id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,348,601 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ကေနဿု ဝုယှတိ ဗာလော၊ ကထံ နုဒတိ ပဏ္ဍိတော။ |
1,348,602 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ယောဂက္ခေမီ ကထံ ဟောတိ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။ |
1,348,603 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဗာလော၊ လူမိုက်ကို။ |
1,348,604 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ကေန၊ အဘယ်တရားသည်။ |
1,348,605 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဝုယှတိ၊ မျှောအပ်သနည်း။ |
1,348,606 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | နုဒတိ၊ မျှောတတ်သောတရားကို ဖျက်ဆီးပယ်နုတ်ပါသနည်း။ |
1,348,607 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ယောဂက္ခေမီ၊ ယောဂလေးပါး ကုန်ခြင်းရှိသောသူ မည်သည်။ |
1,348,608 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ကထံ ဟောတိ၊ အဘယ်သို့ ဖြစ်ပါသနည်း။ |
1,348,609 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | အက္ခာဟိ၊ ဖြေကြားပါဦးလော့။ |
1,348,610 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဤသို့ သီဆိုအပ်သည်ရှိသော် ထိုနဂါးမင်းအား သင်သည် ဤအဖြေ သီချင်းတုံ့ကို သီဆိုလေလော့”ဟု မိန့်တော်မူလေ၏။ |
1,348,611 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | သြဃေန ဝုယှတိ ဗာလော၊ ယောဂါ နုဒတိ ပဏ္ဍိတော။ |
1,348,612 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | သဗ္ဗယောဂဝိသံယုတ္တော၊ ယောဂက္ခေမီတိ ဝုစ္စတိ။ |
1,348,613 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဗာလော၊ သူမိုက်ကို။ |
1,348,614 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | သြဃေန၊ သြဃလေးပါးသည်။ |
1,348,615 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဝုယှတိ၊ မျှောအပ်၏။ |
1,348,616 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ယောဂါ-ယောဂေန၊ သမ္မပ္ပဓာန်ဟူသော လုံ့လဖြင့်။ |
1,348,617 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | နုဒတိ၊ သြဃလေးပါးကို ဖျက်ဆီးပယ်နုတ်၏။ |
1,348,618 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | သဗ္ဗယောဂဝိသံယုတ္တော၊ အလုံးစုံသော ယောဂလေးပါးနှင့် မယှဉ်သော ပုဂ္ဂိုလ်ကို။ |
1,348,619 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ယောဂက္ခေမီတိ၊ ယောဂလေးပါး ကုန်ခြင်းရှိသောသူဟူ၍။ |
1,348,620 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | (ထိုအဖြေသီချင်းဂါထာ၏ အနက်အဓိပ္ပာယ်ကား- ကာမောဃ အစရှိသော လေးပါးသော သြဃဖြင့် သူမိုက်ကို မျှောအပ်၏။ |
1,348,621 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ထိုသြဃလေးပါးကို ပညာရှိသောသူသည် သမ္မပ္ပဓာန်ဟု ဆိုအပ်သော လုံ့လဖြင့် ပယ်နုတ်၏။ |
1,348,622 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | အကြင်ပုဂ္ဂိုလ်သည် အလုံးစုံသော ကာမယောဂ စသည်တို့ဖြင့် ယှဉ်ခြင်းမရှိ၊ ထိုပုဂ္ဂိုလ်ကို ယောဂလေးပါး ကုန်ခြင်းရှိသောသူ မည်၏ဟု ဆိုအပ်၏။ |
1,348,623 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ) နဂါးမင်း ဝမ်းမြောက်၍ လူအများ ရေနစ်ခြင်း |
