id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,901 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | မာ ဥပ္ပဇ္ဇေယျုံ၊ မဖြစ်စေကုန်သတည်း။ |
1,902 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဣမံ၊ ဤအန္တရာယ်ကင်းသော ဆုကို။ |
1,903 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဒေဟိ၊ ပေးလော့၊ |
1,904 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | တခြားဆုကိုလည်း ယူပါဦး |
1,905 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ထိုရသေ့စကားကို ကြား၍ သိကြားမင်းသည် ကဏှပညာရှိကား ဆုကိုယူသည်ရှိသော် ပစ္စည်းလေးပါးနှင့်စပ်သော ဆုကို မယူပေ၊ ခြိုးခြံသော အကျင့်နှင့်စပ်သော ဆုကိုသာလျှင် ယူ၏ ဟု ကြံ၍ အတိုင်းထက်အလွန် ကြည်ညိုသည်ဖြစ်၍ တစ်ပါးသောဆုကိုလည်း ပေးလိုရကား- |
1,906 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ၂၂။ ဧတသ္မိံ တေ သုလပိတေ၊ ပတိရူပေ သုဘာသိတေ။ |
1,907 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဝရံ ဗြာဟ္မဏ တေ ဒမ္မိ၊ ယံကိဉ္စိ မနသိစ္ဆသိ။ |
1,908 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဟူသော ဆိုခဲ့ပြီးသည်မှ တစ်ပါးသော ဤဂါထာကို ဆို၏။ |
1,909 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ၂၂။ ဗြာဟ္မဏ၊ မကောင်းမှုကို အပပြုပြီးသော ရှင်ရသေ့။ |
1,910 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ပတိရူပေ၊ ရှင်ရသေ့တို့အားလျောက်ပတ်သော။ |
1,911 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | သုလပိတေ၊ ကောင်းစွာ ဟောအပ်ပြီး |
1,912 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | သည်ရှိသော်။ |
1,913 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | တသ္မာ၊ ထိုသို့ ကြည်ညိုသောကြောင့်။ |
1,914 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ယံကိဉ္စိ၊ အမှတ်မရှိသော အကြင် အကြင်ဆုကို။ |
1,915 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | တေ၊ ရှင်ရသေ့အ။ |
1,916 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဒမ္မိ၊ ပေး၏။ |
1,917 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဒုစရိုက်ကိုမပြုရလို |
1,918 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဘုရားလောင်းသည် ဆုကိုယူခြင်း၌ ဥပဒေသနည်းပေးသဖြင့် ယူသော, အရိပ်အမြွက်ဖြင့်လည်း ထိုသိကြားမင်းအား တရားဟောလိုရကား- |
1,919 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ၂၃။ ဝရဉ္စေ မေ အဒေါ သက္က၊ သဗ္ဗဘူတာနမိဿရ။ |
1,920 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | န မနော ဝါ သရီရံ ဝါ၊ မံ ကတေ သက္က ကဿစိ။ |
1,921 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ကဒါစိ ဥပဟညေထ၊ ဧတံ သက္က ဝရံ ဝရေ။ |
1,922 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဟူသာ အဆုံးဂါထာကို ဆို၏။ |
1,923 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ၂၃။ သဗ္ဗဘူတနံ၊ ခပ်သိမ်းကုန်သော စတုမဟာရာဇ် တာဝတိံသာနတ်တို့ကို။ |
1,924 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဣဿ၊ အစိုးရသော။ |
