id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
17,401 | ဝိနည်း, မြန်မာဘာသာ | ကပ္ပိယကောင်းတစ်ယောက် | “ကပ္ပိယကောင်းတစ်ယောက်”စာအုပ် ဖြစ်မြောက်ရေး အတွက် ပိဋကစာပေ အထောက်အထားများကို ဦးစိုးတင့်က ရှာဖွေပေးပြီး စုပေါင်းဆွေးနွေးကြကာ ပြုစုရေးတာဝန်ကို ဦးလှသိန်းထွဋ်က ထမ်းဆောင်ခဲ့ပါသည်။ |
17,402 | ဝိနည်း, မြန်မာဘာသာ | ကပ္ပိယကောင်းတစ်ယောက် | ပြုစုပြီးစာမူများကို အကြိမ်ကြိမ် ညှိနှိုင်းကြပြီး နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများထံ စိစစ်တည်းဖြတ်နိုင်ရန် ကြပါသည်။ |
17,403 | ဝိနည်း, မြန်မာဘာသာ | ကပ္ပိယကောင်းတစ်ယောက် | ဆရာတော်ဘုရားကြီးများက စိစစ်ပြင်ဆင် ဖြည့်စွက် ပြီးသော စာမူကို သာသနာရေးဝန်ကြီးထံ တင်ပြအစီရင်ခံပြီး ဗုဒ္ဓဘာသာဝင်တို့ လေ့လာလိုက်စား ကျင့်ဆောင်ခြင်းအားဖြင့် သာသနာတော် အရှည်တည်တံ့ ပြန့်ပွားထွန်းကားစေရန် ရည်သန်လျက် ဤစာအုပ်ကို ထုတ်ဝေရခြင်း ဖြစ်ပါသည်။ |
17,404 | ဝိနည်း, မြန်မာဘာသာ | ကပ္ပိယကောင်းတစ်ယောက် | ထို့ကြောင့် ဤစာအုပ်သည် တစ်ဦးတစ်ယောက်၏ မူပိုင် မဟုတ်ပါကြောင်းနှင့် ကာယအား ဉာဏအားတို့ စိုက်ထုတ် ပါဝင်ကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး၏ ကောင်းမှု ကုသိုလ် ဖြစ်ရကား ဦးစီးဌာန၏ မူပိုင်သဘောသာ ဖြစ်ပါသည်။ |
17,405 | ဝိနည်း, မြန်မာဘာသာ | ကပ္ပိယကောင်းတစ်ယောက် | ဤစာအုပ် ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ကြသူအားလုံးကို သာသနာတော် ထွန်းကား ပြန့်ပွားရေး ဦးစီးဌာနက အထူးကျေးဇူးတင်ရှိ |
17,406 | ဝိနည်း, မြန်မာဘာသာ | ကပ္ပိယကောင်းတစ်ယောက် | [ဆ] ပါကြောင်း ဖော်ပြအပ်ပါသည်။ |
17,407 | ဝိနည်း, မြန်မာဘာသာ | ကပ္ပိယကောင်းတစ်ယောက် | သို့ပါ၍ ဦးစီးဌာန အနေဖြင့် ဆရာဒကာ ညီညွတ်စွာလက်တွဲလျက် သာသနာ့တာဝန်ကို ထမ်းဆောင်ကာ ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ကမ္ဘာအနှံ့ ပြန့်စေလိုသော သာသနာပြုစိတ်ဓာတ်ဖြင့် ဖြည့်ကျင့် ဆောင်ရွက်နိုင်ကြပါစေဟု အလေးအနက် ဆန္ဒပြုအပ်ပါသည်။ |
17,408 | ဝိနည်း, မြန်မာဘာသာ | ကပ္ပိယကောင်းတစ်ယောက် | *ခုနှစ်-၁၉၉၆ ခုနှစ်၊ ဇွန်လ |
17,409 | ဝိနည်း, မြန်မာဘာသာ | ကပ္ပိယကောင်းတစ်ယောက် | * အကြိမ် ပထမအကြိမ် |
17,410 | ဝိနည်း, မြန်မာဘာသာ | ကပ္ပိယကောင်းတစ်ယောက် | * အုပ်ရေ-၅၀၀၀ |
17,411 | ဝိနည်း, မြန်မာဘာသာ | ကပ္ပိယကောင်းတစ်ယောက် | * ပုံနှိပ်သူ-ရွှေပြည့်စုံအော့ဖဲဆက် (မှတ်ပုံတင်အမှတ်-၁၂၇၈၅)၌ ရိုက်နှိပ်သည်။ |
