အစဉ် ဖြစ်ခွင့်ကို မပေးနိုင်ကြချေ။
1,345,734
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သွား၍နေသောသူမှာ ပထမခြေလှမ်း၌ရှိသော ရုပ်အစဉ်သည် အချင်းခပ်သိမ်း မအို မသေ မကွယ် မပျောက် လေသည်ရှိသော် ဒုတိယ ခြေလှမ်းအတွက် ရုပ်အစဉ်ဖြစ်ခွင့်ကို မပေးနိုင်ချေ၊ ကွေးခြင်း ဆန့်ခြင်း စသော ဣရိယာပုထ်တို့၌လည်း ထိုအတူပင်လျှင်တည်း။
1,345,735
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုမှ တစ်ပါး လည်း လောက၌ မဟာကပ်အစရှိကုန်သော ကပ်အမျိုးမျိုးတို့၏ ပြောင်း လွဲခြင်းဟူသည်လည်း ထင်ရှားရှိ၏၊ နှစ်တို့၏ အပြောင်းအလွဲ, ဥတုတို့၏ အပြောင်းအလွဲ, လတို့၏ အပြောင်းအလွဲ, လဆန်း လဆုတ် တို့၏ အပြောင်းအလွဲ, နေ့ညဉ့်တို့၏ အပြောင်းအလွဲတို့သည်လည်း ထင်ရှား ရှိကုန်၏၊ ထိုမဟာကပ်စသည်တို့၏ အပြောင်းအလွဲ ဟူသမျှ သည်လည်း ရုပ်အစဉ်တို့၏ အပ...
1,345,736
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤသို့စသည်ဖြင့် လောက၌ အပြောင်းအလွဲဟူသမျှတို့ကို ထောက်ရှု ဆင်ခြင်ပြီးလျှင် ရူပသန္တတိ ဇရာ၏ ဖြစ်ပုံကို သိရာ၏၊ ဤကား ဇရာနှင့်စပ်၍ဆိုအပ်သော စကားရပ်ပေတည်း မရဏ၌
1,345,737
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“မိယန္တိ သတ္တာ သင်္ခါရာစ ပါဏံ စဇန္တိ ဘိဇ္ဇန္တိ အန္တရဓာနံ ဂစ္ဆန္တိ ဧတေနာတိ မရဏံ”
1,345,738
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဧတေန=ဤတရားသဘောဖြင့်၊ သတ္တာစ=သတ္တဝါအပေါင်းတို့ သည်၎င်း၊ သင်္ခါရာစ=ဖြစ်ဖြစ်သမျှသင်္ခါရတို့သည်၎င်း၊ မိယန္တိ=သေကြ ကုန်၏၊ ပါဏံ=အသက်ကို၊ စဇန္တိ=စွန့်လွှတ်ကြကုန်၏၊ ဘိဇ္ဇန္တိ=ပျက်စီးကြ ရကုန်၏၊ အန္တရဓာနံ=ကွယ်ပျောက်ခြင်းသို့၊ ဂစ္ဆန္တိ=ရောက်ကြလေကုန်၏၊ ဣတိတသ္မာ=ထို့သို့သေကြေပျက်စီး ပြုန်းတီးဆုတ်ကွယ်ကြောင်း ဖြစ်လေ သောကြောင့်၊ မရဏံ=...
