id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
16,501 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကန္ဒဂလကဇာတ် | ဥတ္တမင်္ဂံ၊ ဦးခေါင်းကို။ |
16,502 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကန္ဒဂလကဇာတ် | အဗ္ဘိဒါ၊ ခွဲ၏။ |
16,503 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကန္ဒဂလကဇာတ် | သော သာရရုက္ခော၊ ထိုအနှစ်ရှိသောသစ်ပင်သည်။ |
16,504 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကန္ဒဂလကဇာတ် | ခဒိရော နာမ၊ ရှားပင်မည်၏။ |
16,505 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကန္ဒဂလကဇာတ် | ထိုကန္ဒဂလကသည် ထိုအရပ်၌လျှင် အသက်ကုန်ခြင်းသို့ ရောက်၏။ |
16,506 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကန္ဒဂလကဇာတ် | ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ကန္ဒဂလက ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ခဒိရဝနိယ ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။ |
16,507 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကန္ဒဂလကဇာတ် | အထင်ကြီးက၊ ပျက်စီးရ၊ ဒုက္ခ ကိုယ်ပင်တွေ့ |
16,508 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကန္ဒဂလကဇာတ် | ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကန္ဒဂလကဇာတ်သည် ပြီး၏။ |
16,509 | မြန်မာဘာသာ, ရတု | ကန်ကစက်လျှင်-ချီ ရတု | ကန်ကစက်လျှင် ရာဇူခွင်သို့ ပြောင်းဝင်ထစ်ထစ် နင်းလာရစ်၍ ခုနစ်နာရီ နှစ်ပတ်စီတည်း ရှစ်လီနေ့ည မောင်းချက်ချက စကြာ့သခင် ရေသဘင်ဝယ် စံရွှင်ပျော်ရာ နောက်တော်ပါသား ပွင့်လျာနန်းရန် သတိုးကျွန်ကို ဟေမန်မလည် ရွှေနေပြည်ကို ပြန်မည်ဆက်ဆက် မိန့်ခွန်းမြွက်၍ ပန်လျက်ကိုမျှ မပိုင်ရသည် ကျွန်မဝမ်းနည်း ဖွယ်ရာချည်း ။ |
16,510 | မြန်မာဘာသာ, ရတု | ကန်ကစက်လျှင်-ချီ ရတု | ပြန်ရရက်လျှင် မင်းရေးအင်ကို မမြင်နိုင်ရာ သစ္စာဖြောင့်စင်း နောင်ဘို့ကြွင်းနှင့် မိမင်းရှင့်တူ မိန့်ခဲ့မူကား ကောက်ယူရံခါ စိတ်ပြေပါ၏ ဖီလာဆက်ဆက် မှာခဲ့ချက်နှင့် ပြန်ရက်မညီ ရာသီပြောင်းကြွ မြောက်လေစခဲ့ မြို့မရန်ကုန် မစုံမီခင် ယွန်းဘုရင်နှင့် မော်တင်ကရစ် ကျွန်ချည်းဖြစ်ဟု ခုစစ်စကား ကျွန်မကြားရှင့် လေးပါးငုံရှင့် နတ်မင့်ပုံနှုန... |
16,511 | မြန်မာဘာသာ, ရတု | ကန်ကစက်လျှင်-ချီ ရတု | ကျွန်မသက်ထင် ဆယ်ပြန်ကြင်၍ မိန့်ချင်သမျှ မုချယူမိ ခုမှသိရှင့် မယ်ကြီ့ငြမ်းဆင့် မယ့်မုန်းခွင့်ကို မကျင့်နေမည် ဆံခြည်မထင် ခုကစင်မျှ အောက်ခွင်ရန်ကုန် သို့မစုန်သော် ကိုးဂုဏ်တည်ရာ ရွှေပြည်သာသို့ ပြန်ကာနေ့ည မှာရင်းကလည်း ဆယ်ဆအချိ လွမ်းဘွယ်ရှိခဲ့ မျက်စိဝေမှိုင်း သို့တွက်တိုင်းလျှင် ဝဲလှိုင်းတူရည် စိတ်ဆူးသည်ကို ဖြေဆည်တတ်အောင် မိ... |
16,512 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး | ကန်စွန်းရွက် လေးချိုး | စိမ်း ညို ရင့် |
16,513 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး | ကန်စွန်းရွက် လေးချိုး | ရွက်ပွင့်က ရိုးတံချီ။ |
16,514 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး | ကန်စွန်းရွက် လေးချိုး | မြဘက်ရည် အလေ့နော်ပ၊ |
16,515 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး | ကန်စွန်းရွက် လေးချိုး | ရေ့ပေါ်မှာ အသာလျှောက် |
16,516 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး | ကန်စွန်းရွက် လေးချိုး | ဖူးညှောက်စီစီ။ |
16,517 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး | ကန်စွန်းရွက် လေးချိုး | မြတ်ပွဲတော် စားတော်ဆက်ရ၊ |
16,518 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး | ကန်စွန်းရွက် လေးချိုး | ကြော်ချက်ကတဲ့ သင်းပျံ့ကြည်၊ |
16,519 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး | ကန်စွန်းရွက် လေးချိုး | ဟင်းချိုရည် ဆိမ့်အေး။ |
