id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
17,301
ဇာတ်နိပါတ်, မြန်မာဘာသာ
ကပေါတဇာတ် -၂
အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ လျှပ်ပေါ်သော ရဟန်းသည် ထိုအခါ ကျီးဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခိုဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။
17,302
ဇာတ်နိပါတ်, မြန်မာဘာသာ
ကပေါတဇာတ် -၂
ကိုယ်နှင့်မထိုက်၊ လိုချင်လိုက်၊ ကျီးမိုက် သေရပြီ
17,303
ဇာတ်နိပါတ်, မြန်မာဘာသာ
ကပေါတဇာတ် -၂
ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကပေါတဇာတ်သည် ပြီး၏။
17,304
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
သော စတုရာသီတိ ဝဿသဟဿာနိ ကောမာရကီဠံ, တထာ သြပရဇ္ဇံ, တထာ မဟာရဇ္ဇံ ကတွာ ဒီဃမဒ္ဓါနံ ခေပေတွာ ဧကဒိဝသံ ကပ္ပကံ အာမန္တေသိ --- ယဒါ မေ သမ္မ ကပ္ပက သိရသ္မိံ ပလိတာ ပေဿယျာသိ။
17,305
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
အထ မေ အာရောစေယျာသီတိ။
17,306
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
၈၂ ဇာတိ ပုည၊ ဂုဏ မဟတ်၊ သုံးပါးမြတ်သည့်၊ သမတ်မဟာ၊ နတ်ကမ္ဘာမှ၊ စဉ်သာ နွယ်ရိုး၊ မိုးနှယ် မိုးလျက်၊ တန်းခိုး ဘုန်းဟုန်၊ နေအရုဏ်သို့၊ မ*သုန်မဖျင်း၊ ပေးစွန့်ခြင်းနှင့်၊ မကင်း*ကုံင၊ စွယ်စုံလှသား၊ နိစ္စဒိဝသ၊ နိယမဟု၊ ပ ဉ္စ အဋ္ဌ၊ ဒသ သုံးမျိုး၊ မင်းကျင့်ရိုးဖြင့်၊ တခြိုး*တခြံ၊ ကျင့်*မြဲးမြံ၍့၊ ဂုဏ်လျှံပပ၊ ဓမ္မိကနှင့်၊ ဓမ္မရာဇာ၊ မ...
17,307
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
။ နှစ်ပေါင်း ရှစ်သောင့်းလေးထောင်တည်း။
17,308
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
၈၃ ရွယ်ကုမာ †ရ၊ ငယ်နာမနှင့်၊ ထိန်း†ယ လက်ပေါ်၊ ရှစ်သောင်းကျော်အောင်၊ စံပျော် အထူး၊ နှစ်လွန်ကျူး၍့၊ *ရွယ်လူး ရွှေကိုယ်၊ *ဖွံ့ဖွံ့ပျိုသား၊ *တန်စို*ပတ်လျ၊ *လုလင်လှဖြင့်၊ ဒေဝပုတ္တာ၊ နတ် ဤသာသို့၊ ဆင်းဝါ ရုပ်ရောင်၊ တက်ထွန်းပြောင်သော်၊ ဘုန်းခေါင် ဘုန်းထွတ်၊ ခမည်းနတ်လျှင်၊ ထွားမွတ်ရတနာ၊ သားသည်းချာအား၊ မြို့ရွာ ဆင်-မြင်း၊ သင်းပင...
17,309
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
၈၄ ရှစ်သောင့်းလေးထောင်၊ မြာ့းမြောင် ကြာ *ညောင်း၊ နှစ်အပေါင်းဖြင့်၊ မင်းလောင်း *မင်းလျာ၊ စံပြီးခါသော်၊ မိထိလာရွှေပြည်၊ ရွှေနန်း တည်၍့၊ ရွှေစည် ဆော်†တီး၊ ရှစ်ဆူ†ထီးနှင့်၊ စော†ဓီး ဓမ္မရာဇ်၊ လူ့သင်္ကျစ်ဟု၊ ဘုန်းသစ် ဘွင့်နှိုး၊ နှံ့ကျော်ဟိုးအောင်၊ ထက်မိုးဗြဟ္မာ၊ သွန်းမုဒ္ဓါဖြင့်၊ ဇေယျာသဘင်၊ မင်းပွဲး*ရင်၍့၊ မင်္ဂလာအောင်ဟိတ်၊...
