id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,348,801 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၂) | ၁။ ဉာတိဗျသန (ဆွေမျိုးသားချင်းများ ပျက်စီးခြင်း) |
1,348,802 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၂) | ၂။ ဘောဂဗျသန (စည်းစိမ်ဥစ္စာ ပျက်စီးခြင်း) |
1,348,803 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၂) | ၃။ ရောဂဗျသန (အနာရောဂါနှိပ်စက်၍ ပျက်စီးခြင်း) |
1,348,804 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၂) | ၄။ သီလဗျသန (ကိုယ်ကျင့်သီလ ပျက်စီးခြင်း) |
1,348,805 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၂) | ၅။ ဒိဋ္ဌိဗျသန (အယူလွဲမှား၍ ပျက်စီးခြင်း) |
1,348,806 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၂) | နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော တရားလမ်းကို မဂ်ဟု ခေါ်သည်။ |
1,348,807 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၂) | မဂ်၏ အကျိုးတရားကို ဖိုလ်ဟု ခေါ်ပါသည်။ |
1,348,808 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသ ကန်တော့ချိုးဆိုင်ရာ သိမှတ်ဖွယ်ရာများ (၂) | နိဗ္ဗာန် ဒုက္ခခပ်သိမ်းတို့၏ ကုန်ဆုံးရာ အေးငြိမ်းချမ်းသာသော သဘောကို နိဗ္ဗာန်ဟု ခေါ်သည်။ |
1,348,809 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသ ကန်တော့ခန်းအခန်း-၅ |
1,348,810 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ရှိခိုးတာနဲ့ ကန်တော့တာဟာ အတူတူပဲလား။ |
1,348,811 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | တစ်မျိုးစီလား။ |
1,348,812 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဗုဒ္ဓဘာသာ ကလေးလူကြီး တော်တော်များများကို မေးကြည့်တဲ့အခါမှာ အားလုံးလိုလိုဟာ အတူတူပဲလို့ ဖြေကြတယ်။ |
1,348,813 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒီလိုဖြေကြတဲ့အတွက်လဲ သူတို့မှာ အထောက်အထားက ရှိနေတယ်။ |
1,348,814 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဗုဒ္ဓဘာသာတိုင်း ရနေကြတဲ့ သြကာသ ကန်တော့ကြိုးထဲမှာ (ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏) လို့ ပါနေတော့ ကန်တော့တာနဲ့ ရှိခိုးတာ အတူတူပဲလို့ ထင်နေကြတာပဲ။ |
1,348,815 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အမှန်ကတော့ ကန်တော့တာနဲ့ ရှိခိုးတာဟာ လုံးဝမတူဘူး။ |
1,348,816 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကန်တော့ရတဲ့ အကြောင်းနဲ့ ရှိခိုးရတဲ့အကြောင်းဟာ မတူသလို ကန်တော့လို့ ရှိခိုးလို့ ရတဲ့အကျိုးတရားတွေလဲ မတူကြဘူး။ |
1,348,817 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကန်တော့တာနဲ့ ရှိခိုးတာ ဘယ်လိုခြားနားသလဲ။ |