1,345,739
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သတ္တဝါသင်္ခါရတို့၏ သေကြောင်း ပျက်စီးကြောင်း ချုပ်ပျောက် ကြောင်း တရားကို မရဏဟူ၍ ဆိုလိုသည်သတ္တဝါသင်္ခါရဆိုသော စကား၌ ဘဝကိုးပါး၌ ဖြစ်သော အတ္တဘောဟူသမျှကို သတ္တဝါ, ထိုမှ ကြွင်းလေသမျှသော အဝိညာဏကစုကို သင်္ခါရဆိုသည်။
1,345,740
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သတ္တဝါ, သင်္ခါရ ဆိုလေတိုင်း ဤသို့ချည်းမှတ်ရာ၏၊ တနည်းကား--
1,345,741
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
“မီယတေ မရဏံ”
1,345,742
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မီယတေ=သေခြင်း၊ မရဏံ=သေခြင်း။
1,345,743
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤအလိုအားဖြင့် သတ္တဝါသင်္ခါရတို့၏ သေခြင်းမျှကိုပင် မရဏ ဆိုသည်။
1,345,744
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုမရဏသည် ဘဝကိုးပါးနှင့် ယှဉ်စပ်၍
1,345,745
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ ကာမမရဏ,
1,345,746
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ ရူပမရဏ,
1,345,747
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ အရူပမရဏ,
1,345,748
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ သညီမရဏ,
1,345,749
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၅။ အသညီမရဏ,
1,345,750
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၆။ နေဝသညီနာသညီမရဏ,
1,345,751
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၇။ ဧကဝေါကာရမရဏ,
1,345,752
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၈။ စတုဝေါကာရမရဏ,
1,345,753
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၉။ ပဉ္စဝေါကာရမရဏ,
1,345,754
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ကာမအတ္တဘောတို့၏ သေမှုသည် ကာမမရဏမည်၏၊ ဤသို့စသည်ဖြင့်သိလေ။
1,345,755
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ အာယုက္ခယမရဏ=အသက်တမ်းကုန်၍ သေခြင်း,
1,345,756
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ ကမ္မက္ခယမရဏ=ကံ အစွမ်းကုန်၍ သေခြင်း,
1,345,757
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ ဥဘယက္ခယမရဏ=အသက် ကံနှစ်ပါးကုန်၍ သေခြင်း,
1,345,758
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ ဥပစ္ဆေဒကမရဏ=ကံဆိုးဖြတ်ချွေ၍ သေခြင်း,
1,345,759
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဟူ၍ မရဏမျိုး လေးပါးရှိ၏၊။
1,345,760
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* အာယုက္ခယမရဏ မည်သည်ကား “ဝိညာဏပစ္စယာ နာမရူပံ” ဟူသောပုဒ်အဖွင့် ဇီဝ ပညတ်ခန်း တွင် ပြဆိုအပ်ခဲ့ပြီးသော နည်းအတိုင်း ထိုထို ဘုံဘဝတို့၌ အမျိုးမျိုးသော ထိုထိုအာယုကပ် အသက်တမ်း အပိုင်းအခြားတို့သည် ပဋိသန္ဓေတည်နေသောအခါ ရှေးဦးစွာဖြစ်ပေါ်သော နာမ်ရုပ်တို့၏ ချုပ်ခြင်းမှစ၍ အစဉ်အတိုင်း ကုန်ဆုံးချုပ်ကွယ်ခြင်းသို့ ရောက်ကြလေကုန်၏၊ ထိုအသက်တ...
1,345,761
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* ထိုအသက်တမ်း ကံစွမ်းနှစ်ပါးတို့၏ အညီအမျှ ကုန်ဆုံးသ ဖြင့် သေခြင်းသည် ဥဘယက္ခယမရဏ မည်၏။
1,345,762
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
* ဥပစ္ဆေဒကမရဏအရာ၌ အသက်ကို ဖြတ်ချွေတတ်သော ဥပစ္ဆေဒကကံမျိုးသည်--
1,345,763
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ အတိတ်ကံ,
1,345,764
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ ပစ္စုပ္ပန်ကံ,
1,345,765
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အားဖြင့် နှစ်ပါးအပြားရှိ၏၊။
1,345,766
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုနှစ်ပါးတို့တွင် တစ်ယောက် သောသူသည် များစွာသော ပါဏာတိပါတကံတို့ကို ပြုလုပ်ကျူးလွန်၏၊ နောက်ကာလ၌ ထိုပါဏာတိပါတကံ၏ အကျိုးရင်း၏ အစွမ်းအားဖြင့် ထိုသူ၏သန္တာန်မှာ အသက်ကိုဖြတ်တတ်ကုန်သော ရောဂါအနာအမျိုးမျိုး တို့သည် ဖြစ်တတ်ကုန်၏၊ ထိုကံ၏ နိဿန္ဒအကျိုးဆက်၏ အစွမ်း အားဖြင့် အပ၌ဖြစ်သော ဘေးအန္တရာယ် အသွယ်သွယ်တို့သည်လည်း အလွန်များပြားတတ်က...
