id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,348,501 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | ] တဒ္ဓိတ်မုနိ။ |
1,348,502 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | [မောန+ဤ၊ “မောနီ”ဟု ဆိုလိုလျက် ဩကို ဥပြု, ဤကို ရဿပြု၊-နီတိဓာတု-၂၅၁၊ ဓာန်-ဋီ-၄၃၃။ |
1,348,503 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | ။ မုနာတိ ဇာနာတိ ဟိတာဟိတံ ပရိစ္ဆိန္ဒတီတိ မုနိ၊ ဥဘော အတ္ထေ မုနာတီတိ ဝါ မုနိ၊ [မုန ဉာဏေ+ဣ၊-နီတိဓာတု-၂၅၁။ |
1,348,504 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | ] အတ္တနော စိတ္တံ မုနာတိ မဝတိ ဗန္ဓတိ ရာဂဒေါသာဒိဝသံ ဂန္တုံ န ဒေတီတိ မုနိ။ |
1,348,505 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | ] ဒေဝမနုဿေဟိ မုနိတဗ္ဗော ဇာနိတဗ္ဗောတိ မုနိ၊ ဒေဝမနုဿေဟိ မာနိတော ပူဇိတောတိ မုနိ၊ [မာန+ဣ၊ အာကို ဥပြု။ |
1,348,506 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | [မာရေန္တ+ နီ+ဣ၊ ရေန္တကိုချေ, မာ၏ အာကို ဥပြု။ |
1,348,507 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | ] ဧကုဒါနတ္ထေရခီဏာသဝဝတ္ထုပါဠိဂါထာ |
1,348,508 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | ၄၉၀။ န တာဝတာ ဓမ္မဓရော, ယာဝတာ ဗဟု ဘာသတိ၊ယော စ အပ္ပမ္ပိ သုတွာန, ဓမ္မံ ကာယေန ပဿတိ၊သ ဝေ ဓမ္မဓရော ဟောတိ, ယော ဓမ္မံ နပ္ပမဇ္ဇတိ။ |
1,348,509 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | ) ယာဝတာ၊ အကြင်မျှလောက်သော သင်ယူ ဆောင်ရွက်ပို့ချခြင်းစသော အကြောင်းကြောင့်။ |
1,348,510 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | ဗဟုံ၊ များစွာသော စကား ကို။ |
1,348,511 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | ဝါ၊ စွာ။ ဘာသတိ၊ ပြောဆို၏။ |
1,348,512 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | တာဝတာ၊ ထိုမျှလောက်သော အကြောင်းကြောင့်။ |
1,348,513 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | ) ဓမ္မဓရော၊ တရားကို ဆောင်သူသည်။ |
1,348,514 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | ယော၊ သည်။ အပ္ပမ္ပိ၊ အနည်းငယ်သော တရားစကားကိုလည်း။ |
1,348,515 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | ဝါ၊ အနည်းငယ်မျှလည်း။ |
1,348,516 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | ကာယေန၊ မဂ်ဉာဏ်ဟူသော နာမကာယဖြင့်။ |
1,348,517 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | ဓမ္မဓရော၊ တရားကို ဆောင်သူသည်။ |
1,348,518 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | ယော၊ အကြင်ပုဂ္ဂိုလ် သည်လည်း။ |
1,348,519 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | နပ္ပမဇ္ဇတိ၊ မမေ့လျော့။ |
1,348,520 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | သ (သော)၊ သည်လည်း။ |
