id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
24,201
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- နမောတဿ--ပြောဆိုချက်
24,202
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စကားပြောဆိုသံကိုကြားရာ၌ စကားမည်သည် အက္ခရာတစ်လုံး တစ်လုံး စီစဉ်၍ပြောရာ၏၊ အက္ခတို့သည် အစဉ်အတိုင်း ချုပ်ပျောက် ကုန်၏၊ နောက်နောက်အက္ခရာပေါ်လာလျှင် ရှေးရှေးအက္ခရာမရှိပြီ၊ နား ထောင်သူတို့၏နား၌ သောတဝိညာဉ် နာမက္ခန္ဓာ ၄-ပါးတို့သည် သူ့ူ့ အက္ခရာနှင့်သူ အစဉ်အတိုင်းဖြစ်ပေါ်၍ အစဉ်အတိုင်း ချုပ်ဆုံးကြကုန်၏၊ “နမောတဿ''ဟူသော ရွတ်ဆိုသံကို...
24,203
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စောဒနာရန်ရှိသည်ကား--နားကိုပုဂ္ဂိုလ်ဟူ၍,သတ္တဝါဟူ၍ စွဲလမ်းမှုမရှိပါ၊ ပုဂ္ဂိုလ်၏ အင်္ဂါ, သတ္တဝါ၏ အင်္ဂါဟူ၍သာ စွဲလမ်းပါ သည်ဟုဆိုရန်ရှိ၏၊
24,204
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အဖြေကား--ငါကြားသည်ဟုစွဲလမ်းမှု, နားသည်ကြားတတ် သည်ဟုစွဲလမ်းမှုသည် နားကိုပုဂ္ဂိုလ်ဟူ၍, သတ္တဝါဟူ၍ စွဲလမ်းမှုပင် တည်း၊ ထို့အတူ ခြေသန်း, လက်သန်း၌ ထိခိုက်၍နာသည်ရှိသော် ငါ နာသည်ဟုစွဲလမ်းမှုသည် ခြေသန်း, လက်သန်းကို ပုဂ္ဂိုလ်-ဟူ၍ စွဲလမ်းမှုပင်တည်း။
24,205
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ယုတ်စွအဆုံး မုတ်ဆိတ်ကြင်စွယ်-ဟူသော မွေးညင်းကို နုတ်ပယ်ရာ၌ မွေးညင်း၏ အရင်းအဖို့သည် ကာယပသာဒရုပ်ရှိ၏၊ နာတတ်၏၊ ထိုနာမူ ငါနာသည်ဟုစွဲလမ်းမှုသည် တစ်ခုတစ်ခုသော မွေးညင်းကို ပုဂ္ဂိုလ်ဟူ၍ သတ္တဝါဟူ၍ စွဲလမ်းမှုပင်တည်း၊ မွေးညင်းပေါင်း ၉-သောင်း ၉-ထောင်ရှိသည်ဟူရကား မွေးညင်း အရေအတွက် ပုဂ္ဂိုလ်, သတ္တဝါစွဲလမ်းချက် ၉-သောင်း ၉-ထောင်ရှိ၏၊ မ...
24,206
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပုဂ္ဂိုလ်၏ အင်္ဂါဖြစ်၍ ပုဂ္ဂိုလ်မဟုတ်ဟု အစိတ်စိတ်နုတ်ပယ်၍ ထားခဲ့လျှင်တစ်ကိုယ်လုံး အင်္ဂါချည်းဖြစ်၍ ကုန်ရာ၏၊ ပုဂ္ဂိုလ်သတ္တဝါပင် မရှိရာပြီ၊ ထို့ကြောင့် ထိုထိုဝိညာဉ်၏ဖြစ်ရာဌာန, သိတတ်ရာဌာန, အသက် ရှိသည်၊ အရှင်ဖြစ်သည်ဟု မှတ်ယူရာဌာန အလုံးစုံသည် ပုဂ္ဂိုလ်လည်း ဟုတ်၏၊ သတ္တဝါ၏ အင်္ဂါလည်းဟုတ်၏၊ အတ္တလည်း ဟုတ်၏၊ ဇီဝလည်း ဟုတ်၏ဟု လောက...
24,207
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုနေရာ၌ အစဉ်ဖြစ်ပွါး၍ နေသောခက်မာမှုသည်ကား ရူပက္ခန္ဓာသာတည်း၊ ထိုရူပက္ခန္ဓာသည် ကြားတတ် သိတတ်သောတရား မျိုးမဟုတ်၊ ကြားမှု, သိမှုသည်ကား ထိုနေရာ၌ အသံထိခိုက်ဆဲအခါ ဖြစ်ပေါ် လာသော နာမ်ခန္ဓာ ၄-ပါးသာတည်း၊ နား၌ ခန္ဓာ ၅-ပါးသာရှိ၏ဟုသိမှု, မြင်မှုသည် ဉာဏ်သိဖြစ်၏၊ အနိစ္စသိ, ဒုက္ခသိ, အနတ္တသိ, နိဿတ္တ, နိဇ္ဇီဝသိဖြစ်၏၊ အကြောင်းယုတ္တိကိုမ...
24,208
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- နားအရသာ ၂-မျိုး
24,209
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
နားအရသာသည်လည်း ၂-မျိုးရှိ၏၊ ထိုတွင် သုခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးဟူသော အရသာသည် ကိုယ်အင်္ဂါ အရသာကြီး၌ ပါဝင်လေပြီး၊ သာယာသောအသံကိုလည်းကောင်း, မိမိအလိုရှိသော စကားမျိုးကိုလည်းကောင်း, ကြားသောအခါ၌ ခံစားရ သော နားအရသာသည်ကား သောတဝိညာဉ် နာမက္ခန္ဓာ ၄-ပါးပေတည်း၊ ဤနားအရသာကိုလည်း သတ္တဝါတို့သည် လွန်စွာလိုက်စားကြကုန်၏၊ စကားပြောဖ...