17,310
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
(ဤသုံးပိုဒ်အချကား အလုံးစုံ သတ်တူ, သံတူ, ကာရန်တူချရကား သော်တာရောင်ချမျိုးတည်း။
17,311
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
နောက်ဆုံး တတီယပိုဒ်ကား အချီကိုပင် ချသောကြောင့်လည်း စမ္ပယ်ရှေ့ချီနောက်ချတည်း။
17,312
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
ပဒါဝုတ္တိဝင်္ကအလင်္ကာမျိုးလည်း ဖြစ်၏၊)
17,313
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
၈၅ မဟာဒီပေ၊ လေးကျွန်းမြေတွင်၊ ကုဋေ ကိုးသန့်း၊ ခြောက်သိန်းခန့်ဖြင့်၊ စည်ပြန့် ကျယ်*ပြော၊ လွန်သာမောသား၊ သင်္ဘောဆိုက်ရာ၊ ဆိပ်ကြီးစွာနှင့်၊ ရတနာ ဆယ်ပါး၊ ဖြစ်ရာအားလည်း၊ ငါးဆဲ့ခြောက်ခန်း၊ ကိုးသန်း အကိန်း၊ ကိုးသိန်း ကျေးလက်၊ တုတ်ခွန် ဆက်၍့၊ သိပ်နက် အိမ်ခြေ၊ နန်း*ရဝေနှင့်၊ မင်းနေ မြို့ပေါင်း၊ သိန့်းရှစ်သောင်းထက်၊ ကျော်ဆောင်း က...
17,314
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
။ နန်းပေါ် စံမွေ့ ငြိမ့်လေးတည်း။
17,315
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
၈၆ ငြိမ့်လေး မွေ့လျော်၊ ထိုခါရော်တိ၊ နန်းပေါ် စံ *ညောင်း၊ နှစ်အပေါင်းဖြင့်၊ ရှစ်သောင်း လွန်ဆောင်၊ လေးထောင် သုံးစု၊ ပြည့်လု ကြာ*ဓွန့်၊ ကာလ*ကွန့်သော်၊ နွယ်ညွန့်မဟာ၊ ဗောဓိ*လျာတို့၊ ဓမ္မတာ လမ်းရိုး၊ ရွှေဉာဏ်မျိုးဖြင့်၊ ထိုးထိုးထွင်းထွင်း၊ ရှုမျှော်လျှင်း၏၊ “မင်းတို့ဟူသည်၊ နတ်တမည်တိ၊ *ပြောစည် သုခ၊ သောမနနှင့်၊ ကာမစည်းစိမ်၊ ရ...
17,316
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
။ စင်းစင်း ပါယ်ခွင် ရောက်ဆေးတည်း။
17,317
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
၈၇ “ကိုယ်ဟု ပညပ်၊ ဘုတ် လေးရပ်တို့၊ ပေါင်းစပ် ဖြစ်ဟန်၊ လူ့သဏ္ဌာန်နှိုက်၊ ဘောက်ပြန် မ*စဲး၊ တည်ရှိဘဲးတည့်၊ မမြဲး သစ္စာ၊ ကျင့်လေ့လာခဲ့၊” “ဤတဏှာဟူ၊ မိုက်မည်း ထူလည်း၊ တပ်သူ တွေ့ခါ၊ လွှတ်မခွါဘူး၊ ကိလေသာဟုန်၊ ကျဆင်မုန်သို့၊ ကာမဂုဏ်အား၊ ကြိုက်သူဖျားက၊ သားကိုသော်တိ၊ အမိဖြစ်လျက်၊ ငဲ့ကွက် မညှာ၊ စွန့်ပစ်စွာ၏၊” “မိစ္ဆာ လိုကြူး၊ မိုက...
17,318
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
။ ချမ်းသာ ညစ်ကျိ ညစ်ကြေးတည်း။
17,319
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
၈၈ “မဆွရှေးခါ၊ လူတို့မှာတိ၊ ကမ္ဘာဦးက၊ ဗြဟ္မာ ကျ၍့၊ ဗြဟ္မာ့ပမာ၊ ကိုယ်ရောင်ဝါနှင့်၊ အစာ မစား၊ ပီတိအားဖြင့်၊ တည်ငြား ကြည်နူး၊ ပျံမြူးလေ့လာ၊ ကာလ ကြာသော်၊ ရသာမေဒနီ၊ မြေဆီ တပ်လျက်၊ ရာဂ သက်၍့၊ မက်မက်မောမော၊ လောဘဇောဖြင့်၊ လျက်သောခါက၊ စ၍့ ကိုယ်ဝယ်၊ အရောင်ကွယ်ရှင့်၊ ညဉ့်နှယ် မှောင်†ကျ၊ ကြောက်လန့်†ကြကြောင့်၊ ထိုမှ ဤမှ၊ အလင်း တ,သေ...
17,320
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
။ သို့စင် ကြီးလှ ဝဋ်ဘေးတည်း။
17,321
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
၈၉ “အသက် ခန္ဓာ၊ ဟူသည်မှာလည်း၊ ခြင်းရာသဘော၊ ကြောက်ဘွယ်မော၏၊ ကာလော ဃသတိ၊ အစယှိသား၊ ပါဠိဂါထာ၊ ဒေသနာမိန့်ချက်၊ ကျမ်းလာ မြွက်တိုင်း၊ နံနက် မွန်းတည့်၊ နေလှည့် *ဆည်းဆာ၊ နေ့ခါ ညဉ့်ရောက်၊ တမိုးသောက်နှင့်၊ တခေါက်ပြန်ပြန်၊ တဘန်ဘန်လျှင်၊ နက်ဖြန် သဘက်၊ အဆက်ဆက်ဖြင့်၊ နေ့-ရက် မျိုဝါး၊ ကာလ စားသား၊ အများ သူ-ငါ၊ သတ္တဝါတည့်၊” “လူ့ရွာ ဌာန...