1,345,767
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤလောကကြီး၌ သတ္တဝါတို့၏ အသက်အန္တရာယ်ကို ပြုတတ်ကုန် သော အရာတို့သည် အထောင်မက ပေါများစွာ ရှိကြကုန်၏၊ သင့်လျော် စွာ ပြုလုပ်အားထုတ်ခြင်းဟုဆိုအပ်သော ပယောဂသမ္ပတ္တိမှကင်း၍ ချွတ်ယွင်းဖောက်ပြန် ကျင့်ကြံပြုလုပ်ခြင်းတည်းဟူသော ဝိသမ ပယောဂ ကို ပြုလုပ်မိကြကုန်သောကြောင့် ထိုအထောင်မကသော အသက် အန္တရာယ်တို့တွင် တစ်ပါးပါးသော အန္တရာယ်ဖြင့်သေဆ...
1,345,768
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤအရာ၌ ပစ္စုပ္ပန်ဖြစ်သော ဥပစ္ဆေဒကကံသည်ကား ဝိသမ ပယောဂ, ပယောဂဝိပတ္တိများပေတည်း။
1,345,769
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဥပမာကား- တစ်ယောက်သောသူသည် ခိုးဝှက်ခြင်းငှါ သူတစ် ပါး၏ အိမ်သို့ အချိန်မဲ့၌ တက်လေ၏၊ ပရဒါရကံကို ကျူးလွန်ခြင်းငှါ ထိုကဲ့သို့ သွားရောက်၏၊ အိမ်ရှင်များက ဓား လှံ စသည်ဖြင့် ခုတ်သတ် ထိုးနှက်လေ၏၊ ထိုအခါအသက် သေလေ၏၊ ထိုသို့ သေရခြင်းကား ပစ္စုပ္ပန်ဖြစ်သော ဝိသမပယောဂဟု ဆိုအပ်သည့် ဥပစ္ဆေဒကကံကြောင့် အသက်သေရခြင်းဖြစ်လေသည်၊ ဓားပြတိုက်၍ သေ...
1,345,770
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဒဏ္ဍကတိုင်း မဇ္ဈတိုင်း ကလိင်္ဂတိုင်း မာတင်္ဂတိုင်းတို့၏ ပျက်စီး ပုံများကို ထောက်ထားလေ၊ ကပ္ပကထာ၌လည်း ဤအဓိပ္ပါယ်မျိုးကို ပြဆိုခဲ့လေပြီ။
1,345,771
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သတ္တင်္ဂုတ္တရပါဠိတော်၌လည်း လူတို့၏အသက်သည် လွန်စွာ ပျက်စီးလွယ်၏၊ ခိုင်မြဲသည်မဟုတ်၊ ပျက်စီးစေ တတ်သောအကြောင်းနှင့် တိုက်ဆိုင်လာလျှင် လွယ်ကူစွာ ပျက်စီးတတ်လေ၏၊ အနည်းငယ်မျှသာ ဖြစ်၍ တိုသော အသက်ပေတည်း။
1,345,772
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဥပမာ မြက်ဖျား၌ သီး၍နေသော နှင်းပေါက်သည် နေတက်လျှင် ပျောက်ပျက်ဘိသကဲ့သို့၎င်း, သည်းထန်စွာ မိုးရွာသောအခါ ရေပွက်တို့သည် ရုတ်တရက်ထ၍ ပျက်စီးဘိသကဲ့သို့၎င်း, ရေ၌ ရေးသားအပ်သော အရေးအသား ကဲ့သို့၎င်း လျင်မြန်စွာ ပျက်လွယ် ပျောက်လွယ်တတ်သော သဘောရှိ၏ဟူ၍ ဟောကြားတော်မူသည်။
1,345,773
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ယခုဆုတ်ကပ်ကာလအခါမှာ သာ၍ပင် အသက်အန္တရာယ် တို့သည် များပြားကုန်၏၊ သေလမ်း သေပေါက်တို့သည် အရပ်ဆယ် မျက်နှာမှ လမ်းပွင့်၍ နေကြလေကုန်၏၊ ပယောဂဝိပတ္တိနှင့်ကြုံလျှင် လွယ်ကူစွာနှင့် သေလမ်းသေတွင်းသို့ သက်ဆင်းရလေ၏၊ ရှေးအခါ၌ မူကား ထိုကဲ့သို့ အသက်အန္တရာယ် မများကြလေကုန်၊ မပြောပလောက် သော ရောဂါအနာကလေး ခြောက်ပါးတို့ သာလျှင်ရှိကုန်၏။
