id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,347,201
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ဝိဇ္ဇာ၇ ဝိမုတ္တိ၈ ဖိုလ်၉တို့ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။
1,347,202
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ်အပေါင်း၌ ဖြစ်သော အောက်မေ့ခြင်း ကာယဂတာသတိပေတည်း။
1,347,203
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် ကြီးစွာသော ထိတ်လန့်ခြင်း သံဝေဂဉာဏ်အလို့ငှါ ဖြစ်၏။
1,347,204
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ကြီးစွာသော အကျိုးကို ရရှိခြင်းငှါ ဖြစ်၏။
1,347,205
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ကြီးစွာသော ယောဂလေးပါးကုန်ရာသို့ ရောက်ခြင်းငှါ ဖြစ်၏။
1,347,206
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
သတိသမ္ပဇဉ်အလို့ငှါ ဖြစ်၏။
1,347,207
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ဉာဏ်အမြင်ကို ရခြင်းငှါ ဖြစ်၏။
1,347,208
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရခြင်းငှါ ဖြစ်၏။
1,347,209
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ဝိဇ္ဇာ ဝိမုတ္တိ ဖိုလ်တို့ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
1,347,210
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် နာမ ကာယ ရူပကာယသည်လည်း ငြိမ်းအေး၏၊ စိတ်သည်လည်း ငြိမ်းအေး၏၊ ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ တို့သည်လည်း ငြိမ်းအေးကုန်၏၊ အလုံးစုံသော ဝိဇ္ဇာအဖို့အစု၌ ဖြစ်ကုန်သော တရားတို့သည်လည်း ပွါးများခြင်း ပြည့်စုံခြင်းသို့ ရောက်ကုန်၏။
1,347,211
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထို တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ်အပေါင်း၌ ဖြစ်သော အောက်မေ့ခြင်း ကာယဂတာသတိတည်း။
1,347,212
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် နာမကာယ ရူပကာယ သည်လည်း ငြိမ်းအေး၏၊ စိတ်သည်လည်း ငြိမ်းအေး၏၊ ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ဆင်ခြင် ခြင်း ‘ဝိစာရ'တို့သည်လည်း ငြိမ်းအေးကုန်၏၊ အလုံးစုံသော ဝိဇ္ဇာအဖို့အစု၌ ဖြစ်ကုန်သော တရားတို့သည်လည်း ပွါးများခြင်းပြည့်စုံခြင်းသို့ ရောက်ကုန်၏ဟု (မိန့်တော်မူ၏)...
1,347,213
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၉) ၅၇၂။
1,347,214
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း မဖြစ်ပေါ်ကုန်၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏၊ ထို တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ် အပေါင်း၌ ဖြစ်သော အောက်မေ့ခြင်း ကာယဂတာသတိတည်း။
1,347,215
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း မဖြစ်ပေါ်ကုန်၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။
1,347,216
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၁၀) ၅၇၃။
1,347,217
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်ကုန်၏။
1,347,218
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။
1,347,219
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၅၇၄။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် အဝိဇ္ဇာသည်၁၀ ကင်းပျောက်၏၊ ဝိဇ္ဇာ၁၁သည် ဖြစ်ပေါ်၏၊ အသ္မိမာန၁၂သည် ကင်းပျောက်၏၊ အနုသယ၁၃တို့သည် အကြွင်းမဲ့ ကင်းကွာခြင်းသို့ ရောက်ကုန်၏၊ သံယောဇဉ်၁၄တို့ ကင်းပျောက်ကုန်၏။
1,347,220
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာ ပြုအပ်သည်ရှိသော် အဝိဇ္ဇာသည် ကင်းပျောက်၏၊ ဝိဇ္ဇာသည် ဖြစ်ပေါ်၏၊ အသ္မိမာနသည် ကင်းပျောက်၏၊ အနုသယတို့သည် အကြွင်းမဲ့ ကင်းကွာခြင်းသို့ ရောက်ကုန်၏။
1,347,221
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
သံယောဇဉ်တို့သည် ကင်းပျောက်ကုန်၏ဟု (မိန့်တော်မူ၏)။
1,347,222
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၁၂) ၅၇၅-၅၇၆။
1,347,223
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် ပညာဖြင့် ခွဲဖောက်သိမြင်ခြင်းသို့ ရောက်ခြင်းငှါ ဖြစ်၏။
1,347,224
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အကြောင်းကင်းသော ပရိနိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။
1,347,225
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိတည်း။
1,347,226
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် ပညာဖြင့် ခွဲဖောက်သိမြင်ခြင်းသို့ ရောက်ခြင်းငှါ ဖြစ်၏။
1,347,227
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အကြောင်း ကင်းသော ပရိနိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
1,347,228
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၁၃-၁၄) ၅၇၇-၅၇၉။
1,347,229
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် များစွာသော ဓာတ်၁၅တို့ကို ထိုးထွင်း၍ သိနိုင်၏။
1,347,230
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အမျိုးမျိုးသော ဓာတ်၁၆တို့ကို ထိုးထွင်း၍ သိနိုင်၏။
