id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,347,001 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၂) ၃၂၄။ |
1,347,002 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူပင်လျှင် မထိုင်းမှိုင်းကုန် မဆွံ့ မအကုန်သော ကောင်းစွာ ဆိုအပ်သော စကားမကောင်းသဖြင့် ဆိုအပ်သော စကား၏ အနက်ကို သိနိုင်ကုန်သော ပညာရှိပုဂ္ဂိုလ်တို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား ထိုင်းမှိုင်းကုန် ဆွံ့အကုန်သော ကောင်းစွာ ဆိုအပ်သော စကား မကောင်းသဖြင့် ဆိုအပ်သော စကား၏ အနက်ကို မသိနိုင်ကုန်သော ပညာမဲ့ပုဂ္ဂို... |
1,347,003 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၃) ၃၂၅။ |
1,347,004 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူပင်လျှင် မြတ်သော ပညာမျက်စိနှင့် ပြည့်စုံကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား အဝိဇ္ဇာအမိုက်တိုက်သို့ ရောက်ကုန်၍ တွေဝေကုန်သော သတ္တဝါတို့သာ များကုန်၏။ |
1,347,005 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၄) ၃၂၆။ |
1,347,006 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူပင်လျှင် မြတ်စွာဘုရားကို ဖူးမြော်ရကုန်သော သတ္တဝါတို့သည် အနည်း ငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား မြတ်စွာဘုရားကို မဖူးမြော်ရကုန်သော သတ္တဝါတို့သာ များကုန်၏။ |
1,347,007 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၅) ၃၂၇။ |
1,347,008 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူပင်လျှင် မြတ်စွာဘုရား ဟောကြားအပ်သော ဓမ္မဝိနယကို ကြားနာ ရကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား မြတ်စွာဘုရား ဟောကြား အပ်သော ဓမ္မဝိနယကို မကြားနာရကုန်သော သတ္တဝါတို့သာ များကုန်၏။ |
1,347,009 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၆) ၃၂၈။ |
1,347,010 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူပင်လျှင် ကြားနာရ၍တရားကို ဆောင်ထားကြကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား ကြားနာရ၍တရားကို ဆောင်မထားကြကုန်သော သတ္တဝါတို့သာ များကုန်၏။ |
1,347,011 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၇) ၃၂၉။ |
1,347,012 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူပင်လျှင် ဆောင်ထားသော တရားတို့၏ အနက်ကို စုံစမ်း စိစစ်ကြကုန် သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား ဆောင်ထားသော တရားတို့၏ အနက်ကို မစုံစမ်း မစိစစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ |
1,347,013 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၈) ၃၃၀။ |
1,347,014 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူပင်လျှင် ပါဠိတော်နှင့် အဋ္ဌကထာကို သိ၍တရားနှင့် လျော်သော အကျင့်ကို ကျင့်ကြကုန်သော သတ္တဝါတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ စင်စစ်သော်ကား ပါဠိတော်နှင့် အဋ္ဌကထာကို သိ၍တရားနှင့် လျော်သော အကျင့်ကို မကျင့်ကြကုန်သော သတ္တဝါတို့သာ များ ကုန်၏။ |
1,347,015 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၃၃၁။ ရဟန်းတို့ ဤအတူပင်လျှင် ထိတ်လန့်ခြင်းကို ဖြစ်စေတတ်သည့် ဇာတိစသော အကြောင်း တို့၌ ထိတ်လန့်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ထိတ်လန့်ခြင်းကို ဖြစ်စေတတ်သည့် ဇာတိစသော အကြောင်းတို့၌ မထိတ်လန့်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ |
1,347,016 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၀) ၃၃၂။ |
1,347,017 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူပင်လျှင် ထိတ်လန့်ကုန်သည် ဖြစ်၍ သင့်လျော်သော အကြောင်းအားဖြင့် အားထုတ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ထိတ်လန့်ကုန်သည်ဖြစ်၍ သင့်လျော်သော အကြောင်းအားဖြင့် အားမထုတ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ |
1,347,018 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၁) ၃၃၃။ |
1,347,019 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူပင်လျှင် နိဗ္ဗာန်ကို အာရုံပြု၍ မဂ် ဖိုလ် သမာဓိကို ရကြကုန် စိတ်၏ တည် ကြည်ခြင်းကို ရကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား နိဗ္ဗာန်ကို အာရုံပြု၍ မဂ် ဖိုလ်သမာဓိကို မရကြကုန် စိတ်၏ တည်ကြည်ခြင်းကို မရကြကုန်သော သတ္တဝါတို့သာ များကုန်၏။ |
1,347,020 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၂) ၃၃၄။ |
1,347,021 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူပင်လျှင် မွန်မြတ်သော ထမင်း မွန်မြတ်သော အရသာတို့ကို ရကြကုန် သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား မွန်မြတ်သော ထမင်း မွန်မြတ်သော အရသာ တို့ကို မရကြကုန်မူ၍ ခွက်လက်စွဲကာ တောင်း၍ရသော ထမင်းဖြင့်လည်းကောင်း၊ သစ်သီးကြီးငယ်ဖြင့်လည်းကောင်း မျှတကြရကုန်သော သတ္တဝါတို့သာ များကုန်၏။ |
1,347,022 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၃) ၃၃၅။ |
1,347,023 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူပင်လျှင် ဖိုလ်တည်းဟူသောအရသာ မဂ်တည်းဟူသောအရသာ နိဗ္ဗာန်တည်းဟူသောအရသာကို ရကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ဖိုလ်တည်းဟူသောအရသာ မဂ်တည်းဟူသောအရသာ နိဗ္ဗာန်တည်းဟူသောအရသာကို မရကြကုန်သော သတ္တဝါတို့ သာ များကုန်၏။ |
1,347,024 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် ဤသာသနာတော်၌ ဤသို့လျှင် “ဖိုလ်တည်းဟူသော အရသာ မဂ်တည်းဟူသောအရသာ နိဗ္ဗာန်တည်းဟူသောအရသာကို ရရှိသူတို့ ဖြစ်ကြကုန်အံ့”ဟု ကျင့်ရ မည်။ |
1,347,025 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ သင်တို့သည် ဤသို့သာလျှင် ကျင့်ရမည်ဟု (မိန့်တော်မူ၏)။ |
1,347,026 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၄) ၃၃၆-၃၃၈။ |
1,347,027 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤဇမ္ဗူဒိပ်၌ မွေ့လျော်ဖွယ်ကောင်းသောအရံ မွေ့လျော်ဖွယ်ကောင်းသော တော မွေ့လျော်ဖွယ်ကောင်းသောမြေအရပ် မွေ့လျော်ဖွယ်ကောင်းသော ရေကန်သည် အနည်းငယ်မျှသာ ရှိ၏၊ စင်စစ်သော်ကား ချိုင့်ဝှမ်းမြင့်မောက်သောမြေ သွားလာကူးခက်သောမြစ် သစ်ငုတ်ဆူးငြောင့်ရှိသော အရပ် မညီညွတ်သောတောင်တို့သာ များသကဲ့သို့၊ ရဟန်းတို့ ဤအတူပင်လျှင် လူ့ပြည်မှ စု... |
1,347,028 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ |
1,347,029 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၅-၁၇) ၃၃၉-၃၄၁။ |
1,347,030 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူပင်လျှင် လူ့ပြည်မှ စုတေ၍ နတ်ပြည်တို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား လူ့ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ |
1,347,031 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | တိရစ္ဆာန်မျိုး၌ ဖြစ်ကြကုန်သော။ |
1,347,032 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏။ |
1,347,033 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၈-၂၀) ၃၄၂-၃၄၄။ |
1,347,034 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူပင်လျှင် နတ်ပြည်မှ စုတေ၍ နတ်ပြည်တို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား နတ်ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ |
1,347,035 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၃၄၅-၃၄၇။ ရဟန်းတို့ ဤအတူပင်လျှင် နတ်ပြည်မှ စုတေ၍ လူ့ပြည်တို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား နတ်ပြည်မှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ |
