id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,346,601 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | လေးသော အာပတ်ကို “လေးသော အာပတ်”ဟု ပြကုန်၏။ |
1,346,602 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရုန့်ရင်းသော အာပတ်ကို “ရုန့်ရင်းသော အာပတ်”ဟု ပြကုန်၏။ |
1,346,603 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရုန့်ရင်းသော အာပတ် မဟုတ်သည်ကို “ရုန့်ရင်းသော အာပတ် မဟုတ်”ဟု ပြကုန်၏။ |
1,346,604 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ကုစားခွင့် အကြွင်းရှိသော အာပတ်ကို “ကုစားခွင့် အကြွင်းရှိသော အာပတ်”ဟု ပြကုန်၏။ |
1,346,605 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ကုစားခွင့် အကြွင်းမရှိသော အာပတ်ကို “ကုစားခွင့် အကြွင်းမရှိသော အာပတ်”ဟု ပြကုန်၏။ |
1,346,606 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ကုစားကောင်းသော အာပတ်ကို “ကုစားကောင်းသော အာပတ်”ဟု ပြကုန်၏။ |
1,346,607 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မကုစားကောင်းသော အာပတ်ကို “မကုစားကောင်းသော အာပတ်”ဟု ပြကုန်၏။ |
1,346,608 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | တစ်ဆယ့်နှစ်ခုမြောက် အနာပတ္တိဝဂ် ပြီး၏။ |
1,346,609 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | -- ၁၃-ဧကပုဂ္ဂလဝဂ် |
1,346,610 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၇၀။ ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်၁သည် လောက၌ ဖြစ်ပေါ်သည်ရှိသော် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ သတ္တလောကကို အစဉ်သနားခြင်းငှါ နတ်လူတို့၏ အကျိုးဖြစ်ခြင်းငှါ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏။ |
1,346,611 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | တစ်ဦးတည်းသော ပုဂ္ဂိုလ်သည် အဘယ်နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားတည်း။ |
1,346,612 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤတစ်ဦးတည်းသော ပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်သည်ရှိသော် လူအများ၏ အစီးအပွါး ဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ သတ္တလောကကို အစဉ်သနားခြင်းငှါ နတ်လူတို့၏ အကျိုးဖြစ်ခြင်းငှါ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ |
1,346,613 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁) ၁၇၁။ |
1,346,614 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်ခြင်းကို လောက၌ ရခဲ၏။ |
1,346,615 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အဘယ် တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်ခြင်းနည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်ခြင်းတည်း။ |
1,346,616 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤတစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်ခြင်းကို လောက၌ ရခဲ၏ဟု (မိန့်တော်မူ၏)။ |
1,346,617 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၂) ၁၇၂။ |
1,346,618 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်သည်ရှိသော် လက်ဖျစ်တီး၍ အံ့ချီးလောက်သောသူ ဖြစ်၏။ |
1,346,619 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | တစ်ဦးတည်းသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားတည်း။ |
1,346,620 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤတစ်ဦးတည်းသော ပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်သည်ရှိသော် လက်ဖျစ်တီး၍ အံ့ချီး လောက်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။ |
1,346,621 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၃) ၁၇၃။ |
1,346,622 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ကွယ်လွန်ခြင်းသည် လူအများအား ပူပန်ခြင်းကို ဖြစ်စေ၏။ |
1,346,623 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အဘယ်တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ကွယ်လွန်ခြင်းနည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက့်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ကွယ်လွန်ခြင်းတည်း။ |
1,346,624 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤတစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ကွယ်လွန်ခြင်းသည် လူအများအား ပူပန်ခြင်းကို ဖြစ်စေ၏ဟု (မိန့်တော်မူ၏)။ |