24,210
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
သောတဝိညာဉ် နာမက္ခန္ဓာ ၄-ပါးကို ပြဆိုချက်ပြီး၏၊
24,211
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- စက္ခုဝိညာဉ် နာမက္ခန္ဓာ ၄-ပါး
24,212
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စက္ခုဝိညာဉ် နာမက္ခန္ဓာ ၄-ပါး၌ မျက်လုံးအရပ်သည် စက္ခုဝိညာဉ် နာမက္ခန္ဓာ ၄-ပါး၏ ဖြစ်ရာ ဌာနပေတည်း၊ ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါး၏ဖြစ်ရာဌာနလည်းဟုတ်၏၊ ဤမျက်စိ၌လည်း နာမက္ခန္ဓာ ၄-ပါး ၂-စုံရ၏၊ မျက်စိသည် အပူအအေးစသော ဖောဋ္ဌဗ္ဗမျိုးတို့ကိုလည်း သိတတ်၏၊ ကျင်တတ်၏၊ ကျိန်းတတ်၏၊ စပ်တတ်၏၊ အဆင်းအမျိုးမျိုးကို လည်းမြင်တတ်၏၊ ပုဂ္ဂိုလ်မျိုးသတ္တဝ...
24,213
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပရမတ္ထအားဖြင့်မူကား-ပရမတ္ထအားဖြင့်မူကား--မျက်စိဒြဗ် ဟူ၍ပင်မရှိ၊ ထိုနေရာ၌ ဖြစ်သောခန္ဓာ ၅-ပါးသာရှိ၏၊ ထိုတွင် ရူပက္ခန္ဓာ ၁-ပါးသာ ထိုနေရာ၌ အစဉ်မြဲ၏၊ နာမက္ခန္ဓာ ၄-ပါးတို့သည်ကား ထိုထိုအဆင်းအာရုံကို ကြည့်ရှု နေဆဲအခါ၌သာ ဖြစ်ပေါ်ကုန်၏၊ အိပ်ပျော်၍နေဆဲအခါ မှောင်မှိုက် တွင်း၌ နေဆဲအခါ, မျက်စိကိုမှိတ်၍နေဆဲအခါတို့၌ ထိုနေရာမှာချုပ် ကွ...
24,214
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မန်ကျည်းပင်အစရှိသော အရွက်စိပ်သစ်ပင်မျိုးတို့ကို မော်၍ ကြည့်ကြရာ၌ အရွက်တစ်ခုတစ်ခုလျှင် နာမက္ခန္ဓာ ၄-ပါးအသီးအသီး ဖြစ်၍ အသီးအသီးချုပ်ကွယ်ကြကုန်၏၊ အရွက်တစ်ခုကိုမြင်မှု သိမှုနှင့် ထို့ပြင် အရွက်တစ်ခုကို မြင်မှုသိမှုတို့သည် အသီးအခြားတို့သာတည်း၊ တစ်ခုပြီးမှတစ်ခု ဖြစ်ကြမြဲပေတည်း၊ ၂-ခုပြိုင်၍ ဖြစ်မြဲမဟုတ်၊ စိတ် မည်သည် အလွန်လျင်...
24,215
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- စက္ခုသိ
24,216
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စက္ခုသိဆိုသည်ကား--အဆင်းသက်သက်ကိုမြင်မှုသက်သက် သာတည်း၊ အကြီး,အငယ်,အဝန်း,အလျား-စသောသဏ္ဌာန်ကို သိသည် မဟုတ်၊ မနောနှလုံးသိသို့ရောက်မှ ထိုသဏ္ဌာန်တို့ အသီးအသီးပေါ်၏၊ ဤမနော နှလုံးသိကိုပင် ပုဂ္ဂိုလ်သိဆိုရသည်၊ မန်ကျည်းပင်ကြီးကို မော်၍ကြည့်ရာ၌ အရွက်တွေကို အသီးအသီး သိမှုသည် တပြိုင်နက်ပင် မှတ်ထင်ကြရကုန်၏၊ စိတ်၏ဖြစ်မှု,ပျက်မှုပြောင်...
24,217
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤစကား၌ စောဒနာချက် ဖြေဆိုချက်တို့ကို သောတ၌ ဆိုခဲ့တိုင်းသိလေ။
24,218
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
) အရသာနှင့် တဏှာအစွမ်းကို ပြဆိုနည်း၌ ဤမျက်စိမှာလည်း အရသာ ၂-မျိုးရ၏၊ ထိုတွင် သုခသဟဂုတ် ကာယဝိညာဉ်နာမက္ခန္ဓာ ၄-ပါးဟူသော အရသာသည် ကိုယ်အင်္ဂါအရသာကြီးတွင် ပါဝင်လေပြီ၊ လှပတင့်တယ်သော အဆင်းသဏ္ဌာန်မျိုး, မိမိအလိုရှိသော ဝတ္ထုမျိုး, မတွေ့စဖူး မမြင်စဖူးသော အာရုံဝတ္ထုမျိုးတို့ကို မြင်ကြရသောအခါ ခံစားကြရသောမျက်စိအရသာသည်ကား စက္ခုဝိညာဉ်...
24,219
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တစ်နည်းကား--ဥပေက္ခာ ဝေဒနာသည်လည်း ပီတိ,သုခ, သောမနဿကို မရသာရာ၌ (မရသောအခါ၌) အငြီးပြေ အရသာမျိုး ပင်ဖြစ်၏၊ မျက်စိမည်သည် ကောင်းသည်ကိုမှသာ ကြည့်လိုသည်မဟုတ်၊ ကြည့်ခွင့်ရှိပါလျက် မကြည့်ရလျှင် သက်သက် မနေနိုင်မှုမျိုးတည်း တစ်သက်လုံး တစ်နေ့တစ်နေ့လျှင် အခါခါမြင်၍နေရသော ဝတ္ထုမျိုးပင် ဖြစ်သော်လည်း မက်စရာဝတ္ထု ၁-ပါးမရှိခဲ့လျှင် ထိုအာရ...