1,348,624 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဥတ္တရလုလင်သည် ဤအဖြေသီချင်းတုံ့ကို သင်ယူစဉ်ပင်လျှင် သောတာပတ္တိဖိုလ်၌ တည်လေ၏။ |
1,348,625 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ထိုဥတ္တရလုလင်သည် သောတာပန်ဖြစ်၍ ထိုဂါထာကို ယူသွားပြီးလျှင် “အိုအချင်းတို့- ငါကား သီချင်း၏ အဖြေသီချင်းတုံ့ကို ယူဆောင်ခဲ့၏၊ ငါ့အား အခွင့်ပေးကြပါကုန်လော့”ဟု ဆိုလျက် အကြားကွက်လပ်မရှိ တည်သော များစွာသော လူအပေါင်းအား ပုဆစ်ဒူးဖြင့်နင်းလျက် သွားလေ၏။ |
1,348,626 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | နဂါးပျိုမသည် ဖခင်နဂါးမင်းကြီး၏ ပါးပျဉ်း၌တည်လျက် က,စဉ် ကိံသု အဓိပတီ ရာဇာဟူသော သီချင်းကို သီဆို၏။ |
1,348,627 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဥတ္တရလုလင်သည် ဆဒွါရာဓိပတီ ရာဇာဟူသော အဖြေသီချင်းကို သီဆိုလေ၏။ |
1,348,628 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | တစ်ဖန် နဂါးပျိုမသည် ကေနဿု ဝုယှတိဟူ၍ ဥတ္တရလုလင်အား သီချင်းကို သီပြန်လေ၏။ |
1,348,629 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ထို့နောက်မှ နဂါးပျိုမအား အဖြေသီချင်းတုံ့ကို သီဆိုသော ဥတ္တရလုလင်သည် သြဃေန ဝုယှတိဟူသော ဤဂါထာကို ဆိုလေ၏။ |
1,348,630 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | နဂါးမင်းသည် ထိုအဖြေသီချင်းတုံ့ကို ကြားရလျှင် ကြားရချင်း ဘုရားရှင်၏ ပွင့်တော်မူကြောင်းကို သိရ၍ “ငါကား နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသော အကြားကာလပတ်လုံး ဤသို့ သဘောရှိသောသူ၏ စကားသံမည်သည်ကို မကြားရစဖူး၊ အိုအချင်းတို့- စင်စစ် လောက၌ ဘုရားရှင် ပွင့်တော်မူပြီ”ဟု နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ အမြီးဖြင့် ရေကိုပုတ်ခတ်လေ၏။ |
1,348,631 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ကြီးစွာသော လှိုင်းတံပိုးတို့သည် ထကြလေကုန်၏။ |
1,348,632 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ကမ်းနှစ်ဘက်တို့သည် ပြိုပျက်လေကုန်၏။ |
1,348,633 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ထိုမှာဘက်မှလည်းကောင်း၊ ဤမှာဘက်မှလည်းကောင်း တစ်ဥသဘမျှလောက်သော အရပ်၌ လူတို့သည် ရေ၌ နစ်မြုပ်ကြလေကုန်၏။ |
1,348,634 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | နဂါးမင်းကြီးသည် ဤမျှလောက်သော များစွာသော လူအပေါင်းကို ပါးပျဉ်း၌ထားကာ ဆယ်ယူလျက် ကြည်းကုန်း၌ တည်စေလေ၏။ |
1,348,635 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဘုရားထံ၌ နဂါးမင်း ဝမ်းနည်းခြင်း |
1,348,636 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | နဂါးမင်းသည် ဥတ္တရလုလင်သို့ ချဉ်းကပ်၍ “အရှင်- မြတ်စွာဘုရားသည် အဘယ်အရပ်၌ ရှိပါသနည်း”ဟု မေးလေ၏။ |
1,348,637 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | “မြတ်သောနဂါးမင်းကြီး တစ်ခုသော သစ်ပင်ရင်း၌ သီတင်းသုံးနေတော်မူ၏”ဟု ဆိုလတ်သော် နဂါးမင်းသည် “အရှင်- လာပါလော့၊ သွားကြကုန်စို့အံ့”ဟု ဥတ္တရလုလင်နှင့် အတူတကွ သွားလေ၏။ |
1,348,638 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | လူများအပေါင်းသည်လည်း နဂါးမင်းနှင့် အတူသာလျှင် လိုက်သွားလေ၏။ |
1,348,639 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | နဂါးမင်းသည် သွားသဖြင့် ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့၏ အတွင်းသို့ဝင်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ငိုကြွေးမြည်တမ်းကာနေလေ၏။ |
