id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
18,101 | နိုင်ငံတော်သီချင်းများ, မြန်မာနိုင်ငံ, မြန်မာဘာသာ | ကမ္ဘာမကျေ | ပြည်ထောင်စုအမွေ၊ အမြဲတည်တံ့စေ၊ |
18,102 | နိုင်ငံတော်သီချင်းများ, မြန်မာနိုင်ငံ, မြန်မာဘာသာ | ကမ္ဘာမကျေ | အဓိဋ္ဌာန်ပြုပေ၊ ထိန်းသိမ်းစို့လေ ။ |
18,103 | နိုင်ငံတော်သီချင်းများ, မြန်မာနိုင်ငံ, မြန်မာဘာသာ | ကမ္ဘာမကျေ | (ကမ္ဘာမကျေ၊ မြန်မာပြည်၊ |
18,104 | နိုင်ငံတော်သီချင်းများ, မြန်မာနိုင်ငံ, မြန်မာဘာသာ | ကမ္ဘာမကျေ | တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ။ |
18,105 | နိုင်ငံတော်သီချင်းများ, မြန်မာနိုင်ငံ, မြန်မာဘာသာ | ကမ္ဘာမကျေ | ) ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ၊ |
18,106 | နိုင်ငံတော်သီချင်းများ, မြန်မာနိုင်ငံ, မြန်မာဘာသာ | ကမ္ဘာမကျေ | ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေ။ |
18,107 | နိုင်ငံတော်သီချင်းများ, မြန်မာနိုင်ငံ, မြန်မာဘာသာ | ကမ္ဘာမကျေ | တို့ပြည် တို့မြေ အကျိုးကို ညီညာစွာတို့တစ်တွေ |
18,108 | နိုင်ငံတော်သီချင်းများ, မြန်မာနိုင်ငံ, မြန်မာဘာသာ | ကမ္ဘာမကျေ | ထမ်းဆောင်ပါစို့လေ တို့တာဝန်ပေ အဖိုးတန်မြေ။ |
18,109 | နိုင်ငံတော်သီချင်းများ, မြန်မာနိုင်ငံ, မြန်မာဘာသာ | ကမ္ဘာမကျေ | Category:နိုင်ငံတော်သီချင်းများ |
18,110 | ကုလသမဂ္ဂ, အပြည်ပြည်ဆိုင်ရာတရားရုံး, မြန်မာဘာသာ | ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ပဋိညာဉ်စာချုပ်နှင့် အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဥပဒေ | Category:အပြည်ပြည်ဆိုင်ရာတရားရုံး |
18,111 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကမ္မဋ္ဌာနဒီပနီ - ပဌမ လယ်တီဆရာတော် |
18,112 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မာတိကာ အဘိယာစကနှင့် ပဋိညာဉ် ဒုလ္လဘဟူသော အက္ခရာတံဆိပ်ကြီး မနုဿတ္တ ဒုလ္လဘကို ပြဆိုခြင်း နခသိခသုတ္တန် သုဂတိ ဒုဂ္ဂတိနှစ်ရပ် ကာဏကစ္ဆပေါပမသုတ္တန် အဘိဓမ္မာ ဉာဏဝိဘင်း အဋ္ဌကထာအရ ပြဆိုပုံ ဒိဋ္ဌိကို စွန့်ခွာရန် ဉာဏ်ဆီမီး ရှာရန် ရေ၌ချအပ်သော ကျောက်ကြီးဥပမာ လူ့ပြည် လူ့ရွာ ဘဝပဒေသာ ဗုဒ္ဓုပ္ပါဒ ဒုလ္လဘကို ပြဆိုခြင်း ဘုရားဖြစ်... |
18,113 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | “ကမ္မဋ္ဌာန ဒီပနီ” |
18,114 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သက္ကရာဇ် ၁၂၆၅-ခု၊ ဝါဆိုလအတွင်း၊ ရန်ကုန်မြို့မှ မုံရွာမြို့သို့ လာရောက်၍ မုံရွာမြို့ အနောက်တောင် ခရီး မြန်မာ တစ်တိုင်ကျော်အကွာ လက်ပံတောင်းတောင် ဝါဆိုစြင်္ကံကျောင်း၌ ဝါတွင်း သုံးလပတ်လုံး ဥပုသ် စောင့်ထိန်းလျက် သမထဝိပဿနာ တရားများကို ကြိုးစားအားထုတ် ၍နေသူ၊ ရန်ကုန်မြို့ ပုဇွန်တောင် တောင်လုံး ပြန်ရပ်နေ ဓာတ်ဆရာကြီး ဆရာမြို့ သည... |
18,115 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဒုလ္လဘဟူသော အက္ခရာတံဆိပ်ကြီး |
18,116 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဒုလ္လဘတရားငါးပါး ဆိုသည်ကား - အကြင်မူလတရား ငါးပါးကို တွေ့ကြုံရရှိ ခဲ့သည်ရှိသော် အလွန်မြင့်မြတ်ကြီးကျယ်သော အကျိုးအာနိ သံသ အနန္တကို ရယူနိုင်၏၊ ထိုမူလတရားငါးပါးကို လောက၌အများ ကြားသိ သတိရရှိစေကြရန် ကမ္ဘာတန်းဆာ အက္ခရာ တံဆိပ်ကြီးပြု၍ ဘုရား အစရှိသော ပညာရှိကြီးတို့ ဒုလ္လဘ တရားငါးပါး ဟု နတ် လူအများ သိထင်ရှားအောင် ထုတ်ဖေါ် မြွက်က... |