17,322
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
။ ဇရာ နေ့-ည လောင်ဆွေးတည်း။
17,323
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
၉၀ “နေ့-ည ညီးညီး၊ ဇရာမီးတို့၊ ဖျက်ဆီး ပြောင်ရဲး၊ တောက်လောင် စွဲး၍့၊ ပျက်မြဲး ဓမ္မတာ၊ မလွဲးသာတည့်၊ သတ္တဝါထိုထို၊ သက်ရှိကိုယ်ကား၊ မဆို*စမာ၊ သက်*မဲ့စွာလျက်၊ စကြဝဠာလောက၊ သြကာသလည်း၊ ကမ္ဘာ့အလေ့၊ ပျက်ချိန် စေ့က၊ ညဉ့်-နေ့ ဝင်းဝင်း၊ နေ နှစ်စင်းတို့၊ တစင်း ဝင်လျက်၊ တစင်း ထွက်ဖြင့်၊ ဆက်ဆက်အညီ၊ ထွန်းပေါ်ချီ၍့၊ ကုန္နဒီပေါင်း၊ မြစ်*...
17,324
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
။ ဤကိုယ် ပျောက်လိမ့် မ†နှေးတည်း။
17,325
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
၉၁ “လေးကျွန်းမြေပြင်၊ ယာဉ် စက်ရှင်ဖြင့်၊ အောင်မြင်တုံလျှင်း၊ ဆင်ပျံမင်းနှင့်၊ နတ်မြင်းရတနာ၊ ချမ်းမြေ့စွာလျှင်၊ လိုရာ လှည့်ပတ်၊ သားကြီးမြတ်ဖြင့်၊ လောကဓာတ်နယ်၊ ဝန်းကျယ် ပတ်ရံ၊ တိုက်နိုင်ငံကို၊ စီမံ မနှောင့်၊ အုပ်ထိန်း စောင့်လျက်၊ ရှစ်မြှောင့်စားစား၊ ပတ္တမြားနှင့်၊ မိဖုရားထွတ်၊ စံလွှတ် တဆူ၊ မြောက်ကျွန်းသူက၊ နတ်တူ မျက်စိ၊ ...
17,326
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
။ ပျက်လွယ် တိမ်ရုပ် တိမ်ရေးတည်း။
17,327
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
၉၂ လူတို့ မာသ၊ တစ်ဧကကား၊ လ၏့ထက်မှ၊ ဗွေအာကာဝယ်၊ ပိတရာနတ်ပြည်၊ တရက် မည်၏၊ ဤသည် လူ့ရွာ၊ ငါတို့မှာလျှင်၊ ဥတ္တရာယာဉ်၊ နေစက်ယှဉ်၍့၊ သွားစဉ် ခြောက်လ၊ ထက်ဒေဝနှိုက်၊ နတ်မျာ့း တနေ့၊ ခေါ်ဓလေ့၏၊ ထိုရွေ့ လ,ကြာ၊ ဒက္ခိဏာမူ၊ နတ်မှာ တညဉ့်၊ ထိုညဉ့် ရေဆ၊ သုံးရာ့ခြောက်ဆယ်၊ ပြည့်ခဲ့*ကယ်သော်၊ နတ်ဝယ် တနှစ်၊ ယင်းနှစ် အဖြောင့်၊ မှန်မထောင့်သား၊...
17,328
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
။ သေးငယ် မှိန်မှိ မှိန်မှေးတည်း။
17,329
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
၉၃ ဤသို့ *၄င်း၊ မြတ်စော*လောင်းလျှင်၊ အသောင်း အသိန်း၊ ရေကိန်း မမျှ၊ ဘဝဝက၊ ဉာဏဝသီ၊ ပါရမီကြောင့်၊ လောကီရိပ်ငြိမ်၊ လူ့စည်းစိမ်နှိုက်၊ စိုးရိမ်*မဲ့လတ်၊ နိမ္မာနတ်သို့၊ သမ္ပတ် သိရီ့၊ တုမယှိအောင်၊ ဓိပတိကြီး၊ ပျော်မငြီးမျှ၊ ရွှေထီး ရွှေနန်း၊ ရွှေ*ကြငှန်းနှင့်၊ စံမြန်း သိမ်မွေ့၊ တည်နေလေ့လည်း၊ ထိုရွေ့ လုပ်လက်၊ ဝိညာဉ်သက်နှင့်၊ အုတ...