24,220
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မကြည့်ဘဲ စက္ခုန္ဒြေကို ချုပ်တည်း၍ နေရမည်ဆိုလျှင် ခဏချင်း ငြီးတောက်၏၊ စိတ်ကျဉ်းကျပ်၏၊ မျက်စိဥပစာ တစ်လုံး ဖွင့်လွတ်၍ ထားမှ အကြိုက်ကျ၏၊ အရသာကောင်း တွေ့သကဲ့သို့ အငြီးအတောက် ပြေပျောက်၏၊ မကောင်းသည်ဖြစ်စေ, ကောင်းသည် ဖြစ်စေ ကြည့်မြင်ရမှုသည်လည်း အငြီးအတောက် ပြေပျောက် စေတတ် သော ဖျော်အဖြေအရသာကြီး တစ်မျိုးပင်ဖြစ်သတည်း၊ ကြွင်းသော သ...
24,221
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တစ်သက်လုံးမြင်၍နေသော အာရုံမျိုး အလယ်၌ပင် စက္ခုန္ဒြေကို ချုပ်ထိန်း၍ မရ၊ မျက်စိ မျက်နှာ ဦးတည်မိရာ မျက်စိဥပစာ၌ မိုးကို မျှော်လိုက်ရ၏၊ တိမ်ကိုမျှော်လိုက်ရ၏၊ မြေအပြင်ကိုမျှော်လိုက်ရ၏၊ ရေအပြင်ကိုမျှော်လိုက်ရ၏၊ တောတခွင်ကိုမျှော်လိုက်ရ၏၊ တောင် တစ်ခွင်ကိုမျှော်လိုက်ရ၏၊ လူကို, နွားကို, ခွေးကို,ဝက်ကို,အိမ်ကို,ယာကို မျှော်လိုက်ရ၏၊...
24,222
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မနောနှလုံးသိ, ပုဂ္ဂိုလ်သိခေါ်သော မနောနှလုံး၏ သိခြင်း, မနောနှလုံး၏သိမှု, မနောနှလုံး၏အသိ-ဟုဆို အပ်သော မနောဝိညာဉ် နာမက္ခန္ဓာ ၄-ပါးကိုပြဆိုအံ့။
24,223
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ရင်တွင်း၌ရှိသော နှလုံးသွေးအတွင်း၌ ဤမနောဝိညာဉ်သည် ဖြစ်၏၊ နှလုံးအိမ်သည်သာ အသားစိုင်, အသားခဲဖြစ်၍ ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါးဖြစ်ရာဌာနဖြစ်၏၊ နှလုံးသွေးမူကား ကာယဝိညာဉ်၏ ဖြစ်ရာဌာန မဆိုသာ၊ နှလုံးသွေး၏ အတွင်း၌ဖြစ်သော ထိုမနောဝိညာဉ် နာမက္ခန္ဓာ ၄-ပါးသည်ကား အလွန် အထွေအပြား များပြား၏၊
24,224
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ အကုသိုလ်-ဟုဆိုအပ်သော မကောင်းသော အကြံမျိုးသည် လည်း မနောနှလုံးမှဖြစ်၏၊
24,225
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ကုသိုလ်-ဟုဆိုအပ်သော ကောင်းသော ဝိညာဏ်မျိုးသည် လည်း မနောနှလုံးမှဖြစ်၏၊
24,226
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ အိပ်ပျော်သောဘဝင် အဗျာကတဝိညာဉ်မျိုးသည်လည်း မနောနှလုံးမှဖြစ်၏၊
24,227
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ ကိုယ်အင်္ဂါကြီးငယ်တို့ကို ပြုပြင်ခြင်း-ဟုဆိုအပ်သော ကာယကံမှုမျိုး,ဝစီကံမှုမျိုး, စိတ်နှလုံးထဲတွင် တရှိန်ရှိန်ထ၍နေသော မနောကံမှုမျိုးတို့သည်လည်း မနောနှလုံးမှဖြစ်ကုန်၏၊
24,228
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ ကုသိုလ်ဇော, အကုသိုလ်ဇောတို့သည် ထိုမနောနှလုံးမှ ဖြစ်ကုန်၏၊
24,229
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- ဇော၏ ဥပမာ
24,230
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဇောဆိုသည်ကား--အလွန်ပြင်းထန်သော အဟုန်ရှိသော စိတ်မျိုးတည်း။
24,231
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ ဤကိုယ်ခန္ဓာကြီးသည်း မီးရထား, မီးသင်္ဘောနှင့် တူ၏၊
24,232
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ နှလုံးအိမ်သည် မီးအိုး, ရေနွေးအိုးကြီးနှင့် တူ၏၊
24,233
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ဘဝင်စိတ်မျိုးသည် ရေနွေး၌ ရှိသောပြင်းထန်သော အခိုးနှင့်တူ၏၊
24,234
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ လောဘဇော, ဒေါသဇော- အစရှိသော အမျိုးမျိုးသော ဇောစုသည် ရေနွေးအိုးမှ တစ်ဟုန်တည်း ဆူထသော ရေလှိုင်းပွက် တွေနှင့်တူလှ၏၊
24,235
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ ဇောအမျိုးမျိုးမှ ဖြစ်သော စိတ္တဇဝါယောတို့သည် ရေလှိုင်း ပွက်တို့မှ ပန်း၍ထွက်သော အဟုန်ပြင်းထန်သော အခိုးတို့နှင့်တူ ကုန်၏၊
24,236