18,117 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အကျိုးအာနိသံသ အနန္တကို အရယူနိုင်ကြရန်ထုတ်ဖေါ် မြွက်ကြားထားတော်မူခဲ့ရင်း ဖြစ်၍လည်း ထိုအကျိုးအာနိသံသ အနန္တကို ရယူနိုင်ကြသော သူတို့သည်သာလျှင် ထိုထိုဒုလ္လဘကို တွေ့ကြုံကြ ရသူ မည်ကုန်၏၊ အကျိုးအာနိသံသ အနန္တကို မရမယူ နိုင်ကြသော သူတို့သည် ထိုထိုဒုလ္လဘကို တွေ့ကြုံကြရသူဟူ၍ မဆိုစလောက်ကုန်။ |
18,118 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဒုလ္လဘတရား ငါးပါးတို့တွင် မနုဿတ္တဒုလ္လဘကို ရှေ့ဦးစွာပြဆိုရာ၏။ |
18,119 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - လူအဖြစ် အဘယ်သို့ ရခဲသနည်း။ |
18,120 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | - လူ့အဖြစ်ကို ရရှိခဲ့သည်ရှိသော် အဘယ်အကျိုးအာနိသံသ အနန္တကို ရယူနိုင်ကြ သနည်း။ |
18,121 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အမေးပုစ္ဆာ ၂-ချက်။ |
18,122 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မနုဿတ္တ ဒုလ္လဘကို ပြဆိုခြင်း |
18,123 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | နခသိခသုတ္တန် |
18,124 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | “လူ၏အဖြစ်ကို အဘယ်သို့ ရခဲသနည်း” ၏၊ အဖြေကား မြတ်စွာဘုရားသည် လက်သည်းတော် ပေါ်၌ မြေမှုန့်ငယ်တို့ကို တင်ထားတော်မူ၍ - “ရဟန်းတို့ - မဟာပထဝီမြေကြီးပေါ်မှာ ရှိနေသော မြေမှုန့်စုနှင့် ငါ၏ လက်သည်း ပေါ်တွင် တင်ရှိ သော မြေမှုန့်စုသည် အဘယ်က များသနည်း” ဟုမေးတော်မူ၏။ |
18,125 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | “နှိုင်းယှဉ်ခြင်းငှါပင် မထိုက်၊ လက်သည်းတော်ပေါ်ရှိ မြေမှုန့်စုကား အလွန်နည်းလှ ပါ၏၊ မဟာ ပထဝီမှာရှိနေသော မြေမှုန့်စုကား အလွန်တရာ များလှပါ၏” ဟု လျှောက်ကြကုန်၏။ |
18,126 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုအခါ - “ရဟန်းတို့ သုဂတိဘုံမှ စုတေကြသူ အပေါင်းတို့တွင် သုဂတိဘုံသို့ ရောက်နိုင်သူ တို့ကား လက်သည်းတော်ပေါ်တွင် တင်ရှိသော မြေမှုန့်အလားကဲ့သို့ အလွန်နည်းပါး လှ၏၊ အပါယ်ဘုံသို့ ရောက်ကြသူတို့ကား မဟာပထဝီ မြေမှုန့်အလား ကဲ့သို့ အလွန်တရာ များလှ၏” ဟု ဟောတော် မူပေ၏။ |
18,127 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသုတ္တန်ကို “နခသိခသုတ်” ဟုခေါ်တွင် ထင်ရှား၏၊ အလွန်တရာ များပြား လှသည့် အတွက်ကြောင့် မဟာပထဝီရှိ မြေမှုန့်ကို ဥပမာပြုတော်မူသည် ဟု သိရာ၏။ |
18,128 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသုတ်ကို မြော်ထောက်၍ တစ်ယောက်တစ်ယောက်သော သတ္တဝါ၏ အနမတဂ္ဂ အတိတ် သံသရာ၌ ကျင်လည်၍ လာခဲ့ရာ သုဂတိ ဒုဂ္ဂတိဘဝ အလားကိုလည်း သိမြင်နိုင်ရာ၏၊ အဘယ် ကဲ့သို့ သိမြင်နိုင်ရာသနည်း ၊ သုဂတိဘုံ၌ ငါဖြစ်ခဲ့သော ဘဝစုကား လက်သည်းတော်ပေါ်ရှိ မြေမှုန့် အလားကဲ့သို့ အလွန်နည်းပါးလှ၏၊ ဒုဂ္ဂတိဘုံ၌ ငါဖြစ်ခဲ့သော ဘဝတို့ကား မဟာပထဝီရှိ မြေမှုန့် အလားကဲ့သို... |
18,129 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုစကားမှန်၏၊ အနမတဂ္ဂ သံသရာ၌ ကျင်လည်၍လာခဲ့သော တစ်ယောက် တစ်ယောက်သော သတ္တဝါ၏ သုဂတိဘဝသည် ဤမျှလောက် နည်းပါးသည့် အတွက် ကြောင့်သာလျှင် သုဂတိဘုံရှိ သတ္တဝါခပ်သိမ်းကို အကုန်ပေါင်းစု၍ အချုပ်တရား ဟောကြားရာ၌ သုဂတိဘဝသို့ ရောက်နိုင်သူ ထိုမျှလောက် နည်းပါးခြင်း ဖြစ်နိုင် လေသတည်း၊ အနာဂတ်သံသရာမှာ ကျင်လည်ကြရာ၌လည်း ဤနည်းအတူ သိကြလေ။ |