17,330
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
၉၄ အရှင်မင်းတိ၊ မှားယွင်းသဖြင့်၊ မကောင်းကျင့်က၊ အသင့် မြစ်တာ၊ ကောင်းရာစီးပွား၊ ယှဉ်စေငြားနှင့်၊ ရှင့်အား ကျေးဇူး၊ အထူး ထင်အောင်၊ ဘုန်းဂုဏ်ရောင်ကို၊ ဆောင်သည် တချက်၊ ရှို့ဝှက်အပ်ရာ၊ ရှိသောခါလည်း၊ လုံစွာ ဝမ်းထဲး၊ ရှို့ဝှက် စွဲး၍့၊ အမြဲး မ*သုန်၊ အရှင့်ဂုဏ်ကို၊ နေရုဏ် ပြိုးပြက်၊ ရွေ့ရွေ့တက်သို့၊ ဆက်ဆက် မကြွင်း၊ နှံ့စေခြင်းက...
17,331
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
။ နားဝ စိမ့်အောင်၊ မြဲး မှတ်ထောင်လော့၊ ဘုန်းခေါင်မဟာ၊ ငါရာဇာ၏့၊ ကေသာ မြရွက်၊ ဥက္ခောင်းထက်နှိုက်၊ အနက် ညှိုးမြန်း၊ အဖြူသန်း၍့၊ ဖြစ်ဆန်း ဖြစ်ကျင်၊ တချောင်း ထင်က၊ လျင်လျင် *ရှောင်းရှောင်း၊ လင့်မ*ညောင်းဘဲး၊ ကျွန်ကောင်း ကျွန်*မွန်၊ ခါမလွန်နှင့်၊ ထိပ်စွန် ဦးပြင်၊ စုံလက် တင်၍့၊ မြင်လျှင် မြင်†ခြင်း၊ ကြာမတင်းသည်။
17,332
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
။ အ†ချင်း တင်စေ မနှေးတည်း။
17,333
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
၉၅ ဤသို့ဟူ၍့၊ လူတို့ဓိပတိ၊ ဘုန်းဘော်ယှိသား၊ ဗောဓိမဟာ၊ မြတ်ရာဇာက၊ ဆရာမ†ကူ၊ သယမ္ဘူဖြင့်၊ ဗုဒ္ဓ†င်္ကူလေ့၊ အောက်မေ့ ကြံမြတ်၊ ဆောက်တည် မှတ်ပြီး၊ ဆတ္တာသမား၊ ထိုယော†က်ျားကို။
17,334
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
။ မြွက်†ကြား ဆတ်ဆတ် မိန့်တော်မှတ်တည်း။
17,335
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာမန္တနခဏ်း
ကပ္ပကာမန္တနခဏ်း (၁၃)ပိုဒ် ပြီး၏၊
17,336
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာရောစနခဏ်း
ကပ္ပကောပိ ဒီဃမဒ္ဓါနံ ခေပေတွာ ဧကဒိဝသံ ရညော အ ဉ္ဇနဝဏ္ဏာနံ ကေသာနံ အန္တရေ ဧကမေဝ ပလိတံ ဒိသွာ ဒေဝ ဧကန္တေ ပလိတံ ဒိဿတီတိ အာရောစေတိ။
17,337
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာရောစနခဏ်း
၉၆ ကပ္ပ ဆေဒနေ၊ မသွေ မှတ်ခင်း၊ ဓာတ်ရင်း ဓာတ်နက်၊ ဏွု,သက်၍့၊ ရုပ်တွက် ပုဒ်ပြီး၊ *အတီး ရှေးက၊ စီရင်ပြသား၊ အနိစ္စဝါဒီ၊ ကမ္ဘီ ကမ္ဘာ၊ ဆက်ဆက် လာ၍့၊ ဝေါဟာ တသီး၊ လိုလို ပြီးသား၊ ဖျက်ဆီး မရ၊ ပသိဒ္ဓဟု၊ နိစ္စဝါဒီ၊ မညီ ဝါဒ၊ နှစ်မျိုးပြလည်း၊ သဒ္ဒါ့အရာ၊ မကြံသာကြောင့်၊ နေဝါနိစ္စ၊ နာနိစ္စဟု၊ ဆရာ့အယူ၊ နှစ်မူ လိုက်ပြု၊ မရုဗိမ္ဗော၊ ဂုဠောပ...