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၆။ ၉၀၀--သော အကြောတို့သည် အခိုးလျှောက်သွားရာ အခိုးကြောင်းနှင့်တူကုန်၏၊
24,237
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၇။ အင်္ဂါကြီးငယ်တို့သည် စက်ကိရိယာတို့နှင့် တူကုန်၏၊
24,238
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၈။ ပုဂ္ဂိုလ် သတ္တဝါ သို့သည်လည်းကောင်း, အဆင်းသဏ္ဌာန်အစ ရှိသော အာရုံ ၆-ပါးတို့သည်လည်းကောင်း ရထား စက်အိုးတို့နှင့် တူကုန်၏
24,239
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၉။ တဏှာ ၆-ပါးတို့သည် ရထားအစိုးရကြီးနှင့် တူကုန်၏၊
24,240
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဘဝင်စိတ်မည်သည် အလွန်နုံ့လှသော စိတ်မျိုးတည်း၊ ဤနုံ့လှ သော ဘဝင်စိတ်မျိုးသည်ပင်လျှင် အလွန်ပျံ့နှံ့သော အရှိန်အဝါရှိ၏၊
24,241
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- ဘဝင်စိတ်သည် ရေနံမီးတောက်ကြီးနှင့်တူပုံ
24,242
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဘဝင်စိတ်သည် ညဉ့်အခါ တိုက်ခန်းတွင်း၌ ထွန်းအပ်သော ရေနံကြမ်းမီးတောက်နှင့်တူ၏၊
24,243
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တူပုံကား--ထိုမီးတောက်မှ အလွန်လျင်မြန်သော လေသည် ထွက်၏၊ ထိုလေသည် မီးနောက်မှ ထွက်သောမီးရောင်တို့ကို မီးနောက် သည်နှင့် တစ်ပြိုင်နက် တိုက်ခန်းတစ်ခုလုံး ပြည့်အောင် ဖြန့်ဖြူး၏၊ မီးတောက်မှထွက်သော အခိုးကြမ်းတို့ကိုလည်း ဝမ်းအတွင်း, ရင်အတွင်း, ဝမ်းအဖို့, ရင်အဖို့တို့ကို ပြည့်စေ၏၊
24,244
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို့အတူ ဘဝင်စိတ်၏ အဟုန်ကြောင့်ဖြစ်သော စိတ္တဇလေသည် အလွန်လျင်မြန်၏၊ ထိုလေသည် စိတ္တဇရုပ်ကလာပ်တို့ကို ဘဝင်စိတ် ဥပါဒ်သည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံးပြည့်အောင် ဖြန့်ဖြူး၏၊ ထွက် သက် ဝင်သက်တည်းဟူသော စိတ္တဇလေကြမ်းတို့ကို ရင်, ဝမ်းနှင့် အပြည့် ဖြစ်စေ၏၊ အိပ်ပျော်၍နေဆဲအခါ၌ပင်လျှင် ကိုယ်ခန္ဓာ အလယ်ပိုင်း တစ်ခုလုံးကို ရေလှိုင်းထသက...
24,245
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အကြံမှု အကြံဓာတ်ကြီး အရှိန်အဝါမျိုးမည်သည် ဤကဲ့သို့ ပြင်းထန်၏၊ မီးရထား, မီးသင်္ဘောတို့၌ ထိုထိုစက်ခလုတ်တို့ကို ပြုပြင်၍ ပေးလိုက်သည်ရှိသော် ရေအခိုးတို့သည် မိုးကြိုးအဟုန်ကဲ့သို့ ထိုထိုအခိုး အကြောင်းတို့ကို ခဏချင်း ပြည့်ဖြိုး တွန်းဝှေ့တိုက်ခတ်ကာ ထွက်ကြကုန် သကဲ့သို့ ဤကိုယ်ခန္ဓာ၌လည်း ပြုလိုက်သော အမှုအားလျော်စွာ စိတ္တဇဝါယော လေ...
24,246
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- စိတ္တဇ ဝါယောဓာတ်တို့သည် မြွေနဂါးတို့နှင့်တူပုံ
24,247
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အားခွန်ဗလ သန်မြန်လှသော မြွေနဂါးကြီးငယ်တွေ ကခုန်မြူး ထူးကြကုန်သကဲ့သို့ ၆၀-သော အကြောကြီး ၉၀၀-သော အကြောငယ် တို့သည် ခဏချင်းအဟုန်နှင့်တကွ အင်္ဂါကြီးငယ်တို့သည် ချီကြွ၍ ထကြွကွန့်မြူး ကြရကုန်၏၊ ထိုအကြောကြီး အကြောငယ်တို့၏ မြူးထူး ချက်ကြောင့် ဤကိုယ်ခန္ဓာ ကိုယ်အင်္ဂါတို့၏ အဟုန်နှင့်တကွ ထကြွ လှုပ်ရှား သွားခြင်း,လာခြင်း, ကွေးခြင်း,...
24,248
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မီးရထား မီးသင်္ဘောတို့၌ အသံ၏ဆိုင်ရာ အပေါက်ကို ဖွင့်လှစ် လိုက်သည်ရှိသော် ထိုဆူပွက်သော ရေအဟုန်တို့မှ အသံနှင့်တကွ ပြင်းထန်သော အခိုး၏ တိုးဝှေ့ထွက်သွားခြင်းဖြင့် ဥဩသံမည်သည် ဖြစ်သကဲ့သို့ စကားစမည် ပြောဆိုမည်ဟု ဇောစိတ် အကြံဓာတ်မျိုး ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် စကားပြောမှုနှင့်ဆိုင်ရာ စိတ္တဇလေတို့ သည်လည်းကောင်း လည်ပင်းကြော,မေ...