1,345,774
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုခြောက်ပါးသော အနာရောဂါဆိုသည်ကား
1,345,775
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၁။ ချမ်းသောကာလ၌ အေးခြင်း,
1,345,776
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၂။ ပူသောကာလ၌ ပူခြင်း,
1,345,777
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၃။ အချိန်ရောက်သောအခါ အစာစားလိုခြင်း,
1,345,778
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၄။ သောက်လိုခြင်း,
1,345,779
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၅။ ကျင်ကြီးစွန့်လိုခြင်း,
1,345,780
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
၆။ ကျင်ငယ်စွန့်လိုခြင်း,
1,345,781
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပြဆိုအပ်ခဲ့ပြီးသောအတိုင်း အသက်၏ပျက်စီးလွယ်သည့်အဖြစ်ကို ပါဠိတော်အဋ္ဌကထာတို့၌ ပြဆိုအပ်လေသောကြောင့် သတ္တဝါတို့၏ ကံသည်လည်း ပျက်စီးလွယ်၏ဟူ၍ သိနိုင်လေသည်။
1,345,782
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပစ္စုပ္ပန်၌ ဝိသမ ပယောဂ ဝင်လာလျှင် လူ့ဘဝကို ရရှိအောင် ထူထောင်၍ပေးသော ကံ၏အစွမ်းသည်လည်း ပျက်စီးရလေ၏၊ လေပြင်းမုန်တိုင်းကျ၍ အကြီးအကျယ် လှိုင်းတံပိုးထကြွ၍ နေသောပင်လယ်ပြင်မှာ သွားလာခိုက် ဖြစ်သော သင်္ဘောကဲ့သို့ ယခုဆုတ်ကပ်အခါ ဝိသမပယောဂတည်းဟူ သော လေမုန်တိုင်း အသက်အန္တရာယ်တည်းဟူသော လှိုင်းတို့၏ အလယ် တွင် သတ္တဝါတို့၏ အသက်တည်၍ နေရလ...
1,345,783
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထို့ကြောင့် အတိတ် ဥပစ္ဆေဒကကံနှင့် ကင်း၍ တစ်စုံတစ်ခုသော ဝိသမပယောဂ အကြောင်း အားဖြင့်လည်း သေရတတ်လေသည်။
1,345,784
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကဲ့သို့ အဓိပ္ပါယ်ကိုယူအပ်သည်ရှိသော် မရဏာနုဿတိ ဘာဝနာကို ပွါးများရာလွယ်ကူစွာနှင့် ကမ္မဋ္ဌာန်းပြည့်စုံနိုင်၏၊ အတိတ်ဖြစ် သော ဥပစ္ဆေဒကကံကြောင့်သာလျှင် ရုတ်တရက် သေဆုံးနိုင်သည်ဟူ၍ အဓိပ္ပါယ် ကောက်ယူနေလျှင် မရဏာနုဿတိ ဘာဝနာမပြည့်စုံနိုင်ချေ။
1,345,785
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မရဏာနုဿတိဘာဝနာ၌သေပေါက် သေလမ်းတွေများလှ၍ ခဏ လက်ငင်း ချက်ခြင်းပင်လျှင် သေခြင်းသို့ ရောက်ရတော့မည်လောက် လန့်ကြောက်ရမည် အနေအားဖြင့် မြတ်စွာဘုရားဟော ကြားတော်မူ သည်၊ ဆွမ်းတစ်လုပ်မျိုသည့်အကြား အသက်ရှူရှိုက်နေသည့်အကြားမှာ အသက်ရှင်နေပါလျှင် ကောင်းလေစွဟူ၍ ဆင်ခြင်နိုင်ခြင်းသည် လောက ၌ အသက်အန္တရာယ် များပြားပုံ, အသက်နေ နည်းပါးပုံ, အသ...