18,130 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား နခသိခသုတ္တန် ဒေသနာတော်အရကို ဖော်ပြသော အချက်တည်း။ |
18,131 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုသုတ္တန် ဒေသနာတော်အတိုင်း သိမြင်ယုံကြည်နိုင်ရန် အချက်ကိုပြဆိုအံ့။ |
18,132 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | စိတ္တက္ခဏ မည်သည် မျက်တောင်တစ်ခတ် လျှပ်တစ်ပြတ်ခန့် ကာလ၌ ကုဋေ တစ်သိန်းမက အဖြစ်မြန်သည်ဟူ၍ ကျမ်းဂန်ဆိုရိုး ရှိ၏။ |
18,133 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သဗ္ဗေ တေ အဓောဂင်္ဂမနီယာ၊ သဗ္ဗေ တေ ဥပရိဘာဂင်္ဂမနီယာ။ |
18,134 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | (သလ္လေခသုတ် ပါဠိတော်) |
18,135 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သဗ္ဗေ - အလုံးစုံကုန်သော၊ တေ -ထို အကုသိုလ်ဟူသမျှတို့သည်၊ အဓောဂင်္ဂမနီယာ - အောက်သို့ စုန်ဖို့ချည်း ဖြစ်ကြကုန်၏။ |
18,136 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သဗ္ဗေ - အလုံးစုံကုန်သော၊ တေ - ထို ကုသိုလ်ဟူသမျှတို့သည်၊ ဥပရိဘာဂင်္ဂမနီယာ - အထက်သို့ ဆန်ဖို့ချည်း ဖြစ်ကြကုန်၏။ |
18,137 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဇနကသတ္တိ အားဖြင့်လည်းကောင်း, ဥပနိဿယသတ္တိ အားဖြင့်လည်းကောင်း အကုသိုလ်ဖြစ်အံ့၊ တစ်ခု, တစ်ခုသော စိတ္တက္ခဏသည် တစ်ခု, တစ်ခုသော ဒုဂ္ဂတိ ဘဝကို ဖြစ်စေနိုင်၏။ |
18,138 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကုသိုလ်ဖြစ်အံ့၊ တစ်ခု တစ်ခုသော စိတ္တက္ခဏသည် တစ်ခု, တစ်ခုသော သုဂတိဘဝကို ဖြစ်စေနိုင်၏၊ ဤကား အဘိဓမ္မာအရိုးတည်း။ |
18,139 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သုဂတိဘုံ၌ ရှိကြကုန်သော လူ, နတ်, သတ္တဝါ အပေါင်းတို့၏ စိတ်ကို အမှန်းအဆ အားဖြင့် အကုန်ပေါင်းစု၍ ထောက်မြော်သည်ရှိသော် ကုသိုလ် စိတ္တက္ခဏသည် လက်သည်းတော်ပေါ်ရှိ မြေမှုန့်အစုအလား အလွန်နည်းပါးရာ၏၊ အကုသိုလ် စိတ္တက္ခဏသည် မဟာပထဝီမှာ ရှိနေသော မြေမှုန်အစုအလား အလွန်များပြားရာ၏။ |
18,140 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အနမတဂ္ဂ ဘဝသံသရာ တစ်ခုလုံးမှာ ဤနည်းတူချည်း မှတ်။ |
18,141 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မိမိတို့ကိုယ်မှာ တစ်နေ့, တစ်နေ့ အဖို့တွင် ခြောက်ဒွါရတို့၌ အချည်းနှီးသော မြင်မှု, ကြားမှု စသည်နှင့် အကျိုးရှိသော မြင်မှု, ကြားမှု စသည်သည် အဘယ်က အလွန်များသနည်း - ဟု စေ့စေ့စပ်စပ် ရှုမြော်ချင့်ချိန်၍ စမ်းလျှင် သိသာထင်ရှားပါ၏။ |
18,142 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား ကုသိုလ်ဖြစ်မှု အကုသိုလ်ဖြစ်မှုနှင့် ထောက်မြော်၍ နခသိခသုတ္တန် ဒေသနာ တော်အတိုင်း သိမြင်ယုံကြည်နိုင်ရန် အချက်တည်း။ |
18,143 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သုဂတိ ဒုဂ္ဂတိ နှစ်ရပ် |
18,144 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သုဂတိဘုံမှာရှိနေသော သတ္တဝါစုနှင့် ဒုဂ္ဂတိဘုံမှာရှိနေသော သတ္တဝါစုကို ထောက်မျှော်၍လည်း သိမြင်ယုံကြည်နိုင်ရာ၏။ |
18,145 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သုဂတိဘုံ၌ နတ်, ဗြဟ္မာတို့၏ ကိုယ်သဏ္ဌာန်သည် သုံးဂါဝုတ်မျှ ရှိ၏၊ မြန်မာတိုင်အားဖြင့် လေးတိုင်ခွဲကို သုံးဂါဝုတ် ဆိုသည် ။ |
