id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
2,001 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | တံကျင်ကိုနုတ်ကုန်သည်ရှိသော် နှုတ်ခြင်းငှာ မတတ်နိုင်ကုန်ဟု မဏ္ဍဗျ ရသေ့သည်ဆို၏။ |
2,002 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အဘယ်သို့ ဆိုသနည်းဟူမူကား မြတ်သော မင်းကြီးသည် ရှေး၌ပြုအပ်ပြီးသော မကောင်းမှုကံဟူသော အပြစ်ကြောင့် ဤသို့ သဘောရှိသော ဘေးသို့ ရောက်ချေပြီ၊ ငါ၏ ကိုယ်၌ တံကျင်ကို နုတ်ခြင်းငှာ မတတ်နိုင်ရာ၊ ငါ့အား အသက်ကိုပေးလိုသည် အကယ်၍ ဖြစ်ငြားအံ့၊ လွှကိုဆောင်စေ၍ တံကျင်ကို အရေးနှင့်အမျှ ဖြတ်စေလော့ ဟု ဆို၏။ |
2,003 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | မင်းသည် ထိုရသေ့ဆိုတိုင်း ပြုစေ၏။ |
2,004 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ကိုယ်တွင်း၌တံကျင်သည် ကိုယ်တွင်း၌ သာလျှင်ဖြစ်၏။ |
2,005 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ရှေးဝိပါက် |
2,006 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | (ထိုလက်သမားသား ဖြစ်သောအခါ၌ ထိုသူငယ်သည် သိမ်မွေ့သော ပင်လယ်ကသစ်မြစ်ကိုယူ၍ ယင်၏ ဝစ္စမဂ်သို့ ထိုးလိုက်၏။ |
2,007 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထို ပင်လယ် ကသစ်မြစ်သည် ထိုယင်၏ ကိုယ်တွင်း၌ သာလျှင် ဖြစ်၏။ |
2,008 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုယင်ငယ်သည် ထိုပင်လယ် ကသစ်မြစ်ဖြင့် လျှိုခြင်းဟူသော အကြောင်းကြောင့် မသေမူ၍ မိမိ၏ အသက်အပိုင်းအခြား ကုန်သဖြင့်သာလျှင် သေ၏။ |
2,009 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထို့ကြောင့် ဤမဏ္ဍဗျ ရသေ့သည်လည်း မသေ၊ ဤသည်လျှင် ရှေးမကောင်းမှုကံတည်း။ |
2,010 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ) ဗာရာဏသီမင်းသည် ရသေ့တို့ကို ရှိခိုး၍ ကန်တော့ပြီးလျှင် နှစ်ယောက်ကုန်သော ရသေ့တို့ကိုလည်း ဥယျာဉ်တော်၌ နေစေလျက် လုပ်ကျွေး၏။ |
2,011 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုလျှိုပြီးသော တံကျင်ကို အသားနှင့်အညီ ဖြတ်၍ထားသောအခါမှစ၍ မဏ္ဍဗျ ရသေ့သည် အာဏိမဏ္ဍဗျ ရသေ့ မည်တွင်၏။ |
2,012 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုအာဏိမဏ္ဍဗျ ရသေ့သည် ဗာရာဏသီမင်းကို အမှီပြု၍ ထိုဥယျာဉ်တော်၌သာလျှင် နေ၏။ |
2,013 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အာဏိမဏ္ဍဗျ အကြောင်း |
2,014 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ကဏှဒီပါယန ရသေ့သည်ကား ထိုအာဏိမဏ္ဍဗျ ရသေ့ တံကျင်လျှိုခြင်းကြောင့် ဖြစ်သောအနာကို ချမ်းသာအောင် ပြု၍ မိမိ၏ လူ့လက်ထက်၌ အဆွေခင်ပွန်းဖြစ်သော မဏ္ဍဗျ သူကြွယ်၏ အထံသို့သာလျှင် သွားလေ၏။ |
2,015 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုကဏှဒီယန ရသေ့သည် ကျောင်းသို့ ဝင်သည်ကို မြင်၍ တစ်ယောက်သော ယောက်ျားသည် အဆွေဖြစ်သော မဏ္ဍဗျ သူကြွယ်အား ကြား၏။ |
2,016 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုမဏ္ဍဗျ သူကြွယ်သည် ကြားတည့်၍သာလျှင် နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ သားမယားနှင့်တကွ များသော နံ့သာ ပန်း ဆီ တင်လဲ အစရှိသည်တို့ကိုယူ၍ ကျောင်းသို့သွားပြီးလျှင် ကဏှဒီပါယန ရသေ့ကို ရှိခိုး၍ ခြေတို့ကို ဆေးပြီးလျှင် ဆီဖြင့်သုတ်၍ အဖျော်ကို သောက်စေ၍ အာဏိမဏ္ဍဗျရသေ့၏ ဖြစ်ကြေဝင်းကို နာလျက်နေ၏။ |
2,017 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | မဏ္ဍဗျသား မြွေကိုက် |
2,018 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုအခါ မဏ္ဍဗျ သူကြွယ့်သားဖြစ်သော ယညဒတ်မည်သော သူငယ်သည် စင်္ကြံဦး၌ အိမ်ကျင်ဖြင့် ကစား၏။ |