1,348,521 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | ဝေ၊ စစ်။ ဓမ္မဓရော၊ သည်။ |
1,348,522 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | ဟောတိ၊ ၏။ (ပါ-၂၅၉) |
1,348,523 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | ၁။ ဓမ္မဓရော။ |
1,348,524 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | ။ ဓမ္မံ စတုသစ္စဓမ္မံ ဓာရေတိ ဇာနာတီတိ ဓမ္မဓရော(ဓမ္မဋီ)၊ “ဓမ္မဓရာတိ သုတဓမ္မာနံ အာဓာရဘူတာ(အံ၊ဋ္ဌ၊၂၊၂၅၂)”ဟူသော အဖွင့်အလို “ဓမ္မာနံ+ အာဓာရော ဓမ္မ- ဓရော-တရားတို့၏ တည်ရာပုဂ္ဂိုလ်၊ [ဓမ္မ+အာဓာရ၊ အာကိုချေ, ဓာ၌ရဿပြု၊]”ဟု ကြံ၊ “သ ဝေ ဓမ္မဓရော ဟောတိ”ကို ဒီပကနည်းအရ ၂ခါထပ်ပေးသည်။ |
1,348,525 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | သမုစ္စည်း, အဋ္ဌာနပယုဂ်။ |
1,348,526 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | ။ အထက်၌ စကို အနွယအနက်ယူပေးသည်၊ သမုစ္စည်း, အဋ္ဌာနပယုဂ်ယူ၍ သောနှင့်တွဲကာ “ယော-သည်၊ အပ္ပမ္ပိ-ကိုလည်း၊...ပဿတိ-၏၊ သော စထိုပုဂ္ဂိုလ်သည်လည်းကောင်း၊ ယော-သည်၊ ဓမ္မံ-ကို၊ နပ္ပမဇ္ဇတိ၊ သော စ-ကောင်း၊ ဝေ-စစ်၊ ဓမ္မ- ဓရော-သည်၊ ဟောတိ”ဟုလည်း ပေးကြ၏။ |
1,348,527 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | [ယှဉ်ဘက်မဟုတ်သော အခြားပုဒ်နှင့် တွဲပေးခြင်းကို အဋ္ဌာနပယုဂ်ဟု ခေါ်သည်။ |
1,348,528 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | ] အဖွင့်မှတစ်မျိုး။ |
1,348,529 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | ။ အပ္ပမ္ပိကို ဓမ္မံ၏ဝိသေသန, ဓမ္မံကို သုတွာ၏ကံဟုယူ၍ “ယော စ-လည်း၊ အပ္ပမ္ပိ-သော၊ ဓမ္မံ-ကို၊ သုတွာ ကာယေန ပဿတိ၊ ယော စ-လည်း၊ ဓမ္မံ နပ္ပမဇ္ဇတိ၊ သ (သော) ဝေ ဓမ္မဓရော ဟောတိ”ဟုလည်း ပေးကြ၏၊ အဖွင့်မှ တစ်မျိုးကြံခြင်းဟု မှတ်ယူရာ၏။ |
1,348,530 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧကုဒါနခီဏာသဝတ္ထေရဝတ္ထုဂါထာ | ဧကုဒါနတ္ထေရခီဏာသဝဝတ္ထုဂါထာနိဿယပြီးပြီ။ |
1,348,531 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဗုဒ္ဓဝဂ် ၃။ |
1,348,532 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဧရကပတ္တနဂါးမင်းဝတ္ထု ကိစ္ဆော မနုဿပဋိလာဘောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဗာရာဏသီပြည်ကို အမှီပြု၍ ကုက္ကိုပင် ခုနစ်ပင်အနီး၌ နေတော်မူစဉ် ဧရကပတ္တ အမည်ရှိသော နဂါးမင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။ |
1,348,533 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဘုရားပွင့်ခြင်းကို ရှာဖွေသော သီချင်း |
1,348,534 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | နဂါးမင်းသည် ရှေးအခါ ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းငယ်တစ်ပါးဖြစ်၍ ဂင်္ဂါမြစ်၌ လှေကို စီးသွားသည်ရှိသော် တစ်ခုသော ပြိတ်မြက်ခြုံမှ ပြိတ်ရွက်ကို ဆွဲကိုင်ပြီးလျှင် လှေ၏အဟုန်ဖြင့် သွားသော်လည်း မလွှတ်လိုက်မိ၊ ပြိတ်ရွက်သည် ပြတ်သွားလေသတတ်၊ ထိုရဟန်းငယ်သည် “ဤပြိတ်မြက်ပြတ်သော အာပတ်ကား အနည်းငယ်သာတည်း”ဟု နှလုံးသွင်း၍ အာပတ်ကို ဒေသန... |
