id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,346,901 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- မြတ်စွာဘုရား၏ ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း ဗုဒ္ဓါနုဿတိတရားတည်း။ |
1,346,902 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သော ဤတစ်ခုသော (ဗုဒ္ဓါနုဿတိ) တရားသည် စင်စစ်အားဖြင့် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ တပ်မက်မှုကင်းခြင်းငှါ ရာဂစသည်တို့ ချုပ်ခြင်းငှါ ကိလေသာတို့ ငြိမ်းအေးခြင်းငှါ (လက္ခဏာ ယာဉ်သို့ တင်၍) အထူးသိခြင်းငှါ (သစ္စာလေးပါးကို) ထိုးထွင်း၍သိခြင်းငှါ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏ဟု (မိ... |
1,346,903 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁) ၂၉၇။ |
1,346,904 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သော တစ်ခုသော တရားသည် စင်စစ်အားဖြင့် (ဝဋ်ဆင်းရဲ၌) ငြီးငွေ့ခြင်းငှါ တပ်မက်မှုကင်းခြင်းငှါ ရာဂစသည်တို့ ချုပ်ခြင်းငှါ ကိလေသာတို့ ငြိမ်းအေးခြင်းငှါ (လက္ခဏာယာဉ်သို့ တင်၍) အထူးသိခြင်းငှါ သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းငှါ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ |
1,346,905 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- တရား၏ ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း ဓမ္မာနုဿတိတရားတည်း။ |
1,346,906 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ သံဃာ၏ ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း သံဃာနုဿတိတရားတည်း။ |
1,346,907 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မိမိ၏ သီလဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း သီလာ နုဿတိတရားတည်း။ |
1,346,908 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မိမိ၏ စွန့်ကြဲခြင်းဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း စာဂါနုဿတိတရားတည်း။ |
1,346,909 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | နတ်တို့၏ သဒ္ဓါအစရှိသော ဂုဏ်နှင့်တူသော မိမိ၏ သဒ္ဓါအစရှိသော ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း ဒေဝတာနုဿတိတရားတည်း။ |
1,346,910 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထွက်သက် ဝင်သက်ကို အောက်မေ့ခြင်း အာနာပါနဿတိတရားတည်း။ |
1,346,911 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သေခြင်းကို အဖန်ဖန် အောက်မေ့ခြင်း မရဏဿတိတရားတည်း။ |
1,346,912 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဆံအစရှိသော ရုပ်အစုကို အောက် မေ့ခြင်း ကာယဂတာသတိတရားတည်း။ |
1,346,913 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | နိဗ္ဗာန်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း ဥပသမာနုဿတိ့တရားတည်း။ |
1,346,914 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ပွါးများအပ် အဖန်ဖန် အလေ့အလာ ပြုအပ်သော ဤတစ်ခုသော တရားသည် စင်စစ်အားဖြင့် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ တပ်မက်မှုကင်းခြင်းငှါ ရာဂစသည်တို့ ချုပ်ခြင်းငှါ ကိလေသာတို့ ငြိမ်းအေးခြင်းငှါ (လက္ခဏာယာဉ်သို့ တင်၍) အထူးသိခြင်းငှါ (သစ္စာလေးပါးကို) ထိုးထွင်း၍ သိခြင်းငှါ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ |
1,346,915 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၂၉၈။ ရဟန်းတို့ ဤမှားသော မြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ'တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြေ... |
1,346,916 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ မှားသော မြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ’ အယူရှိသော သူအား မဖြစ်ပေါ် သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့ သည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ |
1,346,917 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁) ၂၉၉။ |
1,346,918 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤမှန်သောမြင်ခြင်း ‘သမ္မာဒိဋ္ဌိ'တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရား တို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း အဖန်ဖန် ပြန့်ပြောစွာဖြစ်ကြောင်းဖြစ်သော... |
1,346,919 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ မှန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ အယူရှိသော သူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ |
1,346,920 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၂) ၃၀၀။ |
1,346,921 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤမှားသောမြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ'တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရား တို့၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ... |
1,346,922 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ မှားသော မြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ’ အယူရှိသော သူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း မဖြစ်ပေါ်ကုန်၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ |
1,346,923 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၃) ၃၀၁။ |
1,346,924 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤမှန်သောမြင်ခြင်း ‘သမ္မာဒိဋ္ဌိ'တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်... |
1,346,925 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ မှန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ အယူရှိသော သူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း မဖြစ်ပေါ်ကုန်၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။ |
1,346,926 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၄) ၃၀၂။ |
1,346,927 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤမသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း ‘အယောနိသော မနသိကာရ'တရားသည် မဖြစ်ပေါ်သေးသော မိစ္ဆာဒိဋ္ဌိတရား၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော မိစ္ဆာဒိဋ္ဌိတရား၏လည်း တိုးပွါးကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော မိစ္ဆာဒိဋ္ဌိတရား၏လည်း့ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော မိစ္ဆာဒိဋ္ဌိတရား၏လည်း တိုးပွါးကြောင်း... |
1,346,928 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ်သေးသော မိစ္ဆာဒိဋ္ဌိတရားသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော မိစ္ဆာဒိဋ္ဌိတရားသည်လည်း တိုးပွါး၏ဟု (မိန့်တော်မူ၏)။ |
1,346,929 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၃၀၃။ ရဟန်းတို့ ဤသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း ‘ယောနိသောမနသိကာရ'တရားသည် မဖြစ်ပေါ်သေးသော သမ္မာဒိဋ္ဌိတရား၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော သမ္မာဒိဋ္ဌိတရား၏လည်း တိုးပွါးကြောင်းဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော သမ္မာဒိဋ္ဌိတရား၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော သမ္မာဒိဋ္ဌိတရား၏လည်း တိုးပွါးကြောင်းဖြစ... |
1,346,930 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ်သေးသော သမ္မာဒိဋ္ဌိတရားသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော သမ္မာဒိဋ္ဌိတရားသည်လည်း တိုးပွါး၏ဟု (မိန့်တော်မူ၏)။ |
1,346,931 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၆) ၃၀၄။ |
1,346,932 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤမှားသောမြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ'တရားသည် သတ္တဝါတို့ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ သတ္တဝါတို့ ငရဲသို့ ရောက်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။ |