16,520 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး | ကန်စွန်းရွက် လေးချိုး | မှီ မတူ နီအူဝက်သော်မှ၊ |
16,521 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး | ကန်စွန်းရွက် လေးချိုး | မဖက်ပေါင် ဆယ်ပြန်လွှမ်းနိုင်ရဲ့ကွယ်၊ |
16,522 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး | ကန်စွန်းရွက် လေးချိုး | ဇွန်း ရွှေ တက်သေး* ။ |
16,523 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လေးချိုး | ကန်စွန်းရွက် လေးချိုး | (*တက်သေးအင်းမှ ကန်စွန်း) |
16,524 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | သုံးသွယ်သိန်းနေ၊ ငါးထွေသောင်းလီငါးထွေသောလီ (မ) (ဟ)၊ |
16,525 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | ပထဝီဟု၊ ရာသီဒွေဒေဟရာသီဒေသ (မ) (ဘ)၊ |
16,526 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | မိုဃ်းကခြိမ့်ခြိမ့် စေ့လိမ့်လေ။ |
16,527 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | မြစ်ရေယဉ်မြူး၊ သာဆန်းထူးသည်၊ |
16,528 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | သင်ဖြူးခင်းစံ၊ ထက်မိုးယံက၊ |
16,529 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | ခြွေရံအများ၊ လနတ်သားနှင့်၊ |
16,530 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | ယှဉ်သွားညီမျှ၊ ဟဒြဟုယှဉ်သွားညီစွာ၊ ပြုဗ္ဗာဘဒြပိုဒ် (မ) (ဟ)၊ |
16,531 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | ထွန်းပအရောင်ညဉ့်၌အရောင် (မ) (ဟ)၊ မြူမှောင်ကင်းစွာ၊ |
16,532 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | တာရာရွှေဗျိုင်း၊ ဆီးတံ့ဆိုင်းသား၊ |
16,533 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | မရိုင်းနောက်ကတာရာရွှေဗျိုင်း၊ (ဆီးတံ့ဆိုင်းသား၊) မရိုင်းနောက်က။ |
16,534 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | (မ) နှင့် (ဟ) မူတွင် ကွင်းစကားမပါ။ |
16,535 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | ၊ အလျှံပြ၍၊ |
16,536 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | ထွန်းပရောင်လူ၊ ရွှေဇမ္ဗူရာဇ်၊ |
16,537 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | မှန်ပုံစစ်လျက်၊ တက်သစ်စံရွှင်၊ |
16,538 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | ပဘင်္ကရ၊ တောက်ပ၀င်းဝါ၊ |
16,539 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | နေစကြာနှင့်၊ ဥတ္တရာမှီ၊ |
16,540 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | ဘရဂုဏ္ဏီဟုဖဂ္ဂုဏီတို့ (မ) (ဟ)၊ ပြည့်ညီနက္ခတ်ယှဉ်မှီနက္ခတ် (မ)၊ |
16,541 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | လှည့်ပတ်အတူ၊ ဇမ္ဗူမဇ္ဈေ၊ |
16,542 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | လယ်ဗွေရောက်ငြား၊ ဘဝါးဗီသ၊ |
16,543 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | တွက်ရမှန်ညီ၊ နာရီနေ့တွင်၊ |
16,544 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | သုံးဆယ်မြင်၍၊ နှစ်လျှင် စွန်းပါ၊ |
16,545 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | ညဉ့်ခါအဋ္ဌ၊ စမ္မသို့နေနှစ်လျှင်စွန်းပါ၊ သည်အခါတွင်၊ ဖူးညှာဝေဝေ (မ) (ဟ)၊ |
16,546 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | ပန်ရွှေယင်းမာ၊ လှိုင်စွာပျံ့သင်း၊ |
16,547 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | တော်သလင်းဟု၊ မြစ်တွင်းသဘင်၊ |
16,548 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | လှေပွဲဆင်၍၊ လက်သင်လှော်ကား၊ |
16,549 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | ရွှေလှေများတို့၊ ကစားလူးလာ၊ |
16,550 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | စုံကာဆန်တက်စုံကာဆန်လျက်၊ (ဝိုင်း၍သက်က၊) ရွှေတက်ပြိုးပြောင်။ |