24,249
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- အကြံဟူသော ပကတိစိတ်ဓာတ်ကြီး၏ အရှိန်အဟုန် ကြီးကျယ်ပုံ
24,250
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မျက်နှာအပြင်၌ ရယ်ရုပ်တွေ, ငိုရုပ်တွေ ခဏချင်း အပြည့်ဖြစ် ပေါ်မှုတို့ကို မြင်သဖြင့် ဝမ်းတွင်း, ရင်တွင်း, လည်ပင်း ဦးခေါင်းတွင်း တစ်ခွင်လုံးတို့၌လည်း ထိုရုပ်တို့ပြည့်မှုကို သိကြလေ။
24,251
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ အာရုံပြုမှု၏အလွန် လျင်မြန်စွာ ပျံ့နှံ့ခြင်း၌လည်း ဆိုင်းသံ, စည်သံ, အမြောက်သံ, မိုးကြိုးသံတို့သည် ဖြစ်ရာအရပ်မှ အလွန်ဝေး စွာသော အရပ်မျက်နှာတို့ကို ခဏချင်း ပျံ့နှံ့ကြလေကုန်ဘိသကဲ့သို့ လည်းကောင်း,
24,252
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ တိမ်တိုက်မှထွက်သော လျှပ်ရောင်, နေဝန်းမှထွက် သော နေရောင်, လဝန်းမှထွက်သော လရောင် တို့သည် လျင်မြန်လှသော လေဟုန်၏အစွမ်းဖြင့် ထွက်ရာအရပ်မှ ခဏချင်းကောင်းကင်မြေပြင် တစ်ခွင်လုံးပျံ့နှံ့သကဲ့သို့လည်းကောင်း,
24,253
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စိတ်ခေါ်သောအကြံဓာတ်, အသိဓာတ်မျိုးတို့သည် နေ, လ, နက္ခတ်, တာရာတို့နှင့်တကွ မိုးတစ်ပြင်လုံး, မြေတစ်ပြင်လုံး, တောတစ် ခွင်လုံး, တောင်တစ်ခွင်လုံးတို့ကိုလည်းကောင်း၊ မနောဝိညဉ်ဖြစ်ခဲ့အံ့၊ အသက်ထက်ဆုံး တွေ့ကြုံဆက်ဆံ၍ လာခဲ့သော အရပ်ဒေသဌာန မြို့ရွာ အာရုံဝတ္ထုတို့ကိုလည်းကောင်း ခဏချင်း ပျံ့နှံ့၍ ယူနိုင်၏၊
24,254
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အကြံဟူသော ပကတိစိတ်ဓာတ်ကြီး၏ အရှိန်အဟုန် ကြီးကျယ် ပုံအချက်ကို အမြွက်မျှပြဆိုလိုက်သည်၊ ဘာဝနာကိစ္စဖြင့် ပွားစီးကြီး ကျယ်ခြင်းသို့ရောက်သော တန်ခိုးဣဒိဟူသော အကြံဓာတ်မျိုး၌ ဆိုဖွယ် မရှိပြီ၊ ဤအချက်ကိုမူကား ဓာတ်တို့၏အစွမ်းကို နှံ့ပြားစွာ မမြင်နိုင်ကြ ကုန်သည်ရှိသော် သတ္တဝါတို့၌ ဖြစ်၍နေကြသော အမှုတို့ကို ဓာတ်တို့နှင့် အကုန်နေရာမချ...
24,255
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- မနောနှလုံး၏ အရေးအခွင့် ကြီးကျယ်ပုံ
24,256
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
လောကဓမ္မတို့၌ ဤမနောနှလုံး၏ အခွင့်သည် အလွန်တရာ ကြီးကျယ်လှ၏၊ ခပ်သိမ်းသော အလိမ္မာ ဟူသမျှတို့သည်လည်းကောင်း, ခပ်သိမ်းသော အမိုက်အမဲဟူသမျှတို့သည်လည်းကောင်း ဤမနောနှလုံးမှ ဖြစ်ကုန်၏၊
24,257
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
လောကအလိုအားဖြင့့််-့-ဤမနောနှလုံးသည် ဣရိယာပုတ် ၄- ပါးကို ဆောင်တတ်၏, သွားတတ်၏, ရပ်တတ်၏, ထိုင်တတ်၏, လျောင်း တတ်၏, ပြောတတ်၏, ဆိုတတ်၏, ငိုတတ်၏, ရယ်တတ်၏, သူ့အသက် ကို သတ်တတ်၏၊ သူ့ဥစ္စာကို ခိုးယူတတ်၏၊ ဤသို့ အစရှိသည်ဖြင့် ပုဂ္ဂိုလ် သတ္တဝါ၏ ကိစ္စဟူသမျှသသည် မနောနှလုံး၏ ကိစ္စချည်းသာတည်း။
24,258
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- စောဒနာဖွယ်
24,259
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စောဒနာရန်ရှိပြန်သည်ကား- သက်သက်သော မနောကံ ကိစ္စမျိုးကိုသာ မနောနှလုံးက ပြုတတ်ပါသည်။
24,260
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကာယကံ ကိစ္စမျိုး, ဝစီကံ ကိစ္စမျိုးတို့သည်ကား မနောနှလုံးသက်သက်နှင့် ပြီးစီးကြသည်မဟုတ်ကုန်၊ ကိုယ်အင်္ဂါ, နှုတ်အင်္ဂါတို့မှပါရှိမှ ပြီးစီးကုန်၏၊ ထိုကြောင့် ကာယကံ ကိစ္စမျိုး, ဝစီကံ ကိစ္စမျိုးတို့ကိုမူကား မနောနှလုံးသည် မပြုတတ်၊ ပုဂ္ဂိုလ် သတ္တဝါ သည်သာ ပြုတတ်ပါသည်-ဟု ဆိုရန်ရှိ၏၊
24,261
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စောဒနာချက်ကို ပြန်၍မေးရန်- ကိုယ်အင်္ဂါ, နှုတ်အင်္ဂါစု သည် သိတတ်, ကြံတတ်, အားထုတ်တတ် သလောဟု ပြန်၍မေးရာ၏၊
24,262