1,348,818 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အများစုကတော့ အတူတူပဲလို့ ယူဆထင်မြင်နေတဲ့ ဒီလုပ်ငန်းနှစ်ရပ် ခြားနားမှုကို သေသေချာချာ သဘောပေါက်ဖို့ နှိုင်းယှဉ်ဖော်ပြမယ်။ |
1,348,819 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကန်တော့ရကြောင်း |
1,348,820 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကန်တော့ရတဲ့ အကြောင်းက ကန်တော့တဲ့ ပုဂ္ဂိုလ်ဟာ ကန်တော့ခံတဲ့ ဘုရား၊ တရား၊ သံဃာ၊ ဆရာမိဘနဲ့ အခြားပုဂ္ဂိုလ် တစ်ယောက်ယောက် အပေါ်မှာ ကိုယ်နဲ့၊ နှုတ်နဲ့၊ စိတ်နဲ့ တစ်စုံတစ်ရာ ပြစ်မှားကျူးလွန်မှု ရှိတယ်။ |
1,348,821 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒီကျူးလွန်ခဲ့တဲ့ အပြစ်ကို ပျောက်စေလိုလို့ ကန်တော့ခြင်း ဖြစ်တယ်။ |
1,348,822 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | (အပြစ်ရှိလို့ ကန်တော့ရတယ်။ |
1,348,823 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ) ကန်တော့ရကျိုး |
1,348,824 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကန်တော့ရတဲ့အတွက် မူလက မိမိပြစ်မှားထားတဲ့ ကိုယ့်မှာရှိနေတဲ့ အပြစ်တွေဟာ ပပျောက်သွားတယ်။ |
1,348,825 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကြွေးတင်နေတဲ့လူဟာ ကြွေးပြန်ဆပ်လိုက်တော့ ကြွေးကျေသွားသလိုပဲ။ |
1,348,826 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကိုယ်က စတင်ပြစ်မှားတဲ့ အပြစ်ကြွေးတင်နေတဲ့ လူဟာလဲ ကန်တော့လိုက်တဲ့အခါမှာ အပြစ်တွေဟာ ပြေပျောက်သွားတယ်။ |
1,348,827 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | (ကန်တော့ရလို့ အပြစ်ပျောက်တယ်။ |
1,348,828 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ) ရှိခိုးရကြောင်း |
1,348,829 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ရှိခိုးရတဲ့ အကြောင်းက ရှိခိုးတဲ့ပုဂ္ဂိုလ်ဟာ ရှိခိုးခံရတဲ့ ရတနာသုံးပါး ဆရာမိဘနဲ့ အသက်သိက္ခာ ဂုဏ်အင်္ဂါ ကြီးမြင့်သူတွေကို မူလက ပြစ်မှားကျူးလွန်ခဲ့မှု မရှိဘူး။ |
1,348,830 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အဲဒီ ရတနာသုံးပါး မိဘဆရာတို့ရဲ့ ဂုဏ်ကျေးဇူးတွေကို ကြည်ညိုလေးစားတဲ့ အတွက်ကြောင့် ရှိခိုးခြင်းဖြစ်တယ်။ |
1,348,831 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | (ကြည်ညိုလေးစားမှု သဒ္ဓါတရားရှိလို့ ရှိခိုးတယ်။ |
1,348,832 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ) ရှိခိုးရကျိုး |
1,348,833 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ရှိခိုးကန်တော့ရတဲ့အတွက် တဿာ နုဘာဝေန ဟဘန္တရာယော ဆိုတဲ့ ဋီကာဆရာများရဲ့ အဆိုအရ အန္တရာယ်အမျိုးမျိုးကို ပယ်ဖျောက်နိုင်တဲ့ အင်အားကောင်းတဲ့ ကုသိုလ်ကိုရတယ်။ |