16,551 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | (မ) (ဟ) တွင် ကွင်းပိုဒ်စကား မပါ။ |
16,552 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | ၊ ဝိုင်း၍သက်ကဝိုက်၍သက်က (ဘ)၊ ' |
16,553 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | ရွှေတက်ပြိုးပြောင်၊ ပုံတောင်စည်မောင်း၊ |
16,554 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | ရေကြောင်းမြစ်လယ်၊ ပျော်ဘွယ်အံ့ခြီး၊ |
16,555 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | မှုတ်တီးကျော်ညာ၊ သည်ပွဲသာတွင်၊ |
16,556 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | မြညှာရွှေရုပ်ဆင်းသာရွှေရုပ် (မ)၊ ပုံသွင်းလုပ်သို့၊ |
16,557 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | ရေမြှုပ်လိုရွရေးရုပ်လိုပ (မ) (ဟ)၊ ပျောင်းတိုင်းလှနှင့်၊ |
16,558 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | တူကွရုပ်စုံ၊ ကမ်းမော်ခုံက၊ |
16,559 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | မြော်တုံရှုစဲပျော်တုံယှဉ်တွဲ (မ)၊ ရွှေလက်ဆွဲ၍၊ |
16,560 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | ဖန်လဲပြန်ဆိုဖန်လွှဲပြောဆို (ဘ)။ |
16,561 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | ပုလဲရောင်စို (မ) (ဟ)။ |
16,562 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | ၊ တူနှစ်ကိုယ်သည်၊ |
16,563 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | လွမ်းပိုအပုံကြီးလို့လေ။ |
16,564 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | ရေယဉ်တည့်မြစ်တွင်း သင်ဖြူးခင်း၊ |
16,565 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | တော်သလင်းလအမှန်တော်သလင်းဟု၊ ခေါ်ရင်းလအမှန် (မ) (ဟ)။ |
16,566 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | ဝဿန်တည့်စိုရွှဲ ရွာမစဲ။ |
16,567 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | ခေါ်မြဲကန်ရာသီ။ |
16,568 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | ပွင့်စီတည့်ဝေလန်း ယင်းမာပန်းဖူးစီတည့်လေဖျန်း ရင့်မာပန်း (မ) (ဟ)။ |
16,569 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | မှတ်ချက် |
16,570 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | မူရင်း - ရေနံချောင်း တွင်းစားကြီးဦးဘိုးဂုဏ် လက်ရေးမူ |
16,571 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | [ဟ] - ဟံသာဝတီပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၉၀၇-ခုနှစ်ထုတ် စာအုပ်မူ |
16,572 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | [မ] - မြန်မာစာညွန့်ပေါင်းကျမ်း၊ တတိယတွဲမူ |
16,573 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကန်ရာသီ တော်သလင်းလဘွဲ့ လူးတား | [ဘ] - ဘားနတ်ပိဋကတ်တိုက်ပေမူ၊ ရန်ကုန်မြို့ |
16,574 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ဒုကနိပါတ်-သိင်္ဂါလဝဂ် |
16,575 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ၁၀။ ကပိဇာတ် |
16,576 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ရသေ့သွင်မျောက် |
16,577 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အယံ ဣသီ ဥပသမသံယမေ ရတော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကပိဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သောအံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ |
16,578 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ထိုစကားကို ချဲ့ဦးအံ့၊ ထိုရဟန်း၏အံ့ဘွယ်သရဲကို ဖြစ်စေ သည်၏ အဖြစ်သည် ရဟန်းတို့၌ ထင်ရှားဖြစ်၏။ |
