id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,346,701 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၄) ၂၁၃။ |
1,346,702 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထက်ဝန်းကျင် ကြည်ညိုဖွယ်ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ဝင်္ဂန္တပုဏ္ဏား၏သား အကြင် ဥပသေနသည် ရှိ၏။ |
1,346,703 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထို ဥပသေနသည် အမြတ်ဆုံးပေတည်း။ |
1,346,704 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၅) ၂၁၄။ |
1,346,705 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ကျောင်းအိပ်ရာနေရာ ခင်းကျင်းစီမံတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် မလ္လာမင်း၏သား အကြင် ဒဗ္ဗသည် ရှိ၏၊ ထို ဒဗ္ဗသည် အမြတ်ဆုံးပေတည်း။ |
1,346,706 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၆) ၂၁၅။ |
1,346,707 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | နတ်တို့ ချစ်ခင်မြတ်နိုးအပ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ပိလိန္ဒဝစ္ဆသည် ရှိ၏၊ ထို ပိလိန္ဒဝစ္ဆသည် အမြတ်ဆုံးပေတည်း။ |
1,346,708 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၇) ၂၁၆။ |
1,346,709 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | လျင်မြန်စွာရသော မဂ်ဖိုလ်အသိဉာဏ်ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ဗာဟိယတိုင်းသား အကြင် ဒါရုစီရိယသည် ရှိ၏၊ ထို ဒါရုစီရိယသည် အမြတ်ဆုံးပေတည်း။ |
1,346,710 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၈) ၂၁၇။ |
1,346,711 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဆန်းကြယ်စွာတရားဟောပြောတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ကုမာရကဿပသည် ရှိ၏၊ ထို ကုမာရကဿပသည် အမြတ်ဆုံးပေတည်း။ |
1,346,712 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၉) ၂၁၈။ |
1,346,713 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပဋိသမ္ဘိဒါလေးပါးသို့ ရောက်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာကောဋ္ဌိကသည် ရှိ၏၊ ထို မဟာကောဋ္ဌိကသည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။ |
1,346,714 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၀) တတိယဝဂ် ပြီး၏။ |
1,346,715 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၄-စတုတ္ထဝဂ် |
1,346,716 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၂၁၉။ ရဟန်းတို့ အကြားအမြင်များခြင်းရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ်ဆုံးပေတည်း။ |
1,346,717 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁) ၂၂၀။ |
1,346,718 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (ငါ၏ စကားတော်ကို ကြာမြင့်စွာ ဆောင်စွမ်းနိုင်သည့်) သတိရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ်ဆုံးပေတည်း။ |
1,346,719 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၂) ၂၂၁။ |
1,346,720 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (ငါဟောအပ်သည့်အတိုင်း အလုံးစုံသော ပုဒ်တို့ကို) သိစွမ်းနိုင်သည့် ပညာရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ်ဆုံးပေတည်း။ |
1,346,721 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၃) ၂၂၂။ |
1,346,722 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (ငါ၏ စကားတော်ကို သင်ခြင်း ဆောင်ခြင်း သရဇ္ဈာယ်ခြင်းနှင့် ငါ့ကို ဆည်းကပ်လုပ်ကျွေးခြင်းတို့၌) လုံ့လရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ်ဆုံးပေတည်း။ |
1,346,723 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၄) ၂၂၃။ |
1,346,724 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (ငါ့အား) လုပ်ကျွေးသော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ်ဆုံးပေတည်း။ |
1,346,725 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၅) ၂၂၄။ |
1,346,726 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | များသော ပရိသတ်ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ဥရုဝေလကဿပသည် ရှိ၏၊ ထို ဥရုဝေလကဿပသည် အမြတ်ဆုံးပေတည်း။ |
1,346,727 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၆) ၂၂၅။ |
1,346,728 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဆွေတော်မျိုးတော်တို့ကို ကြည်ညိုစေတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ကာဠုဒါယီသည် ရှိ၏၊ ထို ကာဠုဒါယီသည် အမြတ်ဆုံးပေတည်း။ |
1,346,729 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၇) ၂၂၆။ |
1,346,730 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အနာရောဂါကင်းကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ဗာကုလသည် ရှိ၏၊ ထို ဗာကုလသည် အမြတ်ဆုံးပေတည်း။ |
1,346,731 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၈) ၂၂၇။ |
1,346,732 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သောဘိတသည် ရှိ၏၊ ထို သောဘိတသည် အမြတ်ဆုံးပေတည်း။ |
1,346,733 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၉) ၂၂၈။ |
1,346,734 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဝိနည်းကိုဆောင်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ဥပါလိသည် ရှိ၏၊ ထို ဥပါလိသည် အမြတ်ဆုံးပေတည်း။ |
1,346,735 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၀) ၂၂၉။ |