17,338
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာရောစနခဏ်း
။ ရွယ်ပြီး မိုဃ်းကြိုးသဖွယ်တည်း။
17,339
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာရောစနခဏ်း
၉၇ မိုဃ်းကြိုး ထိပ်ဝယ်၊ ရွယ်ပြီ့းနှယ်သို့၊ အကယ်မှတ်၍့၊ ထိုဆတ္တာကျွန်၊ ကြီးသည့်ဝန်ဖြင့်၊ အလွန်ရှည်စွာ၊ ကာလကြာအောင်၊ ပတာ *ပတေ၊ ရိုသေ မမေ့၊ တစေ့စေ့လျှင်၊ ရက်-နေ့ မချာ၊ ရေးရာတစ်ခု၊ လေးကြီး ပြုလျက်၊ ဂရုကတ၊ ကြည့်ရှုရစဉ်၊ နှစ်-လ ရာ-ထောင်၊ မကအောင်တိ၊ *မြားမြောင်ကာလ၊ ရှည်*ကျွန်းမှလျှင်၊ ဧကဒိဝသံ၊ နေ့တရံနှိုက်၊ ဆံတော် မုစ္ဆိတ်၊ ပ...
17,340
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာရောစနခဏ်း
။ ဤသို့ လက်အုပ် ချီရွယ်တည်း။
17,341
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာရောစနခဏ်း
၉၈ ဘဝိဿ †ရိ၊ မဟိဒ္ဓိနှင့်၊ †တြိမဟတ်၊ အမြတ် သုံးဖြာ၊ မ*နှုန်းရာတည့်၊ မဟာသုဒဿန၊ ဘေးလောင်းကလျှင်၊ အစ *ပက†တူး၊ ဘုန်းတော်†ထူး၍့၊ ကျွန်းဦးသပြေ၊ သီးမှည့် ကြွေဖြင့်၊ ရွှေတခဲးနက်၊ ရိုးလက်လက်တိ၊ ကနက္ကဒဏ်၊ မင်းသာ တန်သည့်၊ ထီး*မွန်မင်္ဂလာ၊ မိုးအုပ် ကာလျက်၊ မဟာသမ္မတ၊ ကမ္ဘာစ,က၊ ဗြဟ္မာ့ရုံးဖြစ်၊ ဘုန်းသစ်သစ်နှင့်၊ မျိုးဇာစ် ဇာတိ၊ တုမယ...
17,342
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာရောစနခဏ်း
။ ဥက္ကဌ် ထိပ်နင်း၊ တေဇာပြင်းသား၊ လောင်းမင်းအ†သျှင်၊ ဘဝ†ရှင်၏့၊ ထက်ခွင်+မိုးက၊ +မိုဃ်းကြိုး ချသို့၊ ကြီးလှ ရှိန်ဝါ၊ မိန့် အာဏာကို၊ အာဠာဝက၊ ကုဝေရနှင့်၊ ယမ ဝတ္တဘူ၊ နတ် လေးဆူတို့၊ ဘွဲ့ဖြူ သံချောင်း၊ မျက်စောင်း ဝရဇိန်၊ ရွယ်ချိန် ချီမြှောက်၊ လက်နက်အောက်နှိုက်၊ သက်ပျောက် ဝေမူး၊ သေ*ယူးယူးသား၊ ဘီလူး နတ်ငယ်၊ ကုမ္ဘဏ့်နှယ်သို့၊ နှ...
17,343
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာရောစနခဏ်း
။ ရှစ်သောင်း စင်ခဲ့ပြီဘုရား။
17,344
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာရောစနခဏ်း
၉၉ မဟိဿရိ၊ စက်ရဝိသို့၊ ကြီးဘိ တေဇော်၊ တိုက်လုံးကျော်၍့၊ ဘိုးတော် ရန်လှည်း၊ ခမည်း ရန်နှိပ်၊ ဘုန်းဆိပ် ပြင်းစွာ၊ မြတ်ရာဇာတို့၊ စံရာ ရန်အောင်၊ နန်းဆောင်ဆောင်နှင့်၊ ရွှေရောင် ချိုး†ချက်၊ အောင်မြေ†ချက်ဟု၊ ရွှေ†ချက်တော်သို၊ *နဂိုရ် ဘူမိ၊ *သေဉ်ဇာတိထက်၊ သိရီ့ လျှံတိတ်၊ ပြည်မလိတ်နှိုက်၊ အာဒိတ်ကာလ၊ ကုမာရက၊ ဥပရာဇာ၊ ရွှေနန်း*လျာဟု...
17,345
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာရောစနခဏ်း
။ တစ်ချောင်း ထင်ခဲ့ပြီဘုရား။
17,346
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာရောစနခဏ်း
၁၀၀ ဇနိဿရိ၊ ဓိပ္ပတိဟု၊ လောကီ့ ကိုးရာ၊ စိုးထွတ်ချာတည့်၊ ရွှေသမ္ဘာဟုန်၊ မဟာဂုဏ်နှင့်၊ ဆန်-စုန် မြေ-မိုး၊ တန်းခိုး ဝှန်†ချောက်၊ ဘုန်းရှိန် တောက်၍့၊ ပိန်†ခြောက် ရာစင်း၊ ကြောံရွံ့ ပြင်းလျက်၊ သတင်း လူ့ဘောင်၊ မဆံ့အောင်လျှင်၊ မိုးခေါင် နတ်†ခြောက်၊ အနှံ့ ပေါက်၏၊ ထုတ်†ချောက် မြင်းမိုရ်၊ ဗွေ ကမ္ဗိုလ်ထက်၊ လိုတော်ယှိတိုင်း၊ တွန့် မ...