1,346,625 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၄) ၁၇၄။ |
1,346,626 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်သည် ဖြစ်ပေါ်သည်ရှိသော် လောက၌ နှစ်ဦးမြောက် ‘ဒုတိယ’ ပုဂ္ဂိုလ်မရှိသူ ဂုဏ်ရည်တူမရှိသူ ပုံတူရုပ်ပွါးမရှိသူ ပုံတူပုဂ္ဂိုလ်မရှိသူ ပြိုင်နိုင်သည့် ပုဂ္ဂိုလ်မရှိသူ တုနိုင်သည့် ပုဂ္ဂိုလ်မရှိသူ ခပ်သိမ်းသော သတ္တဝါတို့နှင့် မတူသူ ခပ်သိမ်းသော သတ္တဝါတို့နှင့် မတူသည့် ရှေးဘုရားတို့နှင့်သာ တူသူ အခြေနှစ်ခ... |
1,346,627 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤတစ်ဦးတည်းသော ပုဂ္ဂိုလ်သည် ဖြစ်ပေါ်သည်ရှိသော် လောက၌ နှစ်ဦးမြောက် ‘ဒုတိယ’ ပုဂ္ဂိုလ်မရှိသူ ဂုဏ်ရည်တူမရှိသူ ပုံတူ ရုပ်ပွါးမရှိသူ ပုံတူပုဂ္ဂိုလ်မရှိသူ ပြိုင်နိုင်သည့်ပုဂ္ဂိုလ်မရှိသူ တုနိုင်သည့်ပုဂ္ဂိုလ်မရှိသူ ခပ်သိမ်းသော သတ္တဝါတို့နှင့်မတူသူ ခပ်သိမ်းသောသတ္တဝါတို့နှင့် မတူသည့် ရှေးဘုရားတို့နှင့်သာတူသူ အခြေနှစ်ချော... |
1,346,628 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၇၅-၁၈၆။ ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့် မြတ်သော (ပညာ) မျက်စိ၏ ထင်ရှားဖြစ်ပေါ်ခြင်းသည် ဖြစ်၏၊ မြတ်သော (ပညာ) အလင်း၏ ထင်ရှားဖြစ်ပေါ်ခြင်းသည် ဖြစ်၏၊ မြတ်သော (ပညာ) အရောင်၏ ထင်ရှားဖြစ်ပေါ်ခြင်းသည် ဖြစ်၏၊ ခြောက်ပါးသော (ဒဿနာနုတ္တရိယ စသည့်) အတူမရှိ မြတ်သော တရားတို့၏ ထင်ရှားဖြစ်ပေါ်ခြင်းသည် ဖြစ်၏၊ ... |
1,346,629 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့် မြတ်သော (ပညာ) မျက်စိ၏ ထင်ရှားဖြစ်ပေါ်ခြင်းသည် ဖြစ်၏။ |
1,346,630 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရခြင်းသည် ဖြစ်၏ဟု (မိန့်တော်မူ၏)။ |
1,346,631 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၆-၁၇) ၁၈၇။ |
1,346,632 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤသာရိပုတြာသည် မြတ်စွာဘုရား လည်စေအပ်သော အတုမရှိသော ဓမ္မစက်ကို ကောင်းစွာသာလျှင် အတုလိုက်၍ လည်စေနိုင်သကဲ့သို့၊ ဤအတူ မြတ်စွာဘုရား လည်စေအပ်သော အတု မရှိသော ဓမ္မစက်ကို ကောင်းစွာသာလျှင် အတုလိုက်၍ လည်စေနိုင်သော အခြားတစ်ဦးသော ပုဂ္ဂိုလ်ကိုမျှလည်း ငါ မမြင်။ |
1,346,633 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ သာရိပုတြာသည် မြတ်စွာဘုရား လည်စေအပ်သော အတုမရှိသော ဓမ္မစက် ကို ကောင်းစွာသာလျှင် အတုလိုက်၍ လည်စေနိုင်၏ဟု (မိန့်တော်မူ၏)။ |
1,346,634 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၈) တစ်ဆယ့်သုံးခုမြောက် ဧကပုဂ္ဂလဝဂ် ပြီး၏။ |
1,346,635 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁။ ပါရမီဂုဏ် ဘုန်းဂုဏ်တို့ကြောင့် ကြွင်းသော သတ္တဝါတို့နှင့် မတူမူ၍ ခပ်သိမ်းသော သတ္တဝါတို့နှင့် မတူသည့် ရှေးဘုရားတို့နှင့်သာ တူသဖြင့် နှစ်ဦးမြောက် ဒုတိယပုဂ္ဂိုလ် မရှိသောကြောင့် တစ်ဦးတည်းသောပုဂ္ဂိုလ်ဟု ဆိုသည်။ |
1,346,636 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၂။ ဖိုလ်စိတ်နှင့်ယှဉ်သောဉာဏ် ဖိုလ်ဉာဏ်။ |
1,346,637 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၃။ ဖိုလ်ဉာဏ်မှ ကြွင်းသော သမ္မယုတ်တရားများ။ |
1,346,638 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | -- ၁၄-ဧတဒဂ္ဂဝဂ် |
1,346,639 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁-ပဌမဝဂ် ၁၈၈။ |
1,346,640 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ညဉ့်တို့ကို သိကုန်၁ ‘ရဟန်းဝါရင့်ကုန်'သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အညာသိကောဏ္ဍညသည် ရှိ၏၊ ထို အညာသိကောဏ္ဍညသည် အမြတ်ဆုံးပေတည်း။ |
1,346,641 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁) ၁၈၉။ |
1,346,642 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ကြီးမြတ်သော ပညာနှင့်ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သာရိပုတြာသည် ရှိ၏၊ ထို သာရိပုတြာသည် အမြတ်ဆုံးပေတည်း။ |
1,346,643 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၂) ၁၉၀။ |
1,346,644 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | တန်ခိုးနှင့် ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာမောဂ္ဂလာန်သည် ရှိ၏၊ ထို မဟာမောဂ္ဂလာန်သည် အမြတ်ဆုံးပေတည်း။ |
1,346,645 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၃) ၁၉၁။ |