17,412 | ဝိနည်း, မြန်မာဘာသာ | ကပ္ပိယကောင်းတစ်ယောက် | * ထုတ်ဝေသူ-ဦးထင်မျိုး(ညွှန်ကြားရေးမှူး) |
17,413 | ဝိနည်း, မြန်မာဘာသာ | ကပ္ပိယကောင်းတစ်ယောက် | သာသနာရေးဝန်ကြီးဌာန သာသနာတော် ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန မှတ်ပုံထင်အမှတ်-၁၁/ ၉၄ (၁)က ထုတ်ဝေသည်။ |
17,414 | မြန်မာဘာသာ | ကဗျာသာရတ္ထသတ်ပုံ | သုံးပါးရတနာ မြတ်ဆရာအား ပူဇာမာန သက္ကာရကြောင့် ဒုက္ခဗျာပါ ရောဂါမလိမ်း ကင်းပျောက်ငြိမ်းလျက် ခပ်သိမ်းသတ္တဝါ မျိုးလေးဖြာတို့ လေ့လာသိခက် ပင့်ရစ်ချက်ကို မိန့်မြွက်ချိုမြ ဖေါ်ထုတ်ပြပိမ့် တွင်းကျမှောက်ကျ ဆီးနှင်းကျနှင့် အားကျတဖန် ကျမ်းဂန်ကျန သဘောကျက အောက်ကျနောက်ကျ ကြေးကျတထွေ ငွေကျတခြား ကုလားကျမင်း ကျစွာမင်းနှင့် မျက်ပျဉ်းလည်းကျ... |
17,415 | မြန်မာဘာသာ | ကဗျာသာရတ္ထသတ်ပုံ | ပွါးအံ့ပညာ မှတ်ပါစေ့စုံ ပွတ်ခုံပွတ်ကျေ ကျေပွန်စကား စားသောက်မကျေ မကျေကမ္ဘာ ပြည်ရွာမြို့ကျေး ငှက်ရွှေကျေးနှင့် ယဉ်ကျေးကတ်ကျေး တင်ကျေးကျေးဇူး တထူးကံကျွေး သစ်ပင်ကျွေးက လုပ်ကျွေးဆွမ်းကျွေး ကျွေးမွေးပင့်လေ အကြေအညာ အစာလည်းကြေ သိသိကြေက ပျက်ကြေညက်ကြေ ကမ္ဘာကြေ၍ ကြွေ့ကြွေ့ကျကြွေ အညှာကြွေသော် ကြွေအန်လည်းပစ် ညစ်ကြေးငွေကြေး ငါးကြင်း... |
17,416 | မြန်မာဘာသာ | ကဗျာသာရတ္ထသတ်ပုံ | ထုံးနည်းကျမ်းညီ စီစီကျွတ်ကျွတ် တကျက်ကျက်လျှင် အုပ်ကျက်စိမ်းကျက် ကျက်ကျက်နေပူ နည်းယူလေ့ကျက် ပင့်ရိုးထွက်ရှင့် ကြက်ဆူပင်ရင်း ကြက်ဟင်းခါးရွက် ကြက်သီးထဟန် ဗိတာန်ကြက်ခြင်း ကြက်ငှက်ရေကြက် တောကြက်တွန်ဟန် ကြက်သွန်နီဖြူ ကြွက်ကြွက်ဆူလှိုက် ကြွက်ကြွက်ရိုက်တာ သတ္တဝါကြွက် ကြွက်လျှောက်ရစ်သင့် ကျင့်တင့်တင့်လျှင် ပြုကျင့်မူကျင့် ကျင့်... |
17,417 | မြန်မာဘာသာ | ကဗျာသာရတ္ထသတ်ပုံ | မှတ်ရာတတန် ကိုယ်ထီးကျန်က ဆင်ကျန်ဘုရား ကျန်စစ်သားမင်း မကြွင်းမကျန် မေ့လျော့ကျန်၍ ကျေးကျွန်အလား မကြားကျိုးကျွန် ကျွန်ုပ်ကျွန်နှင့် ရေးဟန်တခန်း မာကျန်းခိုင်ကျန်း ကျန်းတန်းကျန်းမာ ဤသာခံ့ကျန်း ဗညားကျန်းနှင့် ကြီးကျန်းသန်ကျန်း သောင်းကျန်းတုံလေ နွေလည်းကုန်ကျွန်း နေ့ရက်ကျွန်း၍ တုကျွန်းကိုင်းကျွန်း လေးကျွန်းဒီပါ ကျွန်းပြတ်ရွာတွ... |
17,418 | မြန်မာဘာသာ | ကဗျာသာရတ္ထသတ်ပုံ | ဘာသာရေးမြဲ ကျောက်ခဲကျောက်ဖျာ ကျော်ကာကျောက်မြောင်း ကျောက်ထောင်းကျောက်ရစ် ကျောက်ဆစ်ကျောက်စက် ဝက်သက်ကျောက်မျိုး ကျောက်ကုန်းရိုးနောက် ခြေဖြင့်ကျောက်၍ လိပ်ကျောက်စိန်ကျောက် နေရှိန်ကျောက်သို့ ကျောက်ဆောက်ကျောက်ဆောင် ပုဂံတောင်ပါး ကျောက်စကားမှာ ပင့်ရာမြဲပင် ကြောက်ငြင်လန့်ကြောက် ရွံ့ကြောက်ကြောက်ရှက် ရစ်ချစ်တလိုက် ကျိုက်ကျိုက်ဆူပွ... |
