id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
17,201 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ခိုသည် အဆွေကျီး... လာလော့၊ အစာရှာအံ့သောငှာ သွားကုန်အံ့ ဟု ဆိုသော်လည်း ငါသည် အစာမကျေခြင်းကြောင့် အိပ်၏။ |
17,202 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | သင်သည် သွားလေလော့ ဟု ဆို၍ အစာရှာ မသွားမူ၍ ထိုခိုသွားသည်ရှိသော် ငါ၏ ဆူးငြောင့်ဖြစ်သော ရန်သူသည် သွားပြီ၊ ယခုအခါ ငါသည် အလိုရှိတိုင်း ငါးအမဲကို စားအံ့ ဟု ကြံလျက်- |
17,203 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ၁၃၅။ ဣဒါနိ ခေါမှိ သုခိတော အရောဂေါ၊နိက္ကဏ္ဋကော နိပ္ပတိတော ကပေါတော။ |
17,204 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ကာဟာမိ ဒါနိ ဟဒယဿ တုဋ္ဌိံ၊တထာဟိ မံ မံသသာကံ ဗလေတိ။ |
17,205 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ၁၃၅။ အဟံ၊ သည်။ |
17,206 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ဣဒါနိ ခေါ၊ ယခုအခါ၌လျှင်။ |
17,207 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | သုခိတော၊ ချမ်းသာသည်။ |
17,208 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | အရောဂေါ၊ ရောဂါမရှိသည်။ |
17,209 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | နိက္ကဏ္ဋကော၊ ဆူးငြောင့်မရှိသည်။ |
17,210 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ကပေါတော၊ ခိုသည်။ |
17,211 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | နိပ္ပတိတော၊ ထွက်သွားလေပြီ။ |
17,212 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ဟဒယဿ၊ နှလုံး၏။ |
17,213 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | တုဋ္ဌိံ၊ နှစ်သက်သော အမှုကို။ |
17,214 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ကာဟာမိ၊ ပြုအံ့။ |
17,215 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | တထာဟိ၊ ထို့ကြောင့်လျှင်။ |
17,216 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | မံသသာကံ၊ အမဲ, အမဲဟင်းမှ ကြွင်းသော ဟင်းသည်။ |
17,217 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | မံ၊ ငါ၏။ ဗလေတိ-ဗလံ ကရောတိ၊ အား, လုံ့လကိုပြု၏။ |
17,218 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | စားဖိုသည်သည် ငါးအမဲကိုချက်၍ စားဖိုအိမ်မှထွက်၍ ကိုယ်မှချွေးကို သုတ်လျက်နေ၏။ |
17,219 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ကျီးသည် တောင်းမှထွက်၍ အမဲကို ဝမ်းပြည့်အောင်စား၍ အမဲကိုထားသော တောင်း၌နား၍ ကိရိ ကိရိ ဟု အသံကို ပြု၏။ |
17,220 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | စားဖိုသည်သည် လျင် မြန်သဖြင့် လာလတ်၍ ကျီးကိုဖမ်း၍ အလုံးစုံသော အတောင်တို့ကို နုတ်၍ စိုသော ချင်း၊ မုန်ညင်းစေ့တို့ကိုရော၍ ပုပ်သော ရက်တက်ရည်ဖြင့် နယ်၍ အလုံးစုံသောကိုယ်ကို လိမ်း၍ တစ်ခုသော အိုးခြမ်းကို သွေး၍ ချည်ကြိုးဖြင့် ထိုကျီး၏ လည်၌ ဖွဲ့ဆွဲ၍ အသိုက်တောင်း၌လျှင်ထား၍ သွား၏။ |
17,221 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ခို၏လှောင်ပြောင်သံ |
17,222 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ခိုသည်လာလတ်၍ ထိုကျီးကိုမြင်၍ ဗျိုင်းသည် အဆွေ ကျီး၏ တောင်း၌အိပ်၏။ |
17,223 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | အဘယ်ဗျိုင်းနည်း၊ အဆွေ ခင်ပွန်းဖြစ်သော ကျီးသည် ကြမ်းကြုတ်၏။ |
17,224 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | လာလတ်၍ သင့်ကို ညှဉ်းဆဲရာ၏ ဟု ပြက်ရယ်ပြုလိုရကား- |
17,225 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ၁၃၆။ ကာယံ ဗလကာ သိခိနီ၊ စောရီ လင်္ဃီ ပိတာမဟာ။ |
17,226 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ဩရံ ဗလာကေ အာဂစ္ဆ၊ စဏ္ဍော မေ ဝါယသော သခါ။ |
17,227 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ဟူသော နှစ်ခုမြောက်သာ ဤဂါထာကို ဆို၏။ |
17,228 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ၁၃၆။ သိခိနီ၊ ဦးစွန်းရှိသော။ |
17,229 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | စောရီ၊ နေရာတောင်းကို ခိုးသော။ |