1,925 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | မေ၊ ငါအား။ |
1,926 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | မံ ကတေ၊ ငါ့ အကြောင်းကြောင့်။ |
1,927 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ကဿစိ၊ တစ်စုံ တစ်ယောက်သော သတ္တဝါအား။ |
1,928 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | မနော ဝါ၊ မနောဒွါရသည်လည်းကောင်း။ |
1,929 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | သရီရံ ဝါ၊ ကာယဒွါရ ဝစီဒွါရသည်လည်းကောင်း။ |
1,930 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ကဒါစိ၊ တစ်ရံတစ်ခါမျှ။ |
1,931 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | န ဥပဟညေထ၊ ပါဏာတိပါတစသော ဆယ်ပါးသော ဒုစရိုက်တို့ဖြင့် မပျက်ပါစေလင့်။ |
1,932 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဧတံ ဝရံ၊ ထိုငါ့အကြောင်းကြောင့် တစ်ပါးသော သတ္တဝါတို့အား ဒုစရိုက်ဆယ်ပါး မပွားအံ့သောဆုကို။ |
1,933 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဝရေ၊ ယူ၏။ |
1,934 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဤသို့လျှင် ဘုရားလောင်းသည် ခြောက်ပါးသော အရာတို့၌လည်း ဆုကို ယူသည်ရှိသော် ဈာန်ကိုမှီသော ဆုကိုသာလျှင် ယူ၏။ |
1,935 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ကိုယ်မည်သည်ကား အနာနှိပ်စက်ခြင်း သဘောရှိ၏။ |
1,936 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ထိုနာခြင်းသဘောရှိသောကိုယ်ကို သိကြားမင်းသည် နာခြင်းသဘော မရှိသည်ကို ပြုခြင်းငှာ မတတ်ကောင်းဟု ဘုရားလောင်းသည် သိ၏။ |
1,937 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | သတ္တဝါတို့၏လည်း သုံးပါးသောဒွါရတို့၌ စင်ကြယ်သည်၏အဖြစ်ကို သိကြားမင်းသည် ပြုခြင်းငှာ မတတ်ကောင်း၊ စင်ကြယ်ခြင်းသည် မိမိကိုယ်နှင့် စပ်သလျှင်ကတည်း၊ ဤသို့ဖြစ်ငြားသော်လည်း ထိုသိကြားမင်းအား တရားဟောခြင်းငှာ ဤခြောက်ဆုတို့ကို ယူ၏။ |
1,938 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | သိကြားမင်းသည်လည်း ထိုသစ်ပင်ကို ချိုသောအသီးရှိသည်ကို ပြုပြီးလျှင် ဘုရားလောင်းကို ရှိခိုးလျက် ဦးခေါင်းထက်၌ လက်အုပ်ကို တည်လျက် ဤအရပ်၌သာလျှင် အနာမရှိ ကျန်းမာပကတိ ရှိတော်မူသည် ဖြစ်ရစ်စေသတည်းဟုဆို၍ မိမိနေရာ တာဝတိံသာနတ်ပြည်သို့သာလျှင် သွားလ၏။ |
1,939 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဘုရားလောင်းသည်လည်း မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လား၏။ |
1,940 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အာနန္ဒာ-ဤအရပ်သည်ကား ငါဘုရားသည် ကဏှရသေ့ဖြစ်သောအခါ နေတော်မူသော အရပ်တည်းဟု မိန့်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ |
1,941 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ဘယ်သို့ ဇာတ်ကိုပေါင်းတော်မူသနည်းဟူမူကား- အာနန္ဒာ... ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြားမင်းဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ကဏှပညာရှိရသေ့ ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်တော်ကို ပေါင်းတော်မူ၏။ |