17,419 | မြန်မာဘာသာ | ကဗျာသာရတ္ထသတ်ပုံ | ခကွေး၌ဝယ် ပင့်ရစ်ဖွယ်ကား သိလွယ်စေလှ ဓိပ္ပါယ်ပြပိမ့် ချသည်စာပေ ဆင်ခြေလည်းချ မိန့်တော်ချ၍ ပစ်ချရှုတ်ချ ကိုယ်အမ်းချလျက် ကြွေးချမလပ် အရပ်ချနေ ပင့်လေစမြဲ အက်ကွဲခြခြ ခြပိုးရွမှာ ရစ်တို့ရှာရှင့် ကွန်ချာသေချာ ချာချာလှည့်လျက် နေ့ရက်မချာ အလယ်ချာနှင့် ရင်းချာမျိုးဆွေ ပင့်လေစကောင်း ကြောင်းခြာချုပ်ခြာ ဝေဆာရစ်ငြား အများအချိ သည်းခံချ... |
17,420 | မြန်မာဘာသာ | ကဗျာသာရတ္ထသတ်ပုံ | ကျမ်းလာမပျက် ချင့်တွက်ချင့်မိ ထောက်ချင့်သိရိုး လူမျိုးကချင် ချင်ချင်မာသည် ချင်မွတ်သည်ပင် ချင်ချင်ရဲရဲ ချင်မရဲလျှင် ချင်ချင်မရှိ မသိစေချင် ကြံစေချင်မှု ပြုစေချင်ထ တောင့်တသောထွေ မိုးမြေထုတ်ချင်း လျှို့ထုတ်ချင်းလျှင် အချင်းခပ်သိမ်း ချင်းစိမ်းပိတ်ချင်း အချင်းချင်းလျှင် ဘော်ချင်းချင်းနင်း သီချင်းသာချင်း တယောက်ချင်းနှင့် မင်... |
17,421 | မြန်မာဘာသာ | ကဗျာသာရတ္ထသတ်ပုံ | စီစဉ်စုံစေ့ ချမ်းမြေ့ဆိတ်ချမ်း အောင်ချမ်းသာရွာ ချမ်းသာငြိမ်းချမ်း မချမ်းနားမှာ မေတ္တာရေချမ်း ညနေချမ်းနှင့် စောင်ချမ်းသစ်ပင် ပင့်လျှင်မမှား ဝါးခြမ်းခွဲခြမ်း ဆံတခြမ်းမျှ ဝေခြမ်းရစ်ငြား စကားငင်ချိတ် ပုခက်ချိတ်နှင့် ချိတ်မိပေါက်ချိတ် ချွန်းချိတ်ပင့်ခြင်း တသတ်လျှင်းလော့ ကောက်ညှင်းငချိပ် ချိပ်ချိပ်အရောင် ညောင်ချိပ်ဆီးချိပ် ခ... |
17,422 | မြန်မာဘာသာ | ကဗျာသာရတ္ထသတ်ပုံ | ဂအက္ခရာ ပင့်နည်းမှာမူ သတ္တဝါဂျွမ်း လူမျိုးဂျွမ်းနှင့် ရက်ကမ်းဂျွမ်းလျှင် ဤမျှထင်၏ ထိုပြင်တချက် နက္ခတ်သင်္ဂြိုဟ် ရာဇဂြိုဟ်နှင့် သင်္ဂြိုဟ်သည်မှာ ရစ်ရာမပျက် တအက္ခရာ ပင့်ပုံမှာမူ တျာတျာနီထွေး တေးတျာဖွဲ့ချက် တျက်တျက်မာခြင်း တျင်းတျင်းကုန်စင် ဤရွေ့ထင်၏ ထိုပြင်ဗမှာ ဗျာပါဗျာဒိပ် နိမိတ်ဘော်ပြ ဗျူဟသုံးခွင် စစ်ဆင်သဘော ဥဘတောဗျည်း... |
17,423 | မြန်မာဘာသာ | ကဗျာသာရတ္ထသတ်ပုံ | ငအက္ခရာ ရစ်နည်းမှာမူ ငြာကြော်ကြော်ငြာ အာသာလည်းငြိ ကပ်ငြိတပ်ငြိ စွန်းငြိငြိတွယ် ရေးဘွယ်တသီး မငြီးငြီးငွေ့ ခေါ်လေ့ငြူစူ မှတ်ယူတော်ငြား ပြောဆိုငြားနှင့် ပြုငြားမူငြား တွေ့ကြုံငြား၍ မေးငြားအိပ်ငြား နေငြားဆိုချက် ငြိမ့်ငြက်ဘွဲ့နွဲ့ ရူကြောက်ငြိုငြင် ငြိုငြင်စောင်းငြှင်း ကြိမ်ကြိမ်ငြင်း၍ ဆန်ငြင်းငြင်းဆန် တတန်မီငြမ်း ငြမ်းဆော... |
