id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
2,101 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | တေ၊ သင်ချစ်သား၏။ |
2,102 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ပိတရဉ္စ၊ အဖ၌လည်းကောင်း။ |
2,103 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အပ္ပိယဘာယ၊ မချစ်သောအဖြစ်၏။ |
2,104 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ကောစိ ဝိသေသော၊ တစ်စုံတစ်ခုသော အထူးသည်။ |
2,105 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဟေတု၊ ဖြစ်စေသတည်း။ |
2,106 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဟတံ-ဟညတု၊ ပျောက်စေ သတည်း။ |
2,107 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | သစ္စာပြုသည်နှင့်တကွ အလုံးစုံသော အဆိပ်သည် လျှောကျ၍ မြေသို့ဝင်လေ၏။ |
2,108 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ယညဒတ်သည် အဆိပ်မရှိသော ကိုယ်ဖြင့် ကစားအံ့သောငှာ အားထုတ်၏။ |
2,109 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အဘယ်ကြောင့် ရသေ့ဝတ်နေသနည်း |
2,110 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဤသို့လျှင် သားသည် ထ၍ ကစားသည်ရှိသော် မဏ္ဍဗျ သူကြွယ်သည် ကဏှဒီပါယနရသေ့၏ အလိုကို မေးလိုသည်ဖြစ်၍- |
2,111 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ၆၅။ သန္တာ ဒန္တာယေဝ ပရိဗ္ဗဇန္တိ၊အညတြ ကဏှာ နတ္ထာကာမရူပါ။ |
2,112 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဒီပါယန ကိဿ ဇိဂုစ္ဆမာနော၊အကာမကော စရသိ ဗြဟ္မစရိယံ။ |
2,113 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ၆၅။ ဒီပါယန၊ ဒီပါယနမည်သော။ |
2,114 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | တာပသ၊ ရှင်ရသေ့။ |
2,115 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ယေ ခတ္တိယာဒယော၊ အကြင် မင်းအစရှိကုန်သော သူတို့သည်။ |
2,116 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ပရိဗ္ဗဇန္တိ၊ ရသေ့ရဟန်းပြုကြကုန်၏။ |
2,117 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ကဏှာ၊ အရှင်ကဏှဒီပါယနရသေ့ကို။ |
2,118 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အညတြ၊ ထား၍။ |
2,119 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | တေ ခတ္တိယာဒယော၊ ထိုရဟန်းပြုပြီးသော မင်းအစရှိကုန်သော သူတို့သည်။ |
2,120 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | နတ္ထိ၊ မရှိကုန်။ |
2,121 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | သန္တာ၊ ကိလေသာငြိမ်းကုန်သည်။ |
2,122 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဒန္တာ၊ ဒွါရသုံးပါးတို့ကို ဆုံးမအပ်ကုန်သည်။ |
2,123 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဟုတွာ၊ ဖြစ်ကုန်၍။ |
2,124 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | စရန္တိ၊ ကျင့်ကုန်၏။ |
2,125 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | တွံ ပန၊ ရှင်ရသေ့သည်ကား။ |
2,126 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ကိဿ၊ အဘယ့်ကြောင့်။ |
2,127 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဇိဂုစ္ဆမာနော၊ ရသေ့ရဟန်းအဖြစ်ကို စက်ဆုပ်ငြီးငွေ့သည်ဖြစ်၍။ |
2,128 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အကာမကော၊ အလိုမရှိဘဲလျက်။ |
2,129 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဗြဟ္မစရိယံ၊ မြတ်သော ရသေ့ရဟန်းအကျင့်ကို။ |
2,130 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | စရသိ၊ ကျင့်ဘိသနည်း။ |
2,131 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ကဲ့ရဲ့မှာစိုးလို့ |
2,132 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထို့နောင်မှ ထိုမဏ္ဍဗျ သူကြွယ်အား ကဏှဒီပါယန ရသေ့သည် အကြောင်းကို ဆိုလိုရကား- |
2,133 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ၆၆။ သဒ္ဓါယ နိက္ခမ္မ ပုန နိဝတ္တော၊သော ဧဠမူဂေါဝ စပလော ဝတာယံ။ |