2,019 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုသို့ ကစားသည်ရှိသော် တစ်ခုသော တောင်ပို့၌ မြွေဟောက်သည် နေ၏။ |
2,020 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ယညဒတ်၏ မြေ၌ ခတ်အပ်သော အိမ်ကျင် (ဘောလုံး)သည် လိမ့်လျက် သွားလေ၏။ |
2,021 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုတောင်ပို့တွင်း၌ မြွေဟောက်၏ ဦးခေါင်းပေါ်၌ ကျလေ၏။ |
2,022 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုသူငယ်သည် မြွေဟောက်ရှိမှန်း မသိခြင်းကြောင့် တောင်ပို့တွင်းသို့ လက်ကိုသွင်း၏။ |
2,023 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုအခါ ထိုသူငယ်ကို အမျက်ထွက်၍ မြွေဟောက်သည် လက်၌ ကိုက်၏။ |
2,024 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုသူငယ်သည်လည်း မြွေဆိပ်၏ အဟုန်ဖြင့် မိန်းမောသည် ဖြစ်၍ ထိုအရပ်၌သာလျှင် လဲ၏။ |
2,025 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုအခါ ထိုသူငယ်၏ မိဘတို့သည် မြွေကိုက်သော အဖြစ်ကိုသိလျှင် သူငယ်ကိုချီ၍ ရှင်ရသေ့၏ အထံသို့ ဆောင်ခဲ့ပြီးလျှင် ခြေရင်း၌ အိပ်စေ၍ အရှင်ဘုရား၊ ရဟန်းတို့မည်သည်ကား ဆေးကိုလည်းကောင်း၊ အရံအတားကိုလည်းကောင်း တတ်ကုန်၏။ |
2,026 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | သူငယ်ကို အနာမရှိသည်ကို ပြုတော်မူလော့ ဟု ဆိုကုန်၏။ |
2,027 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ရသေ့ သစ္စာဆိုပုံ |
2,028 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုစကားကိုကြား၍ ကဏှဒီပါယန ရသေ့သည် ဆို၏။ |
2,029 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဒါယကာတို့ ငါသည် ဆေးကိုမတတ်၊ ဆေးကုသော အမှုကို မပြု ဟု ဆို၏။ |
2,030 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အရှင်ဘုရားထိုသို့ ဆေးမကုစားမူ၍ သူငယ်၌ မေတ္တာကိုပြု၍ သစ္စာပြုခြင်းကို ပြုတော်မူပါလော့ ဟု ဆိုကုန်သည်ရှိသော် ရသေ့သည် ကောင်းပြီ၊ သစ္စာပြုခြင်းကို ပြုအံ့ဟု ဆို၍ ယညဒတ်၏ ဦးခေါင်း၌ လက်ကိုထား၍- |
2,031 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ၆၂။ သတ္တာဟမေဝါဟံ ပသန္နစိတ္တော၊ပုညတ္ထိကော အစရိံ ဗြဟ္မစရိယံ။ |
2,032 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အထာပရံ ယံ စရိတံ မမေဒံ၊ဝဿာနိ ပညာသ သမာဓိကာနိ။ |
2,033 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အကာမကောဝါပိ အဟံ စရာမိ၊ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ |
2,034 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဟတံ ဝိသံ ဇီဝတု ယညဒတ္တော။ |
2,035 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဘောန္တော၊ ဒါယကာတို့။ |
2,036 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | သတ္တဟမေဝ၊ ရဟန်းပြုသည်မှ ခုနှစ်ရက်သာလျှင်။ |
2,037 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ပသန္နစိတ္တော၊ ကြည်ညိုသော စိတ် ရှိသည်ဖြစ်၍။ |
2,038 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ပုညတ္ထိကော၊ ကောင်းမှုကို အလိုရှိသည်ဖြစ်၍။ |
2,039 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ |
2,040 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အစရိံ၊ ကျင့်၏။ |
2,041 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အထ၊ ထိုခုနစ်ရက်။ |
2,042 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အပရံ၊ နောက်၌။ |
2,043 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | မမ၊ ငါ၏။ စရိတံ၊ ကျင့်အပ်သော။ |
