id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
24,401 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | ဆိတ်စီနုသေး၊ ငယ်ကွေးလေးသားငယ်ကလေးက [မ] ငယ်လှသေးရှင့် [ဟ]၊ |
24,402 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | မြသွေးစိမ်းလဲ့၊ နာဂသွဲ့သို့၊ |
24,403 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | ရွှေမှဲ့မစွန်း၊ သံချိုခွန်းနှင့်၊ |
24,404 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | ဆောင်းယွန်းခန်းလယ်၊ မောင်နှင့်မယ်သည်။ |
24,405 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | ယှက်သွယ်ဇာကြိုးလိမ်သို့လေရှုဘွယ်ဇာကြိုးလိမ်သို့လေး [မ] [ဟ]။ |
24,406 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | လယ်ဗွေတည့်စက်ခန်း မှီအုံးဆန်း။ |
24,407 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | ဆွတ်ဖျန်းလေသွေးယူ။ |
24,408 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | မဉ္ဇူတည့်ကြိုင်သင်းရနံ့ကျင်း။ |
24,409 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | ဝါတွင်းသည့်အခါ။ |
24,410 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, လူးတား | ကရကဋ်ရာသီ ဝါဆိုလဘွဲ့ လူးတား | အာကာက တိမ်ပန်း ချိပ်ရောင်သန်းအာကာတည့်တိမ်ပန်း လျှပ်ရောင်သန်း [ဘ] အာသာတည့်တိမ်ပန်း ရှုတိုင်းဆန်း [မ] [ဟ]။ |
24,411 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | ၇။ ကလဏ္ဍုကဇာတ် |
24,412 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | သူတပါးတို့အား ရှုတ်ချကဲ့ရဲ့ တတ်သောသူ၏ အကြောင်း |
24,413 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် တေ ဒေသာ တာနိ ဝတ္ထူနိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကလဏ္ဍုကဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီ တင်းသုံး နေတော်မူစဉ် တယောက်သော ရှုတ် ချသော စကားကို ဆိုတတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ |
24,414 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | ကလဏ္ဍုက ဇာတ်၌ နှစ်ပါးကုန်သောဝတ္ထုတို့သည်လည်း ကဋာဟကဇာတ်နှင့် တူကုန်သလျှင် ကတည်း။ |
24,415 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | အတိတ်ဝတ္ထု... ဤကလဏ္ဍုကဇာတ်၌ကား ဗာရာဏသီ သူဌေးအား ကလဏ္ဍုကမည်သော ကျွန်သည် ဖြစ်၏။ |
24,416 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | ထိုကလဏ္ဍုက၏ ပြေး၍ ပစ္စန္တရစ်သူဌေး၏ သ္မီးကိုယူ၍ များစွာသော အခြံအရံဖြင့် နောက်ကာလ၌ ဗာရာဏသီသူဌေးသည် ရှာစေသည်ရှိသော် ထိုကလဏ္ဍုက၏ ရောက်ရာအရပ်ကို မသိသည်ဖြစ်၍ သွားချေ ကလဏ္ဍုကကိုရှာချေဟု မိမိသားဖြစ်သော ကျေးသားငယ်ကိုစေ၏။ |
24,417 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | ကျေးသားငယ်သည် ထိုမှဤမှလှည့်လည်သည်ရှိသော် ထိုမြို့သို့ ရောက်၏။ |
24,418 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | ထိုကာလ၌လည်း ကလဏ္ဍုကသည် မြစ်၌ကစားခြင်းကို ကစားလိုသည်ဖြစ်၍ များစွာသော ပန်း နံ့သာ နံ့သာပျောင်းကို၎င်း ခဲဘွယ်ဘောဇဉ်ကို၎င်းယူခဲ့စေ၍ သူဌေးသီးနှင့်လှေစီး၍ ရေ၌ကစား၏။ |
24,419 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | ထိုအရပ်၌ မြစ်ကစားခြင်းကိုကစားကုန်သော အစိုး ရကုန်သောသူတို့သည် ထက်သောဆေးဖြင့်ထုံအပ်သော နို့ရည်ကို သောက်ကုန်၏။ |
24,420 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | ထို့ကြောင့် တနေ့ပတ်လုံး ရေ၌ကစားကုန်သောသူတို့အား အချမ်းသည်မနှိပ်စက်၊ ဤကလဏ္ဍုကသည်ကား နို့ရည်ကိုနှုတ်ငုံ၍ ခံတွင်းဆေး၍ ထို့နိုရည်ကိုထွေး၏။ |
24,421 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | ထွေးသည်ရှိသော် ရေ၌မထွေးမူ၍ သူဌေးသမီးဦးခေါင်း၌ ထွေး၏။ |