1,942 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | ရောင့်ရဲခြိုးခြံ၊ အကျင့်မှန်၊ နိဗ္ဗာန်ရောက်ကြောင်းသာ |
1,943 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဇာတ် -၂ | နှစ်ခုမြောက်သော ကဏှဇာတ်သည်ပြီး၏။ |
1,944 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဒသကနိပါတ် ၆။ |
1,945 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ကဏှဒီပါယနဇာတ် |
1,946 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | လောက၌ မှန်သောစကားသည် သစ္စာမည်ခြင်း |
1,947 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သတ္တဟမေဝါဟံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဏှဒီပါယနဇာတ်ကို ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် သာသာနာတော်၌ ငြီးငွေ့သော ရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ |
1,948 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ပစ္စုပ္ပန်ဝတ္ထု... ဝတ္ထုသည် ကုသဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ |
1,949 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | မြတ်စွာဘုရားသည် ထိုရဟန်းကို "ရဟန်း... သင်သည် သာသနာတော်၌ ငြီးငွေ့သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၍ "အရှင်ဘုရား မှန်ပေ၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း ရှေးပညာရှိတို့သည် သဗ္ဗညူ မြတ်ဘုရားရှင်တို့သည် မပွင့်ကုန်မီ သာသနာတော်မှ အပဖြစ်သော ရဟန်းတို့၏ အကျင့်ကို ကျင့်၍ ငါးဆယ့်ငါးနှစ်တို့ပတ်လုံး ရဟန်းအဖြစ်၌ မမွေ့လျော်ဘဲ မြတ်သော အကျင့်ကို ကျင့်ကုန်သည်ရှိသော် ဟိရိဩတ္တပပျက်အံ့သည်မှ ကြေက်သောကြောင့် မိမိ၏ ရသေ့ရဟန်း၏အဖြစ်၌ မမွေ့လျော်သော အဖြစ်ကို တစ်စုံတစ်ယောက်သောသူအား မပြောဆိုကုန်၊ သင်သည် အဘယ့်ကြောင့် ဤသို့ သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော ငါဘုရား သာသနာတော်၌ ရဟန်းပြု၍ ငါကဲ့သို့သော လူနတ်တို့၏ ဆရာဖြစ်တော်မူသော ငါဘုရားမျက်မှောက်တော်၌ တည်၍ ပရိသတ်လေးပါးအလယ်၌ မမွေ့လျော်သောအဖြစ်ကို ထင်စွာပြုဘိသနည်း၊ အဘယ်အကျိုးရှိသည်ဖြစ်၍ ဟိရိဩတ္တပ္ပကို မစောင့်သနည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။ |
1,950 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အတိတ်ဝတ္ထု... ရဟန်းတို့... လွန်လေပြီးသောအခါ ဝံသတိုင်း ကောသမ္ဗီပြည်၌ ကောသမ္ဘကအမည်ရှိသော မင်းသည် မင်းပြု၏။ |
1,951 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုအခါ အမှတ်မရှိသော နိဂုံးရွာ၌ ကုဋေရှစ်ဆယ်ဥစ္စာရှိကုန်သော အချင်းချင်း ချစ်မြတ်နိုးကြကုန်သော အဆွေခင်ပွန်းဖြစ်ကုန်သော ပုဏ္ဏားနှစ်ယောက်တို့သည် ရှိကုန်၏။ |
1,952 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | တစ်ယောက်ကား မဏ္ဍဗျ အမည်ရှိ၏။ |
1,953 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ပုဏ္ဏား ၂-ယောက် ရသေ့ဝတ် |
1,954 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုသူနှစ်ယောက်တို့သည် ကာမတို့၌ များသောအပြစ်တို့ကို မြင်ကုန်၍လျှင် ကြီးစွာသောအလှူကို ဖြစ်စေ၍ နှစ်ယောက်ကုန်သော သူတို့သည်လည်း ကာမတို့ကိုပယ်၍ လူအပေါင်းတို့ ငိုကြွေးမြည်တမ်းစဉ် အိမ်မှထွက်ကုန်၍ ဟိမဝန္တာ တောအရပ်၌ သင်္ခမ်းဆောက်ပြီးလျှင် ရသေ့ရဟန်းပြုကုန်၍ သစ်သီးဆွမ်း ရှာမှီးခြင်းတို့ဖြင့် ရအပ်သော တောသစ်မြစ် သစ်သီးကြီးငယ်ဖြင့် မျှကုန်လျက် အနှစ်ငါးဆယ်တို့ပတ်လုံး နေကုန်၏။ |