1,348,834 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အသက်ဂုဏ်အားဖြင့် ကြီးတဲ့ သူတွေကို ရှိခိုးပူဇော်တဲ့လူဟာ အသက်ရှည် အဆင်းလှ ကိုယ်စိတ်ချမ်းသာ ကာယဗလ ဉာဏဗလကောင်းခြင်း ဆိုတဲ့ အကျိုးတရားတွေကို ရတယ်။ |
1,348,835 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | (ရှိခိုးလို့ ကုသိုလ်ရတယ်။ |
1,348,836 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ) အထက်ပါ အကြောင်းနှစ်ချက် အကျိုးနှစ်ချက် ခြားနားမှုကို ကြည့်ရင် ကန်တော့တာနဲ့ ရှိခိုးတာဟာ မတူ၊ ခြားနားတယ်ဆိုတာ သိလောက်ပါပြီ။ |
1,348,837 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဗုဒ္ဓဘာသာတိုင်း ဘာသာရေး အခမ်းအနားတွေမှာ ဆိုနေကြတဲ့ သြကာသဟာ ကန်တော့ကြိုးလား။ |
1,348,838 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဘုရားရှိခိုးလား။ |
1,348,839 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | နောက်နားမှာ သြကာသမူကွဲ ငါးမျိုးကို ပြထားတယ်။ |
1,348,840 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အဲဒီငါးမျိုးမှာ ပထမနှစ်မျိုးက သြကာသ ကန်တော့ကြိုးဖြစ်တယ်။ |
1,348,841 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒုတိယနှစ်မျိုးကတော့ သြကာသ ဘုရားရှိခိုးဖြစ်တယ်။ |
1,348,842 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | တတိယအမျိုးကတော့ ကန်တော့ခန်းနဲ့ ဘုရားရှိခိုး နှစ်မျိုးကိုရောပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်အောင် တီထွင်ထားကြတဲ့ သြကာသ ရှိခိုးကန်တော့ကြိုး ဖြစ်တယ်။ |
1,348,843 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသဟာ မူလကတော့ ပြစ်မှားမိတဲ့ အပြစ်တွေကို ပျောက်အောင် ကန်တော့တဲ့ ကန်တော့ကြိုးဖြစ်ပါတယ်။ |
1,348,844 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသ ဘုရားရှိခိုးတို့၊ သြကာသ ဘုရားရှိခိုး ကန်တော့ကြိုးတို့ ဆိုတာတွေက နောက်မှ ပြောင်းလဲလာတဲ့ တီထွင်ချက်တွေပဲ ဖြစ်တယ်။ |
1,348,845 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ရှိခိုးဦးချမပါဘဲ ဝန်ချတောင်းပန် သည်းခံစေတယ်ဆိုတာ ဘယ်လိုဟာမျိုးလဲ။ |
1,348,846 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကန်တော့တယ်၊ ဝန်ချတောင်းပန် သည်းခံစေတယ်ဆိုတာက မိမိက ကိုယ်ထိလက်ရောက် နှုတ်နဲ့ စိတ်နဲ့ ပြစ်မှားမိတဲ့ အပြစ်ကို ကုစားတဲ့သဘောပဲ၊ ပြစ်မှားတယ်ဆိုတာက ငယ်သူကသာ ကြီးသူကို ပြစ်မှားတာ မဟုတ်ဘူး။ |
1,348,847 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ပုထုဇဉ်သဘာဝ အမှားနဲ့ မကင်းနိုင်သေးတော့ ကြီးသူကလဲ ငယ်သူကို ပြစ်မှားနိုင်တာပဲ၊ ကြီးသူတွေရဲ့ လုပ်မှား ပြောမှားတွကိုလဲ လောကမျက်မြင် မကြာခဏ ကြုံတွေ့နေရတာပဲ။ |