17,347
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာရောစနခဏ်း
။ နှစ်ပေါင်း *ဖြင်ခဲ့ပြီဘုရား။
17,348
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာရောစနခဏ်း
(၅) (ဤသုံးပိုဒ်ကား အချီ-အချ 'ကိုးတွင်းပြည့်'ချည်း။
17,349
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာရောစနခဏ်း
။ 'ခဲ့ပြီဘုရား'ချည်း ချရကား၊ 'သော်တာရောင်'ချ၊ ပိုဒ်ပေါင်း ၈၀- စီညီသဖြင့်။
17,350
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာရောစနခဏ်း
' ထူးဆန်းထွေလာ'လည်း ဟူ၏၊)
17,351
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာရောစနခဏ်း
၁၀၁ ဤသို့ ဆတ္တာ၊ ကျွန်ရင်း †ချာလျှင်၊ ကြောင်း†ခြာ မတိမ်း၊ ခပ်သိမ်း အ†ချင်း၊ ချန် မချွင်းသည့်။
17,352
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာရောစနခဏ်း
။ ချက်†ခြင်း မြင်+လျောက်၊ တင်+လျှောက် သံတော်၊ ထိပ်ပေါ် လက်မြှောက် ချီလတ်တည်း။
17,353
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာရောစနခဏ်း
(၆) (၁၅)-လုံးချ 'မဏိဥပြည်း'ချနည်း)
17,354
လင်္ကာ, မြန်မာဘာသာ
ကပ္ပကာရောစနခဏ်း
ကပ္ပကာရောစနခဏ်း (၆)ပိုဒ် ပြီး၏၊
17,355
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
ဝိနည်းဒေသနာတော်နှင့် ကပ္ပိယကာရဏ
17,356
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
ခဲဖွယ်ဘောဇဉ်နှင့် စပ်လျဉ်းသော ကပ္ပိယာဝန်များ
17,357
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
ခဲဖွယ်ဘောဇဉ်ကို အပ်စပ်အောင်ပြုလုပ်၍ ဆက်ကပ်ခြင်း
17,358
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
ဖျော်ရည်၊ ဆေးနှင့် စပ်လျဉ်းသော ကပ္ပိယ တာဝန်များ
17,359
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
သင်္ကန်း၊ ကျောင်းနှင့် စပ်လျဉ်းသော ကပ္ပိယတာဝန်များ
17,360
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
သင်္ကန်းနှင့်စပ်လျဉ်းသော ကပ္ပိယတာဝန်များ
17,361
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
ကျောင်း အိပ်ရာ နေရာတို့ကို အပ်စပ်အောင် လှူဒါန်းခြင်း
17,362
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
ရွှေ ငွေ ရတနာ ပစ္စည်းများနှင့် စပ်လျဉ်းသော ကပ္ပိယတာဝန်များ
17,363
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
ရဟန်းသံဃာနှင့် လူဒကာများဆက်ဆံရေး
17,364
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
ကပ္ပိယကောင်းတစ်ယောက်
17,365
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
စိရံ တိဋ္ဌတု သဒ္ဓမ္မော
17,366
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
နိဒါန်း လူနတ်ဗြဟ္မာ သတ္တဝါအားလုံးတို့၏ အကျိုးစီးပွား များပြားတိုးတက်စေရန်အတွက် မြတ်စွာဘုရားရှင်သည် ဤ ကမ္ဘာလောက၌ ပွင့်ထွန်းတော်မူခဲ့ပါသည်။
17,367
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
ယင်းကဲ့သို့ မြတ်စွာဘုရား ပွင့်တော်မူလာသောအခါ “ဘုရားရတနာ ဟူသော ရတနာမြတ်ကြီးတစ်မျိုးသည် လောကတွင် ထူးခြားစွာ ပေါ်ပေါက်လာပါသည်။
17,368
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
ထို့နောက် သက်တော် ထင်ရှား ထိုဘုရားသခင် ဟောကြားအပ်သောတရားရတနာ” ဟူသော ရတနာထူး တစ်မျိုးသည်လည်း ပေါ်ပေါက်လာခဲ့ပါသည်။
17,369
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
ထိုဘုရားရှင် ဟောကြားအပ်သော သံသရာ လွတ်မြောက်ရေး ဘဝငြိမ်းချမ်းရေး တရားတော်ကို လိုက်နာ ကျင့်ကြံကြသောသူများလည်း ပေါ်ထွက်လာပါသည်။
17,370