1,346,646 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဓုတ၂ဂုဏ် ဓုတဝါဒ၃ဂုဏ်နှင့်ပြည့်စုံသော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာကဿပသည် ရှိ၏၊ ထို မဟာကဿပသည် အမြတ်ဆုံးပေတည်း။ |
1,346,647 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၄) ၁၉၂။ |
1,346,648 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဒိဗ္ဗစက္ခုအဘိညာဉ်ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အနုရုဒ္ဓါသည် ရှိ၏၊ ထို အနုရုဒ္ဓါသည် အမြတ်ဆုံးပေတည်း။ |
1,346,649 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၅) ၁၉၃။ |
1,346,650 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မြတ်သော အမျိုး၌ ဖြစ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ကာဠိဂေါဓာအမည်ရှိသော သာကီဝင်မင်းသမီး၏သား အကြင် ဘဒ္ဒိယသည် ရှိ၏၊ ထို ဘဒ္ဒိယသည် အမြတ်ဆုံးပေတည်း။ |
1,346,651 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၆) ၁၉၄။ |
1,346,652 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သာယာသော အသံရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် လကုဏ္ဍကဘဒ္ဒိယသည် ရှိ၏၊ ထို လကုဏ္ဍကဘဒ္ဒိယသည် အမြတ်ဆုံးပေတည်း။ |
1,346,653 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၇) ၁၉၅။ |
1,346,654 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ခြင်္သေ့ကဲ့သို့ ရဲရင့်စွာ ကျုံးဝါး မြွက်ဆိုနိုင်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ပိဏ္ဍောလဘာရဒွါဇသည် ရှိ၏၊ ထို ပိဏ္ဍောလဘာရဒွါဇသည် အမြတ်ဆုံးပေတည်း။ |
1,346,655 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၈) ၁၉၆။ |
1,346,656 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | တရားဟောတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် မန္တာဏီပုဏ္ဏေးမ၏သား အကြင် ပုဏ္ဏသည် ရှိ၏၊ ထို ပုဏ္ဏသည် အမြတ်ဆုံးပေတည်း။ |
1,346,657 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၉) ၁၉၇။ |
1,346,658 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အကျဉ်းအားဖြင့် ဟောအပ်သော တရားတော်၏ အနက်ကို အကျယ်အားဖြင့် ဝေဖန်တတ် သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာကစ္စာနသည် ရှိ၏၊ ထို မဟာကစ္စာနသည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။ |
1,346,659 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၀) ပဌမဝဂ် ပြီး၏။ |
1,346,660 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁။ ရဟန်းဘဝဖြင့် နေခဲ့သောညဉ့်တရားရပြီး သေက္ခဘဝ ရဟန္တာဘဝနေခဲ့သော ညဉ့်တို့ကို သိကုန် ရေတွက်မှတ်သားမိကုန်သောဟု ဆိုလိုသည်။ |
1,346,661 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၂။ ဓူတင်အကျင့်ဖြင့် ကိလေသာကို ခါထုတ်ခြင်းသည် ဓုတဂုဏ်။ |
1,346,662 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၃။ ဓူတင်အကျင့်ဖြင့် ကိလေသာကို ခါထုတ်ဖျက်ဆီးရန် ဟောပြောခြင်းသည် ဓုတဝါဒမည်၏။ |
1,346,663 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၄-ဧတဒဂ္ဂ္ဂဝဂ် |
1,346,664 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | -- ၂- ဒုတိယဝဂ် |
1,346,665 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၉၈။ ရဟန်းတို့ စိတ်ဖြင့်ပြီးသော ကိုယ်ကို ဖန်ဆင်းတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် စူဠပန္ထကသည် ရှိ၏၊ ထို စူဠပန္ထကသည် အမြတ်ဆုံးပေတည်း။ |
1,346,666 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁) ၁၉၉။ |
1,346,667 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရူပါဝစရဈာန်အရာ၌ ကျွမ်းကျင်လိမ္မာကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် စူဠပန္ထကသည် ရှိ၏၊ ထို စူဠပန္ထကသည် အမြတ်ဆုံးပေတည်း။ |
1,346,668 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၂) ၂၀၀။ |
1,346,669 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အရူပါဝစရဈာန်အရာ၌ ကျွမ်းကျင်လိမ္မာကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာပန္ထကသည် ရှိ၏၊ ထို မဟာပန္ထကသည် အမြတ်ဆုံးပေတည်း။ |
1,346,670 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၃) ၂၀၁။ |
1,346,671 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ကိလေသာကင်းသော နေခြင်းရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သုဘူတိသည် ရှိ၏။ |