1,345,786
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤကား မရဏနှင့်စပ်၍ဆိုအပ်သော စကားရပ်ပေတည်း။
1,345,787
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
မေး။ အဘယ်သို့လျှင် ဇာတိကြောင့် ဇရာမရဏ ဖြစ်ပေါ်ပါသ နည်း။
1,345,788
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဖြေ။ ထိုဇရာမရဏတို့မည်သည် ဇာတိရှိလျှင်ဖြစ် ပေါ်ကြ ကုန်၏၊ ဇာတိမရှိပါလျှင် ထိုဇရာမရဏတို့သည်လည်း မဖြစ်ကြကုန်။
1,345,789
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ပဋိသန္ဓေတည်နေမှုသည်ပင် ဇရာမရဏတို့ကို ထူထောင်ပြုလုပ် သည် မည်၏၊ ထို့ကြောင့်ဇာတိရှိသည့်အတွက် ဇရာမရဏဖြစ်ပုံမှာ ထင်ရှား လေသည်။
1,345,790
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဤသို့လျှင် ဇာတိကြောင့် ဇရာမရဏဖြစ်ပုံကိုရည်၍ ပဋိစ္စသမုပ္ပါဒ် လင်္ကာ၌
1,345,791
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
သန္ဓေဇာတိ၊ တစ်ဖန်ငြိ၍၊ တြိဘုံသူ၊ အဆူဆူလျှင်၊ လူလူနတ်နတ်၊ မတ်မတ်မားမား၊ ဖြစ်ပြန်ငြားသော်၊ သုံးပါးအရွယ်၊ အလယ်အဆုံး၊ ရှိမြဲထုံးဖြင့်၊ အနှုန်းစဉ်စီ၊ သန္ဓေချီက၊ နာရီစဉ်သင့်၊ အဆင့်ဆင့်လျှင်၊ ရင့်မြဲရော်မြဲ၊ တသဲသဲတည့်၊ မစဲနေ့ည၊ တရွရွလျှင်၊ ခဏသန္တတိ၊ အဂ္ဂိဇရာ၊ နှစ်ဖြာလောင်းမီး၊ ရှိန်ရှိန်ညီး၍၊ အကြီးအငယ်၊ အရွယ် ခြားနား၊ အစားစား...
1,345,792
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
။ ဇရာမရဏ စွမ်းရည်တည်း။
1,345,793
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဇာတိပစ္စယာဇရာမရဏံပြီး၏
1,345,794
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
--- သောက ပရိဝေဒ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ
1,345,795
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
စိုးရိမ်ပူဆွေးခြင်း ငိုကြွေးခြင်းစသော သောကပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည်လည်း ဇာတိကြောင့်သာလျှင် ဖြစ်ကုန်၏။
1,345,796
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ဇာတိရှိမှသာလျှင် ထိုတရားတို့ဖြစ်ပေါ်ကုန်၏၊ သို့ရာတွင် ထိုသောက စသောတရားသည် ဇာတိ၏မုချအကျိုးရင်းများ မဟုတ်ကုန်။
1,345,797
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
နိဿန္ဒ ဖြစ်သော အကျိုးဆက်အကျိုးဖျားတို့သာလျှင်ဖြစ်ကုန်၏။
1,345,798
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုစကားမှန်၏- ဗြဟ္မာတို့မှာ ဇာတိပင်ရှိသော်လည်း သောက ပရိဒေဝစသော တရားတို့မရှိကြကုန်၊ အနာဂါမ် ရဟန္တာတို့မှာလည်း ထို့အတူပင်လျှင် ဇာတိရှိပါသော်လည်း သောကပရိဒေဝစသော တရားတို့ မရှိကုန်၊ ထို့ကြောင့် သောကစသောတရားတို့ကို ဇာတိ၏ အကျိုးရင်း မဟုတ်ဟူ၍ ဆိုပေသည်။
1,345,799
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
ထိုသို့အကျိုးရင်း မဟုတ်သောကြောင့်လည်း ထိုသောကစသည်တို့ကို ပဋိစ္စသမုပ္ပါဒ်အင်္ဂါ၌ မထည့်သွင်းအပ်ကုန်။
1,345,800
Uncategorized
ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း
အဝိဇ္ဇာစသောအကြောင်းကြောင့် ဧကန်မုချဖြစ်ပေါ်ရ မည်ဖြစ်သော သင်္ခါရအစရှိသည့် အကျိုးရင်းတို့ကိုသာလျှင် ပဋိစ္စသမုပ္ပါဒ် အင်္ဂါဟူ၍ ဆိုရလေသည်။