1,348,848 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အဲဒီလို လူကြီးက လူငယ်ကို ပြစ်မှားမိတဲ့အခါမှာလဲ လူကြီးက လူငယ်ကို ကန်တော့ရမယ်။ |
1,348,849 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒီလိုတောင်းပန်တဲ့အခါမှာ လက်အုပ်ချီပြီး ဒူးတုပ် ဦးချ ရှိခိုးကန်တော့လို့ မရဘူး။ |
1,348,850 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | မိမိပြစ်မှားခဲ့တဲ့ ငယ်သူထံသွားပြီး မိမိပြုမှား ပြောမှားမိခဲ့သမျှကို နောင်တ သံဝေဂရကာ မာန်မာန နှိမ့်ချတဲ့အသံနဲ့ ငါ့ရှင် (သို့မဟုတ်) နာမည်ကိုခေါ်၍ သင့်အပေါ် ငါ ကိုယ်ထိလက်ရောက် ပြစ်မှားမိတယ်။ |
1,348,851 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | နှုတ်ဝစီဖြင့် ကြမ်းတမ်းရိုင်းပြစွာ ပြစ်တင်ကဲ့ရဲ့ ပြောဆို ပြစ်မှားမိခဲ့တယ်။ |
1,348,852 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒီအမှားအတွက်လဲ ငါနောင်တ သံဝေဂရပါပြီ။ |
1,348,853 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | နောင်ကို ဒီလို မပြစ်မှားမိအောင်လဲ စောင့်ထိန်းပါမယ်။ |
1,348,854 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သတိထားပါမယ်။ |
1,348,855 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ပြစ်မှားမိတဲ့ ငါ့ရဲ့ အပြစ်ကို ခွင့်လွှတ်သည်းခံပါလို့ တောင်းပန်ရမယ်။ |
1,348,856 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကိုယ့်ထက်ကြီးသူ မြတ်သူကိုလဲ အထက်ပါအတိုင်း ရှိခိုးဦးချမှုမပါပဲ ဝန်ချတောင်းပန် ကန်တော့လို့ ရတယ်။ |
1,348,857 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ရှိခိုးကန်တော့တာက ပိုပြီးလေးနက်တာပေါ့၊ ကိုယ့်ထက်ငယ်သူကို ပြစ်မှားမိရင်လဲ ကန်တော့ရမယ်ဆိုတဲ့ အကြောင်းနဲ့ ကြီးသူ ငယ်သူ အပြန်အလှန် ကန်တော့နည်းကို ဝိသုဒ္ဓိမဂ် အဋ္ဌကထာ…မှာ အတိအလင်းပဲ ပြထားတယ်။ |
1,348,858 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | လူကြီးက လူငယ်ကို ဝန်ချကန်တော့တဲ့ အစဉ်အလာဟာ မြန်မာ့ယဉ်ကျေးမှုမှာ ပျောက်ကွယ်သလောက် ဖြစ်နေတယ်။ |
1,348,859 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကြီးသူက ငယ်သူကို မပြစ်မှားဖို့၊ ပြစ်မှားမိရင်လဲ မာန်မာန နှိမ်ချတောင်းပန်ဖို့ သံသရာဝန်ထုပ်ကြီးကို အလေးခံသယ်မသွားဖို့ အထူးသတိပြုသင့်ကြပါတယ်။ |
1,348,860 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဓမ္မပဒစိတ္တသူကြွယ်ဝတ္ထုမှာ ရဟန်းဖြစ်တဲ့ သုဓမ္မမထေရ်က လူဝတ်ကြောင် စိတ္တသူကြွယ်ကို ပြစ်မှားမိ၍ ကန်တော့သည်းခံစေရသည်ကို စံနမူနာ ယူနိုင်ကြပါစေ။ |
1,348,861 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒီအချက်ကိုကြည့်ရင် ကန်တော့တာနဲ့ ရှိခိုးတာဟာ မတူဘူး။ |
1,348,862 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကန်တော့မှုဆိုတာက ကြီးသူငယ်သူ အပြန်အလှန် ကန်တော့ရပြီး ရှိခိုးတာကျတော့ ငယ်သူကသာ ကြီးသူ မြတ်သူကို ရှိခိုးရတယ်ဆိုတာ ထင်ရှားလောက်ပါပြီ။ |