18,146 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဘုံဗိမာန်တို့ကား ၁၂ ယူဇနာ, ၁၅ ယူဇနာ, ယူဇနာ-၂၀, ယူဇနာ-၃၀, ယူဇနာ-၆၀, စသည်ရှိ၏၊ တစ်ခု, တစ်ခုသော ဘုံဗိမာန်သည် ငါတို့ မြန်မာနိုင်ငံ၌ အလုံမြို့ကြီး, ဒီပဲရင်းနယ်မြို့ကြီး တစ်ခု, တစ်ခုမျှမက ကြီးကျယ်၏၊ နေဗိမာန် တစ်ခုသည်ပင်လျှင် ငါတို့မြန်မာနိုင်ငံမက ကြီးကျယ်၏၊ ထို့ကြောင့် သုဂတိဘုံသည် ဘုံနယ်သာ အလွန်ကျယ်၍ ဘုံနေ သတ္တဝါ အရေအတွက်ကား... |
18,147 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဒုဂ္ဂတိဘုံသည်ကား ဘုံနယ်လည်း အလွန်ကျယ်၏။ |
18,148 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဘုံနေသတ္တဝါ အရေအတွက် လည်း အလွန်များပြား၏၊ လူ့ဘုံ, နတ်ပြည် ၆- ထပ်, ရူပဗြဟ္မာ ၁၆- ဘုံ, အရူပဗြဟ္မာ ၄- ဘုံ အလုံးစုံကို ပေါင်းသော် သုဂတိ ၂၇- ဘုံ ဖြစ်၏၊ ငါတို့ စကြဝဠာတွင် သုဂတိ ၂၇- ဘုံရှိ သတ္တဝါတို့ကို တစ်ယောက်မကျန် အကုန်ရေတွက် သော်လည်း ငါတို့ မြန်မာနိုင်ငံတွင်းရှိ ပုရွက်ဆိတ်ခေါ်သော သတ္တဝါတစ်မျိုးကိုမျှ အရေအတွက် အားဖြင့် မမှ... |
18,149 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ပုရွက်ဆိတ်သတ္တဝါမျိုးမှတစ်ပါး ငါတို့ မြန်မာနိုင်ငံအတွင်း၌ အညာပြည် အောက်ပြည် ရေသတ္တဝါအမျိုး အနန္တ၊ ကုန်းသတ္တဝါအမျိုး အနန္တကျန်ရှိသေး၏။ |
18,150 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ငါတို့ မြန်မာနိုင်ငံမှအလွတ် ငါတို့စကြဝဠာတွင်းရှိ ကျွန်းကြီး လေးကျွန်း ကျွန်းငယ် နှစ်ထောင် တောင်ကြီး, တောင်ငယ် အနန္တ၊ တောကြီး တောငယ် အနန္တ၊ မြို့နယ်, ရွာနယ် အနန္တ တို့၌ ရှိနေ ကြသော ကုန်းသတ္တဝါ တိရစ္ဆာန်အမျိုး အနန္တ အနန္တ တို့သည်လည်းကောင်း၊ အိုင်ကြီး အိုင်ငယ် အနန္တ၊ မြစ်ကြီး မြစ်ငယ်၊ ချောင်းကြီး ချောင်းငယ်၊ မြောင်းကြီး မ... |
18,151 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | တိရစ္ဆာန် သတ္တဝါတို့နှင့် နှိုင်းစာ၍ ကြည့်ခဲ့လျှင်ပင် သုဂတိ ၂၇-ဘုံရှိ သတ္တဝါစုသည် လက်သည်းတော်ပေါ်တွင် တင်ရှိသော မြေမှုန့်စုအလား အလွန်နည်းပါးပုံ၊ တိရစ္ဆာန် သတ္တဝါ တို့သည်မူကား မဟာပထဝီမှာရှိ နေသော မြေမှုန့်စုအလား အလွန်တရာ များပြားပုံများကို ယုံကြည် နိုင်ရာ၏။ |
18,152 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုမှတစ်ပါး ဇမ္ဗူဒီပါကျွန်းကြီးကဲ့သို့ ယူဇနာတစ်သောင်း၊ တစ်သောင်းစီ အကျယ်ရှိ၍ အထက် အောက် ယူဇနာတစ်သောင်း ငါးထောင်စီ ကွာခြားလျက် တည်ရှိကြသော ငရဲကြီးရှစ်ပြည်ထောင် တို့တွင် အောက်ဆုံးဖြစ်သော ငရဲကြီးကား မဟာအဝီစိ ငရဲကြီးတည်း။ |
18,153 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အဘယ့်ကြောင့် မဟာအဝီစိ ခေါ်သနည်းဆိုသော် ဝါးကျီတောက်အတွင်း၌ သိပ်နှက်၍ ထားအပ်သော မုန်ညှင်းစေ့တို့ကဲ့သို့ ငရဲသူ ငရဲသား သတ္တဝါတို့၏ အခြား အကွက်လပ် မရှိ၊ ပြည့်နှက်၍ နေသောကြောင့် အဝီစိငရဲ ခေါ်သည်- ဟု အဋ္ဌကထာကြီးတို့၌ ဖွင့်ကြကုန်၏။ |
18,154 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုအဝီစိ ငရဲကြီးကိုမူကား အကုသိုလ်ကံ ကြီးလှသော သူတို့မှသာ ကျရောက်ကြ ကုန်၏။ |
18,155 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အကုသိုလ်ကံ ကြီးလှသော သူတို့မှ ကျရောက်ကြကုန်ရာ မဟာအဝီစိငရဲကြီး မှာပင် ငရဲသူ သတ္တဝါတို့ ထိုမျှလောက် ပြည့်လေ၏။ |