24,422 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | ကျေးသားငယ်သည် ထိုမြစ်နားသို့သွား၍ တခုသောသဖန်းခက် ၌နား၍ ကြည့်သည်ရှိသော် ကလဏ္ဍုကကိုသိ၍ သူဌေးသ္မီးသို့ ဦးခေါင်း၌နို့ရည်ကို ထွေးသည်ကိုမြင်၍ ဟယ် ကလဏ္ဍုကမည်သောကျွန် မိမိ၏ အမျိုးကို၎င်း, နေရာအရပ်ကို၎င်း အောက်မေ့ လော့၊ နို့ရည်ကို နှုတ်၌ငုံ၍ ခံတွင်းကိုဆေး၍ အမျိုးနှင့်ပြည့်စုံသော ချမ်းသာသဖြင့် ကြီးသောသူဌေးသမီး၏ ဦးခေါင်း၌ မထွေးလင... |
24,423 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | ၁၂၇။ တေ ဒေသာ တာနိ ဝတ္ထူနိ၊ အဟဉ္စ ဝနဂေါစရော။ |
24,424 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | အနုဝိစ္စ ခေါ တံ ဂဏေယျုံ၊ ပိဝ ခီရံ ကလဏ္ဍုက။ |
24,425 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | ၁၂၇။ ကလဏ္ဍုက၊ ကဏ္ဍာက။ |
24,426 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | တေ ဒေသာ၊ ထိုသင်၏အရပ်တို့သည်၎င်း။ |
24,427 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | တာနိ ဝတ္ထုနိ၊ ထိုသင်၏တည်ရာတို့သည်၎င်း။ |
24,428 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | တာနိ၊ ထိုဒေသဝတ္ထုတို့ကို။ |
24,429 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | ဝနဂေါစရေ၊ တော ၌ကျက်စားသော။ |
24,430 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | အဟဉ္စ၊ ငါကျေးသားသည်လည်း။ |
24,431 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | ဇာနာမိ၊ သိ၏။ |
24,432 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | သာမိကာ၊ သင်၏ သခင်တို့သည်။ |
24,433 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | အနုဝိစ္စ၊ သိ၍။ |
24,434 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | ဂဏေယျုံ၊ ဖမ်းကုန်ရာ၏။ |
24,435 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | ခီရံ၊ နို့ရည်ကို။ |
24,436 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | ပိဝ၊ သောက်လေလော။ |
24,437 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | ကလဏ္ဍုကသည်လည်း ကျေးသားငယ်ကိုသိ၍ ငါ့ကို ထင်ရှားသည်ကို ပြုရာ၏ဟု ကြောက်ခြင်းကြောင့် အရှင်လာလော့၊ အဘယ်အခါ၌ လာသနည်းဟု ဆို၏။ |
24,438 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | ကျေးသားငယ်သည် ကလဏ္ဍုကသည် ငါ့ကို အစီးအပွားကိုအလိုရှိသည်၏အဖြစ်ကြောင့် မခေါ်၊ ငါ၏လည်ကို လိမ်၍ သတ်ခြင်းငှါ အလိုရှိ၏ဟုသိ၍ ငါ့အား သင်ဖြင့် အလိုမရှိဟု ထိုသဖန်းခက်မှပျံ၍ ဗာရာ ဏသီပြည်သို့ သွား၍ မြင်ခဲ့တိုင်း သူဌေးအား အကျယ်အားဖြင့်ဆို၏။ |
24,439 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | သူဌေးသည် ကလဏ္ဍုကသည် မသင့်သည်ကိုပြု၏ဟုဆို၍ သွားပြီး သည်ရှိသော် ထိုကလဏ္ဍုကအား အာဏာကိုပြု၍ ထိုကလဏ္ဍုကကို ဗာရာဏသီသို့ဆောင်ခဲ့၍ ကျွန်အသုံးအဆောင်ဖြင့် သုံးဆောင်၏။ |
24,440 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ထိုရဟန်းသည် ထိုအခါ ကလဏ္ဍုက ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဗာရာ ဏသီသူဌေး ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။ |
24,441 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကလဏ္ဍုကဇာတ် | ကိုယ်၏အဖြစ်၊ ကိုယ့်သနစ်၊ စင်စစ် သိအပ်စွာ ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကလဏ္ဍုကဇာတ်သည် ပြီး၏။ |
24,442 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကလန်ငသာသင် ကျောက်စာ | ၂ “လကျာကြီက္လန် ငာသာသင်နှင္အ်။ |
24,443 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကလန်ငသာသင် ကျောက်စာ | မောင္အ်နှမ်(မ) * မောင္အ်နှမ်စုံဟုရေးလိုဟန်ရှိသည်။ |