17,230 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | လင်္ဃီ ပိတာမဟာ၊ မိုးဟူသော အဘိုးရှိသော။ |
17,231 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | အယံ ဗလာကာ၊ ဤဗျိုင်းအောက်မသည်။ |
17,232 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ကာ၊ အဘယ်ဗျိုင်းအောက်မနည်း။ |
17,233 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ဗလာကေ၊ ဗျိုင်းအောက်မ။ |
17,234 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ဩရံ၊ ဤအတွင်းသို့။ |
17,235 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | အာဂစ္ဆ၊ လာလော့။ |
17,236 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | မေ၊ ငါ၏။ သခါ၊ အဆွေ ခင်ပွန်းဖြစ်သော။ |
17,237 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ဝါယသော၊ ကျီးသည်။ |
17,238 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | စဏ္ဍော၊ ကြမ်း၏။ |
17,239 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | မလှောင်ပါနဲ့ ခိုလေးရယ် |
17,240 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ထိုစကားကိုကြား၍ ကျီးသည်- |
17,241 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ၁၃၇။ အလံ ဟိ တေ ဇဂ္ဃိတာယေ၊ မမံ ဒိသွာန ဧဒိသံ။ |
17,242 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ဝိလူနံ သူဒပုတ္တေန၊ ပိဋ္ဌမဏ္ဍေန မက္ခိတံ။ |
17,243 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ၁၃၇။ သမ္မ၊ အဆွေ။ |
17,244 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | သူဒပုတ္တေန၊ စားဖိုသည်သည်။ |
17,245 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ဝိလူနံ၊ အမွှေးအတောင်ကို နုတ်၍။ |
17,246 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ပိဋ္ဌမဏ္ဍေန၊ ချင်း, မုန်ညင်းမှုန့်ဖျော်သော ရက်တက်ရည်ကြည်ဖြင့်။ |
17,247 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | မက္ခိတံ၊ လိမ်းကျံအပ်သော။ |
17,248 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ဧဒိသံ၊ ဤသို့သဘောရှိသော ဆင်းရဲခြင်းရှိသော။ |
17,249 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | မမံ၊ ငါ့ကို။ |
17,250 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ဒိသွာန၊ မြင်၍။ |
17,251 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ဇဂ္ဃိတာယေ၊ ပြက်ရယ်ပြုခြင်းငှာ အလံ၊ မသင့်သလျှင်ကတည်း။ |
17,252 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | သင့်မှာလဲ ပြင်လို့ ဆင်လို့ |
17,253 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ခိုသည် ပြက်ရယ်ပြုလို၍လျှင် တဖန်- |
17,254 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ၁၃၈။ သုနှာတော သုဝိလိတ္တောသိ၊ အန္နပါနေန တပ္ပိတော။ |
17,255 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ကဏ္ဌေစ တေ ဝေဠုရိယော၊ အဂမာ နု ကဇင်္ဂလံ။ |
17,256 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ဟူသော လေးခုမြောက်သော ဤဂါထာကိုဆို၏။ |
17,257 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ၁၃၈။ သမ္မ၊ အဆွေ။ |
17,258 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | သုနှာတော၊ ကောင်းစွာ သုတ်သင်အပ်သည်။ |
17,259 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | သုဝိလိတ္တော၊ ကေင်းစွာ လိမ်းကျံအပ်သည်။ |
17,260 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | အန္နပါနေန၊ ထမင်း အဖျော်ဖြင့်။ |
17,261 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | တပ္ပိတော၊ ရောင့်ရဲသည်။ |
17,262 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | အသိ၊ ဖြစ်၏။ |
17,263 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | တေ၊ သင်၏။ ကဏ္ဌေ စ၊ လည်၌ လည်း။ |
17,264 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ဝေဠုရိယော၊ ဝေဠုရိယပတ္တမြားကို ဆင်ယင်အပ်၏။ |
17,265 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ကဇင်္ဂလံ၊ ဗာရာဏသီပြည်တွင်းသို့။ |
17,266 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | အဂမာ နု၊ သွားချေသလော။ |