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
ထိုသူ များထဲမှ လောကီလူ့ဘောင်ကို ခွာရှောင်၍ အိမ်ရာမထောင် ရဟန်းဘောင်သို့ ဝင်ရောက်လာသူများ ရှိလာကြပြန်သဖြင့် “သံဃရတနာ”လည်း ပေါ်ထွန်းလာပါသည်။
17,371
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
ထိုရတနာမြတ် သုံးပါးသည်ကား လူ့လောက၏ အမြင့်မြတ်ဆုံးသော ရတနာများ ဖြစ်ကြပါသည်။
17,372
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
[ခ] ထိုရတနာမြတ်သုံးပါးတွင် သံဃာရတနာသည် မျက်ဝါးထင်ထင် ဖူးမြင်တွေ့ကြုံ ဆက်ဆံနေရသော ရတနာ ဖြစ်ပါသည်။
17,373
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
သံဃာတော်တို့ အဆက်မပြတ် ကြိုးပမ်းမှုကြောင့် ဓမ္မရတနာပိဋကစာပေပရိယတ္တိသာသနာတော်ကြီး ယခုထက်တိုင် အပြည့်အစုံ တည်ရှိနေခြင်း ဖြစ်ပါသည်။
17,374
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
သံဃာရတနာ၏ ကျေးဇူးကြောင့် ရတနာမြတ်သုံးပါးလုံး လောက၌ အထင်အရှား တည်ရှိနေခြင်း ဖြစ်ပါသည်။
17,375
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
အရိယာသံဃာ၊ သမ္မုတိသံဃာဟူ၍ နှစ်မျိုးရှိရာတွင် အရိယာသံဃာတော်များမှာ မဂ်ဉာဏ်ဖြင့် ကိလေသာတို့ကို ပယ်သတ်ပြီး ဖြစ်ပါသည်။
17,376
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
သောတာပန်အရိယာသံဃာတော် သည်ပင် ဒိဋ္ဌိ ဝိစိကိစ္ဆာ ကိလေသာ သောင်းကျန်းမှုကင်းစင်ပြီး ဖြစ်သဖြင့် လူနတ်ဗြဟ္မာသတ္တဝါတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပြီ ဖြစ်ပါသည်။
17,377
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
သကဒါဂါမ် အရိယာသံဃာမှာ ကိလေသာများ ပို၍ နည်းပါးလာပါသည်။
17,378
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
အနာဂါမ်အရိယာ သံဃာမှာမူ ကာမရာဂ ဗျာပါဒတို့ကို ပယ်သတ်ပြီးဖြစ်၍ ကာမဂုဏ် လှုပ်ရှားမှုတို့ မရှိတော့ပါ။
17,379
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
ရဟန္တာ အရိယာ သံဃာတော် ဖြစ်ပါမူကား ကိလေသာဟူ၍ မြူငွေ့မျှမကျန် သန့်စင်ပြီး ဖြစ်သဖြင့် ဒက္ခိဏေယျ ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်ပါပေသည်။
17,380
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
[ဂ] အရိယာသံဃာနှင့် အလားတူပင် မြတ်စွာဘုရား သာသနာတော်မြတ်ကြီး အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲရေးအတွက် အားထုတ်ကြိုးပမ်းနေကြသော သမ္မုတိသံဃာတော်များလည်း ရှိပါသေးသည်။
17,381
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
သမ္မုတိသံဃာဟူသည်မှာ မြတ်စွာဘုရားရှင် ခွင့်ပြုတော်မူထားသော ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ကံဆောင်ကာ သိမ်ဝင်၍ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်တော်မူသော သံဃာတော်များ ဖြစ်ပါသည်။
17,382
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
ထိုသမ္မုတိ သံဃာတော်တို့မှာ မြတ်စွာဘုရား၏ ဝိနည်းဒေသနာ အာဏာတော်ပညတ်ချက်ဖြင့် သာသနာ့တာဝန်ကို ထမ်းဆောင်နေ ကြရသည့် ဘုရားသားတော် သံဃာတော်များ ဖြစ်ပါသည်။
17,383
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
အရိယာသံဃာဟု ခေါ်ဆိုရသော အရိယာပုဂ္ဂိုလ်တို့သည် ယနေ့နံနက်မှ သာသနာ့ဘောင်သို့ ဝင်ရောက်လာသော သမ္မုတိနွယ်ဝင် သာမဏေရှင်ငယ်ကိုပင် ရှိခိုးဦးချရလေသည်။
17,384
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
မြတ်စွာဘုရား၏ သားတော် ရဟန်းသာမဏေဘဝကား မြင့်မြတ်လှပေသည်။
17,385
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