2,044 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ယံ စရိတံ၊ အကြင်အကျင့်သည်။ |
2,045 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အတ္ထိ၊ ရှိ၏။ |
2,046 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဣဒံပိ၊ ဤအကျင့်ကိုလည်း။ |
2,047 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ပညာသ သမာဓိကာနိ၊ ငါးဆယ် အလွန်ရှိကုန်သော။ |
2,048 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဝဿာနိ၊ နှစ်တို့ပတ်လုံး။ |
2,049 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အကာမကောဝ၊ အလိုမရှိဘဲလျှင်။ |
2,050 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | စရာမိ၊ ကျင့်၏။ |
2,051 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဧတေန သစ္စေန၊ ဤသို့မှန်သော သစ္စာစကားကြောင့်။ |
2,052 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ယညဒတ္တော၊ ယညဒတ်သည်။ |
2,053 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | သုဝတ္ထိ၊ ချမ်းသာသည်။ |
2,054 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဟောတု၊ ဖြစ်စေသတည်း။ |
2,055 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဝိသံ၊ အဆိပ်သည်။ |
2,056 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဟတံ-ဟညတု၊ ပျောက် စေသတည်း။ |
2,057 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဇီဝတု၊ အသက်ရှင်စေသတည်း။ |
2,058 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဤသို့ သစ္စာပြုသောအခါ၌ ထိုကဏှဒီပါယန ရသေ့၏ သစ္စာပြုသည်နှင့်တကွ ယညဒတ်အား သားမြတ်တည်ရာ အရပ်မှ အထက်၌ နှံ့လေသော အဆိပ်သည် လျှောကျ၍ မြေသို့ ဝင်လေ၏။ |
2,059 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | သူငယ်သည်လည်း မျက်စိတို့ကို ဖွင့်ပြီးလျှင် မိဘတို့ကိုကြည့်၍ မိခင် ဖခင်တို့ဟူ၍ ဆို၍သာလျှင် ပြန်၍အိပ်၏။ |
2,060 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုအခါ သူငယ်၏ အဖကို ကဏှဒီပါယန ရသေ့သည် ငါသည် ရှေးဦးစွာ ငါ၏ အစွမ်းကို ပြုအပ်ပြီ၊ သင်သည်လည်း မိမိ၏ အစွမ်းကို ပြုလော့ ဟု ဆို၏။ |
2,061 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အဖ သစ္စာဆိုပုံ |
2,062 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုအဖသည်လည်း ငါသည် ပြုအပ်သော သစ္စာကို ပြုအံ့ဟု သား၏ရင်၌ လက်ကိုထား၍- |
2,063 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ၆၃။ ယသ္မာ ဒါနံ နာညိနန္ဒိံ ကဒါစိ၊ဒိသွာနဟံ အတိထိံ ဝါသကာလေ။ |
2,064 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | န စာပိ မေ အပ္ပိယတံ အဝေဒုံ၊ဗဟုဿုတာ သမဏဗြာဟ္မဏာ စ၊အကာမကောဝါပိ ဟိ အဟံ ဝဒါမိ၊ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ |
2,065 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဟတံ ဝိသံ ဇီဝတု ယညဒ- |
2,066 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ၆၃။ ဘောန္တော၊ အရှင်တို့။ |
2,067 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဒါနံ၊ အလှူကို။ |
2,068 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ကဒါစိ၊ တစ်ရံတစ်ဆစ်မျှ။ |
2,069 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | နာဘိနန္ဒိံ၊ မနှစ်သက်။ |
2,070 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အဟံ၊ အကျွန်သည်။ |
2,071 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အတိထိံ၊ အလှူခံဖြစ်သော ခရီးသွားဧည့်သည်ကို။ |
2,072 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဝါသကာလေ၊ ငါ၏အိမ်သို့ လာသောကာလ၌။ |