17,424 | မြန်မာဘာသာ | ကဗျာသာရတ္ထသတ်ပုံ | ညအက္ခရာ အကျဉ်းမှာကား ဘယ်ညာတောင်ညာ ကျေညာထွန်းညိ ပြောင်ညိဆိုရိုး ညိုးညိုးညီးညီး တသီးခန့်ညား ကြေထွားညက်ညက် ဆင်းညက်ညက်လျှင် ယာဉ်ညက်သံညင်း ငှက်ဒိန်ညင်းနှင့် မွေးညှင်းစာညှင်း အမဲညှင်းတစ် ညစ်ညမ်းကြည်ညို ပြာညိုတသင်း ရှေးမှကြွင်းမူ သန့်ရှင်းသေချာ သက်သက်သာလျှင် ရေးခါသတိ မူစေသောဝ် ။ |
17,425 | မြန်မာဘာသာ | ကဗျာသာရတ္ထသတ်ပုံ | ပအက္ခရာ ရေးထုံးမှာကို နည်းနာပုံပြင် နိဒါန်းဆင်ပိမ့် ရွှင်ရွင်ပျပျ မရွှင်ပျ၍ ပျောင်းပျချိုပျ တပျပျလျှင် မင်းလွင်မှိုင်းပျ နေအံ့ပျမှာ ပင့်ရာမယွင်း ပြင်းပြင်းပြပြ နေလှမ်းပြ၍ ဖေါ်ပြညွန်ပြ ပေါက်ပြဝှန်းဝါ ပြည်ရွာမြို့ပြ ပြရယ်ဆိုငြား ပြယိုးယားကျောက် လွှဲဖေါက်မရွေ့ ပြကတေ့မှာ ရစ်ရာတလိုက် ယမိုက်ပြာဋိဟာ တောင့်ဆပ်ပြာပင် ခွင်စဖိုပြ... |
17,426 | မြန်မာဘာသာ | ကဗျာသာရတ္ထသတ်ပုံ | ဆင်ခြင်ဤသို့ ပြင်စည်မြို့က ထို့ပြင်သည့်ပြင် ဆင်ပြင်သွင်ပြင် ရွာပန်းပြင်နှင့် ပုံပြင်ပဲ့ပြင် မြေပြင်ပြင်လျာ စိုင်ပြင်ရွာက ပြင်ပပြင်ဆင် မစင်တီးပြင် အပြင်ထလျက် လက်ပြင်သောင်ပြင် ကျပ်ပြင်တွင်းပြင် မင်းရင်ပြင်ဝယ် ပြုပြင်စွဲပြင်း မီးပြင်းကြီးပြင်း ပြင်းပြင်းပြပြ ပြင်းတင်းလှလျက် ငှက်ပြင်းတပါး ငါးမှာငပြင်း ကံပြင်းသစ်ပင် ရစ်ချင်... |
17,427 | မြန်မာဘာသာ | ကဗျာသာရတ္ထသတ်ပုံ | ကျမ်းလာအမြဲ ပျပ်စွဲပျပ်စပ် ပျပ်ငပ်နိမ့်ပျပ် ပျပ်ပျပ်ရိုသေ ပျပ်ပျပ်နေမူ ပင့်လေပသတ် မှတ်လေတတည် ရွှေရည်ဆိုပြွပ် စိန်နှင့်ပြွပ်၍ ပြွပ်ပြွပ်လျှော်ဖွပ် ဆေးဆိုးပြွပ်မှာ ရစ်ကာပသတ် ပညပ်တသီး မြီးပျမ်းပျမ်းမျှ အပင့်ကျ၏ တကွရောပြွမ်း ပြိုးပြွမ်းရစ်မှတ် မသတ်အဟုတ် ဘုတ်ပြိတ်ပြိတ္တာ ရစ်ကာတသတ် ရေးမှတ်ခေါ်မှု ပြုတ်တုချက်ပြုတ် အစပြုတ်ငြား... |
17,428 | မြန်မာဘာသာ | ကဗျာသာရတ္ထသတ်ပုံ | ဖအက္ခရာ ရေးပုံမှာကား နည်းနာထုံးမှီး ဖျသီးမြို့မှ ကြွင်းသမျှကို ဖြအပေါင်းမှာ အရစ်သာဟု စာဆိုငယ်ခေါ် မင်းကျော်ပုံသေ ဆုံးဖြတ်ထွေကြောင့် လိုက်လေဖြဖြ သန်းဖြကိုက်ခဲ ခြကွဲဖြဖြ ဖြဖြလာသည် ရစ်မည်မှန်စွာ အိပ်သည့်ဖျာနှင့် စိတ်ဖျာတံဖျာ ငွေတဖျာရွာ ဖျာဖျာတက်မျှ ပင့်ထအမြဲ လင့်ကဲတဖြာ အဖြာဖြာလျှင် ခက်ဖြာရွက်ချပ် ဖြီးထပ်ပုံဖြီး ဖြီးထွေဆံဖ... |
17,429 | မြန်မာဘာသာ | ကဗျာသာရတ္ထသတ်ပုံ | မြဲမြံမှတ်ရေး ရှေးဖြစ်နှောင်းဖြစ် ယခုဖြစ်နှင့် အဖြစ်သဘော မှန်မောဖြစ်ငြား တားဖျဉ်ဖြောက်ဖျဉ် ဖြေဖျဉ်မညဉ်း စပ်ဖျဉ်းဖျဉ်းနား တက်လာဖျဉ်းဖျဉ်း ဖျဉ်းအိုးပင့်လှည့် ပြည့်အောင်ဖြည့်၍ ဖြည့်ဖြူးဖြည့်တင်း ဖြည်းညှင်းဖြည်းညံ့ ပျံ့ဖြည်းသာဖြည်း ရစ်နည်းစေ့စပ် လန့်ဖျပ်ကိုသာ ပင့်ရာပသတ် ဖျတ်ဖျတ်မြည်ခိုက် ဖျတ်ဖျတ်ရိုက်မှာ ပင့်ရာတသတ် ဆုံးဖြ... |