2,134 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဧတဿ ဝါဒဿ ဇိဂုစ္ဆမာနော၊အကာမကော စရာမိ ဗြဟ္မစရိယံ။ |
2,135 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဝိညုပ္ပသတ္ထံ စ သတံ စ ဌာနံ။ |
2,136 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဧဝမ္ပဟံ ပုညကရော ဘဝါမိ။ |
2,137 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဟူသော ငါးခုမြောက်သော ဤဂါထာကိုဆို၏။ |
2,138 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ၆၆။ ဘောန္တော၊ ဒါယကာတို့။ |
2,139 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ယော ကဏှော၊ အကြင် ကဏှဒီပါယန ရသေ့သည်။ |
2,140 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | သဒ္ဓါယ၊ ကံ ကံ၏အကျိုးကို ယုံကြည်သည်ဖြစ်၍။ |
2,141 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | နိက္ခမ္မ၊ ရသေ့ရဟန်းပြုပြီး၍။ |
2,142 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ပုန၊ တစ်ဖန်။ |
2,143 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | နိဝတ္တော၊ လူ၏ဘောင်သို့ ပြန်ပြန်၏။ |
2,144 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အယံ ကဏှော၊ ဤကဏှသည်။ |
2,145 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဧဠမူဂေါ ဝတ၊ ဆွံ့အသော သူကဲ့သို့တကား။ |
2,146 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဗာလော ဝတ၊ လူငယ်ကဲ့သို့ မိုက်စွတကား။ |
2,147 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဣတိ၊ ဤသို့။ |
2,148 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဧတဿ ဝါဒဿ၊ ထိုသို့သော ကဲ့ရဲ့ခြင်းကို။ |
2,149 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဇိဂုစ္ဆမာနော၊ စက်ဆုပ် သည်ဖြစ်၍။ |
2,150 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | သော အဟံ၊ ထိုငါသည်။ |
2,151 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အကာမကော၊ အလိုမရှိသည်ဖြစ်၍။ |
2,152 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | တံ၊ ထိုရသေ့ရဟန်းအဖြစ်ကို။ |
2,153 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဝိညုပ္ပသတ္ထံ စ၊ ဘုရားအစရှိကုန်သော သူတော်ကောင်းတို့သည်လည်း ချီးမွမ်းအပ်၏။ |
2,154 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | သတံ၊ ဘုရားအစရှိကုန်သော ပညာရှိသူတော်ကောင်းတို့၏။ |
2,155 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဌာနံ စ၊ ဓနရာအရပ်လည်း ဟုတ်၏။ |
2,156 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဧဝံ ဣမိနာကာရဏေနပိ၊ ဤသို့သော အကြောင်းဖြင့်လည်း။ |
2,157 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အဟံ၊ သည်။ ပုညကရော၊ ကောင်းမှုကိုပြုသည်။ |
2,158 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဘဝါမိ၊ ဖြစ်၏။ |
2,159 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အဘယ်ကြောင့် လှူနေသနည်း |
2,160 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဤသို့ ကဏှဒီပါယန ရသေ့သည် မိမိ၏အလိုကို ဆိုပြီး၍ တစ်ဖန် မဏ္ဍဗျသူကြွယ်ကို မေးလိုရကား- |
2,161 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ၆၇။ သမဏေ တုဝံ ဗြာဟ္မဏေ အဒ္ဓိကေ စ၊သန္တပ္ပယာသိ အန္နပါနေဟိ ဘိက္ခံ။ |
2,162 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဩပါနဘူတံဝ ဃရံ တဝ ယိဒံ၊အန္နေန ပါနေန ဥပေတရူပံ။ |
2,163 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အထ ကိဿ ဝါဒဿ ဇိဂုစ္ဆမာနော၊အကာမကော ဒါနမိမံ ဒဒါသိ။ |
2,164 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဟူသော ခြောက်ခုမြောက်သော ဤဂါထာကိုဆို၏။ |
2,165 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ၆၇။ ဥပါသက၊ ဒါယကာ။ |
2,166 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | တုဝံ၊ သင်သည်။ |
2,167 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | သမဏေ စ၊ ကိလေသာငြိမ်းပြီးသော အရှင်ပစ္စေကဗုဒ္ဓါတို့ကိုလည်းကောင်း။ |