1,347,036 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၂၄-၂၆) ၃၄၈-၃၅၀။ |
1,347,037 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူပင်လျှင် ငရဲဘုံမှ စုတေ၍ လူ့ဘုံတို့၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ငရဲဘုံမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ |
1,347,038 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၂၇-၂၉) ၃၅၁-၃၅၃။ |
1,347,039 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူပင်လျှင် ငရဲဘုံမှ စုတေ၍ နတ်ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါ တို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ငရဲဘုံမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ |
1,347,040 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၃၀-၃၂) ၃၅၄-၃၅၆။ |
1,347,041 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူပင်လျှင် တိရစ္ဆာန်မျိုးမှ စုတေ၍ လူ့ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား တိရစ္ဆာန်မျိုးမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ |
1,347,042 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၃၃-၃၅) ၃၅၇-၃၅၉။ |
1,347,043 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူပင်လျှင် တိရစ္ဆာန်မျိုးမှ စုတေ၍ နတ်ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား တိရစ္ဆာန်မျိုးမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ |
1,347,044 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၃၆-၃၈) ၃၆၀-၃၆၂။ |
1,347,045 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူပင်လျှင် ပြိတ္တာဘုံမှ စုတေ၍ လူ့ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ပြိတ္တာဘုံမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ |
1,347,046 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | တိရစ္ဆာန်မျိုး ၌ ဖြစ်ကြကုန်သော။ |
1,347,047 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၃၉-၄၁) ၃၆၃-၃၆၅။ |
1,347,048 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ဤအတူပင်လျှင် ပြိတ္တာဘုံမှ စုတေ၍ နတ်ပြည်၌ ဖြစ်ကြကုန်သော သတ္တဝါတို့သည်နည်းပါးကုန်၏၊ စင်စစ်သော်ကား ပြိတ္တာဘုံမှ စုတေ၍ ငရဲဘုံ၌ ဖြစ်ကြကုန်သော။ |
1,347,049 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပြိတ္တာဘုံ၌ ဖြစ်ကြကုန်သော သတ္တဝါတို့သာ များကုန်၏ဟု (မိန့်တော်မူ၏)။ |
1,347,050 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၄၂-၄၄) စတုတ္ထဝဂ် ပြီး၏။ |
1,347,051 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (ဇမ္ဗုဒီပ ပေယျာလ ပြီး၏။ |
1,347,052 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၇-ပသာဒကရဓမ္မဝဂ် |
1,347,053 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၃၆၆-၃၈၁။ ရဟန်းတို့ တော၌နေသော ရဟန်း၏ အဖြစ်သည် လာဘ်ရခြင်းတို့၏ မုချအကြောင်း ဖြစ်၏။ |
1,347,054 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ ပိဏ္ဍပါတ်ဓူတင် ဆောက်တည်သော ရဟန်း၏ အဖြစ်သည်။ |
1,347,055 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပံ့သကူသင်္ကန်းကို ဆောင်သော ရဟန်း၏ အဖြစ်သည်။ |
1,347,056 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | တိစီဝရိက်သင်္ကန်းကို ဆောင်သော ရဟန်း၏ အဖြစ်သည်။ |
1,347,057 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | တရားဟောသော ရဟန်း၏ အဖြစ်သည်။ |
1,347,058 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဝိနည်းကို ဆောင်သော ရဟန်း၏ အဖြစ်သည်။ |