1,348,863 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | မိမိပြုမှားမိတဲ့ အပြစ်ကို သည်းခံဖို့ ကန်တော့တဲ့ အစဉ်အလာဟာ ပိဋကတ် ပါဠိတော်မှာ ရှိပါသလား။ |
1,348,864 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ရှိပါတယ်။ တော်တော်များများ ရှိပါတယ်။ |
1,348,865 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါကို ဋီကာဆရာတွေက အစ္စယဒေသနာ = အပြစ်ကို ပြောကြား တောင်းပန်ခြင်း၊ ဝန်ချကန်တော့ခြင်းလို့ ခေါ်ပါတယ်။ |
1,348,866 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ၁ - သံယုတ်ပါဠိတော်မှာ ဘုရားရှင်ကို ကဲ့ရဲ့ပြောဆိုမိတဲ့ နတ်သားတစ်စုက ဘုရားရှင်ထံ ဝန်ချကန်တော့ကြပါတယ်။ |
1,348,867 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ၂ - ဘုရားရှင် သိက္ခာပုဒ်ပညတ်ခြင်းနဲ့ ပတ်သက်ပြီး ကဲ့ရဲ့ပြစ်မှားတဲ့ ရဟန်းတစ်ပါးက ဘုရားရှင်ကို ဝန်ချကန်တော့ပါတယ်။ |
1,348,868 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ၃ - အရှင်အနုရုဒ္ဓါကို တပ်မက်ပြစ်မှားမိ ဖြားယောင်းမိတဲ့ အမျိုးသမီးတစ်ဦးဟာ ရှင်အနုရုဒ္ဓါကို ဝန်ချကန်တော့ခဲ့ရပါတယ်။ |
1,348,869 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ၄ - ခမည်းတော် ဗိမ္ဗိသာရကို သတ်မိသော အဇာတသတ်မင်းက ဘုရားရှင်ထံ ဝန်ချကန်တော့ခဲ့သည်။ |
1,348,870 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ။ ပါဠိတော်မှာ အပြစ်ရှိလို့ ကန်တော့တဲ့အခါ ဘယ်လိုဆိုပြီး ကန်တော့ပါသလဲ။ |
1,348,871 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အစ္စယော မံ ဘန္တေ အစ္စာဂမာ ယထာဗာလံ ယထာမုဠံ ယထာ အကုသလံ (ယောဟံပိတရံ ဓမ္မ ရာဇာနံ ဣဿရိယကာရဏာ ဇီဝိတာဝေါရောပေသိ) တဿမေ ဘန္တေ ဘဂဝါ အစ္စယံအစ္စယတော ပဋိဂဏှာတု၊ အာယတိံ သံဝရာယ လို့ဆိုပြီး ကန်တော့ပါတယ်။ |
1,348,872 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ခမည်းတော် ဗိမ္ဗိသာရကို သတ်ပြီးတော့ အဇာတသတ်က ဘုရားကန်တော့ခန်း ဖြစ်ပါတယ်။ |
1,348,873 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ပါဠိတော်လာ အဓိပ္ပာယ်အတိုင်း မြန်မာလို ကန်တော့မယ်ဆိုရင်တော့… |
1,348,874 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အရှင်ဘုရား၊ တပည့်တော်သည် မိုက်မဲသည့်အလျောက်၊ တွေဝေသည့်အလျောက်၊ မလိမ္မာသည့်အလျောက် အပြစ်သည် တပည့်တော်ကို လွှမ်းမိုးခဲ့ပါ၏၊ (တပည့်တော်သည် တရားစောင့်သော တရားသဖြင့် မင်းပြုသော ခမည်းတော်ကို မင်းစည်းစိမ်ဟူသော အကြာင်းကြောင့် သတ်ခဲ့မိပါ၏) မြတ်စွာဘုရားသည် ထိုတပည့်တော်၏ အပြစ်ကို နောင်အခါ စောင့်စည်းခြင်းငှာ အပြစ်ကို အပြစ်ဟု လက်ခံတော်မူပါ။ |
1,348,875 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သည်းခံတော်မူပါလို့ ကန်တော့ရမယ်။ |