17,430 | မြန်မာဘာသာ | ကဗျာသာရတ္ထသတ်ပုံ | မအက္ခရာ ရေးနည်းမှာကို သိသာစေလှ ဓိပ္ပါယ်ပြပိမ့် ပျမ်းမျှမည်မျှ တူတမျှနှင့် မျှတဘယ်မျှ အဘီမျှလျှင် အကြင်မျှလောက် ပင့်လေမြောက်လော့ မြကျောက်ရတနာ မြရိပ်ရွာက မြိုးမြိုးမြလျှင် အေးမြချမ်းမြ စိမ်းမြမြနှင့် မြောင်းမြမြို့မှာ ရစ်ပေရာရှင့် မြာတိုင်ငမြာ မြာတောရွာနှင့် မြာမြက်မြာပင် ဖွါးမြင်အမြွာ မျက်မြွာကြွေးမြီ မြောက်မြီသားမြီ မြ... |
17,431 | မြန်မာဘာသာ | ကဗျာသာရတ္ထသတ်ပုံ | ထူးဆန်းမှတ်လွယ် ဓိပ္ပါယ်ပျံ့ပျူး ဥဒါန်းကျူးပိမ့် ညွန့်ဖူးဝါးမျစ် ပျိုမျစ်နုမျစ် ကြောင်ခြင်မျစ်ငြား တပါးစပ်မျစ် ပင့်မြဲဖြစ်၏ မြစ်အောက်ခေါ်ရှောင်း ချောင်းမြစ်ရေမြစ် သစ်မြစ်မြစ်တား ငါးမှာမြစ်ချင်း မြစ်တွင်းရွာသာ ငှက်မှာမြစ်ထွေး ကြောမြစ်ထွေးမှာ ရစ်ရာမပျက် စက်မျည်းမျောက်မျည်း ငိုက်မျည်းခေါ်လေ့ မျဉ်းခွေ့ပြော့မျဉ်း မြို့မိုင်... |
17,432 | မြန်မာဘာသာ | ကဗျာသာရတ္ထသတ်ပုံ | အက္ခရာလ ပင့်ပုံပြပိမ့် နွမ်းလျဝမ်းလျ လျကြည်းပြင်လျာ တသက်လျာနှင့် သည်းလျာမင်းလျာ ကလျာငါးကွင်း ဟင်းလျာကောင်းမွန် တမ်းခွန်ကြက်လျှာ နှုတ်လျှာလျစ်လျူ တူလျောလိုက်လျော ချေလျောတင်းလျော လျော့ညံ့လျော့လျား စကားညီလျော် နှိုင်းလျော်သင့်လျော် တော်လျော်စေ့စပ် ဖွပ်လျှော်ဆေးလျှော် ထန်းလျှော်ပေါ်လျှံ အပေါ်လျှံနှင့် စီးလျှံမီးလျှံ ရောင်လ... |
17,433 | Uncategorized | ကဗျာဥယျာဉ် | ကဗျာဥယျာဉ် |
17,434 | Uncategorized | ကဗျာဥယျာဉ် | နံနက်ခင်းမှာ နေခြည်လင်းတော့ဓမ္မစကူးလ်ကို သွားကြမယ်။ |
17,435 | Uncategorized | ကဗျာဥယျာဉ် | မောင်လည်း လိုက်မယ်၊ ချန်မထားနဲ့မမသွားတော့ ပျင်းလှတယ်။ |
17,436 | Uncategorized | ကဗျာဥယျာဉ် | ဓမ္မစကူးလ်မှာ ဗုဒ္ဓဝင်နဲ့ဘုရားအဆုံးအမ နာယူမယ်။ |
17,437 | Uncategorized | ကဗျာဥယျာဉ် | ဗုဒ္ဓဘာသာ တကယ်ဖြစ်ဖို့ဘုရားစကား နားထောင်ကွယ်။ |
17,438 | Uncategorized | ကဗျာဥယျာဉ် | ဓမ္မစကား ကြားဖန်များတော့နှလုံးသားမှာ ဘုရားတည်။ |
17,439 | Uncategorized | ကဗျာဥယျာဉ် | နှလုံးသားမှာ ဘုရားကိန်းတော့လိမ္မာယဉ်ကျေး လာကြမယ်။ |
17,440 | Uncategorized | ကဗျာဥယျာဉ် | သွားကြမယ်၊ သွားကြမယ်။ |
17,441 | Uncategorized | ကဗျာဥယျာဉ် | ဦးတည်ချက် ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းကနောက်ဆုံးအထိ ပါရမီလူနတ်များစွာ ချမ်းသာရေးမို့အသက်ပေးလို့ ဖြည့်ခဲ့သည်ဗုဒ္ဓမြတ်စွာ သာသနာတွက်တော့ငါပါအသက် ဆုံးစေမည်နောက်မဆုတ်ပေါင် ခုလိုတွေးလို့ကုသိုလ်ရေးမို့ ကြိုးစားမည်။ |