18,156 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုအောက် ပေါ့လျော့သော အကုသိုလ်ကံ သာမန်တို့နှင့်ပင် ကျရောက်နိုင်ကြရာ ဖြစ်ကုန်သော အထက်ထက်သော ငရဲကြီး ခုနစ်ပြည်ထောင်တို့မူကား ငရဲသူ သတ္တဝါတို့ အဘယ်မျှလောက် ပြည့်နှက် လျက် ရှိနေကြကုန်သနည်း ဟု ဆင်ခြင်မိကုန်ရာ၏။ |
18,157 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုမှတစ်ပါး ထိုထို တောအနန္တ တောင်အနန္တတို့၌ ရှိကြကုန်သော ငရဲဘုံစု၊ သမုဒ္ဒရာ အလယ် ကျွန်းငယ်တို့၌ ရှိကြကုန်သော ငရဲဘုံစု၊ စကြဝဠာ သုံးခုတို့၏ဆိုင်ရာ အပေါက်အကြား၌ ရှိကြကုန် သော လောကန္တရိက် ငရဲဘုံစု ကျန်ရှိကုန်သေး၏။ |
18,158 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထို့အတူ ပြိတ္တာဘုံ အနန္တ၊ အသူရကာယ်ဘုံ အနန္တ တို့သည် ကျန်ရှိကုန်သေး၏။ |
18,159 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသို့သော မျက်မြင်ဒိဋ္ဌအလား ထင်ရှားသော အချက်ကြီးတွေကို တွေ့မြင်ကြား သိကြရကုန် သဖြင့် သုဂတိ ၂၇- ဘုံရှိ သတ္တဝါတို့ကား လက်သည်းတော် ပေါ်တွင် တင်ရှိသော မြေမှုန့်စုအလား အလွန် နည်းပါးလှကုန်၏၊ အပါယ်ဒုဂ္ဂတိ လေးဘုံရှိ သတ္တဝါ တို့သည်မူကား မဟာပထဝီ မြေကြီးမှာရှိနေသော မြေမှုန့်စုအလား အလွန် တရာ များပြားလှကုန်၏- ဟု သိမြင်ယုံကြည်နိုင် ရ... |
18,160 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုသို့ သိမြင်ယုံကြည် ကြကုန်သည်ရှိသော် အနမတဂ္ဂ သံသရာတွင် တစ်ယောက်, တစ်ယောက်သော သတ္တဝါအားလည်း သုဂတိဘုံမှာ ဖြစ်ရသော ဘဝအရေအတွက် ကား လက်သည်းတော် ပေါ်တွင် တင်ရှိသော မြေမှုန့်စုအလား အလွန်နည်းပါးလှ၏၊ ဒုဂ္ဂတိဘုံမှာ ဖြစ်ရသော ဘဝ အရေတွက် တို့သည်ကား မဟာပထဝီမှာရှိနေသော မြေမှုန့်တို့အလား အလွန်တရာ များပြားလှ ကုန်၏ - ဟု သိမြင် ယုံကြည်... |
18,161 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား နခသိခသုတ္တန် ဒေသနာတော်ဖြင့် သိအပ်သော မနုဿတ္တ ဒုလ္လဘအရ လူအဖြစ် ရခဲပုံကို ပြဆိုချက် တည်း။ |
18,162 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကာဏကစ္ဆပေါပမသုတ္တန် |
18,163 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ယခုအခါ မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော် ဗာလပဏ္ဍိတ သုတ္တန် ဒေသနာတော်၌ လိပ်ကန်း ထမ်းပိုး ဥပမာဖြင့် ဟောတော်မူသော မနုဿတ္တ ဒုလ္လဘကို ပြဆိုပေအံ့၊ အဘယ်သို့ ဟောတော် မူသနည်း ဟူမူကား- “ရဟန်းတို့- ဥပမာဆိုသည် ရှိသော်ကား ကျွန်းကြီး လေးကျွန်း၊ ကျွန်းငယ် နှစ်ထောင်တို့၏ ပြင်ဖက်၌တည်ရှိသော အနက်ယူဇနာရှစ်သောင်း နှစ်ထောင်၊ အနံယူဇနာ ရှစ်သော... |
18,164 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဇမ္ဗူဒီပါကျွန်း၏ တောင်ဖက်မျက်နှာ မဟာသမုဒ္ဒရာ၏ အလယ်၌ အပေါက်တစ်ခုသာရှိသော ရထားထမ်းပိုးငယ် တစ်ခုသည် ရှိလေရာ၏၊ ထိုထမ်း ပိုးငယ်သည် အရပ်လေးမျက်နှာသို့ လေဆောင် ယူရာ မျောပါ လွင့်ပါး၍နေလေရာ၏၊ ဥတ္တရကုရုကျွန်း၏ မြောက်ဖက်မျက်နှာ မဟာသမုဒ္ဒရာ၏ အလယ်၌ မျက်စေ့နှစ်ဖက် အစုံပျက်သော လိပ်ငယ်တစ်ခုသည် ရှိလေရာ၏၊ သမုဒ္ဒရာ၏အတွင်း၌ ရောက်မိ ရောက်ရ... |
18,165 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | “စွပ်မိရာသော အခွင့်ပင် မရှိနိုင်ရာပါ၊ သို့သော်လည်း ကမ္ဘာမည်သည် အလွန်တရာ ရှည်ကြာလှ သည်ဖြစ်ပါ၍ လိပ်ကန်းငယ်လည်း မသေမပျောက်ပါမူ၊ ထမ်းပိုးငယ် လည်း မပုပ်မဆွေး တည်ရှိပါမူ နှစ်ပေါင်း အသင်္ချေ ကြာမြင့်လေရာ တစ်ရံတစ်ခါ၌ စွပ်မိသော် စွပ်မိရာပါသေး၏ဘုရား” - ဟု လျှောက်ထားကြကုန်၏။ |