1,347,059 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အကြားအမြင်များသော ရဟန်း၏ အဖြစ်သည်။ |
1,347,060 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (သိက္ခာဝါရင့်၍) ထာဝရတည်မြဲခြင်းသို့ ရောက်သော ရဟန်း၏ အဖြစ်သည်။ |
1,347,061 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (ရဟန်းတို့၏) ကြည်ညိုဖွယ် အသွင်အပြင်နှင့် ပြည့်စုံသော ရဟန်း၏ အဖြစ်သည်။ |
1,347,062 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | စင်ကြယ်သော ခြံအရံနှင့် ပြည့်စုံသော ရဟန်း၏ အဖြစ်သည်။ |
1,347,063 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | များမြတ်သော အခြံအရံနှင့် ပြည့်စုံသော ရဟန်း၏ အဖြစ်သည်။ |
1,347,064 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အမျိုးကောင်းသား ရဟန်း၏ အဖြစ်သည်။ |
1,347,065 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ကိုယ်အဆင်းနှင့် ပြည့်စုံသော ရဟန်း၏ အဖြစ်သည်။ |
1,347,066 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ချိုသာ သော စကားရှိသော ရဟန်း၏ အဖြစ်သည်။ |
1,347,067 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အလိုနည်းသော ရဟန်း၏ အဖြစ်သည်။ |
1,347,068 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ကျန်းမာခြင်းနှင့် ပြည့်စုံသော ရဟန်း၏အဖြစ်သည် လာဘ်ရခြင်းတို့၏ မုချအကြောင်းဖြစ်၏ဟု (မိန့်တော်မူ၏)။ |
1,347,069 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁-၁၆) ပသာဒကရဓမ္မဝဂ် (ကြည်ညိုခြင်းကို ပြုတတ်သော တရားစု) ပြီး၏။ |
1,347,070 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၁၈- အပရအစ္ဆရာသင်္ဃာတဝဂ် |
1,347,071 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၃၈၂။ ရဟန်းတို့ ရဟန်းသည် လက်ဖျစ်တစ်တီးကာလမျှလည်း အကယ်၍ ပဌမဈာန်ကို ပွါးများငြားအံ့၊ ရဟန်းတို့ ဤရဟန်းကို ဈာန်မှ ဆိတ်သုဉ်းခြင်း မရှိမူ၍ နေသော ရဟန်းဟူ၍ လည်းကောင်း၊ မြတ်စွာဘုရား၏ သွန်သင်မှုကို လိုက်နာ၍နေသော ရဟန်းဟူ၍လည်းကောင်း၊ မြတ်စွာဘုရား၏ အဆုံးအမကို လိုက်နာ၍ နေသော ရဟန်းဟူ၍လည်းကောင်း၊ ပြည်သူတို့ ဆွမ်းကို အချည်းနှီး မဖြစ်စေမ... |
1,347,072 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁) ၃၈၃-၃၈၉။ |
1,347,073 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ရဟန်းတို့ ရဟန်းသည် လက်ဖျစ်တစ်တီးကာလမျှလည်း ဒုတိယဈာန်ကို ပွါးများငြားအံ့။ |
1,347,074 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ တတိယဈာန်ကို ပွါးများငြားအံ့။ |
1,347,075 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ စတုတ္ထဈာန်ကို ပွါးများငြားအံ့။ |
1,347,076 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ ပျက်စီးစေလိုခြင်း ‘ဗျာပါဒ'မှ စိတ်၏ လွတ်မြောက်ကြောင်းဖြစ်သော စေတောဝိမုတ္တိမေတ္တာကို ပွါးများငြားအံ့။ |
1,347,077 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ ညှဉ်းဆဲလိုခြင်း ‘ဝိဟိံသ'မှ စိတ်၏ လွတ်မြောက်ကြောင်းဖြစ်သော စေတောဝိမုတ္တိကရုဏာကို ပွါးများငြားအံ့။ |
1,347,078 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ မမွေ့လျော်ခြင်း ‘အရတိ'မှ စိတ်၏ လွတ်မြောက်ကြောင်းဖြစ်သော စေတောဝိမုတ္တိမုဒိတာကို ပွါးများငြားအံ့။ |
1,347,079 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ တပ်မက်ခြင်း'ရာဂ’ မှ လွတ်မြောက်ကြောင်းဖြစ်သော စေတောဝိမုတ္တိဥပေက္ခာကို ပွါးများငြားအံ့။ |
1,347,080 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၃၉၀-၃၉၃။ ပြင်းစွာ အားထုတ်အပ်သော လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိလျက် လောက၌ အဘိဇ္ဈာ ဒေါမနဿတို့ကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အဖန်ဖန်ရှုလျက် နေငြားအံ့။ |