24,444 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကလန်ငသာသင် ကျောက်စာ | စုံ။ ဆုဝ် |
24,445 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကလန်ငသာသင် ကျောက်စာ | ၃ ငြယ်မဟိမူရုယ္အ် ရသောကျွန်။ |
24,446 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကလန်ငသာသင် ကျောက်စာ | ဖုန်လိုဝ်ရုယ္အ် ပုရှာသ္ခိင်အာလှူသော။ |
24,447 | ကျောက်စာများ, မြန်မာဘာသာ, ပုဂံခေတ် | ကလန်ငသာသင် ကျောက်စာ | ” [လက်ယာကြီး ကလန်ငသာသင်နှင့် မောင်နှံစုံ ဆင်းရဲ မရှိမူ၍ ရသောကျွန်၊ ဖုန်းလို၍ ဘုရားသခင်အား လှူသော။ |
24,448 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ |
24,449 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | နိမ္မိတဘုရား၏ အမေးဂါထာ (၁) |
24,450 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ကုတောပဟူတာ ကလဟာ ဝိဝါဒါ၊ |
24,451 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ပရိဒေဝသောကာ သဟမစ္ဆရာ စ။ |
24,452 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | မာနာတိမာနာ သဟပေသုဏာ စ၊ |
24,453 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ကုတောပဟူတာ တေ တဒိင်္ဃ ဗြူဟိ။ |
24,454 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ဂေါတမ - ဂေါတမနွယ်ဖွား မြတ်စွာဘုရား၊ |
24,455 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ကလဟာ - ခိုက်ရန်ဖြစ်ခြင်းတို့သည် လည်းကောင်း၊ |
24,456 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ဝိဝါဒါ - ငြင်းခုံခြင်းတို့သည်လည်းကောင်း၊ |
24,457 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ပရိဒေဝသောကာ - ငိုကြွေး ခြင်း စိုးရိမ်ပူဆွေးခြင်း တို့သည် လည်းကောင်း၊ |
24,458 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | သဟမစ္ဆရာ စ - ဝန်တိုခြင်းတို့သည် လည်းကောင်း၊ |
24,459 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | မာနာ-တိမာနာ - မာန်ထောင်လွှားခြင်း၊ မိမိကိုယ်ကို အထင်ကြီး၍ သူတပါးကို မထေမဲ့မြင်ပြုခြင်း တို့သည်လည်းကောင်း၊ |
24,460 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | သဟပေသုဏာ စ - ကုန်း တိုက်ခြင်း တို့သည် လည်းကောင်း၊ |
24,461 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ကုတောပဟူတာ - ဘယ်အကြောင်းကြောင့် ဖြစ်ကြပါသနည်း၊ |
24,462 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ဣင်္ဃ - တောင်းပန်ပါသည်၊ |
24,463 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | တံ - ထိုအကြောင်းကို၊ |
24,464 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ဗြူဟိ - ဟောကြားတော်မူပါ အရှင်ဘုရား။ |
24,465 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | မြတ်စွာဘုရား၏ အဖြေဂါထာ (၂) |
24,466 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ပိယပ္ပဟူတာ ကလဟာ ဝိဝါဒါ၊ |
24,467 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | မစ္ဆေရယုတ္တာ ကလဟာ ဝိဝါဒါ၊ |
24,468 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ဝိဝါဒဇာတေသု စ ပေသုဏာနိ။ |
24,469 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | မုနိ - နိမ္မိတရုပ်ပွား မြတ်ဘုရား၊ |
24,470 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ကလဟာ - ခိုက်ရန်ဖြစ်ခြင်း တို့သည် လည်း ကောင်း၊ |
24,471 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ဝိဝါဒါ - ငြင်းခုံခြင်း တို့သည် လည်းကောင်း၊ |
24,472 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ပရိဒေ၀ သောကာ - ငိုကြွေးခြင်း စိုးရိမ်ပူဆွေးခြင်း တို့သည် လည်းကောင်း၊ |