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤလိုဆိုပေလတ္တံ့- ဤလိုဆိုပေလတ္တံ့- ကိုယ်အင်္ဂါ နှုတ်အင်္ဂါစုသည် မသိတတ်, မကြံတတ်, အားမထုတ်တတ်ပါ၊ မနော နှလုံးသည်သာ သိတတ်, ကြံ တတ်, အားထုတ်တတ်ပါသည်-ဟု ဆိုပေလတ္တံ့။
24,263
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤလိုမေးမြန်းပြန်ရာ၏- ဤလိုမေးမြန်းပြန်ရာ၏- ပုဂ္ဂိုလ်, သတ္တဝါဆိုသည်ကား သိတတ်, ကြံတတ်, အားထုတ်တတ်သည်ကို ဆိုသလော၊ မသိတတ်, မကြံတတ်, အားမထုတ်တတ်သည်ကို ဆိုသလော-ဟု မေးမြန်းရာ၏၊ ဤလိုဆိုပေလတ္တံ့--သိတတ်, ကြံတတ်, အားထုတ်တတ်သည် ကို ဆိုပါသည်-ဟုဆိုပေလတ္တံ့။
24,264
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုအခါ မနောနှလုံးသည်သာ ပုဂ္ဂိုလ်, သတ္တဝါအစစ်ဖြစ်ကြောင်း သည် ထင်ရှားပေါ်၍လာ၏၊ မနောနှလုံး သည်သာ သွားတတ်, လာတတ်, ပြောတတ်, ဆိုတတ်, ကြံတတ်, သိတတ်, သတိတတ်, ခိုးတတ်ကြောင်း သည် ထင်ရှားပေါ်၍လာ၏၊
24,265
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
တစ်နည်းသော်ကား--သတ်မှု,ခိုးမှုမည်သည် မနောနှလုံး၏ သိမှု,ကြံမှု သက်သက်နှင့် ပြီးစီးသည်မဟုတ်။
24,266
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ကိုယ်အင်္ဂါ,နှုတ်အင်္ဂါတို့၏ လှုပ်ရှားမှုပယောဂလည်း ပါရှိမှ ပြီးစီးသည်ဖြစ်၍ မနောနှလုံးသည်လည်း သတ်တတ်၏၊ ကိုယ်အင်္ဂါ, နှုတ်အင်္ဂါသည်လည်း သတ်တတ်၏၊ မနော နှလုံးသည်လည်း ခိုးတတ်၏၊ ကိုယ်အင်္ဂါ, နှုတ်အင်္ဂါသည်လည်း ခိုးတတ် ၏၊ မနောနှလုံးသည်လည်း ပုဂ္ဂိုလ် သတ္တဝါတည်း၊ ကိုယ်အင်္ဂါ, နှုတ်အင်္ဂါ သည်လည်း ပုဂ္ဂိုလ်သတ္တဝါပင်တည်း၊ လက်ဖြင့်...
24,267
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤနေရာ၌မူကား မနောနှလုံးကိုပြဆိုရာဖြစ်၍ မနောနှလုံးသည် သတ်တတ်၏၊ ခိုးတတ်၏-ဟုဆိုပေသည်၊ ရှေးနည်းကား မနောနှလုံး ကိုသာ ပုဂ္ဂိုလ်, သတ္တဝါအစစ်ဟု မှတ်ထင်သူတို့၏ အလိုပေတည်း၊ နောက်နည်းကား တစ်ကိုယ်လုံးကိုပင် ပုဂ္ဂိုလ်သတ္တဝါဟု မှတ်ထင်သူတို့၏ အလိုပေတည်း၊ အချို့သူတို့ကား စိတ်ကိုသာ ပုဂ္ဂိုလ် သတ္တဝါ အစစ်ဟု ယူကုန်၏၊ အချို့သူတို့ကား ခန္ဓာ ...
24,268
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
(ဤကား လောကအလိုတည်း)
24,269
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
--- ပရမတ္ထအလို
24,270
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ပရမတ္ထအလိုအားဖြင့်မူကား ပုဂ္ဂိုလ်သတ္တဝါ-ဟူ၍လည်း မရှိ၊ နှလုံးသွေးဟူ၍လည်း မရှိ၊ ထိုနေရာဌာန အကြောင်းအားလျော်စွာ ဖြစ်ကြသော ခန္ဓာ ၅-ပါးသာ ရှိ၏၊ ထိုတွင် ခက်မာမှု, နှူးညံ့မှု, ဖွဲ့စည်းမှု, ယိုစီးမှု, ပူနွေးမှု-စသော ရူပက္ခန္ဓာစသော ထိုနေရာ၌ ဖြစ်ချည် ပျက်ချည် အစဉ်အမြဲ လည်နေ၏၊ နာမက္ခန္ဓာ ၄-ပါးတို့သည်ကား ထိုနေရာ၌ ဖြစ်ပေါ်ခိုက်၌သာ ...
24,271
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အရေတစ်ခွင်လုံးမှာ ထိုထိုနေရာ၌ နာမက္ခန္ဓာတို့ ဖြစ်ပေါ်၍ နေခိုက် နှလုံးမှာ ရူပက္ခန္ဓာ ၁-ပါးသာ ရှိ၏၊ သားတစ် ၉၀၀-တို့တွင် ထိုထိုသားတစ်မှာ ဖြစ်ပေါ်၍နေခိုက် နှလုံးမှာ ရူပက္ခန္ဓာ ၁-ပါးသာ ရှိ၏၊ အကြော ၉၀၀-တို့တွင် ထိုထိုအကြောမှာ၊ အရိုး ၃၀၀-တို့တွင် ထိုထိုအရိုးမှာ၊ ၂-ကုဋေ ၄-သန်းသော ဆံပင်တို့တွင် ထိုထိုဆံပင်မြစ်မှာ၊ ၉-သောင်း ၉-ထေ...
24,272
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထိုသို့ဖြစ်ပါသော်လည်း နာမက္ခန္ဓာ ၄-ပါးတို့၏ ဖြစ်မှု, ပျက်မှု, ဖြစ်ရာဌာန ရွေ့ပြောင်းမှုမည်သည် အလွန်တရာ မြန်လှသည်ဖြစ်၍ ရှေး၌ပြဆိုခဲ့ပြီးသော နေရောင်, လရောင်, ဆိုင်းသံ, စည်သံ, အမြောက်သံ, သေနတ်သံ, မိုးသံ, မိုးကြိုးသံကဲ့သို့ ခြေဖဝါးတစ်ပြင်လုံး၌ အလွန်နာကျင်၍ နေဆဲမှာပင် ထိုနာကျင်မှုကို မနောနှလုံးကလည်း အမြဲသိ၍နေသည်ဟု မှတ်ထင်ကြရ...