16,579 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤအမည်ရှိသော ရဟန်းသည် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရာဖြစ်သော ဘုရား သခင်၏ သာသနာတော်၌ ရဟန်းပြု၍အံ့ဘွယ်သရဲကို ဖြစ်စေတတ်သော အကြောင်းကို ပြည့်စုံစေ၏ဟု စကားကို ဖြစ်စေကုန်၏။ |
16,580 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ အရှင်ဘုရား ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျောက်သည်ရှိသော် ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင်အံ့ဘွယ်သရဲကို ဖြစ်စေသည် မဟုတ်သေး၊ ရှေး၌လည်း မီးဟူသော အကြောင်းကြောင့် မျောက်ဖြစ်၍အံ့ဘွယ်သရဲ၏အဖြစ်ကို ပြုဘူး၏ဟု မိန့်... |
16,581 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ထိုအခါ ဘုရားလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် သားသည် ရှေးရှူထက်ဝန်းကျင်ပြေး၍ သွားနိုင်သောကာလ၌ ပုဏ္ဏေးမသည် သေလတ်သည်ရှိသော် သားကိုရင်ခွင်ဖြင့်ချီ၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းအဖြစ်အားဖြင့် ရဟန်းပြု၍ ထ... |
16,582 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | မိုဃ်းလအခါ အယဉ်မပြတ်စီးသော မိုဃ်းသည် စွေလတ်သည်ရှိသော် မျောက်သည် အချမ်းနှိပ်စက်သည်ဖြစ်၍၊ သွားဖြင့် သွားတို့ကိုခဲလျက် တုန်လှုပ်လျှက် သွား၏။ |
16,583 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ဘုရားလောင်းသည်းကြီးစွာသော ထင်းတုံးတို့ကိုဆောင်၍ မီးညှိ၍ ညောင်စောင်း၌ လျောင်း၏။ |
16,584 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ထိုဘုရားလောင်း၏ သားငယ်သည်လည်း ထိုဘုရားလောင်း၏ ခြေတို့ကိုဆုပ်နယ်လျက်နေ၏။ |
16,585 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ထိုမျောက်သည် တပါးသော သေလေသောရသေ့၏ ဥစ္စာဖြစ်ကုန်သော မျှော်တေသင်္ကန်းတို့ကို ဝတ်ရုံ၍ သစ်နက်ရေကို ပခုံး၌ တင်၍ ထမ်းပိုးကရားကိုယူ၍ ရသေ့အသွင်ဖြင့် လာလတ်၍ သစ်ရွက်မိုးသော သင်္ခမ်းတံခါး၌ မီးဟူသောအကြောင်းကြောင့်အံ့ဘွယ်သရဲသော အမှုကိုပြု၍ ရပ်၏။ |
16,586 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ရသေ့ငယ်သည်လည်း မြင်၍ ဘခင် ရသေ့တယောက်သည် အချမ်းနှိပ်စက်အပ်သည်ဖြစ်၍ တုန်လှုပ်လျက် ရပ်၏။ |
16,587 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ဤမီးဖိုသို့ ထိုရသေ့ကို ခေါ်ကုန်လော့၊ မီးလှုံလတ္တံ့ဟု အဘကို တောင်းပန်လိုသည်ဖြစ်၍- |
16,588 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ၂၀၀။ အယံ ဣသီ ဥပသမသံယမေ ရတော၊သ တိဋ္ဌတိ သိသိရဘယေန အဋ္ဋိတော။ |
16,589 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ဟန္ဒ အယံ ပဝိသတု မံ အဂါရကံ၊ဝိနေတု သီတံ ဒရထဉ္စ ကေဝလံ။ |
16,590 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။ |
16,591 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ၂၀၀။ တာတ၊ ဘခင်။ |
16,592 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ဥပသမသံယမေ၊ ရာဂအစရှိသည်တို့ကို ငြိမ်းစေခြင်း သီလကို ထိန်းသိမ်းခြင်း၌။ |
16,593 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ရတော၊ မွေ့လျော်ထသော။ |
16,594 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | သ-သော အယံ ဣသီ၊ ဤရသေ့သည်။ |
16,595 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | သိသိရဘယေန၊ လေနှင့်တကွ ရွာသောမိုဃ်းသည် ဖြစ်စေအပ်သော ချမ်းအေးခြင်း ဘေးသည်။ |
16,596 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | အဋ္ဋိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။ |
16,597 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | တိဋ္ဌတိ၊ ရပ်၏။ |
16,598 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ဟန္ဒ၊ ယခု။ |
16,599 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | အယံ၊ ဤရသေ့သည်။ |
16,600 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပိဇာတ် -၁ | ဣမံ အဂါရကံ၊ ဤကျောင်းသို့။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.