1,346,933 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ မှားသော မြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ’ အယူရှိကုန်သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျ ရောက်ရာ ငရဲသို့ ရောက်ရကုန်၏ဟု (မိန့်တော်မူ၏)။ |
1,346,934 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၇) ၃၀၅။ |
1,346,935 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤမှန်သောမြင်ခြင်း ‘သမ္မာဒိဋ္ဌိ'တရားသည် သတ္တဝါတို့ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ သတ္တဝါတို့ နတ်ပြည်သို့ ရောက်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ |
1,346,936 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ မှန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ အယူရှိကုန်သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်သို့ ရောက်ရကုန်၏ဟု (မိန့်တော်မူ၏)။ |
1,346,937 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၈) ၃၀၆။ |
1,346,938 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ မှားသော မြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ’ အယူရှိသော ပုဂ္ဂိုလ်အား အယူအားလျော်စွာ အပြည့် အစုံ ဆောက်တည်အပ်သော ကိုယ်ဖြင့် ပြုအပ်သော အကြင် ကာယကံသည်လည်းကောင်း၊ နှုတ်ဖြင့် ပြောဆို အပ်သော အကြင် ဝစီကံသည်လည်းကောင်း။ |
1,346,939 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော စိတ်ဖြင့် ကြံစည်အပ်သော အကြင် မနောကံသည်လည်းကောင်း၊ အကြင် စေ့ဆော်ခြင်း ‘စေတနာ'သည်လည်းကောင်း၊ အကြင် တောင့်တခြင်း ‘ပတ္ထနာ'သည်လည်းကောင်း၊ အကြင် စိတ်ကို ဆောက်တည်ခြင်း ‘ပဏိဓိ'သည်လည်းကောင်း အကြင် ပြုပြင်ခြင်း ‘သင်္ခါရ’ တို့သည်လည်းကောင်း ရှိကုန်၏၊ အလုံးစုံသော ထိုတရား တို့သည် မလိုလားခြ... |
1,346,940 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ထိုသူ၏ မိစ္ဆာဒိဋ္ဌိအယူသည် ယုတ် ညံ့သည်သာ ဖြစ်သောကြောင့်တည်း။ |
1,346,941 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဥပမာသော်ကား စိုစွတ်သော မြေ၌ စိုက်ပျိုးအပ်သော တမာမျိုးစေ့သည်လည်းကောင်း၊ သပွတ်ခါးမျိုးစေ့သည်လည်းကောင်း၊ ဘူးခါးမျိုးစေ့သည်းလည်းကောင်း အကြင် မြေဩဇာကိုလည်း ယူ၏၊ အကြင် ရေဩဇာကိုလည်း ယူ၏၊ ထို အလုံးစုံသော မြေဩဇာ ရေဩဇာသည် ခါးခြင်း သက်ခြင်း မချိုခြင်းငှါ ဖြစ်၏။ |
1,346,942 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ မျိုးစေ့သည် ယုတ်ညံ့သည်သာ ဖြစ်သောကြောင့်တည်း။ |
1,346,943 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူသာလျှင် မိစ္ဆာဒိဋ္ဌိအယူရှိသော ပုဂ္ဂိုလ်အား အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော ကိုယ်ဖြင့် ပြုလုပ်အပ်သော အကြင် ကာယကံသည်လည်းကောင်း။ |
1,346,944 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | နှုတ်ဖြင့် ပြောဆိုအပ်သော အကြင် ဝစီကံသည်လည်းကောင်း။ |
1,346,945 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ အယူ အားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော စိြတ်ဖင့် ကြံစည်အပ်သော အကြင် မနောကံသည်လည်းကောင်း၊ အကြင် စေ့ဆော်ခြင်း ‘စေတနာ'သည်လည်းကောင်း၊ အကြင် တောင့်တခြင်း ‘ပတ္ထနာ'သည်လည်းကောင်း၊ အကြင် စိတ်ကိုဆောက်တည်ခြင်း ‘ပဏိဓိ'သည်လည်းကောင်း၊ အကြင် ပြုပြင်ခြင်း ‘သင်္ခါရ’ တို့သည်လည်းကောင်း ရှိကုန်၏၊ အလုံးစုံသော ထိုတရားတို့သည် မလိုလားခြ... |
1,346,946 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ထိုသူ၏ မိစ္ဆာဒိဋ္ဌိအယူသည် ယုတ်ညံ့သည်သာ ဖြစ်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။ |