24,273
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ခြေဖဝါးတစ်ပြင်လုံးတွင်လည်း တသုတ်တသုတ် ဖြစ်ပေါ်နေ သော နာမက္ခန္ဓာ-ဟူသောနာမှု၏ ဖြစ်ရာဌာနသည် အဏုမြူမျှ ပမာဏကျယ်သည် မဟုတ်၊ တသုတ်ချုပ်ကွယ်ပြီးမှ တသုတ်ဖြစ်ပေါ်မြဲ ဓမ္မတာတည်း၊ တသုတ်တသုတ်၏ အကြားအကြား၌လည်း နာမှန်းကျင် မှန်းသိသော မနောနှလုံးသိ အသီးအသီး ညှပ်ကာ ညှပ်ကာဖြစ်မြဲ ဓမ္မတာတည်း၊ မညှပ်ခဲ့လျှင် ထိုတသုတ်နာမှုကို နာသည်ဟု ပုဂ္ဂို...
24,274
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤသို့ ဖြစ်ပါလျက် ခြေဖဝါးတစ်ပြင်လုံးသည် တစ်ပြိုင်နက် နာ၍နေသည်၊ နာမှုတစ်ပြင်လုံး တစ်ခုတည်း ဖြစ်၍နေသည်ဟု မှတ်ထင် ကြရကုန်၏၊ မနောနှလုံးကလည်း နာမှုနှင့် အပြိုင်သိ၍ နေသည်-ဟု မှတ်ထင်ကြရကုန်၏၊ ခြားနား ရှင်းလင်းစွာ သိမြင်ခြင်းငှာ ထိုက်လှသော အချက်ကြီးတစ်ခုပေတည်း၊ တစ်ကိုယ်လုံးရှိ ထိုထိုအင်္ဂါတို့ကို တစ်ဖက်, မနောနှလုံးကို တစ်ဖက်ထား...
24,275
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မြင်မှုနှင့်သိမှု ခြားနားအောင် ကြည့်၊ မြင်မှုနှင့် သိမှုမှာလည်း ၁-နာရီကြည့်ရှု၍ နေရာ၌ အစအဆုံးတိုင် မြင်မှုလည်း ၁-ခုတည်း၊ မျက်စိက မြင်မှုနှင့် မနောနှလုံးက သိမှုလည်း တစ်ပြိုင်တည်း မှတ်ထင်ကြ ရကုန်၏၊ ကြားမှု-သိမှုအစုံ, နံမှု-သိမှုအစုံ, လျှက်မှု-သိမှုအစုံတို့၌လည်း ထိုနည်းအတူသိကြလေ။
24,276
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မြင်မှုနှင့် ကြားမှု, မြင်မှုနှင့် နံမှု, မြင်မှုနှင့် လျှက်မှု, မြင်မှုနှင့် တွေ့ထိမှု, ကြားမှုနှင့် နံမှု, ကြားမှုနှင့် လျှက်မှု, ကြားမှုနှင့် တွေ့ထိမှုစသည်တို့၌လည်း ပြိုင်သည်-ဟု ထင်မှတ်ကြရကုန်၏၊ မနောနှလုံးသိ သက်သက်၌လည်း ဝတ္ထုအာရုံ အမျိုးမျိုးတို့ကိုပင် တစ်ပြိုင်တည်း သိနိုင်သည်ဟု မှတ်ထင်ကြရကုန်၏၊
24,277
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
အက္ခရာတစ်လုံးလျှင် ဇော ၇-ကြိမ်
24,278
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
စကားပြောဆိုကြရာ၌ အက္ခရာ တစ်လုံး တစ်လုံးလျှင် ဇောစိတ် ၇-ကြိမ်, ၇-ကြိမ် တသုတ်တသုတ်စီ ဖြစ်ရ၏၊ အက္ခရာချင်းလည်း ရှေ့နောက်မရောယှက်၊ အာကာသပရိစ္ဆေဒ ခြားလျက်ရှိကြ၏၊ ဇော အသုတ်ချင်းလည်း ရှေ့နောက်မရောယှက်၊ ဘဝင်စိတ်ခြားလျက် ရှိကြ၏၊ သို့ဖြစ်ပါသော်လည်း စကားလုံး ၁-သောင်း, ၁-သိန်းကိုပင် ဇောစိတ် တစ်ခုဖြင့် ပြောဆို၍နေသည်-ဟု မှတ်ထင်ကြရကုန...
24,279
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဣရိယာပုထ် ၄-ပါး ထူးခြားချက်
24,280
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဣရိယာပုထ် ၄-ပါးတို့တွင်
24,281
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ သွားမှု ဥဿာဟဗျာပါရ ခေါ်သော ဇောအခြင်းအရာကား တစ်မျိုး၊
24,282
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ရပ်မှု ဥဿာဟ ဗျာပါရ ခေါ်သော ဇောအခြင်းအရာကား တစ်မျိုး၊
24,283
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ထိုင်မှု ဥဿာဟ ဗျာပါရ ခေါ်သော ဇောအခြင်းအရာကား တစ်မျိုး၊
24,284
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ လျောင်းမှု ဥဿာဟ ဗျာပါရ ခေါ်သော ဇောအခြင်း အရာကား တစ်မျိုး၊ အသီးသီး ဖြစ်ကြ၏၊
24,285
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဥဿာဟ ဗျာပါရ မတူကြသည်ဖြစ်၍ စိတ္တဇလေတို့၏ ထပုံ, ကြွပုံချင်းမတူကြ၊ စိတ္တဇလေတို့၏ ထပုံ, ကြွပုံချင်း မတူကြသည်ဖြစ်၍ အကြောကြီး, အကြောငယ်တို့ထပုံ, ကြွပုံခြင်းလည်း မတူကြ၊ အကြောကြီး အကြောငယ်တို့၏ ထပုံ, ကြွပုံခြင်း မတူကြသည်ဖြစ်၍ ကိုယ်အင်္ဂါကြီး ငယ်တို့၏ သယ်ပုံ, ပိုးပုံ, လှုပ်ရှားပုံချင်းလည်း မတူကြ၊ သူ့ဥဿာဟ ဗျာပါရနှင့် သူ့ကိရိယာ အ...