လူ့ဘဝတုန်းက မည်သည့်မျိုးနွယ် မည်သို့ သော အခြေအနေပင်ရှိနေပါစေ သံဃာတော်ဘဝ ရောက်လာသည့်နှင့် တပြိုင်နက် သာကီဝင်မင်းသား ဘုရားသားတော် ဟူသော အမည်ထူးကို ရရှိကာ မြင့်မြတ်သူဘဝသို့ ရောက်လာတော့သည်။
17,386
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
လူနတ်ဦးခိုက် ပူဇော်ဖူးမြော်ထိုက်သူ
17,387
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
[ဃ] ဖြစ်လာသည်။
17,388
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
မြတ်စွာဘုရား၏ အမိန့်အာဏာတော်သည်ကား ဤမျှပင် အင်အားသတ္တိ ပြည့်ဝလှပေသည်။
17,389
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
မြတ်စွာဘုရား၏ ဝိနည်းအာဏာတော်များကို လုံခြုံအောင် ထိန်းသိမ်းနေလျှင် တမလွန်ဘဝကောင်းသို့ ရောက်ရ မည်မှာ ဧကန်ပင် ဖြစ်လေသည်။
17,390
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
ထိုမျှ အစွမ်းထက်မြက် လှသည့် ဝိနည်းသိက္ခာပုဒ်တော်များကို လုံခြုံအောင် စောင့်ထိန်းရန် ခမည်းတော်ဘုရား၏ အမိန့်တော်စကားများကို မြေဝယ်မကျ လိုက်နာရန်မှာမူ ဘုရားသားတော် ရဟန်းတော်တို့၏ ကျင့်စဉ်ပင် ဖြစ်လေသည်။
17,391
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
ရဟန်းတော်တို့ ဘုရား စကားတော်ကို လိုက်နာလေလေ ဘုရားအဆုံးအမ သာသနာတော်သက်တမ်း ရှည်လေလေ ဖြစ်ပေသည်။
17,392
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
ထိုသို့ ရဟန်းတော်မြတ်တို့ သာသနာပြုနိုင်ရန်အတွက် ဒါယကာ၊ ဒါယိကာမများဘက်ကလည်း တတ်နိုင်သမျှ ကူပံ့ရန် လိုအပ်လာသည်။
17,393
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
သာသနာတော်နှင့် စပ်၍ အသက် အပ်ကာ ကြည်ညိုသဒ္ဓါဖြင့် ဆောင်ရွက်ပေးတတ်သည့် ကပ္ပိယ ကောင်းတို့ ပေါ်ထွက်လာရန် အထူးလိုအပ်လာပါသည်။
17,394
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
သာသနာတော်နေဝန်း အစဉ်ထွန်းလင်းတောက်ပနေစေရန် တာဝန်သည် ဗုဒ္ဓဘာသာဝင်တိုင်း၏ အဓိကတာဝန် ဖြစ်ပေသည်။
17,395
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
[င] သို့ဖြစ်၍ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွား ထွန်းကားစေလိုသော ကောင်းမြတ်လှသည့် သမ္မာဆန္ဒ မနသိကာရ ရှိကြသော သာသနာရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးမျိုးညွန့်၊ ဒုတိယဝန်ကြီးဦးအောင်ခင် အမှူးပြုသော သာသနဒါယကာကြီးများက ကပ္ပိယများနှင့် စပ်ဆိုင်သော ဝိနည်းစာပေနှင့် ညီညွတ်သည့် စာအုပ်တစ်အုပ် ပေါ်ထွက် လာရန် တိုက်တွန်းခ...
17,396
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
ထိုတိုက်တွန်းချက်ကို ခံယူ၍ သာသနာတော် ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစန်းလွင်သည် မိမိဌာနတွင်းရှိ ပိဋကစာပေ နှံ့စပ်ကျွမ်းကျင်သော ဓမ္မာစရိယဘွဲ့ရ ပုဂ္ဂိုလ်များကို စုစည်း၍ “ကပ္ပိယကောင်း တစ်ယောက်”စာအုပ် ပြုစုရန် အောက်ပါပုဂ္ဂိုလ်တို့ကို ဦးဆောင်စေလျက် တာဝန်ပေးအပ်ခဲ့ပါသည်-
17,397
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
(၁) ဦးအောင်သိန်းညွန့် လက်ထောက်ညွှန်ကြားရေးမှူး (ပထမကျော်၊ ဓမ္မာစရိယ၊ ဘီအေ-အင်္ဂလိပ်)
17,398
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
(၂) ဦးစိုးတင့် ဦးစီးအရာရှိ (သကျသီဟဓမ္မာစရိယ၊ စေတိယင်္ဂဏဓမ္မာစရိယ၊ အစိုးရ ဓမ္မာစရိယ)
17,399
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
(၃) ဦးကိုကိုမြိုင် ဦးစီးမှူး (ဓမ္မာစရိယ-ဘီအေ)
17,400
ဝိနည်း, မြန်မာဘာသာ
ကပ္ပိယကောင်းတစ်ယောက်
[စ] (၄) ဦးလှသိန်းထွဋ် ဦးစီးမှူး ဦးစီးမှူး (ဘာသာပြန်) (ဓမ္မာစရိယ-ဘီအေ၊ ဗဟိုတရားရုံးရှေ့နေ)