1,346,736 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဘိက္ခုနီမတို့ကို ဆုံးမကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် နန္ဒကသည် ရှိ၏၊ ထို နန္ဒကသည် အမြတ်ဆုံးပေတည်း။ |
1,346,737 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၁) ၂၃၀။ |
1,346,738 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဣန္ဒြေကို စောင့်စည်းကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် နန္ဒသည် ရှိ၏၊ ထို နန္ဒသည် အမြတ်ဆုံးပေတည်း။ |
1,346,739 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၂) ၂၃၁။ |
1,346,740 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းယောကျ်ားတို့ကို ဆုံးမတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာ ကပ္ပိနသည် ရှိ၏၊ ထို မဟာကပ္ပိနသည် အမြတ်ဆုံးပေတည်း။ |
1,346,741 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၃) ၂၃၂။ |
1,346,742 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | တေဇောဓာတ်ဝင်စားရာ၌ ကျွမ်းကျင်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သာဂတသည် ရှိ၏၊ ထို သာဂတသည် အမြတ်ဆုံးပေတည်း။ |
1,346,743 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၄) ၂၃၃။ |
1,346,744 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | တရားကို ထင်မြင်လွယ်သော ဉာဏ် ‘ပဋိဘာန်'၁နှင့် ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ရာဓသည် ရှိ၏၊ ထို ရာဓသည် အမြတ်ဆုံးပေတည်း။ |
1,346,745 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၂၃၄။ ခေါင်းပါးသော၂ သင်္ကန်းကို ဆောင်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မောဃရာဇသည် ရှိ၏၊ ထို မောဃရာဇသည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။ |
1,346,746 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၆) စတုတ္ထဝဂ် ပြီး၏။ |
1,346,747 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁။ ပဋိဝေဓပဋိဘာန်ကို ဆိုသည်။ |
1,346,748 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၂။ ချည် အထည် ဆိုးရည်အားဖြင့် သုံးမျိုးလုံးညံ့သောဟု ဆိုလိုသည်။ |
1,346,749 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၅-ပဉ္စမဝဂ် |
1,346,750 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၂၃၅။ ရဟန်းတို့ ညဉ့်တို့ကို သိကုန် ရဟန်းဝါရင့်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် မဟာပဇာပတိဂေါတမီသည် ရှိ၏၊ ထို မဟာပဇာပတိဂေါတမီသည် အမြတ်ဆုံးပေတည်း။ |
1,346,751 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁) ၂၃၆။ |
1,346,752 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ကြီးမြတ်သော ပညာနှင့် ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ခေမာသည် ရှိ၏၊ ထို ခေမာသည် အမြတ်ဆုံးပေတည်း။ |
1,346,753 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၂) ၂၃၇။ |
1,346,754 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | တန်ခိုးနှင့် ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဥပ္ပလဝဏ်သည် ရှိ၏၊ ထို ဥပ္ပလဝဏ်သည် အမြတ်ဆုံးပေတည်း။ |
1,346,755 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၃) ၂၃၈။ |
1,346,756 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဝိနည်းကို ဆောင်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ပဋာစာရီသည် ရှိ၏၊ ထို ပဋာစာရီသည် အမြတ်ဆုံးပေတည်း။ |
1,346,757 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၄) ၂၃၉။ |
1,346,758 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | တရားဟောတတ်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဓမ္မဒိန္နာသည် ရှိ၏၊ ထို ဓမ္မဒိန္နာသည် အမြတ်ဆုံးပေတည်း။ |
1,346,759 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၅) ၂၄၀။ |
1,346,760 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဈာန်ဝင်စားခြင်း၌ မွေ့လျော်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် နန္ဒာ၁သည် ရှိ၏၊ ထို နန္ဒာသည် အမြတ်ဆုံးပေတည်း။ |
1,346,761 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၆) ၂၄၁။ |
1,346,762 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထက်သန်သော လုံ့လရှိကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် သောဏာသည် ရှိ၏၊ ထို သောဏာသည် အမြတ်ဆုံးပေတည်း။ |
1,346,763 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၇) ၂၄၂။ |
1,346,764 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဒိဗ္ဗစက္ခုအဘိညာဉ်ရှိကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဗကုလာသည် ရှိ၏၊ ထို ဗကုလာသည် အမြတ်ဆုံးပေတည်း။ |
1,346,765 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၈) ၂၄၃။ |
1,346,766 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | လျင်မြန်စွာရအပ်သော မဂ်ဖိုလ်အသိဉာဏ်ရှိကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဘဒ္ဒါမည်သော ကုဏ္ဍလကေသာသည် ရှိ၏၊ ထို ဘဒ္ဒါမည်သော ကုဏ္ဍလကေသာသည် အမြတ်ဆုံး ပေတည်း။ |
1,346,767 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၉) ၂၄၄။ |
1,346,768 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဘဒ္ဒါကာပိလာနီသည် ရှိ၏၊ ထို ဘဒ္ဒါကာပိလာနီသည် အမြတ်ဆုံးပေတည်း။ |