24,286
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မနောနှလုံးဖြစ်ပေါ်မှု ၃-မျိုး
24,287
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ မနောနှလုံး၌ အကုသိုလ်အကြံအစည် နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်မှုတစ်မျိုး၊
24,288
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ကုသိုလ်အကြံအစည် နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်မှုတစ်မျိုး၊
24,289
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ဘဝင်နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်မှုတစ်မျိုး၊ ဟူ၍ ၃-မျိုးရှိ၏၊
24,290
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ အကုသိုလ်နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်လာလျှင် နှလုံးသွေး တစ်မျိုးပြောင်းလဲ၏၊
24,291
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ ကုသိုလ်နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်လာလျှင် နှလုံးသွေးတစ်မျိုး ပြောင်းလဲ၏၊
24,292
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ ဘဝင်နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်ဆဲအခါ၌ နှလုံးသွေးသည် ပကတိ နီမြန်းသော အဆင်းအတိုင်း ပကတိတိုင်းပင်တည်ရှိ၏၊ ကုသိုလ်ဖြစ်ပေါ်ခိုက်မှာ နှလုံးသွေးသည် ပကတိထက် ကြည် လင်၏၊ အကုသိုလ်ဖြစ်ပေါ်ခိုက်မှာ ပကတိထက် နောက်ကျု၏၊ ကုသိုလ်ဇောတို့တွင်လည်း သဒ္ဓါလွန်ကဲသော အလှည့်မှာ ဝါ၍ကြည်၏၊ ပညာလွန်ကဲသောအလှည့်မှာ အရောင်အလက်နှင့်တကွ ကြည်၏၊ မေတ္တာလွန...
24,293
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ထို့ကြောင့် တစ်ကိုယ်လုံး၌ နာမက္ခန္ဓာတို့၏ဖြစ်ရာဌာနတွေကိုလည်းကောင်း, ဖြစ်ဆဲအခိုက် အလှည့်တွေကို လည်းကောင်း, ဖြစ်ဆဲအခိုက် အလှည့်တွေကိုလည်းကောင်း အထွေထွေ အလာလာ များစွာ ဝေဖန်၍ပြဆိုလိုက်သည်။
24,294
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
မနောဝိညာဉ် နာမက္ခန္ဓာ ၄-ပါး၌ ဒိဋ္ဌိသိ ဉာဏ်သိခွဲပုံ
24,295
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
ဤမနောဝိညာဉ်နာမက္ခန္ဓာ ၄-ပါး၌ ဒိဋ္ဌိသိ ဉာဏ်သိခွဲပုံကို ပြဆို ပေအံ့၊ ဤဒိဋ္ဌိ သိမြင်မှုသည် အလွန်များ ပြားလှ၏၊ အကျဉ်းမျှကိုပြဆိုအံ့။
24,296
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၁။ သတ္တဝါအပေါင်းတို့အား မျက်စိဖြင့်မြင်၍ ထွေထွေလာလာ သိကြရာ၌လည်း ပုဂ္ဂိုလ်မြင်မှု, သတ္တဝါမြင်မှု, ပုဂ္ဂိုလ်သိမှု,သတ္တဝါသိမှုဟုထင်မြင်စွဲယူသော သက္ကာယဒိဋ္ဌိ မရိုးစိုက်ကြီးများသည် ရှိနေကြ၏၊
24,297
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၂။ နားဖြင့်ကြား၍ ထွေထွေလာလာ သိကြရာ၌လည်း ပုဂ္ဂိုလ် ကြားမှု, သတ္တဝါကြားမှု, ပုဂ္ဂိုလ်သိမှု, သတ္တဝါသိမှု-ဟုထင်မြင်စွဲယူသော သက္ကာယဒိဋ္ဌိ အရိုးစိုက်ကြီးများသည် ရှိနေကြ၏၊
24,298
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၃။ နှာခေါင်းဖြင့် နံ၍ ထွေထွေလာလာ သိကြရာ၌လည်း ပုဂ္ဂိုလ် နံမှု, သတ္တဝါနံမှု, ပုဂ္ဂိုလ်သိမှု,သတ္တဝါသိမှု -ဟုထင်မြင်စွဲယူသော သက္ကာယ ဒိဋ္ဌိ မရိုးစိုက်ကြီးများသည် ရှိနေကြ၏၊
24,299
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၄။ လျှာဖြင့် လျှက်၍ ထွေထွေလာလာ သိကြရာ၌လည်း ပုဂ္ဂိုလ်လျှက်မှု, သတ္တဝါလျှက်မှု, ပုဂ္ဂိုလ်သိမှု, သတ္တဝါသိမှု-ဟုထင်မြင်စွဲ ယူသော သက္ကာယဒိဋ္ဌိ မရိုးစိုက်ကြီးများသည် ရှိနေကြ၏၊
24,300
Uncategorized
ကမ္မဋ္ဌာန်းကျမ်းကြီး
၅။ ကိုယ်အင်္ဂါဖြင့် တွေ့၍ ထွေထွေလာလာ သိကြရာ၌ ပုဂ္ဂိုလ်တွေ့မှု, သတ္တဝါတွေ့မှု, ပုဂ္ဂိုလ်သိမှု, သတ္တဝါသိမှု-ဟုထင်မြင်စွဲ ယူသော သက္ကာယဒိဋ္ဌိ မရိုးစိုက်ကြီးများသည် ရှိနေကြ၏၊