24,473 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | သဟမစ္ဆရာ စ - ဝန်တိုခြင်း တို့သည် လည်းကောင်း၊ |
24,474 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | မာနာ-တိမာနာ - မာန်ထောင်လွှားခြင်း၊ မိမိကိုယ်ကို အထင်ကြီး ၍သူတပါးကို မထေမဲ့မြင် ပြုခြင်းတို့သည်လည်းကောင်း၊ |
24,475 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | သဟပေသုဏာ စ - ကုန်း တိုက်ခြင်း တို့သည်လည်းကောင်း၊ |
24,476 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ပိယပ္ပဟူတာ - ချစ်ဖွယ်ပုဂ္ဂိုလ် ထိုထိုဝတ္ထု အမှု အာရုံကြောင့် ဖြစ်ကုန်၏။ |
24,477 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ကလဟာ - ခိုက်ရန်ဖြစ်ခြင်း တို့သည် လည်းကောင်း၊ |
24,478 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | မစ္ဆေရယုတ္တာ - ဝန်တိုခြင်းနှင့်လည်း သက်ဆိုင် ကုန်၏ |
24,479 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ဝိဝါဒဇာတေသု - ငြင်းခုံမှုများ ဖြစ်ပွားကြလျှင်၊ |
24,480 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ပေသုဏာနိ စ - ကုန်းချော စကား ပြောကြားခြင်း တို့သည်လည်း၊ |
24,481 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ဟောန္တိ - ဖြစ်တတ်ကြပါသည်။ |
24,482 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | နိမ္မိတဘုရား၏ အမေးဂါထာ (၃) |
24,483 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ပိယာ သု လောကသ္မိံ ကုတောနိဒါနာ၊ |
24,484 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ယေ စာပိ လောဘာ ဝိစရန္တိ လောကေ။ |
24,485 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | အာသာ စ နိဋ္ဌာ စ ကုတောနိဒါနာ၊ |
24,486 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ယေ သမ္ပရာယာယ နရဿ ဟောန္တိ။ |
24,487 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | လောကသ္မိံ - လောက၌၊ |
24,488 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ပိယာ - ချစ်ဖွယ်တို့သည်၊ |
24,489 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ကုတောနိဒါနာ - ဘယ်အကြောင်း ရှိပါကုန်သနည်း၊ |
24,490 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ဝါ - ဘယ် အကြောင်းကြောင့် ဖြစ်ပါကုန်သနည်း။ |
24,491 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ယေ စ - အကြင် ပုဂ္ဂိုလ်တို့သည်လည်း၊ |
24,492 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | လောဘာ - နှစ်သက်လိုချင်သည့် လောဘရှိကြသည်ဖြစ်၍၊ |
24,493 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ဝိစရန္တိ - လှည့်လည်ကျက်စား ပျော်ပါးနေထိုင်လျက် ရှိကုန်၏၊ |
24,494 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | တေသံ - ထိုပုဂ္ဂိုလ် တို့၏၊ |
24,495 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | လောဘောပိ - နှစ်သက်လိုချင်သော လောဘသည်လည်း၊ |
24,496 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ကုတောနိဒါနာ - အဘယ်အကြောင်းကြောင့် ဖြစ်ပါသနည်း။ |
24,497 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ယေ - ကာမဂုဏ်ငါးပါးစသော အကြင် အကျိုးစီးပွားတို့သည်၊ |
24,498 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | နရဿ - လူ၏၊ |
24,499 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | ဝါ - နတ် လူပုဂ္ဂိုလ် သတ္တဝါ၏၊ |
24,500 | Uncategorized | ကလဟဝိဝါဒသုတ် ပါဌ်-နိဿယ | သမ္ပရာယာယ - မှီခိုရာ အားထားရာ အလို့ငှာ၊ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.