1,346,769 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၀) ၂၄၅။ |
1,346,770 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မြတ်သော အဘိညာဉ်သို့ရောက်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဘဒ္ဒကစ္စာနာသည်၂ ရှိ၏၊ ထို ဘဒ္ဒကစ္စာနာသည် အမြတ်ဆုံးပေတည်း။ |
1,346,771 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၁) ၂၄၆။ |
1,346,772 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ခေါင်းပါးသော သင်္ကန်းကို ဆောင်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ကိသာဂေါတမီသည် ရှိ၏၊ ထို ကိသာဂေါတမီသည် အမြတ်ဆုံးပေတည်း။ |
1,346,773 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၂) ၂၄၇။ |
1,346,774 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သဒ္ဓါတရားအားကြီးကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် သိင်္ဂါလကမာတာသည်ရှိ၏၊ ထို သိင်္ဂါလကမာတာသည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။ |
1,346,775 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၃) ပဉ္စမဝဂ် ပြီး၏။ |
1,346,776 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁။ မိထွေးတော်ဂေါတမီ၏သမီး ဇနပဒကလျာဏီပင် ဖြစ်သည်။ |
1,346,777 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၂။ ရာဟုလာ၏ မယ်တော် ယသော်ဓရာတည်း။ |
1,346,778 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၆-ဆဋ္ဌဝဂ် ၂၄၈။ |
1,346,779 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ရှေးဦးစွာ ကိုးကွယ်ဆည်းကပ်ခြင်း ‘သရဏဂုံ’ သို့ ရောက်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် အကြင် တပုကဿနှင့်ဘလ္လိကကုန်သည်တို့သည် ရှိကုန်၏၊ ထို တပုဿနှင့်ဘလ္လိကကုန်သည် တို့သည် အမြတ်ဆုံးပေတည်း။ |
1,346,780 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁) ၂၄၉။ |
1,346,781 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | လှူဒါန်းခြင်း၌ မွေ့လျော်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် သုဒတ္တမည်သော အကြင် အနာထပိဏ်သူကြွယ်သည် ရှိ၏၊ ထို အနာထပိဏ်သူကြွယ်သည် အမြတ်ဆုံးပေတည်း။ |
1,346,782 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၂) ၂၅၀။ |
1,346,783 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | တရားဟောတတ်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် မစ္ဆိကာသဏ္ဍမြို့သား အကြင် စိတ္တသူကြွယ်သည် ရှိ၏၊ ထို စိတ္တသူကြွယ်သည် အမြတ်ဆုံးပေတည်း။ |
1,346,784 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၃) ၂၅၁။ |
1,346,785 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သင်္ဂဟဝတ္ထုလေးပါးတို့ဖြင့် ပရိသတ်ကို ချီးမြှောက်ထောက်ပံ့ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် အကြင် ဟတ္ထကအာဠဝကသည် ရှိ၏၊ ထို ဟတ္ထကအာဠဝကသည် အမြတ်ဆုံးပေတည်း။ |
1,346,786 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၄) ၂၅၂။ |
1,346,787 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မွန်မြတ်သောဝတ္ထုကို ပေးလှူတတ်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် သာကီဝင် မင်းမျိုးဖြစ်သော အကြင် မဟာနာမ်သည် ရှိ၏၊ ထို မဟာနာမ်သည် အမြတ်ဆုံးပေတည်း။ |
1,346,788 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၅) ၂၅၃။ |
1,346,789 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | နှစ်သက်ဖွယ် ဝတ္ထုကို လှူတတ်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် ဝေသာလီပြည်သား အကြင် ဥဂ္ဂသူကြွယ်သည် ရှိ၏၊ ထို ဥဂ္ဂသူကြွယ်သည် အမြတ်ဆုံးပေတည်း။ |
1,346,790 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၆) ၂၅၄။ |
1,346,791 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သံဃာကို လုပ်ကျွေးတတ်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် ဟတ္ထိရွာသား အကြင် ဥဂ္ဂတသူကြွယ်သည် ရှိ၏၊ ထို ဥဂ္ဂတသူကြွယ်သည် အမြတ်ဆုံးပေတည်း။ |
1,346,792 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၇) ၂၅၅။ |
1,346,793 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သာသနာ၌ သက်ဝင်၍ မတုန်မလှုပ် ကြည်ညိုကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် အကြင် သုရဗန္ဓသည်၁ ရှိ၏၊ ထို သုရဗန္ဓသည် အမြတ်ဆုံးပေတည်း။ |
1,346,794 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၈) ၂၅၆။ |
1,346,795 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပုဂ္ဂိုလ်ကို ကြည်ညိုကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် အဘယမင်းသား မွေးစားအပ်သော အကြင် ဇီဝကသည် ရှိ၏၊ ထို ဇီဝကသည် အမြတ်ဆုံးပေတည်း။ |
1,346,796 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၉) ၂၅၇။ |
1,346,797 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ငါနှင့် အကျွမ်းဝင်သော စကားကို ဆိုကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် အကြင် နကုလပိတာ သူကြွယ်သည် ရှိ၏၊ ထို နကုလပိတာ သူကြွယ်သည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။ |
1,346,798 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၀) ဆဋ္ဌဝဂ် ပြီး၏။ |
1,346,799 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁။ သုရမ္ဗဋ္ဌဟု အဋ္ဌကထာ၌ ရှိ၏။ |
1,346,800 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၇-သတ္တမဝဂ် |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.