17,442 | Uncategorized | ကဗျာဥယျာဉ် | သဗ္ဗညုဉာဏ်တော်စွမ်းအင် သုံးပါး |
17,443 | Uncategorized | ကဗျာဥယျာဉ် | သိရန်မှန်က မကျန်ရအောင်လုံးဝစုံလင် အကုန်မြင်သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။ |
17,444 | Uncategorized | ကဗျာဥယျာဉ် | သိသည့်တရား များအပြား၌ဟောထားစဖွယ် နည်းသွယ်သွယ်ကိုခြယ်လှယ်စုံလင် အကုန်မြင်သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။ |
17,445 | Uncategorized | ကဗျာဥယျာဉ် | ကျွတ်ထိုက်ကြပေ များဝေနေ၏ဣန္ဒြေစရိုက် သူ့အကြိုက်ကိုနှိုက်ချွတ်စုံလင် အကုန်မြင်သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။ |
17,446 | Uncategorized | ကဗျာဥယျာဉ် | ဉာဏ်တော်စွမ်းပကား ဤသုံးပါးကြောင့်အများဝေနေ ကျွတ်လွတ်စေဖို့မနေမနား သက်တော်အားဖြင့်ကြီးမားလေဘိ ရှစ်ဆယ်ပြည့်၍ပရိနိဗ္ဗာန်စံသည့်တိုင်အောင်သယ်ယူဆောင် ဘုန်းခေါင် ငါတို့ ဘုရားတည်း။ |
17,447 | Uncategorized | ကဗျာဥယျာဉ် | ပညာရှာပါ ငယ်စဉ်အခါ သင်ပါကွဲ့စာများမသင်ချင် တကယ်ပျင်းလျှင် ဖျင်းလိမ့်မှတ်သား။ |
17,448 | Uncategorized | ကဗျာဥယျာဉ် | ဖျင်းတဲ့သူ၊ မတူဘူး လူချင်းဆင်းရဲစွာ နေထိုင်ရမယ်၊ လောကအတွင်း။ |
17,449 | Uncategorized | ကဗျာဥယျာဉ် | ချမ်းသာလို စာကိုတဲ့ အမြဲတတ်ပညာ တန်းကုန်ထိုက်အောင် အားစိုက်လို့ခဲ။ |
17,450 | Uncategorized | ကဗျာဥယျာဉ် | ပညာဉာဏ်မြတ်ရွှေအိုးကို ခိုးဖို့ခက်ခဲ။ |
17,451 | Uncategorized | ကဗျာဥယျာဉ် | လေ့လာပါ ဗုဒ္ဓကြောင်းရာ ကောင်းစွာသိမှ၊ ဗုဒ္ဓကိုလည်း ကြည်ညိုမည်။ |
17,452 | Uncategorized | ကဗျာဥယျာဉ် | ကြည်ညိုသူတွေ ဟောညွှန်ပြမှ စိတ်ကနှစ်ခြိုက် လိုက်ကြမည်။ |
17,453 | Uncategorized | ကဗျာဥယျာဉ် | ဂုဏ်တော်တန်တန် မှန်မှန်ရလို့ ခဏခဏ ရွတ်သင့်သည်။ |
17,454 | Uncategorized | ကဗျာဥယျာဉ် | ရွတ်သော်ရန်စွယ် အန္တရာယ်ကင်းလို့ ကောင်းခြင်းသုခ ရလိမ့်မည်။ |
17,455 | Uncategorized | ကဗျာဥယျာဉ် | အကျိုးနှင့်ကံ ဝေဖန်တတ်မှ ကံကောင်းကံမြတ် ပြုလိမ့်မည်။ |
17,456 | Uncategorized | ကဗျာဥယျာဉ် | ပြုမည် ပြုမည်။ |
17,457 | Uncategorized | ကဗျာဥယျာဉ် | ကိုယ်ကျန်းမာရေး |
17,458 | Uncategorized | ကဗျာဥယျာဉ် | ခြေသည်း၊ လက်သည်း ရှည်တဲ့သူ၊ ဝက်ဝံကြီးနဲ့တူဝက်ဝံကြီးက မောင်ရုပ်ဆိုး၊ သူဘယ်တော့မှ ရေမချိုးရေမချိုးတဲ့ မောင်ညစ်ပတ်၊ နံတယ် နံတယ် အနားမကယ်။ |