1,955 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဈာန်ကို ဖြစ်စေခြင်းငှာ မတတ်နိုင်ကုန်။ |
1,956 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုနှစ်ယောက်ကုန်သော ရသေ့တို့သည် အနှစ်ငါးဆယ်လွန်သောအခါ၌ ချဉ်ဆား မှီဝဲအံ့သောငှာ ဇနပုဒ်သို့ လှည့်လည်ကုန်လျက် ကာသိတိုင်းသို့ ရောက်လာကုန်၏။ |
1,957 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုဇနပုဒ်နိဂုံးရွာ၌ ဒီပါယန ရသေ့၏ လူ့လက်ထက်၌ အဆွေခင်ပွန်းဖြစ်ဖူးသော မဏ္ဍဗျမည်သော သူကြွယ်သည်ရှိ၏။ |
1,958 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုနှစ်ယောက်သော ရသေ့တို့သည်လည်း ထိုသူကြွယ်၏ အထံသို့ သွားကြကုန်၏။ |
1,959 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုသူကြွယ်သည် ထိုနှစ်ယောက်သော ရသေ့တို့ကိုမြင်၍လျှင် ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ကျောင်းဆောက်၍ ထိုနှစ်ယောက်သော ရသေ့တို့ကိုလည်း ပစ္စည်းလေးပါးတို့ဖြင့် လုပ်ကျွေး၏။ |
1,960 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုနှစ်ယောက်သော ရသေ့တို့သည် ထိုကျောင်း၌ သုံးလေးနှစ်တို့ပတ်လုံး နေကုန်ပြီးလျှင် သူကြွယ်ကိုပန်ကြား၍ ဒေသစာရီ သွားကြကုန်သည်ရှိသော် ဗာရာဏသီပြည်သို့ ရောက်၍ အဓိမုတို့ကအမည်ရှိသော သုသာန်၌ နေကြကုန်၏။ |
1,961 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုသုသာန်၌ ဒီပါယန ရသေ့သည် မွေ့လျော်သရွေ့ နေပြီး၍ တစ်ဖန် ထိုအဆွေခင်ပွန်း ဖြစ်ဖူးသော သူကြွယ်၏ အထံသို့သာလျှင် သွား၏။ |
1,962 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | မဏ္ဍဗျရသေ့ အဖမ်းခံရ |
1,963 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | မဏ္ဍဗျရသေ့သည် ထိုသုသာန်၌သာလျှင် နေရစ်၏။ |
1,964 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုအခါ တစ်နေ့သ၌ ခိုးသူတစ်ယောက်သည် မြို့တွင်း၌ ခိုးမှုကိုပြုပြီးလျှင် မြတ်သောဥစ္စာကိုယူ၍ အိမ်မှထွက်သည်ရှိသော် ခိုးသူဟု သိ၍ အိပ်ပျော်ခြင်းမှ နိုးကုန်သော အိမ်ရှင်တို့သည်လည်းကောင်း စောင့်ရှောက်သော သူတို့သည်လည်းကောင်း အစဉ်အတိုင်း လိုက်ကုန်သည်ရှိသော် ပြွန်ပေါက်မှထွက်၍ လျင်မြန်သော အဟုန်ဖြင့် သုသာန်သို့ဝင်၍ ရှင်ရသေ့၏ ကျောင်းတံခါး၌ ဥစ္စာထုပ်ကိုစွန့်၍ ပြေးလေ၏။ |
1,965 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | လူတို့သည် ဥစ္စာထုပ်ကိုမြင်၍ ဟယ် မကောင်းသော ရသေ့... သင်သည် ညဉ့်အခါ၌ ခိုးသူပြု၍ နေ့အခါ ရသေ့အသွင်ဖြင့် သွားဘိ၏ ဟု ခြိမ်းခြောက် ပုတ်ခတ်ပြီးလျှင် ထိုမဏ္ဍဗျရသေ့ကိုယူ၍ မင်းအား ပြကုန်၏။ |
1,966 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | မင်းသည် မစူးစမ်း မဆင်ခြင်မူ၍ သွားကြကုန်၊ တံကျင်၌ လျှိုလေကုန်လော့ ဟု ဆို၏။ |
1,967 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | တံကျင်လျှိုခံရ |
1,968 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုမဏ္ဍဗျ ရသေ့ကို သုသာန်သို့ဆောင်၍ ရှားတံကျင်သို့ တင်ကုန်၏။ |