1,347,081 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ ဝေဒနာတို့၌ ဝေဒနာဟု အဖန်ဖန်ရှုလျက် နေငြားအံ့။ |
1,347,082 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ စိတ်၌ စိတ်ဟု အဖန်ဖန်ရှုလျက် နေငြားအံ့။ |
1,347,083 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပ။ ပြင်းစွာအားထုတ်အပ်သော လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်'့အောက်မေ့မှု ‘သတိ’ ရှိလျက် လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားဟု အဖန်ဖန် ရှုလျက် နေငြားအံ့။ |
1,347,084 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ၃၉၄-၃၉၇။ မဖြစ်ပေါ်သေးသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် ပြုလို သော ဆန္ဒကို ဖြစ်စေငြားအံ့၊ လုံ့လပြုငြားအံ့၊ ဝီရိယကို အားထုတ်ငြားအံ့၊ စိတ်ကို မြှင့်တင်ငြားအံ့။ |
1,347,085 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | အားစိုက်ငြားအံ့။ |
1,347,086 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဖြစ်ပေါ်ပြီးသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ပယ်ဖျောက်ရန် ပြုလိုသော ဆန္ဒ ကို ဖြစ်စေငြားအံ့၊ လုံ့လပြုငြားအံ့၊ ဝီရိယကို အားထုတ်ငြားအံ့၊ စိတ်ကို မြှင့်တင်ငြားအံ့၊ အားစိုက်ငြားအံ့။ |
1,347,087 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန် ပြုလိုသော ဆန္ဒကို ဖြစ်စေငြားအံ့၊ လုံ့လပြုငြားအံ့၊ ဝီရိယကို အားထုတ်ငြားအံ့၊ စိတ်ကို မြှင့်တင်ငြားအံ့၊ အားစိုက်ငြားအံ့။ |
1,347,088 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့ကို တည်တံ့စေရန် မပျောက်ပျက်စေရန် အဖန်ဖန်ဖြစ်စေရန် ပြန့်ပြောစွာဖြစ်စေရန် ပွါးများစေရန် ပြည့်စုံစေရန် ပြုလိုသော ဆန္ဒကို ဖြစ်စေငြားအံ့၊ လုံ့လပြုငြားအံ့၊ ဝီရိယကို အားထုတ်ငြားအံ့၊ စိတ်ကို မြှင့်တင်ငြားအံ့၊ အားစိုက်ငြားအံ့။ |
1,347,089 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၃-၁၆) ၃၉၈-၄၀၁။ |
1,347,090 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဆန္ဒကို မှီ၍ ဖြစ်သော သမာဓိနှင့်လည်းကောင်း၊ သမ္မပ္ပဓာန်ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများငြားအံ့။ |
1,347,091 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဝီရိယကို မှီ၍ ဖြစ်သော သမာဓိနှင့်လည်းကောင်း၊ သမ္မပ္ပဓာန် ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများငြားအံ့။ |
1,347,092 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | စိတ်ကို မှီ၍ ဖြစ်သော သမာဓိနှင့်လည်းကောင်း၊ သမ္မပ္ပဓာန်ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများငြားအံ့။ |
1,347,093 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပညာကို မှီ၍ ဖြစ်သော သမာဓိနှင့်လည်းကောင်း၊ သမ္မပ္ပဓာန်ဝီရိယနှင့်လည်းကောင်း ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများငြားအံ့။ |
1,347,094 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၁၇-၂၀) ၄၀၂-၄၀၆။ |
1,347,095 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သဒ္ဓိန္ဒြေကို ပွါးများငြားအံ့။ |
1,347,096 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ဝီရိယိန္ဒြေကို ပွါးများငြားအံ့။ |
1,347,097 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သတိန္ဒြေကို ပွါးများငြားအံ့။ |
1,347,098 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | သမာဓိန္ဒြေကို ပွါးများငြားအံ့။ |
1,347,099 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | ပညိန္ဒြေကို ပွါးများငြားအံ့။ |
1,347,100 | Uncategorized | ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် | (၂၁-၂၅) ၄၀၇-၄၁၁။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.