18,166 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | “ရဟန်းတို့ ဤအမှုထက် ခဲယဉ်းသော အမှုသည် ရှိလေ၏၊ ဤလူ့ပြည်မှ စုတေ သေလွန်၍ အပါယ်သို့ ကျရောက်သောသူ၏ ဤလူ့ပြည်သို့ တစ်ဖန် ပြန်လာရန် အရေးသည် ထိုလိပ်ကန်း ထမ်းပိုးစွပ်မိရာ အရေးထက် အဆ အထောင်မက ခဲယဉ်း လှချေ၏၊ အဘယ်ကြောင့်နည်းဆိုသော် အပါယ်ဘုံတို့၌ ကုသိုလ်ကောင်းမှု ပြုခြင်း မည်သည် မရှိ၊ ကုသိုလ် အကုသိုလ်ဟူ၍ပင် မသိကြ ကုန်၊ အချင်းချင်း န... |
18,167 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤဒေသနာတော်ဝယ် သိမြင် ယုံကြည်နိုင်ကြရန် ယုတ္တိကား လောက၌ အကြင်သတ္တဝါ တို့သည် ကုသိုလ်ကို စော၍ သေကုန်၏၊ ထို သတ္တဝါတို့သည် သုဂတိဘုံသို့ လားကြ ရကုန်၏၊ အကြင် သတ္တဝါတို့သည် အကုသိုလ်ကို စော၍ သေကုန်၏၊ ထိုသတ္တဝါ တို့သည် ဒုဂ္ဂတိဘုံသို့ လားရကုန်၏။ |
18,168 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား အဘိဓမ္မာ ရိုးရာတည်း။ |
18,169 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | မသေမီ ရှေးအဖို့၌ ထိုထို ကုသိုလ်ကို လေ့ကျက်၍ နေကြကုန်သော သူတို့သည်ပင်လျှင် သေရန်ဒုက္ခနှင့် တွေ့ကြုံသော အခါ၌ ကုသိုလ်ကို စောနိုင်ကြရန် အလွန်ခဲယဉ်းကြ ကုန်သေး၏၊ မသေမီ ရှေးအဖို့၌ ကုသိုလ်ဟူ၍ပင် မသိကြကုန်မူ၍ လောဘစိတ် ဒေါသစိတ် မောဟစိတ် တို့နှင့်သာ နေ့ ရက် နှစ် လ ကုန်ရှာကြကုန်သော အပါယ် ဘုံသားတို့အား ကုသိုလ်ကိုသာစော၍ သေနိုင်ရန်အခ... |
18,170 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ငါတို့မြန်မာနိုင်ငံအတွင်း၌ တစ်နေ့ တစ်နေ့တွင် သေဆုံးကြကုန်သော ကုန်းသတ္တဝါ တို့သည် အသင်္ချေများစွာ ရှိကုန်ရာ၏၊ ရေတိရစ္ဆာန်သတ္တဝါတို့သည် အသင်္ချေများစွာ ရှိကုန်ရာ၏၊ ထိုသတ္တဝါ အပေါင်းတို့၌ ကုသိုလ်ကိုစော၍ သေနိုင်ရာသော သတ္တဝါ မည်သည်ကား ရှာကြံ၍မရ ရှားပါးလှ၏။ |
18,171 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အပါယ်ဘုံသို့ ရောက်ကြကုန်သော သူတို့မည်သည် ဒါန, သီလ, ဘာဝနာဟူသော ကုသိုလ်ဓမ္မ တို့နှင့် တစ်ဘဝထက်, တစ်ဘဝ ကွာဝေး၍ သွားကြကုန်၏၊ အကုသိုလ် ဓမ္မတို့သည် တစ်ဘဝထက်, တစ်ဘဝ ဝန်လေး၍ သွားကြကုန်၏၊ တစ်ဘဝထက်, တစ်ဘဝ မိုက်မဲ တွေဝေ၍သာ သွားကြ ကုန်၏၊ တစ်ဘဝထက်, တစ်ဘဝ နစ်၍ နစ်၍သာ သွားကြကုန်၏၊ တစ်ဘဝထက်, တစ်ဘဝ မြုပ်မြုပ်၍သာ သွားကြကုန်၏။ |
18,172 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဥပမာဆိုသည် ရှိသော်ကား သိန်း သန်း ကုဋေမျှသော ကျောက်တိုင် ကျောက်လုံး တွေကို မဟာသမုဒ္ဒရာ ရေအပြင်မှာ ပစ်ချအပ်ကုန်သည်ရှိသော် အစဉ် အတိုင်းသာ နစ်ကြလေကုန်ရာ၏၊ မြုပ်ကြလေကုန်ရာ၏၊ တစ်ခုသော ကျောက်တိုင်ကျောက်လုံးမျှ ပေါ်တက်၍ လာသည်ဟု မရှိနိုင်လေရာ။ |
18,173 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသို့သော ဥပမာကို ပြဆိုရာ၏။ |
18,174 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ပါရမီသမ္ဘာ ရင့်သန်တော်မူကြပေကုန်သော အလောင်းအလျာကြီးများကို ချန်ထား၍ တစ်ပါးသော သတ္တဝါတို့သည် အပါယ်သို့သာ ကျရောက်ကုန်သည်ရှိသော် ဘဝ တစ်ထောင်နှင့်လည်း လူ့ဘုံသို့ ပြန်ခွင့်မရ၊ ဘဝ တစ်သောင်းနှင့်လည်း ပြန်ခွင့်မရ၊ ဘဝတစ်သိန်းနှင့်လည်း ပြန်ခွင့်မရ၊ ဘဝတစ်သန်းနှင့်လည်း ပြန်ခွင့်မရ၊ ဘဝ အကုဋေ၊ ဘဝ အသင်္ချေ မရေမတွက်နိုင် ကြာမြင့်လှမှ ... |