17,267 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ထိုနောက်မှ ကျီးသည်- |
17,268 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ၁၃၉။ မာ တေ မိတ္တော အမိတ္တော ဝါ၊ အဂမာသိ ကဇင်္ဂလံ။ |
17,269 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ပိဉ္ဆာနိ တတ္ထ လာယိတွာ၊ ကဏ္ဌေ ဗန္ဓန္တိ ဝဋ္ဋနံ။ |
17,270 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ငါဒုက္ခရောက်ပြီ |
17,271 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ၁၃၉။ ပါရာဝတ၊ ခို။ |
17,272 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | တေ၊ သင်၏။ မိတ္တော ဝါ၊ အဆွေခင်ပွန်းသည်လည်းကောင်း။ |
17,273 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | အမိတ္တော ဝါ၊ အဆွေခင်ပွန်းမဟုတ်သော ငှက်သည်လည်းကောင်း။ |
17,274 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ကဇင်္ဂလံ၊ ဗာရာဏသီမြို့တွင်းသို့။ |
17,275 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | မာ အဂမာသိ၊ မသွားစေလင့်။ |
17,276 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | တတ္ထ၊ ထိုဗာရာဏသီမြို့တွင်း၌။ |
17,277 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ပိဉ္ဆာနိ၊ အမွေးအတောင်တို့ကို။ |
17,278 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | လာယိတွာ၊ နုတ်၍။ |
17,279 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ကဏ္ဌေ၊ လည်၌။ |
17,280 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ဝဋ္ဋနံ၊ အိုးခြမ်းကို။ |
17,281 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ဗန္ဓန္တိ၊ ဖွဲ့ချည်တတ်ကုန်၏။ |
17,282 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | အကောင်းစားချင်ဦး |
17,283 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ထိုစကားကိုကြား၍ ခိုသည်- |
17,284 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ၁၄၀။ ပုနပါပဇ္ဇသီ သမ္မ၊ သီလံ ဟိ တဝ တာဒိသံ။ |
17,285 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | န ဟိ မနုသကာ ဘောဂါ၊ သုဘုဉ္ဇာ ဟောန္တိ ပက္ခနော။ |
17,286 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။ |
17,287 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ၁၄၀။ သမ္မ၊ အဆွေ။ |
17,288 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ပုနပိ၊ တဖန်လည်း။ |
17,289 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ဧဝရူပံ၊ ဤသို့ သဘောရှိသော ဆင်းရဲသို့။ |
17,290 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | အာပဇ္ဇသိ၊ ရောက်လတ္တံ့။ |
17,291 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | တဝ၊ သင်၏။ သီလံ၊ အလေ့သည်။ |
17,292 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | တာဒိသံ၊ ထိုသို့သဘောရှိ၏။ |
17,293 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | မနုသကာ ဘောဂါ၊ လူ၌ဖြစ်ကုန်သော အသုံးအဆောင်တို့သည်။ |
17,294 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ပက္ခိနော၊ ငှက်အား။ |
17,295 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | သုဘုဉ္ဇာ၊ သုံးဆောင်လွယ်ကုန်သည်။ |
17,296 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | န ဟောန္တိ၊ မဖြစ်ကုန်သလျှင်ကတည်း။ |
17,297 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ဤသို့ ဘုရားလောင်းသည် ထိုကျီးကိုဆုံးမ၍ ထိုအိမ်၌ မနေမူ၍ အတောင်တို့ကိုဖြန့်၍ တစ်ပါးသောအရပ်သို့ ပျံ သွား၏။ |
17,298 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ကျီးသည်လည်း ထိုအိမ်၌ပင် အသက်ကုန်ခြင်းသို့ ရောက်၏။ |
17,299 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | ဇာတ်ပေါင်း... သဗ္ဗညူမြတ်ဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ |
17,300 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကပေါတဇာတ် -၂ | သစ္စာတို့ကို ပြသည်၏ အဆုံး၌ လျှပ်ပေါ်သော ရဟန်းသည် အနာဂါမိ ဖိုလ်၌ တည်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.