2,073 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | မေ၊ ငါ၏။ အပ္ပိယတံ၊ အလှူဒါန အလှူခံတို့ကို မနှစ်သက်သော အဖြစ်ကို။ |
2,074 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဗဟုဿုတာ၊ များသော အကြားအမြင်ရှိကုန်သော။ |
2,075 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | သမဏဗြာဟ္မဏာ စ၊ ရဟန်းပုဏ္ဏားတို့သည်လည်း။ |
2,076 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | န စာပိ အဝေဒုံ၊ မသိကုန်။ |
2,077 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အကာမကော ဝ၊ အလိုမရှိဘဲလျှင်။ |
2,078 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဒဒါမိ၊ လှူ၏။ |
2,079 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဧတေန သစ္စေန၊ ဤမှန်သော သစ္စာစကားကြောင့်။ |
2,080 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဟတံ ဟညတု၊ ပျောက်စေသတည်း။ |
2,081 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဤသို့ အဖထည် သစ္စာပြုပြီးသည်ရှိသော် ခါးမှ အထက်၌ အဆိပ်သည်ကျ၍ မြေသို့ဝင်လေ၏။ |
2,082 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | သူငယ်သည် ထ၍ ထိုင်၏။ |
2,083 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ရပ်ခြင်းငှာကား မတတ်နိုင်သေး၊ ထိုအခါ သူငယ်၏ အဖသည် အမိကို ရှင်မ ငါသည် မိမိ၏ အစွမ်းကို ပြုအပ်ပြီ၊ သင်သည် ယခု သစ္စာပြု၍ သား၏ ထ၍ သွားနိုင်သော အဖြစ်ကို ပြုလော့ ဟု ဆို၏။ |
2,084 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အရှင်... အကျွန်ုပ်အား တစ်ခုသော သစ္စာသည် ရှိ၏။ |
2,085 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုသို့ရှိသော်လည်း အရှင်၏ မျက်မှောက်၌ ဆိုခြင်းငှာ မတတ်ကောင်း ဟု ဆိုသည်ရှိသော် ဟုတ်မှန်သည့်အတိုင်း သားကို အနာမရှိသည်ကို ပြုလော့ ဟု ဆို၏။ |
2,086 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | မိခင် သစ္စာဆိုပုံ |
2,087 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ထိုအမိသည် ကောင်းပြီဟု ဝန်ခံ၍ သစ္စာကို ပြုလိုရကား- |
2,088 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ၆၄။ အာသီဝိသော တာတ ပဟူတတေဇော၊ယော တံ အဍံသိ သစရာ ဥဒိစ္စ။ |
2,089 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | တသ္မိံစ မေ အပ္ပိယတာယ အဇ္ဇ၊ပိတရဉ္စ တေ နတ္ထိ ကောစိ ဝိသေသော။ |
2,090 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ |
2,091 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဟူသော သုံးခုမြောက်သောဤဂါထာကို ဆို၏။ |
2,092 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | တာတ၊ ချစ်သား။ |
2,093 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ပဟူတတေဇော၊ များသော အဆိပ်ရှိသော။ |
2,094 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အာသီဝိသော၊ အကြင်မြွေဟောက်သည်။ |
2,095 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | သစရာ၊ မိမိနေရာ တောင်ပို့တွင်းမှ။ |
2,096 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | ဥဒိစ္စ၊ ထ၍။ |
2,097 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | တံ၊ သင်ချစ်သားကို။ |
2,098 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အဍံသိ၊ ကိုက်၏။ |
2,099 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | အဇ္ဇ၊ ယခု။ |
2,100 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏှဒီပါယနဇာတ် | မေ၊ ငါ၏။ တသ္မိဉ္စ၊ ထိုမြွေဟောက်၌လည်းကောင်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.