1,969 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ရသေ့၏ကိုယ်၌ တံကျင်သည်မဝင်။ |
1,970 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထို့နောင်မှ တမာသားတံကျင်ကို ဆောင်ကုန်၏။ |
1,971 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုတမာသားတံကျင်သည်လည်း မဝင်နိုင်၊ သံတံကျင်ကို ဆောင်ကုန်၏။ |
1,972 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုသံတံကျင်သည်လည်း မဝင်နိုင်၊ ရသေ့သည် ငါ၏ မကောင်းမှုကံသည် အဘယ်ကောင်းမှုကံနည်း ဟု ကြံဆင်ခြင်၏။ |
1,973 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုသို့ ဆင်ခြင်သောအခါ၌ ထိုရသေ့အား ဇာတိဿရဉာဏ်သည် ဖြစ်၏။ |
1,974 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုဇာတိဿရဉာဏ်ဖြင့် ရှေး၌ပြုခဲ့ဖူးသော မကောင်းမှုကံကို ကြည့်၍ မြင်၏။ |
1,975 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုမဏ္ဍဗျ ရသေ့၏ ရှေးမကောင်းမှုကံသည် အဘယ်နည်း ဟူမူကား- ပင်လယ်ကသစ် တံကျင်ဖြင့် ယင်ငယ်ကို ထိုးဖူးသေကံတည်း။ |
1,976 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုမဏ္ဍဗျ ရသေ့သည် ရှေးဘဝ၌ လက်သမားဖြစ်၍ အဖ၏ သစ်ရွေရာ အရပ်သို့သွား၍ တစ်ကောင်သော ယင်ငယ်ကို ဖမ်းပြီးလျှင် ပင်လယ်ကသစ်မြစ်ဖြင့် ထိုး၏။ |
1,977 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုမကောင်းမှု ကံသည်ပင်လျှင် ဤအရပ်သို့ရောက်၍ မြဲစွာကိုင်၏။ |
1,978 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုရသေ့သည် ဤယင်ငယ်ကို ပင်လယ်ကသစ်မြစ်ဖြင့် တံကျင်လျှိုသောသဏ္ဌာန် ထိုးဖူးသော မကောင်းမှုကံမှ ငါသည် လွတ်ခြင်းငှာ မတတ်ကောင်းပြီဟု သိ၍ မင်းချင်းတို့ကိုဆို၏။ |
1,979 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ငါ့ကို တံကျင်လျှိုလိုကုန်သည် အကယ်၍ဖြစ်ကုန်အံ့၊ ပင်လယ် ကသစ် တံကျင်ကို ဆောင်ကုန်လော့ ဟု ဆို၏။ |
1,980 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုမင်းချင်းတို့သည် ရသေ့ဆိုတိုင်းပြုကုန်၏။ |
1,981 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုရသေ့ကို ပင်လယ်ကသစ်သား တံကျင်သို့တင်၍ အစောင့်အရှောက်ကိုပေးပြီး သွားကြကုန်၏။ |
1,982 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | စောင့်ရှောက်သောသူတို့သည် ဖုံးလွှမ်းအပ်ကုန်သည်ဖြစ်၍ ထိုရသေ့၏အထံသို့ လာကုန်သော သူတို့ကို ကြည့်ကုန်၏။ |
1,983 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုအခါ ဒီပါယန ရသေ့သည် ငါ၏ အဆွေဖြစ်သော မဏ္ဍဗျရသေ့ကို မမြင်ရသည် ကြာမြင့်ပြီ ဟု မဏ္ဍဗျရသေ့၏ အထံသို့ လာလတ်သည်ရှိသော် တံကျင်လျှိုပြီ ဟု ထိုနေ့၌ပင်လျှင် ခရီးအကြား၌ ကြား၍ ထိုမဏ္ဍဗျရသေ့ကို တံကျင်လျှို၍ ထားရာအရပ်သို့ သွားပြီးလျှင် လျောက်ပတ်စွာ ရပ်လျက် အဆွေ မဏ္ဍဗျ အပြစ်ရှိသည်ဖြစ်သလော၊ အဘယ်အပြစ်ရှိသည် ဖြစ်သနည်းဟု မေး၍ အပြစ်မရှိ ဟု ဆိုလေသည်ရှိသော် မိမိ၏နှလုံးဖြင့် ပြစ်မှားခြင်းကို အောင်ခြင်းငှာ တတ်နိုင်၏လော၊ မတတ်နိုင်လောဟု မေး၏။ |
1,984 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အဆွေ... အကြင်သူတို့သည် ဖမ်းအပ်၏။ |