1,348,535 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ထိုနဂါးမင်း၏ အမည်သည် ဧရကပတ္တ (ဧရက+ပတ္တ= ပြိတ်မြက်အရွက်)ဟူသော အမည်သာလျှင် ဖြစ်လေ၏။ |
1,348,536 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ထိုဧရကပတ္တနဂါးမင်းသည် နဂါးမင်းဖြစ်သော ခဏ၌သာလျှင် အတ္တဘောကို ကြည့်ရှုပြီးလျှင် “ဤမျှလောက်သော ကာလပတ်လုံး ရဟန်းတရားကို အားထုတ်ပါလျက် အဟိတ်ပဋိသန္ဓေနေသော အမျိုးဖြစ်သော ဖားလျှင် အစာရှိသောအရပ်၌ ဖြစ်ရလေသည်”ဟု နှလုံးမသာယာသည် ဖြစ်လေ၏၊ ထိုနဂါးမင်းသည် နောက်အဖို့၌ သမီးတစ်ယောက်ရ၍ ဂင်္ဂါမြစ်လယ် ရေအပြင်၌ ကြီးစွာသော ပါးပျဉ်းကို ဖြန့်မိ... |
1,348,537 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | (ထိုနဂါးမင်း၏အကြံကား “ဤအရပ်၌ ဤသို့သော အကြောင်းအားဖြင့် ဘုရားရှင် ပွင့်တော်မူသည်ရှိသော် ထိုဘုရားရှင်၏ ပွင့်တော်မူခြင်းအကြောင်းကို ငါမချွတ် ကြားရလတ္တံ့”ဟု ဤသို့သောအကြံသည် ဖြစ်လေသတတ်။ |
1,348,538 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ) “အကြင်သူသည် ငါ၏သီချင်း၏ အဖြေသီချင်းတုံ့ကို ဆောင်နိုင်၏၊ ထိုသူအား ကြီးစွာသော နဂါးစည်းစိမ်နှင့်တကွ သမီးကိုပေးအံ့”ဟု ဆို၍ လခွဲတစ်ကြိမ် ဥပုသ်နေ့၌ ထိုသမီးကို ပါးပျဉ်း၌ ထားလေ၏။ |
1,348,539 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ထိုသမီးသည် ပါးပျဉ်း၌ရပ်ကာ က,ပြလျက်- |
1,348,540 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ကိံသု အဓိပ္ပတီ ရာဇာ၊ ကိံသု ရာဇာ ရဇ္ဇိဿရော။ |
1,348,541 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ကထံသု ဝိရဇော ဟောတိ၊ ကထံ ဗာလောတိ ဝုစ္စတိ။ |
1,348,542 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | အဓိပ္ပတီ၊ အစိုးရသောသူသည်။ |
1,348,543 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ရာဇာ၊ မင်းမည်ပါသနည်း။ |
1,348,544 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ကိံသု၊ အဘယ်သို့လျှင်။ |
1,348,545 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ရဇိဿရော၊ မြူကိုသာ အစိုးရသောသူ ဖြစ်ပါသနည်း။ |
1,348,546 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဝါ၊ မြူကသာ အစိုးရခြင်းရှိသောသူ ဖြစ်ပါသနည်း။ |
1,348,547 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ကထံသု-ကေန ကာရဏေန၊ အဘယ်သို့သော အကြောင်းဖြင့်။ |
1,348,548 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဝိရဇော၊ မြူကင်းသောသူ မည်သည်။ |
1,348,549 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဟောတိ၊ ဖြစ်ပါသနည်း။ |
1,348,550 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ကထံ၊ အဘယ်သို့သော အကြောင်းကြောင့်။ |
1,348,551 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဝါ၊ အဘယ်သူကို။ |