1,347,231
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
များစွာသော ဓာတ်တို့ကို ခွဲခြမ်း၍၁၇ သိနိုင်၏။
1,347,232
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤတစ်ခုသော တရား ကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် များစွာသော ဓာတ်တို့ကို ထိုးထွင်း၍ သိနိုင်၏။
1,347,233
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အမျိုးမျိုးသော ဓာတ်တို့ကို ထိုးထွင်း၍ သိနိုင်၏။
1,347,234
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
များစွာသော ဓာတ်တို့ကို ခွဲခြမ်း၍ သိနိုင်၏ဟု (မိန့်တော်မူ၏)။
1,347,235
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၁၅-၁၇) ၅၈၀-၅၈၃။
1,347,236
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။
1,347,237
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။
1,347,238
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။
1,347,239
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။
1,347,240
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိပင်တည်း။
1,347,241
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။
1,347,242
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
1,347,243
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၅၈၄-၅၉၉။ ရဟန်းတို့ တစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည် ရှိသော် ပညာ၁၈ကို ရခြင်းငှါ ဖြစ်၏။
1,347,244
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပညာ၏ တိုးပွါးခြင်းငှါ ဖြစ်၏။
1,347,245
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပညာ၏ ပြန့်ပြောခြင်းငှါ ဖြစ်၏။
1,347,246
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မြတ်သော ပညာအလို့ငှါ ဖြစ်၏။
1,347,247
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ကြီးကျယ်သော ပညာအလို့ငှါ ဖြစ်၏။
1,347,248
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပြန့်ပြောသော ပညာအလို့ငှါ ဖြစ်၏။
1,347,249
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
နက်နဲသော ပညာအလို့ငှါ ဖြစ်၏။
1,347,250
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မည်သည့်ပုဂ္ဂိုလ်၏ ပညာနှင့်မျှ မနီးကပ် (မယှဉ်သာ) သော ပညာအလို့ငှါ ဖြစ်၏။
1,347,251
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မြေကြီးအထုနှင့် တူသော ပညာအလို့ငှါ ဖြစ်၏။
1,347,252
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပညာ၏ များခြင်းအလို့ငှါ ဖြစ်၏။
1,347,253
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
လျင်သော ပညာအလို့ငှါ ဖြစ်၏။
1,347,254
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ပေါ့ပါးသော ပညာအလို့ငှါ ဖြစ်၏။
1,347,255
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရွှင်သော ပညာအလို့ငှါ ဖြစ်၏။
1,347,256
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
မြန်သော ပညာအလို့ငှါ ဖြစ်၏။
1,347,257
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထက်သော ပညာအလို့ငှါ ဖြစ်၏။
1,347,258
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(ကိလေသာအထုကို) ဖောက်ခွဲနိုင်သော ပညာအလို့ငှါ ဖြစ်၏။
1,347,259
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ထို တစ်ခုသော တရားဟူသည် အဘယ်နည်းဟူမူ- ဆံအစရှိသော ရုပ်အပေါင်း ၌ အောက်မေ့ခြင်း ကာယဂတာသတိတည်း။
1,347,260
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ ဤတစ်ခုသော တရားကို ပွါးများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်ရှိသော် ပညာကို ရခြင်းငှါ ဖြစ်၏။
1,347,261
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(ကိလေသာအထုကို) ဖောက်ခွဲနိုင်သော ပညာအလို့ငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
1,347,262
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၂၂-၃၇) ကာယဂတာသတိဝဂ် ပြီး၏။
1,347,263
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၁။ အာပေါကသိုဏ်းစီးဖြန်းသော ဘာဝနာစိတ်နှင့် ဒိဗ္ဗစက္ခုအဘိညာဉ်စိတ်။
1,347,264
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၂။ ဝိပဿနာဉာဏ် မနောမယိဒ္ဓိဉာဏ်နှင့် အဘိညာဉ်ခြောက်ပါးအားဖြင့် ဝိဇ္ဇာရှစ်ပါး။
1,347,265
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၃။ ဝိပဿနာဉာဏ် မဂ်ဉာဏ်။
1,347,266
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၄။ ဖိုလ်ဉာဏ်လေးပါး။
1,347,267
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၅။ နိဗ္ဗာန်။
1,347,268
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၆။ ဒိဗ္ဗစက္ခုအဘိညာဉ်။
1,347,269
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၇။ မဂ်ဉာဏ်။
1,347,270
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၈။ မဂ်နှင့်ယှဉ်သော တရား။
1,347,271
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၉။ အရဟတ္တဖိုလ်။