1,346,672 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထို သုဘူတိသည် အမြတ်ဆုံးပေတည်း။ |
1,346,673 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၄) ၂၀၂။ |
1,346,674 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မြတ်သော အလှူကို ခံထိုက်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သုဘူတိသည် ရှိ၏။ |
1,346,675 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၅) ၂၀၃။ |
1,346,676 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | တောကျောင်း၌ နေကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ခဒိရဝနိယရေဝတသည် ရှိ၏၊ ထို ခဒိရဝနိယရေဝတသည် အမြတ်ဆုံးပေတည်း။ |
1,346,677 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၆) ၂၀၄။ |
1,346,678 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဈာန်၌ မွေ့လျော်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ကင်္ခါရေဝတသည် ရှိ၏၊ ထို ကင်္ခါရေဝတသည် အမြတ်ဆုံးပေတည်း။ |
1,346,679 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၇) ၂၀၅။ |
1,346,680 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထက်သန်သော လုံ့လရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ကောဠိဝိသအနွယ်၌ ဖြစ်သော အကြင် သောဏသည် ရှိ၏၊ ထို သောဏသည် အမြတ်ဆုံးပေတည်း။ |
1,346,681 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၈) ၂၀၆။ |
1,346,682 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ချိုသာသော စကားကို ပြောဆိုတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ကုဋိကဏ္ဏ အမည်ရသော၁ အကြင် သောဏသည် ရှိ၏၊ ထို သောဏသည် အမြတ်ဆုံးပေတည်း။ |
1,346,683 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၉) ၂၀၇။ |
1,346,684 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | လာဘ်များခြင်းရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သီဝလိသည် ရှိ၏၊ ထို သီဝလိသည် အမြတ်ဆုံးပေတည်း။ |
1,346,685 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၀) ၂၀၈။ |
1,346,686 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သဒ္ဓါတရား အားကြီးကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ဝက္ကလိသည် ရှိ၏၊ ထို ဝက္ကလိသည် အမြတ်ဆုံးပေတည်း။ |
1,346,687 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၁) ဒုတိယဝဂ် ပြီး၏။ |
1,346,688 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁။ လူဖြစ်စဉ်က တစ်ကုဋေတန်သော နားတန်ဆာကို ဝတ်ဆင်သောကြောင့် ဤအမည်ကို ရသည်။ |
1,346,689 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၃-တတိယဝဂ် ၂၀၉။ |
1,346,690 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ အကျင့်သိက္ခာကို လိုလားကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ရာဟုလာသည် ရှိ၏။ |
1,346,691 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထို ရာဟုလာသည် အမြတ်ဆုံးပေတည်း။ |
1,346,692 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁) ၂၁၀။ |
1,346,693 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သဒ္ဓါတရားဖြင့် ရဟန်းပြုကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ရဋ္ဌပါလသည် ရှိ၏။ |
1,346,694 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထို ရဋ္ဌပါလသည် အမြတ်ဆုံးပေတည်း။ |
1,346,695 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၂) ၂၁၁။ |
1,346,696 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | စာရေးတံမဲကို ပဌမရယူတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ကုဏ္ဍဓာနသည် ရှိ၏။ |
1,346,697 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထို ကုဏ္ဍဓာနသည် အမြတ်ဆုံးပေတည်း။ |
1,346,698 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၃) ၂၁၂။ |
1,346,699 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဆန်းကြယ်သော ဉာဏ် ‘ပဋိဘာန်’ ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ဝင်္ဂီသသည် ရှိ၏။ |
1,346,700 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထို ဝင်္ဂီသသည် အမြတ်ဆုံးပေတည်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.