1,348,552 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဗာလောတိ၊ ဗာလဟူ၍။ |
1,348,553 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဝုစ္စတိ၊ ဆိုအပ်ပါသနည်း။ |
1,348,554 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဟူသော ဤသီချင်းကို သီဆိုလေ၏။ |
1,348,555 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | အလုံးစုံ ဇမ္ဗူဒီပါကျွန်း၌ နေကြကုန်သော သူတို့သည် “နဂါးသတို့သမီးပျိုကို ယူကြကုန်အံ့”ဟု သွား၍ မိမိ၏ပညာအစွမ်းဖြင့် အဖြေသီချင်းတို့ကို ပြုလျက် သီဆိုကြကုန်၏။ |
1,348,556 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ထိုနဂါးသတို့သမီးပျိုသည် ထိုအဖြေသီချင်းကို ပယ်၏။ |
1,348,557 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ထိုနဂါးပျိုမသည် လခွဲတစ်ကြိမ် ပါးပျဉ်း၌ရပ်၍ ဤသို့ သီချင်းဆိုစဉ်ပင် နှစ်ဆူသော ဘုရားရှင်တို့ တစ်ခုသော အကြားကာလသည် ကုန်လွန်လေ၏။ |
1,348,558 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဘုရားပွင့်ကြောင်း သတင်းကောင်းရ |
1,348,559 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ထိုအခါ မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၍ တစ်နေ့သ၌ နံနက်စောစောအခါ လောကကို ကြည့်ရှုတော်မူလတ်သည်ရှိသော် ဧရကပတ္တနဂါးကို အစပြု၍ ဥတ္တရအမည်ရှိသော လုလင်ကို ကိုယ်တော်မြတ်၏ သဗ္ဗညုတဉာဏ် ကွန်ရက်အတွင်းသို့ ဝင်ရောက်လာသည်ကို မြင်တော်မူလေသဖြင့် “အဘယ်သို့ ဖြစ်လတ္တံ့နည်း”ဟု ဆင်ခြင်တော်မူပြန်သည်ရှိသော် “ယနေ့ကား ဧရကပတ္တနဂါးမင်း၏ သမီးကို ... |
1,348,560 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဤဥတ္တရလုလင်သည် ငါပေးအပ်သော အဖြေသီချင်းတို့ကို သင်ယူလျက်သာလျှင် သောတာပန်ဖြစ်၍ ထိုအဖြေသီချင်းတို့ကို ယူပြီးလျှင် နဂါးမင်း၏အထံသို့ သွားလတ္တံ့၊ ထိုဧရကပတ္တနဂါးမင်းသည် ထိုအဖြေသီချင်းတို့ကို ကြားရလျှင် ဘုရားပွင့်တော်မူပြီဟု သိသဖြင့် ငါဘုရား၏ အထံတော်သို့ လာလတ္တံ့၊ ငါဘုရားသည် ထိုနဂါးမင်းလာသည်ရှိသော် များစွာသော အစည်းအဝေးကြီး၌ ဂါ... |
1,348,561 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | မြတ်စွာဘုရားသည် ထိုအရပ်သို့ ကြွသွားတော်မူ၍ ဗာရာဏသီပြည်မှ မနီးမဝေးသောအရပ်၌ ကုက္ကိုပင် ခုနစ်ပင်ရှိ၏။ |
1,348,562 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ထိုကုက္ကိုပင်တို့၏ အနီး၌ သီတင်းသုံးနေတော်မူလေ၏။ |
1,348,563 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဇမ္ဗူဒီပါကျွန်း၌နေကုန်သော သူတို့သည် သီချင်း၏ အဖြေသီချင်းတုံ့ကို ယူလို၍ စည်းဝေးကြလေကုန်၏။ |
1,348,564 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | မြတ်စွာဘုရားသည် မနီးမဝေးသောအရပ်၌သွားသော ဥတ္တရလုလင်ကို မြင်တော်မူရလျှင် “ဥတ္တရလုလင်- လာဦးလော့”ဟု မိန့်တော်မူလေ၏။ |
1,348,565 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | “မြတ်စွာဘုရား- အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်လတ်သော် “ဤအရပ်သို့ ရှေးဦးစွာ လာလှည့်ဦးလော့”ဟု မိန့်တော်မူလေ၏။ |