17,459 | Uncategorized | ကဗျာဥယျာဉ် | နားလည်အောင် ပြောပြပါ |
17,460 | Uncategorized | ကဗျာဥယျာဉ် | ဘုရားရှိခိုးအိပ်ပါ |
17,461 | Uncategorized | ကဗျာဥယျာဉ် | သားငယ်ငယ် သမီးငယ်ငယ်၊ ဘုရားရှိခိုး အိပ်ပါကွယ်။ |
17,462 | Uncategorized | ကဗျာဥယျာဉ် | (ရှိ)ဂုဏ်တော်ရှိဖို့ တို့ဘုန်းကြွယ်၊ ဘာတွေ ဖြည့်ကျင့်တယ်။ |
17,463 | Uncategorized | ကဗျာဥယျာဉ် | (ခိုး)ဂုဏ်ရှိတာကို ရှိခိုးတော့၊ ရှိခိုးတယ်လို့ ခေါ်တာပေါ့။ |
17,464 | Uncategorized | ကဗျာဥယျာဉ် | ဗုဒ္ဓလမ်းစဉ် အားကိုးပါ |
17,465 | Uncategorized | ကဗျာဥယျာဉ် | ဖေဖေရယ် မေမေရယ်သားသားမီးမီး ချစ်ပါကွယ်၊သားသားမီးမီး ဘာတွေရှိချစ်စရာတွေ အားကြီးရှိ။ |
17,466 | Uncategorized | ကဗျာဥယျာဉ် | ချစ်စရာကောင်းတဲ့ ကလေးငယ်ဘာတွေ ဖြည့်ကျင့်တယ်။ |
17,467 | Uncategorized | ကဗျာဥယျာဉ် | ပြောလွယ် ဆိုလွယ် စိတ်ကောင်းထားယဉ်ကျေးလိမ္မာ ဖြည့်ကျင့်ပွား။ |
17,468 | Uncategorized | ကဗျာဥယျာဉ် | သူ, ငါများတို့ အကျိုးငှါဗုဒ္ဓလမ်းစဉ် အားကိုးပါ၊ပညာရှိကို အားကိုးတော့ချစ်စရာကလေးဖြစ်တာပေါ့။ |
17,469 | Uncategorized | ကဗျာဥယျာဉ် | အားလုံးကောင်းမှ |
17,470 | Uncategorized | ကဗျာဥယျာဉ် | ယဉ်ကျေးလိမ္မာ နေထိုင်ကြ |
17,471 | Uncategorized | ကဗျာဥယျာဉ် | မိဦးဖဦး၊ ဆရာဦးကို၊ ခူး၍နော်ကွဲ့ မစားနဲ့။ |
17,472 | Uncategorized | ကဗျာဥယျာဉ် | ပရမ်းပတာ၊ သူ့ထက်ငါ၊ လုယက်ကာကွဲ့ မစားနဲ့။ |
17,473 | Uncategorized | ကဗျာဥယျာဉ် | ငြိမ်သက်သားနား၊ သတိထား၊ ကောင်းကောင်းစားကွဲ့ ဖိတ်စေနဲ့။ |
17,474 | Uncategorized | ကဗျာဥယျာဉ် | လက်ကိုလျှက်ကာ၊ မစားရာ၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။ |
17,475 | Uncategorized | ကဗျာဥယျာဉ် | နှုတ်ခမ်းပါးနား၊ လျှက်ကာစား၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။ |
17,476 | Uncategorized | ကဗျာဥယျာဉ် | လျှာကိုထုတ်ကာ၊ မစားရာ၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။ |
17,477 | Uncategorized | ကဗျာဥယျာဉ် | ဟင်းရေသောက်ပြန်၊ ရှူးရှူးသံ၊ ဧကန်မပြုနဲ့။ |
17,478 | Uncategorized | ကဗျာဥယျာဉ် | ထမင်းဟင်းပေလျက်၊ သောက်ရေခွက်၊ လက်နှင့်မကိုင်နဲ့။ |
17,479 | Uncategorized | ကဗျာဥယျာဉ် | ထမင်းဟင်းပေလျက်၊ ညာလက်နှင့်၊ ဇွန်းကိုမကိုင်နဲ့။ |
17,480 | Uncategorized | ကဗျာဥယျာဉ် | ထမင်းစားရာ၊ အစားစာ၊ များစွာစကား မပြောနဲ့။ |