1,348,640 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ထိုအခါ နဂါးမင်းကို မြတ်စွာဘုရားသည် “မြတ်သောနဂါးမင်းကြီး- ဤသို့ နှလုံးကြေကွဲခြင်းကား အဘယ်နည်း”ဟု မိန့်ဆိုတော်မူလေ၏။ |
1,348,641 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | “မြတ်စွာဘုရား တပည့်တော်သည် ရှင်တော်မြတ်ဘုရားကဲ့သို့သော ကဿပမြတ်စွာဘုရား၏ တပည့်သာဝကဖြစ်၍ အနှစ်နှစ်သောင်းတို့ကာလပတ်လုံး ရဟန်းတရားကို အားထုတ်ပါသည်ဘုရား၊ ထိုအားထုတ်အပ်သော ရဟန်းတရားသည် တပည့်တော်ကို အဟိတ်တိရစ္ဆာန်ဘဝမှ ထုတ်ဆောင်ခြင်းငှာ မတတ်နိုင်ပါဘုရား၊ အနည်းငယ်မျှသော ပြိတ်မြက်ရွက်ကို ဖြတ်မိခြင်းမျှကိုမှီ၍ အဟိတ်ပဋိသန္ဓေကိုယူလ... |
1,348,642 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဒေသနာတော် [၁၈၂] ကိစ္ဆော မနုဿပဋိလာဘော၊ ကိစ္ဆံ မစ္စာန ဇီဝိတံ။ |
1,348,643 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ကိစ္ဆံ သဒ္ဓမ္မဿဝနံ၊ ကိစ္ဆော ဗုဒ္ဓါနမုပ္ပါဒေါ။ |
1,348,644 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | မနုဿပဋိလာဘော၊ လူ၏အဖြစ်ကို ရခြင်းသည်။ |
1,348,645 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ကိစ္ဆော၊ ငြိုငြင်၏။ |
1,348,646 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ကိစ္ဆံ၊ ငြိုငြင်၏။ |
1,348,647 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဝါ၊ ရခဲ၏။ သဒ္ဓမ္မဿဝနံ၊ သူတော်ကောင်းတရားကို နာရခြင်းသည်။ |
1,348,648 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဝါ၊ ရခဲ၏။ ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။ |
1,348,649 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဝါ၊ အလွန်တရာ ရခဲ၏။ |
1,348,650 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဒေသနာတော်၏အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါးကို ထိုးထွင်း၍သိခြင်းသည်ဖြစ်လေ၏။ |
1,348,651 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | နဂါးမင်းသည်လည်း ထိုနေ့၌ သောတာပတ္တိဖိုလ်ကို ရသင့်လေရာ၏။ |
1,348,652 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ထိုသို့ပင် ရသင့်သော်လည်း တိရစ္ဆာန်ဖြစ်သောကြောင့် မရရှာလေ။ |
1,348,653 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ထိုဧရကပတ္တနဂါးမင်းသည် ပဋိသန္ဓေနေခြင်း, အရေဟောင်းစွန့်ခြင်း, လွတ်လွတ်ကျွတ်ကျွတ် အိပ်ပျော်ခြင်း, ဇာတ်တူ နဂါးမနှင့် မေထုန်မှီဝဲခြင်း, စုတိခြင်းဟု ဆိုအပ်သော အကြင်ငါးပါးသော အရာဌာနတို့၌ နဂါးတို့မည်သည် နဂါး၏ကိုယ်ကိုသာလျှင် ယူရခြင်းကြောင့် ပင်ပန်းကြရကုန်၏။ |
1,348,654 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ထိုငါးပါးသော အရာဌာနတို့၌ မပင်ပန်းသောသူ၏အဖြစ်သို့ ရောက်ရသဖြင့် လုလင်၏ အသွင်အားဖြင့်သာလျှင် လှည့်လည်သွားလာခြင်းငှာ ရလေ၏။ |
1,348,655 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထု | ဧရကပတ္တနဂါးမင်း ဝတ္ထုပြီး၏။ |
1,348,656 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ၃-ဧရကပတ္တနာဂရာဇဝတ္ထု |
1,348,657 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ၁၈၂။ ကိစ္ဆော မနုဿပဋိလာဘော၊ ကိစ္ဆံ မစ္စာနံ ဇီဝိတံ။ |