1,348,566 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ထိုအခါ လာ၍ ရှိခိုးလျက် ထိုင်နေသော ဥတ္တရလုလင်ကို “အဘယ်သို့ သွားအံ့နည်း”ဟု မေးတော်မူလေ၏။ |
1,348,567 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | “ဧရကပတ္တနဂါးမင်းသမီး၏ သီချင်းသီဆိုရာအရပ်သို့ သွားပါအံ့ဘုရား”ဟု လျှောက်လတ်သော် “သီချင်း၏ အဖြေသီချင်းတို့ကို သင်သိ၏လော”ဟု မေးတော်မူလေ၏။ |
1,348,568 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | “မြတ်စွာဘုရား- သိပါသည်ဘုရား”ဟု လျှောက်လတ်သော် “ရှေးဦးစွာ ထိုသင်သိသော အဖြေသီချင်းတို့ကို ရွတ်ဆိုဦးလော့”ဟု မိန့်တော်မူလေ၏။ |
1,348,569 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ထိုအခါ ထိုအဖြေသီချင်းတုံ့ကို မိမိသိသော အမှတ်ဖြင့်သာလျှင် လျှောက်တင်သောအခါ ဥတ္တရလုလင်ကို “ချစ်သားဥတ္တရ- ဤအဖြေသီချင်းတုံ့သည် မဟုတ်သေး၊ ငါသည် သင့်အား အဖြေသီချင်းတုံ့ကို သင်ပေးဦးအံ့၊ ထိုအဖြေသီချင်းတုံ့ကို ယူ၍ သင်သွားလတ္တံ့လော”ဟု မိန့်တော်မူလေ၏။ |
1,348,570 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဘုရားရှင် သင်ပေးသော သီချင်းအဖြေများ |
1,348,571 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | “မြတ်စွာဘုရား- ကောင်းပါပြီဘုရား”ဟု ဝန်ခံသဖြင့် ထိုအခါ ဥတ္တရလုလင်ကို မြတ်စွာဘုရားသည် “ချစ်သား ဥတ္တရ- သင်သည် နဂါးသတို့သမီးပျိုမ သီချင်းဆိုပြီးသောကာလ၌- |
1,348,572 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဆဒွါရာဓိပ္ပတီ ရာဇာ၊ ရဇ္ဇမာနော ရဇ္ဇိဿရော။ |
1,348,573 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | အရဇ္ဇံ ဝိရဇော ဟောတိ၊ ရဇ္ဇံ ဗာလောတိ ဝုစ္စတိ။ |
1,348,574 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဆဒွါရာဓိပ္ပတီ၊ ခြောက်ဒွါရကို အစိုးရသောသူသည်။ |
1,348,575 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ရာဇာ၊ မင်းမည်၏။ |
1,348,576 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ရဇ္ဇမာနော၊ တပ်ခြင်းရှိသော သူသည်။ |
1,348,577 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ရဇ္ဇိဿရော၊ မြူကိုသာ အစိုးရသောသူဖြစ်၏။ |
1,348,578 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဝါ၊ မြူကသာ အစိုးရခြင်းရှိသောသူ ဖြစ်၏။ |
1,348,579 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | အရဇ္ဇံ-အရဇ္ဇမာနော၊ တပ်ခြင်းမရှိသော သူသည်။ |
1,348,580 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဝိရဇော၊ မြူကင်းသောသူမည်သည်။ |
1,348,581 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ရဇ္ဇံ-ရဇ္ဇမာနော၊ ကာမဂုဏ်၌ တပ်သောကြောင့်။ |
1,348,582 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဝါ၊ တပ်သောသူကို။ |
1,348,583 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဟူသော ဤအဖြေ သီချင်းတို့ကို သီဆိုလေလော့”ဟု မိန့်တော်မူလေ၏။ |