18,175 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤသို့သော ယုတ္တိကို ထောက်ထားသဖြင့်လည်း အနမတဂ္ဂ သံသရာ၌ ကျင်လည်၍ လာခဲ့သော တစ်ယာက်, တစ်ယောက်သော သတ္တဝါမှာ သုဂတိဘုံ ကျင်လည်ခဲ့ရသော ဘဝအရေအတွက်ကား လက်သည်းတော်ပေါ်မှာ တင်ရှိသော မြေမှုန့်စုအလား အလွန် နည်းပါးလှချေ၏။ |
18,176 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဒုဂ္ဂတိဘုံ၌ ကျင်လည်ခဲ့ရသော ဘဝအရေ အတွက်တို့သည်ကား မဟာပထဝီမှာရှိနေသော မြေမှုန့်တို့အလား အလွန်တရာ များပြားလှကုန်ရာ၏ ဟူသော အချက်ကိုလည်း ထင်မြင်ယုံကြည် နိုင်ကြကုန်ရာ သတည်း။ |
18,177 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကား လိပ်ကန်းဥပမာ ဒေသနာတော်ဖြင့် ပြဆိုအပ်သော မနုဿတ္တ ဒုလ္လဘ အချက်တည်း။ |
18,178 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အဘိဓမ္မာ ဉာဏဝိဘင်း အဋ္ဌကထာအရ ပြဆိုပုံ |
18,179 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ယခုအခါ အဘိဓမ္မာ ဉာဏဝိဘင်း အဋ္ဌကထာကြီး၌ ဖွင့်ပြသော အချက်ကို ပြဆိုဦးအံ့။ |
18,180 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အနမတဂ္ဂ သံသရာ၌ ကျင်လည်၍ နေကြကုန်သော ပုထုဇဉ် သတ္တဝါတို့အား သူတော်ကောင်းတရားနှင့် ပြည့်ပြည့်စုံစုံ လုံခြုံချောမောသော ဘဝမည်သည် အလွန် နည်းပါး၏၊ အပါယ်ဘဝ၊ မိစ္ဆာ ဒိဋ္ဌိဘဝ၊ ဒုစ္စရိုက်ဘဝ တို့သည်ကား မဟာပထဝီ မြေမှုန့်ပမာ အလွန်တရာ များပြားလှ၏။ |
18,181 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အကုသိုလ်မှု မည်သည် တစ်နေ့ တစ်နေ့ အဖို့မှာပင် ကာယကံ, ဝစီကံ, မနောကံ အလားအားဖြင့် သိန်း သန်း ကုဋေမက ဖြစ်ပွားနိုင်၏၊ တစ်လ, တစ်လ အဖို့၊ တစ်နှစ်, တစ်နှစ်အဖို့၊ တစ်သက်, တစ်သက်အဖို့မှာ ဆိုဖွယ်မရှိ၊ စိတ္တက္ခဏတစ်ခု တစ်ခုလျှင် တစ်ဘဝ တစ်ဘဝ အပါယ်သို့ ပစ်ချသဖြင့် အပါယ်ဒုက္ခကိုခံရ၍ ပြေငြိမ်းပြီးသော ကံတို့လည်း တစ်ယောက် တစ်ယောက်မှာပင် ... |
18,182 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အပါယ်သို့ ပစ်ချရန် အလှည့်အခွင့်ကို မရသေးသဖြင့် သက္ကာယဒိဋ္ဌိ၌ တွယ်တာလျက် သတ္တဝါတို့၏ ရင်တွင်း စိတ်နှလုံးတွင်း၌ အသိုက်အအုံ စုပုံဖွဲ့စည်း၍ ဖြစ်လေရာရာ အစဉ်တစိုက်လိုက်ကာ ပါ၍ နေကြကုန်သော ဒုစရိုက်ကံတို့သည်လည်း တစ်ယောက် တစ်ယောက်သော သတ္တဝါမှာပင် အသင်္ချေချေ မရေမတွက်နိုင် များပြားလှလေကုန်၏၊ မဟာအဝီစိ ငရဲကြီးသို့ ပစ်ချရန် ကံပေါင်း... |
18,183 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထို့ကြောင့် တစ်စုံတစ်ခုသော ကုသိုလ်ကံ အခွင့်သာသဖြင့် လူ့ရွာ လူ့ပြည်၌ ကြုံကြိုက် ကြကုန်သော သူဌေး သူကြွယ် ပဒေသရာဇ် ဧကရာဇ်မင်း စကြာမန္ဓာတ်မင်း နတ်ရွာ နတ်ပြည်၌ ကြုံကြိုက်ကြကုန်သော နတ်မင်း သိကြားမင်း- ဗြဟ္မာရွာ, ဗြဟ္မာပြည်၌ ကြုံကြိုက်ကြကုန်သော ဗြဟ္မာမင်းတို့သည် ပင်သော်လည်း ရှေးရှေးဘဝတို့၌ ကမ္မပထမြောက်ပြီး၊ အဝီစိအစရှိသော ထိုထ... |
18,184 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဒိဋ္ဌိကို စွန့်ခွာရန် |
18,185 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထို့ကြောင့် သဂါထာဝဂ္ဂသံယုတ် ပါဠိတော်၌ - |
18,186 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သက္ကာယဒိဋ္ဌိပ္ပဟာနာယ၊ သတော ဘိက္ခု ပရိဗ္ဗဇေ |