2,168 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဗြာဟ္မဏေ စ၊ မကောင်းမှုကို အပပြုပြီးသော အရိယာတို့ကိုလည်းကောင်း။ |
2,169 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အဒ္ဓိကေ စ၊ ခရီးသွားဧည့်သည်တို့ကို လည်းကောင်း။ |
2,170 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အန္နပါနေဟိ၊ ထမင်း အဖျော်တို့ဖြင့်။ |
2,171 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | သန္တပ္ပယာသိ၊ ရောင့်ရဲစေ၏။ |
2,172 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဘိက္ခံ၊ ဆွမ်းကို။ |
2,173 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဒဒါသိ၊ လှူ၏။ |
2,174 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | တဝ၊ သင်၏။ ဣဒံ ဃရံ၊ ဤအိမ်သည်။ |
2,175 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဩပါနဘူတံဝ၊ ခရီးလေးဆုံ၌ တူးအပ်သော ရေကန်နှင့် တူ၏။ |
2,176 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အဿ တေ၊ ထိုသင်၏။ |
2,177 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဣဒံ ဃရံ၊ ဤအိမ်သည်။ |
2,178 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အန္နေန၊ လှူဖွယ်ထမင်းနှင့် လည်းကောင်း။ |
2,179 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ပါနေန၊ လှူဖွယ်အဖျော်နှင့် လည်းကောင်း။ |
2,180 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဥပေတရူပံ၊ ပြည့်စုံသော သဘောရှိ၏။ |
2,181 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အထ၊ ထိုနေ့တိုင်းမပြတ် လာတိုင်းကုန်သော သူတို့အား လှူအပ်လျက်။ |
2,182 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ကိဿ ဝါဒဿ၊ အဘယ်မည်သော ကဲ့ရဲခြင်းကို။ |
2,183 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဇိဂုစ္ဆမာနော၊ စက်ဆုပ်သည်ဖြစ်၍။ |
2,184 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အကာမကော၊ အလိုမရှိဘဲ။ |
2,185 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဣမံ ဒါနံ။ ဤအလှူကို၊ ဒဒါသိ၊ လှူဘိသနည်း။ |
2,186 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဆွေမျိုး စဉ်ဆက်အရ |
2,187 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထို့နောင်မှ မဏ္ဍသူကြွယ်သည် မိမိ၏အလိုကို ဆိုလိုရကား- |
2,188 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ၆၈။ ပိတရော စ မေ အာသုံ ပိတာမဟာ စ၊သဒ္ဓါ အဟုံ ဒါနပတီ ဝဒညူ။ |
2,189 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | တံ ကုလဝတ္တံ အနုဝတ္တမာနော၊မာဟံ ကုလေ အန္တိမဂန္ဓနော အဟုံ။ |
2,190 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဧတဿ ဝါဒူ ဇိဂုစ္ဆမာနော၊အကာမကော ဒါနမိမံ ဒဒါမိ။ |
2,191 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကို ဆို၏။ |
2,192 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ၆၈။ ဘန္တေ၊ ရှင်ရသေ့။ |
2,193 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | မေ၊ အကျွန်ုပ်၏။ |
2,194 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ပိတရော စ၊ မိဘတို့သည်လည်းကောင်း။ |
2,195 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ပိတမဟာ စ၊ အဘိုးအဘွားတို့သည်လည်းကောင်း။ |
2,196 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | သဒ္ဓါ၊ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းရှိကုန်သည်။ |
2,197 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အာသုံ၊ ဖြစ်ကုန်၏။ |
2,198 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဒါနပတီ၊ အလှူရှင်တို့သည်။ |
2,199 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဝဒညူ၊ အလှူခံတို့၏ အလိုကို သိကုန်သည်။ |
2,200 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အဟုံ၊ ဖြစ်ကုန်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.