17,481 | Uncategorized | ကဗျာဥယျာဉ် | စားပြီးသောအခါ၊ စင်ကြယ်စွာ၊ ဆေးကြောပါကွဲ့၊ ကောင်းကောင်းတဲ့။ |
17,482 | Uncategorized | ကဗျာဥယျာဉ် | သူတော်ကောင်း သူတော်ကောင်း၊သူမတော်လည်း ကိုယ်ကကောင်းဒါမှ သူတော်ကောင်း။ |
17,483 | Uncategorized | ကဗျာဥယျာဉ် | သူတော်ကောင်း သူတော်ကောင်း၊သူတော်လာအောင် ကိုယ်ကကောင်းဒါမှ သူတော်ကောင်း။ |
17,484 | Uncategorized | ကဗျာဥယျာဉ် | သူတော်ကောင်းလေး ဖြစ်စေချင်၊စိတ်ထားလှဖို့ပြင်။ |
17,485 | Uncategorized | ကဗျာဥယျာဉ် | နေ့စဉ်လစဉ် ခန္တီသုံး၊ဒါမှ အမြတ်ဆုံး။ |
17,486 | Uncategorized | ကဗျာဥယျာဉ် | သူယုတ် သူညံ့ |
17,487 | Uncategorized | ကဗျာဥယျာဉ် | သူများအပြစ်ကို စ'မပေးနဲ့ မမေးခင်က ပြောချင်ချင်၊ကိုယ့်ကျေးဇူးကို စ'မပေးနဲ့ မမေးခင်က ပြောချင်ချင်၊သူများကျေးဇူးကို ဘယ်လိုအစ်ထုတ်အင်းမလှုပ် အဲမလှုပ် အင်တင်တင်၊ကိုယ့်ကျေးဇူးကို မမေးမြန်းဘဲသာသာကဲကဲ ပြောချင်ချင်၄-ချက်ကိုက်ရင် အဖော်မလုပ်နဲ့သူယုတ်သူညံ့ ဝေးဝေးကြဉ်...ဝေးဝေးကြဉ်.. ဝေးဝေးကြဉ်။ |
17,488 | Uncategorized | ကဗျာဥယျာဉ် | ဤခရီး နီးသလား |
17,489 | Uncategorized | ကဗျာဥယျာဉ် | လှိုင်းသံ လေသံ ရေသံကြားတော့ပင်လယ်ကြီးနဲ့ နီးလာပြီ။ |
17,490 | Uncategorized | ကဗျာဥယျာဉ် | ဘုရားသံ တရားသံ သံဃာသံကြားတော့နိဗ္ဗာန်ကြီးနဲ့ နီးလာပြီ။ |
17,491 | Uncategorized | ကဗျာဥယျာဉ် | သူမြတ် သူမွန် |
17,492 | Uncategorized | ကဗျာဥယျာဉ် | သူများအပြစ်ဆို မေးမြန်းဦးတော့လျော့လျော့ပေါ့ပေါ့ မှိန်မှိန်ဖော်။ |
17,493 | Uncategorized | ကဗျာဥယျာဉ် | ကိုယ့်ကျေးဇူးကို မေးမြန်းဦးတော့လျော့လျော့ပေါ့ပေါ့ မှိန်မှိန်ဖော်။ |
17,494 | Uncategorized | ကဗျာဥယျာဉ် | ကိုယ့်အပြစ်ဆို မမေးမြန်းလည်းလျှမ်းလျှမ်းတောက်တောက် ထိန်ထိန်ဖော်။ |
17,495 | Uncategorized | ကဗျာဥယျာဉ် | သူများကျေးဇူးကို မမေးမြန်းလည်းလျှမ်းလျှမ်းတောက်တောက် ထိန်ထိန်ဖော်။ |
17,496 | Uncategorized | ကဗျာဥယျာဉ် | သူမြတ်သူမွန် စံချိန်ကိုက်သကွဲ့လှိုက်လှိုက်လှဲလှဲ သာဓုခေါ် (သာဓုခေါ်)၂ |
17,497 | Uncategorized | ကဗျာဥယျာဉ် | ကိုယ့်အတွက် |
17,498 | Uncategorized | ကဗျာဥယျာဉ် | မျက်စိကိုဖွင့် နားကိုစွင့်အသင့်နေပါ ကိုယ့်တွက်တာ။ |
17,499 | Uncategorized | ကဗျာဥယျာဉ် | မျက်စိကိုမှိတ် နားကိုပိတ်တိတ်တိတ်နေပါ ကိုယ့်တွက်တာ။ |
17,500 | Uncategorized | ကဗျာဥယျာဉ် | ကျေးဇူးသိတတ်ပါ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.