18,187 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | သတ္တိယာ - လှံမကြီးသည်၊ ဩမဋ္ဌောဝိယ - ရင်ညွန့် ရင်ဝ၌ စူးစိုက်မြုပ်မြန်း တန်းလန်းရှိနေသော ယောက်ျားကဲ့သို့ လည်းကောင်း၊ မတ္ထကေ - ဦးခေါင်း တစ်ခုလုံး၌၊ ဍယှမာနောဝ - လောင်မီးစက်ကွင်း အတင်းကျမှုန်း တဟုန်းဟုန်း လောင်၍နေသော ယောက်ျား ကဲ့သို့ လည်းကောင်း၊ ဘိက္ခု - သံသရာဘေး အပါယ်ရေးကို မြော်တွေးမြင်သူ ရှင်လူရဟန်းသည်၊ သတော - မမေ့မလ... |
18,188 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤဥပမာနှစ်ပါးသည် ဟီနူပမာသာတည်း။ |
18,189 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုသူနှစ်ဦး၌ လက်ငင်း တွေ့ရှိ၍နေသော လှံမဘေး၊ မီးဘေးများသည် မသေမီကာလ တစ်ခဏသာ နှိပ်စက်နိုင်၏။ |
18,190 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အကုသိုလ် ကံဟောင်း အနန္တတို့ကို လက်ကိုင်ပွေ့ပိုက် အုပ်ချုပ် ထိန်းသိမ်း၍ သတ္တဝါတို့၏ ရင်တွင်းနှလုံးတွင်း၌ တင်းလင်းရှိသော သက္ကာယဒိဋ္ဌိဘေးကြီးသည်သာ ကြီးကျယ် လှစွာသတည်း။ |
18,191 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထို့ကြောင့် ထိုနှစ်ဦးသောသူသည် တတ်စွမ်းခွင့်ရပါမူ မိမိ၌ စူးစိုက် လောင်မြိုက်၍နေသော ထိုလှံမ လောင်မီးများကိုပင် အလေးမပြု လျစ်လျူရှု၍ သက္ကာယဒိဋ္ဌိ ပယ်သတ်မှု ကိုသာ အလျှင်စလို အားထုတ်ရာ၏။ |
18,192 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဉာဏ်ဆီမီးရှာရန် |
18,193 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဓမ္မပဒပါဠိတော် ၌လည်း - |
18,194 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကိန္နု ဟာသော ကိမာနန္ဒော၊ နိစ္စံ့ ပဇ္ဇလိတေ သတိ။ |
18,195 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အန္ဓကာရေန ဩနဒ္ဓါ၊ ပဒီပံ န ဂဝေသထ - |
18,196 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | နိစ္စံ - ဖြစ်လေရာရာ အစဉ်တစိုက် အမြဲလိုက်သည်ဖြစ်၍၊ ပဇ္ဇလိတေ - ပဇ္ဇလိတာနံ - ရှေ့သို့ အပါယ်ကျရောက်ဖို့အပြီး အမှုပူကြီးတွေ အနန္တ ရင်ထဲ နှလုံး ထဲ၌ ရဲရဲတောက် ပါရှိလျက် နေကြကုန်သည်၊ သတိ-သတံ - ဖြစ်ကြကုန်သော၊ တုမှာကံ - သင်တို့အား၊ ဟာသော - ပြုံးဖွယ်, ရွင်ဖွယ်သည်၊ ကိန္နု အတ္ထိ - အဘယ်မှာရှိအံ့နည်း၊ အာနန္ဒော - နှစ်သက် ပျော်မြူ... |
18,197 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ထိုသူဌေး သူကြွယ်အစရှိသော လူ နတ် ဗြဟ္မာ သတ္တဝါတို့အား အပါယ်ဘဝသို့ တလှည့်တပတ် ကျရောက်ပြန်ကြသောအခါ၌ ထိုကံဟောင်း အနန္တတို့သည် အကုန်လုံး အခွင့်သာကြလေကုန်၏။ |
18,198 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ကြီးစွာသော သစ်ပင်၏ အပေါ်မှ မြေသို့ကျ၍ ကြောင် တစ်ထောင် ကြောင်တစ်သောင်း အလယ်သို့ ပြေးဝင်မိသော ရှဉ့်သူငယ်ကို ကြောင်တို့ လုယက် နှိပ်စက် ကိုက်စားခွင့် သာသကဲ့သို့တည်း။ |
18,199 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | အနည်းငယ်မျှ အကုသိုလ်ကြောင့် လူနှင့်နီးစပ်သော နွား, ကျွဲ, ခွေး, ဝက်, ကြောင်, ကြက် စသည်ဖြစ်လေရာ အခွင့်သာသော ထိုကံဟောင်းတို့သည် တစ်ခုပြီးလျှင် တစ်ခု ဘဝအဆက်ဆက် နက်သည်ထက် နက်သော အပါယ်ဘဝသို့ ပစ်ချ၍ သွားကြသဖြင့် ပြိတ္တာငယ်, ပြိတ္တာကြီး၊ ငရဲငယ်, ငရဲကြီး အဆင့်ဆင့် နစ်မြုပ်လေ၍ မဟာအဝီစိ ငရဲကြီးသို့ဆိုက်၍ ကမ္ဘာပျက်သောအခါမှ ကျွတ်လွ... |
18,200 | Uncategorized | ကမ္မဋ္ဌာနဒီပနီ | ဤကဲ့သို့သော သတ္တဝါတို့သည် ငရဲ, ပြိတ္တာတို့၌ အသင်္ချေချေ မရေတွက်နိုင် ရှိကြကုန်၏ - ဟူ၍ အဘိဓမ္မာ ဉာဏဝိဘင်း အဋ္ဌကထာကြီး၌ ဖွင့်ဆိုပေသည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.