1,346,947 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၃၀၇။ ရဟန်းတို့ မှန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိအယူ’ ရှိသော ပုဂ္ဂိုလ်အား အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော ကိုယ်ဖြင့် ပြုလုပ်အပ်သော အကြင် ကာယကံသည်လည်းကောင်း၊ နှုတ် ဖြင့် ပြောဆိုအပ်သော အကြင် ဝစီကံသည်လည်းကောင်း။ |
1,346,948 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည် အပ်သော စိတ်ဖြင့် ကြံစည်အပ်သော အကြင် မနောကံသည်လည်းကောင်း၊ အကြင် စေ့ဆော်ခြင်း ‘စေတနာ'သည်လည်းကောင်း၊ အကြင် တောင့်တခြင်း ‘ပတ္ထနာ'သည်လည်းကောင်း၊ အကြင် စိတ်ကို ဆောက်တည်ခြင်း ‘ပဏိဓိ'သည်လည်းကောင်း၊ အကြင် ပြုပြင်ခြင်း ‘သင်္ခါရ’ တို့သည်လည်းကောင်း ရှိကုန်၏၊ အလုံးစုံသော ထိုတရားတို့သည် လိုလားခြ... |
1,346,949 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ထိုသူ၏ သမ္မာဒိဋ္ဌိအယူသည် ကောင်းမြတ်သည်သာ ဖြစ်သောကြောင့်တည်း။ |
1,346,950 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဥပမာသော်ကား စိုစွတ်သော မြေ၌ စိုက်ပျိုး အပ်သော ကြံမျိုးစေ့သည်လည်းကောင်း၊ သလေးမျိုးစေ့သည်လည်းကောင်း၊ သပျစ်မျိုးစေ့သည်လည်းကောင်း အကြင် မြေဩဇာကိုလည်း ယူ၏၊ အကြင် ရေဩဇာကိုလည်း ယူ၏၊ ထို အလုံးစုံသော မြေဩဇာ ရေဩဇာသည် သာယာခြင်းငှါ ချိုမြိန်ခြင်းငှါ (အခြား) သွန်းလောင်းဖွယ်မရှိခြင်းငှါ ဖြစ်၏။ |
1,346,951 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ မျိုးစေ့သည် ကောင်းသည်သာ ဖြစ်သောကြောင့်တည်း။ |
1,346,952 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူသာလျှင် မှန်သောမြင်ခြင်း ‘သမ္မာဒိဋ္ဌိအယူ’ ရှိသော ပုဂ္ဂိုလ်အား အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော ကိုယ်ဖြင့် ပြုလုပ်အပ်သော အကြင် ကာယကံသည်လည်းကောင်း။ |
1,346,953 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ နှုတ်ဖြင့် ပြောဆိုအပ်သော အကြင် ဝစီကံသည်လည်းကောင်း။ |
1,346,954 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ အယူအားလျော်စွာ အပြည့်အစုံ ဆောက် တည်အပ်သော စိတ်ဖြင့် ကြံစည်အပ်သော အကြင် မနောကံသည်လည်းကောင်း၊ အကြင် စေ့ဆော်ခြင်း ‘စေတနာ'သည်လည်းကောင်း၊ အကြင် တောင့်တခြင်း ‘ပတ္ထနာ'သည်လည်းကောင်း၊ အကြင် စိတ်ကို ဆောက် တည်ခြင်း ‘ပဏိဓိ'သည်လည်းကောင်း၊ အကြင် ပြုပြင်ခြင်း ‘သင်္ခါရ’ တို့သည်လည်းကောင်း ရှိကုန်၏၊ အလုံးစုံ ကုန်သော ထိုတရားတို့သည် လိ... |
1,346,955 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ ထိုသူ၏ သမ္မာ ဒိဋ္ဌိအယူသည် ကောင်းမြတ်သည်သာ ဖြစ်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။ |
1,346,956 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၀) ဒုတိယဝဂ် ပြီး၏။ |
1,346,957 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၃-တတိယဝဂ် ၃၀၈။ |
1,346,958 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ တစ်ယောက်သော ပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်လာသော် လူအများ၏ အစီး အပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပေါ်လာ၏။ |
1,346,959 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထို တစ်ယောက်သောပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ- ဖောက်ပြန်သော အားဖြင့် မြင်တတ်သော မိစ္ဆာဒိဋ္ဌိအယူရှိသော ပုဂ္ဂိုလ်တည်း၊ ထို ပုဂ္ဂိုလ်သည် လူအများကို သူတော်ကောင်းတရားမှ ကင်းကွာစေ၍ မသူတော်တရား၌ တည်စေ၏။ |
1,346,960 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ မိစ္ဆာဒိဋ္ဌိအယူရှိသော ဤပုဂ္ဂိုလ် တစ်ယောက် လောက၌ ဖြစ်ပေါ်လာသော် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ |
1,346,961 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁) ၃၀၉။ |
1,346,962 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ တစ်ယောက်သော ပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်လာသော် လူအများ၏ အစီး အပွါးရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပေါ်လာ၏။ |