1,348,584 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | (နဂါးပျိုမဆိုသော သီချင်း၏ အနက်အဓိပ္ပာယ်ကား-၁။ |
1,348,585 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ကိံသု အဓိပ္ပတီ ရာဇာ ဟူသည်- အဘယ်ကို အစိုးရသော သူသည် မင်းမည်သောသူ ဖြစ်ပါသနည်း။ |
1,348,586 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ၂။ ကိံသု ရာဇာ ရဇ္ဇိဿရော ဟူသည်- အဘယ်သို့လျှင် မင်းသည် မြူကိုသာ အစိုးရသောသူမည်သည် ဖြစ်ပါသနည်း။ |
1,348,587 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဝါ၊ မြူကသာ အစိုးရခြင်းရှိသောသူမည်သည် ဖြစ်ပါသနည်း။ |
1,348,588 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ၃။ ကထံသု ဝိရဇော ဟောတိ ဟူသည်- အဘယ်အကြောင်းကြောင့် ထိုမင်းသည် မြူကင်းသောသူမည်သည် ဖြစ်ပါသနည်း။ |
1,348,589 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ၄။ ကထံ ဗာလောတိ ဝုစ္စတိ ဟူသည်- အဘယ်အကြောင်းကြောင့်။ |
1,348,590 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဝါ၊ အဘယ်သူကို ဗာလဟူ၍ ဆိုအပ်ပါသနည်း။ |
1,348,591 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဤကား အနက်အဓိပ္ပာယ်တည်း။ |
1,348,592 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | အဖြေဖြစ်သော သီချင်းတုံ့၏ အနက်အဓိပ္ပာယ်ကား-၁။ |
1,348,593 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဆဒွါရာဓိပတိ ရာဇာ ဟူသည်- အကြင်သူသည် ခြောက်ပါးသော ဒွါရတို့ကို အစိုးရသော အရှင်ဖြစ်၏။ |
1,348,594 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | တစ်ခုသော ဒွါရ၌သော်လည်း ရူပါရုံ စသည်တို့သည် မနှိပ်စက်အပ်၊ ဤသူသည် မင်းမည်၏။ |
1,348,595 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ၂။ ရဇ္ဇမာနော ရဇ္ဇိဿရော ဟူသည်- အကြင်သူသည်ကား ထိုထိုအာရုံတို့၌ တပ်နှစ်သက်လေ့ရှိ၏၊ ထိုသို့ တပ်နှစ်သက်လေ့ရှိသောသူသည် မြူအညစ်အကြေးကိုသာ အစိုးရသောသူ မည်၏။ |
1,348,596 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဝါ၊ မြူကသာ အစိုးရခြင်းရှိသောသူမည်၏။ |
1,348,597 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ၃။ အရဇ္ဇံ ဟူသည်- တပ်ခြင်းမရှိသောသူသည် မြူကင်းသောသူ မည်သည် ဖြစ်၏။ |
1,348,598 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ၄။ ရဇ္ဇံ ဟူသည်- တပ်ခြင်းရှိသောကြောင့်။ |
1,348,599 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဝါ၊ တပ်ခြင်းရှိသောသူကို ဗာလဟူ၍ ဆိုအပ်၏။ |
1,348,600 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ) ဤသို့ ဥတ္တရလုလင်အား မြတ်စွာဘုရားသည် အဖြေသီချင်းတို့ကို သင်ပေး၍ “ချစ်သား ဥတ္တရ- သင်သည် ဤအဖြေသီချင်းကို သီဆိုသည်ရှိသော် ဤအဖြေသီချင်း၏ အတုံ့ဖြစ်သော ဤသီချင်းတစ်ပုဒ်ကို နဂါးပျိုမက သီဆိုလိမ့်ဦးမည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.