1,348,876 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ပြစ်မှားပုံချင်း မတူတဲ့အတွက် အပြစ်ဖော်ပြချက်ပဲ ကွွဲတယ်။ |
1,348,877 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အားလုံး ပါဠိတော် ကန်တော့ခန်းတွေဟာ အတူတူပဲ။ |
1,348,878 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | မြန်မာစစ်စစ် ကန်တော့နည်း |
1,348,879 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | “(အမေ) ခင်ဗျား၊ ကျွန်တော်ဟာ မိုက်မဲတွေဝေ မလိမ္မာတဲ့အတွက် (အမေ့) အပေါ် ပြစ်မှားမိပါတယ်။ |
1,348,880 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | (အမေ့ကို ပြန်အော်မိပါတယ်၊ အမေ့ရှေ့မှာ ကြမ်းကို ဆောင့်နင်းမိပါတယ်) နောင်ကို ဒီလိုမအော်မိ၊ ကြမ်းမဆောင့်မိအောင်လဲ စောင့်စည်းထိန်းသိမ်းပါမယ်။ |
1,348,881 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အမေဟာ ကျွန်တော့်ရဲ့အပြစ်ကို ခွင့်လွှတ်သည်းခံပါခင်ဗျား”ဟု ပြောပြီး ရှိခိုးကန်တော့ရမယ်။ |
1,348,882 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ပါဠိတော်မှာ တိုက်ရိုက်လာတဲ့ ကန်တော့နည်းရှိပါလျက်နဲ့ အဲဒီအတိုင်း မြန်မာလို ကန်တော့ကြိုးကိုမရေးဘဲ သြကာသ ကန်တော့ကြိုးကို ဘာဖြစ်လို့ ထွင်ရသလဲ။ |
1,348,883 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ပါဠိတော်လာ ကန်တော့နည်းက တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်အပေါ် သီးသီးခြားခြား ပြစ်မှားမိတဲ့အပြစ်ကို ဝန်ချတောင်းပန်နည်း ဖြစ်တ်။ |
1,348,884 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဘယ်ပုဂ္ဂိလ်အပေါ် ဘယ်အချိန်က ဘယ်နေရာမှာ ဘယ်လိုပြစ်မှားမိတဲ့ အပြစ်အတွက် ကန်တော့တယ်ဆိုတာ သေချာတိကျတယ်။ |
1,348,885 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | မြန်မာဆရာတော်တွေ တီထွင်တဲ့ သြကာသ ကန်တာ့ကြိုးကတော့ တစ်ဦးတစ်ယောက်အပေါ် တစ်ချိန်က တစ်နေရာမှာ ပြစ်မှားမိတဲ့ အပြစ်တစ်ခုအတွက် သီးသီးခြားခြား ကန်တော့တာမဟုတ်၊ အခုဘဝနဲ့ အစမထင် သံသရာဘဝအမျိုးမျိုးအပေါ် ကိုယ်ထိလက်ရောက်ဖြစ်ဖြစ်၊ နှုတ်နဲ့ စိတ်နဲ့ဖြစ်ဖြစ် ပြစ်မှားခဲ့တဲ့ အပြစ်တွေ အနန္တ ရှိနိုင်တယ်။ |
1,348,886 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒီအပြစ်ပြုခဲ့ ပြောခဲ့တဲ့ အပြစ်တွေ အနန္တ ရှိနိုင်တယ်။ |
1,348,887 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒီအပြစ်တွေဟာ သိသိသာသာ လွန်ကျူးခဲ့တာရှိသလို အမှတ်မထင် ပြုခဲ့ ပြောခဲ့တဲ့ အပြစ်တွေလဲ ဖြစ်နိုင်တယ်။ |
1,348,888 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အစမထင် သံသရာက ပါလာတဲ့ အပြစ်ကြွေးတွေ ဖြစ်တဲ့အတွက်နဲ့ အခုဘဝမှာလဲ ဘယ်အချိန်က ဘယ်သူ့အပေါ်မှာရယ်လို့ မသိ၊ အမှတ်မထင် ပြစ်မှားမိတဲ့ အပြစ်ကြွေးတွေ ဖြစ်တဲ့အတွက် ပြစ်မှားခံရတဲ့ ပုဂ္ဂိုလ်ကို ပြန်ကန်တော့ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ |
1,348,889 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အဲဒီလို အပြစ်မှားခံ ပုဂ္ဂိုလ် မရှိတော့တဲ့ခါမှာ သူ့အစား လေးစားလောက်တဲ့ ပုဂ္ဂိုလ်နဲ့ ဘုရား တရား သံဃာ ရတနာသုံးပါးကို ကန်တော့ရင် အပြစ် ပြေပျောက်နိုင်တယ်။ |
1,348,890 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | တစ်နေကုန် စားသမျှ သံပရာတစ်ခြမ်းနဲ့ချေ ဆိုတဲ့ ဆိုရိုးစကားအတိုင်း ဒီဘဝ ဟိုဘဝ ပြုခဲ့သမျှ အပြစ်တွေကို တစ်ထိုင်တည်းနဲ့ ပြေပျောက်စေဖို့အတွက် သြကာသ ကန်တော့ကြိုးကို စီစဉ်တီထွင်ရခြင်း ဖြစ်တယ်။ |
1,348,891 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ပါဠိတော်လာ ကန်တော့နည်းအတိုင်း မဟုတ်ဘဲ သြကာသ ကန်တော့ကြိုးကို တီထွင်ရတဲ့အကြောင်း ရှိပါသေးသလား။ |
1,348,892 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ရှိပါတယ်။ ရှေ့မှာ ကန်တော့တာနဲ့ ရှိခိုးတာ မတူပုံကို ပြခဲ့တယ်။ |
1,348,893 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ကန်တော့ရလို့ အပြစ်ပြေပျောက်တယ်။ |
1,348,894 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ရှိခိုးပူဇော်ရလို့ ကုသိုလ်အသစ် ရရှိတယ်လို့ ပြခဲ့တယ်။ |
1,348,895 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | သြကာသ ကန်တော့ကြိုးဟာ ရတနာသုံးပါးကို ရှိခိုးကန်တော့ရတဲ့အတွက် ကန်တော့မှုလုပ်ငန်း၊ ရှိခိုးမှုလုပ်ငန်း နှစ်ခုလုံး ပြီးသွားတယ်။ |
1,348,896 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | အလုပ်နှစ်ခု ပြီးသွားတဲ့အတွက် လွန်ကျူးမိတဲ့ အပြစ်ဟောင်း ပြေပျောက်ခြင်း၊ ရှိခိုးရတဲ့ ကုသိုလ်အသစ်ရခြင်းဆိုတဲ့ အကျိုးနှစ်မျိုး တစ်ခါတည်း ပြီးသွားတယ်။ |
1,348,897 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားတယ်။ |
1,348,898 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | နည်းလေးဆယ်ထဲမှာပါတဲ့ အမ္ဗသေစန ဂရုနှာန နည်းအရ သရက်ပင်ရင်းမှာ ဆရာကို ရေချိုးစေခြင်း လုပ်ငန်းတစ်ခုဖြင့် ဆရာလဲ ရေချိုးပြီး၊ သရက်ပင်လဲ ရေလောင်းပြီးဆိုတဲ့ အကျိုးနှစ်ခု ပြီးသွားတယ်။ |
1,348,899 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ဒါဟာ ပါဠိတော်လာ ကန်တော့ပုံနဲ့ မတူတဲ့ သြကာသ ကန်တော့ကြိုးရဲ့ ဒုတိယ ထူးခြားချက်ဖြစ်ပါတယ်။ |
1,348,900 | အခြေခံ ဗုဒ္ဓဘာသာ, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ဩကာသကန်တော့ခန်း | ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မှာ ပြုခဲ့တဲ့ အပြစ်ဟာ ရတနာသုံးပါးကို ကန်တော့ရုံနဲ့ ပြေပျောက်နိုင်တယ်ဆိုတာ ကျမ်းဂန်နဲ့ ညီရဲ့လား။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.