1,346,963 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထို တစ်ယောက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ- မဖောက်ပြန်သော အားဖြင့် မြင်တတ်သော သမ္မာဒိဋ္ဌိအယူရှိသော ပုဂ္ဂိုလ်တည်း၊ ထို ပုဂ္ဂိုလ်သည် လူအများကို မသူတော်တရားမှ ကင်းကွာစေ၍ သူတော်ကောင်းတရား၌ တည်စေ၏။ |
1,346,964 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ သမ္မာဒိဋ္ဌိအယူရှိသော ဤပုဂ္ဂိုလ် တစ်ယောက် လောက၌ ဖြစ်ပေါ်လာသော် လူအများ၏ အစီးအပွါးရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ |
1,346,965 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၂) ၃၁၀။ |
1,346,966 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤမှားသောမြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ'သည် ကြီးလေးသော အပြစ်ရှိသကဲ့သို့၊ ဤအတူ ကြီးလေးသော အပြစ်ရှိသော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ |
1,346,967 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ကြီးလေးသော အပြစ်ရှိသော အကုသိုလ်ကံတို့သည် မိစ္ဆာဒိဋ္ဌိသာလျှင် လွန်ကဲခြင်းရှိကုန်၏ဟု (မိန့်တော်မူ၏)။ |
1,346,968 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၃) ၃၁၁။ |
1,346,969 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤ(မဂ်ဖိုလ်မှ) အချည်းနှီးသော ယောက်ျားဖြစ်သော မက္ခလိဂေါသာလသည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သကဲ့သို့၊ ဤအတူ ကျင့်သော အခြား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ကိုမျှလည်း ငါ မမြင်။ |
1,346,970 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ များစွာသော ငါးတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ အကျိုးမဲ့ခြင်းငှါ ပျက်စီးခြင်းငှါ မြစ်ဆုံမြစ်ဝ၌ မြံှုးကို ဖွဲ့နှောင်၍ ထားသကဲ့သို့၊ ဤအတူသာလျှင် များစွာ သော သတ္တဝါတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ အကျိုးမဲ့ခြင်းငှါ ပျက်စီးခြင်းငှါ (မဂ်ဖိုလ်မှ) အချည်းနှီးသော မက္ခလိဂေါသာလသည် လောက၌ ဖြစ်ပေါ်လာ၏ဟု (မ... |
1,346,971 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၄) ၃၁၂။ |
1,346,972 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ မကောင်းသဖြင့် ဟောအပ်သော သာသနာ၌ အကြင် ဆရာဖြစ်သူသည်လည်း ဆောက်တည်စေ၏၊ အကြင် တပည့်ဖြစ်သူကိုလည်း ဆောက်တည်စေ၏၊ ဆောက်တည်စေအပ်သော အကြင် တပည့်သည်လည်း ထို အဆုံးအမအတိုင်း ဖြစ်ခြင်းငှါ ကျင့်၏၊ ထို အလုံးစုံသော ဆရာ တပည့်တို့သည် များစွာသော မကောင်းမှုကို ဖြစ်ပွါးစေကုန်၏။ |
1,346,973 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ တရားကို မကောင်းသဖြင့် ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ |
1,346,974 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၅) ၃၁၃။ |
1,346,975 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ကောင်းစွာ ဟောအပ်သော သာသနာ၌ အကြင် ဆရာဖြစ်သူသည်လည်း ဆောက် တည်စေ၏၊ အကြင် တပည့်ဖြစ်သူကိုလည်း ဆောက်တည်စေ၏၊ ဆောက်တည်စေအပ်သော အကြင် တပည့်သည်လည်း ထို အဆုံးအမအတိုင်း ဖြစ်ခြင်းငှါ ကျင့်၏၊ ထို အလုံးစုံသော ဆရာ တပည့်တို့သည် များစွာ သော ကောင်းမှုကို ဖြစ်ပွါးစေကုန်၏။ |
1,346,976 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ တရား ကို ကောင်းစွာ ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ |
1,346,977 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၃၁၄။ ရဟန်းတို့ မကောင်းသဖြင့် ဟောအပ်သော သာသနာ၌ အလှူပေးပုဂ္ဂိုလ်သည် အတိုင်း အရှည်ကို သိရမည်၊ အလှူခံပုဂ္ဂိုလ်သည် အတိုင်းအရှည်ကို သိရန် မလိုပေ။ |
1,346,978 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၇) ၃၁၅။ |
1,346,979 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ကောင်းစွာ ဟောအပ်သော သာသနာ၌ အလှူခံပုဂ္ဂိုလ်သည် အတိုင်းအရှည်ကို သိရမည်၊ အလှူပေးပုဂ္ဂိုလ်သည် အတိုင်းအရှည်ကို သိရန် မလိုပေ။ |