1,348,658 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဗာရာဏသီပြည်ကို အမှီပြု၍ ကုက္ကိုပင် ခုနစ်ပင် အနီး၌ သီတင်းသုံးနေတော်မူစဉ် ဧရကပတ္တနဂါးမင်းကို အကြောင်းပြု၍ ဟောတော်မူသည်။ |
1,348,659 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | အနက် မနုဿပဋိလာဘော၊ လူအဖြစ်ကို ရခြင်းသည်။ |
1,348,660 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ကိစ္ဆော၊ ခဲယဉ်း၏။ |
1,348,661 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ဇီဝိတံ၊ အသက်မွေးဝမ်းကျောင်းသည်။ |
1,348,662 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ကိစ္ဆံ၊ ခဲယဉ်း၏။ |
1,348,663 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | သဒ္ဓမ္မဿဝနံ၊ သူတော်ကောင်းတရားကို ကြားနာရခြင်းသည်။ |
1,348,664 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ဥပ္ပါဒေါ၊ ပွင့်ထွန်း ပေါ်ပေါက်လာခြင်းသည်။ |
1,348,665 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | စကားပြေ လူအဖြစ်ရခြင်း၊ သတ္တဝါတို့၏ အသက်မွေးဝမ်းကျောင်း ရခြင်း၊ သူတော်ကောင်းတရားကို ကြားနာရခြင်း၊ ဘုရားပွင့်တော်မူခြင်းတို့သည် ခဲယဉ်းသည်။ |
1,348,666 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ကိစ္ဆော မနုဿပဋိလာဘော— အားကြီးသော လုံ့လ၊ များစွာသော ကုသိုလ်ဖြင့်သာ လူအဖြစ်ကို ရနိုင်သည် ဖြစ်သောကြောင့် ကိစ္ဆော မနုဿပဋိလာဘော ဟု ဆိုနိုင်သည်။ |
1,348,667 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ကိစ္ဆံ မစ္စာနံ ဇီဝိတံ— အမြဲမပြတ် လယ်ထွန်ခြင်း အစရှိသော အမှုတို့ကို ပြု၍ အသက်မွေးဝမ်းကျောင်း အမှုကို လုံ့လပြုပါသော်လည်း အနည်းငယ်မျှသာ ထောက်တည်ရာ ရှိသည် ဖြစ်သောကြောင့် ကိစ္ဆံ မစ္စာနံ ဇီဝိတံ ဟု ဆိုပါသည်။ |
1,348,668 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ကိစ္ဆံ သဒ္ဓမ္မဿဝနံ— များစွာသော ကပ်ကမ္ဘာတို့၌ တရားဟောပုဂ္ဂိုလ်ကို ရခဲသည် ဖြစ်သောကြောင့် ကိစ္ဆံ သဒ္ဓမ္မဿဝနံ ဟု ဆိုပါသည်။ |
1,348,669 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ကိစ္ဆော ဗုဒ္ဓါနမုပ္ပါဒေါ— ကြီးကျယ်သော လုံ့လဖြင့် ကုဋေပေါင်း တထောင်မက ကပ်ကမ္ဘာတို့ပတ်လုံး ပါရမီတော်တို့ကို ဖြည့်ဆည်းပူးမှ ဘုရားဖြစ်နိုင်သောကြောင့် ကိစ္ဆော ဗုဒ္ဓါနမုပ္ပါဒေါ ဟု ဆိုနိုင်ပါသည်။ |
1,348,670 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ဧရကပတ္တနဂါးမင်း— ကဿပဘုရားရှင်လက်ထက် ရဟန်းငယ်တပါးသည် နှစ်ပေါင်းနှစ်သောင်း ရဟန်းတရား အားထုတ်ခဲ့သည်။ |
1,348,671 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | မပြောပလောက်သော အာပတ်ကို ဒေသနာ မကြားမိသည်ဖြစ်၍ သေခါနီးအခါ၌ ငါ၏ သီလမစင်ကြယ် ဟု နှလုံးမသာမယာ ဖြစ်မိသည်။ |
1,348,672 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ယင်းဘဝမှ စုတေသော် ဂင်္ဂါမြစ်တွင် သစ်ပင်တပင်ကို ထွင်းထားသော စားကျင်းလှေပမာဏလောက် ရှိသော နဂါးမင်း ဖြစ်လာသည်။ |
1,348,673 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | (ဓမ္မ၊ဋ္ဌ၊၂၊၁၄၉။ |
1,348,674 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ) နဂါးများသဘော— နဂါးတို့သည် ပဋိသန္ဓေယူရာအခါ၊ အရေဟောင်းစွန့်ရာအခါ၊ အိပ်ပျော်ရာအခါ၊ ဇာတ်တူဖြင့် မေထုန်မှီဝဲရာအခါ၊ စုတေသောအခါမှ တပါးသော အခါတို့၌ လုလင်ရောင်ဆောင်ပြီး လှည့်လည်နိုင်သည်။ |