1,985 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုသူတို့အပေါ်၌ ငါ့အား နှလုံးဖြင့် ပြစ်မှားခြင်းသည် မရှိသလျှင်ကတည်း။ |
1,986 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | မင်း၏ အပေါ်၌လည်း ငါ့အား ပြစ်မှားခြင်းသည် မရှိသလျှင်ကတည်း ဟု ဆိုလေ၏။ |
1,987 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဤသို့ အမျက်မထွက်ခြင်းသည် ဖြစ်ပေသော အဆွေကဲ့သို့သော သီလရှိသောသူ၏ အရိပ်သည် ငါ့အား ချမ်းသာခြင်း၏ အကြောင်း ဖြစ်၏ ဟု ဆို၍ ဒီပါယန ရသေ့သည် လျှိုပြီး၍စိုက်သော တံကျင်ကို မှီ၍ နေ၏။ |
1,988 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ကဏှဒီပါယနရသေ့ တရားဟော |
1,989 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုသို့မှီသောအခါ၌ ထိုဒီပါယန ရသေ့၏ ကိုယ်၌ မဏ္ဍဗျ ရသေ့၏ကိုယ်မှ သွေးပေါက်တို့သည် စီးကျကုန်၏။ |
1,990 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ရွှေအဆင်းနှင့်တူသော အဆင်းရှိသောကိုယ်၌ ကျတိုင်းကျတိုင်းကုန်သော သွေးပေါက်တို့သည် ခြောက်ကုန်၍ အကွက်အကွက် မည်းသောအဆင်းတို့ဖြင့် ဖြစ်ကုန်၏။ |
1,991 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုကိုယ်၌ မည်းသော အဆင်းရှိသော အပေါက်အပေါက်ဖြစ်သောအခါမှစ၍သာလျှင် ထိုဒီပါယန ရသေ့သည် ကဏှဒီပါယန အမည်သည်ဖြစ်၏။ |
1,992 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုကဏှဒီပါယန ရသေ့သည် ညဉ့်သုံးယံပတ်လုံး ထိုတံကျင်၌သာလျှင် နေ၏။ |
1,993 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | မိုးသောက်သောအခါ၌ စောင့်ရှောက်သော လူတို့သည် လာလတ်ကုန့၍ ထိုနှစ်လောက်ကုန်သော ရသေ့တို့သည် ဟောပြောကြသော အကြောင်းကို မင်းအား ကြားလျှောက်ကုန်၏။ |
1,994 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | မင်းသည် ငါသည် မစူးမစမ်း ပြုမိချေ၏ ဟု လျင်မြန်စွာ ထိုရသေ့အထံသွား၍ အိုရသေ့ အဘယ့်ကြောင့် တံကျင်ကို မှီ၍နေသနည်း ဟု ဒီပါယနရသေ့ကို မေး၏။ |
1,995 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | မြတ်သော မင်းကြီး ဤရသေ့ကို စောင့်ရှောက်နေ၏ ဟု ဆို၏။ |
1,996 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ရှင်ရသေ့သည် ဤရသေ့၏ အပြစ်ရှိသည်၏ အဖြစ်ကိုလည်းကောင်း၊ အပြစ်မရှိသည်၏ အဖြစ်ကိုလည်းကောင်း၊ သိ၍ ဤသို့ စောင့်ရှောက်ခြင်းကို ပြုသလောဟု မေး၏။ |
1,997 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုဒီပါယန ရသေ့သည် အမှုကို သုတ်သင်ဆင်ခြင်စူးစမ်း၍ အပြစ်မရှိသော အဖြစ်ကိုကြာ၍ ထို့နောင်မှ ထိုမင်းအား မြတ်သော မင်းကြီး... ပြည်ထဲသခင် မင်းမည်သည်အား စူးစမ်းဆင်ခြင်၍သာ ပြုလေ့ရှိသည် ဖြစ်ရာ၏။ |
1,998 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ကာမဂုဏ်ချမ်းသာကို ခံစားသူမည်သည် ပျင်းသည်ဖြစ်အံ့၊ မကောင်း ဤသို့ အစရှိသော စကားတို့ကိုဆို၍ မင်းကျင့်တရား ဆယ်ပါးကို ဟော၏။ |
1,999 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | တံကျင်ကိုဖြတ်ထား |
2,000 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | မင်းသည် မဏ္ဍဗျရသေ့၏ အပြစ်မရှိသော အဖြစ်ကို သိ၍ တံကျင်ကို နုတ်ကုန်လော့ ဟု စေ၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.