1,346,980 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ တရားကို ကောင်းစွာ ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ |
1,346,981 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၈) ၃၁၆။ |
1,346,982 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ မကောင်းသဖြင့် ဟောအပ်သော သာသနာ၌ အကြင်သူသည် ထက်သန်သော လုံ့လရှိ၏၊ ထိုသူသည် ဆင်းရဲစွာ နေရ၏။ |
1,346,983 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၉) ၃၁၇။ |
1,346,984 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ကောင်းစွာ ဟောအပ်သော သာသနာ၌ အကြင်သူသည် ပျင်းရိ၏၊ ထိုသူသည် ဆင်းရဲစွာ နေရ၏။ |
1,346,985 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၀) ၃၁၈။ |
1,346,986 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ မကောင်းသဖြင့် ဟောအပ်သော သာသနာ၌ အကြင်သူသည် ပျင်းရိ၏၊ ထိုသူသည် ချမ်းသာစွာ နေရ၏။ |
1,346,987 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၁) ၃၁၉။ |
1,346,988 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ကောင်းစွာ ဟောအပ်သော သာသနာ၌ အကြင်သူသည် ထက်သန်သော လုံ့လ ရှိ၏၊ ထိုသူသည် ချမ်းသာစွာ နေရ၏။ |
1,346,989 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၂) ၃၂၀။ |
1,346,990 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ အနည်းငယ်မျှသော မစင်သည်လည်း မကောင်းသော အနံ့ရှိသကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ငါသည် အနည်းငယ်မျှသော ဘဝကိုလည်း ချီးမွမ်းတော်မမူ၊ အယုတ်ဆုံးအားဖြင့် လက်ဖျစ်တစ်တီးကာလမျှသော ဘဝကိုလည်း ချီးမွမ်းတော်မမူဟု (မိန့်တော်မူ၏)။ |
1,346,991 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၃) ၃၂၁။ |
1,346,992 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ အနည်းငယ်မျှသော ကျင်ငယ်သည်လည်း မကောင်းသော အနံ့ရှိသကဲ့သို့။ |
1,346,993 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အနည်းငယ်မျှသော တံတွေးသည်လည်း မကောင်းသော အနံ့ရှိသကဲ့သို့။ |
1,346,994 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အနည်းငယ်မျှသော ပြည်သည်လည်း မကောင်းသော အနံ့ရှိသကဲ့သို့။ |
1,346,995 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အနည်းငယ်မျှသော သွေးသည်လည်း မကောင်းသော အနံ့ရှိ သကဲ့သို့၊ ရဟန်းတို့ ဤအတူပင်လျှင် ငါသည် အနည်းငယ်မျှသော ဘဝကိုလည်း ချီးမွမ်းတော်မမူ၊ အယုတ်ဆုံးအားဖြင့် လက်ဖျစ်တစ်တီး ကာလမျှသော ဘဝကိုလည်း ချီးမွမ်းတော်မမူဟု (မိန့်တော်မူ၏)။ |
1,346,996 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၄) တတိယဝဂ် ပြီး၏။ |
1,346,997 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၃၂၂။ ရဟန်းတို့ ဤဇမ္ဗူဒိပ်၌ မွေ့လျော်ဖွယ်ကောင်းသောအရံ မွေ့လျော်ဖွယ်ကောင်းသော တော မွေ့လျော်ဖွယ်ကောင်းသောမြေအရပ် မွေ့လျော်ဖွယ်ကောင်းသော ရေကန်သည် အနည်းငယ်မျှသာ ရှိ၏၊ စင်စစ်သော်ကား ချိုင့်ဝှမ်း မြင့်မောက်သောမြေ သွားလာ ကူးခက်သောမြစ် သစ်ငုတ်ဆူးငြောင့်ရှိသော အရပ် မညီညွတ်သော တောင်တို့သာ များသကဲ့သို့၊ ရဟန်းတို့ ဤအတူပင်လျှင် ကြည်... |
1,346,998 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁) ၃၂၃။ |
1,346,999 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူပင်လျှင် လူ့ပြည်၌ ဖြစ်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား လူ့ပြည်မှ တစ်ပါးသော အပါယ်ဘုံ၌ ဖြစ်သော သတ္တဝါတို့သည် သာ များကုန်၏။ |
1,347,000 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူပင်လျှင် မဇ္ဈိမတိုင်း ဇနပုဒ်တို့၌ ဖြစ်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား တိုင်းစွန်ပြည်နား ဇနပုဒ်အရပ် သစ္စာလေးပါးကို မသိနိုင်ကုန်သော လူရိုင်း (မိလက္ခု) တို့၌ ဖြစ်သော သတ္တဝါတို့သာ များကုန်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.