1,347,272
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၁၀။ သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းသော မောဟမှောင်တိုက်ကို ဆိုသည်။
1,347,273
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၁၁။ မောဟမှောင်တိုက်ကို ထွင်းဖောက်သိမြင်နိုင်သော အရဟတ္တဖိုလ်ဉာဏ်ကို ဆိုသည်။
1,347,274
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၁၂။ ငါ မြတ်သည် ငါ ယုတ်သည် စသည်ဖြင့် ဖြစ်သော ကိုးမျိုးသော ထောင်လွှားမှုကို ဆိုသည်။
1,347,275
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၁၃။ ကာမရာဂစသည် ခုနစ်မျိုးသော အခြေခံ အငုတ်ဓာတ်များ။
1,347,276
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၁၄။ ကာမရာဂစသည့် ဆယ်မျိုးသော အနှောင်အဖွဲ့ ဓာတ်များ။
1,347,277
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၁၅။ စက္ခုစသော ၁၈-ပါးသောဓာတ်တို့၏ လက္ခဏာကိုသိခြင်း။
1,347,278
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၁၆။ ယင်းတစ်ဆယ့်ရှစ်ပါးသော ဓာတ်တို့၏ အမျိုးမျိုးသော လက္ခဏာကို သိခြင်း။
1,347,279
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၁၇။ ဤဓာတ် ပြန့်ပြောလျှင် ဤအကျိုး ဖြစ်၏ဟု ခွဲခြမ်း၍ သိခြင်း။
1,347,280
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၁၈။ ဤမှစ၍ ၁၅-သုတ်တို့၌ လာသော ပညာဟူသည် မဂ်ဉာဏ် ဖိုလ်ဉာဏ် ပဋိသမ္ဘိဒါဉာဏ် စသည်ကို ဆိုသည်။
1,347,281
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
-- ၂၀-အမတဝဂ်
1,347,282
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
၆၀၀။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ့သတိကို မသုံးဆောင်ကုန်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မသုံးဆောင်ရသည် မည်ကုန်၏။
1,347,283
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို သုံးဆောင်ကုန်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို သုံးဆောင်ရသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။
1,347,284
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၁) ၆၀၁။
1,347,285
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို မသုံးဆောင်အပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မသုံးဆောင်အပ်သည် မည်၏။
1,347,286
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို သုံးဆောင်အပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို သုံးဆောင်အပ်သည် မည်၏ဟု (မိန့်တော်မူ၏)။
1,347,287
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၂) ၆၀၂။
1,347,288
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ဆုတ်ယုတ်စေအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ဆုတ်ယုတ်စေအပ်သည် မည်၏။
1,347,289
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မဆုတ် ယုတ်စေအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မဆုတ်ယုတ်စေအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။
1,347,290
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၃) ၆၀၃။
1,347,291
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ချွတ်ယွင်းစေအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ချွတ်ယွင်းစေအပ်သည် မည်၏။
1,347,292
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မချွတ်ယွင်းစေအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မချွတ်ယွင်းစေအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။
1,347,293
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၄) ၆၀၄။
1,347,294
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို မေ့လျော့ကုန်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မေ့လျော့သည် မည်ကုန်၏။
1,347,295
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မမေ့မလျော့ကုန်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မမေ့မလျော့သည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။
1,347,296
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၅) ၆၀၅။
1,347,297
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ပျောက်ပျက်စေအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ပျောက်ပျက်စေအပ်သည် မည်၏။
1,347,298
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မပျောက်ပျက်စေအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မပျောက်ပျက်စေအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။
1,347,299
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
(၆) ၆၀၆။
1,347,300
Uncategorized
ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်
ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို မမှီဝဲအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မမှီဝဲအပ်သည် မည်၏။