1,348,675 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | (ဓမ္မ၊ဋ္ဌ၊၂၊၁၅၂-၃။ |
1,348,676 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | မနုဿပဋိလာဘော = မနုဿဿ ပဋိလာဘော မနုဿပဋိလာဘော။ |
1,348,677 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | မနုဿ + ပဋိလာဘ။ |
1,348,678 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ကိစ္ဆော = ကိရတိ သုခန္တိ ကိစ္ဆော။ |
1,348,679 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ကိရ + ဆ။ သဒ္ဓမ္မဿဝနံ = သဒ္ဓမ္မဿ သဝနံ သဒ္ဓမ္မဿဝနံ။ |
1,348,680 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | သဒ္ဓမ္မ + သဝန။ |
1,348,681 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ဧရကပတ္တနာဂရာဇဝတ္ထု ပြီး၏။ |
1,348,682 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ၃-ဧရကပတ္တနာဂရာဇဝတ္ထုအဋ္ဌကထာဂါထာ |
1,348,683 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ၃၈၉။ ကိံသု အဓိပ္ပတီ ရာဇာ, ကိံသု ရာဇာ ရဇ္ဇိဿရော၊ကထံသု ဝိရဇော ဟောတိ, ကထံ ဗာလောတိ ဝုစ္စတိ။ |
1,348,684 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ကိံ၊ အဘယ်တို့၏။ |
1,348,685 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | [“ဆန္နံ ဒွါရာနံ အဓိပ္ပတိ (ဆဒွါရာဓိပ္ပတီအဖွင့်) ”ကိုရှု၍ အဓိပတိ အယှဉ်ဝယ် ဆဋ္ဌီနံသက်ချေ။ |
1,348,686 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | သုအနက်မဲ့။ |
1,348,687 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ] အဓိပတိ၊ အကြီးအကဲသည်။ |
1,348,688 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ၂ ရာဇာ၊ မင်းသည်။ |
1,348,689 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | (ဟောတိ၊ ဖြစ်သနည်း?) ကိံ၊ အဘယ်သို့လျှင်။ |
1,348,690 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ရဇ္ဇိဿရော၊ တပ်မက်ခြင်းဟူသော အစိုးရရှိသူသည်။ |
1,348,691 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | (တပ်မက်ခြင်း၏ကျေးကျွန်သည်။ |
1,348,692 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | )၂ (ဟောတိနည်း?) ကထံ၊ လျှင်။ |
1,348,693 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ရာဇာ၊ သည်။ |
1,348,694 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ဝိရဇော၊ ကင်းသောမြူရှိသည်။ |
1,348,695 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ဟောတိ၊ နည်း။ |
1,348,696 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ကထံ၊ လျှင်။ |
1,348,697 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ဝုစ္စတိ၊ ဆိုအပ်သနည်း (ဋ္ဌ-၂၀၀) |
1,348,698 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ၁။ အဓိပ္ပတီ။ |
1,348,699 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ။ အဓီနာနံ+ပတိ အဓိပတိ၊ [အဓိ အာယတ္တအနက်၊-မဏိ၊၂၊၂၆၆၊ ၃၇၄၊ ပဋ္ဌာနဘာ-၂၃။ |
1,348,700 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ဧရကပတ္တနာဂရာဇဝတ္ထုဂါထာ | ] အဓိနာနံ+ပတိ အဓိပတိ၊ အဓိကော+ပတိ အဓိပတိ၊ [ရှေ့နည်း၌ “အဓိနပတိ”ဟု ဆိုလိုလျက် န-ကိုချေ၊-သင်္ဂြိုဟ်ဘာ-၅၆၁-၂။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.